Monday, August 10, 2009

တပိုင်းတစ်စ ဟာသများ(၄)

စိတ္တဇ ဆေးရုံ တစ်ခုမှာ ဆရာဝန်တွေဟာ ပြန်ကောင်းလာတဲ့ လူနာတွေကို ပြန်လွတ်ပေး
ဖို့ စဉ်းစာကြပါတယ်။အဲဒီမှာသူတို့ ဟာ စမ်းသပ်မှုတစ်ခုလုပ်ကြပါတယ်။Videoပြစက်ရှေ့ 
မှာ ရှိတဲ့ထိုင်ခုံတွေကိုဆေးသုတ် ပြီးတော့သူတိုကိုVideo ပြပါတယ်။ဘယ်သူကများဆေး
သုတ်တာကို သိမလဲ လို စမ်းသပ်ပါတယ်။ဘယ်သူမှမသိကြပါဘူး။ဒါပေမယ့်လူတစ်ယော
က်ကတော့ ထိုင်ခုံတွေကို သေသေချာချာ ကြည့်ပါတယ်။ ပြီးတော့ သတင်းစာတစ်စောင်
ကို ထိုင်ခုံမှာဖြန့် ခင်းပြီးမှထိုင်တယ်။ဆရာဝန်တွေကဒီလူတော့ရောဂါပျောက်သွားပြီဆိုပြီး
အိမ်ကို ပြန်လွှတ်လိုက်ပါတယ်။ အိမ်ရောက်တော့ သူမိန်းမ ကမေးတယ်။
"ရှင်ထိုင်ခုံတွေမှာဆေးသုတ်ထားတယ်ဆိုတာသိတယ်ပေါ့ဟုတ်လား။ဘယ်လိုလုပ်သိ
တာလဲ"
"ဘာတွေလာပြောနေတာလဲ။ငါကအရပ်ပုလို့  ထိုင်ခုံမှာသတင်းစာခုပြီးထိုင်တာဟ..."

*စိတ္တဇတဲ့*

စိတ္တဇ ဆေးရုံတစ်ခုတွင်ဖြစ်သည်။လူနာတစ်ယောက်သည် သစ်ပင် ပေါ်တွင်ရောက်နေသ
ည်။ဆရာဝန်တစ်ယောက်ကအောက်မှနေပြီးဆင်းလာဖို့ ပြောနေသည်။လက်ထဲတွင်လည်း
သင်္ကြန်ရေပြွတ်သေနတ်တစ်ခု ကိုကိုင်ထားသည်။
"ဟေ့ကောင်.......မင်းဆင်းမှာလား..မဆင်းဘူးလား..ငါ ပစ်လိုက်မှာနော်.."
"မဆင်းဘူး....ဆရာ ပစ်ချင်လဲပစ်လိုက်.."
"မင်းတကယ်မဆင်းဘူးလား.... ငါ ပစ်လိုက်မှာနော်.."
"မဆင်းဘူးဆရာ...မဆင်းဘူး"
ဆရာဝန်လဲ ကြံရာမရ ဖြစ်နေတယ်။အဲဒီ အချိန်မှာ နောက်လူနာတစ်ယောက်ရောက်လာ
ပါတယ်။ဆရာဝန်ကအဲဒီလူနာဆီ ကနေအကူအညီတောင်းပါတယ်။လူနာ ကသေနတ်ကို
ယူလိုက်ပြီး
"ဟေ့ကောင်.... မင်းဆင်းလာခဲ့စမ်း..ငါ ပစ်လိုက်မှာနော်.."
"ဟုတ်...ဟုတ်..ဆင်းလာပါပြီ. ..မပစ်ပါနဲ့ ...ဆင်းပါပြီ.."
ပထမလူနာလဲ သစ်ပင်ပေါ်ကနေဆင်းလာပါတယ်။ ဆရာဝန်က
"မင်းက ငါပြောတုံးကတော့ မဆင်းဘူး...ဘာလိုသူပြောမှဆ င်းတာလဲ.."
"ဟာ..ဆရာကလူကောင်းဆရာရဲ့ ။တကယ်မပစ်ဘူးဆိုတာကျွှန်တော်သိတယ်။အဲကော
င်ကရူးနေတာ..တကယ်ပစ်မှာ..

