Sunday, December 9, 2012

မထင်မှတ်ဘဲ လုပ်ဖော်ကိုင်ဖက် ဖြစ်လာတဲ့ ခေါင်းဆောင်နှစ်ဦး






သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၁ ခုနှစ်က နေပြည်တော်ရှိ သမ္မတအိမ်တော်၌ ပထမဆုံးအကြိမ် တွေ့ဆုံကြစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၁ ခုနှစ်က နေပြည်တော်ရှိ သမ္မတအိမ်တော်၌ ပထမဆုံးအကြိမ် တွေ့ဆုံကြစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ
 ကတ်ကင်းဘဲလ် တစ်နေ့သောအခါမှာ နိုင်ငံရေးမဟာမိတ်တွေ ဖြစ်လာကြမယ်လို့ ဘယ်သူမှ ထင်
မထားခဲ့ကြတဲ့ ခေါင်းဆောင်နှစ်ဦးဟာ ယခုအချိန်မှာ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်
အရှိန်အဟုန် နဲ့ ဦးဆောင်မောင်းနှင်နေကြပါပြီ။
တစ်ဦးကတော့ အထူးအံ့ဩစရာမလို ပါဘူး။ အာဏာရှင်တွေရဲ့ ဖိနှိပ်စိုးမိုးမှု တွေကို အကြမ်းမဖက်
တဲ့နည်းနဲ့ ဆန့်ကျင်တွန်းလှန်ခဲ့လို့ တစ်ကမ္ဘာလုံးရဲ့ အတုယူအားကျစရာဖြစ်ခဲ့တဲ့ ဒေါ်အောင်ဆန်း
စုကြည်ပါပဲ။ အခြားတစ်ဦးကတော့ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးလို ရိုးရိုးကုပ်ကုပ်နေတတ်တဲ့ သမ္မတ
ကြီးဦးသိန်းစိန်ပါ။
ဆယ်စုနှစ် ပေါင်းများစွာ မြန်မာနိုင်ငံကို လူ့အောက် သူ့အောက်ကျပြီး ဆင်းရဲမွဲတေတဲ့ဘ၀ ရောက်
အောင် လုပ်ခဲ့ကြတဲ့ စစ်အာဏာရှင်အုပ်စုတွေထဲက တစ်ယောက်ပဲဖြစ် ပေမယ့် တိုင်းပြည်ကို လမ်း
ကြောင်းသစ်ဆီ ဦးတည်ဆွဲခေါ်သွားရဲလောက်အောင် သတ္တိနဲ့ ပြည့်စုံတဲ့ ဗိုလ်ချုပ်ဟောင်း
တစ်ယောက်ပါ။ ဒီလိုအစဉ်အလာမရှိတဲ့ ဖြစ်ခေါင့် ဖြစ်ခဲ ပူးတွဲမိတ်ဖက်မှုကို သူတို့နှစ်ဦးစလုံး
ဘယ်သူကမှ ရှာဖွေကြံဆခဲ့ကြတာ မဟုတ်ပေမယ့် သူတို့နှစ်ဦးဟာ မမျှော်လင့်ဘဲ ရာစုနှစ်တစ်ဝက်
လောက်အတွင်း မြန်မာနိုင်ငံရဲ့ မျှော်လင့်ချက်၊ ပြည်သူတွေရဲ့ မျှော်လင့်ချက် ဖြစ်လာခဲ့ပါတော့
တယ်။
ဒုတိယကမ္ဘာစစ်မဖြစ်မီက အာရှရဲ့ ဆန်အိုးကြီးလို့တင်စားပြောဆိုခံခဲ့ရပြီး ဒေသတွင်းမှာ မြန်မာနိုင်ငံ
သားတွေရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ ကြွယ်ဝချမ်းသာမှု အဆင့်အတန်းဟာ ထိပ်ဆုံးမှာ ရှိခဲ့ပါတယ်။
ဒါပေမယ့် ကိုလိုနီအမွေဆိုးတွေဖြစ်တဲ့ တိုင်းရင်းသားလူမျိုးစုများအကြားခါးသီးမှုတွေနဲ့ စစ်အေးကာ
လ အတွင်း ဆိုဗီယက်ပြည်ထောင်စု၊ တရုတ်နဲ့ အမေရိကန်တို့ရဲ့ အားပြိုင်မှု၊ သဘောတရားရေး
မဟာမိတ်နောက်လိုက် စုရုံးမှုတွေ ရှိနေခဲ့ရာ မဟာဗျူဟာ အနေအထားမှာရှိနေတဲ့ မြန်မာနိုင်ငံဟာ
မလွှဲသာ မရှောင်သာ လူးလိမ့်လိုက်ပါခဲ့ရပါတယ်။
၁၉၆၂ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီး တိုင်းပြည်ကိုမပြိုကွဲအောင်၊ ပြည်ပစိုးမိုးမှု ပုံစံမျိုးစုံဘေးမှ
ကာကွယ်ရန်ဆိုတဲ့ အကြောင်းပြချက် တွေနဲ့ ဆယ်စုနှစ်ပေါင်းများစွာ တိုင်းပြည်ကို တလွဲတချော်
အုပ်ချုပ်လာခဲ့ကြရာမှာ တိုင်းပြည်ဟာ ပျက်စီးခြင်းငါးပါး ဆိုက်ခဲ့ရပါတော့တယ်။
၂၀၀၉ ခုနှစ်လောက်မှာ တကယ့်အပြောင်းအလဲရဲ့ မြင်သာတဲ့လက္ခဏာဆိုလို့ အနည်းငယ်သာ
တွေ့ခဲ့ရတယ်။
ဒါပေမယ့် သမ္မတအိုဘားမားကတော့ မြန်မာနိုင်ငံ အထီးကျန်ဘ၀က ထွက်လာအောင် အစမ်း
သဘောနဲ့ လေ့လာရေး ကြိုးပမ်းမှု ပြုလုပ်ခဲ့တယ်။
၂၀၁၀ ပြည့်နှစ် အစောပိုင်းက ကျွန်တော့ရဲ့ ပထမဦးဆုံးခရီးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အစိုးရ
ထဲမှာ နံပါတ်(၄) အဆင့်ရှိပြီး ၀န်ကြီးချုပ်တာဝန်ယူထားတဲ့ ဦးသိန်းစိန်တို့ နှစ်ဦးစလုံးနဲ့ တွေ့ဆုံခွင့်ရ
ခဲ့ပါတယ်။
သူတို့နှစ်ဦးကြား ခြားနားမှုကတော့ သိသာထင်ရှားလှပါတယ်။ စစ်အေးကာလက ရုရှားတွေ တည်
ဆောက်ပေးခဲ့တဲ့ အင်းလျားလိတ်ဟိုတယ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပြုခဲ့ ပါတယ်။
သူမကို သူမရဲ့ နေအိမ်အကျယ်ချုပ်ကနေ အင်းလျားလိတ်ဟိုတယ်ကို ခေါ်လာခဲ့ကြတာ ဖြစ်ပါ
တယ်။
ကျွန်တော်တို့ သုံးနာရီလောက် ဆွေးနွေးပြောဆိုခဲ့ကြရာမှာ မြန်မာနိုင်ငံ ခေတ်သစ်ရောက်ဖို့ သူမရဲ့
မျှော်လင့်ချက် တွေအကြောင်း ပြောဖြစ်ခဲ့ကြပါတယ်။
မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ဒေါ်စုက တော့ အတော်စိတ်ဓာတ်တက်ကြွစရာ ကောင်းပါတယ်။ အရှိ
ကို အရှိအတိုင်း ရှိနေတဲ့ အခြေအနေကြီးမှာတောင် သူမရဲ့ အကောင်း မြင် စိတ်ဓာတ်နဲ့ သံမဏိ
အဓိဋ္ဌာန်တွေ ထင်ဟပ်နေတာ တွေ့ခဲ့ရတယ်။
နေအိမ်အကျယ်ချုပ်နဲ့ နှစ် ၂၀ လောက် နေခဲ့ရ ပေမယ့် အထင်နဲ့အမြင် တခြားစီဖြစ်လောက်အောင်
နိုင်ငံတကာဖြစ်ပေါ်တိုးတက်မှုတွေကို ဆုပ်ဆုပ်ကိုင်ကိုင် နားလည်သိရှိနေတာ တွေ့ရတယ်။
ဘီဘီစီ ကမ္ဘာတစ်လွှားအစီအစဉ်နဲ့ ဗီအိုအေ အသံလွှင့်ဌာနတွေကို နေ့စဉ် ပုံမှန် နားထောင်ရင်း အဲဒီ
အချိန်က စိတ်ကူးလို့တောင်မရပေမယ့် ယခုအချိန်မှာ သူမပါဝင်လုပ်ဆောင်နေရတဲ့ အခန်းကဏ္ဍ
အတွက် ပြင်ဆင်နေသလို နိစ္စဓူဝ အိမ်တွင်းအကျဉ်းသားဘ၀ကို အသေးစိတ်ပြောပြခဲ့ပါတယ်။
နောက် တစ်နေ့ ထွက်လာတဲ့ အစိုးရသတင်းစာမှာ ကျွန်တော့အလည်အပတ်ခရီး ဖော်ပြတဲ့ ဓာတ်ပုံ
မှာ ဒေါ်စုရဲ့ပုံကို ဖြတ်ထုတ်ထားလိုက်ကြတော့တာပါပဲ။
ဦးသိန်းစိန်ကို ကျွန်တော် နေပြည်တော်မှာ တွေ့ခဲ့ပါတယ်။ အဓိပ္ပာယ်ရှိတဲ့ တွေ့ဆုံဆွေးနွေးမှုလုပ်ဖို့
ကျွန်တော်တို့ ရဲ့ ကမ်းလှမ်းမှုကို ဘယ်လိုမှမတုံ့ပြန်ခဲ့ကြ သလောက်ပါပဲ။
အဲဒီတုန်းက သူနဲ့ သူ့ရဲ့ ဗိုလ်ချုပ်တွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိတွေ့ပြောဆိုဖို့ကိုသော်
လည်း ကောင်း၊ ပြုပြင်ပြောင်းလဲရေးတွေကို လုပ်ဆောင်ဖို့ကိုသော်လည်းကောင်း၊ ဆန္ဒရှိတဲ့ လက္ခ
ဏာတစ်စုံတစ်ရာ မပြခဲ့ကြပါဘူး။
သံလွင်ရွက်အစိမ်းရောင် စစ်ယူနီဖောင်း ၀တ်ဆင်ထားတဲ့ ဗိုလ်ချုပ်သိန်းစိန်ကို တည်ကြည်သိမ်မွေ့
သော၊ ဖြစ်နိုင်စရာ အလားအလာမရှိသော အာဏာရှင်ဆန်ဆန် ခေါင်းဆောင် တစ်ဦးလို့သာ ထင်ခဲ့
ရပါတယ်။
အဲဒီ ပထမဆုံး တွေ့ဆုံခဲ့ရတဲ့ပွဲမှာ သူ့ရဲ့ သတိထားတဲ့ စစ်မူဟန် စစ်လေသံတွေနဲ့ဆို တော့ အခုလို
ခေတ်ပြောင်းသမ္မတ တစ်ယောက်အဖြစ် သူ့ရဲ့ခေတ်၊ သူ့ရဲ့ အချိန်ကို သက်ဝင်လှုပ်ရှားလာစေမယ့်
ပြုပြင်ပြောင်းလဲရေး အတွေးအခေါ်တွေရှိတဲ့ လက္ခဏာ လုံးဝမပြခဲ့ပါဘူး။
နောက် သုံးနှစ်အကြာ၊ လွန်ခဲ့တဲ့ စက်တင်ဘာလထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ် ၄၀
အတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန် ပြည်ထောင်စုကို အလည်အပတ်ရောက် လာပါတယ်။
ဒီတစ်ကြိမ်မှာတော့ အသစ်စက်စက် မြန်မာ့လွှတ်တော်ရဲ့ လွတ်လပ်စွာ ရွေးချယ်တင်မြှောက်ခံ
လွှတ်တော် ကိုယ်စားလှယ်အနေနဲ့ ရောက်လာတာပါ။
သူမဟာ တခြားဂုဏ်ပြုဆုပေါင်းများစွာအပြင် ကွန်ဂရက်လွှတ်တော် ရွှေတံဆိပ်ကို လက်ခံရယူရန်
