Monday, January 20, 2014

ကြက်တူရွေး ပညာရေး

ဆယ်တန်းစာမေးပွဲနီးပြီဆိုတော့ မြန်မာပြည်က ပညာရေးစနစ် နင့် နိုင်ငံတကာ ပညာရေး စနစ်တွေ ကို နားလည်သလောက်ပြောချင်စိတ်ပေါ်လာပြန်တယ်။အယင်လဲနဲနဲပြောဖူးပါတယ်။

ကျနော်က လက်ချာ သွားတက်ရင် နောက်ဆုံးတန်းမှာထိုင်တယ်။ဆရာမက မေးဖို့အချိန်ပေးရင်လဲ သိပ်မမေးဖြစ်ဘူး။အတန်းထဲမာလဲစကားအနည်းဆုံးကျောင်းသားဖြစ်နေတယ်။

ဆရာမက ဒါကို ရိပ်မိပုံရတယ်။ကျနော့ကိုစကားမပြော ပြောအောင်လုပ်တော့တယ်။ တနေ့စာသင်ချိန်ပြည့်ဖို့နာရီဝင်လောက်အလိုမှာ ကျောင်းသားတွေ အား လုံး ကိုအုပ်စုလိုက်ခွဲလိုက်တယ်။လေးယောက်တတွဲ၊သုံးယောက် တတွဲစီ။ငါးယောက် ရှိတဲ့ အုပ်စု လဲရှိတယ်။

ကျနော်နင့်အတူ ကျတာက နယ်သူလန် ကျောင်းသူရယ်၊ဂျာမန်ကျောင်းသူရယ်၊နော်ဝေးကျောင်း သူရယ်၊ထိုင်ဝမ်က တယောက်ရယ် ကျနော်ရယ် စုစုပေါင်း ငါးယောက်။နော်ဝေးကျောင်းသူ ကလွဲ ယင် ကျန်တဲ့ကျောင်းသူတွေက နိုင်ငံတကာ ကျောင်းသားဖလှယ်ရေးအစီးအစဉ်နင့် ဘာဂင် (Bergen University)တက္ကသိုလ်ကိုလာတက်နေကြတာ။

(နိုင်ငံတကာ ကျောင်းသားဖလှယ်ရေးအစီအစဉ်ကို ကျနော် ဌာနကဆရာနင့်ပြောဖို့အစီအစဉ် ရှိတယ်။ကိုယ့်နိုင်ငံတက္ကသိုလ်တွေနင့်ဘယ်လိုချိတ်ဆက်ပြီး ကျောင်းသားဖလှယ်ရေးအစီအစဉ်တွေဘယ်လိုလုပ်သွားနိုင်မလဲပေါ့။)

ဆိုတော့ ဆွေးနွေးရမယ့်ခေါင်းစဉ်က နိုင်ငံတကာကျောင်းသားတွေရဲ့သက်ဆိုင်ရာ နိုင်ငံတွေမှာ ဖြတ်သန်းလာခဲ့ကြတဲ့ပညာရေးသမိုင်းကြောင်းတွေကို ပြောပြကြမယ်။ပြီးတော့ ပညာရေးစနစ်တွေ ကိုအမြင်ချင်းဖလှယ်ကြရမယ်။

ခလေးတွေက တော်လိုက်ကြတာ။အင်္ဂလိပ်စကားကိုပြောကြတာ သူတို့က မိခင်ဘာသာ စကားတွေပြောနေကြသလိုပဲ။အာရှက ဆိုလို့ကျနော်နင့် ထိုင်ဝမ်သူနှစ်ယောက် အဲဒီအုပ်စုမှာ။ အခြား ဂျပန်တို့ ကိုးရီးယားတို့ တရုပ်တို့က အခြားအုပ်စုထဲပါသွားကြတယ်။

ဥရောပက ကျောင်းသူတွေပြောတဲ့ပညာရေးစနစ်တွေအားလုံးနည်းပါးတူကြတယ်။အသက်တနှစ်ပြည့်ပြီးရင်မူကြိုသွား။ခြောက်နှစ်ပြည့်ရင် စာသင်ကျောင်းကိုသွား။ ၁ တန်းကနေ ၁၀ တန်းထိ (lower secoundry school)။ပြီးရင် နောက်ထပ် သုံးနှစ်(upper secoundry school)။ပြီးမှ တက္ကသိုလ် (သို့)ကောလိပ် ကိုယ်ဝါသနာပါတဲ့အထူးပြုဘာသာရပ်ကိုလျှောက်။ပြီးတော့ အဆင့်ဆင့်ကြိုက် သလောက်တက်ပေတော့အမြင့်ကို။

တက္ကသိုလ်မှာ ကိုယ်ယူမယ့်အထူးပြုဘာသာအတွက်အမှတ်မမီဘူးဆို ရင်(upper scoundry school) မာ နောက်ထပ်ကြိုက် သလောက်ကြိုးစား ခွင့်ကိုပေးထားတယ်။

ထိုင်ဝမ်မှာ တော့ မူလတန်းပညာရေးကို ၅ နှစ်နင့်စတယ်လို့ဆိုတယ်။အာရှကချင်းတူပေမယ့် မြန်မာ့ ပညာရေးထက် ထိုင်ဝမ်တောင်ပညာရေးမာ တော်တော်အဆင့်မြင်တာကိုတွေ့ရတယ်။ယူရို က ပညာရေး စနစ်တွေနင့် နင်လားငါလားပဲ။

လိုရင်းပြောရရင် နိုင်ငံတကာကျောင်းသူတွေက မြန်မာ့ပညာရေးစနစ်ကို ဘယ်လိုမှ နားမလည်နို င်ကြဘူး။အထူးသဖြင့် ဆယ်တန်းမှာ သက်ဆိုင်ရာခလေးတွေရဲ့ဘ၀တွေကို အပြီးအပိုင်ဖြတ်ချ လိုက်တဲ့ကိစ္စကိုသူတို့နားမလည်နိုင်ကြဘူး။

ဆယ်တန်းအောင်ပြီး ရလာတဲ့အမှတ်ကိုမူတည်ပြီး ကိုယ်စီဝါသနာပါတဲ့တက္ကသိုလ်တွေ ကိုလျှောက် တဲ့အခါ ဆိုပါစို့ ဆရာဝန်ဖြစ်ချင်တဲ့ကျောင်းသားတယောက်က အမှတ်မမီဘူးဆိုရင် ဒီခလေး အတွက်သွားပေတော့။ဒီဘ၀မှာဘယ်လိုမှဆက်လက်ပြီးဆရာဝန်ဖြစ်အောင်ကြိုးစားခွင့်မရှိတော့ဘူး။

နိုင်ငံတကာမှာတော့ ခလေးတွေက သိပ်ကံကောင်းကြတယ်။(easy going)ပဲ။ဘယ်ခလေးမ စာကျက်ဖို့မလိုဘူး။နားလည်အောင်ပဲကြိုးစားရတယ်။စာမေးပွဲအတွက်စိတ်သောကဖြစ်ရတာမျိုး၊အဖေကယ်ပါ၊အမေကယ်ပါလုပ်ရတာ မျိုးမရှိဘူး။အိမ်စာတွေပုံမှန်လုပ်ဖြစ်အောင်တော့ ဂရုစိုက်ပေး ရတယ်။

ဆိုတော့ ကျနော်တို့ပညာရေးစနစ်ဟာ နိုင်ငံတကာပညာရေးစနစ်နင့် ယှည်လိုက်ရင် ကြက်တူရွေး ပညာရေးစနစ်ဖြစ်နေတယ်။ခလေးတွေဟာ မူလတန်းကနေ တက္ကသိုလ်ထိဟာ တစာစာနင့် ကျက်နေကြတယ်။
သူတို့လေးတွေဟာ တကယ်တတ်သိနားလည်ဖို့ထက်အလွတ်ကျက်ဖို့ကို ဦးစားပေးတဲ့ပညာရေး စနစ်ဖြစ်နေတယ်။ကျောင်းစာသင်ရင်းနင့် စာပဲတတ်တယ်။ပညာကျတော့ မတတ်ကြဘူး။ တကယ်က ပညာကိုတတ်အောင်သင်ကြရမှာ။

ဒါကြောင့်လဲအလယ်တန်းကကျောင်းထွက်တဲ့ကလေး ဘာလုပ်တတ်လဲဆိုဘာမှမလုပ်တတ်ဘူး ။ ဆယ်တန်းကော အတူတူပဲ။ ကိုယ့်အသက်မွေးဝမ်းကျောင်းနင့်ပတ်သက်ပြီးဘာမှမလုပ်တတ် မကိုင်တတ်ကြဘူး။ တက္ကသိုလ်ဘွဲ့ရတွေကားဆိုတော့ ဘွဲရလက်မှတ်တွေ ကိုင်ပြီး သင်တန်းတွေ တခုပြီးတခုတက်နေကြရတယ်။ကွန်ပျူတာသင်တန်းကို ဘွဲ့တယောက်သွားတက်နေရတယ်ဆိုယင် အဲဒီလောက်ကွန်ပျူတာအခြေခံလေးတောင် တက္ကသိုလ်အဆင့်မှာ မပါသေးဘူးလား။ အင်္ဂလိပ်စကားပြောသင်တန်းတက်နေရတယ်ဆိုရင် တက္ကသိုလ်အဆင့်မာ အဲဒီလောက် အင်္ဂလိပ်စာ အခြေခံလေးတောင်မပေးနိုင်ဘူးလား။နိုင်ငံတကာကျောင်းသားတွေ နားမလည်နိုင်ကြဘူး။
တကယ်တော့ခလေးတွေအတွက်၊အနာ၈တ်မျိုးဆက်တွေအတွက်အင်မတန်နစ်နာပါတယ်။တိုင်းပြည်ဆောက်ဖို့အသိပညာရှင်အတတ်ပညာရှင်တွေမွေးထုတ်မှုမှာ လဲအင်မတန်နစ်နာပါတယ်။

နစ်နာပါတယ်ဆိုတာ ဆိုပါစို့ဥပမာ ခလေးတယောက်ဟာ သူငယ်တန်းကနေ ဆယ်တန်းတိ ဆိုယင် အနည်းဆုံး တနှစ်တတန်းမှန်မှန်အောင် အုံးတော့ ၁၀ နှစ်လောက် အချိန်ကိုအဲဒီပညာရေးထဲမှာ သုံးလိုက်တာ။ဘ၀တခုရဲ့အရေးပါတဲအစိပ်အပိုင်းတခုဆိုပါစို့။အဲဒီလောက်ထိအချိန်ကိုသုံးလိုက်ပြီးတာတောင် ဒီခလေးဟာ သူ့ဘ၀အတွက်အဲဒီပညာနင့်ဘာမှအသုံးချလို့မရသေးဘူး။ ဘယ်လောက်နစ်နာသလဲ။ဒါဆိုရင် ပညာရေးစနစ်မှာ တခုခု မှားနေတာသေချာနေပြီ။

နိုင်ငံတကာ ကျောင်းသူတွေကတော့ သူတို့နိုင်ငံကပညာရေးစနစ်ကိုအားရပါးရပြောပြကြတယ်။ တကယ်အားရဖို့ကောင်းပါတယ်။သူတို့ဘွဲ့ရတဲ့အခါ သက်ဆိုင်ရာ လုပ်ငန်းခွင်တွေ အတွက် အဆင် သင့်ဖြစ်နေကြပြီ။ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နင့်။

ကျနော်တို့ နိုင်ငံက ခလေးတွေကကော။

ကြက်တူရွေးတွေ ကိုစကားသင်တဲ့အတိုင်း ဆရာသင်တာကို တထပ်တည်းလိုက်အော်နေကြတုန်း။

မြန်မာ့ပညာရေးစနစ်တိုးတက်မြင့်မားပါစေ။

အောင်မြင်စိုး။

တမျိုးသားလုံးအတွက် ပညာရေး

ပညာရေးစနစ်တခုကိုတည်ဆောက်ဖို့ဆိုတာ အသိပညာရှင်အတတ်ပညာရှင်တွေရဲ့အခန်းကဏ္ဍ အရေး ပါ ကြောင်းအရင်ကပြောခဲ့ဖူးပါတယ်။တခါ တိုင်းပြည်အတွက် ရေးဆွဲတဲ့ပညာရေးစနစ် ဟာ လဲ တိုင်းပြည် ထဲ မှာ နေထိုင်တဲ့ပြည်သူတွေအားလုံးနင့် အံဝင်တဲ့ အသုံးတည့် တဲ့ပညာ ရေး စ နစ် ဖြစ်ဖို့ လဲ အထူးကြီးလှပါတယ်။ ငွေ ကြေးတတ်နိုင်တဲ့အသိုင်းအ၀ိုင်းကပဲဖြစ်ဖြစ်၊ငွေကြေးချို့ တည့်တဲ့မိသားစု မိသား စုတွေအတွက်ပဲဖြစ်ဖြစ်၊မြို့ပြမှာနေထိုင်တဲ့ပြည်သူတွေအတွက်ပဲဖြစ်ဖြစ်၊ကျေးလက်မှာနေထိုင်တဲ့တောင်သူလယ်သမားဆင်းရဲသားတွေအတွက်ပဲဖြစ်ဖြစ် အဲဒီပညာရေး စနစ် ဟာ အကျိုးရှိရပါမယ်။ဒါမှဒီတိုင်းပြည်ဒီလူ့ အဖွဲ့အစည်းအတွက်ကောင်း မွန်ပြည့် စုံတဲ့ပညာရေးစနစ်ဖြစ် လာမှာပါ။ကောင်းမွန်ပြည့်စုံတဲ့ပညာရေးစနစ်ဆိုရာမှာ စနစ်တခုကိုတခါရေး ဆွဲ လိုက် ရုံနင့်ရာ သက် ပန်ဒီအတိုင်းရှိနေရမယ်လို့မဆိုလိုပါဘူး။အခြေအနေအချိန်အခါဟာအမြဲတမ်းပြောင်း လဲနေတယ်ဆိုတာကိုသတိထားဖို့ ပညာရေးဆိုင်ရာတာဝန်ရှိသူတွေအနေနင့်ပြည်တွင်းနင့်နိုင်ငံ တကာ အခြေ အနေတွေကိုမျက်ခြေမပြတ်ဖို့နင့် နိုင်ငံတကာမှာ ကိုယ့်နိုင်ငံက ပညာရေးစနစ် ဘယ်အ ခြေ အနေ အဆင့်အတန်းမှာရှိနေတယ်ဆိုတာကို အမြဲသုံးသပ်နေကြဖို့အရေးကြီးပါတယ်။

ဒီလိုသုံးသပ်နေဖို့အတွက် မြန်မာနိုင်ငံပညာရေးသုတေသနအဖွဲ့တို့လိုပညာရေးဆိုင်ရာသုတေသန အဖွဲ့ အစည်းတွေဟာ လွတ်လပ်ပြီး အနှောင်အဖွဲ့ကင်းဖို့အရေးကြီးပါတယ်။ တိုင်းပြည် တွင်း မှာ လိုအပ်နေတဲ့ အားနည်းနေတဲ့အချက်တွေကိုစနစ်တကျသုတေသနလုပ်စာတမ်းတွေပြုစုပြီး စဉ် ဆက် မပြတ် ထုတ် ပြန်ပေးနေဖို့အင်မတန်အရေးကြီးလှပါတယ်။ဒီလိုထုတ်ပြန်တဲ့ အပေါ်မှာ သက် ဆိုင် ရာတာဝန် ရှိသူတွေ၊အကောင်အထည်ဖေါ်ပေးရမယ့်အာဏာပိုင်တွေအနေနင့် အချိန်မီပြု ပြင် ပေးကြဖို့လိုပါတယ်။

ကိုယ့်တိုင်းပြည်မှာ ချွတ်ယွင်းနေ တဲ့ခေတ်စနစ်နင့်အသုံးမတည့်တဲ့ပညာရေးစနစ်တခုကို အာဏာ ပိုင်တွေ ကိုကြောက်လို့ပဲဖြစ်ဖြစ်၊ အရည်သွေးမီတဲ့ပညာရေးသုတေသန တွေအချိန် မီ မတင်ပြနိုင်လို့ပဲဖြစ်ဖြစ် လိုအပ်သလို အပြောင်း အလဲမလုပ်နိုင်ခဲ့ဘူးဆိုယင် အဲဒီ တိုင်း ပြည်ရဲ့ မျိုး ဆက်တွေကို အားလုံးအညွန့်ချိုး လိုက်တာ နင့် အတူတူပါပဲ။ ဒါကြောင့် အမှီ အခို ကင်းပြီး လွတ်လပ်စွာလေ့လာ သုတေသနပြုစုနိုင် ဖို့ဟာလဲတိုင်းပြည်တပြည်မှာမရှိမဖြစ်အရေးပါလှပါတယ်။

တချိန်တည်းမှာ နိုင်ငံတကာ ပညာ ရေးနင့်စီးပွားရေးဆိုင်ရာအဖွဲ့အစည်းကြီးတွေဖြစ်တဲ့ OECD (The Organization for Economic Co-Operation and Development) အဖွဲ့က နှစ်စဉ် ထုတ်ပြန်တဲ့ PISA (The Programme for International Student Assessment) လို အစီ ရင် ခံစာမျိုးကိုလဲ အသေ အချာ စောင့် ကြည့် နားထောင်နေဖို့ အရေး ကြီး ပါတယ်။ အဲဒီ အဖွဲ့ကြီး တွေဟာ အဖွဲ့ဝင်နိုင်ငံတွေတင်မက တကမ္ဘာလုံးက နိုင်ငံတွေရဲ့ပညာရေးဆိုင်ရာ တိုးတက်မှု ဆုတ် ယုတ် မှုစတာတွေကိုပညာရှင်တွေ စနစ်တကျ စုပေါင်းလုပ်ဆောင်နေကြ တာဖြစ်လို့ အထူး သြဇာ ကြီးမားလှပါတယ်။ဒီအဖွဲ့ကြီးရဲ့လေ့လာမှုတွေထဲမှာ သင်္ချာနင့်သိပ္ပံဘာသာရပ်တွေကို လေ့လာ ရုံ တင်မက သက်ဆိုင်ရာနိုင်ငံတွေမှာ ခလေးတွေကျောင်းမှာ ဘယ်လောက် ပျော်ကြ သလဲ၊ မူလ တန်းမှာအဆင့်မှာကျောင်းထွက်တဲ့ခလေး ဘယ်လောက်ရှိသလဲ၊ အလယ်တန်းအဆင့်မှာကျောင်းထွက်တဲ့ခလေးဘယ်လောက်ရှိသလဲ၊အထက်တန်းအဆင့်၊တက္ကသိုလ်အဆင့်စတဲ့အဆင့်တွေမှာ ကျောင်းထွက်တဲ့ရာခိုင်နှုန်းဘယ်လောက်ရှိသလဲ၊ဘာကြောင့်လဲ စတဲ့အချက်တွေကိုလေ့လာ သုံး သပ် ပြလေ့ရှိပါတယ်။ဒါ့အပြင် ဆရာ၊ဆရာမတွေရဲ့လစာအခြေအနေ၊ ဆရာ၊ဆရာမတွေရဲ့ အရည် အသွေးစတာတွေကိုလည်းနိုင်ငံအလိုက်နှိုင်းယှည်ဖေါ်ပြထား တာတွေကို လည်းလေ့ လာနိုင်ပါတယ်။ဆရာ၊ဆရာမတွေ သင်ကြားပြသတဲ့အရည်အသွေးဟာ ခလေးတွေ ရဲ့ တတ်မြောက်မှု မှာအထူး အ ရေး ပါတာကြောင့် နိုင်ငံတကာမှာဆရာ၊ ဆရာမတွေ အရည် အသွေးမြင့်မားအောင်အထူး လုပ် ဆောင်လာကြတာကိုတွေ့ရပါတယ်။ဆရာ၊ဆရာမတွေ ကိုလုံလောက် တဲ့ လစာတွေ၊ရသင့်ရထိုက်တဲ့ခံစားခွင့်တွေရှိနေဖို့ဟာလဲဒီနိုင်ငံရဲ့ပညာရေးစနစ်တခုအောင်မြင်ဖို့မှာအထူး
အရေးကြီးကြောင်းသတိပြုကြရပါမယ်။

