Saturday, August 25, 2012

ဘင်္ဂလီ-ရခိုင် အဓိကရုဏ်းတွင် ဘင်္ဂလီများ ကျူးကျော်စစ်ဆင်နွှဲခြင်းဟု ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးပြော


 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjK167lic97rwM2CYXSlKknv3Mme5ALWm6t36LlDKf22jNXulLouUDBCvCIR_HrBnPK3G6Br8OvXvFR-JeAPvWd8S4gopwHN3a7r75Lx4L1IRuN1FdNWs7DcWkSJGFFkjQ6y-9X6yEgPKJJ/s1600/shwe+myanmar.jpg 
ရခိုင်ပြည်နယ်ဒေသအတွင်း များမကြာမီက ဖြစ်ပွားခဲ့သည့် ဘင်္ဂလီ-ရခိုင် အဓိကရုဏ်းတွင် ဘင်္ဂလီများက ရခိုင်ပြည် ဒေသအတွင်းဝင်ရောက်၍ ကျူးကျော်စစ်ဆင်နွှဲခြင်းဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်၏ သဘောထားအမြင်ကို ထုတ်ဖော်ပြောဆိုခဲ့ကြောင်း ရခိုင်အကြောင်း တစေ့တစောင်း စာမျက်နှာမှ ဖော်ပြချက်အရ သိရသည်။



တစ်ဖက်နိုင်ငံမှာ တရားမဝင်ကျူးကျော်ဝင်ရောက်လာသော ဘင်္ဂလီလူမျိုးများအား မြန်မာနိုင်ငံရှိ အကျင့်ပျက် ဝန်ထမ်းတချို့က လာဘ်ငွေယူကာ နေထိုင်ခွင့်ပေးခြင်း နိုင်ငံသားမှတ်ပုံတင်ထုတ်ပေးခြင်း၊ မြှောက်ပင့်ပေးခြင်းများ ပြုလုပ်ခဲ့ကြောင်းလည်း ပြောဆိုသွားသည်။

" ကျွန်တော်ပြောချင်တာက ဒါဟာ ကျူးကျော်စစ်ပွဲတစ်ခုပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံကို ဗြိတိသျှတွေ သေနတ်နဲ့ လာရောက်တိုက်ခဲ့တာမှ ကျူးကျော်တာ မဟုတ်ဘူး။

အခု ဟိုဘက်က ဘင်္ဂလီတွေ ကျူးကျော်အခြေချ နေထိုင်လာပြီး အကျင့်ပျက်ဝန်ထမ်းတွေနဲ့ ပေါင်းပြီး မှတ်ပုံတင်တွေ ထုတ်တယ်။ အိမ်ထောင်အများကြီးပြုပြီး၊ ကလေးတွေ သောက်သောက်လဲမွေးတယ်။

ဒီတော့ လူဦးရေတွေ တိုးပွားလာတယ်။ ဒေသခံတွေကို နှင်ထုတ်တယ်။ အိမ်တွေ မီးရှို့တယ်။ သတ်တယ်။ ဒါဟာ ရခိုင်နဲ့  အစ္စလာမ်ဖြစ်တဲ့ ပြဿနာလို့  ပြောလို့ မရတော့ဘူး။ အဲ့ဒီနယ်မြေကို သူတို့ နယ်မြေလို့  ကျူးကျော်တောင်းဆိုလာတယ်။ " ဟု ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။

ယခုကဲ့သို့ ဘင်္ဂလီလူမျိုးများ ကျူးကျော်ခြင်းအား မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်သော တိုင်းရင်းသားအားလုံးနှင့်သက်ဆိုင်ပြီး ၄င်းပြဿနာကို ပြည်သူနှင့်အစိုးရ ပူးပေါင်းပြီး ဖြေရှင်းမှအောင်မြင်မည် ဖြစ်ကြောင်း၊

ထို့အပြင် ဘင်္ဂလီလူမျိုးများက လူ့အခွင့်အရေးအရေခြုံပြီး ကမ္ဘာ့နိုင်ငံတချို့တွင် သတင်းအလိမ်များဖြင့် ဝါဒဖြန့်ခြင်းအားလည်း ရှုတ်ချကြောင်း ပြောကြားခဲ့သည်။

ဦးဇော်အေးမောင်က" ဒီကျူးကျော်စစ်ပွဲဟာ မြန်မာနိုင်ငံ တိုင်းရင်းသားတွေ အားလုံးနဲ့  သက်ဆိုင် တယ်လို့  သတ်မှတ်ပြီး အစိုးရနဲ့  ပူးပေါင်း ဖြေရှင်းမှ အောင်မြင်မယ်လို့ ထင်တယ်။

ဒါ့အပြင် ကမ္ဘာ့ အချို့ နိုင်ငံများက လူ့အခွင့်အရေးကို အရေခြုံပြီး ဇာတ်နာခန်းတွေ ဖွင့်ပြပြီးတော့ ကျွန်တော်တို့ ရခိုင်တွေကပဲ နှိပ်စက်နေသလို ပြောနေတာကိုလည်း ကျွန်တော်က ရှုတ်ချတယ်။ " ဟု ယခုကဲ့သို့ ပြောသည်။

ဆက်လက်၍ ဦးဇော်အေးမောင်က " လူ့အခွင့်အရေးကို အများဆုံး ကြွေးကြော်နေတဲ့ အမေရိကန်နိုင်ငံမှာ ကျွန်တော်တို့  ရခိုင်လူမျိုးတွေ တရားမ၀င် သွားရောက်နေထိုင်ပြီးတော့ တိုင်းရင်းသားပါ၊ အမေရိကန် တိုင်းရင်းသားပါလို့ တောင်းဆိုလာရင် သူတို့က ကျွန်တော်တို့ကို ဘာလုပ်ပေးမလဲ။

 အမေရိကန်မှာ ရခိုင်ပြည်နယ်ပေးပါ။ အာရိကန်ဒေသ သတ်မှတ်ပါလို့  ပြောလို့လည်း မရဘူး။ အဲ့ဒီတော့ နိုင်ငံတကာကိုလည်း မျှမျှတတဝေဖန်ဆုံးဖြတ်ပါလို့  ပြောချင်ပါတယ်။ " ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ကျူးကျော်ဝင်ရောက်လာသည့် ဘင်္ဂလီလူမျိုးများမှာ လွန်ခဲ့သည့် ဆယ်စုနှစ်များစွာကပင် ကျူးကျော်စစ်ပွဲဆင်နွှဲရန် အစီစဉ်တကျ ပြင်ဆင်မှုများ ရှိခဲ့ကြောင်းလည်း သတင်းများထွက်ပေါ်နေကြောင်း သိရသည်။

Arakan Times




Wednesday, August 8, 2012

ရခိုင်အရေးစုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ရန်မလိုဟုဒေါက်တာအေးမောင်ပြော

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းနှင့် ပတ်သက်ပြီး စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့စည်း မလိုကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်က ပြောသည်။

“  ကုလသမဂ္ဂ ကိုယ်စားပြုတဲ့ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တေးနားဟာ အခင်းဖြစ်ပွားတဲ့ နေ ရာတွေကို သွားကြည့်ပြီး လေ့လာခဲ့ပြီးပြီ။ ကိုယ်တိုင်လည်း ပြဿနာနဲ့ ထိတွေ့နေတဲ့ လူတွေကိုလည်း မေးပြီးပြီ၊ သွားပြီးပြီ၊ ဆက်ပြီးတော့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ဖို့ မလိုတော့ဘူး” ဟု ဆိုသည်။
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့သော လူမျိုးရေး ဆူပူမှုများ တည်ငြိမ်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့များက  အဆမ တန် အင်အားသုံးခဲ့ခြင်း အပါအ၀င် လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးရေး သူထောက်ခံမည်ဟု  မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားက သူ့ရဲ့ ၆ ရက်ကြာ ခရီးစဉ် အဆုံးသတ်သည့်နေ့ သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်များကို ပြောဆိုခဲ့သည်။
“လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်တွေကို သီးခြား လွတ်လပ်ပြီး ယုံကြည်စိတ်ချရတဲ့ အဖွဲ့ ဖွဲ့ပြီး အမြန်ဆုံး စုံစမ်းစစ်ဆေးပေးဖို့ တခြား အဖွဲ့အစည်းတွေက တောင်းဆိုနေသလိုပဲ ကျနော်ကလည်း တောင်းဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော့်အနေနဲ့ အထောက်အကူ ပေးနိုင်ပါတယ်” ဟု ဆိုသည်။
၁၉၈၂ ခုနှစ်က ပြဌာန်းခဲ့သော ဥပဒေကို ပြန်လည်သုံးသပ်ရန် လိုအပ်သည့်အပြင် ရိုဟင်ဂျာများကို နိုင်ငံသား ဖြစ် ခွင့်ကနေ ကန့်သတ်ထားသည်ဟု မစ္စတာ ကင်တေးနားက ပြောဆိုမှုအပေါ် ဒေါက်တာ အေးမောင်က ယခု ကဲ့သို့ ပြောသည်။
“ သူ ကုလသမဂ္ဂကို တင်ခဲ့တဲ့ လူ့အခွင့်အရေး အစီအရင်ခံစာတွေကို သုံးသတ်ကြည့်လိုက်တဲ့အခါမှာ မြန်မာ နိုင်ငံ ပြင်ပက ပုဂ္ဂိုလ်တွေ ပြောတဲ့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို အခုတိ သူမဖျက်ဘူး၊ အဲဒီ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို ဖျက်ဖို့အတွက် ကျွန်တော်တို့ အဓိက တောင်းဆိုပါတယ်။ နိုင်ငံတခုရဲ့ ပြည်နယ်တခုကို သွားပြီး တော့ လုပ်ကြံဖန်တီးထားတဲ့ သမိုင်းကို အခြေအမြစ်ရှိရှိ ကမ္ဘာ့ အဖွဲ့ အစည်းတခုက လေ့လာဖို့လိုပါတယ်။ လူ့အ ခွင့်အရေးနှင့် ပတ်သက်တဲ့ အစီရင်ခံစာမှာ ဘက်လိုက်မှု တစုံတခု၊ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ နိုင်ငံသား ဆိုတဲ့ အခွင့်အရေးကို ရလိုမှု လွှမ်းမိုးလိုမှု၊ နိုင်ငံတနိုင်ငံ၏ ပြည်တွင်း အချုပ်အခြာ အာဏာကို ထိပါးလို့ ရှိရင် ကင်တေားမှာဘဲ တာဝန်ရှိမှာ  ဖြစ်ပါတယ်” ဟု ပြောသည်။
ဇူလိုင်လ ၂၉ ရက်နေ့တွင် မြန်မာနိုင်ငံကို ရောက်ရှိလာသည့် မစ္စတာ ကင်တေးနားသည် ဇွန်လ ၈ ရက်နေ့မှ စတင် ဖြစ်ပွားခဲ့သော ရခိုင်ဒေသ ဆူပူအကြမ်းဖက်မှုများတွင် လူ့အခွင့်အရေး ချိုးဖေါက်မှုများ ရှိသည်ဆိုသည့် စွပ်စွဲ ချက်များအပေါ် အဓိကထား လေ့လာခဲ့ခြင်း ဖြစ်သည်။
မစ္စတာ ကင်တားနား၏ ယခု ၆ ရက်ကြာ ခရီးစဉ်အတွင်းမှာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အပါအ၀င် အစိုးရ၀န်ကြီးအဖွဲ့ တာဝန်ရှိသူများ၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံ ရေးပါတီ ခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များကိုလည်း တွေ့ဆုံပြီး ရခိုင်ပြည်နယ် အရေးနှုင့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေ အရပ်ရပ်ကို ဆွေးနွေးခဲ့သည်။
မစ္စတာ ကင်တားနားသည် ယခုခရီးစဉ်အတွင်း ရခိုင်ပြည်အတွင်း ဆူပူအကြမ်းဖက်မှုများနှင့် မြန်မာ့လူ့အခွင့်အ ရေး အခြေအနေ အရပ်ရပ်အပေါ် လေ့လာတွေ့ရှိချက်များနှင့်ပတ်သက်ပြီး ရှေ့နှစ်တွင်ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် တင်သွင်းဖို့ အစီအစဉ်ရှိသည်ဟု သိရှိရသည်။

Sunday, August 5, 2012

ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း တည်ဆောက်မှုအတွက် လိုအပ်သည့် ပစ္စည်းများ စတင်ရောက်ရှိ အဆိုပါ စီမံကိန်းမှ ထွက်ရှိမည့် သဘာဝဓာတ်ငွေ့ကို ဇူလိုင်လတွင် ပြည်ပသို့ စပို့မည်