လည်း ကောင်း၊ မြန်မာနိုင်ငံကို နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ ပြန်လည်ဆက်သွယ်ပြီး နိုင်ငံတကာ
အသိုင်းအ၀ိုင်းရဲ့ ထောက်ခံအားပေးမှုကို ရရှိဖို့ကိုလည်းကောင်း အမေရိကန်ကိုလာတာဖြစ်ပါတယ်။
ဒေါ်စု အမေရိကားမှာ ရှိနေတုန်းမှာပဲ သမ္မတကြီးဦးသိန်းစိန်ဟာ အမေရိကန်ပြည်ထောင်စု၊ နယူး
ယော့ခ်မြို့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောဖို့ ရောက်လာပါတယ်။
မြန်မာ့ထိပ်သီးခေါင်းဆောင်ထဲက အထွေထွေညီလာခံမှာ မိန့်ခွန်းပြောတာ ဆယ်စုနှစ်ပေါင်းများစွာ
အတွင်း သမ္မတဦးသိန်းစိန်ဟာ ပထမဆုံး နိုင်ငံ့ အကြီးအကဲပါပဲ။
အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး ဟီလာရီကလင်တန်နဲ့လည်း တရားဝင်တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
"မြန်မာအစိုးရနဲ့ ပြည်သူတွေဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ်ကို နောက်
ကြောင်းပြန် မလှည့်နိုင်တော့ဘဲ အသေအချာ လက်ဆုပ်လက်ကိုင် ခြေလှမ်းတွေနဲ့ သွား နေကြပါ
ပြီ" လို့ သမ္မတဦးသိန်းစိန်က ပြောခဲ့ပါတယ်။
နယူးယော့ခ်မှာရှိနေတုန်း သမ္မတ ဦးသိန်းစိန်ဟာ ဒေါ်အောင်ဆန်းစုကြည် နဲ့ သီးခြားတွေ့ဆုံခဲ့ကြပါ
သေးတယ်။
ဒီအရင်ကလည်း ၎င်းတို့နှစ်ဦး အလားတူအကြိမ်ကြိမ်တွေ့ဆုံခဲ့ကြပါတယ်။ သူတို့ နှစ်ဦးရဲ့ မိတ်ဖက်
ဆောင်ရွက်မှုဟာ ဖြစ်နိုင်စရာ အလားအလာမရှိတဲ့ မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှုတစ်ခုပါ။
ဒါပေမယ့် နယူးယော့ခ်မှာ သူတို့ နှစ်ဦးရဲ့ တွေ့ဆုံမှုက သူတို့နှစ်ဦးနဲ့ သူတို့တိုင်းပြည် ဖြတ်သန်း
လျှောက်လှမ်း ပြီးခဲ့တဲ့ခရီးကို အထင်အရှားပြသနေပါတယ်။
သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးဟာ ၂၀၁၁ ခုနှစ် နွေဦးရာသီတုန်းက ခမ်းခမ်းနားနားကြီး မဟုတ်လှဘဲ
သာမန်မျှသာဖြစ်တဲ့ သမ္မတဦးသိန်းစိန်ရဲ့အိမ်မှာ သမ္မတကတော်က ဒေါ်အောင်ဆန်းစုကြည်ကို
တည်ခင်းကျွေးမွေးခဲ့တဲ့ ညစာစားပွဲနဲ့ အစပြုခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီနေ့က ညစာစားပွဲရဲ့ အထက်နံရံမှာ မြန်မာ့ လွတ်လပ်ရေး ဗိသုကာ၊ ဒေါ်အောင်ဆန်း စုကြည်ရဲ့
ဖခင် ဦးအောင်ဆန်းရဲ့ ပုံတူပန်းချီကားကြီးကို ချိတ်ဆွဲထားပါတယ်။
မြန်မာနိုင်ငံ ပြန်လည်မွေးဖွားရေးအတွက် သူတို့ရဲ့မျှော်လင့်ချက်တွေကို မြေစမ်းခရမ်းပျိုး၍ သတိ
ကြီးစွာထားရင်း မျှဝေခဲ့ကြပါတယ်။
အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနားယူသွားပြီးနောက် မြန်မာ နိုင်ငံမှာ
ဖြစ်ပေါ်လာခဲ့တဲ့၊ အသက်ရှူ မှားလောက်တဲ့ အပြောင်းအလဲတွေကိုအဲဒီနေ့က ပထမဆုံးတွေ့ဆုံမှုနဲ့
အစပြုခဲ့တာ ဖြစ်ပါတယ်။
အဲဒီအချိန်ကစပြီး သမ္မတ ဦးသိန်းစိန်အစိုးရဟာ နိုင်ငံရေး အကျဉ်းသားရာပေါင်းများစွာကို လွှတ်ပေး
ခဲ့တယ်။ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်၊ စုရုံးခွင့်၊ လှုပ်ရှားခွင့်အပေါ် တင်းကျပ်တဲ့ အကန့်အသတ်
တွေကို လျှော့ပေးခဲ့တယ်။
တိုင်းရင်းသား လက်နက်ကိုင်အုပ်စုတွေနဲ့ အပစ်အခတ်ရပ်ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည် ခေါင်း
ဆောင်တဲ့ NLD ပါတီဟာ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့ပေမယ့် အာဏာမပေးဘဲ
၂၂ နှစ်ကြာအောင် ဖိနှိပ်ထားခဲ့ရာမှ ရွေးကောက်ပွဲမှာ ပြန်လည်ပါဝင်အရွေးခံခွင့်ပြုခဲ့ပါတယ်။
မြန်မာနိုင်ငံ ရုတ်တရက် ပွင့်လင်းသွားတဲ့အကြောင်းနဲ့ ပတ်သက်ပြီး ရှင်းလင်းချက်တွေ အမျိုးမျိုး
ဖွင့်ဆိုခဲ့ကြတယ်။
ပထ၀ီနိုင်ငံရေးကအစ လျော့ပါးမသွားတဲ့ တစ်ကမ္ဘာလုံးရဲ့ ဖိအားပေးမှု အဆုံးပေါ့။ ဒါပေမယ့်
ကျွန်တော် ယုံကြည်တယ်။ ထူးခြားတဲ့ ဒီပုဂ္ဂိုလ်နှစ်ဦးရဲ့ ပုဂ္ဂိုလ်ရေး အတွေ့အကြုံတွေက အများကြီး
စကားပြောလိမ့်မယ် ထင်တယ်။
အမေရိကန်အစိုးရနဲ့ ကွန်ဂရက်လွှတ်တော်ထဲက အဓိကမဟာမိတ်တွေဟာ ဒေါ်အောင်ဆန်းစုကြည်
နဲ့ မြန်မာ့ဒီမိုကရေစီရေး တိုက်ပွဲဝင်တွေရဲ့ ရုန်းကန်မှု အမှောင်ဆုံးကာလမှာ သူတို့ဘက်က မားမား
မတ်မတ် ရပ်တည်ခဲ့တယ်။
ဒါကြောင့် အဆုံးတစ်နေ့ စစ်အစိုးရက အလျှော့ပေးလာရတဲ့အချိန်မှာ မြန်မာ ပြည်ကို ကျွန်တော်တို့
ကူညီမယ်ဆိုတာ သူမ သိနားလည်ထားတယ်။
လမ်းအိုလမ်းဟောင်းကြီးကို အလွန် ကွဲပြားခြားနားတဲ့ နည်းလမ်းနဲ့ မှောက်သွန်ပစ်ဖို့ လိုအပ်နေတဲ့
အချိန်မှာ ဦးသိန်းစိန် ရောက်လာတာပါပဲ။
ဦးသိန်းစိန်ဟာ ၀န်ကြီးချုပ်အဖြစ်နဲ့ ပြင်ပကမ္ဘာက ဒေသတွင်း အိမ်နီးချင်းမြို့တော်တွေဆီ ရောက်
သွားတယ်။ ဒီမြို့တော်တွေဟာ တစ်ချိန်က နိုင်ငံတကာစာရင်းဝင် ရန်ကုန်မြို့တော်နဲ့ယှဉ်ရင်
ဆင်းရဲနုံချာတဲ့ မြို့တွေသာ ဖြစ်ခဲ့ပေမယ့် ယခုအချိန်မှာ တက်ကြွတောက်ပနေတဲ့ ခေတ်မီမြို့တော်
တွေ ဖြစ်နေကြပြီဆိုတာ မြင်တွေ့သွားတယ်။
မြန်မာနိုင်ငံ ဆုံးရှုံးပျက်စီးခဲ့ရတယ်ဆိုတာ ငြင်းလို့မရအောင် သိသာထင်ရှားနေပါပြီ။ ကမ္ဘာ့အလယ်
မှာ အပယ်ခံနိုင်ငံတစ်နိုင်ငံ ဖြစ်နေလို့ အာဆီယံနိုင်ငံတွေအဖို့ အနေရခက်နေပြီး ကာကွယ်ပြောဆို
ပေးဖို့ အခက်တွေ့ နေကြပါတယ်။
ပြုပြင်ပြောင်းလဲရေးအရှိန်အဟုန်ကို ဆက်လက်ရှင်သန်အောင် ထိန်းထားဖို့ တော့ ခက်ပါလိမ့်မယ်။
တိုင်းပြည်နဲ့ လူမျိုးကောင်းစားရေးအတွက် နက်ရှိုင်းတဲ့ မယုံကြည်မှုတွေနဲ့ ခါးသီးမုန်းတီးမှု တွေကို
ဘေးဖယ်ပြီး သမ္မတဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ သတ္တိရှိတဲ့ နမူနာ ရှေ့ဆောင်
လမ်းညွှန်မှုတွေကို ပြည်သူအားလုံး လိုက်နာလုပ်ဆောင်နိုင်မှုအပေါ်မှာ မူတည်ပါမယ်။
ဒီခေါင်းဆောင်နှစ်ဦးဟာ ကောင်းမွန်တဲ့ အနာဂတ်အပေါ်မှာ သူတို့ဘ၀တွေကို ပုံအောထားခဲ့ကြတာ
မို့ သူတို့ရဲ့ ယူနီဖောင်းတွေကို ခွာချခဲ့ကြပါတယ်။
ဒေါ်စုက အပြည်ပြည်ဆိုင်ရာ သူတော်စင်ဝတ်ရုံလွှာကို ခွာချခဲ့ပြီး ဦးသိန်းစိန်ကတော့ သူ့ကို ဒီရာထူး
အာဏာတွေဆီ ပို့ဆောင်ပေးခဲ့တဲ့ စစ်ဘက်ဆိုင်ရာအဆောင်အယောင်ဝတ်ရုံကြီးကို ခွာချခဲ့တာပါပဲ။
ဒီလို အဆောင်အယောင် အပေါ်ဝတ်ရုံလွှာတွေကိုခွာချလိုက်ကြတော့ သူတို့ နှစ်ဦးဟာ သာမန်နိုင်ငံ
သား မျိုးချစ်တွေအဖြစ်နဲ့ ညီတူညီမျှ တွေ့ဆုံခွင့်ရပြီး မြန်မာနိုင်ငံသစ်အတွက် ကြိုးပမ်း ရုန်းကန်
လာနိုင်ကြပြီပေါ့။
ဒီလိုလုပ် ဆောင်ကြရင်း ကျွန်တော်တို့ အပါအ၀င် တစ်ကမ္ဘာလုံးကို စိတ်ဓာတ်တက်ကြွ အားရ
ကျေနပ် ၀မ်းမြောက်ကြစေမှာ အမှန်ပါပဲ။
(ဆောင်းပါးရှင် ကတ်ကင်းဘဲလ် (Kurt M. Campball) သည် အမေရိကန် ပြည်ထောင်စုအစိုးရ
အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဖြစ်သည်။)
ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။

