Saturday, June 9, 2012

ရခိုင်ပြည်တွင်းနေ ဘင်္ဂါလီလူမျိုးခြားတို့၏ အကြမ်းဖက်မှုများမှတ်တမ်း


9

5
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အခြေအနေနှင့် ပတ်သက်ပြီ နောက်ဆုံးရသတင်းများ

Friday, 08 June 2012 14:39

မောင်တော မြို့တော်ခန်းမ အနီးရှိအိမ်များကို ဘင်္ဂါလီများက လူအုပ်စုဖြင့် မီးရှို့ဖျက်ဆီးနေသဖြင့် ဒေသခံများ ထွက်ပြေးနေရကြောင်းနှင့် လက်ရှိ ဆိုးရွားနေသော အခြေအနေကို အလျင်အမြန်ထိန်းသိမ်းနိုင်ရန် လိုအပ်နေကြောင်း ဒေသခံများထံမှ သတင်းရရှိပါသည်။



ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် လူထောင်ချီရှိသော ဘင်္ဂါလီ ရိုဟင်ဂျာများမှ မြို့တော်ခန်းမအနီရှိ အိမ်များကို ယနေ့ မွန်းလွဲပိုင်းမှ စ၍ မီးရှို့ဖျက်ဆီးနေပြီး ဒေသခံ အများစုက မိမိအိမ်နှင့် ဝေးရာသို့ ထွက်ပြေး နေရကြောင်း သိရသည်။ အဆိုပါ မီးရှို့ဖျက်ဆီးခံရသော အိမ်များအနက် မောင်တောမြို့ ရွာသစ်ရပ်ကွက်ရှိ Weekly Eleven News Journal သတင်းထောက်၏ နေအိမ်လည်း ပါဝင်ကြောင်း သိရှိရသည်။ မောင်တောမြို့ လုံခြုံရေးကို ရဲတပ်ဖွဲ့မှ တာဝန်ယူပြီး အင်အား ၂၀၀ ၀န်ကျင်ခန့်သာရှိကြောင်း သိရသည်။ လက်ရှိအခြေအနေမှာ ထိန်သိမ်းရန် ခက်ခဲသော အခြေအနေ ရှိနေကြောင်း ဒေသခံတစ်ဦးမှ ပြောကြားပါသည်။



ညနေ ၃ နာရီ ၅၀ မိနစ်



ယနေ့ ညနေ ၃ နာရီ ၅၀ မိနစ်အချိန်အထိ သိရှိရသောသတင်းများအရ မောင်တောမြို့နယ် ဗိုလ်မှုးရွာကို ဘင်္ဂါလီရိုဟင်ဂျာများက မီးရှို့နေကြောင်း ၊ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ရှိကြောင်း၊ ပစ်ခတ်မှုမရှိသေးကြောင်း၊ ဒေသခံများထံမှ သိရှိရသည်။



မောင်းတောမှာ ဘင်္ဂါလီတွေ လိုက်ပြီး ဖျက်ဆီးနေတာနဲ့ ပတ်သက်လို့ နောက်ဆုံးအခြေအနေကို သိရှိလိုပါတယ် ဟု Eleven Media Group မှ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှုးရုံးသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းလက်ခံ ဖြေဆိုသူတစ်ဦးက "ဘာမှ မသိရသေးပါဘူး။ ဆက်သွယ်လို့မရသေးပါဘူး။" ဟု ပြန်လည်ဖြေကြားခဲ့ပါသည်။ ထို့နောက် ယင်းဖြစ်စဉ် ဆက်ဖြစ်နေတုန်းပဲလားဟု ထပ်မံမေးမြန်းရာ "ဟုတ်ပါတယ်" ဟု ပြန်လည်ဖြေကြားခဲ့ပြီး ဖုန်းကျသွားခဲ့ရာ ထပ်မံ ခေါ်ဆို၍ မရရှိတော့ပါ။



လက်ရှိအခြေအနေတွင် မောင်တောမြို့သို့ ဖုန်းဖြင့် ဆက်သွယ်ရာတွင် ဖုန်းအများစု ဆက်သွယ်၍ မရရှိတော့ပါ။

ညနေ ၄ နာရီ ၁၅ မိနစ်



ထပ်မံသိရှိရသော သတင်းများအရ မောင်တောမြို့နယ်ရှိ ဗိုလ်မှုးရွာရှိ ဒေသခံ ရခိုင်တိုင်းရင်းသားများ၏ နေအိမ် ၃၀ လုံးကို မီးရှိုဖျက်ဆီးခဲ့ကြောင်း သိရသည်။ အတည်မပြုနိုင်သော သတင်းများအရ အဆိုပါရွာတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်ကြောင့် ၃ ဦး သေဆုံးကြောင်း သိရသည်။

"ဒါဟာ အကြမ်းဖက်မှုပါ။ ဘယ်လိုမှ ခွင့်မလွှတ်နိုင်ပါဘူး။ နိုင်ငံသားတိုင်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိပေမယ့် ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးထဲမှာမပါပါဘူး။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ ၁၈၂၄ ခုနှစ် မတိုင်မီက ဓားမဦးချနေထိုင်တဲ့ လူမျိုးတွေကိုရှိတဲ့သူတွေပဲ တိုင်းရင်းသားလို့ သတ်မှတ်ပါတယ်။ ၁၈၂၄ ခုနှစ်နောက်ပိုင်း မှာ ရောက်လာကြတဲ့ သူတွေဟာ ဧည့်သည်တွေပါပဲ။ ဒါကြောင့် ရိုဟင်ဂျာတွေဟာ တိုင်းရင်းသား မဟုတ်ပါဘူး။ အစိုးရ အဆက်ဆက်တိုင်းက သူတို့ကို မျက်နှာသာပေး၊ ပိုက်ဆံယူပြီး မှတ်ပုံတင် လုပ်ပေးလို့ သူတို့ရောင့်တက်လာကြတာ။ ရခိုင်လူမျိုးတွေက အတတ်နိုင်ဆုံး ဟန့်တားထားလို့သာ သူတို့ ဒီချိန်ထိ မပြန့်ပွားတာ။ အခုဖြစ်တဲ့ကိစ္စဟာ အိမ်ရှင်ကို ဧည့်သည်က စော်ကားတာ။ ဒုက္ခပေးတာပါ။ အကြမ်းဖက်မှုတစ်ခုပါပဲ"ဟု ရခိုင်တိုင်းရင်းသားများတိုးတက်ရေး ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

လတ်တလော အခြေအနေများအရ မောင်တောမြို့နယ်တွင် ယနေ့ဖြစ်ပွားနေသော ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ မောင်တောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ကိရ်အာမတ် (ခ) ဦးအောင်ဇော်ဝင်းအား Eleven Media Group မှ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိသေးပါ။

ညနေ ၄ နာရီ ၃၀ မိနစ်



မီးရှို့ခံရသော ရခိုင်ရွာ ၁၄ ရွာကို လုံခြုံရေးတပ်ဖွဲ့များဖြင့် အမြန်ဆုံးကာကွယ်ပေးနေကြောင်း နိုင်ငံတော်သမ္မတရုံးမှ အရာရှိတစ်ဦးက ၎င်း၏ Facebook စာမျက်နှာတွင် ဖော်ပြရေးသားထားပါသည်။

