လက်ရှိဘန်ကောက်မြိုလယ်ကိုပိတ်ဆို့ထားတဲ့သပိတ်ခေါင်းဆောင်မစ္စတာဆူထက်
သောဆူဘန်ဟာအရင်လေးနှစ်ကဒုတိယ၀န်ကြီးချုပ်အဖြစ်နဲ့သူတို့အစိုးရအဖွဲ့ကိုကန့် ကွက်ဆန္ဒပြနေကြတဲ့ဆန္ဒပြသူတွေအပေါ်တင်းမာတဲ့သတိပေးချက်ကိုထုတ်ပြန်ဘူးပါ တယ်။ဒီလူတွေဥပဒေကိုချိုးဖေါက်ပြီး၊လမ်းတွေကိုပိတ်ဆို့မယ်၊အစိုးရအဆောက်အဦ
တွေကိုကျူးကျော်ဝင်ရောက်မယ်ဆိုရင်၊ဒီသပိတ်ကိုဖြိုခွင်းရမှာပဲလို့၂၀၁၀ခုမတ်လ
(၁၂)ရက်နေ့မှာကြေငြာခဲ့တယ်။နှစ်လကျော်ကျော်လောက်ကြာတော့သူပြောတဲ့အတိုင်း စစ်တပ်ကအင်အားသုံးပြီးဖြိုခွင်းတာပဲ။ဆန္ဒပြလူထုထဲကိုအမ်(၁၆)မောင်းပြန်သေနပ်
တွေနဲ့ပစ်ခတ်နှိမ်နင်းခဲ့တယ်။၂၀၁၁ခုရွေးကောက်ပွဲမှာကတော့ဆူထက်ရဲဒီမိုကရက် ပါတီဟာမရှုမလှရှုံးနိမ့်ခဲ့တယ်။ဒီအချိန်မှာသူကိုယ်တိုင်ကဦးဆောင်ပြီးလမ်းတွေကို ပိတ်ဆို့၊အစိုးရရုံးတွေကိုဝင်စီးပြီးဆန္ဒပြပွဲနဲ့ပြည်သူကရွေးကောက်တင်မြှောက်ထားတဲ့အစိုးရ
ကိုနှုပ်ထွက်ပေးဘို့တောင်းဆိုနေတယ်။တဖက်ကနိုင်ရင်တဖက်ကဆန္ဒပြတဲ့နိုင်ငံ ရေးလှုပ်ရှားမှုသံသရာလည်တဲ့သဘောလို့ထင်ရပေမဲ့၊ဒီအချိန်မှာထိုင်းပြည်သူတွေအ ကြားမှာအင်အားစုကြီးနှစ်ခုကိုရင်ကြားစေ့ပေးနိုင်မည့်လမ်းစဉ်တခုမဟုတ်တာတော့ ဆူထက်ရော၊အဘီဆစ်ဝိဇ္ဇာဇီဝရော၊ယဉ်လတ်နဲ့၊အသေးရောက်ဝန်ကြီးချုပ်ဟောင်း တက်ဆင်တို့ပါသဘောပေါက်ကြဘို့လိုပါပြီ။ဆူထက်ကတော့သူဟာအကျင့်ပျက်ခြစားမှုနဲ
့၊တက်ဆင်နွယ်ဘွားများလွှမ်းမိုးချုပ်ကိုင်မှုကိုဆန့်ကျင်တိုက်ပွဲဝင်နေတာပါလို့ပြော တယ်။၂၀၁၀ခုနှစ်ကရှပ်နီဆန္ဒပြသမားတွေဘန်ကောက်မြိုလယ်ကိုပိတ်ဆို့ပြီးအစိုးရ
နှုပ်ထွက်ပေးဘို့တောင်းဆိုခဲ့သလိုတောင်းဆိုနေပါတယ်။ဘန်ကောက်ပို(စ်)သတင်း စာကလဲအလွန်အန္တရယ်များတဲ့နိုင်ငံရေးကစားကွက်ပဲလို့သတိပေးေ၇းသားတာဖတ် လိုက်ရပါသဗျ။ရတ်ချာပရာဆွန်လို့ခေါ်တဲ့မြိုလယ်လမ်းမဆုံကြီးဟာ၊ဟော်တယ်တွေ၊ ကုန်တိုက်ကြီးတွေ၊ဘာဏ်တိုက်ကြီးတွေနဲထိုင်းစီးပွါးရေးရဲ့ အသဲနှလု့းလို့ခေါ်ရင်
ခေါ်လောက်တယ်။ဒီမှာပိတ်ဆို့ဆန္ဒပြနေကြတော့အခုတောင်စီးပွါးရေးထိခိုက်မှုတွေ ကိုတွေ့နေရပါပြီ။မနှစ်ကနိုဝင်ဘာကစတင်ခဲ့တဲ့ဒီပဋိပက္ခမှာလူ(၉)ယောက်သေပြီးငါး ရာကျော်ဒါဏ်ရာရခဲ့ကြပြီ။ဖေဖေါ်ဝါရီလ(၂)ရက်နေ့ကျင်းပဘို့ကြေငြာထားတဲ့ရွေး