ခါတော်မီသင်တန်း

မရောက်တာလည်းကြာ၊ သတင်းလည်း ဘာမှမကြားရဖြစ်နေတဲ့ တပည့်ကျော် မောင်ကြွက်နီရဲ့
အဆောင်ကိုလိုက်သွား မိတယ်။ ဟုတ်တယ်လေ၊ တစ်ယောက်တည်းနေတဲ့ လူပျိုကြီးဆိုတော့
ပုပ်စော် နံမှ ဘေးအခန်းက တံခါးဖျက်ဝင်ကြည့် ရတယ်ဆိုရင် လူကြားမကောင်း သူကြား
မကောင်းဖြစ်ဦးမယ်။
ဒါပေသိဗျာ သူ့အခန်းရောက်တော့ ဒီလောက်ကျဉ်း ကျပ်တဲ့အခန်းထဲမှာ လူတွေကအပြည့်။
ထင်တဲ့အတိုင်းများဖြစ်နေပြီလားဆိုပြီးသူ့အခန်းဝအရောက်-
(ကြွက်) အားလုံးညီညီညာညာဆိုကြ နော်၊ ဒီကိစ္စဟာလုံးဝပွင့်လင်းမြင်သာမှု မရှိဘူး၊ ပွင့်လင်း
မြင်သာဖို့လိုတယ် (ပရိသတ်များ) ဒီကိစ္စဟာ လုံးဝပွင့်လင်း မြင်သာမှုမရှိဘူး။ ပွင့်လင်းမြင်သာဖို့လို
တယ်။
(ကြွက်) ထရန်စပန်လင်စီရှိဖို့ လို တယ်။ (ပရိသတ်) ထရံနဲ့ စပါးလင်ဆီရှိဖို့ လိုတယ်။
(ကြွက်) နင်တို့ကြီးတော် ထရံနဲ့ စပါး လင်ဆီ ရှိရမှာလား။ ဒါက ခုနစကား ပွင့်လင်းမြင်သာမှုကို
ဘိုလိုပြောတာ။ နိုင်ငံခြားသားတွေ နားလည်အောင်ရယ်၊ ကိုယ်အဆင့်ရှိတာပြဖို့ရယ် တစ်လုံး
တလေ ဘိုလိုညှပ်အော်ရတယ်၊ ပြန်ဆို၊ ထရန်စပန်လင်စီရှိဖို့ လိုတယ်။
(ပရိသတ်) ထရန်စပန်လင်စီရှိဖို့ လိုတယ်။
(ကြွက်) သဘာဝပတ်ဝန်းကျင် ညစ် ညမ်းမှုဒဏ်ကို ပြည်သူတွေပဲခံနေရ တယ်။
(ပရိသတ်) သဘာဝပတ်ဝန်းကျင် ညစ် ညမ်းမှုဒဏ်ကို ပြည်သူတွေပဲ ခံနေရ တယ်။ ကြွက်နီက
အခုမှ မာဂျေ့ကို မြင်သွားပုံရတယ်။ ခဏစောင့်ဦးဆိုတဲ့ပုံစံနဲ့ လက်တစ်ဖက် ကာပြတယ်။ ဒီကောင်
ဘာတွေ လုပ်နေတယ်ဆိုတာ မာဂျေမစဉ်းစား တတ်တော့ဘူး။ နိုင်ငံရေးလုပ်တယ်ပြော ရမလား၊
နိုင်ငံရေးသင်တန်းပို့ချနေတာလား ပြောရအောင်ကလည်း သင်တန်းခန်းမနဲ့ ရုံးခန်းနဲ့ ဘာနဲ့မဟုတ်ဘဲ
သူ့ အခန်းထဲမှာ-
(ကြွက်) တောင်းဆိုတာမရရင် သမ္မတ ကြီးအထိ တိုင်ကြားမယ်။
(ပရိသတ်) တောင်းဆိုတာမရရင် သမ္မတကြီးအထိ တိုင်ကြားမယ်။
(ကြွက်) နယ်ချဲ့ အရင်းရှင်စနစ် ကျဆုံး ပါစေ။ (ပရိသတ်) နယ်ချဲ့အရင်းရှင်စနစ် ကျဆုံးပါစေ။
(ကြွက်) ဒီနေ့တော့ ဒီလောက်ပဲ။ အခုရွတ်ဆိုခဲ့တာတွေကို မနက်ဖြန် ကျရင် တစ်ယောက်ချင်း
ထဆိုပြရမယ် နော်။ မြင်းပြေးသလို ဒေါင်းဒေါင်းပြေး ရွတ်နိုင်မှ အလုပ်ရမှာ၊ ကဲ ပြန်ကြ တော့။
သူ့အခန်းထဲကနေ ထွက်သွားသူတွေ ကုန်အသွားမှာ ကြွက်နီနားကပ်ပြီး ဟကောင် ဘာတွေ
မဟုတ်တရုတ် ကြံစည်နေတာလဲ။
အစ်ကိုကြီးကလဲဗျာ၊ ဒါအလုပ်လုပ် နေတာဗျ။ ဆန္ဒပြမယ့် သူတွေကို အကြိုသင်တန်းပေးဖို့
အဖွဲ့အစည်း တစ်ခုက လာအပ်သွားလို့။ ငါ့လခွမ်းတဲ့မှ..ကြားကြားဖူးပါဘူး ကွာ။ ဆန္ဒပြတဲ့သူ
တွေကိုများ သင်တန်း ပေးရတယ်လို့။ အစ်ကိုကြီးက ခေတ်ဟောင်းမှာ တော် တော်ကျန်ခဲ့ပြီ။
အခုခေတ်က ဘာခေတ် လဲ၊ ဒီမိုကရေစီခေတ်ဗျ။ မကျေနပ်ရင် ဆန္ဒပြလို့ရတယ်။ ဒါကြောင့်
ဆန္ဒပြလိုက လူအင်အားအလုံအလောက် ငှားရန်ရှိသည်ဆိုပြီး စီးပွားရေးလုပ်မလို့ကြံနေတာ။