ညနေ ၄ နာရီ ၄၀ မိနစ်



"ကျွန်တော်လုံးဝ ကန့်ကွက်တယ်။ ရှုံ့ချတယ်။ ထိထိရောက်ရောက် အရေးယူပေးပါ။ ရခိုင်တိုင်းရင်းသားတွေရဲ့ ပျက်စီးသွားတဲ့ အိုးအိမ်တွေ အားလုံးကို ပြန်ပြီးတော့ အသစ်တဖန် ဆောက်နိုင်အောင် တာဝန်ယူပေးပါ။ နောက်ပြီး အစိုးရအနေနဲ့ အဲလို ကျူးလွန်တဲ့ သူတွေကို ဥပဒေအရ ပြင်းပြင်းထန်ထန်အရေးယူပေးပါ။ လုံးဝလက်မခံနိုင်ဘူး။ အင်မတန် မင်းမဲ့စရိုက်ဆန်တဲ့ ဖြစ်ရပ်ဖြစ်တဲ့အတွက်ကြောင့် ဘယ်လိုမှ လက်ခံနိုင်စရာ မရှိဘူး။ အဲတော့ ဘင်္ဂါလီနဲ့ ရခိုင်တွေနဲ့ ဒီလိုမျိုး ဖြစ်တယ်ဆိုတဲ့ကိစ္စကို ကျွန်တော်တို့ လက်မခံနိုင်ဘူး။ ကျူးလွန်တဲ့သူတွေကို အချိန်မဆိုင်းပဲ ပြင်းပြင်းထန်ထန် အရေးယူပေးပါ။ နောက်တစ်ခုက ဒီကိစ္စဟာ ဘာသာရေး လူမျိုးရေးကို တလွဲအသုံးချပြီးတော့ ကျူးလွန်တဲ့ ကိစ္စမို့လို့ ဘယ်လိုမှ လက်မခံနိုင်ပါဘူး။ ကျွန်တော်ပြောချင်တာက ဒီပြဿနာနဲ့ ပတ်သက်ပြီးတော့ အစိုးရအနေနဲ့ တိကျခိုင်မာတဲ့ လူဝင်မှု ကြီးကြပ်ရေးဥပဒေကို ပြဌာန်းသင့်ပြီလို့ ကျွန်တော်မြင်တယ်။ ဆိုလိုတာက ရောထွေးမှုတွေအားလုံးက ဘာလဲဆိုတော့ ဌာနေရဲ့နိုင်ငံသားတွေ အပေါ်မှာ အကျိုးသက်ရောက်မှုတွေ အများကြီးရှိနေတယ်။ ဒီလို ကူးစက်လာပြီးတဲ့ အခါကျတော့ နိုင်ငံသား အချင်းချင်းကြားမှာလဲ ပြဿနာတွေ အများကြီး ရှိလာတယ်။ အဲလို ရှိနေတဲ့အခါကျတော့ ပြင်ပက၀င်လာတဲ့ ပရောဂတွေကို ကာကွယ်ဖို့ကတော့ ကျွန်တော်တို့အနေနဲ့ အရေးတကြီး လိုနေပါပြီ။ နောက်တစ်ခုက ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ ရခိုင်တိုင်းရင်းသားတွေ၊ ရခိုင်သားတွေ အားလုံးကို အကာအကွယ်ပေးရမယ့် ဥပဒေတစ်ရပ်ကတော့ ပြဌာန်းဖို့ လိုပြီလို့ ကျွန်တော် ထင်တယ်။ ဆိုလိုခြင်းက ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ ဘင်္ဂါလီဘက်ကသူတွေကို ညွှန်းနေတာ မဟုတ်ဘူးနော်။ ရခိုင်ပြည်နယ်မှာ ဘာသာပေါင်းစုံရှိပါတယ်။ ဆိုလိုတာက အပြင်ကနေ ၀င်လာတဲ့သူတွေကို ကာကွယ်တားဆီးဖို့အတွက် ရခိုင်ပြည်နယ်ရဲ့ ယဉ်ကျေးမှုကို ကာကွယ်ဖို့အတွက် ဥပဒေပြဌာန်းဖို့ အရေးတကြီး လိုအပ်နေပြီဆိုတာကို အစိုးရကို တပ်လှန့်လိုက်တာပါ။" ဟု ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုမြအေးက ပြောကြားခဲ့ပါသည်။

ညနေ ၄ နာရီ ၅၀ မိနစ်



မောင်တောဒေသခံ တစ်ဦး၏ ညနေ ၄း၅၀ နာရီတွင် ပြောကြားချက်အရ မောင်တောမြို့ဆေးရုံတွင် အမျိုးသား တစ်ဦး သေဆုံးပြီး၊ ဆရာဝန်တစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိကြောင်း သိရသည်။ လုံထိန်းတပ်ဖွဲ့များ မောင်တောမြို့ကို ၀င်ရောက်ထိန်းသိမ်းနေကြောင်း သိရှိရသည်။ မီးရှို့ခံခဲ့ရသော ဗိုလ်မှူးရွာသို့ လုံထိန်းတပ်ဖွဲ့ဝင်များ ၀င်ရောက်ထိန်းသိမ်းနေကြောင်း သိရှိရသည်။

ညနေ ၅ နာရီ ၂၀ မိနစ်



၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ မောင်တောမြို့နယ်တွင်ဖြစ်ပွားခဲ့သော မီးရှို့ဖျက်ဆီးမှုများနှင့်ပတ်သက်၍ ဇွန်လ ၈ ရက်နေ့(ယနေ့) ညနေပိုင်းက သတင်းစာရှင်းလင်းပွဲ တစ်ခု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ရိုဟင်ဂျာသည် မြန်မာတိုင်းရင်းသား မဟုတ်ကြောင်း၊ ပြည်ပမှ သွေးထိုးလှုပ်ဆော်မှုများရှိနေနိုင်ကြောင်း၊ ယခုကိစ္စသည် နိုင်ငံ၏ အချုပ်အခြာအာဏာကိုပါ ထိခိုက်လာနေကြောင်း၊ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်နှင့် ဗုဒ္ဓဘာသာဝင်များအကြား ဖြစ်ပွားသော ကိစ္စမဟုတ်ကြောင်း စသည်ဖြင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ရှင်းလင်းပြောကြားခဲ့သည်။

ညနေ ၅ နာရီ ၃၀ မိနစ်



မောင်တောမြို့တွင် ဖြစ်ပွားနေသော အခြေအနေများနှင့် ပတ်သက်ပြီး ထိန်းသိမ်းနိုင်ရန် လုံထိန်းတပ်ဖွဲ့ကို ပစ်မိန့်ပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ညနေ ၅ နာရီ ၄၅ မိနစ်



လက်ရှိအချိန်တွင် မောင်တောမြို့နယ် ရပ်ကွက်များအတွင်း မငြိမ်သက်မှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့ရုံးမှ သတင်းရရှိပါသည်။ အင်အား ၂၀၀ ခန့်ဖြင့် အခြေအနေများကို ထိန်းနိုင်ရန် ကြိုးစား နေကြောင်း စစ်တပ်ကို အကြောင်းကြားထားဆဲ ဖြစ်ကြောင်း တာဝန်ကျ ရဲဝန်ထမ်း တစ်ဦးက Eleven Media Group သို့ ဖုန်းလိုင်းမှ တစ်ဆင့် ပြန်လည် ဖြေကြားခဲ့ပါသည်။

ညနေ ၆ နာရီ ၃၀ မိနစ်



ယခုလက်ရှိအခြေအနေတွင် ဖြစ်စဉ်ကြောင့် ရခိုင်လူမျိုးများ နီးစပ်ရာ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေကြောင်း၊ ဘုန်းကြီးကျောင်းအရေအတွက်မှာ မောင်တောမြို့ပေါ်တွင် ၁၀ ကျောင်း ၀န်းကျင်ရှိကြောင်းနှင့် အဆိုပါဒေသခံ ရခိုင်လူမျိုးများက ဘုန်းကြီးကျောင်းများကို ကာကွယ်စောင့်ရှောက်နေကြောင်း မောင်တောမြို့မှ ရဟန်းတစ်ပါးက မိန့်ကြားခဲ့သည်။ လက်ရှိတွင် မောင်တောမြို့ဝန်းကျင်ရှိ အောင်ဗလကျေးရွာကို ဘင်္ဂါလီများက မီးရှို့ဖျက်ဆီးနေကြောင်း၊ အဆိုပါမီးရှို့မှုများကို မောင်တောမြို့မှ မြင်တွေ့ရကြောင်းနှင့် ရဲတပ်ဖွဲ့မှ သွားရောက်ထိန်းသိမ်းနေသော်လည်း လုံလောက်မှု မရှိကြောင်း ၎င်းက ဆက်လက်မိန့်ကြားခဲ့သည်။ မောင်တောမြို့သို့ စစ်တပ် ရောက်ရှိနေပြီဖြစ်သော်လည်း စစ်တပ်အနေဖြင့် မြို့ထဲသို့ ၀င်ရောက်မှု မရှိသေးကြောင်း သိရသည်။

ယခုလက်ရှိအခြေအနေတွင် ဖြစ်စဉ်ကြောင့် ရခိုင်လူမျိုးများ နီးစပ်ရာ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေကြောင်း၊ ဘုန်းကြီးကျောင်းအရေအတွက်မှာ မောင်တောမြို့ပေါ်တွင် ၁၀ ကျောင်း ၀န်းကျင်ရှိကြောင်းနှင့် အဆိုပါဒေသခံ ရခိုင်လူမျိုးများက ဘုန်းကြီးကျောင်းများကို ကာကွယ်စောင့်ရှောက်နေကြောင်း မောင်တောမြို့မှ ရဟန်းတစ်ပါးက မိန့်ကြားခဲ့သည်။ လက်ရှိတွင် မောင်တောမြို့ဝန်းကျင်ရှိ အောင်ဗလကျေးရွာကို ဘင်္ဂါလီများက မီးရှို့ဖျက်ဆီးနေကြောင်း၊ အဆိုပါမီးရှို့မှုများကို မောင်တောမြို့မှ မြင်တွေ့ရကြောင်းနှင့် ရဲတပ်ဖွဲ့မှ သွားရောက်ထိန်းသိမ်းနေသော်လည်း လုံလောက်မှု မရှိကြောင်း ၎င်းက ဆက်လက်မိန့်ကြားခဲ့သည်။ မောင်တောမြို့သို့ စစ်တပ် ရောက်ရှိနေပြီဖြစ်သော်လည်း စစ်တပ်အနေဖြင့် မြို့ထဲသို့ ၀င်ရောက်မှု မရှိသေးကြောင်း သိရသည်။

ညနေ ၆ နာရီ ၃၅ မိနစ်



ရခိုင်ပြည်နယ်အတွင်း အထူးသဖြင့် မောင်တော၊ ဘူးသီးတောင် အစရှိသော မြို့များတွင် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ် လုံခြုံရေး အတွက် ရဲတပ်ဖွဲ့ဝင်များသာမက တပ်မတော်သားများပါ ပူးတွဲပါဝင်ကာ လုံလောက်သော အင်အားဖြင့် ဆောင်ရွက်နေကြောင်း နိုင်ငံတော်သမ္မတရုံးမှ အရာရှိတစ်ဦးက ၎င်း၏ Facebook စာမျက်နှာတွင် ယနေ့ ညနေ ၆:၃၅ နာရီတွင် ဖော်ပြရေးသားထားပါသည်။