*မစားပါဘူး*

"ကျွန်မ ဆရာပေးတဲ့ ပိန်ဆေးကို သောက်နေတာ ၂- လရှိပြီ၊ ပိန်လည်းမပိန်ပါလားရှင်"
"တစ်နေ့ကို ခင်ဗျား ဘယ်နှစ်ကြိမ်သောက်သလဲ"
"ဆယ်ကြိမ်၊ ထမင်းစားပြီးတိုင်း တစ်ခါသောက်လို့ ဆရာပြောတဲ့အတိုင်းပဲလေ"

*လိုချင်အုံးဟေ့ဘိုမ*

ရန်ကုန်မြို့မင်္ဂလာဒုံလေယျာဉ်ကွင်းတွင်အင်္ဂလန်သို့ပညာတော်သင်သွားရန်အတွက်အစိုးရ
မှလွှတ်သောမမိုမိုကိုယောင်္ကျားဖြစ်သူကိုလှထွန်းမှလိုက်ပို့ ရင်းနှုတ်ဆက်စဉ်..... ..
မမိုမို.."အကိုရေကလေးတွေကိုဂရုစိုက်ဦးနော်.."
ကိုလှထွန်း.."စိတ်ချပါကွာဒါနဲ့ မင်းပြန်လာရင်အင်္ဂလန်ကဘိုမတစ်ယောက်လောက်သယ်
ခဲ့ဟေ့...အဖြူမလေးတွေအရမ်းမိုက်တယ်လို့ ပြောသံကြားဖူးတယ်.ဟား ဟားဟား....."
မမိုမိုမှာ လွန်စွာအစအနောက်သန်သော ယောင်္ကျားဖြစ်သူကိုလှထွန်း အားမျက်စောင်းထိုး
ကြည့်ရင်းလေယျာဉ် ပျံဆီသို့ ထွက်ခွာသွားခဲ့သည်။
၅လခန့် အကြာ မမိုမိုအထုပ်အပိုးလက်ဆောင်များနှင့်ပြန်လာစဉ်မင်္ဂလာဒုံလေယျာဉ်ကွင်း
တွင် ကိုလှထွန်းမှလာကြိုပြီ။
ကိုလှထွန်း.."ဟား.မိန်းမရေလွမ်းလိုက်တာကွာ။ကလေးတွေကလည်းသတိရနေကြတယ်။
ငါကတော့ပိုပြီးသတိရတာပေါ့ကွာ..ဟီးဟီး...ဒါနဲ့ ငါမှာလိုက်တဲ့ ဘိုမလေးရော...."
မမိုမို."အင်း ..ဘိုထီးလေးပဲဖြစ်မလား၊ဘိုမလေးပဲဖြစ်မလားတော့မသိဘူး။ကျွန်မလဲတွေ့ 
သမျှဘိုတွေနဲ့အစွမ်းကုန်ကြိုးစားတာပဲ။နောက်၁၀လလောက်မှသိရမယ်ထင်တယ်။ဟင်း
..ဟင်း...အခုတော့မသိသေးဘူး ..."
ကိုလှထွန်း။ ။"အမ်..."