ပိုက်ဆံမရှိလို့ ရုံးခန်းမငှားနိုင်တာနဲ့ အဲဒီလိုဆန္ဒပြ အကျိုးဆောင်အဖွဲ့တွေဆီကနေ လက်ခွဲဆပ်
ကန်ထရိုက်ယူပြီး အော်နည်းဟစ်နည်း သင်တန်း ပေးနေ တာ။ သူတို့များ ပိုက်ဆံရှိတော့
ဆန္ဒပြမယ့်အဖွဲ့တွေက လာလာငှားတာ လက်တောင် မလည်ဘူး။ ဆန္ဒပြဖို့ လျှောက်လွှာ
တင်ပေးတာကနေ တီရှပ်ဆင်တူ ရိုက်ပေးတာအလယ်၊ တရားအစွဲမခံရအောင် ဥပဒေအကြံပေး
ခန့် ထားတာ အဆုံး ၀မ်းစတော့ ဆားဗစ် (one stop service) ပေးနေကြတာ။
ဗုဒ္ဓေါ၊ ငါသိတဲ့ဆန္ဒပြနည်းကတော့ နစ်နာသူတွေက သူတို့ဖြစ်ချင်တဲ့ဆန္ဒကို ဖော်ထုတ်တာ၊
မင်းတို့ဟာကြီး မဟုတ် သေးပါဘူး။ ဟုတ်လို့မှ ဟုတ်ဟုတ်တောင် မြည်နေ သေးတယ်။
အဲဒီလို နစ်နာသူတွေက လူနည်းစုဖြစ်နေရင် အခုလိုသင်တန်း ပေးထားတဲ့သူတွေက ပူးပေါင်းပြီး
အော် ဟစ်ပေးကြမှာပေါ့ဗျ။ ကိုယ့်အလုပ်ကိုယ်ပစ်ပြီး အော်ရအောင် သူတို့ကို ဘယ်သူက
ထမင်းကျွေး မှာမို့လဲ။ ဒါကြောင့်ခင်ဗျားကြီးကိုခပ်တုံးတုံး လို့ ပြောတာပေါ့။ သွားအော်တာကိုက
သူတို့အလုပ်ပဲ။ ဒီအတွက် ကမကထလုပ် သူတွေဆီက ထမင်းဖိုးရော နေ့တွက်ရော ၀တ်စရာ
တီရှပ်ရော ရမှာ။
အော် ဒီမိုကရေစီငွေရှာနည်းပေါ့ နော်။ လာပြီး ငေါ့မနေနဲ့။ သမ္မတကြီးပြော တဲ့ ဆင်းရဲမွဲတေမှု
ပပျောက်ရေးအတွက် ကျွန်တော်က တစ်တပ်တစ်အား ပါဝင် ဆောင်ရွက်ပေးနေတာ။
မင်းလုပ်တာနဲ့ပဲ သမ္မတကိုတောင် အကြည်ညိုပျက်ရမယ့်သဘောဖြစ်နေ ပြီ။ ဒါထက်မသိလို့
မေးပါရစေ၊ ဒီလူတွေ က အငှားအော်တာဆိုတော့ တကယ် ရော မာန်ပါပါ့မလား။
ဟာ ဟာ ဟ၊ ဟိုဘက်တောင်လွန်သေး တယ်။ တကယ်မကျေနပ်လို့ ဆန္ဒပြတဲ့သူ တွေက
သူတို့ကိုတောင် ပြန်တားနေရ သေးတယ်။ ဟိုဟာမျိုးပေါ့ဗျာ၊ ဘုန်းကြီး ပျံမှာ မင်းသမီးက
ခေါင်းတစ်လားလေး လွှဲပြီး ဆရာတော်ဘုရားရဲ့ တပည့်တော် တို့ကို တရားပြပါဦးလားဆိုပြီး
ငိုသံလေး နဲ့ နှပ်ကလေးညှစ်ပြလိုက်ရင် ဘေးက ပရိသတ်က မျက်ရည်အစစ်တွေ ထွက်၊
စိတ်မထိန်းနိုင်သူတွေက တကယ် အော် ဟစ် ငိုကြတာလိုမျိုးပေါ့။ အဓိကက ရှေ့ ကနေ
နှပ်ကြောင်းပေးပြီးအော်ပြဖို့လို တာ။ ကြွက်နီရယ် မင်းခေါင်းထဲက အကြံ ဉာဏ်တွေက
ကြောက်ခမန်းလိလိပါ လား၊ ငါတောင်မင်းကိုကြောက်လာပြီ။ မကြောက်ပါနဲ့၊ ခင်ဗျားကြီးကသာ
ငွေအလွယ်ရှာနည်းမသိလို့ လက်ဝှေ့ပွဲ သွင်းလိုက်၊ ဂျာနယ်ထုတ်လိုက် လုပ်နေရ တာ။
ဒီမိုကရေစီခေတ်ဆိုတာ ငွေရှာ တတ်ရင်အလွယ်လေး။ တော်ပါကွာ၊ ဒါမျိုးတော့ တစ်သက်လုံး
မလုပ်ဘူး။ မင်းတို့လုပ်ပေါက်နဲ့ ဒီမို ကရေစီပါ နာမည်ပျက်တော့မယ်။ မဟုတ်ဘူးလေဗျာ၊
သူ့စနစ်ကိုက အများသဘောတူတာ လုပ်ကြစတမ်း ကို။ ဒီတော့ ကိုယ်လုပ်ချင်တဲ့ဘက်က
လူများအောင် မားကက်တင်းလုပ်ရတာ ပေါ့။ သူ့ကိုယ်သူ မားကက်တင်းဆရာကြီး ဆိုပြီး
ဒါလေးတောင်နားမလည်ဘူး။ မသေမချင်းမှတ်ထား၊ ဂရိတွေးခေါ် ပညာရှင်ကြီး ဆော့ကရေးတီး
လည်း မှန်တာပြောတာပဲ။ ဒါပေသိ ဒီမိုကရေစီစနစ်အရ သူ့ကိုကြည့်မရသူတွေက မဲများသွားတော့
သူသေဒဏ်အပေးခံရတယ် မဟုတ်လား၊ ဒီသဘောပဲ။ မှားချင်မှား မယ်၊ မှန်ချင်မှန်မယ်၊ အဓိက
ကတော့ အုပ်စုတောင့်ဖို့ပဲ။ ရှေ့ကနေသာအော်ပြ ဟစ်ပြလုပ်လိုက်၊ ဘာမှန်းမသိလို့ လိုက်ကြည့်သူ
တွေက နောက်မှာအများကြီးပါ လာလိမ့်မယ်။ မောင်ကြွက်နီရယ်၊ တိုင်းပြည်က ခုမှ စနစ်အသစ်ကို
သွားပြီး တိုးတက်မလို့ ကြံရုံရှိပါသေးတယ်။ မင်းတို့ ပျက်အောင် မဖျက်ကြပါနဲ့။
လျှောက်ပြောမနေနဲ့၊ တိုင်းပြည်ကသူ့ဟာနဲ့သူရှိပြီးသား၊ ခင်ဗျားကြီး အခုသိတာတွေကို လျှောက်ရေး
မနေနဲ့။ငြိမ်ငြိမ်နေ။ ကြည့်မရရင် ကျွန်တော့ သင်တန်းသားတွေကို ခင်ဗျားရုံးရှေ့ လာအော်ခိုင်းပြီး
သင်တန်းဆင်းစာမေးပွဲ စစ်ပစ်လိုက်မယ်။ တော်ပါမောင်ရယ်၊ မင်းဟာမင်း စီးပွားရှာတာ ကြိုက်သလို
သာရှာပါ တော့။ ငါ့ရုံးရှေ့လည်း လာမအော် ခိုင်းပါနဲ့။ ခုကတည်းက မင်းကို အရှုံးပေး ပါတယ်လို့
ပြောလိုက်တော့ သင်းက အဲဒါပေါ့၊ ခင်ဗျားလိုလူတောင် ကြောက်သွားတယ်ဆိုတော့ ကျန်တဲ့သူ
ဆို ပြောမနေနဲ့၊ အခုလို စပ်ကူးမပ်ကူး ခေတ်မှာ ထင်ရာလုပ်လို့ အကောင်းဆုံး ဗျ။
အစိုးရကလည်း ဒီမိုကရေစီပါးမ၀ သေးတော့ အော်နိုင်တဲ့သူ နိုင်တာပဲ။ ပြည်သူတွေကလည်း
ဒီမိုကရေစီစနစ်နဲ့ အညီ လိုက်နာရမယ့်တာဝန်တွေ သိသေး တာ မဟုတ်ဘူး။ သူတို့ကလည်း
အော်ရင်ရမယ်ပဲ ထင်နေတာ။ ဒီလိုအချိန်မျိုးမှာ လိုအပ်နေတဲ့ သင်တန်းဖွင့်ပြီး စီးပွားရှာနေရတာ။
မြေကွက် ကောင်းကောင်းကို အောက်ဈေးနဲ့ တောင်းလိုက်၊ လက်လွှဲရောင်းလိုက်၊၊
ဟိုနေရာလုပ်ပိုင်ခွင့် တောင်းလိုက် ရောင်းစားလိုက်နဲ့ စီးပွား ရှာနေသူတွေထက်စာရင် ကျွန်တော့
အလုပ်က သမ္မာအာဇီဝ ကျပါတယ်ဗျဆိုပြီး အကိုးအကားခိုင်ခိုင်နဲ့ ရှင်းပြနေလို့ မာဂျေတစ်ယောက်
ပြန်မချေပနိုင်ဘဲ ခေါင်းငိုက်စိုက်နဲ့ ပြန်ခဲ့ရကြောင်းပါ။
ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။

