Friday, October 14, 2011

ရခိုင်သားတို့ မျက်ခြည်မပြတ်သင့်သော အုန်း စီးပွား


 မြန်မာနိုင်ငံ တစ်ဝန်းတွင် အုန်း ပင်များစိုက်ပျိုးလျက်ရှိကြသည်။ အုန်း သီးသည် ဗုဒ္ဓဘာသာ မြန်မာလူမျိုး တို့အထွတ်အမြတ်ထားသည့် ပစ္စည်း လည်းဖြစ်သည်။ တရားပွဲ၊ ဆရာကန် တော့ပွဲများပြင်ဆင်ရာတွင် အုန်းသီး မှာ မပါမပြီး။ အိမ်တွင်းနတ်ယုံကြည် ကိုးကွယ်သူများကလည်း အုန်းသီး ကို နတ်ပွဲ ပြင်ဆင်တင်မြှောက်ကြ သည်များကို တွေ့ရတတ်သည်။ ထို့ ကြောင့်အုန်းဓလေ့မှာ မြန်မာနိုင်ငံ၌ ထွန်းကားသည်ဟု ဆိုရမည်။ အုန်းပင် ကို ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင် ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသ ကြီးများတွင် စီးပွားဖြစ် စိုက်ပျိုး လျက်ရှိသည်။ အုန်းပင်၊ အုန်းသီးနှင့် အုန်း ထွက်ပစ္စည်းများကို လူမှုအသုံး အဆောင်ပစ္စည်းများအဖြစ် ပြုပြင် အသုံးပြုနေကြသလို စားသောက်ကုန် ပစ္စည်းများတွင်လည်း ထည့်သွင်းအ သုံးပြုလျက်ရှိနေကြသည်။ အုန်းထွက် ပစ္စည်းများကို နိုင်ငံခြားသို့တင်ပို့၍ နိုင်ငံခြားငွေ ရှာဖွေပေးနိုင်ကြောင်း လည်းတွေ့ရသည်။ အုန်းသီးများကို တမူးနယ်စပ်မှတစ်ဆင့် အိန္ဒိယနိုင်ငံ သို့ တင်ပို့ရောင်းချလျက်ရှိသည်။ သံ တွဲ၊ တောင်ကုတ်၊ ဂွဒေသမှ အုန်း သီးများကို တင်ပို့ရောင်းချနေကြရ သည်။ အုန်းပင်များကို ခုတ်လှဲပြီး အတွင်းမှ အူများကို ဖယ်ရှား၍ အခြောက်လှန်းကာ နေအိမ်ထုတ် တန်း၊ ခြင်ခံများအဖြစ် အသုံးပြုနိုင် သည်။ ဧရာဝတီတိုင်းတွင် ဂါးဖောင် များ၌ အုန်းပင်များကို အသုံးပြု လေ့ရှိကြောင်းလည်း သိရသည်။ တချို့ဒေသများတွင် အုန်းပင်များကို ခုတ်လှဲ၍ ယာယီလမ်းကူးတံတား များပြုလုပ်လေ့ရှိကြသည်ကို တွေ့ရ သည်။ အုန်းလက်များကို ခုတ်ပိုင်းပြီး ထင်းအဖြစ်အသုံးပြုကြသည်။ အုန်း လက်ခြောက်များမှ ရသည့် အရွက် များကိုဖယ်ရှားပြီး ရွက်တံရိုးများကို ရယူကာ တံမြက်စည်းများအဖြစ် လည်းပြုလုပ်အသုံးပြုကြသည်။ အုန်း တံမြက်စည်းများကို ဝါးဖြင့် အရိုး ရှည်တပ်ပြီး စနစ်တကျ ပြုပြင် ထုတ် လုပ်ရောင်းချကြရာဈေးကောင်းရ ကြောင်းလည်းသိရသည်။ သတင်း တစ်ပုဒ်အရ အုန်းတံမြက်စည်းများ ကို နိုင်ငံခြားသို့ တင်ပို့ရောင်းချနေရ ပြီဖြစ်ကြောင်းဆိုသည်။ ကျေးလက် တောရွာများတွင် အုန်းရိုးတံမြက်စည်း များကို ကွင်းပြင်များ၊ တလင်းပြင် များ လှည်းကျင်းရာတွင် အဓိက အားဖြင့် အသုံးပြုကြောင်းတွေ့ရသည်။ အုန်းသီးအရည်ကို မြန်မာနိုင်ငံ တွင် နွေရာသီအခါများ၌ လတ်လတ် ဆတ်ဆတ်ဆွတ်ခူး၍ သောက်သုံး လေ့ရှိကြသည်။ အုန်းသီးရည်တွင် သကြားဓာတ်၊ သတ္တုဓာတ်နှင့် ဗီတာ မင်ဓာတ်များ ပါဝင်ပြီး ပိုးမွှားကင်း စင်၍ ဆေးဖက်ဝင်သည်။ နိုင်ငံခြား တိုင်းပြည်တချို့တွင် စည်သွတ်ရောင်း ချကြောင်းသိရသည်။ အုန်းသားဆန် ကိုအရည်ညှစ်၍ အုန်းနို့အဖြစ် ထုတ် ယူစားသုံးလေ့ရှိကြသည်။ အုန်းထ မင်း၊ အုန်းသာကူ၊ အုန်းနို့ခေါက်ဆွဲ စသည့် စားဖွယ်ရာတို့မှာ လူတို့ အထွတ်အမြတ်ထား၍ စားသုံးကြ သည်ကိုတွေ့ရသည်။ အုန်းထမင်းမှာ ထောပတ် ထမင်းကဲ့သို့ပင် တန်ဖိုး ကြီးမြင့်ပြီး အလေးအမြတ်ထား၍ တရားပွဲ၊ မင်းပွဲ၊ စိုးပွဲများတွင် အထွတ် အမြတ်ထား ချက်ပြုတ်ကျွေးမွေးလေ့ ရှိကြသည်။ တချို့နိုင်ငံများတွင် အုန်း သီးမှ အုန်းဆီထုတ်ယူပြီး ဟင်းချက် ဆီအဖြစ် အသုံးပြုကြကြောင်း မှတ် သားရဖူးသည်။ မြန်မာလူမျိုးတို့အနေ ဖြင့် အုန်းသားဆန်မှရယူသည့် အုန်း ဆီကို ခေါင်းလိမ်းဆီအဖြစ် အသုံး ပြုကြသည်။ အိမ်နီးချင်း ဘင်္ဂလား ဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ဆိုလျှင် အုန်းဆီတွင် အမွှေးအကြိုင်များထည့် ၍ တန်ဖိုးမြှင့်ပြုပြင်ကာ ခေါင်းလိမ်း ဆီမွှေးများအဖြစ် ထုတ်လုပ်ရောင်းချ ကြသည်။ လှပသေသပ်သော ထုပ်ပိုး မှုတို့ဖြင့် ဈေးကွက်အတွင်း တင်ပို့ ရောင်းချကြသည်ကို တွေ့ရသည်။ ရခိုင်ဒေသတွင် အုန်းဆီကို လက်ဆုံ ဖြင့်ကြိတ်၍ထုတ်ယူသလို စက်ဖြင့် ကြိတ်၍လည်း ထုတ်ယူလေ့ရှိကြ ကြောင်းတွေ့ရသည်။ မာန်အောင်နှင့် သံတွဲမြို့များမှ အုန်းသီးများမှာ လတ် ဆတ်ပြီး သန့်စင်မှုရှိသဖြင် ဈေးကွက် ဝင်ရောင်းချကြရသည်ကိုတွေ့ရသည်။ အုန်းသားခြောက်များကို နေလှန်း၍ လည်း နိုင်ငံခြားသို့တင်ပို့ရောင်းချရ သည်ကိုတွေ့ရသည်။ အုန်းသားခွံကို အုန်းသားမီးသွေး အဖြစ်ထုတ်လုပ်ကြရသည်။ ဂွမြို့တွင် အုန်းသားမီးသွေးများကို စနစ်တကျ ဖုတ်ပြီး ရန်ကုန်သို့ တင်ပို့ကြောင်း လေ့လာသိရှိရသည်။ အုန်းသားမီး သွေးကို ရေသန့်စက်များတွင် အသုံး ပြုကြသည်ဟုလည်း သိရသည်။ အုန်း သားမီးသွေးကိုဖြတ်၍ ရေကိုစီးဆင်း စေခြင်းဖြင့် အနယ်အနှစ်များ၊ အမှုန် အမွှားများကို ဖယ်ရှားပေးသည်ဟု ဆိုသည်။ ဂွမြို့တွင် အုန်းသားဆန်ကို ထုတ်ယူပြီး အုန်းသားခွံကို မီး သွေးအဖြစ် ထုတ်လုပ်ကြကြောင်း လည်းဆိုသည်။ အုန်းသီးအခွံများကို လောင်စာအဖြစ်လည်း အသုံးပြုလေ့ ရှိကြသည်။ အုန်းသီးအခွံများကို ရေစိမ်၊ ထုထောင်း၍ အုန်းဆံမျှင် များကို ရေလုပ်ငန်းနှင့် အိမ်များတွင် အသုံးပြုရန် အုန်းဆံကြိုးများအဖြစ် ထုတ်လုပ်ကြသည်။ နိုင်ငံတော်မှ စက်ရုံများတည်ဆောက် ကာ အုန်းဆံကြိုးများ ထုတ်လုပ်ခဲ့ ဖူးသည်။ အကြမ်းခံပြီး တာရှည် အသုံးပြုနိုင်သဖြင့် လူကြိုက်များ သည်။ အုန်းဆံမျှင်အသုံးပြု ခြေသုတ် ခုံကြီးများမှာ ဘာသာရေး အဆောက် အအုံများ၊ လူနေအိမ်များတွင် အများ ဆုံး အသုံးပြုလာကြသည်။ ခြေသုတ် ခုံကြီးများ ပြုလုပ်ရောင်းချလာကြ သည်ကိုလည်း တွေ့ရသည်။ လက်မှု ပညာတိုးတက် လာသည်နှင့်အမျှ တန်ဖိုးမြှင့် ခြေသုတ်ခုံများ၊ ပြုပြင် ထုတ်လုပ် ရောင်းချနိုင်ကြသည်ကို လည်း တွေ့ရသည်။ အုန်းဆံမျှင်အသုံးပြု မွေ့ရာများ၊ ခေါင်းအုံးများကို ဘိုးဘွားရိပ်သာများ ဆေးရုံများတွင် အသုံးပြုလေ့ရှိကြ သည်။ အပူအအေးမျှသဖြင့် ကျန်းမာ ရေးအတွက် ကောင်းမွန်ကြောင်း သိ ရသည်။ ထိုင်ခုံကူရှင်များတွင်လည်း အုန်းဆံမျှင်များကို ထည့်သွင်းအသုံး ပြုကြသည်ကိုတွေ့ရသည်။ ခေတ်မီ တိုးတက်လာသည်နှင့်အမျှ အုန်းဆံ မျှင်များကို နူးညံ့အောင်ပြုပြင် ထုတ် လုပ်အသုံးပြုလာနိုင်ကြသည်ကို တွေ့ ရသည်။ အုန်းဆံမျှင်များကို စနစ် တကျသန့်စင်ပြီး ဝယ်ယူလိုကြောင်း ပုဂ္ဂလိက ကုမ္ပဏီအချို့သို့ မလေး ရှားနိုင်ငံမှ ကုမ္ပဏီများက ကမ်း လှမ်းခဲ့ဖူးကြောင်း ရန်ကုန်မြို့မှ ပြည်ပ ပို့ကုမ္ပဏီ တစ်ခုကပြောပြ၍ သိရှိရ သည်။ အုန်းဆံမျှင်ကို အဆင့်မြှင့် ပြုပြင်ပြီး