7441








ကျောက်ဖြူ ရေနက်ဆိပ်ကမ်း နှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်မှုအတွက် လိုအပ်သည့် ပစ္စည်းများသယ်ယူခြင်းကို ခွင့်ပြုပေးထားခဲ့ပြီး ယခုအခါ သင်္ဘောသုံးစီး ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရှိရပါသည်။
“ကျောက်ဖြူရေနက်ဆိပ်ကမ်း နဲ့ သဘာဝဓာတ်ငွေ့စီမံကိန်း တည်ဆောက်ဖို့အတွက် လိုအပ်တဲ့ပစ္စည်း တွေ သယ်ယူခွင့်ကို MIC ကခွင့်ပြု ထားပြီးသားပါ။ အခုသင်္ဘောတွေ ရောက်နေပြီ။ သောင်တူးတာတို့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေ စပြီးသယ်ယူတာပါ”ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားခဲ့သည်။
ယင်းအပြင် ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့များကို ၂၀၁၃ ခုနှစ်၊ ဇူလိုင်လတွင် ပြည်ပသို့ စတင်တင်ပို့မည်ဟုလည်း သတင်းရရှိပါသည်။
ယခင်က စီမံကိန်းစတင် အကောင်အထည်ဖော် ရေးဆွဲရာတွင် ရွှေ သဘာဝဓာတ်ငွေ့ စီမံကိန်းမှ ၂၀၁၃ ခုနှစ်၊ မေလ ၁ ရက်နေ့တွင်စတင် တင်ပို့နိုင်ရန် လျာထားထားပြီး  မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက် လိုင်းဖြင့်လည်း ၂၀၁၃ ခုနှစ်၊ မေလ အတွင်း၌ပင် စတင်တင်ပို့ရန် လျာထားခဲ့ခြင်းဖြစ်သည်။

မုတ္တမကမ်းလွန်ရှိ ဇောတိက စီမံကိန်းမှ ထွက်ရှိသည့် သဘာဝ ဓာတ်ငွေ့များကို ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြည်ပသို့ စပို့ရန်လျာထားထားကြောင်း ထုတ်ပြန်ချက်များအရ သိရှိရသည်။
ပိုက်လိုင်းဖြင့် သဘာဝဓာတ်ငွေ့တင်ပို့မှု နိုင်ငံအလိုက်စာရင်း တွင် မြန်မာနိုင်ငံမှာ ကမ္ဘာပေါ်၌ အဆင့် ၁၆ နေရာတွင်ရပ်တည်နေပြီး လက်ရှိတွင် ရဲတံခွန်နှင့်ရတနာ စီမံကိန်းနှစ်ခုတည်း တင်ပို့နေခြင်းဖြစ်ကြောင်း၊ အကယ်၍ လာမည့် ၂၀၁၃ ခုနှစ်တွင် ရွှေနှင့် ဇောတိကတွင်ပါ တင်ပို့နိုင်မည်ဆိုပါက မြန်မာနိုင်ငံ အနေဖြင့် ပိုက်လိုင်းဖြင့် သဘာဝဓာတ် ငွေ့တင်ပို့သည့် နိုင်ငံများထဲတွင် အဆင့် ၁၃ အထိပင် မြင့်တက်သွား နိုင်ကြောင်း တွက်ချက်ထားကြသည်။
အာရှပစိဖိတ် ဒေသတွင်လည်း အင်ဒိုနီးရှားနိုင်ငံအား ကျော်တက်ကာ နံပါတ်တစ် သဘာဝဓာတ်ငွေ့ တင်ပို့သည့်နိုင်ငံ ဖြစ်လာမည်ဟုလည်း ထုတ်ပြန်ထားချက်များအရ သိရှိရသည်။
ပိုက်လိုင်းဖြင့် သဘာဝဓာတ်ငွေ့ တင်ပို့မှု နိုင်ငံအလိုက် ရပ်တည်မှု
စဉ် နိုင်ငံ   ပမာဏ (ဘီလျံကုဗမီတာ)
ရုရှား         ၁၇၆ .၄၈
နော်ဝေ      ၉၅ .၇၂
ကနေဒါ     ၉၂ .၂၄
နယ်သာလန် ၄၉ .၆၇
အယ်လ်ဂျီးရီးယား     ၃၁ .၇၇
အမေရိကန်  ၂၉ .၄၆
ကာတာ     ၁၈ .၇၅
တာ့မစ်နစ္စတန်       ၁၆ .၇၃
ဥဇဘက်ကစ္စတန်     ၁၅ .၇၀
၁၀ ဂျာမနီ     ၁၂ .၈၀
၁၁ ဗြိတိန်      ၁၂ .၁၇
၁၂ ကာဇက်စတန်     ၁၀ .၃၀
၁၃ ဘိုလီးဗီးယား       ၉ .၈၁
၁၄ အင်ဒိုနီးရှား ၉ .၆၇
၁၅ လစ်ဗျား    ၉ .၁၇
၁၆ မြန်မာ      ၈ .၂၉
၁၇ အဇာဘိုင်ဂျန်       ၇ .၁၉
၁၈ အီရန်      ၅ .၆၇
၁၉ အီဂျစ်       ၅ .၅၀
၂၀ ဒိန်းမတ်   ၄ .၀၁
၂၁ မိုဇမ်ဘစ်   ၃ .၅၀
၂၂ ဘယ်လ်ဂျီယမ်     ၂ .၅၄
၂၃ ကိုလံဘီယာ        ၁ .၈၀
၂၄ မလေးရှား ၁ .၂၀
၂၅ စပိန်       ၁ .၀၀
၂၆ အာဂျင်တီးနား      ၀ .၈၈
၂၇ ပြင်သစ်    ၀ .၈၄
၂၈ မက္ကဆီကို  ၀ .၇၉
၂၉ အီတလီ   ၀ .၁၃




7441a

လိမ်တယ်ဆိုတာ မကြာခင်ပေါ်တာပါပဲ။

ဘင်္ဂါလီ၊ ဝါဟာဘီ နှင့် တံခါးဖျက်ဝင်သူများ

 နေ့သစ်စာမျက်နှာက ဆရာဂါမဏိရဲ့ဆောင်းပါးတပုဒ်ပါ။စာဖတ်ပုရိတ်သတ်များအတွက်အကျိုးရှိမယ်
လို့ယူဆလို့ကူးယူဖေါ်ပြလိုက်ပါတယ်။ခွင့်မတောင်းဖြစ်တဲ့အတွက် နေ့သစ်အဖွဲ့သားများနှင့် ဆရာဂါမဏိ
တို့ကိုတောင်းပါအပ်တယ်။