တရားခွင်

အစ်ကိုကြီးရေ၊ တရားရုံးကလည်း သပ်ရပ်ခံ့ညား၊ နံရံတွေကလည်း ပေါလစ် တိုက်ထားတာ
ဖိတ်ဖိတ်တောက်၊ တရားခံထိုင်မယ့် ၀က်ခြံကလည်း ဆေး တွေသုတ်၊ တရားခွင်မှာ လာနားထောင်
မယ့်သူတွေအတွက်လည်း ပလတ်စတစ် ထိုင်ခုံတွေခင်းလို့၊ စားပွဲတွေပေါ်မှာ လည်း အနီရောင်
အခင်းတွေနဲ့၊ နောက် က နံရံမှာလည်း နိုင်ငံတော်တံဆိပ်ကြီးက အရောင်တစ်လက်လက်နဲ့...လို့
တပည့်ကျော် မောင်ကြွက်နီက ပြော လာပါတယ်။
သိတဲ့အတိုင်းပဲလေ ကြွက်နီစကား က သုံးခွက်တစ်ခွက်တောင် မတင်တတ် လေတော့ -
မင်းကလည်း သောက်မှ မသောက်ရ သေးဘူး၊ မဟုတ်တာက စပြောပြီ၊ ငါက တရားရုံးဆိုရင်
ဒုတိယမြို့နယ် တရား သူကြီးရုံးကနေ တရားရုံးချုပ်အထိ တရားမမှုမှာ တရားလိုအနေနဲ့ရော၊
အသေရေဖျက်မှုနဲ့ တရားစွဲခံရလို့ တရားခံအနေနဲ့ရော ရောက်ဖူးပြီးသား။
လာဖောမနေနဲ့၊ တချို့တရားရုံးဆိုရင် မျက်နှာကြက်က ငှက်ချေးတွေနဲ့ နံစော်လို့၊ ခုံဆိုတာကလည်း
ငယ်ငယ်ကမူလတန်းကျောင်းမှာထိုင်ခဲ့ရတဲ့ ခုံတန်းလျားတွေပဲ တွေ့ဖူးတယ်။
တချို့ တရားရုံးဆိုရင် မိုးတောင်ယိုနေသေးတယ်လို့ ပြန်ခွပ်လိုက်ရတယ်။
ဒါပေသိ သင်းက မလျှော့ရေးချ မလျှော့ဘဲ။ အမှုတစ်ခုဆိုရင်လည်း ရုံးချိန်းတွေနှစ်နဲ့ချီပြီး မချိန်းဘဲ
သုံးလေး ချိန်းနဲ့ ပြတ်သဗျ။ ရှေ့နေတွေကလည်း ဟောက်ခြင်းပြုခြင်းမရှိ၊ တရားသူကြီး စားပွဲပေါ်
လက်တစ်ဖက်ထောက်ခြင်း မရှိဘဲ တရားလို၊ တရားခံနဲ့ နှစ်ဖက်သက် သေတွေကို မေးကြမြန်းကြ
သဗျ။
အံ့ဩ စရာအကောင်းဆုံးကတော့ သက်သေ တွေက လျှော့လျှော့ပေါ့ပေါ့နဲ့ ထွက်ဆို နေပါလျက်
တရားခံက သူ့မှာအပြစ်ရှိပါ တယ်၊ ဒီပြစ်မှုကို သူဘယ်လိုကျူးလွန်ခဲ့ပါတယ်ဆိုပြီး ၀န်ခံလိုက်တယ်။
ဒီတော့ တရားရုံးမှာ လာနားထောင်တဲ့သူတွေက တရားခံကို စုတ်တသပ်သပ်နဲ့ မျက်ရည် တွေ
တောင် ကျကြတယ်။
ကြွက်နီရယ်၊ ဒါကတော့ မင်းက ဇာတ်နာအောင်ပြောတာပဲ ဖြစ်မှာ၊ တရားခံဆိုတာမတတ်သာလို့
သာ တရားရုံးရောက်ရတယ်၊ အတတ်နိုင်ဆုံးတော့ ငြင်းကြတာပဲ။
မင်း အရက်ကြောင် ကြောင်ပြီး ဖြစ်စေချင်တာတွေ လာပြော မနေနဲ့ဆိုပြီး ဟောက်လိုက်တော့
သင်း က ဟောဒီ မျက်စိနှစ်လုံးနဲ့ မြင်ခဲ့တာဗျ ဆိုပဲ။
ဟ..မောင်ကြွက်နီရေ၊ ဒါဆိုရင်ဖြင့် ဒီကိစ္စမျိုးဖြစ်လာတယ်ဆိုတာ ဒီမိုကရေ စီစနစ်ရဲ့ အသီးအပွင့်
တွေပဲကွ။
ငါက ငါ့တစ်သက် ဒါမျိုးမမြင်ရတော့ဘူး ထင် နေတာ။ နောက်ဆုံးမတော့ တရားသူကြီး တွေက
လည်း ဒီလူတွေပဲ၊ ရှေ့နေရှေ့ရပ် တွေကလည်း ဒီလူတွေပဲ။ ဒါပေသိ စနစ် ပြောင်းသွားတော့
အားလုံးကမှန်ကန် မျှတ မြန်ဆန်တဲ့ တရားစီရင်ရေးအတိုင်း ဆောင်ရွက်နေကြတာ။
အင်းမဏ္ဍိုင်ကြီး တစ်ခုဖြင့် ခိုင်မာသွားပြီပေါ့ကွာ။ ဒါထက် မင်းဘယ်တုန်းက မြင်ခဲ့တာလဲ၊ ဘယ်
တရားရုံးလဲ။ ငါတို့ဂျာနယ်လစ်တွေဆို တာ ဒါမျိုးတွေ့ရင်လည်း ပြည်သူလူထု သိအောင်ပြောပြဖို့
တာဝန်ရှိသကွ။ အိုဗျာ၊ ညကရပ်ကွက်ထဲမှာ မြင်ခဲ့တာ ပေါ့၊ ဟောဒီမျက်စေ့နှစ်လုံးနဲ့ကို မြင်ခဲ့ တာ။
ဟ..မင်းနေတဲ့ စပယ်ခြံ(၃)လမ်းထဲ မှာ ဘာတရားရုံးမှမရှိရပါလား၊ ငါလည်း အမြဲရောက်နေတာပဲ။
ပြီးတော့ တရားရုံး က အမှုစစ်တာဆေးတာက ရုံးချိန် အတွင်းပဲစစ်တာလေ။ ငါ့တုန်းက ရုံးချိန်း ကို
တိတိကျကျသွားပေမယ့် တရား သူကြီးက ဟိုအစည်းအဝေး၊ ဒီအစည်း အဝေးနဲ့ ရောက်မလာလို့
ရက်ချိန်းပြန် ပြန်ယူရတာ အကြာကြီး။ ငါ့အမှုတုန်းက စွဲချက်တင်သင့် မတင်သင့်ကို ငြင်းကြ
ခုန်ကြတာတင် တစ်နှစ်ကျော်တယ်။
ခင်ဗျားကြီးနဲ့တော့ ခက်နေပြီ။ ဟောဒီ မျက်စိနှစ်လုံးနဲ့ ကျွန်တော်သောက်နေ တဲ့အရက်ဆိုင်မှာ
ထိုင်ပြီးမြင်ခဲ့တာ။ ဘာ..ဘာ..ဘာပြောတယ်။ ဟုတ်တယ်လေ၊ ဈေးကွက်စီးပွားရေး အရ ဆိုင်တွေ
က အရင်လို အရက်ပဲ ရောင်းလို့မရတော့ဘူး၊ ဗီဒီယိုလေးပါ တွဲပြရတယ်။
ညကအရက်သောက်ရင်း မြန်မာဗီဒီယိုထဲမှာမြင်ခဲ့တာ၊ ခင်ဗျားကြီး က အပြင်မှာထင်နေလို့လား။
နို့ မင်းပြောတာကလည်း မရှင်းမရှင်း ဆိုတော့ ငါက အပြင်မှာ တကယ် ပြောင်းလဲနေပြီထင်တာ။
ဟာ..ဟာ..ဟ၊ အပြင်မှာတော့ ဒီမိုကရေစီကတရားရုံးတွေဆီ အလှည့် မရောက်သေးဘူးနဲ့တူတယ်။
မင်းမသေမချင်းမှတ်ထား၊ ရုပ်ရှင် တွေ ဗီဒီယိုတွေထဲက အချုပ်ခန်းတို့၊ တရားခွင်တို့ဆိုတာက
အပြင်က တကယ့် အချုပ်ခန်း၊ တကယ့်တရားခွင်တွေထက် အများကြီးသာတယ်။
လုပ်ထားတဲ့ ဆက်တင်တစ်ခုဆိုရင် အချုပ်ခန်း သံတိုင် တွေကိုတောင် သင်္ဘောဆေးအနီ သုတ်
ထားသေးတယ်။ ဆင်ဆာရုံးက တရားရုံး ဆိုရင် ဘယ်လို၊ အချုပ်ခန်းဆိုရင် ဘယ်ပုံ ဆိုပြီး
တစ်ခါတည်း ဓာတ်ပုံတွေနဲ့ ပြထား တာ။ အဲဒီလိုမလုပ်လို့ ဆင်ဆာမကျရင် ပြန်ရိုက်ရမယ့်စရိတ်က
နည်းမှတ်လို့။
မြန်မာနိုင်ငံမှာ သတ်မှတ်ထားတဲ့စံချိန်စံညွှန်းနဲ့ကိုက်ညီတဲ့ တရားခွင်တို့၊ အချုပ် ခန်းတို့ဆိုတာ
ငါတော့ ရုပ်ရှင်နဲ့ ဗီဒီယို ထဲမှာပဲ မြင်ဖူးတယ်။ နို့ သိမှမသိဘဲဗျာ။ ကျွန်တော်က ရုံးတို့၊ ဂါတ်တို့
မရောက်ဖူးလေတော့ အဲဒါတွေကြည့်ပြီး အပြင်မှာလည်း ဒီအတိုင်းထင်နေတာ။
ဒါဆိုရင်ဖြင့် မင်းကိုယ်တိုင်အစစ် အမှန်သိအောင် တရားရုံးရောက်မယ့် အမှုတစ်ခု ကျူးလွန်လိုက်
ပါလား။ ဟာဗျာ၊ ခင်ဗျားပါးစပ်ပုပ်ကြီးနဲ့ လာ ပြောမနေနဲ့၊ စန်းပျက်တယ်။ ဖွ ဖွ လွဲပါစေ ဖယ်ပါစေ၊
ကျွန်တော့မှာ ရှေ့နေခရော၊ နောက်နေခရော ပေးစရာ တစ်ပြားမှ မရှိဘူး။
ဒီမိုကရေစီခေတ်ဆိုတာ ငွေရှာရ အတော်ခက်တဲ့ခေတ်ဗျ ဆိုပြီး တညည်းညည်း တညူညူနဲ့
ပြန်သွား ပါလေရော။
ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။