ဆိုဖာထိုင်ခုံများ၊ ကား ကူရှင်များတွင် အသုံးပြုနေကြပြီ ဖြစ်ကြောင်းသိရသည်။ အုန်းဆံ မျှင်များအသုံးပြု၍ တံမြက်စည်းများ ကိုလည်း ထုတ်လုပ်လာကြသည်။ ရိုးတံရှည် တံမြက်စည်းများဖြစ် သည်။ သာမန်အားဖြင့် အုန်းဆံမျှင် အကြမ်းများကို လိမ်ကျစ်၍ တံမြက် စည်း ထုတ်လုပ်ခြင်းဖြစ်သည်။ ယခု အခါ ပလတ်စတစ်များကို တံမြက် စည်းအိမ်များပြုလုပ်ကာ စနစ်တကျ ထုတ်လုပ်လာကြသည်ကို တွေ့ရ သည်။ ရခိုင်ဒေသမှ အုန်းဆံမျှင် ထုတ်လုပ်သူများသည် ရန်ကုန်သို့ တိုင် တင်ပို့ရောင်းချနေကြကြောင်း လည်းဆိုသည်။ သံတွဲနှင့် မာန်အောင် မြို့နယ်များတွင် အများအပြား ထုတ် လုပ်ကြသည်။ အုန်းဆံမျှင် တံမြက် စည်းများကို နိုင်ငံခြားသို့လည်း တင်ပို့ရောင်းချနေကြရပြီ။ ရှေးလူ ကြီးသူမများက အိမ်တစ်အိမ်တွင် အုန်းပင်ခုနစ်ပင်ခန့်ရှိလျှင် မိန်းမတစ် ဦးအဖို့ လင်ယောက်ျားယူရန် မလို တော့ဟုဆိုသည်။ အုန်းပင်မှရသည့် အုန်းသီးနှင့် ဘေးထွက်ပစ္စည်းများက လူတစ်ဦးအတွက် ဖူလုံကြောင်း ညွှန်း ဆိုခြင်းဖြစ်သည်။ မြန်မာနိုင်ငံသားတို့ သည် မြေလပ်၊ မြေလွတ်ရှိလျှင် အုန်း ပင်ကို နောင်ရေးအတွက် ရည်မျှော် စိုက်ပျိုးလေ့ရှိကြသည်။ ကမ္ဘာကြီးသည် ရွေ့လျားတိုး တက်မှုများရှိလာသည်။ သဘာဝ ထွက် ကုန်ပစ္စည်းများကို မက်မက် မောမော အသုံးပြုလာကြသည်။ အုန်း ပင်၊ အုန်းသီးနှင့် အုန်းသားမီးသွေး ထုတ်လုပ်ခြင်း၊ အုန်းတံမြက်စည်း၊ အုန်းဆံမျှင်တံမြက်စည်းများ ထုတ် လုပ်ခြင်းမှာ အိမ်တွင်းမှုလုပ်ငန်းများ လည်းဖြစ်သည်။ အုန်းပင်အမြောက် အမြား စိုက်ပျိုးရာဒေသနေ ပြည်သူ များအနေဖြင့် အုန်းထွက်ပစ္စည်းများ ထုတ်လုပ်ခြင်းမှာ အိမ်တွင်းမှု လုပ် ငန်းများလည်းဖြစ်သည်။ အုန်းပင် အမြောက်အမြားစိုက်ပျိုးရာဒေသနေ ပြည်သူများအနေဖြင့် အုန်းထွက် ပစ္စည်းများ ထုတ်လုပ်မှုကို စနစ် တကျ လေ့လာထုတ်လုပ်နိုင်ခြင်းဖြင့် ယနေ့ ဆောင်ရွက်နေသည့် ကျေး လက်ဒေသဆင်းရဲနွမ်းပါးမှု လျှော့ချ ရေးလုပ်ငန်းများကို အထောက် အကူပြုလာနိုင်ပြီး မိသားစု ဝင်ငွေ ပိုမိုရရှိလာနိုင်ကြမည်ဖြစ်သည်။ ကျွန်းသားငမန်း
ကျွန်းသားငမန်း