 wahabi htaw
လတ်တလော ရခိုင်ပြည်မှာဖြစ်ခဲ့တဲ့ ပြဿနာတွေကို ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေနဲ့ ရခိုင်တိုင်းရင်းသားတွေကြား ပဋိပက္ခ အဖြစ် အားလုံးလိုလိုက သတ်မှတ်ထားပေမဲ့ ခိုးဝင်လာသူတွေဟာ ဘင်္ဂါလီအစစ်မဟုတ်ဘဲ ဘင်္ဂါလီမျိုးနွယ်ဝင် စစ်တ ကောင်းသားတွေ ဖြစ်ပါတယ်။
ဘင်္ဂါလီလူမျိုးတွေဟာ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှာ အဓိကနေကြပါတယ်။ အင်္ဂ လိပ် ကိုလိုနီခေတ်မှာ ဒီနှစ်နယ်ကို တပေါင်းတည်း ဘင်္ဂလားပြည်နယ်အဖြစ် သတ်မှတ်ခဲ့ပြီး ၁၉၄၇ ခု အိန္ဒိယလွတ်လပ် ရေးကြေညာတော့မှ ဟိန္ဒူဘာသာဝင် ဘင်္ဂါလီများတဲ့ အနောက်ဘင်္ဂလားနဲ့ တြိပူရတို့ဟာ အိန္ဒိယဘက်ခြမ်းက ပြည်နယ် နှစ်ခု ဖြစ်သွားပြီး အစ္စလမ်ဘာသာဝင်များတဲ့ အရှေ့ဘင်္ဂလားက အရှေ့ပါကစ္စတန်ဖြစ်သွားပါတယ်။ အရှေ့ပါကစ္စ တန် ဟာ ၁၉၇၁ ခုမှာ လွတ်လပ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖြစ်လာပါတယ်။
တကမ္ဘာလုံးမှာ ဘင်္ဂါလီလူမျိုးဦးရေ သန်း ၃၀၀ ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၁၅၆ သန်း၊ အိန္ဒိယနိုင်ငံမှာ သန်း ၇၀၊ ပါကစ္စ တန်၊ ဗြိတိန်၊ မလေးရှားနဲ့ အာရပ်နိုင်ငံတွေမှာလဲ အတော်များများရှိကြပါတယ်။ ဟန်တရုတ်လူမျိုးပြီးရင် ဘင်္ဂါလီ လူမျိုး ဟာ ကမ္ဘာမှာ ဒုတိယ လူဦးရေအများဆုံးလူမျိုး ဖြစ်ပါတယ်။ ဘင်္ဂါလီလူမျိုးအားလုံးရဲ့ ၅၀% ဟာ မွတ်ဆလင်တွေ ဖြစ်ပြီး ၄၈% ကတော့ ဟိန္ဒူတွေ ဖြစ်ပါတယ်။ ဗုဒ္ဓဘုရားရှင်လက်ထက်နဲ့ အသောကမင်းကြီးလက်ထက်မှာ ဘင်္ဂလားဒေသဟာ မဂဓတိုင်းထဲ ပါခဲ့ပါတယ်။
ဘင်္ဂါလီလူမျိုးတွေထဲက ထင်ရှားတဲ့ နိုင်ငံရေးသမားတွေ၊ စာပေအနုပညာရှင်တွေ၊ သိပ္ပံပညာရှင်တွေ တော်တော်များများ ထွက်ခဲ့ပြီး အဓိကအားဖြင့် ဟိန္ဒူဘာသာဝင်ဘင်္ဂါလီတွေ ဖြစ်ကြပါတယ်။ အာရှတိုက်က ပထမဆုံးနိုဘယ်ဆုရတဲ့ ကဗျာ ဆရာကြီး ရာဘင်ဒြာနတ်သ်တဂိုး၊ ကမ္ဘာကျော် ရုပ်ရှင်ဒါရိုက်တာ ဆတ္တယာဂျစ်ရေး၊ အိန္ဒိယလွတ်လပ်ရေး တော်လှန်ရေး ခေါင်းဆောင် ဆူဘတ်စ်ချန္ဒရာဘို့စ်၊ ကမ္ဘာကျော်သိပ္ပံပညာရှင် ဆာတယင်ဒြာနတ်သ်ဘို့စ်၊ နိုဘယ်ဆုရ စီးပွားရေးပညာ ရှင် အမာရ်တီယာဆင်း၊ စာရေးဆရာမ အရွန်ဒါတိရွိုင်း၊ ဘီးတဲလ်စ်ဂီတသစ်အဖွဲ့ရဲ့ဆရာ ဂီတပညာရှင်ကြီး ရာဗီရှန်ကာ တို့ဟာ ဘင်္ဂါလီဟိန္ဒူတွေဖြစ်ပြီး အသေးစားငွေချေးလုပ်ငန်း တီထွင်ခဲ့တဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မိုဟာမက်ယူနွတ်စ် ကတော့ ဘင်္ဂါလီမွတ်ဆလင် ဖြစ်ပါတယ်။
မြန်မာပြည် လွတ်လပ်ရေးတိုက်ပွဲနဲ့ လွတ်လပ်ရေးခေတ် နိုင်ငံရေးသမိုင်းမှာပါဝင်ခဲ့တဲ့ ဘင်္ဂါလီတွေလဲ ထင်ထင်ရှားရှားရှိ ပါတယ်။ အိန္ဒိယ လွတ်လပ်ရေးတိုက်ပွဲမှာ ပါဝင်လှုပ်ရှားခဲ့လို့ ဗမာပြည်ကို နယ်နှင်ဒဏ်ပေးခံရတဲ့ မစ္စတာရာရှစ်ဟာ ဗိုလ် ချုပ်အောင်ဆန်းတို့နဲ့ တခေတ်ထဲ ရန်ကုန်တက္ကသိုလ်ကိုရောက်လာပြီး ၁၉၃၆ ခုမှာ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ၊ ကျောင်း သားသပိတ် ဥက္ကဋ္ဌ ဖြစ်ခဲ့ဖူးပါတယ်။ ဘင်္ဂါလီ နိုင်ငံရေးသမားတွေဖြစ်တဲ့ မစ္စတာရာရှစ်နဲ့ ဦးခင်မောင်လတ်တို့ဟာ လွတ် လပ်ရေးရပြီးနောက်မှာလဲ ဖဆပလအစိုးရထဲမှာ ဝန်ကြီးတွေအဖြစ် ရွေးကောက်ခံခဲ့ရပါတယ်။
မြန်မာနိုင်ငံ အတိုက်အခံဘက်မှာလဲ ဘင်္ဂါလီတွေ အရေးကြီးနေရာတွေက ပါခဲ့ဖူးပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီက ရဲဘော်ဂိုရှယ်၊ ဒေါက်တာနတ်၊ ဆရာရာဂျန်တို့ဟာလဲ အင်္ဂလိပ်က နယ်နှင်ဒဏ်ပေးလို့ ဗမာပြည်ရောက်လာတဲ့ ဘင်္ဂါလီ တော်လှန်ရေးသမားတွေ ဖြစ်ပါတယ်။
ဗမာပြည်ကိုရောက်လာကြတဲ့ အဲဒီ ဘင်္ဂါလီတွေဟာ နယ်စပ်ကကူးဝင်လာတာတွေမဟုတ်ဘဲ ကိုလိုနီခေတ်မှာ သင်္ဘောနဲ့ ရောက်လာတဲ့ ဘင်္ဂါလီဟိန္ဒူတွေ၊ ဘင်္ဂါလီမွတ်ဆလင်တွေ ဖြစ်ပါတယ်။ ဆရာကြီးဦးရာဇတ်၊ ဆရာမောင်သော်ကတို့က တော့ အဲဒီထက်စောပြီး မျိုးရိုးစဉ်ဆက် ဗမာပြည်မှာနေခဲ့တဲ့ မွတ်ဆလင်တွေ ဖြစ်ပါတယ်။
စစ်တကောင်းစကားဟာ ဘင်္ဂါလီစကားရဲ့ ဒေသိယစကား dialect ဖြစ်ပြီး ဘာသာဗေဒမှတ်တမ်း Ethnologue မှာ သီး သန့်သင်္ကေတ cit လို့ပေးခဲ့ပါတယ်။ ရွင်ဂျာ အပါအဝင် စစ်တကောင်းစကားပြောသူ ၁၄ သန်းကျော်ရှိပါတယ်။ စစ်တ ကောင်းကို ဘင်္ဂါလီတွေက ချော့တော်ကလမ်း သို့မဟုတ် ခေါ့တော်ကလမ်း chottogram လို့ ခေါ်ရာကနေ စစ်တ ကောင်းသားဘင်္ဂါလီတွေကို ခေါ့တ် သို့မဟုတ် ခေါ့တောကုလား လို့ နာမယ်တွင်သွားပါတယ်။ စစ်တကောင်း ဒေသဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ နတ်မြစ်ပဲခြားတဲ့အတွက် နယ်စပ်ကျော်ခိုးဝင်သူတွေဟာ အဓိကအားဖြင့် စစ်တကောင်း သား ဘင်္ဂါလီ (ခေါ့တ်) တွေ ဖြစ်နေပါတယ်။
ဒီကနေ့ ရွင်ဂျာလို့ခံယူနေသူတွေကို ဘာသာဗေဒမှတ်တမ်း Ethnologue မှာ ၂၀၀၇ ခုနှစ်အထိ စစ်တကောင်းသား တောင်ပိုင်းလေယူလေသိမ်းလို့ပဲ သတ်မှတ်ခဲ့ပါတယ်။ ၂၀၀၇ ဒီဘက်မှာတော့ စစ်တကောင်းသားဘာသာစကားကို ctg ၊ ရွင်ဂျာကို rhg လို့ခွဲပေးလိုက်ပြီး ရွင်ဂျာ နဲ့ စစ်တကောင်းသား မတူသလိုလို လုပ်ပြပေးခဲ့ရပါတယ်။ ဘာသာဗေဒ မှတ် တမ်း Ethnologue မှာ ဘင်္ဂါလီဘာသာစကားကို ben လို့ သင်္ကေတသတ်မှတ်ထားပါတယ်။ စစ်တကောင်း စကားနဲ့ ဘင်္ဂါလီစကားဟာ ၄၃% ကနေ ၆၄% အထိပဲ တူညီတယ်လို့ ဆိုပါတယ်။ တောရွာတွေက စစ်တကောင်းသူမတွေဟာ မြို့ပေါ်က ဘင်္ဂါလီစကားကို နားမလည်ဘဲ ရွင်ဂျာဆိုသူတွေနဲ့တော့ ရာနှုန်းပြည့် ဆက်ဆံပြောဆိုလို့ ရပါတယ်။ သဘော ကတော့ စစ်တကောင်းစကားနဲ့ ရွင်ဂျာစကား၊ စစ်တကောင်းသားနဲ့ ရွင်ဂျာ လုံးဝတထပ်တည်း ဖြစ်ပါတယ်။
၁၈၂၄ ခု အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲပြီးတဲ့အချိန်ကစခဲ့တဲ့ ဒီနယ်မြေချဲ့ထွင်မှုဟာ အာရေဗျကျွန်းဆွယ်မှာ ၁၈ ရာစု အ တွင်း ပေါ်ပေါက်ခဲ့တဲ့ ဝါဟာဘီအခြေခံဝါဒနဲ့ ပေါင်းစပ်သွားရင် ဘာသာရေးအစွန်းရောက်ဝါဒအဖြစ် ပိုပြီးဆုတ်ယုတ် ဖောက်ပြန်သွားမယ့် အလားအလာ ရှိနေပါတယ်။
ဥရောပတိုက်မှာ ခရစ်ယန်အခြေခံဝါဒီတွေလွှမ်းမိုးလို့ အမှောင်ခေတ်ဖြစ်နေတဲ့အချိန်မှာ အစ္စလမ်နိုင်ငံတွေမှာတော့ သိပ္ပံ ပညာတွေ အနုပညာတွေ ထွန်းကားပွင့်လန်းခဲ့ပြီး အစ္စလမ်ရွှေခေတ်အဖြစ် ကမ္ဘာ့လူသားတွေကို ဧရာမအကျိုးပြုခဲ့ပါ တယ်။ အဲဒီကာလမှာ မွတ်ဆလင်သိပ္ပံပညာရှင်တွေဟာ အက္ခရာသင်္ချာနဲ့ တြိဂိုနိုမက်ထရီကို တီထွင်နိုင်ခဲ့ပါတယ်။ နယူတန်ခေတ် မတိုင်ခင်မှာ ကဲလ်ကုလသင်္ချာရဲ့ အခြေခံတွေကို ချပေးနိုင်ခဲ့ပါတယ်။ ဆေးပညာနယ်ပယ်မှာ ခွဲစိတ်ကု ပညာကို တိုးတက်အောင်လုပ်ခဲ့ပြီး မေ့ဆေးသုံးတာလဲ စလုပ်ခဲ့ပါတယ်။ လူ့ကိုယ်ခန္ဓာရဲ့ သွေးလည်ပတ်မှုစနစ်ကိုလဲ ပထမဆုံး ဖော်ထုတ်နိုင်ခဲ့သလို အနာတွေမှာ ပိုးသတ်ဆေးသုံးတာကိုလဲ စလုပ်ခဲ့ပါတယ်။ ဒီခေတ်အတွင်း ကဗျာဆရာ ကြီး အိုမာခယမ် ထွက်ပေါ်ခဲ့သလို တထောင့်တညပုံပြင်လို ကြီးကျယ်တဲ့အနုပညာလက်ရာတွေလဲ မွတ်ဆလင် ကမ္ဘာမှာ ပေါ်ပေါက်ခဲ့ပါတယ်။
ဒီဘက်ခေတ်မှာလဲ ၂၀ ရာစုထဲမှာ ပေါ်ပေါက်ခဲ့တဲ့ တူရကီနိုင်ငံက ကီမဲလ်အတားတာ့က်လို အမျိုးသားရေး ခေတ်မီရေး ခေါင်းဆောင်ကို ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် အားကျအတုယူခဲ့ရပါတယ်။ အိဂျစ်နိုင်ငံက နာဆာကိုလဲ နယ်ချဲ့စနစ် လက်အောက်က လွတ်မြောက်ဖို့ ရုန်းကန်နေရတဲ့ ကိုလိုနီနိုင်ငံတွေက အဖိနှိပ်ခံပြည်သူတွေ အတုယူခဲ့ရပါတယ်။ အဲဒီ တုန်းက ဆော်ဒီအာရေဗျနဲ့ တချို့အာရပ်ပဒေသရာဇ်နိုင်ငံငယ် အနည်းစုကလွဲရင် ဝါဟာဘီဝါဒ ဘယ်လိုမှခေါင်းမထောင် နိုင်ခဲ့ပါဘူး။
ဒါပေမဲ့ အခုတော့ ဝါဟာဘီဝါဒကစလိုက်တဲ့ အစ္စလမ်အစွန်းရောက်ဝါဒဟာ အစ္စလမ်ကမ္ဘာကိုရော၊ တခြားဘာသာဝင် နိုင်ငံတွေကိုပါ အမှောင်ခေတ်ကြီးထဲဆွဲသွင်းဖို့ ခြိမ်းခြောက်နေပါပြီ။ အတားတာ့က် နဲ့ နာဆာ တို့ရဲ့ ခေတ်သစ် အစ္စလမ် ဝါဒကြောင့် အနောက်နိုင်ငံတွေရဲ့ အခြေခံအကျိုးစီးပွားတွေ အထိနာခဲ့လို့ လက်စားချေတဲ့အနေနဲ့ အစ္စလမ် အခြေခံဝါဒီ တွေကို အကန့်အသတ်နဲ့ မြှောက်ပေးနေသလိုမျိုး တွေ့နေရပါတယ်။ ဒါပေမဲ့ ဝါဟာဘီမူရင်းစွဲဝါဒဟာ လမ်းမယူဘူး ဆို တာကို ၉/၁၁ မှာ ပြခဲ့ပြီး ဖြစ်ပါတယ်။
ဘင်္ဂါလီတွေရဲ့ကျော်နင်းမှုကကော ဘယ်လမ်းကိုသွားနေပြီး ဘယ်သူတွေက အားပေးအားမြှောက်လုပ်နေသလဲ။ လက်စ လက်နတွေကတော့ တစတစပေါ်လာပါပြီ။ ဝါဟာဘီတွေက ပံ့ပိုးမှုမျိုးစုံနဲ့တွန်း၊ မွတ်ဆလင်မဟုတ်တဲ့ အနောက်တိုင်း ကလဲ အမျိုးမျိုးသော အကျိုးစီးပွားမျှော်မှန်းပြီး အဖက်ဖက်ကအားပေး။ ဘယ်လိုဘဲဖြစ်ဖြစ် ပြည်တွင်း အာဏာပိုင်မပါရင် လဲ ကျော်နင်းသူတွေ ရှေ့တိုးလို့မရနိုင်တာ ထင်ရှားနေပါပြီ။
ဂါမဏိ


