Saturday, July 16, 2011

Really Useful English Idioms 13

People at work

Old Mr Brown has been with the company fo ryears.He's pretty useless,but he survives 
because the manager has s soft spot for  him.

There are two bossy middle-aged women who are always at each other's throats about
one thing or another.

There's a nice girl who started last week and is a breath of fresh air.

have a soft spot for = like,care about

at each other's throats= arguing

breath of fresh air= pleasantly different

နောက်နေ့ကစပြီး Dating and romance ကိုစတင် တင်ဆက်ပါမယ်။

လာလည်ဖို့မမေ့နင့်နော်။

Really Useful English Idioms 12

take a rain check  ဆိုတဲ့စာကားစုကတော့ keep an invitation open  လို့အဓိပ္ပါယ်ရပါတယ်။ပွင့်ပွင့်
လင်းလင်းဖိတ်ခေါ်တယ်ဆိုတဲ့သဘောပေါ့။

fingers crossed   ဆိုတဲ့အီဒီယမ်အသုံးအနှုံးက let's hope for the best ဆိုတဲ့အဓိပ္ပါယ်ဖြစ်ပါတယ်။
ဆိုလိုတာကတော့အဲဒီလိုဖိတ်ခေါ်တာကိုတခါတည်းလက်ခံဖို့အခက်အခဲရှိတဲ့အတွက် အဆင်ပြေပါစေ
လို့ ဆုတောင်းတဲ့သဘောဖြစ်ပါတယ်။

on me ကတော့I'll pay ဖြစ်ပါတယ်။ဆိုင်တခုခုပေါ်မှာအတူတူစားကြ သောက်ကြတဲ့အခါဒီဝိုင်းကိုမိမိ
ကရှင်းဖို့ပြောတဲ့အခါမှာသုံးပါတယ်။
အောက်က စာပိုဒ်လေးကိုဖတ်ကြည့်လိုက်ယင်ပိုပြီးရှင်းသွားမှာပါ။

How can you say ¨no¨to an invitation for now but keep the invitation open for another
time?

.Can I take a rain check?

What can you say if someone  invites you to an event that is dependent on something else,such as good weather.

.(Letæs keep our) Fingers crossed.

And if someone offers to pay for  drinks or a meal,but you want to pay?

.This is on me.

အင်္ဂလပ်စာတိုးတက်ကြပါစေ။
နောက်နေ့ပြန်ဆုံကြတာပေါ့။

Tuesday, July 12, 2011

ဘယ်ဘာသာကို ကိုးကွယ်ကြမှာလဲ


လောကမှာ ယုံကြည်စရာတွေ ကိုးကွယ်စရာတွေအများကြီးရှိပါတယ်။မိရိုးဖလာ  အစဉ်အလာအတိုင်း
ယုံကြည်ကိုးကွယ်ခဲ့ကြသလို အသက်အရွယ်လေးရလာမှကိုယ့်ကိုယ့်ကိုယ် သဘောပေါက်နားလည်ပြီး
မိဘဘိုးဘွားတွေကိုးကွယ်တဲ့ဘာသာအယူဝါဒကိုစွန့်လွှတ်ပြီး အခြားဘာသာကိုကူးပြောင်းကြတာတွေ
လည်းရှိကြပါတယ်။ကိုယ်ကိုးကွယ်နေတဲ့ဘာသာကိုပဲ တသက်လုံးယုံကြည်သွားကြာတာတွေလဲရှိကြပါ
တယ်။