ဈေးကွက်ဂျာနယ်မှ ကူးယူဖေါ်ပြပါသည်။

ရခိုင်ဂတ်စ်ဖြင့် လျှပ်စစ်မီး ၂၄ နာရီ ရရှိရေး လူပ်ရှားမူ စတင်

ရခိုင်ပြည်နယ်မှ ထွက်သော ဂတ်စ်ဖြင့် ရခိုင်ပြည်နယ် တ၀န်းလုံး လျှပ်စစ်မီး ရရှိရေး လူပ်ရှားမူ တစ်ရပ်ကို ရခိုင်ပြည်နယ် အ၀န်းတွင် လူငယ် တစ်စုက စတင် လူပ်ရှားနေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

Poster-Arakan
" ကျွန်တော်တို့ လူပ်ရှားတာက ပိုစတာ ကပ်ပြီး လူထုတွေ ပါဝင်လာအောင် ဆောင်ရွက်တဲ့နည်းနဲ့ လူပ်ရှား ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ပိုစတာထဲမှာတော့ ရခိုင်လို - ငါရို့ဂတ်(စ်) ငါရို့သုံးခွင့်ရှိရမည်။ ချက်ချင်း ၂၄ နာရီ မီးပေးပါ- ဆိုတဲ့ စာရေးသားထားပါတယ်။ ဒီပိုစတာကို မြို့နယ် အနှံ့မှာ ကပ်ပြီး လူပ်ရှားတာ ဖြစ်ပါတယ်" ဟု လူပ်ရှားရာတွင် ပါဝင်သူ လူငယ် တစ်ဦးက ပြောသည်။

အဆိုပါ လူပ်ရှားမူအား အောက်တိုဘာလ ၁၂ ရက်နေ့ သီတင်းကျွတ်လပြည့်နေ့က စတင် လူပ်ရှားခဲ့ခြင်း ဖြစ်ပြီး ပိုစတာများကို ရွှေဂတ်စ် စီမံကိန်း တည်ရှိရာ ကျောက်ဖြူမြို့နယ်တွင် အဓိကထား ဖြန့်ဝေခဲ့သည်ဟု သိရသည်။

" အဓိက ကျောက်ဖြူမြို့နယ်မှာ လူပ်ရှား ဆောင်ရွက်ခဲ့ပါတယ်။ ကျောက်ဖြူမြို့နယ်က မဒဲကျွန်း၊ မလာကျွန်း တွေမှာလည်း အဲဒီ ပိုစတာတွေကို ကပ်ပြီး လူထုကို လုံ့ဆော်ခဲ့ပါတယ်။ ဒီဘက်မှာတော့ ရမ်းဗြဲ၊ တောင်ကုတ်ဘက်မှာလည်း စာရွက်တွေကို ကပ်ပြီး လူပ်ရှားခဲ့ကြပါတယ်" ဟု သူက ဆက်ပြောသည်။

ယခုအခါ အဆိုပါ ပိုစတာ စာရွက်များမှာ တောလက်ကျေးရွာများ အနှံ့တွင်လည်း ပျံ့နေကြောင်း သိရသည်။

စွမ်းအင်ဝန်ကြီး ဦးသန်းဌေးမှ ရခိုင်ပင်လယ်ပြင်မှ ထွက်သော ဂတ်စ် ကို ရခိုင်ပြည်နယ်တွင် သုံးစွဲရန် အစီအစဉ် မရှိကြောင်း လွှတ်တော်တွင် များမကြာမှီက ထုတ်ဖေါ် ပြောကြားပြီးနောက် ရခိုင်က ထွက်သော ဂတ်စ်ဖြင့် ရခိုင်ပြည်နယ်တွင် (၂၄) နာရီ လျှပ်မီးရရှိရေး လူပ်ရှားမူကို ရခိုင်လူငယ်များက စတင်လာခြင်း ဖြစ်သည်။

လက်ရှိ အစိုးရ အနေဖြင့် ရခိုင်ပြည်မှ ထွက်ရှိသော ဂတ်စ်များအား တရုတ်ပြည်သို့ တင်ပို့ပြီး တခြား ဂတ်စ်များအားလည်း အစိုးရနှင့် စစ်တပ် အရာရှိများပိုင် စက်ရုံများတွင် အသုံးပြုရန် စီစဉ်နေသော သတင်းများလည်း ထွက်ပေါ်နေသဖြင့် ရခိုင်လူထု အကြားတွင် မကျေနပ်မူများ တိုးပွားနေသည်။

