Wednesday, July 29, 2009

iPhone အမျိုးအစားသစ် အလုံးရေ ၁ သန်းကျော်အား၃ ရက်အတွင်းရောင်းချခဲ့

နယူးယောက် (ဇွန် ၂၃) - Apple ကွန်ပျူတာကုမ္ပဏီ၏ထုတ်ပြန်ချက်အရ၎င်းတို့၏အသ
စ်ထုတ်လုပ်ရောင်းချသည့် iPhoneအမျိုးအစားသစ်ဖြစ်သည့်3GS ဖုန်းအား၃ရက်အတွင်း
အလုံးရေ၁သန်းကျော်ရောင်းချခဲ့ရသဖြင့်စောင့်ကြည့်အကဲခတ်သူများယူဆထင်မြင်ထား
သကဲ့သို့ မူလပထမ iPhone စတင်ရောင်းချခဲ့စဉ်ကလောက်ရောင်းချရမည်မဟုတ်ဟူသ
ည့်အဆိုမှာ မှန်ကန်ခြင်း မရှိတော့ချေ။

3G iPhone သုံးစွဲသူ ၆ သန်းမှာလည်း ၅ ရက်အတွင်း၎င်းတို့၏ဆော့ဝဲလ်များကိုiPhone
3.0ဆော့ဝဲလ်သို့အဆင့်မြှင့်ပြီး ဖြစ်သည်ဟုApple ၏အမှုဆောင်အရာရှိချုပ်ဖြစ်သူ Steve
Jobs က သူ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
၎င်းကဆက်လက်၍ Apple ၏ အွန်လိုင်း App Store မှ တဆင့်အမျိုးမျိုးအစားစားသော
ဆော့ဝဲလ်ပေါင်း ၅၀,၀၀၀ကျော်ရရှိနိုင်သဖြင့် iPhone ၏အရှိန်အဟုန်မှာ ယခင်ကထက်
ပိုမို အားကောင်းလာခဲ့ပြီဟု ဆိုသည်။
iPhone အမျိုးအစားသစ် ဖြစ်သည့် 3GS [S သည်အမြန်နှုန်း (Speed)ကိုကိုယ်စားပြုသ
ည်] ကို အမေရိကန်နိုင်ငံတွင် သောကြာနေ့မှစတင်ရောင်းချခဲ့ပြီးဆော့ဝဲလ်အသစ်ဖြစ်သ
ည့် iPhone 3.0 ကိုမူ ဗုဒ္ဓဟူးနေ့က ထုတ်ဝေခဲ့သည်။
Apple အနေဖြင့်ယခင်ရောင်းချခဲ့သည့် 3G iPhone 8GB မော်ဒယ်များကိုAT & Tဖုန်းကု
မ္ပဏီနှင့် ၂ နှစ်စာချုပ်ချုပ်မည်ဆိုလျှင် အမေရိကန်ဒေါ်လာ ၉၉ ဒေါ်လာဖြင့် ရောင်းချမည်
ဖြစ်သဖြင့် ယခင်ကထက် ဈေးကို ထက်ဝက် လျှော့ချလိုက်ခြင်းလည်း ဖြစ်သည်။
ယခု အသစ်ထပ်မံထုတ်လိုက်သည့် iPhone 3GS မော်ဒယ်အသစ်များကိုမူအချက်အလ
က် 16 GB သိုမှီးနိုင်သည့်ဖုန်းအားအမေရိကန်ဒေါ်လာ ၁၉၉ဒေါ်လာဖြင့်လည်းကောင်းအ
ချက်အလက် 32 GBသိုမှီးနိုင်သည့် ဖုန်းအားအမေရိကန်ဒေါ်လာ၂၉၉ ဖြင့်လည်းကောင်း
ရောင်းချမည်ဖြစ်ကာ AT & T ဖုန်းကုမ္ပဏီနှင့် ၂ နှစ် စာချုပ် ချုပ်ရမည် ဖြစ်သည်။

ရွှေအိုးအင်တာနက်စာမျက်နှာမှကူးယူဖေါ်ပြသည်။

No comments:

Post a Comment