*ဟုတ်သလိုလို*

"ဒါနဲ့ နေပါအုန်း..နေပါအုန်း. .."
"နေပါတယ်"
"မင်းကဘာလို. အရက်ကိုအလွန်အကျွံသောက်ရတာလဲ”
“သူရမေရာကံကျူးလွန်ပြီးအခြားကံ ၄ပါးလုံအောင်လို.ပါ"
"ဘာကွ!သူရာမေရကံ ကျူးလွန်ပြီး အခြားကံ ၄ ပါးပါ ချိုးဖောက် တာ မဟုတ်ဘူးလား"
"ဘယ့်နယ် ချိုးဖောက်ရမှာလဲဗျာ.. အေ့။တကယ်သောက်ကြည့်ပါလား။အရက်မူးလွန်လို့ 
သူများကိုလိမ်ဖို.မပြောနဲ့ ကိုယ့်ရှာအလုံးကြီးကိုပြန်မကိုက်မိအောင်လို့ မနဲထိန်းထားရတ
ယ်....အေ့။"
"အေ့!"
"မအေ့နဲ. တချို.ဆို အမူးလွန်းပြီး အမှန်တိုင် ပြောမိလို့ ကျွဲခိုးပေါ်တာရှိသေး..အေ့။"
"အဲ့!"
"မ အဲ့ နဲ့ အုန်းရှိသေးတယ်..သူတပါးပိုက်ဆံခိုးဖို့ မပြောနဲ့ ကိုယ့်အိတ်ထဲ ပိုက်ဆံတောင်ဘ
ယ်ကောင် နှိက်သွားမှန်း မသိလို့ ပျောက်ရတာအကြိမ်ကြိမ်...အေ့ ။"
"ဟင်!"
"မဟင်နဲ.အုန်း..ကျန်သေးတယ်။သူတ ပါးအသက်သက်ဖို့ မပြောနဲ့ ကိုယ်ဘာသာကိုမရပ်
နိုင်လို. ဓာတ်တိုင် ဖတ်ထားရတာဘဲ ကြည်. တော့...အေ့..။"
"သြော်!"
"မသြော်နဲ.မပြီးသေးဘူးသူများသားမယားကိုပြစ်မှားဖို့ ဆိုဝေးရောနိုင်ငံခြားမှာဖြစ်ဖူးတယ်...အမူးလွန်ပြီး ပန်းခြံထဲမှာ အိပ်နေတာ ကိုယ့်ဖင်ထဲကိုမြွေဝင်သွားမှန်း တောင်မသိဘူး...အေ့..။"
"မင်ပြောတော့လည်း ဟုတ်သလိုဘဲ။ငါလည်း ကံ၎ပါး လုံအောင်အရက်သောက်ရမလိုဖြစ်
နေပြီ အရက်ဆိုင် သွားအုံးမှ.....။ တစ်ချက် ရီရင် တစ်ချက်ပျော်နိင်ပါစေ။

*ရည်းစားစာ*

မင်းကိုစပျစ်သီးလိုအချစ်ကြီးခဲ့တာတကယ်ပါ။ရှောက်သီးလိုလျှောက်ဖြီးတာမဟုတ်ပါဘူး။
မယုံရင်ဒူးရင်းသီးလိုဆူးနင်းပြီးလျှောက်ကြည့်ပါလား။နေကြာစေ့လိုရင်မှာပွေ့ပြီးထန်းမြစ်
လိုအရမ်းချစ်တာပါ ချစ်သူရယ်။
ဘူးသီးကြော်လိုရူးပြီးအော်နေတာလည်းမဟုတ်ပါဘူး။ဒညင်းသီးလို အပျင်းကြီးတဲ့မင်းကို
ကိုယ်ခွင့်လွှတ်နိုင်ပါတယ်။ငါးပိချက်လိုအသိမခက်ပါနဲ့တော့။တို့စရာနဲ့တူတဲ့ကိုယ့်ကဗျာ
ကိုဖတ်ပြီးရင်ပြန်ချစ်ပါတော့။မဟုတ်ရင်ဂျူးမြစ်လိုအရူးဖြစ်ရပါ တော့မယ်။