ယခု ရခိုင်က ဂတ်စ်ဖြင့် ရခိုင်ပြည်နယ် တ၀န်းလုံးမီးလင်းရေးတွင် မြို့နယ်တိုင်းမှ လူငယ်များ ပါဝင်နေပြီး ဈေးနုန်း သက်သာစွာဖြင့် ရခိုင်ပြည်နယ် တ၀န်းလုံး လျှပ်စစ်မီးရရှိအောင် အရေးဆို တိုက်ပွဲဝင်သွားရန် ပထမ ခြေလှမ်းဖြစ်ကြောင်း သူက ပြောသည်။

" ကျွန်တော်တို့ ပြည်သူတွေသိအောင် ပထမဆုံး ပိုစတာတွေ ကပ်ပြီး လူပ်ရှားမယ်။ ပီးရင် ဒီလူပ်ရှားမူမှာ ရခိုင်ပြည်သူတွေ ပါဝင်အောင် စည်းရုံးသွားမယ်။ ဒီကတဆင့်တက်ပြီး ပြည်တွင်း ပြည်ပ ဆက်စပ်ပြီး လူပ်ရှား ဆောင်ရွက်သွားပါမယ်" သူက ပြောသည်။

ရခိုင်က ထွက်သော ဂတ်စ်ဖြင့် ၂၄ နာရီ လျှပ်စစ်မီး ရရှိရေးကို စစ်တွေ အပါအ၀င် မြို့နယ်တိုင်းလိုလိုတွင် လူပ်ရှား ဆောင်ရွက်သွားမည် ဖြစ်ပြီး ရခိုင်ပြည်သူ တစ်ရပ်လုံး သူတို့ လူပ်ရှားမူတွင် ပူးပေါင်းပါဝင်လာမည်ဟု လူပ်ရှားသူ လူငယ်များက မျှော်လင့်နေကြသည်ဟု သိရသည်။

ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံတွင် လျှပ်စစ်ဓါတ်အား အနည်းဆုံးသုံးသော ပြည်နယ် တစ်ခုဖြစ်ပြီး လက်ရှိသုံးစွဲနေသော လျှပ်စစ်မီးမှာလည်း ဒီဇယ်နှင့် ဓါတ်ဆီသုံး ဂျင်နရေတာ မီးစက်များမှ ဖြန့်ဖြူးသော လျှပ်စစ်မီးဖြစ်သည်။

၎င်းပြင် ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံတွင် လျှပ်စစ်မီး ဈေးအကြီးဆုံး ၀န်ဆောင်မူ ပေးနေရသော ပြည်နယ် တစ်ခုဖြစ်ပြီး မီတာခ တယူနစ်ကို ကျပ် ၄၀၀ မှ ၆၀၀ ထိပေးဆောင်ရသည်။ မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများတွင် မီတာခ တယူနစ် ၂၈ ကျပ်သာရှိပြီး လုပ်ငန်းသုံး လျှပ်စစ်မီး တယူနစ်ကို ကျပ် ၅၀ သာရှိသည်။

ဂျင်နရေတာ မီးစက်များမှ ဖြန့်ဖြူးသော လျှပ်စစ် ဓါတ်အားမှာ စက်မူ လက်မူ လုပ်ငန်းငယ်များကိုပင် လည်ပတ်ရန်ထိ အားမရှိသည့်အပြင် သုံးစွဲပါက မီတာခမှာလည်း အလွန်တရာ ဈေးကြီးသဖြင့် မည်သူမှ မသုံးစွဲနိုင်ကြောင်း သိရသည်။

ထိုကဲ့သို့ လျှပ်စစ်မီးကြောင့် ရခိုင်ပြည်နယ် တိုးတက်ရန် အခက်အခဲ ဖြစ်နေသော်လည်း အုပ်ချုပ်သူ အစိုးရ အဆက်ဆက်မှ ရခိုင်ပြည်နယ် အတွင်း တစုံတစ်ရာ လျှပ်စစ်မီးရရှိအောင် မဆောင်ရွက်သည့် အပြင် ရခိုင်ပြည်နယ်မှ ထွက်ရှိသော ဂတ်စ်အားလည်း ရခိုင်ပြည်နယ်တွင် တစ်စုံတရာ မသုံးဘဲ တရုတ်သို့ ရောင်းစားထားသဖြင့် ဒေသခံ ရခိုင်ပြည်သူများ အကြားတွင် အုပ်ချုပ်သူများ၏ လုပ်ရပ်ကို အထူးမကျေမနပ် ဖြစ်နေကြကြောင်း သတင်း ရရှိသည်။

