Monday, July 4, 2011

ကော်ဖီကိုနေ့ စဉ်သောက်ခြင်းဖြင့်မှတ်ဥာဏ်ကောင်းနိုင်


လူတိုင်း၊လူတိုင်း နေ့စဉ်ကော်ဖီ ၅၀၀ မီလီဂရမ်ကိုပုံမှန်သောက်သုံးသင့်ကြသည်။ သို့ရာတွင်သွေးတိုး
ရောဂါဝေဒနာရှင်၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများမှာကော်ဖီကိုအကန့် အသတ်ဖြင့်သာ  သောက်သုံး
သင့်ကြသည်ဟု ဆေးသုတေသနပညာရှင်များ ကအကြံပြုထားသည်။

မှတ်ဥာဏ်များပြန်လည်ရရှိ

အမေရိကန်ဆေးသိပ္ပံပညာရှင်များက လူတိုင်းသည်နေ့ စဉ်ကော်ဖီငါးခွက်ကိုပုံမှန်သောက်သုံးခြင်းဖြင့်
အယ်လ်ဇိုင်းမား (Alzheimer) ခေါ်အတိတ်မေ့ရောဂါကိုသက်သာပျောက်ကင်းစေပြီး   မှတ်ဥာဏ်စွမ်း
ရည်များပြန်လည်ကောင်းမွန်လာသည်      ကိုလေ့လာတွေ့ ရှိခဲ့ကြသည်။ဗြိတိသျှဆေးပညာရှင်များက
အယ်လ်ဇိုင်းမားရောဂါဝေဒနာရှင်များအားကော်ဖီကိုမဖြစ်မနေ  ပုံမှန်သောက်စေခြင်းဖြင့်ထူးခြားသော
မှတ်ဥာဏ်များပြန်လည်ရရှိလာကြောင်းရေးသားဖေါ်ပြကြသည်။   အမေရိကန်ပြည်ထောင်စုမှအလ်လ်
ဇိုင်းမားရောဂါဆိုင်ရာသူတေသနဌာနအကြီးအကဲရီဘက်ကာဝုဒ်က    ကော်ဖီကို အလ်လ်ဇိုင်းမားရော
ဂါဝေဒနာရှင်များသာမကမှတ်ဥာဏ်စွမ်းရည်ဖွံ့ ဖြိုးတိုးလာစေရန်    လူတစ်ဦးလျှင်နေ့စဉ်ပုံမှန် အနည်း
ဆုံးကော်ဖီတစ်ခွက်ကိုမဖြစ်မနေ သောက်သုံးသင့်သည်ဟု အကြံပြုတင်ထားသည်။

ပိုမိုတိုးတက်လာ

ပြင်သစ်ဆေးသုတေသီများသည်ကော်ဖီသောက်သုံမှုနှင့်စပ်လျဉ်း၍   သုတေသနပြုခဲ့ကြရာကော်ဖီ ပုံ
မှန်သောက်သုံးကြသည့် အမျိုးသမီးများမှာ     မှတ်ဥာဏ်စွမ်းရည်ပိုမိုကောင်းမွန်လာကြောင်းလေ့လာ
တွေ့ ရှိခဲ့ကြသည်။ပြင်သစ်ဆေးသုတေသနပညာရှင်များသည် အသက်(၆၅)နှစ်နှင့်အထက်အမျိုးသမီး
များကိုတစ်နေ့ လျှင်ကော်ဖီတစ်ခွက် နှုန်းသောက်သုံးစေခဲ့ရာမှ    သုံးခွက်နှုန်းတိုးမြှင့်သောက်သုံးစေခဲ့
ရာ၎င်းတို့မှာယခင်ကထက်     မှတ်ဥာဏ်စွမ်းရည်ပိုမိုတိုးတက်လာကြသည်ကိုလက်တွေ့ စမ်းသပ်တွေ့
ရှိခဲ့ရ သည်။ကော်ဖီသောက်သုံးရာတွင်      ကော်ဖီစေ့မှကြိတ်၍ရရှိသောကော်ဖီမှုန့် ကိုကျို၍သောက်
သုံးသင့်သည်ဟု ဆိုသည်။

မြန်မာ့အလင်းသတင်းစာမှကူးယူဖေါ်ပြသည်။

No comments:

Post a Comment