ငလျင်

"အလို ခွေးဟောင်သံတွေတညံညံနဲ့ တော်သလင်းလည်း လွန်လာခဲ့ပါပြီ။ မောင်ကြွက်နီ မင်းဘာ
တွေ မကိုးမကား လုပ်လာပြန်တာလဲ"လို့ စောစောစီးစီး အိမ်ရှေ့ခြံတံခါးဝကို ရောက်လာတဲ့ တပည့်
မောင်ကြွက်နီကို မေးလိုက်ရတယ်။
သူ့လက်ထဲမှာလည်း ခွေးငါးကောင်ကို ကြိုးနဲ့ချည်ပြီး ဆွဲထားလေရဲ့။
"ကိုယ်နဲ့နှစ်ပေါင်းများစွာ ခင်မင်နေ သူမို့ အသက်ရှည်ရာ အနာမဲ့ကြောင်း ခွေးလာရောင်းတာ။ ရော့
ကြိုက်တဲ့ တစ်ကောင်ရွေးယူ၊ ဈေးကတော့ဆစ်မနေနဲ့ တစ်သောင်းပဲပေး"
"ဟာ ဟာ ဟ၊ မင်းရူးနေသလား၊ ဒီလို ချေးစားခွေးတွေကို ရန်ကုန်မှာ ဘယ် သွားဖမ်းဖမ်း ရတယ်။
တကယ်တော့ ရန်ကုန်ဆိုတာ ကမ္ဘာမှာ ခွေးလေခွေးလွင့် အပေါဆုံးမြို့တော်ကွ"
"အဲဒါတွေက ဒီမိုကရေစီမရခင်က စကားတွေ။ အခုတော့ ခွေးတွေပိုပေါ (အဲလေ) ခွေးတွေရှားလာ
တာ ခင်ဗျား မသိဘူးလား။ အခု ကမ္ဘာမှာ ဘာဖြစ်နေသလဲ"
"ကမ္ဘာတော့မသိဘူး။ မြန်မာမှာတော့ အမေရိကန်သမ္မတအိုဘားမား လာမယ်ဆိုပြီး တစ်နိုင်ငံလုံး
ရွစိရွစိဖြစ်နေကြတာတော့ သိတယ်"
"ခင်ဗျားကတော့ဗျာ၊ မသေမချင်း မှတ်ထား၊ ဒီဇင်ဘာ ၂၁ ရက် ကမ္ဘာကြီးပျက်မယ်ဆိုပြီး အလုပ်မရှိ
အကိုင်မရှိလို့ အားနေတဲ့ အနောက်တိုင်းပညာရှင် တွေက လျှောက်ရေး၊ ရုပ်ရှင်တွေရိုက် လုပ်လိုက်
တာ၊ ဟော အခုကြည့်၊ ပညတ် သွားရာ ဓာတ်သက်ပါဆိုသလို မီးတွေ လောင်လိုက်၊ စစ်တွေဖြစ်
လိုက်၊ ငလျင် တွေ လှုပ်လိုက်၊ မုန်တိုင်းတွေတိုက်လိုက် နဲ့ တကယ့်ကို ဆုတ်ကပ်ကြီးထဲ ရောက်နေ
သလိုပဲ။ ကျွန်တော်တို့နိုင်ငံမှာလည်း ဒီရက်ပိုင်းအတွင်းမှာ ဆီရထားမှောက် တာကို ဆီဝိုင်းခပ်ရင်း
မီးလောင်သေကြ၊ ငလျင်လှုပ်လို့သေကြနဲ့ ဖြစ်နေတာတွေ ခင်ဗျားကြီး မကြားဘူးလား"
"ဒါများကွာ၊ ကြားရုံတင်မကဘူး၊ နားမှာတောင်လျှံနေပြီ။ ငါက သတင်း ဂျာနယ်သမားတွေ ဂျာနယ်
ရောင်း ကောင်းအောင်လို့ အနိဋ္ဌာရုံများများ ဖြစ်ပါစေဆိုပြီး ဓာတ်ဆင်ဓာတ်ရိုက်လုပ် တယ်တောင်
ထင်နေတာ။ အင်တာနက် ပေါ်မှာ ငလျင်အထူးသတင်းဆိုလို့ ဖတ် ကြည့်လိုက်ပါတယ်၊ ဘာတဲ့၊
ယမန်နေ့က လှုပ်ခတ်သွားသော ငလျင်အား ပြင်းပြင်း ထန်ထန် ရှုတ်ချကြောင်း၊ ငလျင်လှုပ်ခတ်ရန်
နောက်ကွယ်မှ ကြိုးကိုင်နေသူများကိုလည်း ဖော်ထုတ်အရေးယူသွားမည်ဖြစ် ကြောင်း၊ နိုင်ငံတကာ
မှ ငလျင်ရုံးခွဲများကို လည်း ဖွင့်လှစ်ခွင့်ပြုမည်မဟုတ်ကြောင်း၊ အဆိုပါငလျင်သည် ပြည်တွင်းရေး
သက်သက်သာဖြစ်ပြီး လူမျိုးရေး၊ ဘာသာရေး နှင့် လုံးဝပတ်သက်ခြင်းမရှိသည့်အပြင် နိုင်ငံတကာ
နှင့်လည်း မည်သို့မှ ဆက်စပ်မှုမရှိပါကြောင်း၊ ပြည်တွင်းသို့ ငလျင်များ စိမ့်ဝင်မလာစေရန် နယ်စပ်ခြံ
စည်းရိုးများလည်း လုံခြုံစွာကာရံပြီးဖြစ် ကြောင်း..."
"သွားစမ်းပါ၊ အရည်မရအဖတ်မရ တွေ၊ ကဲ ခင်ဗျားက မိုးလေ၀သဆရာကြီး ဦးထွန်းလွင်ရဲ့ အန္တေ၀ါ
သိကတပည့်ဆို တော့ မေးဦးမယ်။ မုန်တိုင်းကို ကြိုတွက်လို့ရလား"
"ဟ ရတာပေါ့။ မုန်တိုင်းတင်မကဘူး၊ မိုးဘယ်အချိန် ဘယ်လိုရွာမယ်ဆိုတာပါ တွက်လို့ရတယ်။ ငါ
မျှော်စင်ကျွန်းမှာ လက်ဝှေ့ပွဲလုပ်မယ်ကြံတိုင်း ဆရာဦးထွန်း လွင်ကို အပူကပ်ပြီး မေးမေးနေရတာ"
"ဟုတ်ပြီ၊ နောက်တစ်ခုထပ်မေးဦး မယ်။ ငလျင်ကိုရော ကြိုတွက်လို့ရ လား"
"မရဘူး၊ ဘယ်ဒေသတွေက ငလျင် ကြောပေါ်မှာရှိတယ်ဆိုတာပဲ တွက်ချက် လို့ရတယ်၊ ငလျင်
ဘယ်တော့လှုပ်မယ် ဆိုတာ ဘယ်သူမှ ကြိုမသိဘူး။ အဲ လှုပ် ရင်တော့ ပြင်းအားဘယ်လောက်နဲ့
ဘယ်နေရာကို ဗဟိုပြုလှုပ်တယ်ဆိုတာတိုင်းလို့ရတယ်"
"ခင်ဗျားက သိပ္ပံနည်းအရပြောနေတာ။ တကယ်ဆိုရင် ငလျင်လှုပ်မယ်ဆိုတာ ကြိုတွက်လို့ရတယ်
ဗျ"
"မောင်ကြွက်နီ၊ ငါ့ကိုလာမဖြီးနဲ့။ မင်း က ဘာတတ်လို့လဲ။ ရတဲ့ဘွဲ့တောင် အရေးအခင်းပြီးမှ ရတဲ့
ဘွဲ့ပါကွာ"
"ခင်ဗျားကလည်း လူကိုစော်ကားချင် စော်ကား ပညာကိုမစော်ကားနဲ့။ ဒေး တက်ပြီး ပန်းခြံထဲသွား
(အဲလေ) စာသင်ခန်းထဲမှာ အချိန်ပြည့်နေပြီး ဘွဲ့ရလာတာ ဗျ။ တစ်နှစ်မှာ ၁၀ ရက်ပဲစာသင်ပြီး စာ
ပေးစာယူနဲ့ ဘွဲ့ရလာတာမဟုတ်ဘူး"
"ဟေ့ကောင်၊ မင်းနဲ့ ငါနဲ့ ပြောနေတာ က ငလျင်အကြောင်း။ နိုင်ငံရေးတွေ ပါမလာနဲ့"
"ထားပါတော့၊ ငလျင်လှုပ်မယ်ဆိုတာ ကြိုသိတဲ့ သတ္တ၀ါတွေရှိတယ်။ ဥပမာ အခု ကျွန်တော်လိုက်
ရောင်းနေတဲ့ ခွေးတွေ၊ ပြီးတော့ ပုရွက်ဆိတ်တွေ။ သူတို့က ငလျင် လှုပ်မယ်ကို ကြိုသိတယ်။
ပုရွက်ဆိတ်က တော့ ငလျင်လှုပ်ခါနီးရင် မြေကြီးထဲက မြေပေါ်တက်၊ တန်းစီပြီး ထွက်ပြေးကြ တာ။
ခွေးကတော့ ဖင်တရွတ်ဆွဲပြီး အူသတဲ့။ ခင်ဗျားကြီး ပြေးချိန်လွှားချိန်ရ တာပေါ့ဗျာ။ ဒီနေ့မနက်ကို
ဒီလိုပြောပြီး ရောင်းခဲ့တာ ခွေးငါးကောင်ကုန်သွားပြီ
"မင်းပြောမှ ငါလည်းသတိရတယ်။ လွန်ခဲ့တဲ့ရှစ်နှစ်လောက်က ကမ္ဘာအေး ငလျင်တိုင်းတာရေးစခန်း
ကို ငါရောက် ဖူးတယ်။ ငလျင်တိုင်းတာရေးစက်တွေ ထားတဲ့အခန်းဝမှာ ခွေးကြီးနှစ်ကောင် အိပ်နေ
တာတွေ့လို့ ငါစာထဲထည့်ရေးဖူးတယ်။ ဒါပေမယ့် စာပေစိစစ်ရေးကာလဆိုတော့ ငါရေးတာတစ်ပုဒ်
လုံး အဖြုတ်ခံလိုက်ရတယ်ကွ"
"ကဲ ဒါဆိုရင် ခင်ဗျားသဘောပေါက် လောက်ပြီ။ ဟောဒီအထဲက ကြိုက်တဲ့ တစ်ကောင်သာ ရွေး
ဝယ်ထားလိုက် တော့။ ပညာရှင်တွေက ဒီထက်ကြီးတဲ့ ငလျင်ကြီးထပ်လှုပ်ဖို့ ရှိသေးတယ်လို့
ပြောထားကြတာ။ နောက်တစ်ခါဆို ရန်ကုန်မှာလှုပ် တာလည်း ဖြစ်ချင်ဖြစ်နေမှာ။ အသက်ဆိုတာ
တစ်ချောင်းပဲပါတာ၊ စပယ်ယာ ပါတာမဟုတ်ဘူး"ဆိုလို့ သူပြောတာ ဟုတ်နိုးနိုးနဲ့ ခွေးတစ်ကောင်
ဝယ်လိုက်ရတယ်။
ငလျင်ကတော့ ရန်ကုန်မှာ ဘယ် တော့လှုပ်မလဲမသိဘူး။
မောင်ကြွက်နီ ကတော့ ခွေးတွေနဲ့ အလုပ်ဖြစ်နေလေရဲ့။
ငွေရှာတတ်တဲ့သူများ ရှာရလွယ်လိုက်တာဗျာ။
ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။