ည ၇ နာရီ ၄၀ မိနစ်



မောင်တောမြို့နယ် ဒက်ရွာ၌ ဒေသခံ ရခိုင်လူမျိုးများနှင့် ဘင်္ဂါလီများအကြား ယနေ့ ည ၆ နာရီဝန်းကျင်က ရိုက်နှက်မှုဖြစ်ပွားခဲ့ကြောင်းနှင့် ထိခိုက်ဒဏ်ရာရစာရင်းကို မသိရှိရသေးပါ။

ည ၇ နာရီ ၅၂ မိနစ်



လက်တလောအခြေအနေတွင် မောင်တောမြို့ထဲတွင် သေနတ် ပစ်ခတ်သံများ ကြားနေရကြောင်း၊ ရခိုင်ရွာ ၁၇ ရွာကို ဘင်င်္ဂါလီများက မီးရှို့ဖျက်ဆီးခဲ့ကြောင်းနှင့် ယနေ့ညဖက်တွင် မည်ကဲ့သို့ အိပ်ရမည်ဆိုသည်ကို ဒေသခံရခိုင်လူမျိုးများ စိုးရိမ်နေကြောင်း မောင်တောမြို့မှ ရဟန်းတစ်ပါးက မိန့်ကြားခဲ့သည်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဆက်စပ်နေသော ရခိုင်လူမျိုးများ နေထိုင်သည့် ကျေးရွာများကို အဆက်အသွယ် မရရှိတော့၍ စိုးရိမ်နေကြောင်း ၎င်းက ဆက်လက်မိန့်ကြားခဲ့သည်။

ည ၇ နာရီ ၅၈ မိနစ်



မောင်တောမြို့နယ် တောင်ပိုင်းရှိ သာရေကုန်းဘောင်ရွာအပါအ၀င် ရွာ ၃ ရွာ မီးရှို့ဖျက်ဆီးခံရခဲ့ရကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။ သေဆုံးဒဏ်ရာရမှုစာရင်းကို မသိရှိရသေးပါ။

ည ၈ နာရီ ၁၆ မိနစ်



ရခိုင်ပြည်နယ် ဥပဒေအရာရှိတစ်ဦးထံမှ သိရှိရသော သတင်းအရ မောင်တောမြို့နယ်အတွက် ပုဒ်မ ၁၄၄ ထုတ်ပြန်ရန် ဆွေးနွေးမှုများ ပြုလုပ်ထားပြီး ဖြစ်ကြောင်းနှင့် ထုတ်ပြန်ရမည့် အခြေအနေ ရှိနေကြောင်း သိရသည်။

ည ၈ နာရီ ၄၀ မိနစ်



ရခိုင်ပြည်နယ်ရှိ ကွပ်ကဲရေးရုံး (သတင်းထုတ်ပြန်ရေး) မှ သိရှိရသော သတင်းများအရ မောင်တောမြို့နယ် အတွင်း ဖြစ်ပေါ်နေသော အခြေအနေများကို လုံထိန်းတပ်ဖွဲ့ဝင်များမှ ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရပါသည်။ ထို့အပြင် အခြေအနေဆိုးမှုများ မဖြစ်နိုင်တော့ဟု ခန့်မှန်းထားကြောင်း သိရပါသည်။ ကွပ်ကဲရေးရုံးသည် စစ်တွေမြို့တွင် အခြေစိုက်ထားသော ရုံးဖြစ်ပြီး မောင်တောမြို့နယ်နှင့် ပတ်သက်သော အခြေအနေများကို ည ၇ နာရီအချိန်က နောက်ဆုံးသိရှိထားခြင်း ဖြစ်ကာ ဆက်လက် သိရှိရသည်များကို ထုတ်ပြန်သွားမည်ဟု သိရပါသည်။

၎င်းတို့အနေဖြင့် မောင်တောမြို့နယ်အတွက် ပုဒ်မ ၁၄၄ ထုတ်ပြန်မည်ဟူသော သတင်းများ သိရှိထားသော်လည်း တရားဝင် ညွှန်ကြားချက် ရောက်ရှိမလာသေးကြောင်း ပြောဆိုခဲ့ပါသည်။

ည ၈ နာရီ ၅၄ မိနစ်



မောင်တောမြို့ ရပ်ကွက်များအတွင်း ညမထွက်ရအမိန့် (ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ-၁၄၄ )ကို ထုတ်ပြန်လိုက်သည်ဟု နိုင်ငံတော်သမ္မတရုံးမှ အရာရှိတစ်ဦးက ၎င်း၏ Facebook စာမျက်နှာတွင် ယနေ့ ည ၈ နာရီ မိနစ် ၄၀ တွင် ဖော်ပြရေးသားထားပါသည်။

ည ၈ နာရီ ၅၉ မိနစ်



မောင်တောမြို့ စည်ပင်သာယာနယ်နိမိတ်အတွင်း လမ်းမကြီးများ၊ အများပြည်သူတို့သွားရာ လမ်း၊ လမ်းမကြီး၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ် (သို့မဟုတ်) အများပြည်သူနှင့် ဆိုင်သော ဗလီ၊ ကျောင်းနေရာများတွင် ၅ ဦး (သို့မဟုတ်) ၅ ဦးထက် ပိုသောသူများ စုဝေးခြင်း မပြုရန်နှင့် ညနေ(၁၈၀၀) နာရီအချိန်မှ နံနက်(၀၆၀၀) နာရီအထိ ကာလအတွင်း ညမထွက်ရ အမိန့်ကို ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ပုဒ်မ-၁၄၄ အရ ထုတ်ဆင့်လိုက်သည် ဟု နိုင်ငံတော်သမ္မတရုံးမှ အရာရှိတစ်ဦးက ၎င်း၏ facebook စာမျက်နှာတွင် ယနေ့ ည ၈ နာရီ ၄၆ မိနစ်တွင် ဖော်ပြရေးသားထားပါသည်။

နိုင်ငံတော်သမ္မတရုံးမှ အရာရှိတစ်ဦးက ၎င်း၏ facebook စာမျက်နှာတွင်



''ယနေ့ မောင်တောဖြစ်စဉ်တွင် သတင်းပို့ချက်အရ ဗိုလ်မှူးရွာ မီးရှို့မှုတွင် ဒဏ်ရာရ။သေဆုံးစာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-



(၁) ဒေါက်တာခင်မောင်လတ် (၆၃)နှစ် ၀မ်းဗိုက်ဓါးထိုးခံရ



(၂) ဒေါ်သန်းရီ (၅၇)နှစ် ဦးခေါင်းတွင် ဓါးခုတ်ခံရ



(၃) ဦးကျော်လှ (၇၈)နှစ် ဦးခေါင်းတွင် ဓါးခုတ်ခံရ



(၄) ဦးသိန်းဇော် (၃၆)နှစ် ခြေ။လက်တို့တွင် ဓါးခုတ်ခံရ



(၅) ဦးလှမောင် (၆၅)နှစ် ဦးခေါင်းတွင်ဓါးခုတ်ဒဏ်ရာ(၁၀)ချက်၊ လက်သန်းပြတ်ရှဒဏ်ရာ တို့ဖြင့် သေဆုံး။



ဒဏ်ရာရရှိသူများကိုမောင်တောဆးရုံသို့ ပို့ဆောင်ခဲ့၊ ယင်းအနက် (၃)ဦးထပ်မံ သေဆုံးခဲ့။'' ဟု ယနေ့ ည ၈ နာရီ ၃၅ မိနစ်တွင် ဖော်ပြရေးသားထားပါသည်။



ည ၉ နာရီ



ယနေ့ည ရှစ်နာရီ အချိန်က ထုတ်လွှင့်ခဲ့သော နိုင်ငံပိုင်မီဒီယာများ၏ သတင်းအစီအစဉ်တွင် ယနေ့ဖြစ်ပွားသော မောင်တောအရေးနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခဲ့ခြင်း မရှိဘဲ ကျောက်နီမော် ကျေးရွာမှ အမျိုးသမီးအား မုဒိမ်းကျင့်/သတ်ဖြတ်/လုယက် ကျူးလွန်သူ တရားခံ ၃ ဦးအား တရားရုံးထုတ် စစ်ဆေးသည့် သတင်းကိုသာ ထုတ်ပြန်သွားခဲ့ကြောင်း သိရသည်။



ည ၉ နာရီ ၁၂ မိနစ်



မောင်တောမြို့နယ်အတွက် ညမထွက်ရ အမိန့် (ပုဒ်မ ၁၄၄)



မောင်တောမြို့နယ်အတွက် ညမထွက်ရ အမိန့် (ပုဒ်မ ၁၄၄) ထုတ်ပြန်ခြင်းကို နိုင်ငံပိုင် မီဒီယာများမှ တစ်ဆင့် Breaking News အနေဖြင့် ည ၉ နာရီ ၅ မိနစ် အချိန်က ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်ပါသည်။