ဒေါက်တာဥာဏ်ပေါ်ရဲ့ကျန်းမာရေးဆိုင်ရာဆောင်းပါးများ

Monday, July 9, 2012

ရိုဟင်ဂျာဖြစ်ခွင့်မရလိုက်သော ဘင်္ဂလားဒေ့ခ်ျနိုင်ငံသား ၄၈ ဦး

မလေးရှားနိုင်ငံသို့ တရားမ၀င် ခိုးလှေဖြင့် ထွက်ခွာရန်အတွက် ပြင်ဆင်နေသော ဘင်္ဂလာဒေခ်ျ့   နိုင်ငံသား ၄၈ ဦးကို လူမှောင်ခို သမားနှစ်ဦးနှင့် အတူ ဘင်္ဂလာဒေခ်ျ့ အထူး မူခင်း နှိမ်နှင်းရေး တပ်ဖွဲ့က ယမန်နေ့ နံနက်ပိုင်းက ဖမ်းဆီးလိုက်သည်။
လူကုန်ကူးသူ လက်မှ ကယ်တင်လိုက်နိုင်သော ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားများ (ဓါတ်ပုံ- Star)
ဖမ်ဆီးခံရသူ ဘင်္ဂလာဒေခ်ျ့နိုင်ငံသားများ လူမှောင်ခို အဖွဲ့တစ်ခု၏ အစီအစဉ်ဖြင့် မလေးရှား သို့ မော်တော်ဘုတ် တစ်စီးဖြင့် ထွက်ခွာရန် စီစဉ်နေစဉ် စစ်တကောင်းမြို့ Kadamtali အရပ်ရှိ ဟိုတည် (၄) ခုမှ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း အထူး မူခင်း တပ်ဖွဲ့က ပြောကြားသည်။
“ ကျွန်တော်တို့ အမှတ် (၇) Rapid Action Battalion တပ်ရင်းက တနင်္ဂနွေနေ့ နံနက် အစောကြီး အချိန်မှာ သတင်းအရ ဟိုတည် ၄ ခုကို ၀င်ရောက်စီးနှင်းစဉ်မှာ ဖမ်းမိတာ ဖြစ်ပါတယ်” ဟု ဗိုလ်မှူး ရက်ခီးဘူလ် အာမီက ပြောသည်။
ဖမ်းဆီးခံရသူ ၄၈ ဦးမှာ ရက္ကန်းသမား၊ လယ်သမား၊ ကုန်စုံဆိုင် ရောင်းသူနှင့် အလုပ်အကိုင် မရှိသူများ ဖြစ်ပြီး သူတို့မှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဆီရဂန်းစီ၊ နာဂေါဝါ၊ ပါဗနာ၊ မာဂူရ၊ ဂျန်နီ ဒက် မြို့များမှ ဖြစ်ကြောင်း အာဏာာပိုင်များမှ ပြောသည်။
မလေးရှားသို့ သွားရောက်ရန် အတွက် ဟိုတည်များတွင် တည်းခိုနေသူ ဘင်္ဂလာဒေခ်ျ့နိုင်ငံသား အရေအတွက်မှာ ၁၀၀ ကျော်ရှိပြီး အများစုမှာ ဟိုတည်များကို ၀င်ရောက်စီးနှင်းစဉ် ထွက်ပြေး လွှတ်မြောက်သွားကြသည်ဟု သိရသည်။
တနင်္ဂနွေနေ့ နံနက်ပိုင်းက ထုတ်လွှင့်သွားသော ဘီဘီစီ ( ဘင်္ဂလာ အစီအစဉ်)တွင် ဖမ်းဆီးခံရသူ ၁၀၀ နီးပါးခန့် ရှိကြောင်း၊ ထိုသူများကို မလေးရှားသို့ သွားရောက်ရန် အတွက် ပထမဆုံး အနေဖြင့်  မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ပို့ဆောင်မည် ဖြစ်ကြောင်း၊ ရန်ကုန်မှ တဆင့် မလေးရှားသို့ ဆက်လက် ပို့ဆောင်မည် ဖြစ်ကြောင်း သတင်း ထုတ်လွှင့်သွားခဲ့သည်ဟု သိရသည်။
ယခုကဲ့သို့ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားများမှာ ရေလမ်းကြောင်းမှ တဆင့် တရားမ ၀င် မော်တော် ဘုတ်များ၊ ငါးဖမ်း စက်လှေများကို အသုံးပြုပြီး  မလေးရှားသို့ တင်ပို့နေကြသည်မှာ ၁၉၉၆ ခုနှစ်ကတည်းက ဖြစ်ကြောင်း လူမှောင်ခိုသမား စူရူ ဇာမန်က ပြောသည်။
ဘင်္ဂလာဒေခ်ျ့နိုင်ငံသား အများအပြားမှာ ခိုးလှေများဖြင့်သွား၍ ထိုင်း၊ မလေးရှားသို့ ရောက်ရှိ သွားသော အခါ သူတို့ကို သူတို့ ရိုဟင်ဂျာများ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် အစိုးရမှ လူ့အခွင့်အရေး ချိုးဖေါက်၍ ထွက်ပြေးလာသူများ ဖြစ်ကြောင်း၊ ထိုသို့ ပြောဆိုခြင်းအားဖြင့် ခိုလုံခွင့်ရရှိပြီး မလေးရှားရှိ ယူအန်အိပ်စီအာ ဒုက္ခသည်များ ရုံးကလည်း ချက်ချင်း ဒုက္ခသည် အသိအမှတ်ပြု ကဒ်များ ထုတ်ပေးကြောင်း သိရသည်။
ယခု ဖမ်းဆီးခံရသူများမှာ ဘင်္ဂလာဒေခ်ျ့ ရေပိုင်နက်ကို ကျော်လွန်ပြီး နိုင်ငံတကာ ရေပိုင်နက် အတွင်း ရောက်ရှိသွားပါက ရိုဟင်ဂျာ ခံယူပြီး ခရီးသွားကြမည့်သူများ ဖြစ်ကြောင်း သိရသည်။
ယခုအခါ မြန်မာနိုင်ငံတွင်လည်း မလေးရှားသို့ တရားမ၀င် စက်လှေများဖြင့် သွားရောက်သူ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား အများအပြားကို ဖမ်းဆီး မိနေပြီး လွန်ခဲ့သော ရက်အနည်းငယ် အတွင်းကလည်း ဂွမြို့နယ် ဂွကျွန်းတွင် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၁၀၀ နီးပါးခန့်ကို ဖမ်းမိခဲ့သည်။
အလားတူ မွန်ပြည်နယ် ရေးမြို့နယ်တွင်လည်း မလေးရှားသို့ သွားသူ ဘင်္ဂလာဒေခ်ျ့နိုင်ငံသား ၈၂ ဦးအား မေလအတွင်းက ဖမ်းဆီးပြီး ဇွန်လ ၁၉ ရက်နေ့က ထောင် တနှစ်စီ ချမှတ်ခဲ့သည်။ အဆိုပါ သတင်းကို ဇွန်လ ၂၂ ရက်နေ့က သတင်း ရေးသား ဖေါ်ပြကြရာတွင် ဗွီအိုအေ (မြန်မာပိုင်း အစီအစဉ်)မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၉၀ ခန့် လူဝင်မှုဥပဒေအရ ထောင်ဒဏ်ချမှတ် ခေါင်းစီးဖြင့် သတင်းရေးသားဖေါ်ပြခဲ့ပြီး မစ္ဈိမမှ ဘင်္ဂါလီ ၈၂ ဦးအား လဝက ပုဒ်မဖြင့် ရေးမြို့ တရားရုံးမှ ထောင်ဒဏ်ချ ခေါင်းစီးဖြင့် ရေးသားဖေါ်ပြခဲ့သည်။
အလားတူ ကောင်ဝါ သတင်းဌာနက တရားမ၀င် နိုင်ငံခိုးဝင်မှုဖြင့် ဘင်္ဂါလီ  ၈၂ ဦးကို ထောင်ဒဏ် ချမှတ် ခေါင်းစီးဖြင့် သတင်းရေးသားဖေါ်ပြသည်။
သို့သော် ပြည်ပ အခြေစိုက် ဧရာဝတီ သတင်းဌာနက အဆိုပါ သတင်းကို Rohingya Boat people Sentenced on Immigration Charges ခေါင်းစီးဖြင့် ရေးသား ဖေါ်ပြခဲ့ပြီး  ထောင်ချခံရသူ ၈၂ ဦးမှာ ရိုဟင်ဂျာများ ဖြစ်ကြောင်း ဖေါ်ပြသည်။ ၎င်းသတင်းတွင်ပင် Arakan Project မှ ဒါရိုက်တာ Chris Lewa ယခုကဲ့သို့ မိမိနိုင်ငံသားများကို မိမိမြေပေါ်တွင် ဖမ်းပြီး ထောင်ချခြင်းမှာ လက်မခံနိုင်ကြောင်း ပြောကြားခဲ့သည်။




ဝံသာနုစိတ်ဓာတ်

မြန်မာစကားထဲမှာ ၀ံသာနုစိတ်ဓာတ် လို့ခေါ်တဲ့ဝေါဟာရတခုရှိပါတယ်။
အဲဒါက ပါဠိကဆင်းသက်လာတဲ့ ပါဠိသက် ဝေါဟာရတခုဖြစ်ပါတယ်။
ပါဠိစကား ၀ံသ (= အမျိုး) နဲ့ အနုရက္ခိတ (= စောင့်ရှောက်ခြင်း) ဆိုတဲ့ စကား ၂ လုံးကို ပေါင်းစပ်ထားတာပါ။
မူလပါဠိစကားအပြည့်ကတော့ ၀ံသာနုရက္ခိတ ဖြစ်ပြီး မြန်မာမှုပြု လိုက်ပြီးတဲ့နောက် မှာတော့ ၀ံသာနု ရယ်လို့ဖြစ် လာတာပါ။

မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းစဉ်ကာလတုံးက လူမျိုးခြားအင်္ဂလိပ်ကို အထင်ကြီးပြီး အင်္ဂလိပ်စာနဲ့ အင်္ဂ လိပ်စကားကိုမှ လူရာသွင်းကြတဲ့ ထိုခေတ်က မြန်မာ့လူ့ဘောင်အတွင်း မိမိတို့ရဲ့ကိုယ်ပိုင် ဘာသာစကား နဲ့စာပေကို ချစ်မြတ်နိုးပြီး မြန်မာစကား မြန်မာစာကို သုံးနှုန်းပြော ဆိုကြဘို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မြန်မာ ၀ံသာနု အဖွဲ့ဆိုပြီး ပေါ်ပေါက်လာခဲ့တာ သမိုင်းစာ မျက်နှာများမှာ တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။




မွန်ဘာသာစကားမှာ စကားပုံတခုရှိပါတယ်။
အဲဒါကဘာလဲဆိုတော “မြမောဝ်ဇေတ် ဟွံထောံသ္မူ၊ မ္နိဟ်ဇေတ် ဟွံထောံ ဂကူ“ ဆိုတဲ့စကားဖြစ်ပါတယ်။
အဓိပ္ပါယ်ကတော့ “နံ့သာစစ်မှန်လျှင်အနံ့ကိုမပစ်၊ လူစစ်မှန်လျှင် အမျိုးကိုမပစ်“ လို့ အဓိပ္ပါယ်ရပါတယ်။

ဆိုလိုတာက လူဆိုတဲ့ အသိစိတ်ဓာတ်ရှိသူတွေဟာ အမျိုးကို ချစ်တဲ့စိတ်၊ ၀ံသာနုစိတ်ထားရှိရမယ်လို့ ဆိုလိုတာပါ။
မြတ်စွာဘုရားကိုယ်တော်တိုင်သော်မှ ပါရမီ ဖြည့်ကျင့်တော်မူခဲ့ရာ ကာလတလျှောက် သူဖြစ်လေရာဘ၀မှာ သူ့အမျိုးကို သူစောင့်ရှောက်ခဲ့တဲ့သာဓကတွေ အမြောက်အမြားရှိခဲ့ပါတယ်။
ခွေးဘ၀မှာ တခါဖြစ်တော့ ရှင်ဘုရင်ရဲ့အသုံး အဆောင်သားရေပစ္စည်းတခုကို စည်းမစောင့်တဲ့ခွေးတကောင်ကကိုက်မိတာနဲ့ ခွေးတွေ အားလုံးမင်းအမျက်သင့်လို့ မျိုးတုံး သတ်ဖြတ်ခံကြရ တဲ့အခါမှာ ဘုရားအလောင်း ခွေးကနေပြီး သူ့အမျိုးတွေကို ကာကွယ်ခဲ့တဲ့သာဓက ဇာတ်တော်တွေမှာ ရှိခဲ့ပါတယ်။

အလားတူသာဓကတွေလဲ အမြောက်အမြားရှိပါတယ်။
ဒါကဘာကိုပြသလဲဆိုတော့ တိရစ္ဆာန် တွေတောင် ၀ံသာနုစိတ်ရှိကြတယ်ဆိုတာကိုပြတာပါ။
ဒါဆိုရင် လူတွေလဲ ၀ံသာနုစိတ်ရှိရမှာပေါ့။
သိင်္ဂါ လောဝါဒသုတ်လာ သားသမီး ကျင့်ဝတ်ငါးပါးထဲမှာ “စောင့်လေမျိုးနွယ်“ ဆိုတာလဲ တပါးပါဝင် နေတာကို တွေ့မြင်ရပါတယ်။


တရုတ်တွေက သူတို့အမျိုးကို သူတို့စောင့်ထိန်းကြတယ်။ သူတို့လူမျိုးတွေချင်းပဲ အိမ်ထောင်ပြုကြတာ အများစုတွေ့နိုင်ပါတယ်။
လူမျိုးခြားကိုအိမ်ထောင်ပြုမိရင် အဲဒီလူဟာအမျိုးတွေကြား မျက်နှာငယ်အထင် သေးခံရပြီး တချို့ဆိုဆွေမျိုး စာရင်းကတောင် အထုတ်ခံရတဲ့အထိပါ။ ဒါသူတို့ရဲ့ ၀ံသာနုစိတ်ဓာတ်ပါ။
ကုလား တွေလဲ ထိုနည်းတူပါပဲ။

ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေအနေနဲ့ အစွန်းရောက်စိတ်ဓာတ် မထားရှိသင့်ပေမယ့် အမျိုးကိုစောင့်တဲ့ ၀ံသာနု စိတ်ကလေးတော့ ရှိသင့်ကြပါတယ်။

အခုနောက်ပိုင်း မြန်မာလူငယ်တွေ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပထွက်လာတာများတော့ ၀ံသာနု အရေးကိစ္စဟာ အင်မတန်အရေးကြီးလာပါတယ်။
ဝံသာနုစိတ်ဓာတ် ဘာသာရေးအသိစိတ်ဓာတ် ရေခံမြေခံ ကောင်းခဲ့သူတွေကတော့ ရေခြားမြေခြားမှာ ဘယ်လိုအကြောင်းကြောင့်ပဲ ရောက်ရှိနေပါစေ ကိုယ်နဲ့အသွင်တူ ယဉ်ကျေးမှုစရိုက်လက္ခဏာတူတဲ့ ကိုယ့်လူမျိုးကိုပဲ မရရအောင်ရှာပြီး အိမ်ထောင်ဖက် ရွေးချယ်ကြပါတယ်။

ဒါဟာဝံသာနုစိတ်ဓာတ်ပါပဲ။
တချို့ကျတော့လဲ ဖူးစာရေစက်ကို အကြောင်းပြပြီး ကြုံတဲ့နေရာမှာ ကြုံရာ လူမျိုးခြားနဲ့အိမ်ထောင်ပြုကြပါတယ်။
သူတို့ရဲ့အကြောင်းပြချက်ကတော့ ဖူးစာပေါ့တဲ့။

ထားပါတော့ ဖူးစာဆိုလို့ရှိရင်လဲ။ ကြုံသလိုယူခဲ့ရတဲ့ကိုယ့်ရဲ့အိမ်ထောင်ဖက်ကရော ဘယ်လောက် flexible ဖြစ်သလဲ။
ဒါကိုလဲဆန်းစစ်ရပါမယ်။

လူမျိုးကွဲပါစေ၊ ကိုးကွယ်တဲ့ဘာသာတူရင်တော့ ပြဿနာအထွေ အထူးမရှိပါဘူး။
ဘာသာမတူရင်တော့ flexible ဖြစ်ရေးမဖြစ်ရေးက စကားပြောလာရပါပြီ။
လွတ်လတ် မှုကိုအလွန်တရာတန်ဘိုးထားတဲ့ ခေတ်ကြီးထဲမှာ ကိုယ့်ရဲ့အိမ်ထောင်ဘက်က ဘာသာတရားနဲ့ပတ်သက်လို့ လွတ်လတ်မှု ပေးထားရင်တော့ တော်ပါသေးရဲ့။

ဒီလိုမှမဟုတ်ဘဲ ဘိုးဘွားမိဘကစပြီး ကိုးကွယ်ယုံကြည် လာခဲ့တဲ့ မိမိရဲ့ဘာသာတရားကို အတင်းအကြပ်စွန့်ပစ်စေပြီး သူ့ဘာသာတရားထဲ သွတ်သွင်းတာမျိုး ဆိုရင်တော့ မိဘတွေအနေနဲ့ သားသမီးလဲဆုံး၊ ဘာသာလဲဆုံးတဲ့ မိအေးနှစ်ခါနာ ဖြစ်ကြရပြီပေါ့။



