Thursday, August 6, 2009

အဖမ်းဆီးခံ သတင်းသမားများပြန်လည်လွတ်မြောက်လာ

လွန်ခဲ့တဲ့လက မြောက်ကိုးရီးယားနိုင်ငံထဲကို တရားမ၀င်နယ်စပ်ဖြတ်ကျော်မှုနှင့်အလုပ်ကြ
မ်းနှင့်ထောင်ဒဏ်၁၂-နှစ်ကျခံနေရတဲ့အမေရိကန်အမျိုးသမီးသတင်းသမားနှစ်ဦးပြန်လည်
လွတ်မြောက်လာခဲ့ပြီဖြစ်ပါတယ်။
သူတို့ နှစ်ဦးဟာ အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်နှင့်မြောက်ကိုးရီးယားခေါင်း
ဆောင်ကင်ဂျုံအီလ်တို့ တွေ့ ဆုံပြီးနောက်လွတ်မြောက်လာခဲ့တာပါ။အခုဆိုယင်သူတို့ နှစ်
ဦးစလုံးကို သမ္မတဟောင်းက သူလေယာဉ်နှင့်အတူ အမေရိကန်ကိုပြန်ခေါ်လာခဲ့ပြီဖြစ်ပါ
တယ်။
ဒါပေမယ့်လေ့လာသူတွေကတော့ ဘီလ်ကလင်တန်ဟာ နှစ်နိုင်ငံ နျူကလီးယားပြသနာေ
တွမှာ လိုအပ်တာထက်ပိုပြီး မြောက်ကိုးရီးယားခေါင်းဆောင်ကို မက်လုံးပေးခဲ့ပုံရပြီး ဒီကိစ္စ
နှင့်ပတ်သက်ပြီး သူ့ အပေါ်မှာ ၀န်ထုတ်ဝန်ပိုးတွေဖြစ်စေတယ်လို့ သုံးသပ်နေကြပါတယ်။

၀၆.၀၈.၀၉ နေ့ ထုတ် Bergen Tidende သတင်းစာကိုကိုးကားပါသည်။

No comments:

Post a Comment