ဘယ်ဘာသာကို ကိုးကွယ်ရမှာလဲဆိုတဲ့ မေးခွန်းကို      မြတ်စွာဘုရားလက်ထက်တော်မှာကတည်းက
ဘုရားကိုမေးလို့ ဘုရားက ဖြေခဲ့ဘူးတာရှိပါတယ်။မေးတဲ့ပုဂ္ဂိုလ်က    ပုရပိုဒ်တယောက်ဖြစ်ပြီး မြတ်စွာ
ဘုရား ပရိတ်နိဗ္ဗါန်ပြုခါနည်း    မိနစ်ပိုင်းလောက်ပဲလိုတော့တဲ့အချိန်ပါ။ပုရပိုဒ်ကြီးကအရှင်ဘုရားလော
ကမှာ ယုံကြည်ကိုးကွယ်ကြတဲ့အယူဝါဒတွေကလည်းများပါတယ်ဘုရား။  သူတို့ကလည်းသူတို့ဘာသာ
သာကောင်းတယ်။သူတို့ဘာသာကိုသာကိုးကွယ်ဆိုပြီးပြောကြပါတယ်ဘုရား။   တပည့်တော်ဘယ်ဘာ
သာကိုကိုးကွယ်ရမှန်းမသိတော့ပါဘူးဘုရား။      အရှင်ဘုရားတပည့်တော်ကိုလမ်းညွှန်ဆုံးမတော်မူပါ
ဘုရား လို့ လျှောက်တော်မူတယ်။

မဟာဂရုဏာ တော်ရှင် သုံးလောကထွတ်ထား မြတ်ဘုရားဟာပရိတ်နိဗ္ဗါန်ပြုဖို့အတွက်အချိန်ပိုင်းလေး
ပဲလိုတော့တဲ့အချိန်မာတောင် သတ္တ၀ါတွေအတွက် အရေးကြီးတဲ့စကားကိုပြောဖို့ မငြင်းပယ်တော်မူပါ
ဘူး။မြတ်စွာဘုရားက...
ချစ်သား ဘာသာတခုကိုယုံကြည်ကိုးကွယ်တော့မယ်ဆိုယင်အဲဒီဘာသာမှာ ကိုယ့်ကိုယ်ကိုယ်
လွပ်မြောက်မှုကို ပေးနိုင်တဲ့တရားရှိသလားကြည့်။ရှိယင်ကိုးကွယ၊်မရှိယင်မကိုးကွယ်နင့်” တဲ့။
မြတ်ဗုဒ္ဓက ငါ့သာသနာသာ ကောင်းတယ်ကွာ အဲဒါပဲကိုးကွယ်ပါလို့ တဘက်သတ်မပြောပါဘူး။ လော
ကမှာ အတုမရှိတဲ့ဘုရားပါ။သိစရာမှန်က မြူမျှမကျန်အောင်  အကုန်သိတော်မူတဲ့ဘုရားက စကားကို တဘက်သတ်မပြောပါဘူး။
ကာလမ သားတွေကိုဟောခဲ့တုန်းကလဲ ဒီအတိုင်းပါပဲ။သူများပြောတိုင်းလဲ မယုံနင့်၊မိဘဘိုးဘွားအစဉ်
အဆက်ယုံကြည်လာခဲ့တာ ဆိုလို့လဲမယုံကြည်နင့်။လေးစားရတဲ့ဆရာကပြောတယ်ဆိုလို့လဲမယုံနင့်ဦး
တဲ့။ကိုယ့်ရဲ့အသိဥာဏ်နင့်တကယ်ပိုင်းခြားသိအောင်လုပ်ပြီး သိတဲ့အခါမှယုံပါလို့ မြတ်ဗုဒ္ဓကမိန့်တော်မူ
ခဲ့ပါတယ်။

အခုလဲဒီအတိုင်းပါပဲ။ကိုယ့်ကိုယ်ကိုယ်   ကယ်တင်နိုင်တဲ့တရားရှိသလားကြည့်၊ရှိယင်ကိုးကွယ်၊မရှိယင်
မကိုးကွယ်နင့်တဲ့။ဘုရားဟောတာကကိုယ့်ကိုယ်ကိုယ် ကိုယ်တိုင်ကယ်တင်နိုင်တဲ့တရားရှိ မရှိကြည့်လို့
ဆိုပါတယ်။သူတပါးကယ်တင်တာကိုခံယူဖို့မပြောပါဘူး။လောကမှာ     ကိုယ်ရဲ့အသိဥာဏ်နင့်ကိုယ့်ကံ
ကြမ္မာကို ကိုယ်တိုင်ဖန်တီးရတာနင့် သူများလုပ်သမျှခံဖို့စောင့်နေတာဘယ်ဟာက ပိုပြီးအဆင့်အတန်း
မြင့်သလဲ။ဘယ်အရာက လူ့ဂုဏ်သိက္ခာ လူ့အစွမ်းအစကိုအားပေးတဲ့ ဘာသာအယူဝါဒဖြစ်သလဲဆိုတာ
သာမန်လူပြိန်းတယောက်တောင် စဉ်းစားတတ်ကြမှာပါ။