ည ၉ နာရီ ၃၀ မိနစ်



"မောင်တော အခြေအနေကို ကြားရတာ တော်တော်ဆိုးပါတယ်။ မီးစကို ဘယ်ကပဲ စစပေါ့။ ဒီပြသနာမီးပွားကို တရားဥပဒေနည်းလမ်းအရ ဖြေရှင်းဖို့လိုမယ်။ တရားဥပဒေမဲ့ ဘယ်လုပ်ရပ်ကိုမှ ကျွန်တော်တို့ လက်မခံဘူး။ အေးအေးချမ်းချမ်း ဖြေရှင်းတဲ့နည်းလမ်းကို လုံခြုံရေး အာဏာယူထားသူ အားလုံးကလည်း ရေရှည်အတွက်ကို ကြည့်ပြီး လုံခြုံမှု တည်ငြိမ်အောင် ဖြေရှင်းသွားဖို့ တာဝန်ရှိတယ်။ အစလေး တစ်စကို မီးပွားကြီးမဖြစ်အောင် ကျွန်တော်တို့ ထိန်းသိမ်းဖို့လိုတယ်။ ဒီလိုမဟုတ်ဘဲ တစ်ဝက်တစ်ပျက် ဖြစ်သည့်အခါမှသာ ဟိုဟာဖြစ်အောင် ဒီဟာဖြစ်အောင်ဆိုပြီး အပြကောင်းအောင် စောင့်ဆိုင်းနေမယ်ဆိုရင် မမျှော်မှန်းနိုင်တဲ့ ပြသနာတွေ တစ်ခုပြီးတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်မို့ အချိန်မီ ထိန်းသိမ်းဖို့လိုတယ်။ အချိန်မီထိန်းသိမ်းနိုင်တဲ့ အားမရှိရင် အားရှိအောင်လုပ်ဖို့ သူတို့မှာ တာဝန်ရှိတယ်။ မောင်တောပြသနာကို အစကတည်းက ကျွန်တော်တို့ ကြိုပြီး ပြောခဲ့တယ်။ စစ်တွေမှာ ပြသနာဖြစ်လာကတည်းက မောင်တောမှာ ဖြစ်လာမှာကို ကြောက်လို့ ကျွန်တော်တို့က လူထုကို ရှင်းပြခဲ့တယ်။ ပြောခဲ့တယ်။ ဘူသီးတောင်၊ မောင်တောတို့လို ထိခိုက်မခံနိုင်တဲ့ နေရာတွေသာ ဒီလို ဆက်တိုက်ဖြစ်နေမယ်ဆိုရင် တစ်ခြားနေရာတွေမှာလည်း အများကြီး ကြောက်စရာကောင်းနိုင်တယ်။ အထူးသဖြင့် လူနည်းစုရှိတဲ့ နေရာတွေဟာ အရမ်းကို ကြောက်စရာ ကောင်းပါတယ်။ အခုလို လူထုတွေ ညမအိပ် နေ့မအိပ်နိုင်တဲ့ အခြေအနေ မျိုးတွေဟာ အစိုးရမှာ အများကြီး တာဝန်ရှိပါတယ်။ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေမှာလည်း အများကြီး တာဝန်ရှိပါတယ်။ နောက်ပိုင်းဆိုရင် နယ်စပ်လုံခြုံရေးအတွက် ရခိုင်ပြည်နယ်ကို ရခိုင်ပြည်သူပြည်သားတွေ လက်ထဲအပ်သင့်တယ်။ ရှမ်းကို ရှမ်းလက်ထဲ အပ်ဖို့လိုမယ်။ တိုင်းရင်းသားတွေ လက်ထဲ အပ်ဖို့လိုမယ်။ မိမိရပ်ကွက်ကျေးရွာ လုံခြုံအောင် ပြည်သူ့စစ်ကို အခိုင်အမာ ဖွဲ့ဖို့ လိုတယ်။ ပြည်သူရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်နိုင်အောင် လုံခြုံရေး စီမံကိန်းတွေကို ခွင့်ပြုဖို့ အစိုးရမှာ တာဝန်ရှိတယ်။ ကျွန်တော်တို့က လည်း တောင်းဆိုသွားမှာပါ။ ပြည်သူတွေရဲ့ အိုးအိမ် စည်းစိမ်တွေကို ပြာပုံဘ၀ ရောက်တဲ့အထိ လုပ်တဲ့ ပုံစံမျိုးဟာ ၁၉၄၂ ခုနှစ်က ဖြစ်တဲ့ ကုလား-ရခိုင်အရေးအခင်းမျိုးကို ဖန်တီးတယ် ဆိုရင် ဖန်တီးသူတွေမှာ အများကြီး တာဝန်ရှိပါတယ်။ ဒီလို ဖြစ်မလာဖို့အတွက် လုံခြုံရေးတာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ၊ နိုင်ငံတကာမှာရှိတဲ့ ပုဂ္ဂိုလ်တွေ၊ ဘာသာရေးခေါင်းဆောင်တွေ အားလုံးမှာ အများကြီး တာဝန်ရှိပါတယ်။ ဒါကြောင့် အသိတရားရှိရှိနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ လိုပါတယ်။" ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်က Eleven Media Group အား ယနေ့ည ၇ နာရီ အချိန်ခန့်တွင် စစ်တွေမြို့၌ ပြောကြားခဲ့သည်။

ည ၉ နာရီ ၅၃ မိနစ်



မောင်တောမြို့နယ် စံပြားရပ်ကွက်ကို မီးရှို့မှု ဖြစ်ပွားနေကြောင်း ဒေသခံ တစ်ဦးက ည ၉ နာရီ ၄၅ မိနစ်အချိန်တွင် ပြောပါသည်။ သေနတ် ပစ်ခတ်သံ တစ်ချက် နှစ်ချက် ကြားပြီးနောက် ပြန်လည် ငြိမ်သက်သွားကြောင်းနှင့် မီးတောက်များကို မြင်တွေ့နေရဆဲ ဖြစ်ကြောင်း ဒေသခံက ဆက်လက် ပြောကြားခဲ့ပါသည်။

ည ၁၀ နာရီ ၇ မိနစ်



မောင်တောမြို့ပြင်ရှိ ကျေးရွာများကို မီးရှို့ခဲ့သော ဘင်္ဂါလီများက မောင်တော မြို့အတွင်း ၀င်ရောက်ရန် ကြိုးစားနေသဖြင့် ၀င်ရောက်လာမည် ဆိုပါက ပစ်ခတ်တော့မည် ဖြစ်ကြောင်း လုံထိန်းတပ်ဖွဲ့ဝင်များက သတိပေး နေသံများကို ကြားနေရကြောင်း ဒေသခံတစ်ဦးက ည ၁၀နာရီခန့်တွင် ပြောကြားခဲ့ပါသည်။





ည ၁၀ နာရီ ၁၇ မိနစ်



မောင်တောမြို့နယ် ခရေမြိင် စံပြကျေးရွာရှိ ရဲစခန်းအား ည ၉ နာရီ ခွဲခန့်က ဘင်္ဂါလီ ရိုဟင်ဂျာ အယောက် ၂၀၀ ခန့် ၀ိုင်းထားခဲ့သည့်အတွက် ရဲစခန်းမှ သေနတ်ပြစ်ခတ်ပြီး ဟန့်တားခဲ့ရာ ပြန်လည် နောက်ဆုတ်သွားခဲ့ကြောင်း သိရသည်။





ည ၁၀ နာရီ ၂၆ မိနစ်



မောင်တောမြို့အတွင်းသို့ တပ်မတော်မှ ၀င်ရောက် နေရာယူလျက် ရှိကြောင်း မောင်တောဒေသခံ တစ်ဦးက ည ၁၀နာရီ ၁၅ မိနစ်အချိန်တွင် ပြောပါသည်။ မောင်တော မြို့ပေါ် ဒေသခံများမှာ စိုးထိတ်မှုများဖြင့် ပုန်းအောင်းနေရကြောင်း သိရှိရပါသည်။





ည ၁၀ နာရီ ၂၉ မိနစ်



စစ်တွေမြို့ တက္ကသိုလ်အနီး မင်းဂံရွာကို မျက်နှာချင်းဆိုင်ရှိ ဘုမယ်ရွာမှ ဘင်္ဂါလီများက ည ၉ နာရီ ၄၅ မိနစ်ခန့်က ၀င်ရောက် တိုက်ခိုက်ခဲ့သဖြင့် မင်းဂံရွာသားလေးဦး ဒဏ်ရာ ရှိကာ တစ်ဦးမှာ စစ်တွေ ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။ ယခုအခါ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီ ဖြစ်သောကြောင့် အခြေအနေ ပြန်လည် တည်ငြိမ်သွားပြီ ဖြစ်ကြောင်း သိရသည်။

ဇွန်လ ၉ ရက် နံနက် ၈ နာရီ ၃၀ မိနစ်



ဇွန်လ ၉ ရက်နေ့ နံနက် နောက်ဆုံး သိရှိရသော သတင်းများအရ နေအိမ်များ မီးရှို့ဖျက်ဆီးခံခဲ့ရသော မောင်တောဒေသခံများအနေဖြင့် အလယ်ရွာ၊ ဒက်ရွာ၊ ၀ိမလရွာ အစရှိသည့် ရခိုင်တိုင်းရင်သားများ နေထိုင်သည့် ရွာများတွင် သွားရောက် နေထိုင်နေကြကြောင်း သိရသည်။ ဇွန်လ ၈ ရက်နေ့ ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သော အနီးအနား ရွာများမှ ဒေသခံဒဏ်ရာရရှိသူများ မောင်တော ဆေးရုံသို့ ထပ်မံ ရောက်ရှိလာကြောင်း သိရသည်။ မောင်တောမြို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ ဘင်္ဂါလီရိုဟင်ဂျာများသည် ၄င်းတို့နေထိုင်သည့် ရွာများတွင် စုရုံးမှုများ ရှိနေဆဲ ဖြစ်ကြောင်းလည်း သိရသည်။