PISA ရဲ့အစီရင်ခံစာထဲမှာအခြားအရေးကြီးတဲ့အချက်တွေကတော့ သက်ဆိုင်ရာအာဏာ ပိုင်တွေ၊ ပညာရေးဆိုင်ရာတာဝန် ရှိသူ တွေ ကို ပါအပြု သဘောဆောင်တဲ့အကြံအဥာဏ်တွေကို ပါ ပေး တတ် တာမို့ နိုင်ငံတကာအစိုးရ တွေ၊ ပညာ ရေး ဆိုင် ရာအဖွဲ့အစည်းတွေ၊အင်စတီကျူရှင်းတွေက အင်မတန်အလေးထား တတ်ကြပါ တယ်။ ရောဂါတခုကိုအချိန်မီသိလိုက်ရတဲ့အတွက် အချိန် မီ ကုစားနိုင်အောင်လုပ်ဆောင်ပေးတဲ့ သ ဘော လဲသက်ရောက်ပါတယ်။
၂၀၁၂-ခုနှစ်အတွက် OECD ရဲ့ PESA အစီရင်ခံစာကို အောက်မှာဖေါ်ပြ ထားပါ တယ်။ http://www.oecd.org/pisa/keyfindings/pisa-2012-results-overview.pdf

အထူးသတိထားရမယ့်အချက်တခုက ပညာရေးဆိုင်ရာအခြေခံပညာသင်ရိုးတွေ up to date ဖြစ်နေ ဖို့ ပါပဲ။ နည်းပညာတွေအဆက်မပြတ်တိုးတက်ပြောင်းလဲနေတဲ့ခေတ်ကြီးမှာ ခလေးတွေဟာ အခြေခံပညာ မူလ တန်း ကနေ တက္ကသိုလ်အထိ နည်းပညာပိုင်းဆိုင်ရာဗဟုသုတတွေကိုပေးနိုင်တဲ့၊ အဲဒီလိုပေးတဲ့ သင်ရိုး ညွှန်း တန်းတွေကိုအချိန်မီပြုပြင်ရေးဆွဲကြဖို့အထူးဂရုစိုက်ကြရပါမယ်။ပြောင်းလဲနေတဲ့ခေတ်ကာလကြီးနင့်အညီ အခြေခံပညာကျောင်းတွေရဲ့ သင်ရိုးညွှန်တမ်းတွေမှာ နည်းပညာ ပိုင်းဆိုင်ရာ သင်ကြားပို့ချမှုတွေဟာ မရှိမဖြစ်တဲ့ကိစ္စပါ။

တိုးတက်တဲ့နိုင်ငံတွေမှာတော့ ကွန်ပျူတာနှင့်ခလေးတွေ game ကစားတဲ့အချိန်၊ခလေးတွေ သင်္ချာ စတဲ့ ဘာသာရပ်တွေလေ့ကျင့်ခန်းတွေကို ကွန်ပျူတာသင်ခန်းစာအဖြစ်လုပ်ဖို့အချိန် စတာတွေကို တပတ် ဘယ်နှစ်နာရီပါရ မယ် ဆိုတာတွေကို မဖြစ်မနေထည့်ရေးဆွဲရပါတယ်။

ကျောင်းတိုင်းမှာ ရှိတဲ့ခလေးအရေအတွက်နင့်လုံလောက်တဲ့ကွန်ပျူတာ ရှိဖို့ စ တဲ့ အချက် တွေ ကို လဲ ကျောင်းတကျောင်းရဲ့ရှိသင့်ရှိထိုက်တဲ့ အင်္ဂါ ရပ် တွေထဲမှာထည့်ထားပြီး အဲဒီအင်္ဂါ ရပ် တွေနင့် ညီ ညွတ်အောင်စနစ်တကျလိုက်နာရတာကိုတွေ့ရပါတယ်။
ကွန်ပျူတာအချိန်မှာ ကွန်ပျူတာ ကို ခလေးတွေအသုံးပြုနိုင်ဖို့ဆိုတာ မြို့ပြမှာ၊ ကျေးလက် မှာ ဆို ပြီးကွဲပြားမှု မရှိသင့်ပါဘူး။ တတိုင်း ပြည်လုံးမှာအတူတူပဲဖြစ်သင့်ပါတယ်။။မြို့ပြက မူလတန်း ကျောင်းကခလေးတွေ တပတ်ကို ကွန်ပျူ တာအချိန်နှစ်နာရီရှိရတယ်ဆိုရင်ကျေးလက်က မူလ တန်းကျောင်းက ခလေးတွေလဲ ကွန်ပျူ တာကို တပတ်ကို နှစ်နာရီဖြစ် အောင် သင်ပေး နိုင် အောင်လုပ်ပေးကြရပါမယ်။။ဒါမှ အားလုံး နင့် ကိုက်ညီတဲ့ အံဝင် တဲ့ပညာရေးစနစ် လို့ခေါ်နိုင် တာဖြစ်ပါတယ်။ကျနော်တို့တိုင်းပြည်မှာတော့ လျှပ်စစ်မီးသုံးစွဲနိုင်မှုအခြေအနေကလဲ နည်းပါးသေး တာမို့ ကွန်ပျူတာကို ကျေးလက်က အခြေခံ ပညာ ကျောင်းတွေမှာသုံးစွဲ နိုင်ဖို့ ကတော့ အတော်လေးကြိုးစားယူကြရမယ့်အခြေအနေပါပဲ။

ဒီလိုလုပ်ဆောင်ဖို့ ကောင်းမွန်သင့်တော်တဲ့ပညာရေးစနစ်ကိုအကောင် အထည်ဖေါ်ဖို့ ဆို ရာမှာ လက်ရှိတိုင်းပြည်ကိုတာဝန်ယူနေတဲ့အစိုးရတွေမှာအများကြီးတာဝန်ရှိပါတယ်။ဒါကြောင့်ဒီမိုကရေ စီ နိုင်ငံတွေ မှာ ရွေးကောက်ပွဲအကြိုကာလ မဲဆွယ်စဉ်တွေမှာ သက်ဆိုင်ရာ ပါတီတွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေက သူတို့ပါတီရဲ့မူဝါဒတွေကိုပြည်သူ ကိုအသေ အချာချပြကြရပါတယ်။ အခြေ ခံ ပညာ ရေးစနစ်မှာတော့ဘယ်လို ပြုပြင်သွားမယ်၊အဆင့်မြင့်ပညာရေးကဏ္ဍမှာတော့ဘယ်လို စသ ဖြင့်ချပြ ရပါတယ်။ပြီးတော့သက်ဆိုင်ရာတက္ကသိုလ်တွေကိုသွားပြီး ဟောပြောပွဲတွေ၊ တက္ကသိုလ် ကဆရာတွေနှင့်ကျောင်းသူ ကျောင်းသားတွေမေးတာကိုစိတ်ရှည်လက်ရှည်ရှင်းပြဖြေကြရပါတယ်။

ဒီလိုလုပ်ဆောင်နိုင်မှုတွေကိုမူတည်ပြီးပညာရှင်တွေက ဒီမူဝါဒကတော့တိုင်းပြည်ရဲ့ ပညာရေးစနစ် အတွက် ပိုမိုကောင်းမွန်လာမယ်၊ဟိုပါတီရဲ့မူဝါဒကတော့ ဒီလိုအားနည်းချက်ရှိတယ်စသည်ဖြင့် အ*ဂ တိကင်းကင်း နဲ့တိုင်းပြည်ရဲ့အကျိုးတခုတည်းကိုကြည့်ပြီးအကြံ ပြုကြ၊ထောက်ပြကြလုပ်ကြပါတယ်။ ဒီလိုထောက်ပြဝေဖန် တာကိုလဲ ခေါင်းဆောင်တွေက တလေး တစားနားထောင်ကြ တာကို တွေ့ရပါတယ်။

ကျောင်းနေအရွယ်ခလေးတယောက် ကျောင်းမတက်နိုင်ဘူး၊ကျောင်းကိုမရောက်ဘူးဆိုရင် အစိုးရ မှာ အပြည့်အ၀တာဝန်ရှိပါတယ်။တာဝန်ယူရပါတယ်။မသင်မနေရ ပညာရေးစနစ် ဟာ မူလတန်း ကနေ ၁၀ တန်းထိထားရှိတယ်ဆိုရင် အဲဒီအရွယ်ခလေးတွေအားလုံး (သေဆုံး သွား တာ က လွဲ ရင်)ကျောင်း ကိုရောက်ကိုaရာက်ရပါတယ်။ဒါကြောင့်မူလတန်း၊အလယ်တန်း၊အထက် တန်းကျောင်း တွေ မှာ နှစ် မကုန်ခင်ကတည်းက နောက်နှစ်မှာ ကျောင်းကို အသစ်ဘယ်လောက် တိုး လာမယ်၊ အတန်း တက် သူဘယ်လောက်၊ဆရာ။ဆ၇ာမအင်အားဘယ်လောက်၊အထူးဂရုစိုက်ရမယ့်ခလေးက ဘယ်နှစ်ယောက် ပါမယ်၊ ဒါကြောင့်အဲဒီအတန်းမှာ လက်ထောက်ဆရာ ဘယ်လောက် ခန့် ထားရမယ်၊စာအုပ် စာတမ်း က ဘယ်လောက်လိုမယ်၊စတဲ..စတဲ့ အချက်အလက်တွေအားလုံးဟာ ကျောင်းရာသီမကုန်ခင် ကတည်း က ကျောင်းတိုင်းမှာနောက်နှစ်အတွက်အဆင်သင့်ဖြစ်နေကြရပါ တယ်။အချိန်တန်ရင် ခလေးတွေကို သက် ဆိုင် ရာမိဘတွေအနေနင့်ကျောင်းကိုပို့လိုက်ရုံပါပဲ။ မိဘ တွေ ရဲ့ တခုတည်းသော တာဝန် က ကျောင်း ဖွင့် ရင် မိမိတို့ခလေးတွေ ကိုကျောင်း ကိုရောက် အောင် ပို့ဖို့ကလွဲပြီကျန်တာဘာမှမလိုပါဘူး။ ကိုယ့်ခလေး ကကျောင်းမှာ၊ဆိုပါစို့သင်္ချာမှားအားနဲနေတယ်ဆိုရင်သင်္ချာတော်အောင်လုပ်ပေးဖို့က ကျောင်းရဲ့တာဝန်ပါ။ဆရာ၊ဆရာမတွေရဲ့တာဝန်ပါ။ဒီလိုကောင်း မွန် တဲ့ပညာရေးစနစ်မျိုး ကျနော်တို့တိုင်းပြည်မှာ ဖြစ်လာအောင်ကြိုးစားကြရပါမယ်။


နောက်တခု အရေးတကြီးသတိထားကြရမယ့်အချက်တချက်ကိုထောက်ပြလိုပါတယ်။ဒါကတော့ ခလေး တွေ ကို အတန်းထဲမှာ အဆင့်ခွဲသတ်မှတ်တဲ့အလေ့အထတွေပါ။ ဒီလိုအလေ့ အထ မျိုး ကမ္ဘာ ပေါ် မှာပညာရေးမှာထိပ်ဆုံးကိုရောက်နေတဲ့ဘယ်နိုင်ငံမှာမှမရှိဘူးဆိုတာကို သတိထား မိကြ စေလိုပါတယ်။ အဆင့်တွေခွဲခြားထားခြင်းအားဖြင့်ခလေးတွေကို စိတ်ပိုင်းရာတွေ ဖိအားဖြစ်လာ အောင်လုပ်တာဟာ ခလေးတွေရဲ့ပညာရေးမှာဆိုးကျိုးကိုသာဖြစ်စေပါတယ်။ခလေးတယောက်ဟာ အတန်းထဲမှာပထမ ရဖို့မရဖို့ ထက် ဒီခလေးတက်ရောက်သင်ကြားနေတဲ့အတန်းနင့်ကိုက်ညီတဲ့ သင်ကြားမှုတွေကို ဘယ်လောက် လိုက်နိုင် သလဲ မလိုက်နိုင်သလဲက ပိုအရေးကြီးပါတယ်။

ခလေးတယေက်ကို ပထမ ရအောင်ကြိုးစားနော် သမီးဆိုရင် ဒီကလေးမှာ ကျောင်းမှာ ပျော် ရွှင်စွာစာသင်ဖို့ထက် ပထမ ရဖို့ဆိုတဲ့စိတ်တွန်းအားကပိုလာပြီ။အဲဒီတွန်းအားဟာ နုနယ်တဲ့ ခလေး တယောက်ကို ကြီးမားတဲ့စိတ်ပိုင်းဆိုင်ရာဝန်ထုတ်ဝန်ပိုးဖြစ်စေတတ်တယ်ဆိုတာ ဆရာ၊ဆရာမ တွေရော မိဘတွေရောအထူးသတိထားကြဖို့ပါ။တခါ အတန်းမှာ အဆင့်အင်မတန် အောက် ကို ရောက်နေ တဲ့ ခလေးမှာလဲငါကတော့သူတို့လောက်မတော်ဘူး၊ငါတော့အသုံးမကျဘူး၊ငါတော့သိပ်ညံ့တဲ့ကောင် စသည်ဖြင့် အားငယ်စိတ်တွေသိမ်ငယ်ရှက်ရွံ့စိတ်တွေ ငယ်စဉ်က၀င်သွား တတ်သလို၊ မိဘတွေကလဲ ဒီလောက် ညံ့ရသလား၊အသုံးမကျဘူးလားလို့ပြစ်တင်မာန်မဲလိုက်ရင်ခလေးရဲ့ စိတ် ထိ ခိုက်မှုကအဆိုး ဘက် ကိုဦးတည် သွားတတ်ပါတယ်။ဒါကြောင့်တချို့ခလေးတွေ ငယ်ငယ်ရွယ်ရွယ် နင့်ကျောင်းပြေးတတ် တာ တွေဖြစ် လာကြ တာပါ။

နောက်ဆုံးတခုထပ်ပြောပါရစေ။ကျောင်းယူနီဖေါင်းကိစ္စပါ။ကျောင်းယူနီဖေါင်းတွေကိုလဲ နိုင်ငံ တော် တော်များ
များမှာ ၀တ်တာကိုမတွေ့ရပါဘူး။ဥပမာ နော်ဝေးမှာ ဆိုရင်ခလေးတွေရော၊ ဆရာ၊ ဆရာမတွေရော ဘယ် သူမှကျောင်းယူနီဖောင်းမလိုပါဘူး။ဒီအတိုင်းပဲအားလုံးကျောင်းကိုသွားကြပါတယ်။သန့်ရှင်းသပ်ရပ်ဖို့ပဲလိုပါတယ်။အေးတဲ့အတွက် အေးတဲ့ရာသီဥတုနင့်ကိုက်ညီအောင်ပဲ သတိ ထားကြရတာကို တွေ့ရပါ တယ်။ ကျောင်းယူနီဖေါင်းဆိုတဲ့ ၀န်ထုတ်ဝန်ပိုးကို မိဘ တွေ ရော၊ ခလေးတွေရော သက်သာ တာကိုတွေ့ရတာမို့ အတုယူဖို့ကောင်းတဲ့အချက်တချက်လို့မြင်ပါတယ်။

မြန်မာပြည်မှာတော့ကျောင်းယူနီဖေါင်းဝတ်တာကိုအပြုသဘောထောက်ပြတဲ့သူတွေရှိပါတယ်။ ဥပမာ ကျောင်းစိမ်းလုံချဉ်။အကျီင်္ဖြူနင့်ဆိုရင် ဒါကတော့ ကျောင်းသား/သူ ဆိုတာ အပြင် က ခလေးနင့်အလွယ်တကူခွဲထားနိုင်တယ်။ကျောင်းပြေးရင်လဲအလွယ်တကူသိနိုင်တယ်လို့ပြောကြပါတယ်။ကျောင်းပြေးချင်တဲ့ခလေးက အိမ်ကထွက်လာကတည်းက ရိုးရိုးအ၀တ်အစားတွေ ထည့် လာ ရင်ဘယ်လိုလုပ်မလဲ။ ဒါက တပိုင်း ပါ။နောက်တပိုင်းက ခလေးတယေက်ကို အပြင်ကခလေး လား ကျောင်းသားလားဆိုတာကို ယူနီဖေါင်း ကြည့်ပြီး ဆုံးဖြတ်နေစရာမလိုပါဘူး။ ဒီခလေးရဲ့ အရွယ် ဟာ ကျောင်းနေရမယ့် အရွယ် ဆို ရင်  ကျောင်းတက်တဲ့အချိန်မှာ(အရေးကြီးတဲ့ကျန်းမာရေးဆိုင် ရာ ကိစ္စရှိလို့မိဘတွေကိုယ်တိုင် ခွင့်တိုင်ပြီးခေါ် ထားတာကလွဲရင်)ကျောင်းမှာရှိကိုရှိနေရမှာပါ။ဒီနေ့ကိုယ့်ခလေးကျောင်း ကိုမလာနိုင်ဘူး ဆို ရင်ဘာကြောင့်မလာနိုင်သလဲသက်ဆိုင်ရာအတန်းပိုင်ဆရာမကိုတလေးတစားမဖြစ်မနေအသိပေးရပါတယ်။ဒီလိုမဟုတ်ရင်ဒီခလေးဟာကျောင်းမှာရှိကိုရှိရပါမယ်။ ချွင်းချက် မရှိပါဘူး။မသန်မစွန်းရင် မသန်မစွန်းတဲ့ခလေးနင့်ဆိုင်တဲ့ကျောင်း၊မျက်မမြင်ရင် မျက်မမြင်နင့် ဆိုင် တဲ့ကျောင်းမှာရှိနေရပါမယ်။လူမျိုး၊ဘာသာ၊နိုင်ငံသား၊ဧည့်နိုင်ငံသား ဘာမှချွင်းချက်မရှိပါဘူး။ အသက် အရွယ်နင့်ကိုက်ညီတဲ့အတန်းကို ခလေးတယောက်ဟာ သူရောက်နေတဲ့ နေရာ(နိုင်ငံ)မှာ တက်ရောက် သင်ကြားခွင့်ရှိကို ရှိနေရပါမယ်။

ဒါမှအားလုံးနင့်ကိုက်ညီတဲ့ပညာရေးစနစ်၊ကောင်းမွန်တဲ့ပညာရေးစနစ်၊လူ့အဖွဲ့အစည်းအတွက်အကျိုးပြုတဲ့
ပညာရေးစနစ်ဖြစ်လာမှာ ဖြစ်တဲ့အကြောင်းတင်ပြလိုက်ရပါတယ်။

ကျနော်ရေးသားတာနင့်ပတ်သက်လို့ အပြုသဘောဆောင်ဆွေးနွေးအကြံပြုထောက်ပြတာ ကို လေးစား စွာ နင့်အစဉ်ကြိုဆိုပါတယ်။

အောင်မြင်စိုး
၂၀၁၄-ခုနှစ် ဇန်န၀ါရီလ ၁၉ ရက်။တနင်္ဂနွေနေ့။

Thursday, July 4, 2013

ပျိုမေတို့ အတွက် ငှက်ပျောသီး


ပျိုမေတို့ လက်ရှိ သုံးနေတဲ့ အလှကုန်တွေ အများစု ငှက်ပျောသီးနဲ့ ပြုလုပ်ထားတဲ့ အလှကုန်တွေပဲ ဖြစ်ပါတယ်။

ငှက်ပျောသီးဟာ အသားအရေ အတွက် အကျိုးရှိ စေတာမို့ ဝက်ခြံပျောက် အလှကုန် တွေမှာ များသော အားဖြင့် သုံးပြုကြပါတယ်။ ဒါ့အပြင် ဆံကေသာ အတွက်လည်း နူးညံ့ခြင်း၊ နှစ်ခွ ဖြစ်ခြင်းများကို တားဆီး ပေးတာမို့ ဆံကေသာ အလှကုန် ပစ္စည်းတွေ မှာလည်း ထည့်သွင်း အသုံးပြုကြ ပါတယ်။ ဒါကြောင့် ငှက်ပျောသီးဟာ ပျိုမေတို့ရဲ့ မိတ်ဆွေကောင်း တစ်ယောက် ဆိုရင် မမှားပါဘူး။ ငှက်ပျောသီးရဲ့ အစွမ်းတွေဟာ ကျန်ရှိနေ သေးတာမို့ ဖော်ပြ လိုက်ပါတယ်။