တလောကပဲ မတွေ့ဖြစ်တာအတော်ကြာခဲ့တဲ့ အသိဒကာမတယောက် သူ့အမျိုးသား ဂျာမာန်တယောက်နဲ့ စာရေးသူကို လာတွေ့ကြပါတယ်။
သူနေတဲ့မြို့ကနေ ၄ နာရီကြာကားမောင်းပြီး လာရတယ်လို့ဆိုတယ်။
သူ့အမျိုးသားကတော့ ဗုဒ္ဓဘာသာဝင်ဖြစ်ပြီး မြန်မာပြည်မှာလဲ ရဟန်းဝတ်ဖူးပါတယ်။
အခုလဲ အမြဲတမ်း ၀ိပဿနာတရား အားထုတ်တယ်လို့ဆိုတယ်။

သူကလဲရဟန်းတော်တွေနဲ့တွေ့ရင် မြန်မာတွေလိုပဲ ရိုရိုသေ သေဦးချရှိခိုးပြီး တရားအကြောင်းပဲ အမြဲပြောဖြစ် ဆွေးနွေးဖြစ်ပါတယ်။
ဒီလိုအိမ်ထောင်ဖက်မျိုးကတော့ ဘာမှပြောစရာမရှိပေမယ့် သူပြောတဲ့သူ့မိတ်ဆွေအကြောင်း ကြားရတော့ အတော်လေး စိတ်မသက် မသာဖြစ်ရပါတယ်။


သူ့မိတ်ဆွေ မန္တလေးကမြန်မာအမျိုးသမီးကတော့ မျိုးရိုးအစဉ်အဆက် ဗုဒ္ဓဘာသာဝင်ဖြစ်ပါလျက်နဲ့ ခရစ် ယာန်ဘာသာဝင် ဂျာမာန်တယောက်နဲ့ညားပြီး ခရစ်ယာန်ဘာသာထဲကို ပြောင်းသွားရှာပါသတဲ့

ဒါတင် ဘယ်ကမလဲ။
မြန်မာပြည်က ပါလာတဲ့သူ့ကလေးကိုလဲ ခရစ်တော်ထဲကို အတင်းသွတ်သွင်းလိုက်ပါသတဲ့။
ဟိုနေ့ကသူတို့လာတာ အဲဒီအမျိုးသမီးက သူ့သားလေးကို ခရစ်ယာန်ဘုရားကျောင်းမှာ နှစ်ခြင်းပေး အခမ်းအနားအတွက် တက်ရောက်ဘို့ ဖိတ်ခေါ်လိုက်တယ်ဆိုပဲ
။ ကြားရ နားဝမချမ်းသာလိုက်ပါဘိ။

ဒီလို လူမျိုးတွေကတော့ “ စောင့်လေမျိုးနွယ်“ ဆိုတဲ့စကားကို မြင်ရင်ကြက်ခြေခတ်ဖျက်ပစ်မယ့်ပုံပါပဲ။
သူ့မိဘ တွေကလဲ အလည်အပတ်ဗီဇာနဲ့ ရောက်ရှိနေတော့ သမီးနဲ့မြေးအတွက် နှစ်ယောက်လုံး ရင်ထုမနာ ဖြစ်နေကြတယ်လို့ဆိုပါတယ်။
သူ့မိဘမပြောနဲ့လေ... ကိုယ်တောင်မှကြားရတာ စိတ်မသက်မသာ ဖြစ်ရ တာပဲ။



ဖူးစာလို့ပြောတယ်ဆိုရင် ဖူးစာလို့ပဲထားပါ။ ဘာသာတရားကိုစွန့်တာက ဖူးစာနဲ့ဘာမှမဆိုင်ပါဘူး။
ဝံသာနု စိတ်နဲဆိုင်ပါတယ်။

မျိုးရိုးစဉ်ဆက် ကိုးကွယ်ခဲ့တဲ့ဘာသာတရားကို မစောင့်ထိန်းဘဲစွန့်ပစ်တာဟာ ၀ံသာနု စိတ်ခေါင်းပါး တာပဲဖြစ်ပါတယ်။
ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေ ဘယ်နေရာရောက်ရောက်၊ ကြုံတဲ့နေရာမှာ ကြုံ သလိုအိမ်ထောင်ပြုကြတယ်ပဲဖြစ်ဖြစ် မျိုးရိုးစဉ်ဆက် ယုံကြည် ကိုးကွယ်လာခဲ့တဲ့ ဗုဒ္ဓဘာသာတရားကိုတော့ နောက်ဆုံး ထွက်သက်အထိ စောင့်ထိန်းသွားကြဘို့ ၀ံသာနုစိတ်ရှိကြဖို့ ဒီစာကို ရေးလိုက်တာပါ။


အရှင်ရတန 


(ဒီဆောင်းပါးဟာ သူရိယ မဂ္ဂဇင်းမာဖတ်ရတဲ့ ဆရာတော်အရှင်ရတန ရဲ့ဆောင်းပါးပါ။ခွင့်ပြုချက်မယူနိုင်သည့်အတွက် တောင်းပန် ပါသည်။)

Wednesday, July 4, 2012

စိတ်ဝင်စားဖွယ်ဆောင်းပါးတပုဒ်ပါ။

By Myo Set on Monday, June 11, 2012

ကျနော့်ရင်တွေပူနေပါတယ်။ ကျနော်အခု ထိုင်နေသောနေရာတွင် အေးစက်နေသော မိုးရေများ ကျဆင်းနေပါသည်။ သို့သော် မိုင်ပေါင်းထောင်နှင့်ချီ၍ ဝေးသော အမိမြန်မာနိုင်ငံမှ ရခိုင်ဒေသအတွက် အများကြီးစိတ်ပူနေပါသည်။

ဘင်္ဂလားများဘာကြောင့် ဒီလို ထကြွသောင်းကျန်းရသနည်း။ အသတ်ခံရသော မွတ်စလင်ဆယ်ဦးကိုယ်စား မကျေနပ်၍လား။ ကျနော်ကတော့ ဤမျှ ရိုးစင်းမည်မထင်ပါ။

ကျနော်တို့တတ်နိုင်လျှင် ၁၉၄၈ခုနှစ်မှစ၍ ရခိုင်ပြည်နယ်အတွင်း ရခိုင်လူမျိုးများ ပျံ့နှံတည်ရှိပုံနှင့် ယနေ့ ၂ဝ၁၂ ခုနှစ်တွင် ၇ခိုင်လူမျိုးများ၊ ကျေးရွာများ ပျံ့နှံ့တည်ရှိပုံများကို နှိုင်းယှဉ်ဖော်ပြစေချင်သည်။ မိမိသိသလောက်က ရခိုင်များသည် တစ်ဖြေးဖြေး ဆုတ်ခွာလာခဲ့ရလေပြီ။
တိုးပွားလာသော လူဦးရေ၊ တရားမဝင်ခိုးဝင်မှု နှင့်တစ်ကွ အကာအကွယ်မဲ့ ရခိုင်များသည်အစိုးရ၏ ဖေးမခြင်းကို မရသည့်အပြင် တစ်ဖက်မှ ခိုးဝင်သူ ဘင်္ဂလားနွယ်များ၏ ကျူးလွန်ခြင်းကို ခံနေခဲ့ရသည်မှာ ဆယ်စုနှစ်များစွာကြာခဲ့လေပြီ။

ပါကစ္စတန်၊ ဘင်္ဂလား စစ်ရေးဖိုရမ်များတွင် သူရို့ဆွေးနွေးကြလေ၏။ မြန်မာပြည်လူဦးရေက ဘင်္ဂလားထက် သုံးဆနည်း၍ အကျယ်အဝန်းက သုံးဆပိုကြီးသည်။ ထိုအနေအထားက မက်လောက်စရာဖြစ်သည်။ တစ်ကယ့်တစ်ကယ် တိုင်းပြည်တစ်ခုသည် စိုက်ပျိုးစရာမြေမရှိလျှင် မလွယ်လှ။ ငွေမည်မျှပင်ရှိစေကာမူ ရေရှည်တွင် အခြားနိုင်ငံများမှ အစားအသောက်ဝယ်ယူနေရပါက ကီးမကိုက်လှချေ။ ထို့ကြောင့် စိုက်ပျိုးမြေများပြားကြွယ်ဝသော မြန်မာပြည်၊ နိုင်ငံတကာနှင့် ဆက်ဆံရာတွင် အစိုးရကြောင့် ပစ်ပယ်ခြင်းခံထားရသောမြန်မာပြည်၊ ပြည်တွင်းစစ်မီးလျှံများ၊ ဆန္ဒပြပွဲများဖြင့် အချိန်ပြည့် ဗဟိုအုပ်ချုပ်ရေးကို စိန်ခေါ်ခြင်းခံနေရသော မြန်မာပြည်အတွက် ရခိုင်နယ်ကို ကျူးကျော်ရေးသည် ထိုသူတို့အတွက် စိတ်အေးလက်အေး အကွက်ချခဲ့ဖို့ အချိန်ရပေမည်။ထိုသို့အကွက်အကွင်းများထဲမှ ယနေ့ မီဒီယာများကို ကြိုးကိုင်နေခြင်းနောက်ကွယ်အကြောင်းများကို ဥာဏ်မီသလောက် တွေးတောကြည့်မိလေသည်။

မြန်မာပြည်ကို ကျွန်ပြုခဲ့သော အင်္ဂလိပ်နှင့် ယနေ့စူပါ ပါဝါ အမေရိကန်တို့သည် ရိုဟင်ဂျာအရေးကို အရေးဆိုရာတွင် ထိပ်တန်းဖြစ်နေကြသည်။ အမေရိကန် စီအိုင်အေနှင့် အင်္ဂလိပ် MI5 တို့သည်ကား လက်စောင်းထက် ထိပ်တန်းထောက်လှမ်းရေးများဖြစ်ကြသည်။ ထိုသူတို့သည် ရိုဟင်ဂျာနှင့် အယ်လ်ခေးဒါး အဆက်အစပ်ကို ဘာတီးလင်တ်နာလို သတင်းထောက်တစ်ဦးထက်တော့ လျော့၍ သိဖွယ်မရှိချေ။ ပို၍သာသိနေမည်။ ထို့ပြင် မြန်မာပြည် သန်းခေါင်စာရင်းကိုကောက်ယူခဲ့သော၊ လူမျိုးစာရင်းကို ပြုစုခဲ့သော အင်္ဂလိပ်များက ပို၍ သိပေမည်။ ထိုသို့သိလျက်နှင့်င်္ အဘယ်ကြောင့် မြန်မာနိုင်ငံ ရခိုင်ဒေသရှိ ရိုဟင်ဂျာအရေးကို အရေးဆိုနေရပါသနည်း။ရိုဟင်ဂျာများသည် မြန်မာတိုင်းရင်းသားများမဟုတ်မှန်းသိလျက်နှင့်အဘယ်ကြောင့်အရေးဆိုနေကြပါသနည်း။

ထိုအခါ ပထမဆုံး မိမိအတွေးထဲ ဝင်လာသည်မှာ မြန်မာနိုင်ငံ၏ ပထဝီဝင်ပင်ဖြစ်သည်။ မြန်မာနိုင်ငံသည် ယနေ့ ကြီးထွားဆဲပါဝါများဟုတင်စားကြသော တရုတ်နှင့် အိန္ဒိယတို့အကြားတွင် တည်ရှိနေပြီး အရှေ့တောင်အာရှနှင့် တိုက်ရိုက်ဆက်စပ်ပေးထားသည့် လမ်းဆုံလမ်းခွ သဖွယ်ဖြစ်သည်။ အင်္ဂလိပ်သည် ကြီးမားကျယ်ပြောလှသော တရုတ်ဈေးကွက်ကြီးကို လက်ဦးမှုရယူရန် မြန်မာသို့အရင်ဝင်လာခဲ့သည်ဟု သမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦးက ဆို၏။ ထိုသို့ပထဝီဝင်အရ အရေးပါလှသော မြန်မာနိုင်ငံသည် ယနေ့ ပါဝါအပြောင်းအရွှေ့ခေတ်ကြီး (ဝါ) အမေရိကားလွန်ခေ (Post American World) တွင် အာရှပစိဖိတ်ဒေသ၏ ထိပ်တန်း ဒေသတစ်ခု ဖြစ်လာနေပေသည်။ ထိုဒေသအား နိုင်ငံရေး၊ စစ်ရေးအရ လွှမ်းမိုးမှု၊ လက်ဦးမှု ရယူထားနိုင်ခြင်းသည် ယခုရာစုနှစ်၏ အနာဂါတ်မဟာဗျူဟာ မဖြစ်နိုင်သလောဟုမေးလျှင် မည်သူမျှ ယတိပြတ်ငြင်းနိုင်မည်မထင်ပေ။