ဇွန်လ ၉ ရက် နံနက် ၉ နာရီ ၂၀ မိနစ်



စစ်တွေမြို့လယ်ရှိ အားကစားရုံအနီးတွင် GTC ကျောင်းသားတစ်ယောက် အသတ်ခံခဲ့ရကြောင်း သိရှိရသည်။ မည်သို့ သေဆုံးခဲ့သည်ကို မသိရှိရသေးပါ။

ဇွန်လ ၉ ရက် နံနက် ၉ နာရီ ၃၀ မိနစ်



ဇွန်လ ၉ ရက်နေ့ နံနက် မောင်တောမြို့တွင်း လက်ရှိအခြေအနေမှာ ငြိမ်သက်နေပြီး မြို့တွင်းသို့ ပေးဝေနေသည့်ရေကို စည်ပင်သာယာက ရပ်တန့်လိုက်ကြောင်း မောင်တောမြို့ခံတစ်ဦးက ပြောကြားခဲ့သည်။ ထိုကဲ့သို့ ရပ်တန့်လိုက်ရခြင်းမှာ ရေပေးဝေနေသည့် ကန်တော်ကြီးကန်ကို ဘင်္ဂါလီများက အဆိပ်ခပ်လိုက်သောကြောင့် ဖြစ်ကြောင်း မောင်တောမြို့ခံများက ဆိုပါသည်။ အဆိုပါသတင်းနှင့် ပတ်သက်၍ Eleven Media Group အနေဖြင့် အတည်ပြုနိုင်ရန် ဆက်သွယ်စုံစမ်းနေပြီဖြစ်ပါသည်။ ထို့ပြင် မောင်တောမြို့ဝန်းကျင်ရှိ ခရေကုန်းဘောင်ရွာမှ ဓားဒဏ်ရာများဖြင့် အသတ်ခံရသော ကျောင်းဆရာမ နှစ်ဦး၏ အလောင်းများ မောင်တောဆေးရုံသို့ ယနေ့နံနက် ရောက်ရှိလာကြောင်း သိရသည်။ စစ်တပ်အနေဖြင့် မောင်တောမြို့တွင်းသို့ ဘင်္ဂါလီများ ၀င်ရောက်လာမှု မရှိရန် မြို့ပြင်မှနေ၍ တားဆီးကာကွယ်နေကြောင်း သိရသည်။

ဇွန်လ ၉ ရက် နံနက် ၉ နာရီ ၃၆ မိနစ်



မောင်တော-ဘူးသီးတောင်နယ်မြေအတွင်း လုံခြုံရေးအတွက် ရဲတပ်ဖွဲ့၊ နစကတပ်ဖွဲ့များ အပြင် အရန်အဖြစ် တပ်မတော်မှ ဒုစကခမှူးဦးစီး တပ်ရင်း(၅)ရင်း ဖြန့်ကျက် ချထားလျက် ရှိကြောင်း၊

နယ်စပ်ဒေသများ လုံခြုံရေးအတွက် တပ်မတော်(ရေ)မှ စစ်ရေယာဉ်(၆)စီး ဖြန့်ကျက်ချထား ကာ တာဝန်ယူဆောင်ရွက်လျက် ရှိကြောင်း နိုင်ငံတော် သမ္မတရုံး အရာရှိတစ်ဦး၏ Facebook စာမျက်နှာတွင် ဇွန်လ ၉ ရက် ယနေ့ နံနက် ၉နာရီ ၃၅ မိနစ်တွင် ရေးသား ဖေါ်ပြထားပါသည်။

ယမန်နေ့ညက ကျေးရွာများတွင် မနေရဲ၍ တောင်ပေါ်သို့ ထွက်ပြေးတိမ်းရှောင် ပုန်း အောင်းနေခဲ့ကြရသော ရွာသူ/ရွာသားများကို တပ်မတော် တပ်ရင်းများမှ လိုက်လံရှာဖွေ ခေါ်ယူလျက် ရှိကြောင်း၊ မောင်တောမြို့နယ်အတွင်း ဆူပူအုံကြွ ဖျက်ဆီးမှုများကြောင့် ပျက်စီးမှု အခြေအနေမှာ (ဇွန် ၉ ရက်နေ့၊ နံနက် ၀၁၁၀ ချိန်အထိ) စုစုပေါင်း အိမ်ခြေ ၃၈၆ လုံး၊ ဈေးဆိုင် ၁၉ ခန်း၊ တည်းခိုခန်း ၁ ခန်း ပျက်စီးဆုံးရှုံးခဲ့ရကြောင်း နိုင်ငံတော် သမ္မတရုံး အရာရှိတစ်ဦး၏ Facebook စာမျက်နှာတွင် ဇွန်လ ၉ ရက် ယနေ့ နံနက် ၉နာရီ ၃၅ မိနစ်တွင် ရေးသား ဖေါ်ပြထားပါသည်။

ဇွန်လ ၉ ရက် နံနက် ၉ နာရီ ၈ မိနစ်



နေအိမ်မီးရှို့ခံရခြင်း၊ ဆူပူအုံကြွခြင်း စသည်တို့ကြောင့် ဖြစ်ပေါ်လာသော ပြည်သူများကို မောင်တောမြို့ပေါ်ရှိ ပရဟိတကျောင်း၊ အောင်မြေဗောဓိကျောင်း၊ ဗဟိုကျောင်း စသည့် (၃)နေရာတွင် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိပြီး ထိန်းသိမ်းစောင့်ရှောက်ပေးလျက် ရှိကြောင်း နိုင်ငံတော် သမ္မတရုံး အရာရှိတစ်ဦး၏ Facebook စာမျက်နှာတွင် ဇွန်လ ၉ ရက် ယနေ့ နံနက် ၉နာရီ ၃၅ မိနစ်တွင် ရေးသား ဖေါ်ပြထားပါသည်။



စစ်တွေမြို့လယ်ရှိ အားကစားရုံအနီးတွင် သေဆုံးခဲ့သော ကျောင်းသားမှာ ကျောက်ဖြူမြို့မှ လာတက်သော ပထမနှစ် GTC ကျောင်းသားဖြစ်ပြီး ကိုထွန်းမြင့်အောင် (၂၃) နှစ် ဖြစ်ကြောင်း သိရသည်။ သေဆုံးရသည့်အကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်ကြောင်းနှင့် ယနေ့နံနက် ၈ နာရီခန့်တွင် စစ်တွေမြို့ပေါ်၌ ရဟတ်ယာဉ်တစ်စင်း ပျံသန်းသွားခဲ့ကြောင်း သိရသည်။



ဇွန်လ ၉ ရက် နံနက် ၁၀ နာရီ ၄၀ မိနစ်



မောင်တောဖြစ်စဉ်နှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတက နိုင်ငံပိုင်ရုပ်သံလိုင်းများမှတစ်ဆင့် ယနေ့တွင် မိန့်ခွန်းပြောကြားရန် စီစဉ်ထားကြောင်း သိရသည်။



နောက်ဆုံးသိရှိရသည့် ဇွန်လ ၈ ရက် ညက မီးရှို့ဖျက်ဆီးခံရသော ကျေးရွာများ



မောင်တောမြို့နယ် မြောက်ပိုင်း

(၁) နံသာတောင်ရွာ

(၂) သာယာကုန်းရွာ

(၃) သင်္ဘောလှရွာ

(၄) တရိန်းရွာ

(၅) ကြိမ်ချောင်းရွာ

(၆) ငခူရရွာ

(၇) ကပ်ပတောင်ရွာ

(၈) ဒိုးတန်းရွာ

(၉) ခြံပြင်ရွာ

(၁၀) ဇရပ်အုပ်ရွာ

(၁၁) အောင်မင်္ဂလာရွာ

(၁၂) ဗန္ဓုလရွာ

(၁၃) ကျီးကန်းပြင်ရွာ



မောင်တောမြို့နယ် တောင်ပိုင်း

(၁) သရီကုန်ဘောင်ရွာ

(၂) မောရ၀တီရွာ

(၃) ဆင်မကျပ်ရွာ

(၄) ဥဒေါင်းရွာ

(၅) ဝေသာလီရွာ

(၆) နတလရွာ ၄ ရွာ



မောင်တောတောင်ပိုင်းသို့ သွားရောက်သည့် လမ်းပေါ်ရှိ ဇော်မဒပ် တံတားကိုလည်း ဘင်္ဂါလီတို့က ဖျက်ဆီးခဲ့ကြောင်း သိရသည်။



ဇွန်လ ၉ ရက် နံနက် ၁၁ နာရီ ၅ မိနစ်



နောက်ဆုံးသိရှိရသော အခြေအနေများနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မရုံးမှ အရာရှိတစ်ဦးက ၄င်း၏ facebook စာမျက်နှာတွင် အောက်ပါအတိုင်း ရေးသားခဲ့ပါသည်။



သိရှိရသမျှ နောက်ဆုံးအခြေအနေ



ဇွန်လ ၈ ရက်နေ့

၁၃၁၅ နာရီ။ မောင်တောမြို့ (၄)ရပ်ကွက်အား အင်အား ၃၀၀ ခန့်မှ မီးရှို့၊ သဇင် တည်းခိုခန်းနှင့် အိမ် ၄ လုံး မီးရှို့ခံရ။



၁၄၃၀ နာရီ။ မောင်တောမြို့ (၅)ရပ်ကွက် အင်အား ၃၀၀ ခန့်မှ မီးရှို့၊ အိမ် ၄ လုံး မီးရှို့ခံရ။