ကောက်ပွဲကိုလဲ၊ဖွဲစည်းပုံဥပဒေခုံရုံးနဲ့ရွေးကောက်ပွဲကော်မီရှင်ကရွှေ့ ဆိုင်းဘို့ပြော လာပြီ။ရွေးကောက်ပွဲကျင်းပနိုင်သည့်တိုင်အောင်အခုလိုသပိတ်တားမှုကြောင့်လွှတ်
တော်ခေါ်ဘို့ကမလွယ်ဘူး။အတိုက်အခံကတောင်းဆိုနေတဲ့နိုင်ငံရေးပြုပြင်မှု
တွေကိုရွေးကောက်ပွဲပြီးမှလွှတ်တော်မှာလုပ်ပေးပါမယ်လို့ယဉ်လတ်ကကိပးတယ်။
ဒါကိုဆူထက်ကပါယ်ချတယ်။ဒီအနေအထားမှာအကြိမ်ကြိမ်အာဏာသိမ်းဘူးတဲ့ထိုင်း
စစ်တပ်ကသတိပေးစကားပြောလာတယ်။ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီး ပရာ
ယုချန်အိုချာကတပ်ကဘယ်ဘက်ကမှမပါချင်ဘူး။ဒါပေမဲ့ပြဿနာကအဖြေမရပဲဒီလို
ဆက်ဖြစ်နေမယ်ဆိုရင်လုပ်သင့်တာတော့လုပ်ရတော့မယ်လို့ပြောလာတယ်။လော
လောဆယ်မှာတပ်ကသပိတ်သမားတွေဖက်ပါပြီး၊ရဲကအစ်ုးရဖက်ကိုတိမ်းညွတ်တဲ့
သလိုတွေ့မြင်နေရတယ်။တပ်က၀င်ပြီးစွက်ဖက်လို့အစိုးရပြောင်းသွားတာတောင်ဒီ
နိုင်ငံရေးသံသရာကပျောက်သွားမဲ့လက္ခဏာမရှိဘူး။ထိုင်းရဲ့ စင်ပြိုင်အုပ်စုနှစ်ခုဟာ
ပိုပြီးအစွန်းရောက်၊ပိုပြီးအယူသည်းပြီးအမုန်းတရားကိုရှေ့ ထားလာကြတောအနာဂါတ် ဟာအလွန်စိုးရိမ်စရာကောင်းကြောင်းပါဗျား။
သောဆူဘန်ဟာအရင်လေးနှစ်ကဒုတိယ၀န်
တွေကိုကျူးကျော်ဝင်ရောက်မယ်ဆိုရ
(၁၂)ရက်နေ့မှာကြေငြာခဲ့တယ်။နှစ်
တွေနဲ့ပစ်ခတ်နှိမ်နင်းခဲ့တယ်။၂၀
ကိုနှုပ်ထွက်ပေးဘို့တောင်းဆိုနေ
့၊တက်ဆင်နွယ်ဘွားများလွှမ်းမိုးခ
နှုပ်ထွက်ပေးဘို့တောင်းဆိုခဲ့သလ
ခေါ်လောက်တယ်။ဒီမှာပိတ်ဆို့ဆန္ဒပြ
ကောက်ပွဲကိုလဲ၊ဖွဲစည်းပုံဥပဒေခံ
တော်ခေါ်ဘို့ကမလွယ်ဘူး။အတိုက်အခံ
တွေကိုရွေးကောက်ပွဲပြီးမှလွှတ်တေ
ဒါကိုဆူထက်ကပါယ်ချတယ်။ဒီအနေအထား
စစ်တပ်ကသတိပေးစကားပြောလာတယ်။ကာက
ယုချန်အိုချာကတပ်ကဘယ်ဘက်ကမှမပါခ
ဆက်ဖြစ်နေမယ်ဆိုရင်လုပ်သင့်တာတေ
လောဆယ်မှာတပ်ကသပိတ်သမားတွေဖက်ပါ
သလိုတွေ့မြင်နေရတယ်။တပ်က၀င်ပြီး
နိုင်ငံရေးသံသရာကပျောက်သွားမဲ့လ
ပိုပြီးအစွန်းရောက်၊ပိုပြီးအယူသ
ဒေါက်တာအေးချမ်း
သမိုင်းပါမောက္ခ
ကန်ဒ တက္ကသိုလ်
ဂျပန်နိုင်ငံ၏ ဖေ့စ်ဘုတ်ခ် စာမျက်နှာမှကူးယူဖေါ်ပြခြင်းဖြစ်ပါသည်။
No comments:
Post a Comment