အဓိက ကျသော အချက်တစ်ချက်မှာကား တရုတ်၏ လက်ကုန်မဟုတ်သေးသော ဖွံ့ဖြိုးမှုပင်တည်း။ တရုတ်၏ အတိုင်းအဆမဲ့ ကြီးထွားလာနေသော စီးပွားရေးအင်အားနှင့် တိုးချဲ့လာနေသော စစ်ရေးအင်အားတို့က အမေရိကန် ပေါ်လစီမဂ္ဂဇင်းများတွင် နေ့စဉ်အချက်ပေးခေါင်းလောင်းသံများကို မြည်နေစေသည်။ Mixed Economy ဟုဆိုသော်လည်း အနောက်ကမ္ဘာများနှင့် ကမ္ဘာ့ရန် ဆိုဗီယက်ကြီးနှင့် အလွမ်းသင့်နေဆဲ တရုတ်သည် အနောက်၏ ယနေ့နံပတ်တစ် ရန်သူဖြစ်ကြောင်းကိုတော့ ယနေ့အခင်းအကျင်းများကို တီးခေါက်သူအများစု သတိမူမိကြပေမည်။

ထိုအခါ ထိုတရုတ်ကြီး၏ အရေးအခင်းမှန်သမျှအား အနီးကပ်မျက်စိဒေါက်ထောက်ကြည့်နေရသည့်အပြင် ပါဝါစင်တာများကို တရုတ်ပတ်ချာလည် တည်ဆောက်ခြင်းအားဖြင့် တရုတ်၏ စစ်ရေးအရ အာရှအတွင်းလွှမ်းမိုးလာနိုင်မှုကို အမေရိကန် ဦးဆောင်သော အနောက်ကမ္ဘာက ပြုလုပ်ခဲ့ကြပါသည်။ ကံအားလျော်စွာ တရုတ်၏ မပျော့ပြောင်းသော နိုင်ငံခြားရေးမူဝါဒနှင့် အနိုင်ကျင့်လိုမှုတို့ကြောင့် အရှေ့အာရှနှင့်် အရှေ့တောင်အာရှ နိုင်ငံများသည် အမေရိကန်ကို လိုလိုလားလားပင် ဖိတ်ခေါ်ခဲ့ကြပေသည်။ ထို့ပြင် တရုတ်အား နိုင်ငံရေးအရ ဖိအားပေးရန် တရုတ်မှ လူ့အခွင်င့်္အရေးလှုပ်ရှားသူများအား ချီးမြှောက်ခြင်း၊ တိဗက်မှ ဒလိုင်လားမားအား အေ၇းတယူ ဆက်ဆံခြင်းတို့ဖြင့် Diplomatic Pressure ပေးခဲ့ပေသည်။ အိန္ဒိယနှင့် အပေးအယူတည့်ခြင်းအားဖြင့် တရုတ်အပေါ် ဖိအား သိသိသာသာ ကျရောက်စေခဲ့လေသည်။

နိုင်ငံတစ်ခုတွင်၊ အထူးသဖြင့် စက်မှုနိုင်ငံများတွင် စွမ်းအင်သည် အသက်သွေးကြောဖြစ်၏။ စွမ်းအင်ဖူလုံရေးအတွက် စစ်ပွဲများပင် ဖြစ်ကြရသည်။ ထို့ထက်ဆိုရလျှင်ယနေ့ကမ္ဘာအခင်းအကျင်းများသည် စွမ်းအင်ဖူလုံရေးနှင့် ဆက်စပ်သော အခင်းအကျင်းများ ဖြစ်နေကြကြောင်းမှာ အထူးငြင်းစရာလိုမည်မထင်ပါ။ ထိုအခါ တရုတ်အား ထိန်းချုပ်ရန် သူ၏ စွမ်းအင်စီးဆင်းရာလမ်းကြောင်းကို ခြေရာခံကြည့်ဖို့လိုလာလေသည်။ ယနေ့တရုတ်ပြည်ကြီးသည် ကမ္ဘာတွင်လောင်စာဆီထုတ်လုပ်သူများအနက် ကြီးကြီးမားမား ထုတ်နိုင်သူဖြစ်သော်လည်း ၁၉၉ဝ ခုနှစ်မှစ၍ သူ၏ လောင်စာဆီ ပြည်တွင်းသို့တင်ပို့နှုန်းမြင့်မားလာခဲ့သည်။ ဤတွင် တရုတ်ပြည်၏ စွမ်းအင်ဖူလုံရေးအတွက် ပစိဖိတ်သမုဒ္ဒရာရေပြင်တွင် သူ၏ လောင်စာဆီတင် သင်္ဘောများလွတ်လပ်စွာ သွားလာခွင့်ရရှိရေးအတွက် ရေတပ်အင်အားတိုးချဲ့လာခဲ့သည်ကို သိသိသာသာတွေ့ရပေမည်။ ထိုသို့ရေတပ်များ တိုးချဲ့ရလာခြင်းသည် အမေရိကန်၏ သြစတေးလျနှင့်ပူးပေါင်းစစ်ရေးလေ့ကျင့်ခြင်းတို့်ကို သိသာစွာဖြစ်လာစေခဲ့ပါသည်။

တရုတ်၏ ရေနံတင်သင်္ဘောများကို စစ်ေ၇းအရ ခြိမ်းခြောက်ခြင်းခံရနိုင်သော ပွိင့်မှာ မလက္ကာရေလက်ကြားဖြစ်သည်။ ထိုအန္တရာယ်ကို ရှောင်ကွင်းရန် တရုတ်သည် ပိုက်လိုင်းစီမံကိန်းလေးခုကို စဉ်းစားရပါတော့သည်။ ထိုအထဲတွင် မြန်မာနိုင်ငံကို ခါးလည်မှ ဖြတ်သန်းသွားသော ကူမင်း-ကျောက်ဖြူ ရေနံပိုက်လိုင်း သည်လည်း အပါအဝင်ဖြစ်သည်။ ထိုစီမံကိန်းလေးခုအတွင်းတွင် မြန်မာသည်ကား တရုတ်နှင့် နိုင်ငံရေးတင်းမာမှု အနည်းဆုံးဟုပင်ဆို၍ ရနိုင်သည်။ ထိုပိုက်လိုင်းသည် ရခိုင်ကမ်းလွန်ပင်လယ်ပြင်မှ သဘာဝဓါတ်ငွေ့ကုဗမီတာ ၁၂သန်း ကို တင်ပို့သွားမည်ဖြစ်သည်။ ထိုပိုက်လိုင်းသည် ယနေ့ အရေးအခင်းဖြစ်သော ကျောက်ဖြူမြို့အနီးတွင် ရှိလေသည်။

မိမိ အလွန်စိတ်ကူးယဉ်နေခြင်းလော။ ဆက်စပ်ရလျှင် မြန်မာနိုင်ငံသည် တိုင်းရင်းသားအမျိုးစုံနေထိုင်သော ထူးခြားသည့်ဒေသဖြစ်သည်။ ထို့ပြင် အင်္ဂလိပ်တို့၏ နာမည်ကျော် Divide and Rule ပေါ်လစီအရ ဗုဒ္ဓဘာသာတိုင်းရင်းသားများမှာ အနှိမ်ခံခဲ့ရပြီး ခရစ်ယာန်တိုင်းရင်းသားများမှာ အင်္ဂလိပ်တပ်ရင်းများထဲတွင်နေရာရခဲ့ကြသည်။ လွတ်လပ်ရေးရပြီးသောအခါ ထိုပေါ်လစီအရိပ်မည်းနှင့် ထိုခေတ်နိုင်ငံရေးခေါင်းဆောင်များ၏ မပါးနပ်မှုကြောင့် တိုင်းရင်းသားအရေးသည် မြန်မာပြည်အပေါ်ထားသော နိုင်ငံကြီးများ၏ နိုင်ငံခြားရေးပေါ်လစီတွင် အရေးပါသည့် ဖဲချပ်တစ်ချပ် ဖြစ်လာခဲ့ပါသည်။

ယနေ့ရိုဟင်ဂျာ ဘင်္ဂါလီဟု ခေါ်သောသူများသည် သိသိသာသာ အင်အားကောင်းနေသည်။ ကျောက်ဖြူမြို့အနီးသို့လည်း အလွယ်တကူ ခြိမ်းခြောက်နိုင်စွမ်းရှိနေပါသည်။ ထိုအစုအဖွဲ့ကလည်း တိုင်းရင်းသားဖြစ်သည်ဟု တောင်းနေသည်။ တိုင်းရင်းသားအခွင့်အရေးတည်းဟူသော ဖဲချပ်သည် မြန်မာ့နိုင်ငံရေးတွင် အတော်ပင်အရေးပါနေသည်။ ထိုသို့သောအချက်အလက်များကို တရုတ်ကြီး၏ စွမ်းအင်မွတ်သိပ်ဆာလောင်မှုကို သွေးကြောဖြတ်တောက်ထိန်းကြောင်းနေလိုသော အမေရိကန်နှင့် အနောက်ကမ္ဘာအတွက် ကျောက်ဖြူပိုက်လိုင်းကို အနှောက်အယှက်ပေးရန်အလို့ငှာ ဆက်စပ်ကြည့်သင့်ပေသည်။ ဖဲချပ်တွင် သေရေးရှင်ရေး အရေးပါသော ဖဲချပ်တစ်ချပ်အဖြစ်ကား ရိုဟင်ဂျာကို မမြင်မိချေ။ ခေါ်ဖဲ တစ်ချပ်ဟုသာ မြင်သည်။
ထိုအရေးအခင်းသည် အမေရိကန်နှင့် မြန်မာတို့ ဆက်ဆံရေးပြေလည်သွားလျှင် ပိုမို မှေးမှိလျှက် ပြေလည်သွားနိုင်ဖွယ်ရှိသည်။ သို့သော် အမေရိကန်သည် သူမွေးသောမျောက်ကို သူမနိုင်သည့်အခါများရှိခဲ့ဖူးသည်။ ပင်လယ်ကွေ့စစ်ပွဲနှင့် သူမနိုင်သော ဘင်လာဒင်သည် သူမွေးသည့်မျောက်ပြန်ခြောက်ခြင်းပင်မဟုတ်ပါလော။ ယနေ့ အယ်လ်ခေးဒါးနှင့် ရိုဟင်ဂျာတို့ ဆက်စပ်ကြောင်း အမေရိကန်သံရုံးကေဘယ်လ်များတွင် အခိုင်အမာဆိုထားသည့်ပြင် ဆက်စပ်သတင်းသက်သေခံများကိုလည်း ဖမ်းဆီးသိမ်းမိကြောင်း ဆက်တိုက်ထွက်လာသည်။

ချုပ်ရလျှင် ကျောက်ဖြူ-ကူမင်း ပိုက်လိုင်းကို မလုပ်ဖြစ်ရန် သို့မဟုတ် မြန်မာအစိုးရအပေါ် Bilateral Policy ဖြင့်အမေရိကန်သွားနေစဉ် အမေရိကန်က မြန်မာ့တိုင်းရင်းသားအခွင့်အရေး၏ Vitality (သေရေး၇ှင်ရေးအရေးပါမှု) အပေါ် အမြတ်ထုတ်ကာ တရုတ်ကို နားရင်းအုပ်ရန် ရိုဟင်ဂျာကို ပစ်ဖဲခေါ်လိုက်ခြင်း ဖြစ်နိုင်သည်။ သူတို့အတွက် အစားခံရသော်လည်း အရေးမကြီးသည့် နယ်ရုပ်မှာ ရိုဟင်ဂျာ ဖြစ်သောလည်း ကျွန်ုပ်တို့ မြန်မာနိုင်ငံ၏ အနောက်ဖက်လုံခြုံရေးတံတိုင်းမှာ ဘူးသီးတောင်၊မောင်တော ဒေသဖြစ်နေသည်။ ထို့ကြောင့် မြန်မာအနေဖြင့် ထိုကိစ္စကို ဒေသတွင်းဖြစ်စဉ်သက်သက်သာမက၊ နောက်ပိုင်း နိုင်ငံရေးလုပ်ကြံမှု ဖြစ်စဉ်များအထိပါ ထည့်သွင်းတွက်ချက်စေလိုသည်။ ရိုဟင်ဂျာသည် အမေရိကန်နှင့်အင်္ဂလန်မွေးသော မျောက်ဖြစ်လာပါစေဦး..သူတို့အတွက် အနေသာကြီးပင်ဖြစ်သည်။ ထိုအချက်ကို လေးလေးနက်နက် ဆင်ခြင်စေလိုသည်။

သူတို့အတွက် ဘာမျှမဟုတ်သည်ထားဦး..ဒေသတွင်းရခိုင်များအတွက် သေရေးရှင်ရေးပင်ဖြစ်လေသည်။ ဤအချက်များကို ဒေါ်အောင်ဆန်းစုကြည်လည်းတွေးမိကောင်းတွေးမိပေမည်။ မိမိနိုင်ငံသားများ၏ အကျိုးစီးပွားသည်သာ ပဓာနဟုတွေးလျှင် ဤရိုဟင်ဂျာကိစ္စသည် အစိုးရနှင့် အဓိကအတိုက်အခံ ဒေါ်အောင်ဆန်းစုကြည်တို့ လုပ်၇န်များများစားစားမရှိလှပါ။ ခပ်ရှင်းရှင်း ကိုင်တွယ်ဖြေရှင်းပေးလိုက်ရုံသာရှိပါသည်။

တောင်ကြီးတိုင်းမ်တွင်ဖတ်ရသောဆောင်းပါးတပုဒ်ပါ။စိတ်ဝင်စားဖွယ်ဖြစ်၍တင်ပေးလိုက်ပါသည်။