စိတ်ဖိစီးမှု

ထရိုင်တိုဖန်နဲ့ အမီနို အက်ဆစ်တွေ ပါဝင်တဲ့ အတွက် စိတ်ဖိစီးမှုကို သက်သာရာ ရစေပြီး လူကို လန်းဆန်း စေပါတယ်။ ပိုတက်ဆီယမ် ဓာတ်အများအပြား ပါဝင်တဲ့ အတွက် ကြောင့်လည်း နှလုံးခုန်နှုန်းကို ပုံမှန် ဖြစ်စေပြီး ခန္ဓာကိုယ်ရဲ့ ရေဓာတ်ပါဝင်မှု အနေအထားကို ဟန်ချက် ညီအောင် ညှိပေးပါတယ်။ လူတစ်ယောက်ဟာ စိတ်ဖိစီးမှု ဖြစ်လာရင် ပိုတတ်ဆီယမ် ဓာတ်တွေဟာ လျှော့နည်း သွားပါတယ်။ ငှက်ပျောသီးမှာ ပိုတတ်ဆီယမ် ဓာတ်တွေ အများအပြား ပါဝင်တဲ့အတွက် လိုအပ် နေတဲ့ဓာတ်ကို ဖြည့်တင်း ပေးပါတယ်။ ဒါ့ပြင် ဦးနှောက် ဥာဏ်ရည် ကိုလည်း ထက်မြက် စေပါတယ်။ ဒါကြောင့် စာမေးပွဲ ဖြေခါနီး ကျရင် ငှက်ပျောသီး စားပေးတာဟာ ကျောင်းသားတွေ အတွက် ကျက်ထားတဲ့ စာတွေ မမေ့ မလျှော့ စေတော့ပါဘူး။

အမြင်အာရုံ

တစ်နေ့ကို သစ်သီးသုံးမျိုး နေ့စဉ် စားသုံး လာတဲ့သူဟာ အသက်အရွယ် ကြီးလာရင် အမြင် အာရုံ ချို့ယွင်းမှု နည်းပါးတယ်လို့ သုတေသန တစ်ခုက ဆိုထား ပါတယ်။ တခြား လူကြီး ရောဂါများကိုလည်း ကာကွယ် ပေးပါတယ်။

ပျို့အန်ခြင်း

အစာ (နေ့လည်စာ၊ မနက်စာ၊ ညစာ) စားပြီး သွားရည်စာ အဖြစ် ငှက်ပျောသီးကို စားပေး တာဟာ ပျို့အန်ခြင်းကို တားဆီး ပေးနိုင်ပါတယ်။

ဆေးလိပ်သောက်ခြင်း

ဆေးလိပ် ဖြတ်မယ်ဆိုရင် ငှက်ပျောသီး စားပေးပါ။ ငှက်ပျောသီးဟာ ဆေးလိပ် ဖြတ်တဲ့ နေရာမှာ အထောက်အကူ ပေးပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဗီတာမင် B6၊ B12 တို့ပါဝင်ပြီး ပိုတတ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ် ဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်တဲ့ အတွက် နီကိုတင်းကြောင့် ဆုံးရှုံးသွား တာတွေကို ပြန်လည် ဖြည့်တင်း ပေးနိုင်ပါတယ်။

ခြင်အန္တရာယ်

ယင်ဖိုတောင် မသန်းဖူးတဲ့ ပျိုမေတွေအတွက် ခြင်မ (သွေးစုပ်သော ခြင်သည် အမသာရှိ) ရန်ကြောင့် အဖုအပိတ် ထွက်လာခဲ့ရင် ငှက်ပျောသီး အခွံနဲ့ ပွတ်သပ်ပေးရင် ယားယံတာ၊ အဖုအပိတ် ထွက်တာတွေ ပျောက်ကင်း နိုင်ပါတယ်။

လေဖြတ်ခြင်း

နယူးအင်္ဂလန် ဆေးပညာ ဂျာနယ်က ပြုလုပ်တဲ့ သုတေသန တစ်ခုအရ ငှက်ပျောသီး စားသုံးခြင်းဟာ လေဖြတ်ခြင်းကို ကောင်းစွာ ကာကွယ်နိုင်ကြောင်း တွေ့ရှိ ထားပါတယ်။

အီဂျစ်နဲ့ ရောမ လူမျိုးများရဲ့ လျှို့ဝှက်ချက်

အီဂျစ်နဲ့ ရောမ လူမျိုးများဟာ သူတို့ရဲ့ အလှအပ ဆိုင်ရာ နည်းပညာ တွေထဲမှာ ငှက်ပျောသီး အသုံးလည်း ပါပါတယ်။ ငှက်ပျောသီးထဲမှာ အမီနို အက်ဆစ် ပါဝင်ကြောင်း အထက်မှာ ဖော်ပြပြီး သွားပါပြီ။ အမီနို အက်ဆစ်ဟာ အသားအရေနဲ့ ဆံကေသာ အတွက် အရမ်း အကျိုးရှိ စေပါတယ်။ ဆံသားကို ပျော့ပြောင်းစေပြီး ဗီတာမင်အေ၊ ဘီ၊ စီ တို့လည်း ပါဝင်တဲ့ အတွက် ဆံပင်နှစ်ခွ ဖြစ်ခြင်းမှ ကာကွယ် ပေးပါတယ်။ ငှက်ပျောသီး သက်သက်ကို အခွံခွာပြီး ဆံပင်ကို ပွတ်ပေးပါ။ ပြီးရင် ခဏစောင့်ပြီးမှ ရေနဲ့ ပြန်လျှော်ပေးပါ။ Conditioner သုံးစရာ မလိုအောင် ဆံပင်ဟာ တောက်ပြောင်၊ နူးညံ့ ရွှန်းစို စေပါတယ်။

အရေပြားအတွက်

ငှက်ပျောသီး အခွံ သက်သက်ကို အရေပြား ပေါ်တွင် ပွတ်သပ် လိမ်းပေးခြင်း ဟာလည်း အရေပြား အတွက် ကောင်းစေ ပါတယ်။ ဝက်ခြံရှိတယ် ဆိုရင် မျက်နှာကို ငှက်ပျောသီး အခွံနဲ့ ပွတ်ပေးပါ။ ခဏတာ အတွင်း ဝက်ခြံတွေ ပျောက်ကင်း သွားပါ လိမ့်မယ်။ ငှက်ပျောသီးကို ချေပြီး မျက်နှာကို လိမ်းချေပေးပါ။ ပြီးရင် ၁၀- ၁၅ မိနစ်လောက် စောင့်ပြီး ရေနဲ့ ပြန်သစ် ပေးပါ။ အချိန်မှန်မှန် လုပ်ပေးလာတာနဲ့ အမျှ အသားအရေကို ဝင်းပ လာစေပါတယ်။ မျက်နှာပေါ်က အညစ်အကြေးတွေ ကင်းစင် စေပါတယ်။ အမာရွတ်တွေ ပျောက်စေပါတယ်။ ကြွက်နို့ကို သတ်တဲ့ အခါမှာလည်း သုံးနိုင် ပါသေးတယ်။ ငှက်ပျောသီး အတွင်းသားနဲ့ ကြွက်နို့ကို ဖုံးပေးပြီး သတ်နိုင်ပါတယ်။ ထောပတ်သီး တစ်လုံး၊ ငှက်ပျောသီး တစ်လုံး၊ နွားနို့ စစ်စစ် ၂ ဇွန်း နဲ့ ဗီတာမင် အီးအဆီ ၂ ဇွန်းတို့ကို ယူပါ။ ထောပတ်သီးနဲ့ ငှက်ပျောသီးကို ချေပြီး သမအောင် နယ်ပေးပါ။ ပြီးမှ နွားနို့ကို ထည့်ပေးပါ။ ပြီးရင် အဲဒီ့အရည်ကို မျက်နှာနဲ့ အသားအရေ အတွက် လိမ်းပေးပါ။ ဆယ်မိနစ်လောက် အခြောက်ခံပြီးမှ ပြန်ပြီးရေနဲ့ ဆေးကြောပေးရမှာ ဖြစ်ပါတယ်။ ကောင်းကျိုး တွေကတော့ အရည်ပြားကို နူးညံ့ ရွှန်းစို စေပါတယ်။

ကလေးများအတွက်

ငှက်ပျောသီးဟာ ပျိုမေတို့ အတွက် သာမက ကလေးသူငယ် အတွက်ပါ အကျိုးရှိစေတဲ့ သစ်သီး တစ်မျိုး ဖြစ်ပါတယ်။ အစာအလွယ် တကူချေ ဖျက်စေနိုင်ပြီး အဆီလည်း မပါတဲ့အတွက် ကလေးတွေနဲ့ လိုက်ဖက်တဲ့ အစားအစာမျိုး ဖြစ်ပါတယ်။ ငှက်ပျောသီးနဲ့ မတည့်တဲ့ ကလေး ရှားပါတယ်။ နောက်ပြီး ခန္ဓာကိုယ် ကြီးထွား စေဖို့ အတွက်လည်း ငှက်ပျောသီးဟာ လိုအပ်တဲ့ သစ်သီး တစ်မျိုး ဖြစ်ပါတယ်။ အဆုံးသတ် ပြောရရင် ပျိုမေတို့ အတွက် ငှက်ပျောသီးဟာ အသားအရေ အတွက်ရော၊ ဆံပင်အတွက် သာမက ကိုယ်တွင်း ကျန်းမာရေးနဲ့ နောင်ရေး အာရောပျံအတွက်ပါ အကျိုးရှိစေတာမို့ အစာလည်းဆေး၊ ဆေးလည်း အစာအဖြစ် သုံးဆောင်ရင်း လှသထက် လှနိုင် ကြပါစေလို့ ဆုတောင်း လိုက်ရပါတယ်။

Written by  အာယု (မြ၀တီ)

သားသမီး လိုချင်သူများ မဖြစ်မနေ သိထားသင့်သော အချက်များ

YTalk

သားသမီး လိုချင်သူတွေ အနေနဲ့ မဖြစ်မနေ သိရှိထား သင့်တဲ့ အချက်တွေ ရှိနေပါတယ်။

(၁) အသုံးပြု နေသော သားဆက်ခြား နည်းများ ကိုရပ်ပါ

သားသမီး မလိုချင် သေးလို့ ပဋိသန္ဓေ တားဆေး၊ ထိုးဆေးတွေ အသုံးပြုတာ၊ ကွန်ဒုံးသုံးတာ၊ အမျိုးသမီး သန္ဓေတား ပစ္စည်းထည့်တာ စတဲ့နည်း တွေနဲ့ သန္ဓေတားခဲ့တယ် ဆိုရင် သားသမီး လိုချင်ပြီဆို ရင်တော့ ဒီနည်းတွေ ရပ်ဖို့ လိုပါတယ်။ ပဋိသန္ဓေတား နည်းတွေကို ရပ်လိုက်ပေမယ့် ချက်ချင်း သားသမီး မရနိုင်တာမျိုး ဖြစ် တတ်ပါတယ်။ အထူးသဖြင့် ပဋိသန္ဓေ တားဆေး၊ ထိုးဆေးတွေက သုံးတာကို ရပ် လိုက်ပေမယ့် ကလေး ချက်ချင်း မရနိုင်ပါ။

(၂) ဆရာဝန်နှင့် ဆွေးနွေး တိုင်ပင်ပါ

သွေးဖိအား၊ ကိုယ်အလေးချိန်၊ ကူး စက်မဟုတ်တဲ့ နာတာ ရှည်ရောဂါ (ဆီးချို သွေးချို) ရှိ၊ မရှိတွေကို ဆရာဝန်ထံ ပြသ စစ်ဆေးဖို့ လိုပါတယ်။ မိခင်က ကျန်းမာ မှ ကျန်းမာတဲ့ ရင်သွေးကို ရရှိနိုင်မှာပါ။

(၃) ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်ပါ

သားသမီး ရယူဖို့ ကြိုးစားနေတဲ့ မိခင်လောင်း တစ်ယောက်ဟာ အစားအသောက်ကို ကျန်းမာရေးနဲ့ ညီညွတ်ပြီး မျှတစွာ စားသောက်ဖို့ လိုပါတယ်။ အသားဓာတ်၊ သစ်သီး၊ ဟင်းသီး ဟင်းရွက်၊ ကောက်နှံ ကွေကာ တွေကို အဓိက စားသုံးပြီး အချို၊ အဆီနဲ့ အဆင်သင့် ပြုပြင်ထားတဲ့ အစာတွေ ကိုတော့ လျော့စား သင့်ပါတယ်။

(၄) ဖောလစ်အက်စစ် ဖြည့်စွက် သောက်သုံးပါ

ဖောလစ်အက်စစ်က ဖောလိတ်ရဲ့ ပြုပြင်ထားတဲ့ ပုံစံတစ်ခု ဖြစ်ပြီး သန္ဓေသားမှာ မွေးရာပါ ချို့ယွင်း ချက်ဖြစ်နိုင်ခြေကို လျှော့ချ ပေးပါတယ်။ သန္ဓေသားမှာ မွေးရာပါ ချို့ယွင်းချက် ဖြစ်ပေါ်တာက ကိုယ်ဝန်ရှိပြီလို့ မသိရှိ ခင်ကတည်းက ဖြစ်နေ နိုင်ပါတယ်။ ဒါကြောင့် မိခင်လောင်းတွေ အနေနဲ့ သားသမီး ယူဖို့ ကြိုးစားနေချိန် ကတည်းက ဖောလစ်အက်စစ်ကို ဖြည့်စွက် သောက်သုံးဖို့ FDA အကြံပြု ထားပါတယ်။

(၅) ဆေးလိပ်နှင့် အရက်ဖြတ်ပါ

သားသမီး ယူဖို့ ကြိုးစားနေချိန်မှာ အမျိုးသားတွေအနေနဲ့ ဆေးလိပ်သောက်တာ၊ အရက်သောက်တာ တွေကို ဖြတ်ဖို့ လိုပါတယ်။ ဒါတွေသုံးစွဲတာက အမျိုး သားတွေရဲ့ မျိုးပွားနိုင်စွမ်းကို လျော့နည်း စေတာကြောင့်ပါ။ ခရိုမိုဇုမ်းပျက်စီးတာ၊ သုက်ကောင် လေးတွေရဲ့ လှုပ်ရှားကူးခတ် နိုင်စွမ်းလျော့နည်းတာ၊ ပန်းသေပန်းညှိုးတာ စတာတွေကြောင့် အမျိုးသားတွေရဲ့ မျိုးပွားနိုင်စွမ်းကို လျော့နည်းစေတာပါ။

(၆) ဓမ္မတာ စက်ဝန်းကို သိရှိပါစေ

ရာသီလာပြီး ၁၄ ရက် မြောက်နေ့မှာ သားဥ ကြွေကျပြီး သားသမီး ရရှိနိုင်တဲ့ နေ့ပါ။ ဒီလို ရက်မျိုးမှာ အမျိုးသားနဲ့ အတူ နေတာက သားသမီး ရရှိဖို့ အခွင့်အလမ်း များနိုင်ပါတယ်။ အမျိုးသမီး တစ်ဦးနဲ့တစ်ဦးက ရာသီစက်ဝန်းချင်း မတူညီ တတ်ပါဘူး။ တချို့က ရက် ၃၀ မှာ တစ်ကြိမ် ရာသီလာ တတ်ပြီး တချို့လည်း အဲဒီထက် နောက်ကျ တတ်တာမျိုး ရှိပါတယ်။ ရာသီ စက်ဝန်း မတူညီပေမယ့် အဲဒီစက် ဝန်းရဲ့ အလယ်ရက်က သားဥြွေကရက်ပါ။

(၇) ကိုယ်အပူ ချိန်ကို လေ့လာပါ

ခန္ဓာကိုယ် အပူချိန်က သင့်ကို သန္ဓေအောင်စေနိုင်တဲ့ အကောင်းဆုံး အချိန်ကို ညွှန်ပြ ပေးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သားဥကြွေချိန်မှာ ပရိုဂျက်စတုန်း ဟော်မုန်း ထုတ်လုပ်တာကြောင့် သာမန် ကိုယ်အပူ ချိန်တက် အနည်းငယ် တက်နေ တတ်ပါတယ်။ သားသမီး ရရှိလိုသူတွေ အနေနဲ့ ဒီလို အချိန်ကို အကောင်းဆုံး အသုံးချ နိုင်ဖို့ လိုပါတယ်။

(၈) မိန်းမကိုယ်မှ ထွက်သော အချွဲ အကျိများ သတိထားကြည့်ပါ

သားဥကြွေ ချိန်မှာ မိန်းမကိုယ် ကနေ ချောမွတ်တဲ့ အရည်ကြည် လေးတွေ ထွက်ပါတယ်။ သုက်ကောင်လေးတွေ အလွယ်တကူ ဖြတ်သန်း ဝင်ရောက်နိုင် အောင်ပါ။ မိန်းမကိုယ်မှ ကြက်ဥ အကာလို အရည် ကြည်လေးတွေ ထွက်တဲ့ အချိန်ဟာ သား သမီးရရှိနိုင်တဲ့ အချိန် ဖြစ်ပါတယ်။

(၉) အတွင်းခံ ဘောင်းဘီကို ဂရုစိုက်ပါ

အမျိုးသမီးတွေ အနေနဲ့ အတွင်းခံ ဘောင်းဘီ တင်းကျပ် လွန်းတာ၊ လေဝင် လေထွက် မကောင်းတာတွေက ယောနိလမ်းကြောင်း ပိုးဝင်တာကို ဖြစ်စေပါတယ်။ အမျိုးသားတွေ မှာတော့ အတွင်း ခံဘောင်း ဘီကျပ် လွန်းတာ၊ လေဝင် လေထွက် မရှိတာ တွေကြောင့် ဝှေးစေ့ကနေ သုက်ကောင် ထုတ်လုပ်မှုကို ထိခိုက်စေပြီး မျိုးအောင် နိုင်စွမ်းကို လျော့နည်း စေပါတယ်။

(၁၀) သာယာကြည်နူးဖို့ အချိန်ပေးပါ

သားသမီး ရရှိဖို့က အမျိုးသားနဲ့အတူ သာယာကြည်နူးဖို့ အချိန်ပေး တာက အဓိက ကျပါတယ်။ စိတ်ဖိစီး မှုတွေ၊ အလုပ်တွေ အားလုံးကို မေ့ပျောက်ထား ပြီး သာယာကြည်နူးမှု တွေကို ဖန်တီးယူပါ။

အလင်း(ဆေးဝါး)

Written by  အာယု (မြ၀တီ)

အမျိုးသမီးများ ကိုယ့်ဖာသာကိုယ် ဆန္ဒ ဖြေဖျောက်တဲ့ အကျင့် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)


ကျန်းမာရေး အမြင်နဲ့ပဲ ကြည့်ကြပါနော်…

ဆရာရှင့် ကျမ အခု ရောဂါတခု ခံစားနေရလို့ စိတ်ပူလို့ ဆရာ့ကို မေးတာပါ ရင်ဖွင့်တာ ပါရှင့်။

ကျမ အသက်က ၃၂ နှစ် ရှိပါပြီ။ အပျိုပါရှင့်။ ကျမ အရမ်းချစ်တဲ့ ချစ်သူတယောက် ရှိပါတယ်။ ပြောချင်တာက ကျမ တခါမှ ယောက်ျားနဲ့ တူတူ မနေဘူးပါဘူး။ ချစ်သူရှိတယ် ဆိုတာကလည်း သူက အဝေးမှာပါရှင့်။ ကျမမှာ မကောင်းတဲ့ အချက်တခု ရှိပါတယ်။ ကျမ လိင်ဆက်ဆံ ချင်တဲ့စိတ် ခဏခဏ ဖြစ်ပါတယ်။