နရဉ္စရာ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည်။

Thursday, October 13, 2011

အပျော်ဆုံးနိုင်ငံ အပျော်ဆုံးလူမျိုး

ယခုနောက်ပိုင်း နိုင်ငံတွေရဲ့ တိုးတက်ဖွံ့ဖြိုးမှုကို စုစုပေါင်း အမျိုးသားထုတ်ကုန် (GNP) နဲ့သာ မကဘဲ၊ စုစုပေါင်း အမျိုးသား ပျော်ရွှင်မှု (GNH) နဲ့ပါ တိုင်းတာကြည့်လာသည်။ တစ်နည်းအားဖြင့် တစ်ဦးချင်း ၀င်ငွေသာမကဘဲ တစ်ဦးချင်း ပျော်ရွှင်မှုကိုပါ ဆက်စပ် ကြည့်လာခြင်း ဖြစ်သည်။
တစ်ဦးချင်း ၀င်ငွေအပြင်၊ အခြားမေးခွန်းတွေက 'ခင်ဗျားရဲ့ အလုပ်အကိုင်မှာ ပျော်ရွှင်ရဲ့လား၊ ခင်ဗျား ကျန်းမာရေး အခြေအနေက ဘယ်လိုလဲ၊ ခင်ဗျားရဲ့ ကလေးတွေနဲ့အတူ နေ့စဉ် နေဖို့ အချိန်ပေးနိုင်ရဲ့လား၊ ခင်ဗျား လိုအပ်တဲ့ အချိန်မှာ မိတ်ဆွေတွေ အနား ရှိရဲလား၊ အိမ်နီးနားချင်းတွေကို ခင်ဗျား ယုံကြည်ရဲ့လား၊ ကိုယ့်ဘ၀ကိုယ်ရော ကျေနပ်ရဲ့လား' စတာတွေ ဖြစ်သည်။
မကြာခင်က ၀ါရှင်တန် အခြေစိုက် Gallup အဖွဲ့က ဖွံ့ဖြိုးပြီးနိုင်ငံများနဲ့ စီးပွားရေး တိုးတက်လာတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံ အချို့ရဲ့ ပျော်ရွှင်မှုတွေကို နှိုင်းယှဉ်ကြည့်သည်။ နှိုင်းယှဉ်ချက်အရ ဒိန်းမတ်နိုင်ငံက အပျော်ရွှင်ဆုံး နိုင်ငံဖြစ်ပြီး၊ တရုတ်က မရွှင်ပြတဲ့ နိုင်ငံဖြစ်နေသည်။ မပျော်ရွှင်နိုင်ဖြစ်နေတဲ့ ဒိန်းမတ် တစ်ယောက်ဟာ အပျော်ဆုံးဆိုတဲ့ တရုတ် တစ်ယောက်နဲ့ အခြေအနေ သွားတူ့ညီသလောက်ရှိသည်။
အောက်ဖော်ပြပါ ဇယားမှာ နိုင်ငံ ၂၀ ရဲ့ ပျော်ရွှင်ကျေနပ်မှု အနည်းဆုံး အခြေအနေနဲ့ ပျော်ရွှင်ကျေနပ်မှု အများဆုံး အခြေအနေကို နှိုင်းယှဉ်ဖော်ပြထားသည်။ ထူးခြားချက်က ပျော်ရွှင်ကျေနပ်မှုမှာ ၀င်ငွေ အနည်း အများနှင့် သိပ်မဆိုင်တာ တွေ့ရသည်။ ဇယားဘေးမှာ နိုင်ငံတွေရဲ့ ၀င်ငွေကွာဟချက်ကို Gini coefficient ဖြင့် ဖော်ပြထားပြီး၊ (Gini coefficient  (1) ဂဏန်းက ၀င်ငွေမညီမျှဆုံး အခြေအနေ ဖြစ်ပြီး၊ (1) အောက်လျှော့လေ ၀င်ငွေ ကွာဟမှု နည်းလေ ဖြစ်သည်။