Wednesday, June 13, 2012

ရခိုင်လူမျိုးတို့ ကိုယ်ပြည်မှာနေရင်းဒုက္ခသည်ဖြစ်ရတာ ရင်နာစရာကောင်းလိုက်တာ

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော အကြမ်းဖက်ဖြစ်ရပ်များကြောင့် ထိခိုက်သူ ရခိုင်ဒုက္ခသည် ဦးရေမှာဇွန်လ ၁၁ ရက်နေ့ အထိ ၁၂၀၇၄ ဦးရှိသွားပြီဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ကောက်ယူ ထားသောစာရင်းများအရ သိရသည်။
“ အခုအထိ ရခိုင်လူမျိုးဘယ်နှစ်ဦး သေဆုံးပြီးပြီလဲ ဆိုတာကိုတော့ ပြောဖို့ခက်ပါတယ်။ ရခိုင်ရွာတွေက ဘင်္ဂါလီရွာတွေကြားမှာ ရှိနေလို့ ဒီလူတွေဘယ် ရောက်သွားလဲဆိုတာကိုလည်း ပြောဖို့လည်း ခက်ပါတယ်။ အခုထိနေ့စဉ်နှင့်အမျှ အခြေအနေတွေ ကပြောင်းနေပါတယ်” ဟု ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိ သူတစ်ဦးကပြောကြားခဲ့သည်။
ရခိုင်ဒုက္ခသည်များမှာ လတ်တလောအချိန်တွင် ဘုန်းတော် ကြီးကျောင်းများ၊ ရဲတပ်ရင်းများ၊ စာသင်ကျောင်းများ၊ ခန်းမများတွင် ခိုလှုံလျှက်ရှိကြသည်။  မောင်တော မြို့တွင်လက်ရှိခိုလှုံနေသော ဒုက္ခ သည်ဦးရေမှာ စုစုပေါင်း ၃၈၇၄ ဦးရှိသည့်အနက်(၄)မိုင် ရဲတပ်ရင်း (၂)တွင် ဒုက္ခသည်ဦးရေမှာ ၃၀၀၀ ဦးခန့်ဖြင့် အများဆုံးခိုလှုံလျက်ရှိ သည်ဟု သိရသည်။
စစ်တွေမြို့တွင် ဒုက္ခ သည်ဦးရေစုစုပေါင်း ၄၉၀၀ ဦးရှိ နေပြီဖြစ်ပြီး အဓိဌာန်ကျောင်းတွင် ဒုက္ခသည် ၂၀၀၀ ခန့်ရှိနေသည်။ ဘူးသီးတောင်မြို့ရှိ အ.လ.က(၁) ကျောင်းတွင် ဒုက္ခသည် ၁၃၀၀ ခန့် ခိုလှုံလျက်ရှိပြီး ရသေ့တောင် မြို့ရှိ နေရာ ၅ နေရာတွင် ဦးရေ ၂၀၀၀ ခန့်ထွက်ပြေးတိမ်းရှောင် ခိုလှုံလျက်ရှိသည်ဟု သိရသည်။
ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေသော ပြဿနာများကြောင့် ဒေသခံများအနေဖြင့် လုံခြုံမှုအရပ်ရပ်တို့ အပေါ် စိုးရိမ် ထိတ်လန့်လျက်ရှိပြီး ရေတိုဖြေရှင်းမှုသာမက ရေရှည်စနစ်ကျသော စီမံချက်ဖြင့် ဆောင်ရွက်ရမည်ဟု ရှုမြင်ကြောင်း ရခိုင်တိုင်းရင်းသား များတိုးတက်ရေးပါတီ၏ သဘော ထားကြေညာချက်တွင် ထည့်သွင်း ဖော်ပြထားသည်။
 

ဇွန်လ ၁၃ ရက်နေ့ နောက်ဆုံးရ ရခိုင်ပြည်တွင်းမငြိမ်သက်မှုသတင်း

ဇွန်လ ၁၃ ရက် နေ့လည် ၂း၂၅ နာရီ
ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သက်ပြီး ဇွန်လ ၁၃ ရက်နေ့ နောက်ဆုံးရ သတင်းများကို စုစည်းဖော်ပြထားပါသည်။
စစ်တွေမြို့တွင်း ကယ်ဆယ်ရေးစခန်းအချို့သို့ ရောက်ရှိနေသော ဒုက္ခသည် စာရင်း

အဒိဒါန်ကျောင်း ၂၀၀၀ ဦးခန့်
ရွေစေတီကျောင်း ၁၀၀၀ ဦးခန့်
ရဲကျော်သူကျောင်း ၁၀၀၀ ဦးခန့်
ဆင်ကူးလမ်းဓမ္မာရုံ ၆၀၀ဦးခန့်
မင်းခံဓမ္မာရုံ ၅၀၀ ဦးခန့်
ဆုတောင်းပြည့်ကျောင်း ၄၅၀ ဦးခန့်
ဂြစ်ချေကျောင်း ၄၀၀ ဦးခန့်
စပါးထားကျောင်း ၄၀၀ ဦးခန့်
ဥာဏစက္က ၃၅၀ ဦးခန့်
ဓတ်လျင်ကျောင်း ၃၅၀ ဦးခန့်
ယတ္တရာကျောင်း ၃၅၀ ဦးခန့်
ရွာကြီးမြောက်ဓမ္မာရုံ ၃၀၀ ဦးခန့်
စိတ္တသုခကျောင်း ၂၅၀ ဦးခန့်
မရာမာကြီးကျောင်း ၂၅၀ ဦးခန့်
ရွာကြီးတောင် ဓမ္မာရုံ ၂၅၀ ဦးခန့်
ခေါင်းလောင်းကျောင်း ၂၅၀ ဦးခန့်
ဓမ္မစင်္ကြာကျောင်း ၂၀၀ ဦးခန့်
ဝါယမကျောင်း ၂၀၀ ဦးခန့်
ကယိချောင်းကျောင်း ၂၀၀ ဦးခန့်
ဘုရားလေးဆူကျောင်း ၂၀၀ ဦးခန့်
လမ်းမတော်မြောက် ဓမ္မာရုံ ၂၀၀ ဦးခန့်
အမျိုးသားကျောင်း ၁၅၀ ဦးခန့်
ဇေယျာသီရီကျောင်း ၁၅၀ ဦးခန့်
အသောကရုံကျောင်း ၁၅၀ ဦးခန့်
ဓမ္မရိပ်သာကျောင်း ၁၂၀ ဦးခန့်
ဗုဒ္ဓေါမွန်ကျောင်း ၁၂၀ ဦးခန့်
ဇောတိကာရုံကျောင်း ၁၀၀ ဦးခန့်
ဥာဏိကာရာမကျောင်း ၁၀၀ ဦးခန့်
ဘောဂသုခကျောင်း ၁၀၀ ဦးခန့်
သရက်တောကျောင်းတိုက် ၇၀ ဦးခန့်
သာသနာ့ဗိမာန် ၅၀ ဦးခန့်
စစစရုံး ၅၀ ဦးခန့်
မဟာကုသလကျောင်း ၅၀ ဦးခန့်

ယခုဖေါ်ပြထားသော ကယ်ဆယ်ရေးစခန်းများ နည်းတူ အခြား ကယ်ဆယ်ရေး စခန်းအချို့လည်း ဖွင့်လှစ်ထားပြီး ယင်းစခန်းများရှိ ဒုက္ခသည် စာရင်းများကိုလည်း ဆက်လက် စုံစမ်းလျက်ရှိပါသည်။
Peace Donor Support Group အဖွဲ့နှင့်အတူ မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဗီယာသည် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ဇွန်လ ၁၃ ရက်နေ့ နံနက်ပိုင်းက ရောက်ရှိလာခဲ့ပြီး စစ်တွေမှတစ်ဆင့် မောင်တောသို့ ဆက်လက်ထွက်ခွါမည် ဖြစ်ကြောင်း သိရှိရသည်။

ဗီဂျေးနမ်ဗီယာသည် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးနှင့် အတူ စစ်တွေသို့ ရောက်ရှိလာခဲ့ကြောင်း၊ ၄င်းတို့နှင့်အတူ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးမှ ဘာသာရေးေ ခါင်းဆောင်(၁၅)ဦး လိုက်ပါသွားခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးမှ အကြီးတန်းအရာရှိတစ်ဦး၏ facebook စာမျက်နှာတွင် ဖော်ပြထားသည်။
ဇွန်လ ၁၃ ရက် နေ့လည် ၁း၅၀ နာရီ
“စစ်တွေမြို့ရဲ့ ယနေ့မွန်းလွဲပိုင်း အခြေအနေကတော့ အေးအေးချမ်းချမ်း ရှိနေတယ်။ မနက်ပိုင်းကတော့ မကျည်းမြိုင် ဘက်မှာ မီးရှို့ဖို့ ကြိုးစားတဲ့ ဘင်္ဂါလီ ၃ ဦးကို ရခိုင်တိုင်းရင်းသားတွေက ဖမ်းဆီးလိုက်တယ်။ ကသဲရွာဘက်မှာလည်း မီးရှို့ဖို့ ကြိုးစားတဲ့ ဘင်္ဂါလီ ၂ ဦးကို ရခိုင်တိုင်းရင်းသားတွေက ဖမ်းမိပါတယ်။ အဲဒါတွေ အပြင် တခြားထူးခြားတဲ့ ဖြစ်စဉ်တော့ မတွေ့ရသေးပါဘူး” ဟု စစ်တွေမြို့သို့ ရောက်ရှိနေသော သတင်းထောက်မှ မွန်းလွဲ ၁း၅၀ နာရီတွင် သတင်းပေးပို့ပါသည်။
ဇွန်လ ၁၃ ရက် နေ့လည် ၁း၃၀ နာရီ
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများကြောင့် ပျက်ဆီးဆုံးရှုံးမှုများအတွက် ထောက်ပံလူဒါန်းငွေများကို ရခိုင်ပြည်နယ် တာဝန်ရှိသူများနှင့် ကယ်ဆယ်ရေး စခန်းများသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများ၊ ပြည်တွင်းမီဒီယာအချို့ နှင့် အနုပညာရှင်အချို့သည် ဇွန်လ ၁၃ ရက် ယနေ့ နံနက် ၉ နာရီခွဲတွင် စစ်တွေမြို့ မြို့တော်ခန်းမတွင် သွားရောက် လှုဒါန်းခဲ့ပါသည်။ ထို့နောက် အလှူရှင်များသည် အာဂျိတ်တောင် ကယ်ဆယ်ရေးစခန်း၊ တပ်ဦးပရိယတ္တိစာသင်တိုက် ကယ်ဆယ်ရေးစခန်းများသို့ အလှူငွေများ၊ စောင်များ၊ အ၀တ်အထည်များ၊ ပန်းကန်များ၊ ခေါက်ဆွဲခြောက်များ နှင့် အခြား လိုအပ်သောပစ္စည်းများအား သွားရောက်လှူဒါန်းခဲ့ကြပါသည်။

ဦးအောင်ကိုဝင်း (နာယက၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်) ကျပ်သိန်း ၁၀၀၀
ဦးဇော်ဇော် (ဥက္ကဌ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်) ကျပ်သိန်း ၁၀၀၀
ဦးရန်ဝင်း (ဥက္ကဌ၊ ဧရာဝတီယူနိုက်တက် ဘောလုံးအသင်း) ကျပ်သိန်း ၃၀၀
ဦးဖြိုးကိုကိုတင့်ဆန်း (ဥက္ကဌ၊ နေပြည်တော် ဘောလုံးအသင်း) ကျပ်သိန်း ၃၀၀
ဦးလှဌေး (ပိုင်ရှင်၊ ဇွဲကပင်ဘောလုံးအသင်း) ကျပ်သိန်း ၂၀၀
ဦးဇော်မင်းသိန်း (ပိုင်ရှင်၊ ရက္ခပူရ ဘောလုံးအသင်း) ကျပ်သိန်း ၁၀၀
ဒေါက်တာစိုင်းဆမ်ထွန်း (ပိုင်ရှင်၊ ရတနာပုံ ဘောလုံးအသင်) ကျပ်သိန်း ၁၀၀
ဦးသူရိန် (ဥက္ကဌ၊ ဇေယျာရွှေမြေဘောလုံးအသင်း) ကျပ်သိန်း ၁၀၀
ဦးအောင်မိုးကျော် (ပိုင်ရှင်၊ ဟံသာဝတီ ဘောလုံးအသင်း) ကျပ် သိန်း ၁၀၀
ဦးဝမ်စိန် (ဥက္ကဌ၊ မောရ၀တီ ဘောလုံးအသင်း) ကျပ်သိန်း ၁၀၀
ဦးလှမျိုး (အောင်မြင်သူ ကုမ္ပဏီအုပ်စု) ကျပ်သိန်း ၂၀၀
ဦးကျော်ဟိန်း (ချယ်ဟိန်း ကုမ္ပဏီ) ကျပ်သိန်း ၂၀၀
Fresh Air Con ကျပ်သိန်း ၁၀၀
လူငယ်မီဒီယာသမားများ ကိုယ်စားပြု ကျပ်သိန်း ၅၀
Eleven Media Group ကျပ်သိန်း ၂၀
ပေါ်ပြူလာ ဂျာနယ် ကျပ်သိန်း ၂၀
သရုပ်ဆောင် ပြေတီဦး ကျပ်သိန်း ၂၀
ဒါရိုက်တာ ၀ိုင်း ကျပ် ၁၅ သိန်း