*မဆုတ်သာ မတိုးသာ အခြေအနေ*

အလုပ်ရှင်ကအတွင်းရေးမှူးမကိုပြောသည်။
"ငါ့တို့ နိုင်ငံ့ခြားကိုတစ်ပတ်ကြာသွားရလိမ့်မယ်။ဒါကြောင့် စီစဉ်စရာရှိတာတွေစီစဉ်ထား။"
အတွင်းရေးမှူးမက သူ့ယောင်္ကျားထံ ဖုန်းဆက်၏။
"ကျွန်မ သူဌေးနဲ့ ကျွန်မနိုင်ငံခြားကိုတစ်ပတ်ကြာသွားရလိမ့်မယ်။ ရှင်ကိုယ့်ဘာသာကိုယ်
ကြည့်နေနော်"
ယောကျာင်္းက သူ့တိတ်တိတ်ပုန်း ချစ်သူထံဖုန်းခေါ်သည်။
"ကိုယ့်မိန်းမ နိုင်ငံခြားကို တစ်ပတ်ကြာသွားရလိမ့်မယ်။ဒါကြောင့်ကိုယ်တို့ တစ်ပတ်လုံးအ
တူနေကြရအောင်။"
တိတ်တိတ်ပုန်းချစ်သူကသူမသီးသန့်ကျူရှင်ပေးနေသော ကောင်လေးထံဖုန်းဆက်သည်။ "ငါတစ်ပတ်လောက်အလုပ်လုပ်စရာရှိတယ်။ ဒါကြောင့် မင်းစာလာသင်စရာမလိုဘူး" ကောင်လေးကသူ့အဘိုးထံဖုန်းဆက်သည်။
"ဘိုးဘိုး၊ ကျွန်တော့်ဆရာမ အလုပ်များနေလို့တစ်ပတ်လောက် စာမသင်ရဘူး။ကျွန်တော်
တို့ တစ်ပတ်လုံးနေပြီးအချိန်ဖြုန်းရအောင်။"
အဘိုး(အလုပ်ရှင်သူဌေး)က သူ့အတွင်းရေးမှူးကိုဖုန်းဆက်သည်။
"ဒီအပတ်ငါမြေးနဲ့အချိန်ဖြုန်းရမယ်။ အဲဒီ အစည်းအဝေးကိုမတက်နိုင်တော့ဘူး။"
အတွင်းရေမှူးက သူ့ယောင်္ကျားကို ဖုန်းခေါ်သည်။
"ကျွန်မအလုပ်ရှင်ကဒီတစ်ပတ်ထဲလုပ်စရာလေးတွေရှိတယ်။ခရီးစဉ်ကိုဖြက်လိုက်တယ်။"
ယောင်္ကျားကသု့တိတ်တိတ်ပုန်းချစ်သူထံ ဖုန်းဆက်သည်။
"ငါတို့ ဒီတစ်ပတ် အတူတူအချိန်မဖြုန်းနိုင်တော့ဘူး ။ငါ့မိန်းမခရီးစဉ် ဖျက်လိုက်တယ်။"
တိတ်တိတ်ပုန်းချစ်သူက ကျူရှင်သင်ပေးနေသည့် ကောင်လေးထံ ဖုန်းခေါ်သည်။
"ဒီတစ်ပတ် ငါတို့ ပုံမှန်အတိုင်းစာသင်ဖို့ရှိတယ်။"
ကောင်လေးကသူ့အဘိုးထံဖုန်းဆက်သည်။
"ဘိုးဘိုး ကျွန်တော့်ဆရာမက ပြောတယ်။ကျူရှင်တက်ရမယ်တဲ့အဘိုးနဲ့ အဖော်မလူပ်ပေး
နိုင်တာ စိတ်မကောင်းပါဘူး။"
အဘိုး (အလုပ်ရှင်)က သူ့အတွင်းရေးမှူးထံ ဖုန်းဆက်သည်။
"ဘာမှ မစိုးရိမ်နဲ့။အဲဒီအစည်းအဝေးကို ဒီတစ်ပတ်ဒို့တက်ရလိမ့်မယ်။ဒါကြောင့်စီစဉ်စရာရှိ
တာတွေ စီစဉ်ထားလိုက်။"
အဲဒါကို မဆုတ်သာမတိုးသာ အခြေအနေဟု ခေါ်သည်။