၁၄၃၀ နာရီ။ လဗော်ဇားတံတား ကင်းစခန်း၊ မောင်တောမြို့သို့ ၀င်ရန် တောင်ဘက်မှ အင်အား ၇၀၀ ခန့် ရောက်ရှိလာရာ နစကမှတားဆီးခဲ့၊ အင်အား ၄၀၀ လှည့်ပြန်သွား၊ အင်အား ၃၀၀ ကျန်၊ လယ်ကွင်းမှဖြတ်ပြီး မောင်တောမြို့တွင်းဝင်။



၁၄၃၀ မှ ၁၅၀၀ ထိ ။ သရည်ကုန်းဘောင်ရွာအား အင်အား ၂၀၀ ခန့်မှ မီးရှို့၊ အိမ် ၁၀၃ လုံး မီးရှို့ခံရ။



၁၅၀၀ နာရီ။ ရွှေရင်အေး(နတလ)ရွာ၊ အင်အား ၂၀၀ ခန့်မှ မီးရှို့၊ ပစ္စည်းလုယက်၊ အိမ်ခြေ ၆၇ လုံး မီးရှို့ခံရ။



၁၅၀၀ နာရီ။ မောင်တောမြို့၊ ညောင်ချောင်းဈေးတန်း၊ ပစ္စည်းလုယက်၊ ဈေးဆိုင်တန်း မီးရှို့၊ ဈေးဆိုင်ခန်း ၁၉ ခန်း မီးရှို့ခံရ။



၁၅၀၀ မှ ၁၆၀၀ ထိ။ ခရေမြိုင်(နတလ)ရွာ၊ ဗောဓိကုန်း၊ ကင်းချောင်းရွာ၊ ကန်သာယာရွာ၊ ကံပြင်သာစည်ရွာစသည်တို့တွင် အင်အား ၃၀၀ ကျော်စီမှဝိုင်း၊ မီးရှို့၊ အိမ်ခြေ (၁၀၀)၊ (၂၃)၊ (၂၀)၊ (၄၀)၊ (၂၀)စီ မီးရှို့ခံရ။



၁၆၃၀ နာရီ ။ အောင်ဗလရွာ၊ အင်အား ၃၀၀ ကျော်မှဝိုင်း၊ နယ်မြေ(၆)ရဲတပ်ဖွဲ့မှ ခြောက်လှန့် ပစ်ခတ်ချိန် ထွက်ပြေးသွား။



၂၀၃၀ နာရီ။ ဥဒေါင်း(နတလ)ရွာ၊ အင်အား ၃၀၀ ခန့်မှ မီးရှို့ရန် ၀ိုင်း၊ ကျားထိုးမည့် ပုံ လုပ်လာသဖြင့် သေနတ်ထောင်ပြီး ပစ်ဖောက်ခဲ့ရ။



၂၂၁၀ နာရီ။ ပြသားရွာ၊ အင်အား ၂၀၀/၃၀၀ မှ ၀ိုင်း၊ ပြန်ဆုတ်သွား။



၂၃၀၀ နာရီ။ ရပ်ကွက်(၅)၊ ၃၀၀ ခန့် အနားကပ်လာ၍ ခြောက်လှန့် ပစ်ခတ်ခဲ့ရ။



၂၃၀၀ နာရီ။ နယ်မြေ(၇) ပင်လယ်ပြင် ကမ်းခြေအနီး၊ စက်လှေ(၃)စီး ပင်လယ်ပြင်မှ ကမ်းခြေသို့ မောင်းနှင်ဆိုက်ကပ်လာ၊ ကမ်းခြေစောင့်အဖွဲ့မှ တွေ့ရှိ။



၂၃၁၅ နာရီ ။ မောရ၀တီရဲကင်း၊ ရဲကင်းအား မီးရှို့။



၂၃၁၅ နာရီ။ (၃)မိုင်စစ်ဆေးရေးစခန်းအနီး ဝေသာလီကျေးရွာ ၊ အင်အား ၃၀၀ ခန့်မှ ၀ိုင်း၊ မီးတုတ်နှင့်ပစ်၊ အိမ် ၅ လုံး မီးလောင်။



၂၃၄၀ နာရီ။ ရပ်ကွက်(၄)နှင့် ရပ်ကွက်(၅)ကြား၊ ၂၀၀ ဦးခန့် လူစုမခွဲဘဲ ရှေ့တိုး၊ အန္တရာယ် ပြုမည့် အနေအထား ပြုလုပ်၊ ရဲတပ်ဖွဲ့မှ ခြောက်လှန့်ပစ်ခတ်ခဲ့၊ ဆုတ်ခွါသွား။



ဇွန်လ ၉ ရက်နေ့

၀၁၁၀ နာရီ။ ရပ်ကွက်(၃)၊ အင်အား ၁၀၀ ခန့် ရပ်ကွက်မှ ခဲဖြင့် ပစ်ခတ်သဖြင့် သေနတ် မိုးပေါ် ထောင်၍ ပစ်ခတ်ခဲ့ရ။

၀၃၀၀ နာရီ ။ ရပ်ကွက်(၄)၊ ဗိုလ်မှူးရွာ ။ အိမ်(၁)လုံး မီးရှို့ရန် ပြုလုပ်၊ မိုးပေါ်ထောင်ပစ်၊ ပြန်ထွက်သွား။



၀၅၁၅ နာရီ ။ ဝေသာလီရွာ၊ အင်အား ၂၀၀ ခန့် ၀ိုင်းဖို့ ကြိုးစား၊ မိုးပေါ်ထောင်ပစ်၍ ပြန်ထွက်သွား။



ဇွန်လ ၉ ရက် နံနက် ၁၂ နာရီ ၅ မိနစ်



မောင်တောမြို့သို့ စစ်ဘက်သုံး ရဟတ်ယာဉ်နှစ်စင်း ဆိုက်ရောက်လာကြောင်း ဒေသခံများက ပြောပါသည်။ အဆိုပါ ရဟတ်ယာဉ်တွင် ကာကွယ်ရေးဝန်ကြီး လိုက်ပါလာကြောင်း အတည်မပြု နိုင်သော သတင်းများအရ သိရှိရပါသည်။



ဇွန်လ ၉ ရက် နံနက် ၁၂ နာရီ ၃၀ မိနစ်



နိုင်ငံတော်သမ္မတက မိန့်ခွန်း ပြောကြားမည့် အစီအစဉ်မရှိကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်း ယမန်နေ့က ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုများကို အုပ်ချုပ်ရေး လုပ်ထုံးလုပ်နည်းများဖြင့် ဖြေရှင်းဆောင်ရွက်ခဲ့ရာ ယနေ့နံနက်ပိုင်းမှစတင်၍ အခြေအနေ များ မူလအတိုင်း ပြန်လည်တည်ငြိမ်အေးချမ်းနေပြီ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ အရာရှိက ၄င်း၏ facebook စာမျက်နှာတွင် ရေးသားခဲ့ပါသည်။



သက်ဆိုင်ရာ ပြည်ထောင်စု ၀န်ကြီးများ၊ တပ်မတော် အရာရှိကြီးများ၊ ဒုတိယ ၀န်ကြီးများ မောင်တောသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ အရာရှိက ၄င်း၏ facebook စာမျက်နှာတွင် သတင်းထုတ်ပြန်ခဲ့ပါသည်။





ဇွန်လ ၉ ရက် ၁၂ နာရီ ၄၅ မိနစ်



မောင်တောတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်ကြောင့် ဒေသခံ ရခိုင်တိုင်းရင်းသားများ၏ နေအိမ်များ ဖျက်ဆီးခံရမှုထဲတွင် Eleven Media Group ၏ မောင်တောသတင်းထောက် ကိုဝင်းမောင်၏ နေအိမ်လည်း ဖျက်ဆီးခံခဲ့ရသည်။ ထို့အတွက် Eleven Media Group မှ ထောက်ပံ့ငွေ သိန်း ၂၀ ပေးအပ်မည်ဖြစ်ပြီး အဆိုပါဒေသတွင် ပျက်စီးဆုံးရှုံးခဲ့သော ဒေသခံ ရခိုင်တိုင်ရင်းသားများကို ကူညီရန်အတွက်လည်း အလှူငွေ ကျပ်သိန်း ၂၀ ကို သက်ဆိုင်ရာသို့ ပေးအပ်လှူဒါန်းသွားမည် ဖြစ်ပါသည်။ ယင်းဒေသအတွက် လှူဒါန်းလိုသူများ အနေဖြင့်လည်း သက်ဆိုင်ရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။



ရခိုင်ပြည်နယ်တွင်း ဖြစ်စဉ်များ၏ အခြေအနေမှန် သတင်းမှန်များကို အချိန်နှင့်တစ်ပြေးညီ ရယူဖေါ်ပြသွားနိုင်ရန်အတွက် Eleven Media Group ရန်ကုန် ရုံးချုပ်မှ အကြီးတန်း သတင်းထောက်တစ်ဦးနှင့် သတင်းအဖွဲ့ကို ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားရာဒေသသို့ စေလွှတ်သွားမည်ဖြစ်ပါသည်။ ထို့အပြင် Eleven Media Group ၏ နယ်မြေခံသတင်းထောက်များနှင့် ချိတ်ဆက်ကာ သတင်းများရယူဖေါ်ပြသွားမည်ဖြစ်ပါသည်။