အလှူပစ္စည်းနှင့် ငွေသား စုစုပေါင်း ကျပ် သိန်း ၅၀၀၀ ခန့်ကို ပေးအပ်လှူဒါန်းခဲ့ပါသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်မှ ကယ်ဆယ်ရေးစခန်းများသို့ ထပ်ဆောင်း အလှူငွေ ကျပ်သိန်း ၁၅၀၀ခန့် ကို ထပ်မံပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဇွန်လ ၁၃ ရက် နေ့လည် ၁၂ နာရီ
တိမ်းရှောင်လာသော ရိုဟင်ဂျာများကို လက်ခံရန် UNHCR၏ တောင်းဆိုချက်ကို ဘင်္ဂလားဒေရှ် အစိုးရ ပယ်ချ
ဘင်္ဂလားဒေရှ်နိုင်ငံဖက်သို့ တိမ်းရှောင်လာသော ရိုဟင်ဂျာများကို လက်ခံထားရန် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ တောင်ဆိုချက်အား ဘင်္ဂလားဒေရှ် အစိုးရက ပယ်ချလိုက်ကြောင်း သိရသည်။
ဘင်္ဂလားဒေရှ် နိုင်ငံခြားရေးဝန်ကြီး ဒီပူမွန်နီက မြို့တော် ဒါကာတွင် ဇွန်လ ၁၂ ရက်နေ့က သတင်းထောက်များကို ပြောကြားရာတွင် "နောက်ထပ် ဒုက္ခသည်တွေ ထပ်ဝင်လာတာကို ခွင့်ပြုဖို့ဆိုတာ ကျွန်တော်တို့အတွက် အကောင်းဆုံး အကျိုးစီပွားမဟုတ်တာ လုံးဝသေချာပါတယ်။ နောက်ထပ် ဒုက္ခသည်တွေ အမြောက်အများ ထပ်ဝင်လာခွင့်ပြုမှာ မဟုတ်ပါဘူး။" ဟုပြောကြားခဲ့သည်။
ဘင်္ဂလားဒေရှ် အစိုးရသည် ဇွန်လ ၁၂ ရက်နေ့က နိင်ငံအတွင်းသို့ ၀င်ရောက်လာသော ရိုဟင်ဂျာ ၁၀၀၀ ကျော်ကို လှေ ၃ စီးဖြင့် မြန်မာနိုင်ငံဘက်သို့ ချက်ချင်း ပြန်လွှတ်ခဲ့သည်။ ပြီးခဲ့သည့် ၁၀ စုနှစ်များအတွင်း ဘင်္ဂါလားဒေရှ်တွင် ရိုဟင်ဂျာ ၂သိန်းမှ ၃ သိန်းအကြား လက်ခံ ထားရခြင်းကို ၀န်ထုပ်ဝန်ပိုးအဖြစ် မှတ်ယူထားပြီး ရိုဟင်ဂျာများကို နိုင်ငံမဲ့လူမျိုးများအဖြစ် မြန်မာနိုင်ငံနည်းတူ ယူဆထားသည့် နိုင်ငံဖြစ်ကြောင်း ဘင်္ဂလားဒေရှ်မီဒီယာများ၏ ဖေါ်ပြမှုအရ သိရသည်။
တိမ်းရှောင်လာသော ရိုဟင်ဂျာများကို လက်ခံရန် UNHCR၏ တောင်းဆိုချက်ကို ဘင်္ဂလားဒေရှ် အစိုးရ ပယ်ချ
ဘင်္ဂလားဒေရှ်နိုင်ငံဖက်သို့ တိမ်းရှောင်လာသော ရိုဟင်ဂျာများကို လက်ခံထားရန် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ တောင်ဆိုချက်အား ဘင်္ဂလားဒေရှ် အစိုးရက ပယ်ချလိုက်ကြောင်း သိရသည်။ ဘင်္ဂလားဒေရှ် နိုင်ငံခြားရေးဝန်ကြီး ဒီပူမွန်နီက မြို့တော် ဒါကာတွင် ဇွန်လ ၁၂ ရက်နေ့က သတင်းထောက်များကို ပြောကြားရာတွင် "နောက်ထပ် ဒုက္ခသည်တွေ ထပ်ဝင်လာတာကို ခွင့်ပြုဖို့ဆိုတာ ကျွန်တော်တို့အတွက် အကောင်းဆုံး အကျိုးစီပွားမဟုတ်တာ လုံးဝသေချာပါတယ်။ နောက်ထပ် ဒုက္ခသည်တွေ အမြောက်အများ ထပ်ဝင်လာခွင့်ပြုမှာ မဟုတ်ပါဘူး။" ဟုပြောကြားခဲ့သည်။ ဘင်္ဂလားဒေရှ် အစိုးရသည် ဇွန်လ ၁၂ ရက်နေ့က နိင်ငံအတွင်းသို့ ၀င်ရောက်လာသော ရိုဟင်ဂျာ ၁၀၀၀ ကျော်ကို လှေ ၃ စီးဖြင့် မြန်မာနိုင်ငံဘက်သို့ ချက်ချင်း ပြန်လွှတ်ခဲ့သည်။ ပြီးခဲ့သည့် ၁၀ စုနှစ်များအတွင်း ဘင်္ဂါလားဒေရှ်တွင် ရိုဟင်ဂျာ ၂သိန်းမှ ၃ သိန်းအကြား လက်ခံ ထားရခြင်းကို ၀န်ထုပ်ဝန်ပိုးအဖြစ် မှတ်ယူထားပြီး ရိုဟင်ဂျာများကို နိုင်ငံမဲ့လူမျိုးများအဖြစ် မြန်မာနိုင်ငံနည်းတူ ယူဆထားသည့် နိုင်ငံဖြစ်ကြောင်း ဘင်္ဂလားဒေရှ်မီဒီယာများ၏ ဖေါ်ပြမှုအရ သိရသည်။
ဇွန်လ ၁၃ ရက် နံနက် ၁၁း၄၀ နာရီ
စစ်တွေမြို့တွင် ထုတ်ပြန်ထားပြီးဖြစ်သော ပုဒ်မ ၁၄၄ နှင့် ပတ်သက်၍ ယနေ့နံနက်၌ ထပ်မံအသိပေးကြေညာနေမှုကြောင့် ယခင်နေ့များကကဲ့သို့ တုတ်၊ ဓား လက်နက်များ ကိုင်ဆောင်ကာ လူစုလူဝေးဖြင့် သွားလာမှုများ နည်းပါးသွားကြောင်း သိရသည်။
ဇွန်လ ၁၃ ရက် နံနက် ၁၁း၃၅ နာရီ
ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဗီယာသည် ဇွန်လ ၁၃ ရက်နေ့တွင် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိလာခဲ့ကြောင်း AFP သတင်းတွင် ဖေါ်ပြထားပါသည်။
ဇွန်လ ၁၃ ရက် နံနက် ၁၁း၃၀ နာရီ
ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဗီယာသည် ဇွန်လ ၁၃ ရက်နေ့တွင် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိလာခဲ့ကြောင်းသိရသည်။
ဇွန်လ ၁၃ ရက် နံနက် ၁၀:၅၀ နာရီ
ရခိုင်ပြည်နယ်အတွင်း ယခုဖြစ်ပွားလျက်ရှိသည့် ပြသနာများကို ကော်မတီများဖွဲ့စည်း၍ ရေရှည်ဆောင်ရွက်ရမည့် ကိစ္စတစ်ခုဖြစ်ကြောင်း ၊ ဖြစ်ပွားနေသည့် ပြသနာများကို ပိုမိုကြီးထွားအောင် နောက်ကွယ်မှ လှုံ့ဆော်နေသူများ၊ ထောက်ပံ့နေသူများ ရှိနေသဖြင့် အဆိုပါ လှုံ့ဆော်ထောက်ပံ့နေသည်ဟု ယူဆရသူများကို စစ်ဆေးလျက်ရှိပြီး လက်ဦးမှုရယူရန်အတွက်လည်း စစ်ဆေးဖော်ထုတ်သွားမည် ဖြစ်ပြီး အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ အကြီးတန်း အရာရှိကြီးတစ်ဦးက Eleven Media Group ၏ မေးမြန်းမှုကို ဇွန်လ ၁၃ ရက် နံနက် ၁၀နာရီ ၁၅ မိနစ်ခန့်က ပြန်လည် ဖြေကြားခဲ့သည်။
ဇွန်လ ၁၃ ရက် နံနက် ၁၀:၃၅ နာရီ
ရခိုင်ပြည်နယ်အတွင်း လတ်တလော ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုများကြောင့် ဇွန်လ ၈ ရက်မှ ၁၁ ရက်အတွင်း လူနေအိမ် ၁၆၆၂ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း၊ လူ ၂၁ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ဆိုင်ကယ် ၁၈ စီး၊ ဆိုင်ခန်းခြောက်ခန်း၊ ထော်လာဂျီ သုံးစီး၊ စက်ဘီး ကိုးစီး ပျက်စီးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ဇွန်လ ၁၃ ရက် နံနက် ၉:၂၀ နာရီ
ဥရောပက မြန်မာအစိုးရ၏ ချင့်ချင့်ချိန်ချိန် ကိုင်တွယ်မှုများကို ကြိုဆို
ဥရောပသမဂ္ဂသည် မြန်မာအစိုးရ၏ ချင့်ချင့်ချိန်ချိန် ကိုင်တွယ်မှုကို ကြိုဆိုကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ''လုံခြုံရေးတပ်ဖွဲ့တွေဟာ ဒီခက်ခဲတဲ့ အသိုင်းအ၀ိုင်းကြား အကြမ်းဖက်မှုကို သင့်တော်တဲ့ နည်းလမ်းတစ်ခုနဲ့ ကိုင်တွယ်မယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။ လူမျိုးရေး ပဋိပက္ခအားလုံးမှာ မြန်မာအစိုးရက ကိုင်တွယ်တဲ့ ဦးစားပေးပုံကို ကျွန်မတို့ ကြိုဆိုပါတယ်''ဟု ဥရော ပသမဂ္ဂ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ ကက်သရင်းအက်ရှ်တန်၏ ပြောခွင့်ရအမျိုးသမီး မာဂျာကိုစီဂျာနစ်က ပြောကြားခဲ့သည်။
ဇွန်လ ၁၃ ရက် နံနက် ၈း၂၀ နာရီ
ယမန်နေ့ ညနေ ၅ နာရီ ခန့်က စစ်တွေမြို့ အရှေ့ဘက်ရှိ ပေါက်တောမြို့ အကွက် အမှတ်၃ တွင် ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီများ ထိပ်တိုက်တွေ့မှုဖြစ်ခဲ့ပြီး နှစ်ဖက်စလုံးတွင် အသေအပျောက်များ ရှိကြောင်းသိရသည်။ ဘင်္ဂါလီများက မီးရှို့ရန် ကြိုးစားသဖြင့် ရခိုင်တိုင်းရင်းသားများက ခုခံကာကွယ်ရာမှ ထိုသို့ ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိသည်။ အဆိုပါ ဖြစ်စဉ်တွင် အနည်းဆုံး လူ ၄ ဦးခန့် သေဆုံးကြောင်း သိရှိရသည်။
ဇွန်လ ၁၃ ရက် နံနက် ၇း၀၀ နာရီ
ယမန်နေ့ညက စစ်တွေမြို့၏ အနောက်ဘက် ၅ မိုင်ခန့်အကွာတွင် ရှိသော အောင်ဒိုင်ရွာကို ဘင်္ဂါလီများ ချဉ်းကပ်လာသဖြင့် လုံထိန်းနှင့် စစ်တပ်များ သွားရောက်ခဲ့သဖြင့် ဘင်္ဂါလီများပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။
ယနေ့နံနက် ၄ နာရီခန့်အချိန်တွင် ကသဲရွာကို မီးရှို့ရန် ချဉ်းကပ်လာသော ဘင်္ဂါလီ ၂ ဦးကို ရခိုင်တိုင်းရင်းသားများက ၀ိုင်းဝန်းဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။
ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ကမ်းနားလမ်းရှိ မိဇံရပ်ကွက်အတွင်း မီးလောင်မှုအနည်းငယ် ဖြစ်ပွားခဲ့ပြီး အဆိုပါ မီးလောင်မှုမှာ ၀ါယာရှော့ခ်ကြောင့် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယမန်နေ့က ဘင်္ဂါလီများအတွက် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းသို့ အမျိုးသမီးများနှင့် ကလေးငယ်များ ထပ်မံရောက်ရှိခဲ့ကြောင်း သိရသည်။သို့သော် ဘင်္ဂါလီအမျိုးသားများမှာမူ မူလက ၄င်းတို့နေထိုင်ရာ အရပ်၌ပင် ရှိနေဆဲဖြစ်ကြောင်း စစ်တွေဒေသခံများက ပြောပါသည်။
UN မှ ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့ စစ်တွေမြို့သို့ ယနေ့နံနက်ပိုင်းတွင် ရောက်ရှိလာနေပြီဟု သိရသည်။လတ်တလော အချိန်၌ စစ်တွေမြို့တွင် မိုးရွာသွန်းမှုများ ဆက်လက်ဖြစ်ပေါ်နေသဖြင့် ဘင်္ဂါလီများ၏ မီးရှို့ထွက်ပြေးမှုများ လျော့နည်းသွားလိမ့်မည်ဟု ခန့်မှန်းကြောင်း စစ်တွေဒေသခံများက ပြောပါသည်။

လူသားအစ မြန်မာက