ဆေးတခုဆိုတာ လူနာကို ဒီဘ၀ပစ္စက္ခမသေခင်မှာတင်ဆေးစွမ်းကိုပြနိုင်ဖို့လိုပါတယ်။သေပြီးတမလွန်
ကိုရောက်ပြီးမှ ဆေးစွမ်းကို ပြနိုင်တယ်ဆိုတာ  သိပ်အားမကိုးလောက်ပါဘူး။မြတ်ဗုဒ္ဓရဲ့သာသနာတော်
မှာ ဧဟိပတ်သိကော လာပါ ယူလှည့်ပါ စမ်းလှည့်ပါလို့ ခေါ်ရဲ၊စမ်းရဲ   လက်တွေ့လုပ်ဖို့ တိုက်တွန်းရဲတဲ့
တရားဖြစ်ပါတယ်။

မြတ်ဗုဒ္ဓက လောဘ၊ဒေါသ၊မောဟ     စတဲ့တရားတွေကိုငြိမ်းအေးအောင်လုပ်ဖို့ဟောတော်မူပါတယ်။
လောဘအလိုအတိုင်းလိုက်နေယင် သတ္တ၀ါတွေမှာ  သံသရာစက်ဝန်းကဘယ်တော့မှလွတ်မှာမဟုတ်
တော့ဘူး၊ဒါကြောင့်ဒီလိုမဖြစ်ဖို့အတွကလောဘ၊ဒေါသ၊မောဟ  စတဲ့တရားတွေကိုအားပေးတဲ့ တဏှာ
ကိုသတ်နိုင်ရမယ်။လိုအင်ဆန္ဒတွေဆိုတာ တဏှာက    ခိုင်းနေတာသာဖြစ်တယ်။တဏှာက ခိုင်းတယ်
ဆိုတာနှင့် သတ္တ၀ါတွေမှာကံယကံ၊၀စီကံ၊မနောကံတွေကိုလုပ်ကြတော့တယ်။ဒီကံ(သင်္ခါရ)တွေကိုလုပ်
ကြတဲ့အတွက် သင်္ခါရ ပစ္စယာ ၀ိဥာဏ်နမ် ဆိုသလို ဒီကံသတ္တိတွေကြောင့်ပဲ တနည်းအားဖြင့်ကံမ စွမ်း
အင်ကြောင့် နောက်တဘ၀ ကိုရဖို့အတွက်    စုမိဆောင်းမိတွေဖြစ်ကုန်တယ်။လော၊ဒေါသ မောဟနင့်
သေတဲ့သတ္တ၀ါတယောက်ဟာ သေယင် အပယ်လေးဘုံ(ငရဲ၊တိရစ္ဆာန် ပြိတ္တာ အသူရကယ်)ကိုရောက်
ဖို့သေချာပါတယ်။       အပယ်ငရဲကိုရောက်ပြီးတဲ့သတ္တ၀ါတယောက်ဟာ သုဂတိဘုံ(လူ၊နတ်ဗြဟ္မာ)ကို
ရောက်ဖို့မလွယ်တော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ဒီအပါယ်ဘုံသားတွေမှာကောင်းမှုကုသိုလ်ကိုစိတ်
မ၀င်စားနိုင်ကြပါဘူး။ကြီးနိုင်၊ငယ်ညှင်းနင့်တချိန်လုံး   အကြောက်တရားတွေ၊စိုးရိမ်သောကတွေနင့်၊အ
သက်ရှင်နေရတာမို့အပါယ်ဘုံဘ၀က  မတက်နိုင်ကြတော့ပဲ အပယ်ဘုံမှာပဲ လည်ပြီးယင်းလည်နေကြ
ပါတော့တယ်။