ဒါကြောင့် လွန်ခဲ့တဲ့ ၅ နှစ်လောက် တည်းက ကိုယ့်ဖာသာကိုယ် ဆန္ဒ ဖြေဖျောက်တဲ့ အကျင့် ဖြစ်သွား ခဲ့ပါတယ်။ ကျမ သွားတိုက်တံ လက်ကိုင်ထူထူနဲ့ ဟာမျိုးနဲ့ ၁ နှစ်လောက်ထိ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်း ကိုယ့်လက်နဲ့ ကိုယ်ပဲ လုပ်ပါတယ်။ မလုပ်ရင်လည်း ကျမ တကယ် မနေနိုင်တော့လို့ပါရှင့်။ အမှန်ဆိုရင်တော့ အဲလိုမျိုးကို မလုပ်ချင်ပါဘူး။ အဲလိုလုပ်တာ အပြစ်ရှိလားရှင့်။ အခု ကျမပြောချင်တာက ကျမရဲ့ သားအိမ်လို့ ထင်ရတဲ့ ဘယ်ဘက်ဆီးခုံ အထက်နားက တခါတခါဆိုရင် အရမ်းနာပါတယ်။ ဆိုင်ကယ် စီးတဲ့ အခါမျိုးမှာလည်း နာပါတယ်။ နောက်ပြီး လိင်ဆက်ဆံချင်တဲ့စိတ် ဖြစ်ရင် အခုနောက်ပိုင်း ကြောက်လို့ ဘာနဲ့မှ မလုပ်ဖြစ် ပါဘူးရှင့်။ အဲဒါဆိုလည်း အဲလိုစိတ် ဖြစ်လာတော့လည်း နာပါတယ်ရှင့်။

အဲဒါ ကျမ သားအိမ်မှာ ရောဂါများ ရနေတာလား၊ ကျမ လိင်ဆက်ဆံချင်တဲ့ စိတ်က ခဏခဏ ဖြစ်တာလည်း ရောဂါလားရှင့်။ နောက်ပြီး ကျမ ရည်းစားနဲ့ အိမ်ထောင်ကျခဲ့ ရင်ကော ကျမ အဲလိုမျိုးတွေ လုပ်ခဲ့ဖူးတာ ပြောပြရမှာလားရှင့်။ ကျမကို ဖြေကြားပေးပါရှင့်။

မိန်းမဖြစ်ဖြစ် ယောက်ျားဖြစ်ဖြစ် လိင်ဆက်ဆံ ချင်တဲ့စိတ် ခဏခဏဖြစ်တာနဲ့ ကိုယ့်ဖာသာကိုယ် ဆန္ဒဖြေဖျောက်တဲ့ အကျင့် ရှိတယ်ဆိုတာ ပုံမှန်စိတ်ဖြစ်တယ်။

အဲလိုမဖြစ်ရင်သာ ဆေးကုဘို့ လိုပါတယ်။ ၁၉၅ဝ တုံးက Alfred Kinsey (အဲလ်ဖရက်-ကင်ဆေး) လုပ်တဲ့ သုတေသန အရ ယောက်ျား ၉၂% နဲ့ မိန်းမ ၆၂% ဟာ ဘဝ တသက်တာမှာ ဖါသာ-အာသာဖြေတာ လုပ်ကြတာကို သိရတယ်။ ၂ဝဝ၇ ခုနှစ် ဗြိတိန်မှာ လေ့လာမှု လုပ်တော့လဲ အသက် ၁၆ နှစ်ကနေ ၄၄ နှစ်ကြား ယောက်ျား ၉၅% နဲ့ မိန်းမ ၉၁%

လုပ်ဖူးကြတာ သိရတယ်။

၂ဝဝ၉ ခုနှစ်မှာ ဗြိတိန်၊ နယ်သာလင် နဲ့ ဥရောပနိုင်ငံတွေက ဆယ်ကျော်သက် တွေကို နေ့တိုင်း Masturbation (မာစတာဘေးရှင်း) လုပ်စေဘို့ အားပေးခဲ့တယ်။ Orgasm (အော်ဂဇင်မ်) လိင်ဆန္ဒပြည့်ဝမှု ဆိုတာ အခွင့်အရေး တရပ် ဖြစ်တယ်လို့တောင် လက်ကမ်း ကြော်ညာမှာ ပါသေးတယ်။ ဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်တခုက Teen pregnancy ဆယ်ကျော်သက်- ကိုယ်ဝန်ရမှာနဲ့ STDs လိင်ကတဆင့် ကူးစက်ရောဂါ တွေကို ကာကွယ် စေဘို့ ဖြစ်ပါတယ်။ ဒီခေတ်မှာ Safe sex လို့ လူသုံးများလာပြီ။ စိတ်ချရတဲ့ လိင်မှုရေးရာလို့ ပြောချင်တာပါ။ HIV-AIDS ရောဂါ၊ အသဲရောင် ဘီ-စီ တွေပါ မကူးစက်နိုင်ပါ။

Benefits ကောင်းကျိုးတွေ

• Intercourse တကယ်တန်း လိင်ဆက်ဆံဘို့ အဆင်မပြေချိန်မျိုးမှာ လုပ်နိုင်လို့ တခြား မသင့်တာမျိုး အားကိုးစရာ မလိုတဲ့ အစားထိုးနည်းကောင်း ဖြစ်တယ်။

• Masturbation လုပ်တာကြောင့် လိင်ဆက်ဆံရာမှာ Fertility မျိုးပွါးစေရေး အားပေးတယ်။ ၂ဝဝ၉ ခုနှစ် သြစတြေးလျ လေ့လာမှုတခုအရ နေ့တိုင်း သုက်လွှတ်ခြင်းဟာ သုက်ပိုး-ကျန်းမာရေးကို အားပေးတယ်။

• Female masturbation အမျိုးသမီးတွေ ဖါသာ-အာသာဖြေတာကြောင့် ဗဂျိုင်းနာ၊ သားအိမ်ဝနဲ့ သားအိမ်တွေမှာ အပြောင်းအလဲတွေ ဖြစ်စေတယ်။ ဒါတွေကနေ သန္ဓေရစေဘို့ ပိုပြီး အဆင်ပြေစေမယ်။ ကလေးမရလို့ သုက်ပိုးကို အပြင်ကနေ ထည့်ပေးနည်း လုပ်အပြီး ၁-၄၅ မိနစ် အတွင်းမှာ Orgasm ရစေအောင်လုပ်နိုင်ရင် သုက်ပိုးက လိုရာခရီးကို ကောင်းကောင်း ရောက်စေတယ်လို့ သိရတယ်။ မ-မျိုးဥနဲ့တွေ့စေဘို့ ဖြစ်ပါတယ်။

• Female masturbation ကြောင့် သားအိမ်ဝက အချွဲကို အက်စစ်ဓါတ် ပိုစေတာမို့ ရောဂါပိုး ဝင်မှာကို အဟန့်အတားပြုရာ ကျတယ်။

• Relieve depression စိတ်ကျတာကို သက်သာစေပြီး၊ Higher sense of self-esteem ကိုယ့်ကိုယ်ကို ကျေနပ်မှု ပိုစေတယ်လို့ စိတ်ကျန်းမာရေး အရေးအသား တွေမှာ ဖတ်ရမယ်။

• Mutual masturbation ဆိုတာ နှစ်ဦးသား အပြန်အလှန် လိင်စိတ် ဖြေပေးကြတာ ဖြစ်တယ်။ ဘယ်လိုနေရာကို ဘယ်လို လုပ်တာကို တဖက်သား သဘောကျတယ် ဆိုတာကို

ဖေါ်ထုတ် ပေးမယ်။

• (STDs) လိင်ကတဆင့်-ကူးစက်ရောဂါတွေ ဖြစ်မှာကိုပါ နည်းစေတယ်။

• Masturbation လုပ်ပြီး Sexual climax ရစေတယ်ဆိုရင် Relaxed ကိုယ်ရောစိတ်ပါ ပြောလျှော့ သွားပြီး Contented state ကျေနပ်မှုရစေမယ်။ Drowsiness and sleep

အိပ်ပျော်စေမယ်။

• တချို့ဆရာဝန်တွေက (မာစတာဘေးရှင်း) လုပ်တာဟာ Cardiovascular workout နှလုံး- သွေးကြောဆိုင်ရာ လေ့ကျင့်ခန်းလို့ ယူဆကြတယ်။ သွေးတိုးကို ကျစေတယ်။

• ကိုယ်ဝန်မရစေဘူး။

Risks ဘာတွေကို ဂရုစိုက်ရမလဲ

• လက်ကို မတိုင်ခင် အသေအခြာ ရေဆေးပါ။ လက်သည်း ဖြတ်ထားရမယ်။ လက်မှာ အနာအဆာ မရှိရဘူး။

• အသုံးပြုတဲ့ ကိရိယာ ပစ္စည်းကြောင့် ဘေးဖြစ်မှာ သတိထားပါ။ ဂျာမနီမှာ တခါက အမျိုးသမီး တယောက် ခဲတန်က ဆီးအိမ်ထဲ ရောက်နေတာ ဖြစ်ဘူးတယ်။ ဗဂျိုင်းနားနဲ့ ဆီးသွားပေါက် မှားသွားလို့ ဖြစ်တယ်။

• စအိုကို ထိကိုင်ရင် ပိုသတိကြီးရမယ်။ စအိုသုံးသူတွေဆိုရင် Latex gloves (လေးတက်စ်) လက်အိပ် သုံးရမယ်။ ရေကိုအခြေခံလုပ်တဲ့ Lubricant ချောဆီသုံးရမယ်။ စအိုနဲ့ ဗဂျိုင်းနား အပြန်အလှန် လက်သွားတာ မကောင်းဘူး။

• Finger cot (Finger condom) လက်ဖျားထိပ် (ကွန်ဒွမ်) ဆိုတာလဲရှိတယ်။ အထဲမှာ ကျွတ်ကျန် နေမှာကို သတိထားရတယ်။

Methods နည်းလမ်းတွေ

“ဘယ်နည်းက အကောင်းဆုံးသလဲ မပြောနိုင်ပါ” လို့ Paul Joannides စိတ်အထူးကု ဆရာဝန်က ဆိုပါတယ်။ အများဆုံး သုံးကြတာက (၁) Fingers နဲ့ (၂) Vibrators ကိရိယာ ဖြစ်တယ်။ အမေရိကား မှာတော့ လေ့လာမှုတခုထဲက “အသက် ၁၈ ကနေ ၆ဝ နှစ်ကြားရှိ အမျိုးသမီးပေါင်း ၂ဝ၅၆ ယောက်ထဲမှာ တဝက်ကျော်က Vibrator သုံးတယ်”လို့ Indiana University အင်ဒီယာနာ-တက္ကသိုလ် Center for Sexual Health Promotion က တွဲဖက်-ဒါရိုက်တာ Debby Herbenick ကဆိုပါတယ်။ သူတို့ဟာ Masturbation ဖါသာ-အာသာဖြေတာ မှာရော Intercourse လိင်ဆက်ဆံ ရာမှာပါ သုံးကြတယ်။

Fingering လက်ကိုသုံးတဲ့နည်း

• Vaginal fingering ဗဂျိုင်းနာထဲ လက်ချောင်းထည့်ခြင်း ဆေးစကားလဲဖြစ်၊ ဥပဒေသုံးလဲ ဖြစ်တယ်။ လက်ချောင်း တချောင်း၊ တချောင်းမက ဖြစ်နိုင်တယ်။

လက်တခုလုံးဆိုတာလဲ ရှိသေးတယ်။

• Clitoris မ-အစိ၊ Vulva မိန်းမကိုယ်၊ Vagina (ဗဂျိုင်းနား) တွေကို လက်နဲ့ ပွတ်သပ်တာ၊ ကလိတာ၊ ထိုးသွင်းတာတွေ ပါမယ်။

• ရည်ရွယ်ချက် ၂ ခုရှိတယ်။ Sexual arousal and stimulation လိင်စိတ်ဖြစ်စေ၊ ကဲစေဘို့နဲ့ Orgasm လိင်ဆန္ဒ ပြည့်ဝစေဘို့ ဖြစ်တယ်။

• ဒီလို လုပ်တာချည်းနဲ့ အဆုံးသပ်တာရှိသလို တကယ့် လိင်ဆက်ဆံမှုရဲ့ အစိတ်အပိုင်း အဖြစ်လဲ Foreplay အစပိုင်းမှာ ဖြစ်ဖြစ် Sexual activities ကြားကာလမှာ ဖြစ်ဖြစ် လုပ်နိုင်တယ်။

• Mutual masturbation နှစ်ယောက်သား အပြန်အလှန် အာသာဖြေ ပေးတာမှာလဲ သုံးနိုင်သလို Finger oneself တယောက်ထဲလဲ လုပ်နိုင်တယ်။

• မိန်းမတယောက် Orgasm (အော်ဂဇင်မ်) ရစေဘို့ရာ Massage of the vulva မိန်းမကိုယ် နေရာကို ပွတ်သပ်ခြင်းနဲ့ အထူးသဖြင့် Clitoris မ-အစိကို ပွတ်သပ်ခြင်းဟာ အဓိက အရေးပါတယ်။

• Clitoral body မ-အစိကိုယ်ရော Shaft အရင်နေရာပါ သုံးနိုင်တယ်။ အများအားဖြင့် Skin of the clitoral hood မ-အစိ အထက်နေရာ အရေပြားကို ထက်-အောက်၊ ဘယ်-ညာ၊ စက်ဝိုင်းလို ကြိုက်သလို လုပ်နိုင်တယ်။

• Labia မိန်းမကိုယ် နှုတ်ခမ်းသားတွေနဲ့ ကျန်နေရာ မှန်သမျှကိုလဲ အသုံးပြုနိုင်တယ်။

Fingering the vagina (ဗဂျိုင်းနား) ထဲကို လက်ထည့်တာလဲ လုပ်ပါတယ်။

• G-Spot ဆိုတာကို ထိမိစေရတယ်လို့လဲ ပြောကြတယ်။ (ဗဂျိုင်းနား) ရဲ့ရှေ့ (ရှေ့ဆိုတာ ပက်လက် အိပ်နေရင် အပေါ်ကိုပြောတာပါ) ၅ စင်တီမီတာ နေရာမှာလို့ ဆိုတယ်။

• A-spot က သူ့ထက် ပိုနက်တဲ့နေရာမှာ ရှိတယ်။

• ဒါပေမဲ့ အဲဒီနေရာတွေ တကယ်ရှိ-မရှိ ငြင်းနေကြဆဲ ဖြစ်တယ်။

• ကိုယ့်ဖါသာကိုယ် လုပ်သူတွေက ဘယ်နေရာကို ဘယ်လိုလုပ်ရင် ကျေနပ်မှု ပိုစေမယ် ဆိုတာ ကိုယ်တိုင် သိပါတယ်။ ဆရာဝန်မလိုပါ။ သာယာမှုရရင် အရည်ပိုစို စွပ်လာမှာ အမှန်ပါ။

• G-Spot ejaculation ဆိုတာ ကျေနပ်မှု ကောင်းလွန်းပြီး အရည်ဟာ Urethra ဆီးထွက် လမ်းကနေ ထွက်တယ်။ Urine ဆီးတော့ မဟုတ်ဘူး။

• အမျိုးသမီးတွေ Orgasm ပြီးတဲ့အခါ ထွက်တဲ့အရည် Female ejaculate ထဲမှာ Antibodies (အင်တီဘော်ဒီ) တမျိုးပါတယ်။ အဲဒါဟာ ယောက်ျားတွေ Prostate ဆီးကျိတ်က ထွက်တာနဲ့ အလားတူတယ်။ အတွင်းကျကျ အထိ လက်ထည့်ရမှာမို့ လက်ချောင်းသုံး တာကြောင့် A-spot ကိုထိစေဘို့ နည်းတယ်။

Vibrator တုန်ခါမှုရှိတဲ့ ကရိယာနည်း

• (ဗစ်တိုးရီးယား) ခေတ်က Female hysteria အမျိုးသမီး (ဟစ်တီးရီးယား) ရောဂါ ကုသနည်း တခုထဲမှာ Masturbation နည်းပါတယ်။ Pelvic massage လို့သာ ခေါ်သေးတယ်။ ခေတ်ပေါ် Vibrators နဲ့ Sex toys တွေဟာ ၁၉၈ဝ နောက်ကစပြီး ပေါ်ပြူလာ

ဖြစ်လာတယ်။

• ၂ဝဝ၉ လေ့လာမှုတခုအရ အမေရိကားမှာ ၁၈-၆ဝ နှစ်အရွယ်ရှိ ယောက်ျား ၄၆% နဲ့ မိန်းမ ၅၃% ဟာ Vibrator သုံးသတဲ့။

• မိန်းမ ၃ဝ% ကသာ ပုံမှန် ဖိုမ ဆက်ဆံရာကနေ (အော်ဂဇင်မ်) ရတယ်။ အဲဒါအတွက် Vibrators ကို သုံးဘို့ ဆရာဝန်တွေက ညွှန်တယ်။ Masturbation အတွက်ရော Intercourse အတွက်ပါ အသုံးခိုင်းတာ ဖြစ်ပါတယ်။

• Clitoral vibrator ဆိုတာ သပ်သပ်လာသေးပေမဲ့ အားလုံးဟာ ဒီနေရာကို ထိမိ စေရတာ ဖြစ်တယ်။ ဒီဇိုင်းကတော့ အမျိုးမျိုးရှိတယ်။

o G-Spot Vibrator ဆိုတာလဲ လာသေးတယ်။ ခပ်ကောက်ကောက်ပုံ ရှိတယ်။

o Dildo-shaped ဆိုတာ ယောက်ျား-အင်္ဂါပုံ အတိုင်း အရွယ်တူ လုပ်ထားတဲ့ ကစားစရာမျိုး ဖြစ်တယ်။ Plastic (ပလပ်စတစ်)၊ Silicone (စီဘီကွန်)၊ Rubber (ရာဘာ)၊ Vinyl (ဗီနိုင်းလ်) နဲ့ Latex (လေးတက်စ်) ပစ္စည်းတွေနဲ့ လုပ်ထားတယ်။

o Waterproof လဲရှိတယ်။ ရေချိုးခန်းမှာ သုံးနိုင်ဘို့ ဖြစ်တယ်။

o Egg-shaped vibrator နဲ့ Rabbit ဆိုတာတွေက ဗဂျိုင်းနာရော (ကလိုက်တောရစ်)

ကိုပါ ထိမိစေဘို့ လုပ်တားတယ်။

• ကနေဒါနိုင်ငံက (တိုရွန်တို) လေ့လာမှုအရ ဖါသာ-အာသော ဖြေရာမှာ (ဘိုင်ဗရေတာ) ကို အသုံးများရင် တကယ်တန်း ခင်ပွန်း-အဖေါ်နဲ့ဆက်ဆံချိန်မှာ (အော်ဂဇင်မ်) ရတာကို Desensitize ပြောင်ပြန်အကျိုး သက်ရောက် စေနိုင်တယ်လို့ သတိပေးတယ်။ အဲဒီ ဆရာဝန်က

သူ့လူနာတွေကို (အိုက်စ်ခရင်မ်) ကို နေ့တိုင်း မစားချင်ကြသလို နေသင့်တယ်လို့ အကြံပေးတယ်။ Autonomic nervous system အလိုအလျှောက် သက်ရောက်တဲ့ အာရုံကြော စနစ်က အကျင့် ရသွားစေမယ်လို့ ပြောတာ ဖြစ်ပါတယ်။

• Vibrator သုံးရင် လိင်အင်္ဂါနေရာမှာ နာတာ-ထုံတာ ဖြစ်မလား သတိထား သင့်တယ်။

Herbenick's vibrator survey သုတေသနအရ ၃ဝ% မှာ အဲလိုဖြစ်တယ်။

တခြားနည်းတွေ

• တချို့က Back of a vibrating toothbrush head တုံခါမှု လုပ်ပေးနိုင်တဲ့ သွားတိုက်တံ ခေါင်းရဲ့ နောက်ဖက်၊

• တချို့က Handle of a hairbrush ခေါင်းဘီး လက်ကိုင်ရိုး၊

• တချို့က Water jets in the bathtub ရေချိုးခန်းက ရေပန်း ထိပ်ဖျား သုံးကြတယ်။

• တခြားနည်းနာတွေလဲ ရှိမှာပါ။

ရောဂါမဟုတ်ပါ

• မိန်းကလေးတွေလဲ ယောက်ျားလေးတွေလိုဘဲ ဖါသာအာသာ ဖြေဖျောက်တာ လုပ်မိတာကို Feel guilty အပြစ်လုပ်သလို ခံစားတတ်ကြတယ်။ Sex therapists လိင်အထူးကု ဆရာဝန် တွေကတော့ အဲလို မထင်မြင်သင့်ဘူးလို့ ဆိုပါတယ်။

• Mood စိတ်မူ၊ Spirits စိတ်ဓါတ် တက်စေမယ်။ စိတ်ကျနေသူတွေကို သက်သာရာ ရစေမယ်။

Solo sex တယောက်ထဲစခန်းသွားတာမို့ ကိုယ့်အဖေါ် ဘယ်လိုနေမလဲ ဆိုတာ စိတ်ကူး ထည့်စရာလဲ မလိုဘူး။