*ဗိုက်ဆာ လို့ ပါ*

အရာရာကို စူးစန်းချင်သော တတိယနှစ် ဆေးကျောင်းသူတယောက်သည်သူမ၏ ပထမ
ဆုံးသောလက်တွေ့ သင်ကြားရက်တွင် ခွဲစိတ်ခန်းသို့ စပ်စပ်စုစုသွားကြည့် ပါသတဲ။ခွဲစိတ်
ကုသမှုခံယူရန် လူနာတယောက်သည် ခွဲစိတ်ခန်းအ၀ ၀င်ခါနီးတွင် သူ၏အလှည့်ကိုစောင့်
ဆိုင်းနေပါ သည်။ထိုလူနာသည်အဲဒီ ဆေးကျောင်းသူကိုလည်းမြင်ရော .....
“ဆရာမဗိုက်အရမ်းဆာနေပြီ။အခုထိခွဲခန်းလည်း မ၀င်ရ သေးဘူး။ဆရာမရယ်ကူညီပါဦး။“
အဲဒီဆေးကျောင်းသူကလည်းပထမဦးဆုံးဆရာမ အခေါ်ခံရတာရယ် ထိုလူနာကိုကြည့်ပြီး
သနားတာရယ်။ အ၇ည်ဆို၇င်တော့ သိပိပြသနာတော့  မရှိ လောက်ပါဘူးဟုစဉ်းစားပြီး ..
သူမဆီမှာပါလာတဲ့Fantasyအအေးကိုတိုက်လိုက်ပါသတဲ့။ထိုလူနာအအေးလည်းသောက်
လို့ ကုန်ခါနီး ရောထိုလူနာကိုစမ်းသပ်ရန် ရောက်လာသောခွဲခန်းတာဝန်ကျဆရာဝန်လဲအ
အေး သောက် နေတဲ့လူနာကိုမြင်ပါလေရော။တာဝန်ကျဆရာဝန်သည်လူနာအားခွဲစိတ်ကု
သမှု ခံယူ ၇မည့်လူနာများသည် ည ၁၀ နာရီမှစ၍မည်သည့်အစားအသောက်မှစားခွင့်မပြု
ပါ။ေ၇ ပင်သောက်ခွင့် မပြု ပါဆိုကိုသေချာစွာရှင်းပြပါသည်။ထို့  နောက်ခွဲစိတ်ရက်ကိုရက်
ရွေ့ လိုက်ရ ပါ သည်။တာဝန်ကျဆရာဝန် ကဆေးကျောင်းသူအား အအေးတိုက်ရသည့် 
အကြောင်း အားမေးမြန်းသည့်အခါဆေးကျောင်း သူက ” လူနာ ဗိုက်ဆာလို့ ပါ “ ..... တဲ့


*(ရ) ရက်သောက်ရမည့် အတူတူ*

တနေ့ သောအခါ အလုပ်သင်ဆရာဝန်မလေး နှင့် သူ၏ သူ ငယ် ချင်း များသည်ဆေးရုံနှင့်
ဝေး သော ကျေးလက်ဒေသ သို့ ရန် (၂) ပတ် ကြာမျှ ကျမ်းမာရေး ကွင်းဆင်းလေ့လာရန်
သွား ရောက်ကြရသည်။ထိုဒေသတွင်နေထိုင်ကြသောလူများသည်ကျမ်းမာရေးဗဟုသုတ
နည်းပါး၍ ရိုးသားကြသည် ။လုပ်သင်ဆရာဝန်မလေး သည် လယ်ထဲတွင် အလုပ်လုပ်ရင်း
ခြေထောက်တွင်ဒဏ်ရာရ၍အနာရင်းကာပြည်တည်နေသောလူနာအားစမ်းသပ်ပြီးပဋိဇေဝ
ဆေး (Antibiotic) ဆေးသောက်၇န်လိုကြောင်း၊ ဆေးကို တနေ့ သုံးကြိမ်၊(၈)နာရီခြား၊အ
စားအစာ နှင့်ဝေးဝေး သောက်ရမည် (၇) ရက်ဆက် တိုက်သောက်ရ မည်ဆိုသည်ကိုသေ
ချာစွာရှင်းပြပါသည်။လူနာက အလုပ်လုပ်ရမည်ဖြစ်သဖြင့်ဆေးသောက်ရန်အဆင်မပြေသ
ည့် အကြာင်း၊ မမှတ်တတ်ကြောင်း၊ဆေးသောက် ရန်လည်းပြင်းသည့် အကြောင်းပြန်ပြော
ပါသည်။ထိုအခါ အလုပ်သင်ဆရာဝန်မလေး လူနာသေချာနားမလည်ပုံပေါက်သဖြင့် ထပ်
၍ မနက် (၈) နာရီ၊နေ့ လည် (၂)နာရီ၊ ည(၁၀) နာ၇ီ သောက်ရန်ပြော၍ ဆေး(၂၁)လုံးကို
ပေးလိုက် ပါသည်။နောက် (၂) ရက်အကြာတွင်ပြန်ပြ၇န်မှာလိုက်ပါ သည်။
နောက် (၂) ရက်အကြာ - အလုပ်သင်ဆရာဝန်မလေး ကစိတ်မချ၍ ဆေးဘယ်နှလုံးကျန်
ပါသေးသလဲဟုမေး လိုက်ရာလူနာပြန်ပြောလိုက်သည်မှာ - အိမ်ရောက်တာနှင့်(ရ) ရက်ေ
သာက်ရမည့် အတူတူဆေးအားလုံးတခါထဲ သောက်လိုက်သည်ဟု ....