ဒီလိုနင့် သတ္တ၀ါတွေဘ၀သံသရာ မှာ ဆုံးစ မမြင်နိုင်အောင်မျောနေ လည်နေလိုက်ကြတာ ဘယ်ကစ
လို့ စမှန်းတောင်မသိနိုင်တော့လောက်အောင် ရှည်လာခဲ့ကြပြီလို့ဘုရားကဟောတော်မူခဲ့ပါတယ်။

ဒီနေရာမှာ အပါယ်ဘုံကိုရောက်သွားတဲ့သတ္တ၀ါတကောင်    သုဂတိဘုံကိုရောက်ဖို့ဘယ်လောက်ခက်
တယ်ဆိုတာကို မြတ်ဘုရားဟောတော်မူခဲ့တဲ့      လိပ်ကန်းဥပမာလေးကိုပြောပြချင်ပါတယ်။ပင်လယ်
သမုဒ္ဒရာအောက်ကြမ်းပြင်မှာ မျောချင်ရာကိုမျောနေတဲ့  လိပ်ကန်းကလေးတကောင်ဟာ အနှစ်တရာ
လောက်ကြာတော့ တခါအသက်ရှူဖို့တက်လာတယ်တဲ့။ဒီလိုတက်လာတဲ့အချိန်မာ အပေါက် တပေါက်
သာပါတဲ့တံပိုးအဟောင်းတခုကလဲသူ့ဟာသူမျောချင်ရာမျောနေတယ်တဲ့။လိပ်ကန်းကလေားပင်လယ်
ပြင်ထက်ကိုအသက်ရှူဖို့တက်လာတာနဲ့ လိပ်ကလေးရဲ့ခေါင်းဟာ ဒီတံပိုးပေါက်ထဲကိုစွပ်မိတာကမှဖြစ်
ချင်ရင်ဖြစ်နိုင်အုံးမယ်တဲ့။အပါယ်ဘုံဘ၀က နေ လူ့ပြည်ကိုရောက်ဖို့တော့မလွယ်ဘူးလို့ဘုရားကဥပမာ
ပေးပြီးဟောတော်မူခဲ့ပါတယ်။သတိထားဆင်ခြင်စရာအင်မတန်ကောင်းတဲ့ဥပမာလေးဖြစ်ပါတယ်။

လူတွေဟာ  လိုချင်တတ်မက်မှုလောဘ တွေနင့် ငွေကြေားဥစ္စာစည်းစိမ်တွေရသထက်ရဖို့ ချမ်းသာပြီး
ယင်းချမ်းသာဖို့       လုပ်နေကြယင်းနဲ့တကယ်လုပ်သင့်လုပ်ထိုက်တာကိုမေ့နေကြပါတယ်။လူ့ဘ၀ကို
ရောက်လာခိုက်မာ   ကုသိုလ်ကောင်းမှုတွေလုပ်၊တရားဘာဝနာတွေပွားများပြီးနောင်တဖန်အပယ်ကို
မရောက်ဖို့ ကြိုးစားကြမယ့်အစား အပယ်ရောက်မယ့်တရားတွေကိုပဲလုံးပမ်းနေကြတယ်လို့တချို့ဆရာ
တော်ဘုရားကြီးများက ဂရုဏာနှင့်မိန့်တော်မူခဲ့ကြပါတယ်။ဒါကြောင့်လဲမြတ်စွာဘုရားက အခါတပါးမှာ
နောက်ပါရဟန်းတွေကို ခုလိုဆုံးမတော်မူခဲ့ပါတယ်။
မြတ်စွာဘုရားက မြေမှုန်အနည်းငယ်ကို လက်သည်းခွန်ပေါ်တင်ပြီးတော့  ချစ်သားတို့ ဒီလက်သည်းခွံ
ပေါ်က မြေမှုန်နှင့် ဒီကမ္ဘာမြေပေါ်က မြေထု ဘယ်အရာက  ပိုများသလဲဆိုတော့ ကမ္ဘာမြေရဲ့မြေထုက
ပိုများပါတယ်ဘုရားလို့လျှောက်ကြတယ်။    အဲဒီတော့ဘုရားက ချစ်သားတို့ မှတ်ထားကြ။လောကမှာ
သုဂတိဘုံ(လူ့ဘ၀)ကနေ သေပြီးပြီးသတ္တ၀ါတွေထဲမှာ သုဂတိဘုံကိုပြန်ရောက်တဲ့သတ္တ၀ါဟာ ဒီလက်
သည်းခွံပေါ်ကမြေမှုန်လောက်ပမာဏပဲရှိုပြီးတော့၊အပါယ်ဘုံကိုရောက်တဲ့သတ္တ၀ါတွေကတော့ဒီကမ္ဘာ
မြေထုလောက်ပမာဏရှိတယ်လို့ဟောကြားတော်မူခဲ့ပါတယ်။