• အဲလိုလုပ်တာဟာ ကိုယ့် ခင်ပွန်း-အဖေါ်ကို မချစ်လို့လဲ မဟုတ်ဘူး။ ကိုယ့်အတွက် ကိုယ်လုပ်တာသာ ဖြစ်တယ်။ သူနဲ့နေတဲ့ အခါမှာလဲ ပိုပြီးသာလွန် ကောင်းမွန် စေနိုင် သေးတယ်။ သူ့ကိုကိုယ်ကနေ ဘယ်လိုကဘယ်လိုဆိုတာ ဆရာလုပ်နိုင်တယ်။

• ယောက်ျားနဲ့နေလို့ (အော်ဂဇင်မ်) မရတတ်သူတွေ ဒီနည်းနဲ့ကူနိုင်တယ်။ Lubrication စိုစွပ်မှု၊ Desire ဆန္ဒဖြစ်ပေါ်မှု၊ Arousal စိတ်နိုးထမှု နဲ့ Orgasm (အော်ဂဇင်မ်) တွေမျာ ပိုကောင်း စေတယ်။

• Pain နာတတ်တာလဲ သက်သာစေမယ်။ မနာတတ်သူတွေလဲ သုံးကြတာပါဘဲ။

• သိတဲ့အတိုင်း အမျိုးသမီးများဟာ စိုးရိမ်မှုများတတ်တယ်၊ ဖိစီးမှုများ တတ်တယ်။ ဒါ့ကြောင့် စိတ်ဖြေ လျှော့ပေးဘို ပိုလိုမယ်။ (မာစတာဘေးရှင်း) ကနေ ကူညီနိုင်တယ်။

• Migraine (မိုင်ဂရင်း) ခေါင်းမူး-ခေါင်းကိုက်ရောဂါ ရှိသူတွေကိုလဲ သက်သာရာ ရစေနိုင်တယ်။ ခပ်ရှားရှား တချို့လူနာတွေမှာ (အော်ဂဇင်မ်) ကနေ (မိုင်ဂရင်း) ထတတ်တယ်။

• Menstrual cramps ရာသီလာရင်နာတာ နဲ့ Premenstrual syndrome (PMS) ရာသီအလာခင် ဖြစ်ချင်တာတွေ ကိုပါ သက်သာ စေမယ်။

From:ဒေါက်တာ တင့်ဆွေ

Written by  အာယု (မြ၀တီ)

ရင်သားတွဲ ကျခြင်းကို ကာကွယ်နိုင်သော နည်းလမ်းများ


ပြည့်ဖြိုး တင်းရင်းတဲ့ ရင်သားအလှကို ပိုင်ဆိုင်လိုတာ မိန်းကလေးတိုင်းရဲ့ ဆန္ဒဖြစ်ပါ လိမ့်မယ်။ မိန်းကလေး တစ်ယောက်ရဲ့ အလှတရားကို ထင်ရှား ပေါ်လွင်စေပြီး ဆွဲဆောင်မှု ရှိစေတဲ့ အရာတွေထဲမှာ ရင်သားက မရှိမဖြစ်ပါ။

သင့်ကောက်ကြောင်းလေး အထင်သား ပေါ်လွင်စေဖို့ ရင်သားကလည်း ပံ့ပိုးပေးပါတယ်။ ဒါပေမဲ့ တစ်ချိန်မှာ ဒီအလှတရား ဆုံးရှုံးသွားမှာကို သင်စိုးရိမ် နေပါသလား။ အဆီတွေ၊ ဂလင်းတွေ၊ တွယ်ဆက် တစ်သျှူးတွေနဲ့ ဖွဲ့စည်းထားတဲ့ သင့်ရင်သားဟာ တစ်သျှူးတွေ လျော့ရဲ လာတဲ့အခါ၊ တစ်သျှူးရဲ့ ကျုံ့နိုင်ဆန့်နိုင်တဲ့ စွမ်းအား လျော့နည်း လာတဲ့အခါ မျိုးတွေမှာ တွဲကျလာ တတ်ပါတယ်။

မိန်းကလေး အများစုက ရင်သား တွဲကျလာတာကို မလိုလား ကြသလို သင်တို့ရဲ့ အမျိုးသား အဖော်ကလည်း နှစ်သက်မှာ မဟုတ်ပါဘူး။ ရင်သား တွဲကျတာကို နို့သီးခေါင်းရဲ့ အနေအထားပေါ် မူတည်ပြီး ခွဲခြား နိုင်ပါတယ်။ နို့သီးခေါင်းက ပုံမှန် အနေအထားထက် အနည်းငယ် နိမ့်ကျနေပါက ရင်သား တွဲကျတာ သိပ်မဆိုးပါဘူး။ တကယ်လို့ နို့သီးခေါင်းတွေက ပုံမှန် အနေ အထားထက် အလွန်အမင်း နိမ့်ကျပြီး အောက်ဘက်ကို စိုက်နေရင်တော့ ရင်သား တွဲကျတာ ဆိုးနေပါပြီ။

ရင်သား တွဲကျစေသော အကြောင်းအရာများ

၁။ ကိုယ်အလေးချိန် ကျဆင်းခြင်း

ကိုယ်အလေးချိန် ကျဆင်းတာက ရင်သား တွဲကျတာကို ဖြစ်စေတဲ့ အဓိက အကြောင်းရင်းပါ။ ခန္ဓာကိုယ် အလေးချိန် တိုးလာတဲ့အခါ အရေပြားကို ကျယ်ပြန့်အောင် ဆန့်ထားတာကြောင့် တင်းတင်းရင်းရင်း ဖြစ်စေပါတယ်။ ရုတ်တရက် ကိုယ်အလေးချိန် လျော့သွားတဲ့အခါ ခန္ဓာကိုယ် တစ်ခုလုံးက အရေပြားတွေ လျော့တွဲလာသလို သင့်ရင်သားတွေလည်း လျော့တွဲလာ စေပါတယ်။

၂။ ကမ္ဘာမြေကြီး ဆွဲငင်အား

ကမ္ဘာမြေကြီး ဆွဲငင်အားက သင့်ရင်သားကို တွဲကျစေတယ်ဆိုလို့ မအံ့သြ လိုက်ပါနဲ့။ ဒါက အမှန်တကယ်ပါပဲ။ ကမ္ဘာမြေကြီး ဆွဲငင်အားက အရာ အားလုံးကို ဆွဲထားသလို သင့်ရင်သား ကိုလည်း ဆွဲတာကြောင့် တွဲကျ စေတာပါ။ ရင်သား တစ်သျှူးတွေကို လျော့ရဲစေသလို ရင်သားမှာ အရေး ကြောင်းတွေကိုပါ ဖြစ်ပေါ်စေပါတယ်။

၃။ မီးယပ်သွေးဆုံးခြင်း

အမျိုးသမီးတွေ သွေးဆုံးချိန်မှာ အီစထရိုဂျင် လို့ခေါ်တဲ့ မဟော်မုန်းဓာတ် လျော့နည်း သွားပါတယ်။ အဲဒီအချိန်မှာ ရင်သားကို တင်းရင်း ပြည့်ဖြိုးစေတဲ့ ကော်လာဂျင်တွေ လျော့နည်း သွားပြီး သင့်ရင်သားကို လျော့တွဲလာ စေပါ တယ်။

၎။ လျော့ရဲသော ဘရာစီယာ ဝတ်ဆင်ခြင်း

အမျိုးသမီးတွေ အတွက် အရေးကြီးဆုံးက ဘရာစီယာကို ရင်သား အရွယ် အစား အလိုက် သင့်တော်တဲ့ ပုံစံအနေအထား ဝတ်ဆင်ဖို့ပါ။ ဘာကြောင့်လဲ ဆိုတော့ ဘရာစီယာ ပုံစံမှန်မှန် မဝတ်ဆင်တာက သင့်ရင်သားကို တွဲကျ စေတာကြောင့်ပါ။

ဘယ်လို ကာကွယ်ရမလဲ -

၁။ အစားထိုးခြင်း၊ ခွဲစိတ်ခြင်း

ရင်သားပိုမို ပြည့်ဖြိုးစေဖို့နဲ့ တင်းတင်းရင်းရင်း ရှိစေဖို့ ရင်သား အစားထိုး ခြင်းနဲ့ ရင်သား ခွဲစိတ်ပြုပြင်ခြင်းတွေ ပြုလုပ်လို့ ရပါတယ်။ ရင်သား တွဲကျ နေသူ တစ်ယောက်အနေနဲ့ ရင်သား အစားထိုးခြင်းနဲ့ ရင်သား ခွဲစိတ်ပြုပြင် ခြင်းတွေ လုပ်တာက တွဲကျနေတဲ့ ရင်သားကို အပြည့်အဝ မပြုပြင်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ပြုပြင်တာဟာ ရင်သား ပြည့်တင်း လာပေမယ့် နို့သီး ခေါင်းကတော့ အောက်ဆိုက်နေ နိုင်ပါတယ်။

၂။ အရွယ်အစားနဲ့ ကိုက်ညီသော ဘရာစီယာ ဝတ်ဆင်ပါ

ရင်သား အရွယ်အစားနဲ့ ကိုက်ညီပြီး သင့်တော်တဲ့ ဘရာစီယာအရွယ်အစားကို ရွေးချယ် ဝယ်ယူကာ ၀တ်ဆင်ပါ။ ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့တိုက်ကျွေးချိန် တွေက ရင်သား တွဲကျနိုင်တာ ကြောင့် သင့်တော်တဲ့ ဘရာစီယာ ဝတ်ဆင် ပေးဖို့ ပိုမို အရေးကြီးပါတယ်။

၃။ သဘာဝကရတဲ့ ဆေး

ဒါတွေကို အသုံးပြုတာဟာ အန္တရာယ် အကင်းဆုံး၊ ငွေကုန်ကြေးကျ အသက် သာဆုံးနဲ့ ခွဲစိတ်စရာ မလိုတဲ့ နည်းလမ်း တစ်ခုပါ။ သဘာဝကရတဲ့ အရာ တွေနဲ့ ဖော်စပ် ထုတ်လုပ်ထားတဲ့ လိမ်းဆေး၊ ဖျန်းဆေးတွေ အသုံးပြုပြီး သင့်ရင်သား အလှကို ပြုပြင်နိုင်ပါတယ်။ အသင့်တော်ဆုံး နည်းလမ်းဖြစ် ပါတယ်။

၎။ နှိပ်နှယ်ပေးခြင်း

သင့်ရင်သားကို နှိပ်နယ်ပေးတာက ဆိုးကျိုး အန္တရာယ် တစ်စုံတစ်ရာ မပေးဘဲ သင့်ရင်သား တွဲကျတာကို ကာကွယ်ပေး နိုင်ပါတယ်။ နှိပ်နယ် ပေးတဲ့ အခါ ရင်သားအတွက် သီးသန့် ထုတ်လုပ်ထားတဲ့ အဆီနဲ့ လိမ်းဆေး တွေကို အသုံးပြုပြီး နှိပ်နယ်ပေးပါ။

Written by  အာယု (မြ၀တီ)