*ခေါင်းရှုပ်မခံနိုင်ဘူး*

ယောက်ခမ(အထီး)ထံ သမက်ဖြစ်သူရောက်လာသည်။
"အန်ကယ်။အန်ကယ်သမီးနဲ့ကျတော် လက်ထပ်တာသုံးလပဲရှိသေးတယ်ဒါပေမဲ့ အခုက
လေးမွေးပီ အဲဒါဘယ်လိုဖြစ် နိုင်မှာလဲကလေးတယောက်မွေး ဘို့ဆိုတာ ၉ လကြာတယ်
ဆိုတာ အားလုံးသိကြတာပဲ"
ဤစကားကိုကြားသောအခါ ယောက်ခမ ကပြန်မေးသည်။
"မင်းက မင်းမိန်းမနဲ့ သုံးလကြာ အတူနေတယ်နော်"
"ဟုတ်ကဲ့ နေပါတယ်"
"မင်းမိန်းမက မင်းနဲ့ သုံးလ ကြာနေတယ်"
"ဟုတ်တယ်ဟုတ်ဟုတ်ပါတယ်"
"မင်းတို့နှစ်ယောက် အတူနေတာ အခုဆို သုံးလ ရှိပြီ မှန်တယ်နော်"
"ဟုတ်ကဲ့ မှန်ပါတယ်"
"ဒါဆိုရင် ၃+၃+၃ ဆို ဘယ်လောက်ဖြစ်မလဲ"
"ကိုး ပါ"
"အေး အဲဒါပဲငါ့ကိုနောက်လာပီး အနောက်အရှက် မပေးနဲ့"

* * *

ရပ်ကွက်ထဲတွင် လူငယ်များစုဝေးကာ ကိုယ်ခံပညာများလေ့ကျင့်နေသ ည်ကို တောမှအ
လည်လာသောဦးလေးကြီးက ကြည့်ပြီး..သူ့တူမဖြစ်သူအား...
“ တူမကြီးတို့ ရပ်ကွက်ကလူငယ်တွေကboxing ကျင့်တဲ့သူကျင့်တုတ်သိုင်း၊ဓါးသိုင်းကျင့်
တဲ့သူကျင့်နဲ့ နိုင်ငံ့အတွက်အားရစရာပဲဟေ့။ဒါနဲ့ ဘာအတွက်ကျင့်နေကြတာလဲအာရှပြိုင်
ပွဲအတွက်လူရွေးပွဲဝင်ဖို့ကျင့်နေကြတာလား ...”
“ မဟုတ်ဘူး ဦးလေးရဲ့...ရပ်ကွက်ပေါင်း စုံ ဘောလုံးပွဲတွေ စတော့မှာလေ...”

*အကြောက်ချင်းပြိုင်*

“ကျုပ်အိမ်ကခွေးကို ကြည့်လို့မရတော့ဘူးဗျာဘယ့်နှယ့်ဗျာ..တံခါးခေါက်သံကြားတယ်
ဆို ရင်ခုတင်အောက်ဝင်ပုန်းတော့တာပဲ.... ။.”
“ သူ့ခမျာ ကြောက်လို့ဖြစ်မှာပေါ့....၀င်ပု န်းပစေပေါ့....”
“ ကုတင်အောက်မှာ ကျုပ်တို့နှစ်ယောက်ဆို ကျပ်တယ်ဗျ"

No comments:

Post a Comment