သူကတော့သွေးရူးသွေးတန်းနဲ့ရှေ့ဆက်တိုးပြန်ပြီ။အာဏာပိုင်တွေကလဲသူ့ကိုသူပုန်အ
ဖြစ်သတ်မှတ်ထားကြပါပြီ။သူဒုတိယ၀န်ကြီးချုပ်ဖြစ်နေတုန်းကရှပ်နီ(၉၀)ယောက်ကို
ပစ်သတ်ခဲ့တဲ့အမှုအတွက်လဲတရားရုံးကဆင့်ခေါ်တာသူမသွားဘူး။မိုက်ရူးရဲလိုက်ပုံက တော့ယဉ်လတ်ရှင်နာဝတ်ကဆင်းမပေးပဲခေါင်းမာနေရင်သူနဲ့သူ့အစိုးရတဖွဲ့ တဖွဲ့လုံး
ကိုဝင်ဖမ်းမယ်တဲ့ဗျား။ကြားရတောစိတ်ထဲယားကျိကျိဖြစ်လာတယ်။ဝန်ကြီးတွေမင်း
တို့မိန်းမနဲခလေးတွေကိုတခြားကိုပို့ထားကြ၊ဒါမှမင်းတို့ကိုဝင်ဖမ်းရင်သူတို့လွတ်သွားကြ
မှာဆိုပဲဗျာ။ဒီလောက်သွေးရူးသွေးတန်းပြောတဲ့နိုင်ငံရေးသမားကျွန်တော်လေ့လာတဲ့
သမိုင်းစာအုပ်တွေထဲတော့မတွေ့မိပါဘူးဗျာ။သင်္ကြန်အမြောက်ထုတတ်တဲ့နိုင်ငံရေး
ခေါင်းဆောင်တွေတော့ရှိပါတယ်။ဗမာပြည်မှာလဲရှိခဲ့တာပဲလေ။ဟီးဟီး...ဒီအကြောင်း
တော့မပြောတော့ပါဘူး။ကျုပ်ကသမိုင်းသမားဆိုတော့နှိုင်းယှဉ်လေ့လာမှု (Comparative Analysis) ဆိုတာဝါသနာပါနေတယ်။၁၉၈၅ခုနှစ်ကဖိလစ်ပိုင်ကမား ကို(စ်)ပြေးရတာသွားသတိရမိသဗျို့။ပြေးရမှာပေါ့။သူ့ကာကွယ်ရေးဝန်ကြီးအင်ရီးလီ (Enriles) နဲ့ကာကွယ်ရေးဦးစီးချုပ်ရာမို့(စ်)(Ramos)ကပါသမတနန်းတော်ကိုဝိုင်းထားပြီ
လေ။ အခုသူ့နောက်မှာဘယ်သူရှိသလဲ။တပ်ကများပါနေသလား။သိပ်တော့မထင်ဘူး။ ရဲကကော။ဒီနေ့အထိဒီသပိတ်သမားတွေဟိုနေရာဝင်စီး၊ဒီနေရာဝင်စီးလုပ်နေနိုင်တာ ယဉ်လတ်ရဲ့စိတ်ရှည်သည်းခံမှုကြောင့်ဆိုတာပေါ်လွင်နေပြီ။ဘုရင်ကြီးကနေမကောင်း
ရတဲ့အထဲ။သူနှုပ်ဆိပ်နေမှာပဲ။ဒီတော့Hollow Bomb လို့ခေါ်တဲ့သင်္ကြန်အမြောက်နဲ့ထု တာယဉ်လတ်ကတော့ကြောက်မှာမဟုတ်ဘူး။ကျွန်တော်ပြထားတဲ့ဘန်ကောက်မဏ္ဍလ မြေပုံကိုရှုစားကြပါ။မျဉ်းတစောင်းတွေပြထားတာသူကောင်းမျိုးတွေရဲ့ အမာခံနယ်ပဲ။
ဒီနေရာမှာတောင်သူ့ ကိုထောက်ခံမည့်လူ၊မထောက်ခံတဲ့လူရှိနေတယ်။အသေအ ချာပါ။ ဆူထက်ကသူဟာသူဟာနိုင်ငံအတွင်းမှာခြစားမှုနဲ့တက်ဆင်မျိုးနွယ်စိုးမိုးမှုကို တိုက်ဖျက်နေတာပါလို့ပြောတယ်။ဒါပေမဲထိုင်းလူမျိုးအတော်များများကသိထားကြတာ
ကသူဒုတိယ၀န်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်စဉ်ကကျူးလွန်ခဲ့တဲ့ပြစ်မှုတွေအ
တွက်မထူးဇာတ်ခင်းနေတာဖြစ်တယ်ဆိုတာပါပဲ။ဒါပေမဲ့ဘန်ကောက်မဏ္ဍလာကသူ
ကောင်းမျိုးတွေရဲ့ ထောက်ခံမှုကိုရနေတယ်ဆိုတာတော့မယဉ်လတ်လဲလျှော့တွက်
လို့မရဘူးထင်တယ်။အစိုးရစီစဉ်ထားတဲ့ရွေးကောက်ပွဲကိုသူတို့ဆန်ကျင်နေကြပေမဲ့
စစ်တမ်းကောက်သူတွေရဲ့ အစီရင်ခံချက်အရထိုင်းမြောက်ပိုင်းမှာပြည်သူ၇၀%ကမဲ
ပေးဘို့အဆင်သင့်ပါပဲတဲ့။ဆူထက်ဟာသမ္ဘာရင့်နိုင်ငံရေးသမားတယောက်ပါ။ဒီပဋိ
ပက္ခဟာပြည်တွင်းစစ်အထိဦးတယ်သွားနိုင်တယ်ဆိုတာသူသဘောပေါက်ရမယ်။အမေ
ရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလဲဒီမိုကရေစီကျင့်စဉ်တွေခိုင်မာစေဘို့တိုက်တွန်း
တယ်။ဒီနေ့အထိအစိုးရလုပ်ငန်းစဉ်တွေရပ်ဆိုင်းမသွားဘူးဗျ။မနေ့ကဆူထက်နောက်
လိုက်တွေကရဲဦးစီးချုပ်ရုံးကိုသွားပြီး၊မင်းတို့တွေတက်ဆင်ရဲ့ ကျွန်တွေပဲလို့ဆဲကြသတဲ့။
ကျုပ်သာထိုင်းဘာသာနဲ့ရေးနေရင်ကျုပ်လဲအဆဲခံရလောက်ပြီ။ထိုင်းစာကကြီးခခွေး
လောက်တော့ဖတ်တတ်ပါရဲ။ဒီတိုင်းပြည်သမိုင်းကဗမာပြည်သမိုင်းနဲ့ဆက်စပ်နေလို့
လေ့လာမိတာပါ။တက်ဆင်ကိုမြောက်ကြွမြောက်ကြွနေတတ်လို့ကျုပ်လဲကြည့်မရခဲ့
ပါဘူး။ဒါပေမဲ့အမှန်နဲ့အမှား၊ဝေဖန်ပိုင်းခြားကြည့်ရမှာပေါ့။အတိုက်အခံတွေရဲ စွတ်စွဲချက်ကတော့တက်ဆင်ဟာဆင်းရဲသားတွေကိုမက်လုံးပေးပြီးမဲတွေလိမ်ယူခဲ့ တယ်။ဒါကခြစားမှုတခုပဲလို့စွတ်စွဲတယ်။အခုလဲတက်ဆင်ကတွေးတယ်၊ယဉ်လတ်က အကောင်အထည်ဖေါ်တယ်လို့သူတို့မြင်တယ်။ယဉ်လတ်ကတော့သူဟာသူ့အကိုရဲ့ ကိုယ်ပွါးမဟုတ်ရပါဘူး။သူ့အစိုးရရဲ့လက်ရှိပေါ်လီစီကလဲထိုင်းစားသုံးသူတွေရဲ့ ဝယ်
လိုအားမြင့်မားလာမှုကိုဦးတည်ပါတယ်လို့ပြောတယ်။ကျမဟာနိုင်ငံရေးတည်ငြိမ်မှုနဲ့ ဒီမိုကရေစီကိုကာကွယ်ဘို့ဒီနေရာကိုရောက်လာရတာပါလို့ဆက်ပြောတယ်။စီးပွါးေ၇း
အသိုင်းအ၀ိုင်းကလဲဒီလိုဖြစ်နေတာကိုမလိုလားကြဘူး။ဘယ်သူကဆက်ပြီးဘယ်ခြေ လှမ်းကိုလှမ်းမယ်ဆိုတာစောင့်ကြည့်ကြတာပေါ့ဗျာ။
ဖြစ်သတ်မှတ်ထားကြပါပြီ။သူဒုတိယဝ
ပစ်သတ်ခဲ့တဲ့အမှုအတွက်လဲတရားရုံ
ကိုဝင်ဖမ်းမယ်တဲ့ဗျား။ကြားရတောစိတ်ထဲယားကျိကျ
တို့မိန်းမနဲခလေးတွေကိုတခြားကို
မှာဆိုပဲဗျာ။ဒီလောက်သွေးရူးသွေး
သမိုင်းစာအုပ်တွေထဲတော့မတွေ့မိပ
ခေါင်းဆောင်တွေတော့ရှိပါတယ်။ဗမာ
တော့မပြောတော့ပါဘူး။ကျုပ်ကသမိုင
လေ။ အခုသူ့နောက်မှာဘယ်သူရှိသလဲ။တပ်က
ရတဲ့အထဲ။သူနှုပ်ဆိပ်နေမှာပဲ။ဒီေ
ဒီနေရာမှာတောင်သူ့ ကိုထောက်ခံမည့်လူ၊မထောက်ခံတဲ့လ
ကသူဒုတိယ၀န်ကြီးချုပ်အဖြစ်တာဝန်
တွက်မထူးဇာတ်ခင်းနေတာဖြစ်တယ်ဆို
ကောင်းမျိုးတွေရဲ့ ထောက်ခံမှုကိုရနေတယ်ဆိုတာတော့မ
လို့မရဘူးထင်တယ်။အစိုးရစီစဉ်ထား
စစ်တမ်းကောက်သူတွေရဲ့ အစီရင်ခံချက်အရထိုင်းမြောက်ပို
ပေးဘို့အဆင်သင့်ပါပဲတဲ့။ဆူထက်ဟာ
ပက္ခဟာပြည်တွင်းစစ်အထိဦးတယ်သွား
ရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက
တယ်။ဒီနေ့အထိအစိုးရလုပ်ငန်းစဉ်ေ
လိုက်တွေကရဲဦးစီးချုပ်ရုံးကိုသ
ကျုပ်သာထိုင်းဘာသာနဲ့ရေးနေရင်ကျ
လောက်တော့ဖတ်တတ်ပါရဲ။ဒီတိုင်းပြ
လေ့လာမိတာပါ။တက်ဆင်ကိုမြောက်ကြွ
ပါဘူး။ဒါပေမဲ့အမှန်နဲ့အမှား၊ဝေဖ
လိုအားမြင့်မားလာမှုကိုဦးတည်ပါ
အသိုင်းအ၀ိုင်းကလဲဒီလိုဖြစ်နေတာ
No comments:
Post a Comment