Friday, April 5, 2013

လွယ်ကူလေ့လာ ကလေးများအတွက် ပရိုဂရမ်းမင်းပညာ


ပရိုဂရမ်းမင်း (Programming) လို့ခေါ်တဲ့ ဘာသာရပ်ကို လွယ်တယ်လို့တော့ မပြောချင်ပါဘူး။ ဒါပေမယ့် အခက်ကြီးလို့လည်း မဆိုနိုင်ဘူး။ လွယ်ကူစွာလေ့လာနိုင်ဖို့ဆိုတာ နည်းသိရင်ရပါတယ်။ မြန်မာတွေဆိုလေ့ ရှိပါတယ်။ ဆရာမပြရင် ငပိဖုတ်တာတောင် နည်းမကျဘူးဆိုတာတော့ အမှန်ပဲ။ တကယ်တော့ “နည်း” ဆိုတာ “KEY” ပါပဲ။ အဲဒီ ကီးလေးကို တစ်ချက်တည်းသိလိုက်တာနဲ့ အားလုံးအဆင်ပြေစွာ လိုက်လုပ် နိုင်ပါလိမ့်မယ်။
ပညာရေးကို ဘယ်အချိန်မှာ စသင်သင့်သလဲဆိုတဲ့ မေးခွန်းကို အစဉ်အလာအတိုင်း ပြောရရင် အသက် ၅ နှစ်နဲ့ ၆ နှစ်လို့ဖြေကြမှာပဲ။ အသက် ၃ နှစ်လောက်ကတည်းကလည်း သင်ကြတာပဲ။ ဒါပေမယ့် ဒီအရွယ် တွေကို Logic လို့ခေါ်တဲ့ ယုတ္တိနည်းကျကျ ဆင်ခြင်တွေးခေါ်နည်းတွေကိုတော့ သွားသင်လို့ရဦးမှာ မဟုတ်ဘူး။ သူတို့မှာ ပညာအခြေခံလေးတွေ နည်းနည်းလိုသေးတယ်။
ဒါကြောင့် ကလေးတွေကို ပရိုဂရမ်းမင်းသင်မယ်ဆိုရင် အသက် ၁၂ နှစ်နဲ့ အသက် ၁၃ နှစ်လောက်မှ စတင် သင်ပေးဖို့ အကြံပြုချင်တယ်။ အထူးသဖြင့်တော့ အတန်းအနေနဲ့ Grade 7th or 8th လောက်ရောက်မှ သင်ပေးရင် ပိုပြီး အဆင်ပြေတယ်။ ဒါကလည်း ပုံသေပြောတာမဟုတ်ဘူး။ အချို့ကလေးတွေဟာ IQ အရမ်းမြင့်တာကြောင့် စောပြီးသင့်လို့ ရကောင်းရနိုင်ပါတယ်။
အသက်အပိုင်းအခြားကို ဆွေးနွေးပြီးရင် ဘယ်လို ပရိုဂရမ်းမင်း language ကိုသင်လေ့လာခိုင်းသင့်သလဲ ဆိုတာ ဆွေးနွေးချင်ပါတယ်။ ဒါကလည်း သင်ယူမှုနယ်ပယ်ကို ချုံ့ပြီး အခြေခံကိုတည်ဆောက်နိုင်အောင်လို့ ဖြစ်ပါတယ်။ ဒီနေရာမှာ ပရိုဂရမ်းမင်းအခြေခံကို တည်ဆောက်ဖို့ပဲပြောတာ။ ပရိုဂရမ်းမင်းကိုရေးတဲ့ syntax တွေကို တည်ဆောက်ဖို့ပြောတာ မဟုတ်သေးဘူး။ ဘယ်ဘာသာရပ်မဆို စိတ်ဝင်စားမှုရှိတယ်၊ သင်ယူရတာပျော်တယ်ဆိုရင် တတ်မြောက်ဖို့လွယ်ကူတတ်ပါတယ်။ ဒီတော့ ဘာကို သင်ပါလို့ မပြောချင် ပါဘူး။ ဘာတွေကို သင်ယူလေ့လာနိုင်တယ်ဆိုတာကို ဦးစွာပြောလိုပါတယ်။
အစဉ်အလာ ပရိုဂရမ်းမင်းဘာသာရပ်များ
အစဉ်အလာလို့ပြောလိုက်တာ အဖေတို့ အမေတို့ခေတ်က ပရိုဂရမ်းမင်းကိုပြောတာ။ ခုခေတ်မှာ တချို့ ဆိုရင် ကြားဖူးဖို့တောင်မလွယ်တော့ဘူး။ ဒီတော့ ပရိုဂရမ်းမင်းနဲ့ပတ်သက်တာတွေအားလုံးကို ခြုံငုံပြီး လေ့လာသုံးသပ်ကြည့်ရအောင်။
1.Lisp and Scheme
တကယ့်သုတေသနလုပ်ငန်းကြီးတွေ၊ တက္ကသိုလ်ကြီးတွေက သုတေသနလုပ်ငန်းကြီးတွေနဲ့ ပရိုဂရမ်းမင်း ကို သီအိုရီကျကျလေ့လာဖို့အတွက် အသုံးပြုကြတဲ့ ဘာသာရပ်ဖြစ်တယ်။ သူ့အခြေခံကိုသိဖို့ပဲ ဦးနှောက် ခြောက်လောက်အောင် ကြိုးစားရလိမ့်မယ်။ ဒါပေမယ့် ပညာရေးလောကမှာကတော့ ဒီ language ကို ဂုဏ်ယူစွာနဲ့ သင်ကြားနေကြတုန်းပဲ။ ဒီ language တွေကို လေ့လာချင်ရင်တော့ (http://racket-lang.org/) မှာသွားပြီးလေ့လာနိုင်တယ်။
2. Java
အလွယ်လမ်းကို လိုက်ချင်သူတွေအတွက်ကတော့ မတိုက်တွန်းချင်ပါဘူး။ ဒါပေမယ့် ကလေးတွေကို သင်မယ်ဆိုရင်တော့ Greenfoot (http://www.greenfoot.org/)  နဲ့ BlueJ  (http://www.bluej.org/) တွေကိုသင်ယူတတ်မြောက်လာရင် Java အတွက် အများကြီး အထောက်အကူပြုနိုင်တယ်။
3. C/C++
အခက်ဆုံးလို့ပြောရမယ်။ ကလေးတွေကို သင်မယ်ဆိုရင်တော့ ကန့်သတ်ချက်ရှိတယ်။ စိတ်ဝင်စားသွားရင် တော့ သင်ယူချင်စိတ်ရှိနိုင်တယ်။ စဖို့ပဲခက်တယ်။
4. C#
.NET လောက်အထိ တက်လှမ်းဖို့မှန်းထားတယ်ဆိုရင် ရွေးချယ်သင့်တယ်။ သူလည်း C++ လိုပဲ resource တွေ သိပ်မများပေမယ့် မိုက်ခရိုဆော့ဖ်ကတော့ Sharp Kids (http://msdn.microsoft.com/en-us/beginner/bb308756.aspx)  ဆိုပြီး အခြေခံကို လုပ်ပေးထားတာရှိတယ်။ .NET နဲ့ဆိုရင် web application တွေကိုရေးဖို့ လွယ်မယ်ထင်တယ်။ ပညာရေးအတွက်ဆိုရင် လေ့လာထား သင့်တဲ့ language လို့ပြောနိုင်တယ်။
5. Visual Basic
တကယ်လွယ်တဲ့ language တစ်ခုဖြစ်ပါတယ်။ သူမှာ ယခင် BASIC ဆိုတဲ့ ယခင် language အဟောင်းရဲ့ ရင်းမြစ်တွေ အများကြီးပါနေတယ်။ .NET နဲ့ C# အပြန်အလှန် အထောက်အကူပြုသလိုပါပဲ။ မိုက်ခရိုဆော့ဖ်ကတော့ Visual Basic ရဲ့အခြေခံဖြစ်တဲ့ ကလေးတွေအတွက် Very Bright Kids (http://msdn.microsoft.com/en-us/beginner/bb308758.aspx)  ဆိုတာကို ထုတ်ပေးထားတယ်။
6. Smalltalk
Squeak ရဲ့ မူကွဲလို့တောင်ပြောနိုင်တယ်။ ပရိုဂရမ်မင်းလေ့လာချင်တယ်လို့ပြောရင် သူငယ်ချင်းတွေကို ညွှန်းသင့်တယ်။ လက်ရှိ အကောင်းဆုံး tutorial အနေနဲ့ http://rmod.lille.inria.fr/botsinc လိုင်းမှာ ရနိုင် တယ်။ အဲဒီထဲက သင်ခန်းစာတွေဟာ Squeak: Learn Programming With Robots စာအုပ်ကို အခြေခံ ထားတယ်။
7. BASIC
တကယ့် ပရိုဂရမ်းမင်းဘိုးအေ language ပါ။ ဘီလ်ဂိတ်စ်တို့ လက်ဆော့ပြီး စတင်ခဲ့တဲ့ ပရိုဂရမ်းမင်း ဘာသာရပ်ပေါ့။ အဲဒီ language ကို အဖိုးတို့ခေတ် language  လို့ပြောနိုင်တယ်။ ခုထက်ထိ မိုက်ခရိုဆော့ဖ် က Small Basic for beginning developers (http://msdn.microsoft.com/en-us/beginner/ff384126.aspx) ဆိုပြီး တင်ထားပေးသေးတယ်။
8. Ruby
ကလေးတွေကို ပရိုဂရမ်းမင်းသင်ဖို့ အကောင်းဆုံး resource တွေ Ruby မှာရှိနေတယ်။ အခြား language တွေထက်လည်း လွယ်တယ်လို့ပြောကြတယ်။ Ruby for kids (http://ruby4kids.com/ruby4kids) နဲ့ RailsBridge (http://teachingkids.railsbridge.org/) တွေမှာ လေ့လာသင့်တယ်။
9. Python
လူငယ် developer တွေဖြစ်စေချင်ရင် Python ကို အကြံပြုချင်တယ်။ တကယ့်ကို ရေပန်းအစားဆုံးနဲ့ လူကြိုက်အများဆုံး language ဖြစ်လာတယ်။ လေ့လာချင်သူတွေအတွက် LiveWires (http://www.livewires.org.uk/python/home) ကိုညွှန်ချင်တယ်။
10. PHP
PHP ကိုတော့ စတင်လေ့လာတဲ့ကလေးတွေအတွက် မညွန်းချင်သေးဘူး။ Website တွေကို ဖန်တီးချင်စိတ် ရှိလာရင်တော့ စတင်လေ့လာဖို့အကောင်းဆုံးပဲ။ ခက်ပေမယ့် စတင်လေ့လာကတည်းက စိတ်ဝင်စားရင် သူ့မှာလည်း ရလဒ်ကောင်းတွေရှိတယ်။ ကလေးတွေအတွက် PHP For Kids tutorial (http://www.phpforkids.com/) မှာဝင်ပြီးလေ့လာကြည့်ဖို့ တိုက်တွန်းချင်တယ်။
11. HTML and JavaScript
ကလေးတွေအတွက် အခြေခံကျကျနဲ့ ပရိုဂရမ်းမင်းကို လေ့ကျင့်ပေးချင်တယ်ဆိုရင်တော့ လေ့လာခိုင်းဖို့ အသင့်ဆုံး language ပါ။ Website တွေကို ဖန်တီးဖို့ အခြေခံကျကျတဲ့ language တွေပါပဲ။ Waterbear (http://waterbearlang.com/) မှာ စိတ်ဝင်စားစရာကောင်းတဲ့ ပြကွက်တွေနဲ့ လေ့လာနိုင်သလို ပိုပြီးတော့ ကျယ်ပြန့်စွာ သိချင်ရင် HTMLIsEasy.com (http://www.htmliseasy.com/javascript/index.html) မှာ ၀င်ပြီးလေ့လာနိုင်တယ်။
အခြားလေ့လာသင့်တဲ့ language တွေကတော့ ML, Prolog, Haskell နဲ့ REBOL ဆိုတာတွေရှိသေးတယ်။ သိပ်ပြီးထွေပြားကုန်မှာစိုးရိမ်လို့ မပြောတော့ဘူး။ ပြီးတော့ အခြား language တွေလောက်လည်း နာမည် တော့ မကြီးဘူး။ ခက်လည်းခက်တာကြောင့်လည်းပါတယ်။ Language တစ်ခုဆိုတာ တတ်ထားပြီးရင် ပြန်ပြီး အသုံးချနိုင်တဲ့နယ်ပယ် ကျယ်ဝန်းမှအဆင်ပြေနိုင်ပါတယ်။
အခြားဆက်စပ်လေ့လာသင့်တဲ့ဝန်းကျင်
အထက်မှာဖော်ပြခဲ့တာတွေအပြင် website တွေမှာလည်း လေ့လာစရာတွေအများကြီးရှိတယ်။ အချို့သော လေ့လာစရာတွေက application တွေနဲ့ပဲတွဲပါလာတတ်တာတွေလည်းရှိသေးတယ်။
1. MSDN Development for Beginners, Kid Corner
http://msdn.microsoft.com/en-us/beginner/bb308754.aspx
မိုက်ခရိုဆော့ဖ်က ကလေးတွေကိုသင်ဖို့ဆိုပြီးတော့ စိတ်ဝင်စားစရာကောင်းအောင် တင်ထားပေးတယ်။ သူ့မှာပေးထားတဲ့ tutorial တွေကို သေသေချာချာလေ့လာသင့်ပါတယ်။
2. Teach Kids To Program
http://www.teachkidstoprogram.com/
ဒီ site ကတော့ ဂိမ်းဆော့ရင်းနဲ့ ကလေးတွေ ပရိုဂရမ်းမင်းကို စိတ်ဝင်စားသွားအောင် စွမ်းဆောင်ပေးသွား လိမ့်မယ်။
3. Alice
http://www.alice.org/
ကလေးတွေအတွက် လေ့လာဖို့အသင့်ဆုံး ပရိုဂရမ်းမင်းဝန်းကျင်တစ်ခုဖြစ်ပါတယ်။ အဲဒီမှာ Storytelling version (http://www.alice.org/kelleher/storytelling/index.html) ဆိုတာရှိတယ်။ အလယ်တန်း အဆင့်လောက်ပညာရေးနဲ့ ဆက်စပ်ပေးဖို့သင့်တယ်။ ဒီ version ဟာ အထက်တန်းနဲ့ ကောလိပ်အဆင့် တွေအတွက် အများကြီး အထောက်အကူပြုနိုင်ပါတယ်။
4. Logo
Logo ကတော့ ဟောင်းနေပြီဖြစ်တဲ့ language တစ်ခုပါ။ ဒါပေမယ့် သူလည်း ဟိုစပ်စပ် သည်စပ်စပ်တော့ ပါဝင်ပတ်သက်နေသေးတယ်။ Google မှာရှာရင် tutorial တွေအများကြီးရနိုင်သေးတယ်။ Windows version (http://www.elica.net/site/index.html) နဲ့ Mac version (http://www.terrapinlogo.com/) ဆိုပြီး နှစ်မျိုးလေ့လာနိုင်တယ်။ LCSI Microworlds (http://www.microworlds.com/) မှာ စီးပွားဖြစ်အောင်လေ့လာနိုင်တဲ့ အပိုင်းတွေအများကြီးရှိတယ်။ အဆင့်မြင့်လေ့လာချင်သူတွေ လက်မလွှတ်သင့်တဲ့ site တွေပေါ့။
5. Phrogram
http://phrogram.com/
ယခင်ကတော့ KPL (http://kidsprogramminglanguage.com/) လို့လူသိများတယ်။ သူလည်း လေ့လာ သင့်တဲ့အ၀န်းအ၀ိုင်းထဲမှာပါတယ်။ ကလေးတွေကို .NET အဆင့်အထိရောက်အောင်ဆွဲခေါ်သွားနိုင်တဲ့ language တစ်ခုလို့ဆိုနိုင်တယ်။
6. Scratch
http://scratch.mit.edu/
MIT Media Lab မှာရှိတဲ့ Lifelong Kindergarten Group ကနေပြီးတော့ တီထွင်ထားတဲ့ language ဖြစ်ပါ တယ်။ သူ့မှာ ဇာတ်လမ်းဆင်ထားတာတွေ၊ animation တွေ၊ ဂိမ်းတွေအစုံထည့်ပေးထားတယ်။ သိစရာ လေ့လာမှတ်သားစရာ information တွေနဲ့ tutorial တွေအများကြီးလေ့လာနိုင်တယ်။
7. Colobot (Colonize With Bots)
http://www.ceebot.com/colobot/index-e.php
စိတ်ဝင်စားစရာ ဂိတ်းတစ်ခုပါပဲ။ Wikipedia page (http://en.wikipedia.org/wiki/Colobot) မှာတော့ ပညာရေးဆိုင်ရာ ပညာပေးဂိမ်းလို့ဖော်ပြထားတယ်။ ဘာကြောင့်လဲဆိုတော့ ကစားသူက သူ့စက်ရုပ်တွေကို ပရိုဂရမ်းမင်း langauge သုံးမှ ခိုင်းလို့ရပါတယ်။ အဲဒီဂိမ်းမှာသုံးတဲ့ ပရိုဂရမ်းမင်းတွေက C++ သို့မဟုတ် Java language တွေနဲ့တူတယ်။
8. Terrarium
http://terrarium2.codeplex.com/
သူလည်း ဂရပ်ဖစ်ဒီဇိုင်းတွေ ဂိမ်းတွေနဲ့ဆင်ယင်ထားပြီး .NET အတွက် အများကြီးအထောက်အကူပြုနိုင် တယ်။ သူကတော့ ကလေးတွေအတွက်ရည်စူးလုပ်ထားတာတော့ မဟုတ်ဘူး။ ဒါပေမယ့် .NET လိုင်းကို သွားချင်ရင်တော့ လေ့လာသင့်တဲ့ site လေးတစ်ခုဖြစ်တယ်။
9. Lego Mindstorms
http://mindstorms.lego.com/
စက်ရုပ်တွေကို ထိန်းချုပ်ရာမှာ ပရိုဂရမ်းမင်း language နဲ့ထိန်းချုပ်မှရတယ်။ ဒီလိုထိန်းချုပ်နိုင်တဲ့ source တွေ၊ information တွေအများကြီးကို ဒီမှာလေ့လာနိုင်တယ်။ စိတ်ဝင်စားစရာကောင်းပါတယ်။
10. Stagecast Creator
http://www.stagecast.com/
လူငယ်တွေ မကြာမကြာဝင်ပြီးလေ့လာသင့်တဲ့ site လို့ ညွှန်းချင်ပါတယ်။ ငယ်ရွယ်တဲ့ကလေးတွေအတွက် ပိုပြီး ညွှန်းချင်တယ်။ ကိုယ်တိုင် ဂိမ်းတွေကို ကြိုက်တဲ့ ၀န်းကျင်တစ်ခုနဲ့တည်ဆောက်ပြီး ဖန်တီးနိုင်လို့ ပျော်စရာကောင်းတဲ့ site လေးတစ်ခုလို့ဆိုနိုင်တယ်။
11. ToonTalk
http://www.toontalk.com/
“ပရိုဂရမ်းမင်းဆိုတာ ကလေးကစားစရာ” ဆိုပြီး စီစဉ်ထားတဲ့ site ဖြစ်တယ်။ အထူးပြုလုပ်ချက် animation တွေနဲ့ ကလေးတွေကို မေးခွန်းလေးတွေ ဖြေခိုင်းသွားတယ်။ ဘာသာမျိုးစုံနဲ့ လေ့လာနိုင်အောင်လည်း  စီစဉ်ပေးထားသေးတယ်။
12. GameMaker
http://www.yoyogames.com/gamemaker/windows
ကလေးတွေအတွက် ဦးတည်ထားတဲ့ site တော့မဟုတ်ပါဘူး။ ဂိမ်းကိုတည်ဆောက်တဲ့ application ဖြစ်ပါ တယ်။ ပရိုဂရမ်းမင်းဆိုပြီး code တွေရေးဖို့လည်း မလိုပါဘူး။ Code ကိုအခြေမခံတဲ့ ပရိုဂရမ်မင်း language လို့ဆိုနိုင်တယ်။ ကလေးတွေဂိမ်းကို စိတ်ဝင်စားရင် အဆင့်မြှင့်လေ့လာခိုင်းသင့်တဲ့ site အဖြစ်တော့ ညွှန်းချင်ပါတယ်။
13. Inform
http://inform7.com/
Code တွေကိုလေ့လာချင်တယ်ဆိုရင်တော့ အလွယ်ကူဆုံး လေ့လာသင်ယူနိုင်ပါလိမ့်မယ်။ Code တွေကို သာမန် language ကနေ အဆင့်ဆင့် ဇာတ်လမ်းလေးရေးသွားသလို လေ့လာနိုင်တဲ့ site ဖြစ်ပါတယ်။
14. Learn to Program
ဒါကတော့ စာအုပ်ပါ။ ရေးသူက Chris Pine ဖြစ်ပြီး အကြိမ်ကြိမ်ဖတ်ပြီးလေ့လာချင်သူတွေအတွက် အခွင့် အလမ်းကောင်းဖြစ်နိုင်ပါတယ်။
အမှန်တကယ်လေ့လာမယ်ဆိုရင် site တွေအများကြီးရှိနိုင်ပါသေးတယ်။ လေ့လာစရာတွေကတော့ လိုက်လေပေးလေလို့ဆိုရမလားတောင် မသိဘူး။ ကလေးလိုစပြီး လေ့လာချင်တဲ့ လူကြီးတွေအတွက်ပါ ပရိုဂရမ်းမင်းဆိုတာ မခက်ပါဘူးလို့ အားလုံးက ညွှန်းဆိုကြပါလိမ့်မယ်။

Wednesday, February 27, 2013

ကျနော်လေးစားချစ်ခင်တဲ့နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်


အောင်မြင်စိုး(နော်ဝေး)

