Saturday, December 17, 2011

ရွှေသဘာဝဓာတ်ငွေ့ နှင့်ပတ်သက်သည့်သတင်းများစုဆောင်းချက် ၁


ကန်ဒေါ်လာတစ်ဘီလီယံခန့်ကုန်ကျမည့် ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်း ကျောက်ဖြူတွင် တည်ဆောက်နေ
ကျော်မြတ်ဇံ

ရန်ကုန်၊ ဒီဇင်ဘာ ၂- ရခိုင်ကမ်းလွန်ဒေသတွင် ဖက်စပ်လုပ် ကိုင်သော ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းကို အမေရိကန်ဒေါ် လာ တစ်ဘီလီယံခန့်အကုန်ကျခံကာ ကျောက်ဖြူမြို့နယ်တွင် ဒေ၀ူးနှင့်  အခြားဆက်စပ်ကုမ္ပဏီများက စတင်ဆောက်လုပ်နေပြီဖြစ်ကြောင်း ဒေ၀ူးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ သဘာဝဓာတ်ငွေ့များကို ၂၀၁၃ မေ ၁ရက်တွင် ကျောက်ဖြူမှ တရုတ်ပြည် ကူမင်းသို့ စတင်ပို့လွှတ်မည်ဖြစ်ပြီး နှစ် ၃၀ကြာ ရောင်းချသွားမည်ဖြစ်ကြောင်းသိ ရသည်။     
    "အဲဒီရက်ကစပြီး တရုတ်နိုင်ငံ ကို စတင်တင်ပို့နိုင်အောင် လူအင်အား အလုံးအရင်းတွေနဲ့ ကျောက်ဖြူမှာ လုပ်ဆောင်နေပါတယ်။ အခုဆိုရင် ဓာတ်ငွေ့ ပိုက်လိုင်းစတင်သွယ်တန်းမယ့်နေရာ၊ ဓာတ်ငွေ့ပို့လွှတ်မယ့်ဆောက်အအုံ၊ ကွန်ထရိုးစခန်း ပစ္စည်းသိုလှောင်ရုံနဲ့အခြားလိုအပ်တဲ့စက်ရုံ အလုပ်ရုံတွေကို ပြည်တွင်း၊ ပြည်ပက ပညာရှင်တွေ စတင်ဆောက်လုပ်နေပါ တယ်" ဟု ယင်းက ပြောသည်။
    ယင်းကဲ့သို့ ရွှေ project စီမံ ကိန်းကို အဆင့်သုံးဆင့်ဖြင့် ပြုလုပ်နေကာ ပထမအဆင့်အနေဖြင့် ပင်လယ်ထဲတွင် ပလက်ဖောင်းတည်ဆောက်ခြင်း၊ ဒုတိယ အဆင့်အနေဖြင့် offshore တည်ဆောက် ခြင်း၊ တတိယအဆင့်အနေဖြင့် on shore gas terminal နှင့် supply base တည် ဆောက်ခြင်း စသည်တို့ဖြစ်ရာ စီမံကိန်း တွင်သုံးမည့် ပလက်ဖောင်း တည်ဆာက်ခြင်းကို ပြည်ပတွင်၂၀၀၉ ခုနှစ်က ပြုလုပ် ခဲ့ပြီး နှစ်နှစ်ခန့်ကြာမြင့်မည်ဖြစ်သည်။
    ယင်းကဲ့သို့ ရွှေသဘာဝဓာတ် ငွေ့ project စီမံကိန်းကို ဒေ၀ူးအင်တာ နေရှင်နယ်ကုမ္ပဏီက ၅၁ရာခိုင်နှုန်း၊ အိန္ဒိယ ongc က၁၇ရာခိုင်နှုန်း၊ gail ကုမ္ပဏီက ၈ဒသမ၅ရာခိုင်နှုန်း၊ ကိုးရီးယားkorea gas crop က ၈ဒသမ၅ရာခိုင်နှုန်း၊ မြန်မာ့ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းMOGE က ၁၅ ရာခိုင်နှုန်းစသဖြင့် အသီးသီးရင်း နှီးမြှုပ်နှံထားကြကြောင်း ကျောက်ဖြူမြို့ နယ် ရွှေကျွန်းသန္တာမဂ္ဂဇင်းတွင် ဖော်ပြချက် အရ သိရသည်။
    "ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်း က တာဝန်ရှိသူတွေအနေနဲ့ ကျောက်ဖြူ မြို့မှာရှိတဲ့ဆေးရုံ၊ စာသင်ကျောင်းနဲ့တခြား လိုအပ်တဲ့ နေရာတွေမှာတော့ အမြဲတမ်း လိုလို အလှူလုပ်ကြတယ်။ ပညာရေး၊ ကျန်းမာရေးနဲ့ တခြားပရဟိတလုပ်ငန်း တွေမှာလဲ ပါဝင်လှူဒါန်းကြပါတယ်။ နိုင်ငံ ခြားသားတွေ လာလှူတာရှိသလို တာဝန် ရှိတဲ့ ပြည်တွင်းကလူတွေ လာလှူတာတွေ လဲရှိတယ်"ဟု ကျောက်ဖြူမြို့နေ ပြည်သူ တစ်ဦးက ပြောသည်။
     ဒေ၀ူးနှင့် တခြားဆက်စပ် ကုမ္ပဏီများသည် ရခိုင်ကမ်းလွန်ဒေသမှ ရေနံနှင့်သဘာဝဓာတ်ငွေ့တူးဖော်မှုလုပ်ငန်း များကို ၂၀၀၃ခုနှစ်တွင် စတင်လုပ်ဆောင် လာကြရာ ကျောက်ဖြူမြို့မှ မိုင်၆၀အကွာ ဖရုံကာကျွန်းအနောက်ဘက်မှ ရွှေနှင့်ရွှေ ဖြူ သဘာဝဓာတ်ငွေ့သိုက်များကို၂၀၀၄ ခုနှစ်တွင်လည်း ကျောက်ဖြူမြို့မှ မိုင် ၂၀ အကွာတွင်ရှိသည့် မြသဘာဝဓာတ်ငွေ့ သိုက်များကို၂၀၀၆ခုနှစ်တွင် ရှာဖွေတွေ့ရှိ ခဲ့ကြကြောင်း သိရသည်။
    ဒေ၀ူးနှင့်ဆက်စပ်ကုမ္ပဏီများ သည် ယင်းစီမံကိန်းမှ ထွက်ရှိလာသည့် သဘာဝဓာတ်ငွေ့များကို နှစ်၃၀စီမံကိန်း ဖြင့် ရောင်းချရန်China National   United Coporation Agreement  Shwe Project စီမံကိန်းကို ၂၀၀၄ခုနှစ် ဒီဇင်ဘာ၂၄ရက် တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။
kmzan@yangonmedia.com

No comments:

Post a Comment