ဇွန်လ ၉ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်



ယနေ့မွန်းလွဲ ၁၂ နာရီ မိနစ် ၃၀ အချိန်တွင် ကာကွယ်ရေးဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် တို့သည် မောင်တောမြို့သို့ ရောက်ရှိခဲ့ပြီး ဆေးရုံသို့ သွားရောက်ခဲ့ကြောင်း သိရပါသည်။ ထို့အပြင် ယမန်နေ့က ထိခိုက်ဒဏ်ရာရရှိခဲ့သော ဒေါက်တာခင်မောင်လတ်နှင့် ဒေါ်သန်းရီ အပါအ၀င် လူနာ လေးဦးကို စစ်တွေသို့ ပို့ဆောင်မည် ဖြစ်ကြောင်း သိရပါသည်။

ဇွန်လ ၉ ရက် မွန်းလွဲ ၁ နာရီ ၄၀ မိနစ်



ပြန်ကြာရေးဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်ခဲ့သော စာရင်းများအရ ယမန်နေ့က ဖြစ်ပွားခဲ့သော မောင်တောဖြစ်စဉ်၌ သေဆုံးသူ (၇)ဦး၊ ဒဏ်ရာရရှိသူ (၁၇)ဦး ရှိခဲ့ပြီး အိမ်ခြေ (၄၉၄)လုံး၊ ဈေးဆိုင် (၁၉)ခန်းနှင့် တည်းခိုခန်း (၁)ခန်းတို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရပါသည်။

ဇွန်လ ၉ ရက် မွန်းလွဲ ၁ နာရီ ၅၀ မိနစ်



ယနေ့မွန်းလွဲပိုင်းက နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် ထုတ်ပြန်ခဲ့သော သတင်းတွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် နေအိမ်များ မီးလောင်ဆုံးရှုံးခဲ့ပြီး လတ်တလော ဒုက္ခရောက်နေကြသည့် ဒေသခံပြည်သူများအတွက် မောင်တောမြို့တွင် ပရဟိတကျောင်း၊ အောင်မြေဗောဓိကျောင်း၊ ဗဟိုကျောင်းတို့၌ ကယ်ဆယ်ရေးစခန်းသုံးခုဖွင့်လှစ်ပြီး ကူညီစောင့်ရှောက်မှုပေးလျက် ရှိကြောင်း၊ အဆိုပါ ကယ်ဆယ်ရေးစခန်းများ အတွက် လူမှုဝန်ထမ်းကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ ထောက်ပံ့ရေးပစ္စည်း ၃.၃ တန်နှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ ဘေထုပ် ၅၀ စုစုပေါင်း ၂တန်ကျော် ပေးပို့ခဲ့ပြီး ဖြစ်ကြောင်းနှင့် ထောက်ပံ့ရေးပစ္စည်းများ ဆက်လက်ပေးပို့သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် ထိခိုက်ဒဏ်ရာရရှိသူများနှင့် ဒေသခံပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုများအတွက် ကာကွယ်ရေးဝန်ကြီးဌာနမှ ဆေးဝန်ထမ်း ၃၂ ဦးနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ အဖွဲ့ဝင် ၁၀ ဦးပါ ဆေးကုသရေးအဖွဲ့တစ်ဖွဲ့တို့ ရောက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုများ စတင်ဆောင် ရွက်ပေးနေပြီဖြစ် ကြောင်း၊ မောင်တောမြို့၏ တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုအတွက် ဆက်လက်ထိန်းသိမ်းရန်နှင့် ဒေသခံပြည်သူများအား လိုအပ်သည့် ကူညီပံ့ပိုးစောင့်ရှောက်မှုများ ကြီးကြပ်ဆောင်ရွက်နိုင်ရန် အတွက် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး လှမင်း၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကိုကိုနိုင်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဖုန်းဆွေတို့ ရောက်ရှိကွပ်ကဲလျက်ရှိကြောင်း ထုတ်ပြန်ခဲ့ပါသည်။

ဇွန်လ ၉ ရက် မွန်းလွဲ ၂ နာရီ ၁၇ မိနစ်



မောင်တောမြို့ တည်ငြိမ်အေးချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ အဖွဲ့တွင် အဖွဲ့ဝင် ၇ ဦးပါဝင်ပြီး ဦးအောင်ကြီး(နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ်)က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကာ ဒုတိယ ရဲမှူးကြီးမျိုးဝင်း (ခရိုင်ရဲတပ်ဖွဲ့မှူး၊ မောင်တောခရိုင်)၊ ဦးမြင့်သန်း (ခရိုင်ဥပဒေအရာရှိ၊ မောင်တောခရိုင်)၊ ဦးဝင်းစိန် (ခရိုင် လူဝင်မှုကြီးကြပ်ရေး ဦးစီးမှူး)၊ ဒေါက်တာကျော်မောင်မောင်သိန်း(ခရိုင်ဆရာဝန်ကြီး၊ မောင်တောခရိုင်)၊ ဦးအောင်သက်ရှည် (မြို့နယ်စည်ပင်သာယာရေး အုပ်ချုပ်ရေးမှူး၊ မောင်တောမြို့နယ်)၊ ဦးအောင်မြင့်စိုး (ခရိုင်အုပ်ချုပ်ရေးမှူး၊ မောင်တောခရိုင်)တို့က အဖွဲ့ဝင်အဖြစ် ဆောင်ရွက်မည်ဖြစ်သည်။

ဇွန်လ ၉ ရက် မွန်းလွဲ ၂ နာရီ ၄၀ မိနစ်



ရခိုင်ပြည်အတွင်း ဖြစ်ပေါ်ခဲ့သော ဆူပူ အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် မဟာမိတ်တိုင်းရင်းသား ခေါင်းဆောင်များမှ သဘောထား ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်ပါသည်။







ဇွန်လ ၉ ရက် ညနေ ၃ နာရီ ၇ မိနစ်



ဘူးသီးတောင်မြို့၏ လက်ရှိအခြေအနေမှာ အေးအေးဆေးဆေး ရှိနေဆဲဖြစ်ပြီး အဆိုပါမြို့နယ် ပြင်ပရှိ သပိတ်တောင်ကျေးရွာနှင့် ကင်းမချောင်းကျေးရွာများမှ ရခိုင်လူမျိုးများ ရွာကို စွန့်ခွာ၍ လှေ၊ ကားများဖြင့် ဘူးသီးတောင်မြို့သို့ လာရောက်ခိုလှုံနေကြောင်း ဘူးသီးတောင်မြို့ခံတစ်ဦးက ပြောကြားခဲ့သည်။ ထို့ပြင် ဘူးသီးတောင်မြို့ထဲတွင် ရဲနှင့် လုံထိန်းတပ်ဖွဲ့ဝင်များက ကင်းလှည့်နေပြီး စစ်တပ်က မြို့၏ အခြေအချက်ကျသောနေရာများတွင် လုံခြုံရေး ယူထားကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဇွန်လ ၉ ရက် ညနေ ၃ နာရီ ၂၀ မိနစ်



စစ်တွေနှင့် မောင်တောတွင် ဖြစ်ပျက်နေသော ဖြစ်စဉ်များကြောင့် စစ်တွေမှ မောင်တောသို့ နေ့စဉ် ထွက်ခွာသည့်သင်္ဘောများ ဇွန်လ ၈ ရက်နေ့နှင့် ၉ ရက်နေ့များတွင် မထွက်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဇွန်လ ၉ ရက် ညနေ ၃ နာရီ ၃၀ မိနစ်



ရန်ကုန်မြို့ ရွှေတိဂုံဘုရား အရှေ့ဖက်မုဒ်ရှိ ဓည၀တီသာသနာပြုကျောင်းတိုက်တွင် ရခိုင်လူမျိုးဦးရေ ၃၀၀ ၀န်းကျင်ခန့် စုဝေးပြီး လေးဦးတစ်တွဲနှုန်းဖြင့် 'ရခိုင်ပြည်ကို ကာကွယ်ပါ' ။ 'တစ်မျိုးသားလုံးကို ကာကွယ်ပါ' စာတမ်းများ ကိုင်ဆောင်ပြီး ရွှေတိဂုံဘုရားရင်ပြင်ပေါ်သို့ တက်ရောက်နေပြီဖြစ်ကြောင်း သတင်းရရှိပါသည်။

ဇွန်လ ၉ ရက် ညနေ ၃ နာရီ ၄၀ မိနစ်



တပ်မတော်(ရေ)မှ စစ်ရေယာဉ်အချို့မှာ မောင်တောမြို့နယ် အနောက်ဘက် မြန်မာ့ရေပြင်ပိုင်နက်မှ တစ်ဆင့် မသမာသူများ ၀င်ရောက်လာခြင်း မရှိရေးအတွက် ယနေ့နံနက်ပိုင်းမှ စတင်ပြီး ကင်းလှည့်လုံခြုံရေး ဆောင်ရွက်လျက်ရှိနေကြောင်း နိုင်ငံပိုင်မီဒီယာများ၏ မွန်းလွဲပိုင်း သတင်းအစီအစဉ်တွင် ထည့်သွင်း ကြေညာခဲ့ပါသည်။