အမှန်ကိုပြောရယင် မြန်မာသမ္မတကြီး ဦးသိန်းစိန်ကို သိပ်အကောင်းမမြင်ခဲ့တဲ့အထဲမှာ ကျနောလဲ တယောက်အပါအ၀င်ဖြစ်ခဲ့တယ်။ကြံ့ဖွတ်ပါတီရဲ့စစ်ဘောင်းဘီချွတ် စစ်ဗိုလ်ချုပ်တဖြစ်လဲ ဒီစစ်ဗိုလ် ပြုတ်တွေအားလုံးဟာ ဒီပုတ်ထဲက ဒီပဲတွေပဲနေမှာပဲ၊ဘာမှမထူးပါဘူး ငါတကော ကောနေကြတဲ့ သန်းရွှေနောက်လိုက် ဗိုလ်ချုပ်တွေ။ဒီလိုပဲကျနော်ထင်ခဲ့တယ်။တခါတုန်းက ဆောင်းပါးတပုဒ်မှာ ဆို ယင် အမည်ခံ သမ္မတ လို့တောင်သုံးဖူးတယ်။
ဒါပေမယ့်လူဆိုတာ အဲဒီပုဂ္ဂိုလ်အကြောင်းသိလေ သူ့ကိုပိုမိုချစ်ခင်လေဆိုတဲ့စကားပုံရှိတယ်။ ပထမ ဆုံးသမ္မကြီးကိုသတိထားမိတာက သူ့မွေးဖွားရာ ကျေးလက်တောရွာကလေး။ဒီလိုတောရွာကလေး ကနေမွေးဖွားလာတဲ့ ဒီကျေးတောသားလေးဟာ ဒီကနေ့မြန်မာနိုင်ငံရဲ့တကယ့်အပြောင်း အလဲ ကာလမှာ တိုင်းပြည်ရဲ့အရေးအကြီးဆုံး ပုဂ္ဂိုလ်ဖြစ် လာခဲ့တဲ့သူ့ရဲ့ ဇွဲ၊လုံ့လ၊၀ိရိယ တွေကို ကျနော် ခန့်မှန်းကြည့်တော့ အတော်မလွယ်တဲ့ကိစ္စဆိုတာသဘောပေါက်မိတယ်။ တခါသူ့ရဲ့ တိုင်းပြည် အပေါ်မှာထားတဲ့ရိုးသားတဲ့စေတနာနှင့်မေတ္တာ။၂၀၀၈-ခုနှစ်ဖွဲ့ စည်းပုံအရ သမ္မတ တယောက်ရဲ့ ခံစားခံစားပိုင်ခွင့်လစာကို မြန်မာကျပ်ငွေ သိန်း၅၀ သတ် မှတ် ထားပေမယ့် သမ္မတကြီးက မြန်မာပြည်မှာ တိုင်းပြည်နှင့်လူမျိုး ဒီလောက်ဆင်းရဲကျပ် တည်း နေ ကြတဲ့အချိန်မှာ သမ္မတ တယောက်က တိုင်းပြည်ရဲ့ဘဏ္ဍာငွေတွေကိုဒီလောက် မခံစား သင့် ဘူး ဆိုပြီး ရိုးသား စွာငြင်း ပယ်ခဲ့တယ်။ဒါတွေဟာ သမ္မတကြီးကို ကျနော်မလေးစားပဲမနေနိုင်တဲ့အချက်တွေထဲက တချို့ပဲ ရှိပါသေးတယ်။ န၀တ၊နအဖ လက်ထက်မှာ စစ်ဗိုလ်ချုပ်တွေ ဆယ်သက်စား မကုန် အောင် ချမ်း သာနေကြပေမယ့်၊ချမ်းသာအောင်ကြိုးစားနေကြပေမယ့် သမ္မတကြီးနှင့်သမ္မတ ကတော်တို့က တော့ တိုင်းပြည်ကခွင့်ပြုတဲ့ ၀န်ထမ်းအိမ်ယာလေးမှာအယင်ကရော ခုရော ကြေနပ်စွာ နေ ထိုင် နိုင်ခဲ့ကြတယ်။
ဒါတင်ပဲလားမကသေးပါဘူး။မကြာသေးခင်ကပဲ သမ္မတကြီးရဲ့မြေးလေးတယောက် ဆေးရုံကို တက် တယ်ဆိုတဲ့သတင်းကြားလိုက်ရတယ်။ဘယ်သူမှတောင်သတိမထားလိုက်ဘူးလို့ဆိုတယ်။နောက်
ပိုင်းသမ္မတကြီးကိုယ်တိုင်ရောက်လာပြီးမှသမ္မတကြီးရဲ့မြေးလေးဆိုတာသိကြတယ်တဲ့။အဆောင်အယောင်အခမ်းအနား ကြွားဝါမှုတွေကို မကြိုက်လို့ သားသမီးမြေးတွေအထိဆုံးမထားနိုင်တဲ့ ကိုယ် တိုင်စံနမူနာ လုပ်ပြနိုင်တဲ့သမ္မတ ကြီးဆိုတာ နားလည်မိတယ်။အဲဒီနေ့က ကျသင့်ငွေတွေကို လဲ တကျပ်မကျန် ရှင်းပြီးမှ ဆေးရုံကနေ အေးအေးဆေးဆေး ထွက်ခွာသွားတယ်။ သမ္မတကြီး အနား မှာ မျက်နှာလို မျက်နှာရ လိုက်လုပ်ပေးမယ့်သူတွေဒုနင့်ဒေးရှိနေကြပေမယ့် ဒါတွေကို သူမနှစ် သက်ပါဘူး။ ဘာအခွင့်အရေးမှ မလိုချင်တဲ့သမ္မတကြီးပါ။
ကျနော် သဘောကျမဆုံးဖြစ်မိတဲ့နောက်တချက်က သမ္မတကြီးရဲ့ဘင်္ဂါလီတွေအပေါ်ပြတ်ပြတ် သား သား ဆုံးဖြတ်တဲ့လုပ်ရပ်ဖြစ်တယ်။ရခိုင်ပြည်တွင်းကို တဘက်နိုင်ငံတွေကနေနည်းမျိုးစုံနှင့်ခိုးဝင် နေထိုင်ကြတဲ့ဘင်္ဂါလီ တွေရဲ့ လူမျိုးအမည်အတုတတ်ပြီး ကမ္ဘာကိုလိမ်ညာနေတဲ့လုပ်ရပ်ကို သမ္မတ ကြီးက ကုလသမဂ္ဂရဲ့ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးလာတုန်းက ဘင်္ဂါလီတွေကို တာဝန် မယူ နိုင်ကြောင်း၊တရားမ၀င် ၀င်ရောက်နေထိုင်နေကြတဲ့ဘင်္ဂါလီတွေကို စခန်းသွင်းပြီး စောင့်ရှောက် ထားမယ့်အကြောင်း၊တတိယနိုင်ငံကလက်ခံမယ့် သူရှိယင်ပို့ပေးမယ့်အကြောင်း သတ္တိရှိရှိပြတ်ပြတ် သားသားပြောခဲ့တယ်။
တကယ်တော့ ရခိုင်ပြည်တွင်းက ဘင်္ဂါလီတွေကိစ္စကိုအခွင့်ကောင်းယူပြီး မြန်မာဒီမိုကရေးစီရေး လှုပ် ရှားသူတွေဆိုသူတွေရော၊နိုင်ငံတကာက မြန်မာ့အရေးစိတ်ဝင်စားသူ ဆိုသူတွေရော လုပ်စား နေကြတာအများကြီးပါ။ မြန်မာပြည်တွင်းက တိုင်းရင်းသားမဟုတ်မှန်းသိသိကြီးနှင့်၊ ခိုးဝင် ဘင်္ဂါလီ တွေမှန်း သိသိကြီးနှင့် ထောက်ပံ့ပေးကမ်းထားကြတာတွေလျော့သွားမှာစိုးလို့ အတိုက် အခံနိုင်ငံ ရေးသမားဆိုသူတွေတချို့ဟာ ပြည်တွင်းမှာရော ပြည်ပရောက်သူတွေပါ နှာစေးနေကြတယ်။
ဒါပေမယ့် သမ္မတကြီးကတော့ အမျိုး ဘာသာ သာသနာတော်ကြီး ဆုံးရှုံးပျက်စီး မယ့် အန္တရယ်၊ နောင်အနာဂတ်မှာ တိုင်းရင်းသားရခိုင်ပြည်သူတွေရဲ့အမျိုးပျောက်မယ့်အန္တရယ် ၊ပြည်ထောင်စု မြန်မာ နိုင်ငံတော်ရဲ့ပိုင်နက်နယ်မြေတွေ တိုင်းတပါးသားဘင်္ဂါလီတွေ လက်ထဲကိုအလို အလျောက် ရောက် သွားမယ့်အန္တရယ်တွေကိုသိမြင်ပြီး အမြော် အမြင်ကြီးမားစွာနှင့် တိုင်းရင်း သား ပြည် သူ တွေဖက်က မားမားမတ်မတ် ရပ်တည် ပေး ခဲ့တာဖြစ်ပါ တယ်။ဒါဟာ သမ္မတကြီးရဲ့ တိုင်းပြည် အ တွက် အဖိုးမဖြတ်နိုင်တဲ့ လုပ်ရပ်တခုပါ။ ဒီလိုပြော လိုက်တဲ့ အတွက် နိုင်ငံတကာမှာ သမ္မတကြီးကို ဝေဖန်သံတွေ ထွက်လာခဲ့ပေမယ့် အမှန်တရားတခုအတွက် ကမ္ဘာ ကြီးကိုရဲရဲဝံ့ဝံ့စိန်ခေါ်ဖို့လဲ ကျနော် တို့ သမ္မတကြီး နောက်မတွန့်ခဲ့ပါဘူး။
နိုင်ငံခြားမိတ်ဆွေတယောက်ကကျနော့ကိုမေးဖူးတယ်။မြန်မာပြည်အပြောင်းလဲတွေဖြစ်ယင်၊သူ့အ
ပြောအတိုင်းပြောရယင် ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ယင် မင်းတို့တိုင်းပြည်မှာ အယင် တုန်း က လူ့အခွင့်ရေး ချိုး ဖောက် ခဲ့တဲ့ စစ်ဗိုလ်တွေကို အပြစ်ပေး ကလေ့စား ချေကြမှာ လားတဲ့။ ကျနော်က ပြောတယ်။ မလုပ် ပါဘူး။တယောက်နှင့်တယောက်အပြန်အလှန်ကလေ့စားချေ သတ် ဖြတ် တတ်တဲ့အလေ့အထကိုကျနော်တို့မလုပ်ပါဘူး။တကယ်တော့ စစ်ဗိုလ်တွေရော ကျနော် တို့ ပြည်သူ တွေရော တိုင်းပြည် ကို ကောင်းစေချင်ကြတဲ့လူ တွေချဉ်း ပါပဲ။ လျှောက်တဲ့ လမ်းချင်း မတူတဲ့အခါ အခန့်မသင့်လို့ပဋိပက္ခ တွေ ဖြစ်ကြတယ်။ မှားတာတွေလဲရှိခဲ့ကြမယ်။မှားတဲ့သူက မှားမှန်း သိတဲ့နေ့ တောင်းပန်လာယင် ကျနော် တို့ခွင့်လွှတ်ဖို့အဆင် သင့်ပါပဲ။ သူကဆက်မေး တယ်။ဒီစစ်ဗိုလ်ချုပ်တွေ တနေ့ ပြည်သူတွေ ကို တောင်းပန်လိမ့်မယ်လို့မင်းထင် သလားတဲ့။ ငါမပြောတတ်ဘူး။ကာယကံရှင်တွေပဲသိလိမ့်မယ်။တခုပဲငါပြောနိုင်တာက ဒို့ပြည်သူတွေအားလုံး တို့တိုင်းပြည်ကိုအကောင်းဆုံးတည်ဆောက် လိုတဲ့ ဆန္ဒ ကိုယ်စီရှိနေကြတယ်။ သူဘာမှဆက် မမေးတော့ပါဘူး။
တကယ်တော့ဒီနေ့မြန်မာပြည်ဟာ အကောင်းဆုံးအချိန်ကိုမရောက်သေးပါဘူး။ကချင်ဒေသက စစ် မီး ငွေ့တွေမသေသေးပါဘူး။လက်ပတောင်းတောင်ကြေးနီစီမံကိန်းပြသနာကို အားလား လုံး စိတ် ကြေနပ်အောင် မြွေမသေ တုတ်မကျိုးအနေအထားဖြစ်အောင်မဖြေရှင်းနိုင်သေးပါဘူး။ တိုင်းပြည် တွင်းမှာ လဘ်ပေးလဘ် ယူမှုတွေ၊ လူ့အခွင့် အရေး ချိုးဖေါက်မှုတွေ စတဲ့ဖြေရှင်း ရမယ့် ကိစ္စဒုနင့်ဒေရှိနေပါသေးတယ်။ဒါပေမယ့်ဒါတွေအားလုံးကို အခုချက်ခြင်းသမ္မတကြီး တာဝန်ယူပေး ပါ။ သမ္မတကြီး ဖြေရှင်းပေးပါဆိုယင် မတရားပါဘူး။ရာစုနှစ်ဝက်ကျော်ဖြစ်ပေါ်နေတဲ့ နာတာ ရှည် ရောဂါကြီးကိုတချက်တည်းအပြီးကုဖို့ဆိုတာ နတ်သိကြားတောင်မလွယ်တဲ့ကိစ္စပါ။
မကြာခင်မှာ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ဟာ နော်ဝေးနိုင်ငံကို နိုင်ငံတော် ဧည့်သည် အ ဖြစ်နှင့်ရောက်လာတော့မှာဖြစ်ပါတယ်။ကျနော်တို့တွေကြားထဲမှာ အဆင်မပြေတာတွေ အလိုမကျ တာတွေရှိနောကြမှာဖြစ်ပေမယ့် သူဟာ ကျနော်တို့နိုင်ငံကိုကိုယ်စားပြုပြီးလာရောက်လည်ပတ်တဲ့ နိုင်ငံတော်သမ္မတကြီးဖြစ်တာမို့နော်ဝေးနိုင်ငံကိုရောက်နေတဲ့ကျနော်တို့ မြန်မာပြည်သူတွေအားလုံး သမ္မတကြီးကိုဝမ်းသာစွာကြိုဆိုကြရပါမယ်။တန်ဖိုးထားလေးစားကြရပါမယ်။နော်ဝေးပြည်သူတွေ
နှင့်ကမ္ဘာ့ပြည်သူတွေရှေ့မှာ ကျနော်တို့မြန်မာတွေရဲ့ယာဉ်ကျေးဓလေ့ထုံးတမ်းတွေ၊ကြီးသူကိုရိုသေ၊ ရွယ်တူကို လေး စား ငယ်သူကိုသနာငဲ့ညှာတတ်တဲ့ အလေ့အထတွေကို ပြသကြရပါမယ်။ရိုင်းစိုင်း
တဲ့အပြုအမူတွေနှင့် အကြမ်းဖက်ဆန္ဒပြတာတွေ၊နိုင်ငံတော်အလံကိုမီးရှို့တာတွေ စတဲ့ အောက် တန်း ကျတဲ့အပြုအမူတွေကို မလုပ်မိကြစေဖို့ကျနော်တို့တွေအားလုံးသတိထားကြရပါမယ်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတကြီးဦးသိန်းစိန်ကို နော်ဝေး နိုင်ငံ က ၀မ်းမြောက်လှိုက် လှဲစွာ ကြို ဆို ပါ တယ်။သမ္မတကြီးနှင့်မိသားစုကျန်းမာပါစေ။

Sunday, December 16, 2012

ဆိုရေးရှိက ဆိုအပ်လှ၏



 ရခိုင်ပြည်မှာ ရခိုင်နင့်ဘင်္ဂါလီအရေးအခင်းပထမအကြိမ်စဖြစ်ကတည်းက ပြောမယ်လို့ကြံနေ တာ တွေ ပြောချင်နေတာတွေအများကြီး။သို့သော် ကိုယ်ပြောတဲ့စကားတိုင်း စကားလုံးတိုင်းက လူ့အဖွဲ့အစည်းအေးချမ်းဖို့ တည်ငြိမ်ဖို့ကိုဦးတည်သော အပြောမျိုး အပြုအမူမျိုးသာပြောချင်သည်။
ပဋိပက္ခကိုဖြစ်ပေါ်စေသော ငြိမ်းချမ်းမှုကို ဖျက်ဆီးစေသော စကားလုံးများ အပြောအဆို များဖြစ် သွားလျှင်အပြစ်မဲ့ပြည်သူများကိုထိခိုက်နိုင်ပါသည်။ဆူပူမှုများအကြမ်းဖက်မှုများဖြစ်လာလျှင်ပဋိပက္ခဖြစ်ပေါ်
မှုနှင့် ဆက်စပ်သူအားလုံးထိခိုက်နစ်နာနိုင်သည်။ဒါတွေကို အေးချမ်းမှုကို တန်ဖိုးထားသူ တိုင်း အထူးသတိထားကြရမည့်ကိစ္စဖြစ်ပါသည်။
နောက်တခါ ကိုယ်က ရခိုင်မို့လို့ရခိုင်ဖက်က လိုက်ပြောတာမျိုး၊ဘင်္ဂါလီမို့ဘင်္ဂါလီဖက်က လိုက် ပြော တာမျိုး၊ဗမာမို့ ဗမာဖက်က လိုက်ပြောတာမျိုး၊ချင်းမို့ချင်းဖက်ကလိုက်ပြောတာမျိုး၊ ကမန်မို့ ကမန် ဖက်ကလိုက်ပြောတာမျိုးရှမ်းမို့ ရှမ်းဖက်က လိုက်ပြောတာမျိုး အစ္စလမ်ဘာသာဝင်မို့ဘာသာ တူသူ ဘက်ကလိုက်ပြောတာမျိုး၊ဗုဒ္ဓဘာသာမို့ ကာကွယ်ပြောတာမျိုး မဖြစ်သင့်ပါ။ တရားမျှ တမှု ကို ရှေ့ရှူ သော ပြောဆိုမှုမျိုးသာဖြစ်သင့်ပါသည်။
ကျောက်နီမော်ရွာသူတယောက်မုဒိန်းကျင့်ခံရသည့်ကိစ္စမှာ မုဒိန်းကျင့်သူကို  တရားဥပဒေအတိုင်း အရေးယူလိုက်ဖို့သာအဓိကဖြစ်ပါသည်။မူဆလင်ဘာသာကို ကိုးကွယ်သူမုဒိန်းကျင့်သည်ဖြစ်စေ ဗုဒ္ဓဘာသာ ကို ကိုးကွယ်တဲ့သူ မုဒိန်းကျင့်သည်ဖြစ်စေ အပြစ်ရှိတာက ရှိတာသာဖြစ်ပါသည်။ဒါကို ကုလားတွေ မုဒိန်း ကျင့်သည်ဆိုပြီး အစ္စလမ်ဘာသာ ကို ကိုးကွယ်သူအားလုံးကို ၀ါးလုံး ရှည် ဖြင့် မရမ်းသင့်ပါ။ဗုဒ္ဓဘာသာကို ကိုးကွယ် သူတွေမှာကား တခါက မုဒိန်းမှုကျူးလွန်သူမရှိဖူးလား။ တရား မျှတမှုဆို သည် မှာ ကျောသားရင်သား ခွဲခြမ်းကောင်းသည့်ကိစ္စမဟုတ်ပါ။
နောက်တခုက ရခိုင်ပြည်မှ ဘင်္ဂါလီများအား နှင်ထုတ်သည့်ကိစ္စဖြစ်ပါသည်။ထိုဘင်္ဂါလီများကို ရခိုင် ပြည် မှအတင်းအကျပ်နှင်ထုတ်သည့်ကိစ္စကို သဘောတူသလားဟုမေးလျှင် သဘောတူပါ သည် ဟု ယျေ ဘုယျအားဖြင့်ဖြေလိုပါသည်။မည်သည့်နိုင်ငံမှာမဆိုခိုးဝင်လာသူများကို နေချင်သလိုနေ သွား ချင်သလို သွားခွင့်ပြုထားသည်ဟူ၍မရှိပါ။တိုးတက်သည့် ဒီမိုကရေစီအနောက်နိုင်ငံများမှာ ဆိုလျှင့် နိုင်ငံမှ ထွက်ခွာ ဖို့ ရက်ချိန်းပြည့်သောနေ့တွင်အထူးပုလိပ်အဖွဲ့က အိမ်ကိုလာပြီးအတင်းဆွဲချ ပုလိပ် ကား ထဲကိုဆောင့် ထည့် လေယာဉ်ပေါ်ကိုအတင်းတွန်း တင်ပြီးမူရင်းနိုင်ငံပြန်ပို့သည့် အလေ့ အ ထရှိပါသည်။ သို့သော် လုပ်ထုံး လုပ်နည်းတော့လိုပါသည်။ယနေ့ရခိုင်ပြည်တွင်နေထိုင်နေကြသော ဘင်္ဂါလီများမှာ မျိုးဆက်နှစ် ဆက် သုံးဆက်ထိနေ ထိုင် နေ ကြ ပြီး သူ များဖြစ်ပါ သည်။ကျနော်တို့မှာ ဘယ်ဘင်္ဂါလီ ငဖြူ ငကြောင် ငကျား ငပြောက် ကတော့ဖြင့် ဘယ်နေ့က ရခိုင်ပြည်ကိုရောက်လာသည်။ဘယ်နေရာ ဘယ်ရွာ ဘယ်မြို့တွင်နေ ထိုင် သည်။သားသမီးဘယ်နှစ်ယောက်မွေးဖွားပြီးပြီ စသည်ဖြင့် စာရင်းဇယား အတိအကျမရှိပါ။ အစိုးရ အ ဆက်ဆက်လဘ်ပေး လဘ်ယူမှုရှိလို့တရား မ၀င်ဘင်္ဂါလီတွေ များလာ သည် ဟုဆိုလျှင်တိကျသည့်အထောက်အထားမှတ်တမ်းမှတ်ရာခိုင်လုံဖို့ခိုင်လုံအောင်လုပ်ထားဖို့အထူးအရေးကြီးပါသည်။ထိုသို့မဟုတ်ပဲ အစ္စလမ်ဘာသာကိုးကွယ်သူအားလုံးကိုနှင်ထုတ်မည်ဟုဆိုလျှင်တရားနည်းလမ်း ကျသည့် လုပ်ရပ်မဖြစ်နိုင် ပါ။အင်မတန်သတိထားဆင်ခြင်ပြီးလုပ်ရမည့်ကိစ္စဖြစ်ပါသည်။ထိုကဲ့သို့သောလုပ်ဆောင်မှုမျိုးဘာသာရေးအရ
 ခွဲခြားဆက်ဆံပြီး အနိုင်ကျင့်တာမျိုးကို ကျနော်တို့ ယာဉ်ကျေး သည့် လူ့အဖွဲ့မှာလက်မခံသင့်ပါ။
ဒါဆိုယင်ဒီတရားမ၀င် ၀င်ရောက်နေထိုင်ပြီး တိုင်းပြည်ကိုပြသနာမျိုးစုံလုပ်နေသောထို ဘင်္ဂါလီ ကိစ္စ ကိုဘယ်လိုဖြေရှင်းကြမည်နည်း။ဤမေးခွန်းသည်တမျိုးသားလုံးအတွက်အင်မတန်အ ရေးကြီး သောမေးခွန်း၊ အခန့်မသင့်လျှင် တိုင်းပြည်တခြမ်းပဲ့ထွက်သွားမည့်အရေးဖြစ်သဖြင့်အထူး သတိ ထားဖြေကြားကြ ရမည့်မေးခွန်းဖြစ်ပါသည်။ဥာဏ်အမြော်အမြင်ဆင်ခြင်စဉ်းစားမှုများဖြင့်လုပ်ဆောင်ရမည့်ကိစ္စလဲဖြစ်ပါသည်။
ဤကိစ္စကို ကျနော်ဥာဏ်မီသလောက် စဉ်းစားမိသလောက်တင်ပြပါမည်။ဒီအတိုင်းဖြစ်ရ မည်ဟုတော့မဆို
လိုပါ။တိုင်းပြည်ခေါင်းဆောင်များအသိ ပညာရှင်များအနေဖြင့်လုပ်သင့်လုပ်ထိုက် သည် များ ကို လိုအပ် သလိုအကောင်အထည်သွားမည်သာဖြစ်သည့်အတွက် ထိုသို့လုပ် ဆောင် ရာတွင် တစုံ တရာ စဉ်းစား စရာလေးအတွေးပေါက်စရာဖြစ်စေရန်အလို့ငှာတင်ပြခြင်းသာဖြစ်ပါသည်။
ပထမဆုံးအကောင်အထည်ဖေါ်သင့်သည်မှာ ရခိုင်တပြည်လုံးကို သန်းခေါင်စာရင်းကောက်ရ ပါ မည်။ ယခုအစမ်းသဘောစတင်လုပ်ဆောင်နေပြီဟုသတင်းများတွင်ဖတ်ရသဖြင့်ဝမ်းသာပါသည်။နယ်စပ်ဒေသ လူဝင်လူထွက်ကိုအထူးစောင့်ကြတ်စောင့်ရှောက်ဖို့ နယ်စပ်ခြံစည်းရိုးကိုလုံအောင်ကာဖို့ အယင်ကထက် အဆပေါင်းများစွာ ကြပ်မတ်ဖို့လိုပါသည်။ရခိုင်ပြည်တွင်သန်ခေါင်စာရင်း ကောက် နေ သည် ဟုကြား လျှင် တဖက်နိုင်ငံမှ ခိုးဝင်ပြီး ရခိုင်ပြည်ဖွားဘင်္ဂါလီများအဖြစ်ခံယူပြီး နိုင်ငံ တကာ စာနာမှု အထောက် အကူ များ ကိုလိုချင်သူများလည်းဤအချိန်တွင်ပုံစံမျိုးစုံဖြင့်ဝင်ရောက်လာနိုင်သောကြောင့်ဖြစ်ပါသည်။
သန်းခေါင်စာရင်းကိုသေချာကောက်ယူပြီး ရပ်ကွက် ကျေးရွာလိုက် ဘင်္ဂါလီဦးရေး ဘယ်လောက် ကမန်ဦးရေဘယ်လောက် အခြားတိုင်းရင်းသားဦးရေဘယ်လောက်ဟု သီးခြားရှင်းလင်းစွာ သိပြီး သောအခါ ဘင်္ဂါလီများ၏မြန်မာပြည် ရခိုင်ပြည်ထဲကိုဝင်ရောက်လာသည့်နောက်ကြောင်း ကိုပြန် လည် စိစစ်ရပါမည်။ ခက်ခဲသော အချိန်ကြာတတ်သော အလုပ်ဖြစ်ပါသည်။ အခြားနည်း လမ်းများ လဲရှိနိုင်ပါသည်။ လိုရင်းမှာ တရားမ၀င် ဘင်္ဂါလီမူဆလင်နှင့်ပြည်တွင်းတွင်ယခင်ကတည်းက ရှိနှင့်နေ ပြီး သား မူဆလင်များ ကိုရှင်း လင်းစွာခွဲခြားမြင်အောင်လုပ်ဆောင်ရန်သာအဓိကဖြစ်ပါသည်။

