Friday, February 7, 2014

တပ်မတော်သားတစ်ဦး မုဒိန်းကျင့်ရန် ကြံစည်ရာ မအောင်မြင်တဲ့ အတွက် ရိုက်နှက်မှု တစ်ခု ဖြစ်ပွား

မွန်ပြည်နယ် သံဖြူဇရပ်မြို့ နယ် ၀ါရက်ကျေးရွာ အခြေစိုက် အမှတ်(၃၁၅) အမြောက်တပ်ရင်းမှ ဒုတပ်ကြပ်ရဲလင်းထွန်းက ၂၆/၀၁/၂၀၁၄ ရက်နေ့ မနက်(၂)နာရီ အချိန်မှာ ဝါရက်ကျေးရွာနေ မိချို(အသက်-၃၄-နှစ်)ကို မုဒိန်းကျင့်ရန် ကြံစည်ရာ မအောင်မြင်တဲ့ အတွက် ရိုက်နှက်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သစ်ထူးလွင် မှ စုံစမ်းသိရှိရပါတယ်။

ဇန်န၀ါရီလ(၂၆)ရက်နေ့ မနက်(၂)နာရီ အချိန်မှာ မိချို က တပ်ရင်း တောင်ဘက် ၃ ခြံကျော်က ရော်ဘာခြံမှာ အစေးလှီနေတုန်း ဒုတပ်ကြပ် ရဲလင်းထွန်းက အနောက်ဘက်ကနေ မိချိုကို ဝင်လုံးပြီး ကြံစည်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီမှာ မိချိုက ဘာလိုချင်လို့ လူကိုဝင်လုံးတာလဲလို့  မေးပါတယ်။ ရဲလင်းထွန်းက ဘာမှမလိုဘူး လူကိုဘဲ လိုချင်တယ်လို့  ပြောပါတယ်။ အဲဒီမှာမိချို မာယာသုံးပြီး ဘောင်းဘီ ချွတ်ခိုင်းပါတယ်။ ရဲလင်းထွန်း ဘောင်ဘီချွတ်တဲ့ အချိန်မှာ မိချို က ယောကျာင်္တန်ဆာကို ဆွဲညှစ်လိုက်ပြီး သူတပြန် ကိုယ်တပြန် သတ်ပုတ်ခဲ့ကြောင်း သိရပါတယ်။

လုံးထွေး သတ်ပုတ်နေစဉ် မိချိုက ရဲလင်းထွန်းရဲ့ လက်ကို ကိုက်ပါတယ်။ ရဲလင်းထွန်းက နာလွန်လို့ လက်ကိုဆွဲနူတ်တဲ့ အချိန်မှာ မိချိုရဲ့ သွားနှစ်ချောင်း ကျွတ်ထွက်သွားပါတယ်။ ရုံးရင်းဆန်ခတ်ဖြစ်နေတဲ့ အချိန်မှာ ရဲလင်းထွန်က မိချိုကို ရိုက်နှက်ထားလို့ ဦးခေါင်းခွံကွဲ ဒါဏ်ရာ၊ ညာမျက်စိ ဖူးရောင်ဒါဏ်ရာ နှင့် လက်ညိုးပြတ်ရှ ဒါဏ်ရာ ရထားပါတယ်။

ရဲလင်းထွန်းလည်း တန်ဆာဆွဲခံထားရတဲ့ ဒဏ်ကြောင့် ထွက်ပြေးသွားပါတယ်။ မိချိုက ခြံနီနားခြင်းတွေကို အကူညီတောင်းပြီး ဝဲရက်ကျေးရွာ အုပ်ချုပ်ရေးမှူးဦးစိန်အောင်ဆီ သွားရောက် တိုင်ကြားခဲ့စဉ်မှာ အဆိုပါ ဖြစ်စဉ် အသေးစိတ်ကို ထွက်ဆိုခဲ့တာဖြစ်ပါတယ်။

အုပ်ချုပ်ရေးမှူးလည်း ရဲကို အကြာင်းကြားပြီး အခင်းဖြစ်နေရာကို သွားကြည့်တဲ့ အခါမှာ တပ်မတော်သား ကတ်တစ်ခုနဲ့ ဆိုင်ကယ်သော့တွေ့လို့ သက်ဆိုင်ရာ တပ်ကို သွားအပ်ခဲ့ပါတယ်။ (အခင်းဖြစ်နေရာကို သွားကြည့်တဲ့အချိန်မှာ သံဖြူဇရပ် မြို့ မ ရဲစခန်မှုးဦးစိုးအောင်နဲ့ နယ်ထိန်းပါ ပါတယ်။)ခုချိန်ထိဘာမှ အကြောင်းမှ မထူးသေးပါဘူး။

ရိုက်နှက်ခံထားရတဲ့ မိချို ကတော့ ဒီနေ့ ဖေဖော်ဝါရီလ(၃)ရက်နေ့ မှာ မော်လမြိုင်ဆေးရုံကနေ ရန်ကုန်ဆေးရုံကို လွှဲပြောင်း ကုသဖို့ ရန်ကုန်မြို့ ကိုသွားနေပြီ ဖြစ်ပါတယ်။

ဒီအမှုကို ရဲစခန်းမှာ အမှူဖွင့်ထား သလားလို့ မေးတဲ့ အခါမှာ ကာယကံရှင်က ကျေအေးလို့ မဖွင့်ကြောင်း သံဖြူဇရပ်စခန်းမှူးဦးစိုးအောင်က ပြန်ပြောပါတယ်။ မိချိုရဲ့ ခင်ပွန်းက တပ်ရင်းမှူးက အမှုဖွင့်ရင် ကုသဖို့ ပိုက်ဆံမပေးဘူး ပြောလို့ လက်မ နှိပ်ရကြောင်း ပြောပါတယ်။

အမှတ်(၃၁၅)အမြောက်တပ်ရင်းဟာ သံဖြူဇရပ်မြို့နယ်၊ ဝဲရက်ကျေးရွာမှာ ပြည်သူတွေ ပိုင်ဆိုင်တဲ့ ရော်ဘာခြံ ဧက(၃၅၀)ကျော်ကို သိမ်းယူပြီး အခြေစိုက်ထားတာ ဖြစ်ကြောင်း သစ်ထူးလွင် မှ စုံစမ်းသိရှိရပါတယ်။

Thanbyuzayat watch

No comments:

Post a Comment