ဇွန်လ ၉ ရက် ညနေ ၃ နာရီ ၄၃ မိနစ်



မောင်တောမြို့နယ် တောင်ပိုင်းတွင် ရှိသော သရေကုန်းဘောင်နှင့် ရွာမသတ်ရွာများမှ ရခိုင်လူမျိုးများသည် ၎င်းတို့၏ ရွာများ မီးရှို့ဖျက်ဆီးခံရ၍ ထွက်ပြေးပြီး အာကာပျံတောင်ပေါ်သို့ မနေ့ညက ခိုလှုံခဲ့ကြောင်း၊ အရေအတွက်မှာ ၁၀၀ ၀န်းကျင်ခန့်ရှိကြောင်း၊ ယခုအခါ ၎င်းတို့အား ခေါ်ဆောင်ရန် ဘူးသီးတောင်မြို့မှ ရခိုင်သဟာယအဖွဲ့၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၊ ရဲတပ်ဖွဲ့နှင့် တပ်မှ ပူးပေါင်းအဖွဲ့များသည် မြို့မှ ထွက်ခွာသွားပြီဖြစ်ကြောင်းနှင့်၎င်းတို့အား ဘူးသီးတောင်မြို့သို့ ခေါ်ဆောင်လာမည်ဖြစ်ကြောင်း သိရသည်။



ကိုကိုကြီးကတော့ပြောသင့်တာကိုပြောလိုက်ပြီ


 IMG_9923

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဘင်္ဂါလီလူမျိုးများမှ ရခိုင်တိုင်းရင်းသားများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးချင်းနှင့်ပတ်သက်၍ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ဇွန်လ ၈ ရက်နေ့ ညနေ ၄ နာရီတွင် သတင်းစာရှင်းလင်းပွဲတစ်ခုပြု လုပ်ခဲ့ပါသည်။

လက်ရှိ မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်တွင် မင်းမဲ့စရိုက်ဆန်ဆန် ပြစ်မှုကျူးလွန်သူများကို ပြင်းပြင်းထန်ထန် အရေးယူစေလိုကြောင်း၊ ထို့အပြင် ပျက်စီးသွားသော နေအိမ်များကိုအစိုးရမှ ကြပ်မတ်၍ ဦးစီးဆောင်ရွက်ပေးစေလိုကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်ကိုမြအေးမှ မိမိတို့ လက်ရှိသဘောထာအား ရှင်းလင်းပြောကြားခဲ့သည်။

၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးကလည်း'' မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင်များနဲ့ ဗုဒ္ဓဘာသာဝင်များကြားမှာ ဖြစ်ပွားနေတဲ့ပြဿနာ မဟုတ်ဘူး။ ဒါဟာလူမျိုးရေး၊ ဘာသာရေး၊ အသွင်ဖန်တီးမယ်ဆိုရင်လည်း ဒါဟာ မရိုးမသား လုပ်ဆောင်နေတဲ့ ဖန်တီးမှုမျိုးဘဲ သတ်မှတ်ရမှာဖြစ်ပါတယ်။ ရခိုင်တိုင်းရင်းသားတွေ နှစ်ပေါင်းများစွာ ခံစားနေရတဲ့ ဝေဒနာသူတို့ ခံစားမှုကိုလည်း အလေးအနက်ထားဖို့လိုပါလိမ့်မယ်။ ကာလရှည်ကြာစွာ ကျွန်တော်တို့သည်းခံ နေလာခဲ့တာ ရိုဟင်ဂျာပြဿနာပါ'' ဟု ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဦးကိုကိုကြီးက မိမိတို့အနေဖြင့် ရိုဟင်ဂျာများနှင့် ပတ်သက်၍ ပွင့်ပွင့်လင်းလင်းပြောကြားလိုကြောင်း၊ ရိုဟင်ဂျာများသည် တိုင်းရင်းသားမဟုတ်ပါကြောင်း၊ုယခုဖြစ်ပေါ်နေသော မောင်တောကိစ္စသည် နယ်စပ်မှ တရားမ၀င်ဖြတ်ကျော်လာသော ရိုဟင်ဂျာများနှင့် ပြည်ပသွေးထိုးလှုံဆော်မှုများပါနေသည်ဟု မိမိတို့အနေဖြင့် ထင်မြင်မိပါကြောင်း၊ နိုင်ငံတကာနိုင်ငံကြီးများ အနေဖြင့် မြန်မာနိုင်ငံ၏ တိုင်းရင်း သားပြဿနာများကို ကောင်းစွာသိရှိ နားမလည်ဘဲပြောဆိုနေကြခြင်းသည် မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာကို တိုက်ရိုက်ထိခိုက်သည်ဟု သတ်မှတ်ပါကြောင်း၊ မျိုးဗီဇဘာသာ စကားဓလေ့ထုံးတမ်းများအရ မိမိတို့ နိုင်ငံတွင်းနေထိုင်သော တိုင်းရင်း သားမျိုးနွယ်စုများနှင့် လုံးဝပတ်သက်ခြင်းမရှိကြောင်းလည်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။

မိမိတို့ နိုင်ငံရဲ့ ပြည်တွင်းရေး ပြဿနာများကြောင့် အစိုးရအဆက်ဆက်မှ နိုင်ငံတကာများနှင့် မျက်နှာမပျက်အောင် လိုက်လျောမှုများပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါကဲ့သို့ လက်ခံခဲ့ခြင်းမှာလည်း လူသားခြင်း စာနာထောက်ထားမှုအရသာဖြစ်ကြောင်း၊ မိမိတို့လူမျိုးများ၏ သဘောကောင်းမှု လိုက်လျောမှုများကို နိုင်ငံကြီးများမှ မိမိတို့အားနည်းတဲ့နိုင်ငံက ယခုကဲ့သို့ပြဿနာများကို လက်ခံရမည့်ဆိုသည့် ဖိအားပေးမှုများကို မိမိတို့လက်ခံမည် မဟုတ်ကြောင်း ဦးကိုကိုကြီးမှ ပင်ဆက်လက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။



''ကျွန်တော်တို့ အချုပ်အခြာ အာဏာကိစ္စကို ဘယ်နိုင်ငံတကာ ဘယ်နိုင်ငံကြီးကမှ ဒီဟာတွေကို ကျွန်တော်တို့ လက်ခံရမယ်လို့ဖိအား ပေးလာပြီဆိုရင် တပ်မတော် အင်အားစုနဲ့ အတူ ကျွန်တော်တို့ ဒီမိုကရေစီအင်အားစု အားလုံးက ဒါအမျိုးသားရေးပြဿနာအနေနဲ့ ရင်ဆိုင်ဖြေရှင်းသွားမှာဖြစ်ပါတယ်'' ဟုလည်း ဦကိုကိုကြီးက ၈၈ မျိုး ဆက်ကျောင်းသားများအဖွဲ့၏ သဘောထားအား ပြောကြားခဲ့သည်။

''ကျွန်တော်တို့မှာ နိုင်ငံသား အဖြစ် အသိအမှတ်ပြုခံထားရတဲ့ ပုဂ္ဂိုလ်တွေကိုတော့ နိုင်ငံသားတစ်ဦးရဲ့ အခွင့်အရေး နိုင်ငံသားတစ်ယောက်ရဲ့ ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်ကို ကျွန်တော်တို့ အပြည့်အ၀လက်ခံမှာပါ။ သို့သော် ဒါကို တိုင်းရင်းသားအဖြစ်နဲ့ လက်ခံရမယ်လို့ အတင်းအကျပ် ဖိအားပေးလာတာမျိုးဆိုရင်တော့ သည်းခံမှာမဟုတ်ပါဘူး။ ရိုဟင်ဂျာ ပြဿနာသည် မူဆလင်ပြဿနာမဟုတ်ဘူး။ အဲဒါကိုခွဲခြားပြီးတော့ ဖြေရှင်းဖို့လိုတယ်။ ကျွန်တော်တို့နိုင်ငံသား မူဆလင်များ အစ္စလာမ် ဘာသာဝင်များ ချိတ်ဆက်ပြီး လုပ်နေတာကိုက သွေးရိုးသားရိုးမဟုတ်ဘူးလို့မြင်တယ်။ ကျွန်တော်ထပ်ပြီးရှင်းရှင်း လင်းလင်းပြောချင်တာက မောင်တောမှာနေတဲ့ အစ္စလမ်ဘာသာဝင်တွေကို နယ်စပ်ဖြတ်ကျော်ပြီးဝင်လာတဲ့ ဘင်္ဂါလီမူဆလင်တွေက ဖျက်စီးနှိပ်စပ်ရင်လည်း ကျွန်တော်တို့ နိုင်ငံသားတွေကို ကျူးလွန်တဲ့ ပြစ်မှုအဖြစ်ပဲ သတ်မှတ်မယ်။ ရခိုင် ပြည်သူကိုလုပ်လို့ မဟုတ်ဘူး။ ကျွန်တော်တို့ဆီမှာ ရှိပြီးသားနိုင်ငံသားမူဆလင်တွေကို ထိခိုက်ရင်လည်း ကျွန်တော်တို့ နိုင်ငံသားကို ထိပါးတယ်လို့သတ်မှတ်မယ်'' ဟု မိမိတို့သဘောထားအား ရှင်းလင်းပြောကြာခဲ့ပါသည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲကို ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ ဦးကိုကိုကြီး၊ ကိုမြအေး၊ ကိုစိုးထွန်းတို့မှ ပြုလုပ်ခဲ့ပြီး ကိုမင်းကိုနိုင်နှင့် ကျန်အဖွဲ့ဝင်များမှာ ရှမ်းပြည်နယ်သို့ ခရီးသွားရောက်နေကြောင်း သိရှိရသည်။