တချိုဘင်္ဂါလီတို့ကသူတို့ဘင်္ဂါလီမဟုတ်ဟုအတင်းငြင်းနေကြသည်ဟုကြားရပါသည်။ဒါဟာကိုယ့်လည်ပင်းကို ကိုယ်ကြိုးကွင်းစွပ်ခြင်းဖြစ်ပါသည်။ အဘယ်ကြောင့်နည်း။ရခိုင်ပြည်တွင်နေထိုင်နေကြသော အထူးသဖြင့် ဘူးသီးမောင်တော်ဒေသတွင်နေထိုင်နေကြသောမူဆလင်များတွင်အခြားရွေးချယ်စရာများများစားစားမရှိပါ။
ကမန်မူဆလင်ဖြစ်လျှင်ဖြစ် မဖြစ်လျှင်ဘင်္ဂါလီမူဆလင်သာရှိပါသည်။ (အစ္စလမ်ဘာသာဝင်အချင်းချင်း လက်ထပ်ပေါင်းသင်း၍လည်းနယ်စပ်ဒေသများသို့ပြောင်းရွှေ့ရောက်သွားနိုင်ပါသည်) အကယ် ၍ ဘင်္ဂါလီ မဟုတ်ပဲ တချို့မူဆလင်အစွမ်းရောက်တို့လိမ်ထားသည့်(ရိုဟင်ဂျာ)ဆိုသည့်လူမျိုးတမျိုး ရခိုင်ပြည်တွင် ဘယ်တုန်းကမှမရှိခဲ့သည့်ဘယ်တော့မှထပ်ပြီးရှိလာမည့် လူမျိုးတမျိုးမဟုတ်ပါ။ ထို့ ကြောင့် အဆိုပါ အမည် လိမ်ခံလိုသူများမှာ တိုင်းပြည်ကိုသစ္စမရှိသော လိမ်လည်လှည့်ဖြား လိုသော သူများသာဖြစ်သဖြင့် အမြန် ဆုံးနှင်ထုတ်ခံရမည့်သူများဖြစ်သောကြောင့်ဖြစ်ပါသည်။အကယ်၍ဘင်္ဂါလီ ဆိုလျှင်တောင်ရောက် လာသည်
ခုနှစ်ကိုကြည့်ပြီး နိုင်ငံဖြစ်ခွင့်လေး ဘာလေးမျှော်လင့် စရာ ရှိပါသေးသည်။
သေချာစိစစ်ပြီးသောအခါ တရားမ၀င်ဘင်္ဂါလီစာရင်းကို ကုလသမဂ္ဂနှင့်နိုင်ငံတကာ အသိုင်းအ၀ိုင်း ကိုသေချာ ချပြ တင်ပြရပါမည်။သူတို့ဆီက အကြံကောင်းဥာဏ်ကောင်း များကိုရ ယူပြီး အ ကောင်း ဆုံး အသင့်တော်ဆုံးနှင့် နိုင်ငံတကာလူ့အခွင့်အရေးစံချိန်စံညွှန်းနှင့်ကိုက်ညီ သည့်အကောင် အထည်ဖေါ် မှုများ ကိုဆက်လက်လုပ်ဆောင်ရပါမည်။ငါတို့နိုင်ငံမှာငါတို့လုပ်ချင်သလိုလုပ်မည်ဆိုပြီးငါတကော ကာ၍ရ သည့် 
အချိန်မဟုတ်သည်ကို ရခိုင်ခေါင်းဆောင် များ မြန်မာ့နိုင်ငံ ရေး ခေါင်းဆောင်များအထူး သဘောပေါက်ပြီး သားဖြစ်ပါလိမ့်မည်။အကောင်းဆုံးသာဓက တခုမှာ နိုင်ငံ တ ကာအသိုင်းအ၀ိုင်းက ကိုဆို ဗိုဒေသကို လွပ်လပ်ရေးအဖြစ်ကြေငြာပြီး အစ္စလမ် နိုင်ငံ ထူထောင်ပေးလိုက်ရသည့် ကိစ္စဖြစ်ပါ သည်။

ယူဂိုဆလားဗီးယားသမ္မတ မစ်လို့ဆဗစ်၏ ငါတကော ကောပြီး မူဆလင်သန့်စင်ရေး လုပ် လိုက်သဖြင့် တိုင်းပြည်လဲ အစိပ်စိပ်အမွှာမွှာဖြစ် ကိုဆို ဗို ဒေသကိုလဲ အစ္စလမ်နိုင်ငံ ထူထောင် ပေး လိုက်ရ ပါ သည်။နေတိုးစစ်ရေးမဟာမိတ်အဖွဲ့ကြီး၏နှစ်၅၀ မြောက် ညီလာခံ၏ဆုံးဖြစ် ချက်တွင် အဓိက ပြုပြင်ပြောင်း လဲမှုတခုမှာ ယခင်က နေတိုးအဖွဲ့ဝင်နိုင်ငံတနိုင်ငံကိုထိခိုက်လာမှ သာစစ်ရေး အရ ၀င်ရောက် စွက်ဖက်နိုင်သော်လဲ ယခုမူဝါဒသစ်အရ ကမ္ဘာ့မည်သည့်နေရာတွင်မဆို လူမျိုးစု တခု ၏အန္တရယ်၊ အစု လိုက် အပြုံ လိုက်သတ်ဖြတ်မည့်အန္တရယ်ရှိလာပါက အဖွဲ့ကြီးအနေဖြင့် ၀င် ရောက် စွက်ဖက် ခွင့်ရှိသည်၊ စစ်ရေးအရ၀င်ရောက်အရေးယူခွင့်ရှိ သည်ဟုအတိအလင်း ဖေါ်ပြထား ပါသည်။အယ်လ်ဂျာ ဇီးယား သတင်း ဌာနက ထုတ်လွှင့်သည့် (Hidding Genocide) မှတ်တမ်း ကားသည် ထိုကဲ့ သို့သော အစီ အစဉ် များ နောက်ကွယ်မှ ကြိုးကိုင်စီစဉ်မှုများမပါဘူးဟုမည်သူ အာမ ခံ နိုင်မည်နည်း။
ထို့ကြောင့်နိုင်ငံတကာ မှအဖွဲ့အစည်းများဖြင့်ပူးပေါင်းလုပ်ဆောင်ဖို့လဲ အထူးအ ရေးကြီး လှပါသည်။ သတင်းမီဒီယာခေတ်ကြီးတွင် များများသတင်းပေးနိုင်သူအမှန်ဖြစ်ပြီး ထိုအရာ ကို သာ ဦးစားပေး ချဉ်းကပ် တတ်ကြပြီး သမိုင်းကိုလေ့လာပါ၊နိုင်ငံအကြောင်း ကိုလေ့လာပါ အမှန်တရားကိုလေ့လာပါဆိုသူများကိုလူမျိုး
 ရေးအမြင်ကျဉ်းသူ လူ့အခွင့်အရေးနားမလည် သူများ အဖြစ် ရှုမြင် တတ်ကြပါသည်။ ယနေ့ခေတ် ကာလ ၏အထူးသတိထားစရာများဖြစ်ပါသည်။
ကျနော်အထက်ကပြောခဲ့သလို ကျနော်တို့ပြုမူပြောဆိုမှုအားလုံးသည်တိုင်းပြည်အေးချမ်းဖို့ တရား ဥပဒေစိုး မိုးမှုကို ဦးတည်သောလုပ်ဆောင်မှုတွေသာဖြစ်သင့်ပါသည်။ သို့သော် ယနေ့ ရခိုင်ပြည်ဖွား ဘင်္ဂါလီတချို့ တို့၏လုပ်ဆောင်နေသောလုပ်ရပ်တော်တော်များသည် အတူနေထိုင်နေကြသော လူ့အဖွဲ့အစည်း နှစ်ခု ကို ပြသနာဖန်တီးပေးနေသောအပြုအမူတွေဖြစ်နေသည် ကိုတွေ့နေ ရ ပါ သည်။ဘယ်တုန်းက ဘယ် သမိုင်းအထောက်အထား မှာမှ မရှိတဲ့ လူမျိုးတမျိုးကို ဖန်တီးပြီး ပွဲလန့် တုန်း ဖျာဝင်ခင်းချင်တဲ့လုပ်ရပ်သည် ဘယ်လိုမှလက်ခံသင့်တဲ့ကိစ္စမဟုတ်ပါ။ထိုလုပ်ရပ်တိုင်းသည်ယနေ့ဒီမိုကရေစီနိုင်ငံတော်သစ်ကိုတည်ဆောက်
နေသောအရေးကြီးသောကာလတွင်ကြီးမားသောအနှောင့်အယှက်ဖြစ် ပါသည်။
ရခိုင်ပြည်မှာ နေတာ မျိုးဆက်နှင့်ချီပြီးကြာခဲ့ပြီဆိုလျှင် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံဥပဒေ အတိုင်း နိုင်ငံသားဖြစ်သင့်သလား ဧည့်နိုင်ငံသားဖြစ်သင့်သလား ဆိုတာကိုဥပဒေဘောင်ထဲက ချဉ်းကပ် ရမှာဖြစ်ပါသည်။ရသင့်ရထိုက်သောအခွင့်အရေးကို လူသားတိုင်းရရမည်သာဖြစ်ပါသည်။ သို့သော် လုပ်သင့် လုပ်ထိုက်သည်ကိုမလုပ်ဘဲ၊မလုပ်သင့်မလုပ်ထိုက်သည့်၊ဘယ်လိုမှ မဖြစ်နိုင်မှန်း ခလေးက အစသိသည့် လူမျိုးအသစ်တခု(ရိုဟင်ဂျာ)အမည်ကိုဖန်တီးပြီး တိုင်းရင်းသားစာရင်းဝင် အောင် လုပ်ဆောင်ခြင်းသည် အပင်မစိုက်ပဲ အသီးကိုတခါတည်းခူးဖို့ကြံသည့်လုပ်ရပ်ဖြစ်ပါ သည်။ ကျွေးမွေးစောင့်ရှောက် ထားသည့် တိုင်းပြည်ကိုသစ္စာဖေါက်ခြင်းဖြစ်ပါသည်။မရှိသည့်တိုင်းရင်းသားလူမျိုးစုတခုကိုအတင်းရှိအောင် ဘယ်လို အဖွဲ့အစည်း ဘယ်လိုအင်အားကြီးနိုင်ငံကိုအားကိုးပြီး တောင်းဆို တောင်းဆိုဘယ်တော့မှဖြစ်လာမည့်ကိစ္စမ ဟုတ်ပါ။အနိမ့်ဆုံးအဆင့် ဧည့်နိုင်ငံ သားဖြစ်ဖို့ကို ပင်အတော်စဉ်းစားကြရတော့ မည် ကိစ္စဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ဘယ် တိုင်းပြည်မှာမဆို နိုင်ငံသားအဖြစ် ကိုပေး တော့ မည်ဆိုလျှင် အဲဒီ တိုင်းပြည် အပေါ် မှာ ဘယ် လောက်သစ္စာရှိနိုင်မလဲ အဲဒီလူတယောက်ကိုနိုင်ငံသား အဖြစ်ပေးလိုက် လျှင်မိမိ တို့လူ့အဖွဲ့ အစည်း အတွက်အန္တရယ်ဖြစ်နိုင်သလား ဆိုတာနိုင်ငံ တိုင်းလုပ်ကြရ သည့် ကိစ္စဖြစ် ပါသည်။ လူဆိုသည် မှာ ဘယ်သူမပြုမိမိမှုမဟုတ်ပါလား။
တချို့ က ရခိုင်ပြည်တွင် အစ္စလမ်ဘာသာဝင်တွေကို ခွဲခွားဆက်ဆံမှုရှိသည် ပညာသင်ခွင့်မရှိ လွတ်လပ်စွာ အိမ်ထောင်ပြုခွင့်မရှိဟု စွပ်စွဲမှုတွေ လုပ်ကြတာကိုကြားနေရသည်။ ကျနော်နား မလည်ပါ။ဘာကြောင့် ဘာကိုခွဲခြားဆက်ဆံမှုရှိသည်ဟုစွပ်စွဲကြတာလဲ။ထိုဒေသတွင်ကြီးပြင်းလာသူဒေသခံတဦး ကျနော့အနေဖြင့် ဘယ် လိုမှ လက်မခံနိုင်ပါ။
တရားဥပဒေစိုးမိုးမှုအားနည်းသည့်လူ့အဖွဲ့အစည်းတခုမှာ အနည်းနှင့်အများဆို သလို လူနည်းစုနင့် လူများ စုကြားပြသနာရှိကြသည်မှာ ဓမ္မတာသာဖြစ်ပါသည်။အမေရိကန်လို ဒီမိုကရေစီ ဘိုးအေနိုင်ငံ မှာတောင် လူဖြူ လူမည်းပြသနာ မှာခုထိမငြိမ်းအေးသေးသည်ကို လူ တိုင်း အသိပါ။သို့သော်ပြသနာ တခုဖြစ် လိုက် သည်နှင့် လူမျိုး တမျိုးလုံးကိုမကောင်းဘူးဟုမစွပ်စွဲ သင့်ပါ။ ဖြစ်လာသည့်ပြသနာကိုတရား ဥပဒေ အ တိုင်းဖြေရှင်းခြင်းသည်သာအဓိဖြစ်ပါသည်။အစ္စလမ်ဘာသာကို ခွဲခြားဆက်ဆံ သည်ဆိုခြင်းကို လက်မခံ သည့်အကြောင်းကိုကျနော်ဆက်ပြောပါမည်။
ကျနော်ရွာကနေ မြို့ကိုကျောင်းသွားတက်တော့ ကျနော့ကိုမူဆလင်ဆရာဦးကျော်မျိုး(အမည်ရင်းမဟုတ်ပါ)
မှာကျနော့ကို သား အ ရင်းတယောက်လို စောင့်ရှောက် ပါသည်။ဆင်းရဲနွမ်းပါးသည့် တောသား မှန်းသိ၍ လားမသိ ပို၍ပင်ဂရုတစိုက်ရှိလှပါသည်။နေမကောင်းသဖြင့်ကျောင်းမလာနိုင်သောအခါ ဆရာနှင့်ဆရာ ကတော်ကိုယ်တိုင်အိမ်တိုင်ရာရောက်လာပြီးသတင်းမေးတတ်ကြပါသည်။ထိုကဲ့သို့ဂရုစိုက်လေ ကျနော်က အားနာလေ ဆရာနင့်ဆရာကတော်ကို ကျနော်ကို ချစ်ကြောက် ရိုသေ လေဖြစ်ပါသည်။ ဆရာဦးကျော်မျိုး ကို အစ္စလမ်ဆရာ ကုလားဆရာဟု ယနေ့တိုင်ကျနော့မှာ စိတ်ကူးပင်မပေါ်ဖူးပါ။ 

တခါတုန်းကဆိုလျှင် တောသား ကျနော် အားနာလွန်း၍ ဆရာမသိစဉ် ဆရာကတော်ကို ရှိစု မဲ့စု လေး ဖြင့် ကျူရှင်ခသွားပေး သောအခါ ဆရာကတော်က ဆရာကို ချက်ခြင်းသွားခေါ်ပြီး ဆရာ နှင့်ဆရာတော်တို့ နှစ် ယောက် လုံးကျနော့ကိုဆူကြပါသည်။ကျူရှင်ခငွေကိုလုံးဝလက်မခံပါ။ဆရာက အမျိုးဘာသာ သာသနာ
 အတွက် အဖိုးတန်သော လူတ ယောက်ဖြစ်အောင်သာကျနော့ကိုဆုံး မ ပါသည်။ ကျနော်သတိထားမိသလောက် ဆရာ့ကျူရှင်တွင် ရခိုင်ကျောင်းသား ကျောင်းသူသာ အများစုဖြစ်ပါ သည်။ ကုလား အစ္စလမ်ဘာသာကိုးကွယ်သူဆိုပြီး ဘယ်ကျောင်းသား ကျောင်းသူ တယောက်ကမှ မလေးမစား လုပ်တာကိုမမြင်ဘူးပါ။ဆရာ့ရင်ထဲက မေတ္တာ စေတနာသည်ထိုကဲ့သို့သော အရာများကိုကျော်လွှားနိုင်ပုံရ ပါသည်။ လွပ်လပ်စွာ ပညာ သင်ခွင့်ရ၍သာ ကျနော်အင်မတန်ချစ်ခင်ရသော ဆရာဦးကျော်မင်းတို့လို အစ္စလမ်ဘာသာ ကိုကွယ် သူတွေ ခေတ်ပညာတတ်ကြီးတွေဖြစ်ပြီး ဆရာတွေဖြစ်နေကြသည်မဟုတ် ပါလား။

သို့သော် နယ်စပ်ဒေသတွေ အလွန်ခေါင်သောဒေသတွေမှာ ပညာတတ်တွေအလွန်နဲပါးတာ အ မှန် ဖြစ်ပါ သည်။အစ္စလမ်ဘာသာကို ကိုးကွယ်သူမှ စာမတတ်ကြတာမဟုတ်ပါ။တိုင်းရင်းသားချင်း လူမျိုးတွေ မြို လူ မျိုးတွေ ရခိုင်လူမျိုးတွေလဲအများကြီးရှိပါသည်။ဘူးသီးတောင် မောင်တောလို နယ် စပ် ဒေသတွေမှာ တရားမ၀င်ခိုးဝင်သူတွေ ဒုနင့်ဒေရှိနေသော ဒေသဆိုလျှင်အဘယ်မှာ ဆိုဖွယ်ရာ ရှိမည်နည်း။ တရားဝင်ပညာသင်ခွင့် ကျောင်းတက်ခွင့် ခရီးသွားလာခွင့်တွေဆုံးရှုံးရတာဟာ ခိုးဝင်လာသူတွေအတွက်
သာဆုံးရှုံးတာဖြစ်ပါသည်။မြန်မာနိုင်ငံသားစစ်စစ်အစ္စလမ်များ ဥဒဟိုသွားလာ နေကြတာလူတိုင်းအသိပါ။
ကျနော် ရန်ကုန်ကိုသွားတိုင်း ရခိုင်ပြည်မှကုလားများ အများကြီးပါ ပါ သည်။(ကုလားဟုသုံးခြင်းမှာ လူမျိုး နင့်ကိုးကွယ်သည့်ဘာသာကိုကိုနှိမ်လို၍မဟုတ်ပါ။ ကုလား အခေါ်အဝေါ်နှင့်ပတ်သက်၍ သီး သန့်ရေးပါအုံးမည်။)တရားမ၀င်ခိုးဝင်လာသူများကို လွပ်လပ် စွာ ခရီး သွားလာခွင့်၊ အလုပ်လုပ်ခွင့်ကျောင်း တက်ခွင့်ကိုဘယ်နိုင်ငံတွေကပေးနေသနည်း။သိသူများထောက်ပြကြစေလိုပါသည်။
နိဂုံးချုပ်ရယင်တော့ ကျနော်တို့လုပ်တဲ့လုပ်ရပ် တိုင်းပြောဆိုမှုတိုင်းဟာ ကျနော်တို့နေထိုင်တဲ့ လူ့ အဖွဲ့ အစည်းကို အေးချမ်းစေတဲ့ တည်ငြိမ်စေတဲ့ ပြောဆိုပြုမူမှုမျိုးတွေဖြစ်သင့်ပါတယ်။ သဘောထားမြင့်မြတ်ပြီး ကျနော်တို့လူ့အဖွဲ့အစည်းအတွင်းအတူနေထိုင်သူအားလုံးတို့အပေါ်မှာတူညီတဲ့အမြင်နဲ့ မြင်တတ်ကြဖို့အရေး
ကြီးပါတယ်။
တချိန်းတည်းမှာပဲမဖြစ် နိုင် မှန်းမရနိုင် မှန်းသိသိကြီးနင့်တောမီးလောင် တောမောင်လက်ခမောင်း ခတ်တဲ့လုပ်ဆောင် မှုမျိုး၊ သခွပ်ပင်က မီးကျဉ်ကျဉ်ပုံစံမျိုးတွေကိုလဲ ဒီနေ့ရခိုင်ပြည် မှာပုံ စံမျိုး စုံနင့် ၀င်ရောက်နေထိုင်နေကြတဲ့ဘင်္ဂလီတွေအထူးရှောင်သင့်ပါတယ်။ဘယ်ဘာသာ ကို ကိုးကွယ်သည်ဖြစ်စေ မိမိ တို့နေ ထိုင်တဲ့နေရာဒေသ လူ့အဖွဲ့အစည်းတိုင်းပြည်အပေါ်မှာ သစ္စာစောင့်သိတတ်ကြ ဖို့ အလွန် အရေးကြီးပါတယ်။ အေးအတူပူအမျှအတူနေထိုင်နိုင်တဲ့အနာဂတ်ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးဖြစ်အောင်ကျနော်တို့အား
လုံး ၀ိုင်းဝန်းကြိုးစား ကြဖို့အလေးအနက်တိုက်တွန်းပါတယ်။