ကြွက်ဖောင်ဒေးရှင်း

"အစ်ကိုကြီး အရက်လေး ဘာလေး စသောက်တော့ဗျာ။ အသက်က ကြီးလှ ပြီ။ ဒီဘ၀ ဒီအတိုင်းပဲ
နေသွားတော့မှာ လား"
"အလို မောင်ကြွက်နီရယ်၊ ငါက အစာအိမ်ရောဂါရှိတာကို မင်းက မြန်မြန် သေစေချင်နေလို့လား"
"ဒါဆိုရင်လည်း အစ်ကိုကြီးဂျာနယ် တိုက်က စိုးပိုင်တို့၊ အာကာဒိုဒိုတို့ကို အရက်သောက်ခိုင်း"
"ဒီကောင်တွေကတော့ မသောက်ပါ နဲ့တောင် တားနေရတာ။ နေစမ်းပါဦး၊ မင်းက အရက်ကုမ္ပဏီရဲ့
ကိုယ်စားလှယ်လား၊ ဒါမှမဟုတ် အရောင်းမြှင့်တင်ရေး ၀န်ထမ်းလား"
"ရုပ်ကိုသေသေချာချာကြည့်ပါ။ အဲဒီ လို သိမ်သိမ်မွှားမွှားလုပ်မယ့်ရုပ်လား။ အခု ကျွန်တော်က
ကြွက်ဖောင်ဒေးရှင်းဆိုပြီး အသည်းရောဂါသမားတွေ ဆေးကုသဖို့ အဖွဲ့ထောင်ထားတယ်"
"အလို၊ မောင်ကြွက်နီ မင်းလည်း လူရာ ၀င်နေပြီပဲ။ နို့ တိုးတိုးတိတ်တိတ်မေးစမ်း ပါရစေ။ မင်းကို
ပြည်ပဘယ်အဖွဲ့အစည်း က ငွေကြေးထောက်ပံ့လိုက်တာလဲ"
"ကြွက်နီဆိုတဲ့ကောင်က ပြည်ပ အားကိုး ပုဆိန်ရိုးမဟုတ်ဘူး။ ပြည့် အင်အားသည် ပြည်တွင်းမှာ
သာရှိသည် ဆိုတဲ့ စကားကို လက်ခံတဲ့သူ။ ဒါကြောင့် ကျွန်တော့ ကြွက်ဖောင်ဒေးရှင်းအတွက်ရန်
ပုံငွေကို ပြည်တွင်း အရက်ကုမ္ပဏီ တစ်ခုနဲ့ ချိတ်ဆက်ထားတယ်။ သူတို့ အရက်တစ်ပုလင်း ရောင်း
ရတိုင်း ကြွက် ဖောင်ဒေးရှင်းကို တစ်ကျပ်လှူမယ်ပြော တယ်"
"ဪ ငွေတွေတော့ရတော့မှာပဲ။ ဟာဟာဟ တစ်ပုလင်း တစ်ကျပ်တဲ့"
"ခင်ဗျားကြီးက မသိရင်လည်း အသာနေပါ။ မရှုတ်ချပါနဲ့။ ပြည်တွင်း အရက်တွေရောင်းအားကို
ခင်ဗျားသိလို့လား။ တစ်နှစ်ကို ပုလင်းသန်းလေးဆယ် လောက်ရောင်းနေရတာတွေ ခင်ဗျားသိလား။
အဲဒီနှုန်းနဲ့ဆိုရင်တောင် ကြွက် ဖောင်ဒေးရှင်းက တစ်နှစ် သိန်း ၄၀၀ ရနေပြီ"
"ကြွက်နီရယ်၊ မဟုတ်မဟတ်တွေ မလုပ်ပါနဲ့။ သူများဖောင်ဒေးရှင်းတွေက ဆေးဝယ်ရင်၊ အီလက်
ထရွန်းနစ်ပစ္စည်း ၀ယ်ရင်ဘယ်ဖောင်ဒေးရှင်းထဲကို ဘယ် လောက်ထည့်ပါတယ်လို့ ကြော်ငြာ နေ
ကြတာ အဟုတ်သား။ မင်းလုပ်မှ တစ်နိုင်ငံလုံး အရက်သမားတွေချည်းဖြစ် ကုန်ပါဦးမယ်"
"အစကတည်းက တစ်နိုင်ငံလုံးက အရက်သမားတွေ ဖြစ်ပြီးသားပါဗျ။ ခင်ဗျားလုပ်မှ ကျွန်တော်က
တရားခံဖြစ် ဦးမယ်။ ဘာပဲပြောပြောဗျာ၊ အရက် သောက်ရင် အသည်းထိခိုက်တယ်။ ဒါကို အရက်
ရောင်းတဲ့သူတွေက သူတို့ ရတဲ့အထဲကငွေကို အသည်းအတွက် ပြန်ပြီးသုံးပေးတာ။ ဘိုလိုပြော
ရရင် ဆိုရှယ်ရက်စပွန်ဆဗယ်လတီပေါ့ဗျာ"
"ကြွက်နီရယ် နင် ဘိုလိုမှုတ်ရင် တံထွေးတွေစဉ်လွန်းလို့ မြန်မာလိုပဲ ပြောစမ်းပါ"
"ခင်ဗျားကလည်း ဒီကျိုးနေတဲ့ သွားပဲ လာလာ ခလုတ်တိုက်နေတယ်။ နေဦး သူငယ်ချင်းဆရာဝန်
နိုင်ငံခြားက ပြန်လာမှ သွားပြန်စိုက်ဦးမယ်။ ခင်ဗျားပြောတာနဲ့ ဘယ်တွေရောက်ကုန်မှန်းတောင်
မသိတော့ဘူး။ ဒီလိုလေဗျာ၊ နိုင်ငံခြား မှာ စီးကရက်ကုမ္ပဏီကြီးတွေက ကင်ဆာ ဖောင်ဒေးရှင်းတွေ
ကို ငွေလှူသလိုပေါ့"
"ဒါဆိုလည်း နင့်နင့်ပိုးပိုးရအောင် နိုင်ငံခြားအရက်ကုမ္ပဏီတွေ ဘာတွေကိုလည်း ချိတ်ဆက်ဦးလေ။
ပြီးတော့ နိုင်ငံ ခြားကနေ ငါတို့မြန်မာတွေကိုပြပြီး ရန်ပုံ ငွေတောင်းတောင်းနေတဲ့ အဖွဲ့တွေနဲ့ လည်း
ချိတ်ဆက်ထားဦး"
"ခင်ဗျားကြီးပြောမှ ကျွန်တော်တို့ လည်း လူစင်စစ်က မျောက်တွေဖြစ်ကုန်ပြီ။ အဲဒီလို ကြံခဲ့ပေမယ့်
ကိုယ့်ထက်ဦးတဲ့ သူတွေချည်းပဲ။ အဲဒီလိုတောင်းနေတဲ့သူ တွေကို ကြည့်မိမှ မြန်မာနိုင်ငံ တစ်နိုင်ငံ
လုံး ရောဂါသည်တွေချည်းပါလား၊ ငတ်မွတ်ခေါင်းပါးနေပါလား။ ကပ်ကြီးသုံးပါး ဆိုက်နေပါလား
ဆိုတာ သိလာ တာ..ဟာဟာဟ"
"ဟေ့ကောင်၊ အဲဒီလိုမရယ်နဲ့..ဟာ ဟာ ဟ ဆိုတာ ငါရီတာ။ ဒါက သရော်ပြီး ရီတယ်လို့ခေါ်တယ်။
နေစမ်းပါဦး၊ မင်း ဖောင်ဒေးရှင်းက တစ်နှစ်ကို သိန်း ၄၀၀ ရတယ်ပဲထား။ အသည်းရောဂါသည်
တစ်ယောက်ရဲ့ ကုသစရိတ်က သိန်း ပေါင်း များစွာ ကုန်တာ။ မင်းရတဲ့ပိုက်ဆံ နဲ့ အသည်းရောဂါ
သည် ဘယ်နှယောက် လောက်များ ကုနိုင်မှာမို့လဲ"
"အသည်းရောဂါရှင် အားလုံးကို ကုပေးမယ့်သူဗျ။ သူများအဖွဲ့တွေလို ရန်ပုံငွေကနည်းတော့ ဆေး
ကဘယ်နှ ယောက်စာပဲ ခွဲတမ်းရပါတယ်။ ကျန်တာ တွေကတော့ သားတွေသမီးတွေအတွက်
(အဲလေ) ကျန်တဲ့လူနာတွေတော့ နောက် နှစ်မှ စာရင်းထပ်တင်ပေးပါမယ်ဆိုပြီး လူနာချင်း
ရန်တိုက်ပေးတဲ့အဖွဲ့တွေထဲ မှာ ကျွန်တော်မပါဘူး"
"ငါ့ကို ဉာဏ်မမီဘူးပဲ ပြောပြောကွာ။ မင်းရတဲ့ငွေနဲ့ ငါတို့ဆီကအသည်းသမား တွေနဲ့ လောက်
အောင် ဘယ်လိုကုမလဲဆိုတာ စဉ်းစားလို့ကိုမရဘူး"
"ခင်ဗျားစဉ်းစားနေတာက ခင်ဗျားသိထားတဲ့ ဘောင်ထဲကနေ စဉ်းစားနေ တာကိုးဗျ။ တစ်ခါတလေ
တော့ ဘောင် အပြင်ကျော်ပြီး တွေးကြည့်စမ်းပါ"
"အလဲ့၊ မင်းက ငါ့ကို နှိပ်ကွပ်နေတယ် ပေါ့"
"ဟုတ်တယ်လေ၊ ကျွန်တော့ဖောင်ဒေးရှင်းက ဘယ်လိုကုသမယ်ဆိုတာ မစဉ်းစားဘဲ အသည်း
ရောဂါလို့ ပြောလိုက်တာနဲ့ ဆေးခန်းတွေ၊ ဆေးရုံတွေ မြင်၊ အထူးကုတွေက သိန်းချီတန်တဲ့ဆေး
တွေပေးတာပဲ တွေးနေတာကိုး။ ဒီမှာ မသေမချင်းမှတ်ထား၊ နွယ်မြက်သစ်ပင် ဆေးဖက်ဝင်ဆိုတာ
ရှေးလူကြီးတွေ အလုပ်မရှိလို့ ရေးခဲ့တာမဟုတ်ဘူး။ ဓာတုပစ္စည်းတွေနဲ့ ထုတ်ထားတဲ့ ဆေးတွေက
ဘေးထွက်ဆိုးကျိုးတွေ များတယ်။
"ဒါကြောင့် ကျွန်တော်က လူနာတွေ ကို အခုခေတ်စားနေတဲ့ ကြက်သည်း ဟင်းရွက်ပြုတ်တိုက်မှာ။
ဒါကြောင့် လူတိုင်းကို ကုပေးမယ်လို့ပြောတာပေါ့။ကျွန်တော့လို ဖောင်ဒေးရှင်းများ ရှာကြည့်စမ်းပါ
ဦး။ သူများဖောင်ဒေးရှင်း တွေဆို အထောက်အပံ့ရဖို့ လျှောက်လွှာ တွေတင်ရ၊ အဖေကို သေခိုင်းရ၊
အမေ ကို အိပ်ယာထဲ လဲခိုင်းရနဲ့ လျှောက်ပလီ ရတာ။ ကျွန်တော့ဖောင်ဒေးရှင်းက တော့ ဘာမှမလို
ဘူး။ အသည်းရောဂါ ဖြစ်နေသလား။ ကျွန်တော့ရုံးခန်းကို လာထား၊ ကြက်သည်းဟင်းရွက်ပြုတ်
လာသောက်၊ ဒါပဲ။ ဒီလိုလုပ်ထားတော့ ရောဂါမဖြစ်ဘဲ ပိုက်ဆံလိုချင်လို့ အကြံ အဖန်လုပ်တာတွေ
လည်း မရှိတော့ဘူး။အချင်းချင်းမို့ တိုးတိုးတိတ်တိတ်ပြောရဦးမယ်၊ တစ်နှစ်လုံး ၀န်ထမ်းခ၊ ရုံးခန်းခနဲ့
ဆေးရွက်ဖိုးတွေပေါင်းရင် သိန်း ၁၀၀ တောင် မကုန်ဘူး။ တချို့ ကားစီးတာကို အားကျလို့ကားဝယ်
စီးလိုက်ဦးမယ်"
"ကြွက်နီရယ် မင်းသာ အမ်ဘီအေတွေ ဘာတွေ တက်မိရင် ဘယ်လောက်များ စီးပွားဖြစ်နေမလဲ
မသိဘူး"
"အဲဒီလိုတော့ တပ်အပ်ပြောလို့မရ ပေဘူး။ အဲဒီပညာတွေတတ်ထားခဲ့ရင် ဒီလိုလဲ တွေးမိချင်မှတွေး
မိမယ်။ ခင်ဗျား လိုပေါ့၊ ဂျာနယ်ထုတ်တာနဲ့ လက်ဝှေ့ပွဲ သွင်းတာကလွဲရင် ငွေမရှာတတ်သလို ဖြစ်
သွားမှာပေါ့" ဆိုပြီး ကိုယ့်ကိုပါ ခလုတ်တိုက်နေလို့ မင်းကတော့ကွာဆို ပြီး ဘာမှမတုံ့ပြန်နိုင်ဘဲ
ပြန်လာခဲ့ရ ကြောင်းပါ။
ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။

ပည်တွင်းရေးပြဿနာက ဒီမိုကရေစီတစ်ခုတည်းနဲ့ မပြီးတော့ဘူး'

မြန်မာနိုင်ငံတွင် တိုင်းရင်းသားမျိုးနွယ် စုပေါင်းရာနှင့်ချီရှိသဖြင့် မြန်မာ့နိုင်ငံရေးကို ကိုင်တွယ်ရာတွင်
ရိုးရှင်းသည့် အသွင်သဏ္ဌာန်မရှိခြင်းကြောင့် လတ်တလော အစိုးရကြုံတွေ့နေရသည့် တိုင်းရင်း
သားများနှင့် နားလည်မှုရယူကာ ထာဝရငြိမ်းချမ်းရေးတည်ဆောက်ရာတွင် လိုအပ်ချက်များကို
ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနှင့် မြန်မာတိုင်း(မ်)က ပြီးခဲ့သည့်သီတင်း
ပတ်က တွေ့ဆုံခဲ့သည်။
* ကချင်မှာ အခုထက်ထိ မငြိမ်သက်သေးတဲ့ အရေးရယ်၊ ရခိုင်မှာဖြစ်နေတဲ့ ဆူပူမှုတွေရယ်၊ တိုင်း
ရင်းသား တွေနဲ့ပတ်သက်ပြီး ဖြေရှင်းရမယ့် ကိစ္စတွေက အစိုးရအတွက် တော်တော်များနေပါတယ်။
ဒီအရေးတွေကို အစိုးရက ဘယ်လိုကိုင်တွယ် ဖြေရှင်းသင့်တယ်လို့ တိုင်းရင်းသား နိုင်ငံရေးခေါင်း
ဆောင်တစ်ဦးအနေ နဲ့ ဘယ်လိုသုံးသပ်ပါသလဲ။
ရခိုင်ကိစ္စကတော့ ကော်မရှင်မှာပါတဲ့ အတွက် ဖြေဖို့ခဲယဉ်းသလို ဖြေလည်း မဖြေချင်ဘူး။ ဒါက
စောင့်ထိန်းရမယ့် တာဝန်ပါ။ တိုင်းရင်းသားအရေးက တော့ တော်တော်ကျယ်ပြန့်ပါတယ်။ အခု က
ပွင့်ပွင့်လင်းလင်းပြောရရင် ၆၂ ခုနှစ် အာဏာသိမ်းခဲ့တာက စရမယ်။ ကြာလည်း ကြာလှပြီ။
တိုင်းရင်းသား ကိစ္စတွေ ကလည်း သို့လော သို့လော ဖြစ်နေဆဲပဲ။ ငြိမ်းချမ်းရေးရမလိုလိုနဲ့ မရဘူး
ဖြစ်နေတာ။ အခုဟာက ငြိမ်းချမ်းရေးကိစ္စ မဟုတ်တော့ဘူး။ အခု တစ်ဖက်နဲ့ တစ်ဖက် ယုံကြည်မှု
တည်ဆောက်ဖို့ဆိုတာ ဖြစ်လာတယ်။ ထပ်ပြီးတော့ နိုင်ငံရေးအရ ဖြေရှင်းချင်တယ်ဆိုတဲ့ အစုအဖွဲ့
က ပေါ်လာပြန်တယ်။ အခုဆိုရင် အစိုးရက ချစားမှုကိုပဲ တိုက်ဖျက်မလား၊ ဒီမိုကရေစီကိုပဲ ဖြောင့်
ဖြောင့်သွားရမလားဆိုတာ ဖြစ်လာတယ်။ကြာလာတဲ့ အချိန်မှာ ငြိမ်းချမ်းရေးကိစ္စတင်မဟုတ်ဘဲ
ယုံကြည်မှုတည်ဆောက်တာတွေ ပါလာတယ်။ ငြိမ်းချမ်းရေးက ပထမ လား၊ ယုံကြည်မှုတည်
ဆောက်ခြင်းက ပထမလားဆိုတာ ဘယ်ဟာ ပထမမှန်း မသိဘူး ဖြစ်နေတယ်။ အနောက်နိုင်ငံ
တွေက တိုက်တွန်းချက်တွေအရလည်း ဒီမိုကရေစီကိုသွားမယ်ဆိုတာ ဖြစ်လာတယ်။ ဒါပေမယ့်
ပြည်တွင်းရေးပြဿနာက ဒီမိုကရေစီတစ်ခုတည်းနဲ့ မပြီးတော့ဘူး။ ဒီမိုကရေစီသွားမယ်ဆိုရင်
တိုင်းရင်းသားတွေနဲ့ နားလည်မှုယူရမယ်။ တိုင်းရင်းသားတွေရလိုတဲ့ ဖက်ဒရယ် ပြည်ထောင်စုတစ်ခု
ကိုတော့ ဖန်တီးပေးဖို့လိုတယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ် လစ်ဇင်ကတော့ ခေါင်းနဲ့ ပန်းလိုဖြစ်နေ
တယ်။ ဒီတော့ အခုဖက်ဒရယ်ကို တောင်းတာကလည်း ၉၀ ပြည့်နှစ်မှာ နိုင်တဲ့ တိုင်းရင်းသားပါတီ
တွေရယ်။ ငြိမ်းချမ်း ရေးအဖွဲ့ တွေရယ်၊ တိုက်ခိုက်နေတဲ့ တိုင်းရင်းသားအဖွဲ့တွေက ဖက်ဒရယ်
ကောင်စီဖွဲ့ပြီး ပြောနေကြတယ်။ ဒီတိုင်းရင်းသားအဖွဲ့ တွေကလည်း ဖက်ဒရယ် ပြည်ထောင်စုကြီး
ကို တည်ဆောက်ဖို့ မျှော်လင့်နေကြတယ်။ ဒါပေမယ့် တိုင်းရင်းသားပြဿနာကို မဖြေရှင်းပြန်ရင်
လည်း ငြိမ်းချမ်းရေးကရမှာမဟုတ်ဘူး။ ငြိမ်းချမ်းရေးမရရင် ဒီမိုကရေစီကလည်း ဖြောင့်ဖြောင့်သွား
နိုင်မှာမဟုတ်ဘူး။ ပထ၀ီအနေအထားအရ တိုင်းရင်းသား တွေအားလုံးက မြန်မာနိုင်ငံကို ၀ိုင်းထား
တာကိုး။ ဆိုလိုတာက တိုင်းရင်းသား တွေလိုလားတဲ့ ဖက်ဒရယ်စနစ်ကိုလည်း လက်ရှိအစိုးရက
စဉ်းစားပေးရတော့ မယ်လေ။ ၆၂ ခုနှစ်က သုံးခဲ့တဲ့နည်း အတိုင်း သွားမယ်ဆိုရင်တော့ အခုချိန်မှာ
အလုပ်မဖြစ်တော့ဘူး။ အခုဆိုရင် အခြေခံဥပဒေကလည်း ပြဿနာဖြစ် နေတယ်။
* တိုင်းရင်းသားတွေနဲ့ပတ်သက်တဲ့ အရေးကိစ္စတွေက အစိုးရအဆက်ဆက် ဖြေရှင်းဖို့လုပ်ခဲ့ကြတာ
တွေချည်းပါပဲ။ အခုအစိုးရလက်ထက်မှာ တိုင်းရင်းသားအရေးနဲ့ ပတ်သက် ပြီး ကိုင်တွယ်တာ၊
ယုံကြည်မှု တည်ဆောက်နေတာတွေနဲ့ ပတ်သက်ပြီး တိုင်းရင်းသားခေါင်းဆောင်တစ်ဦးအနေနဲ့
ကျေနပ်မှုရှိရဲ့လား။
တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းပုံဖြေရှင်းနည်းတွေကို သက်ဆိုင်ရာကိုလည်း ပြောပြီးပါပြီ။
အခုဖြေရှင်း နည်းတွေက ဒိတ်အောက်နေပြီ။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနဲ့ ဖြေရှင်းတဲ့ နည်းနဲ့
သွားရမှာ။ အခုဆိုရင် တိုင်းပြည်ရဲ့ အနောက်ပိုင်းမှာလည်း မငြိမ်မသက် ဖြစ်နေပြီ။ ဘာဆက်ဖြစ်
မယ်မှန်းလည်း မသိဘူး။ မြောက်ပိုင်းကိစ္စကလည်းဖြစ် နေတယ်။ အရှေ့ပိုင်းမှာလည်း ၀ တွေရှိ နေ
တယ်။ အဆိုးဆုံးနဲ့ ဒီအစိုးရ မှားသွားတာကတော့ သူတို့ခေတ်မှာမှ ကေအိုင်အေနဲ့ တည်ဆောက်
တဲ့ငြိမ်းချမ်းရေးက ပျက်ပြားသွားတယ်။ မမျှော်လင့်တဲ့ မထင်မှတ်တဲ့ ပြဿနာတွေက ၀င်လာနိုင်
တယ်။ အစိုးရလုပ်နေတဲ့ လုပ်နည်းကတော့ ပြောင်းကို ပြောင်းသင့်တယ်။ ဖက်ဒရယ်ကို ကျွန်တော်
တို့တောင်းနေ ခြင်းကလည်း တိုင်းရင်းသားတွေ အာမခံချက်ရှိအောင်၊ တစ်ခုနဲ့တစ်ခု ဘက်ညီမျှတဲ့
စနစ်ရှိအောင်၊ ထိန်းညှိမှုလေးရှိ အောင်ပေါ့။ မြန်မာကလည်း ပြည်ထောင်တစ်ခုအနေနဲ့ ဖြစ်လာဖို့
ပေါ့လေ။ ဒါကို တောင်းရခြင်းက တန်းတူရေး၊ ကိုယ်တိုင် ပြဋ္ဌာန်းခွင့်ရှိရေး၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီး
နိုင်ရေးတို့အတွက်ပေါ့။ တန်းတူရေး ဆိုတာ တူညီသော ကိုယ်စားပြုရေးပေါ့။ ဒီလိုပြောလို့ ခွဲထွက်
တယ်ဆိုတာလည်း မဟုတ်ပါဘူး။ ဘက်ညီမျှ ထိန်းညှိတာကတော့ ဖက်ဒရယ်မူပဲရှိတယ်။ ကိုယ့်
ပြည်နယ်ကိုလည်း ကိုယ့်အစိုးရက အုပ်ချုပ်မှသာ ပြီးမယ်။ ပြည်နယ်သူ ပြည်နယ် သားတွေရဲ့
ဥပဒေတွေ၊ ယဉ်ကျေးမှု၊ ဓလေ့တွေ စာပေတွေကို အသက်သွင်းလို့ ရမယ်။ အခုက ပြည်နယ်တွေ
မှာက လုပ်ပိုင်ခွင့်မရှိဘူး ဖြစ်နေတယ်။ ဒါတွေကရှင်းရမယ့် ပြဿနာတွေဖြစ်နေတယ်။
* ဒါဆိုရင် ဖက်ဒရယ်မူကိုသာ အစိုးရက ကျင့်သုံးမယ်ဆိုရင် အဲဒီ တိုင်းရင်းသားဒေသတွေမှာ အခု
ထက်ပိုပြီး တော့ ဖွံဖြိုးတိုးတက်လာမယ်လို့ ယုံကြည်တယ်ပေါ့
ယုံကြည်လို့ ကျွန်တော်တို့ တောင်းနေတာဖြစ်ပါတယ်။ ကချင်တောင် အတိအလင်းကြေညာသွား
ပြီပဲ။ ဖက်ဒရယ် စစ်စစ်ကျင့်သုံးမယ်ဆိုရင် ကျွန်တော်တို့ လက်နက်ကိုင်ဖို့ မလိုတော့ပါဘူးလို့ ပြော
ခဲ့တယ်။ ဒီမိုကရေစီနဲ့ တိုင်းရင်းသား အခွင့်အရေးက တန်းတူထိန်းညှိသင့် တယ်။ ဒါကို တကယ်ယုံ
ကြည်လို့ပြောတာ။ ဗိုလ်ချုပ်အောင်ဆန်းတို့လုပ်ခဲ့တဲ့ ပင်လုံစာချုပ်ကလည်း ဒီလိုပဲလေ။ ဒီ တော့
ယုံကြည်လို့ကိုပြောနေရတာပါ။
* အခု အန်ကယ်တို့ ယုံကြည်တဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ် စစ်စစ်ကျင့်သုံးဖို့က ဒီအစိုးရလက်
ထက်မှာ ဖြစ်လာနိုင်သလား။
ဒါတွေကတော့ ရွေးကောက်ပွဲထက် ဒီအစိုးရလက်ထက်မှာလည်း လုပ်လို့ရ တယ်။ မလုပ်ရင်လည်း
သူ့သဘောပေါ့ လေ။ သူလုပ်မယ်ဆိုလည်း ရပါတယ်။ အခုဆိုလည်း တိုင်းရင်းသားနိုင်ငံရေး ပါတီ
တွေတော့ ရှိနေတာပဲ။ အခုတော့ တိုင်းရင်းသားပါတီတွေ ဖြစ်လိုတဲ့ သဘောကိုတော့ မပြောဘဲနဲ့
တခြားဘက်ကို ဦးတည်နေတာလည်းမြင်နေရတယ်လေ။ ဒါပေမယ့် ဒါတွေကိုလည်း မပြောလိုဘူး။
ဒါတွေက နယ်မြေခွဲခြမ်း ပြီးပေးတဲ့ပြဿနာမဟုတ်။ တကယ့် နိုင်ငံရေးပြဿနာ ဖြစ်နေတယ်။
ဒီ အချက်ကိုမကိုင်ဘဲ ဖြေရှင်းရင် မရဘူးဆိုတာကို လက်ခံတယ်။
ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။

စီးပွားရေးအလားအလာကောင်းများ

ဗိုက်မပူချင်ရင် ဒါကိုဖတ်