တကယ်တော့ သတ္တ၀ါတွေမှာအာရုံနောက်ကိုလိုက်နေကြတာပါပဲ။ဒီဟာတခုကိုရယင်သိပ်ကောင်းမှာ
ပဲလို့အသည်းအသန်ကြိုးစားခဲ့ရပေမယ့်တကယ်လဲအဲဒါကိုရပြီဆိုယင်နောက်တခုကိုလိုချင်လာပြန်တာ
ပါပဲ။လောဘအလို ကြီးတိုင်းပိုတယ်လို့ဆိုတာပါ။  ဒီအာရုံနောက်ကိုလိုက်လို့ဘယ်တော့မှမပြီးပါဘူး။ပြီး
တော့ဘယ်အရာမှမမြဲပါဘူး။လောကမှာ မြူမှုန်လေးတမှုန်လောက်တောင် မြဲတာမရှိဘူးလို့မြတ်
ဗုဒ္ဓက ဆုံးမတော်မူခဲ့ပါတယ်။ဟုတ်ပါတယ်။လောကမှာဘယ်အရာမှမမြဲပါဘူး။အချိန်တန်တော့ပျက်စီး
ရတာချဉ်းပါပဲ။အဲဒီလိုမမြဲတဲ့အတွက်ကြောင့်ပဲ မြင့်မြတ်တဲ့အကျင့်ကိုကျင့်ရတာပါလို့ဟောတော်
မူပါတယ်။

ဒါကြောင့်ပုရပိုဒ်ကြီးကို ဘုရားက ကိုယ့်ကိုယ်ကိုယ်    အားကိုးနိုင်တဲ့တရားရှိတဲ့အယူဝါဒကိုကိုးကွယ်ဖို့
ဟောတော်မူခဲ့တာပါ။မြတ်ဗုဒ္ဓကဆက်ပြီးတော့ သမထနင့်ဝိပသနာကျင့်စဉ်တွေကိုဟောကြားလိုက်ပြီး
တဲ့နောက် ကျင့်ကြံအားထုတ်လိုက်တာ  ရဟန်းတာဖြစ်သွားခဲ့ပါတယ်။ဒီပုရိတ်ပိုဒ်ဟာ မြတ်ဗုဒ္ဓရဲ့ကိုယ်
တော်တိုင်သက်တော်ထင်ရှား ရှိနေစဉ်မှာ နောက်ဆုံး ချွတ်ရမဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။ကျနော်တို့တွေကိုယ့်
ရဲ့စိတ်ကိုသေချာ တည်ငြိမ်အေးချမ်းအောင်လုပ်ပြီး    တချက်လောက်စောင့်ကြည့်လိုက်တာနှင့် ဒီစိတ်
ဟာ ဘယ်လိုမှ ကိုယ်ခိုင်းသလိုမရပဲတရစပ်သူ့သဘောသူဆောင်ပြီးသွားချင်တဲ့ဘက်သွားပြီး တွေးချင်
တာကိုတွေးနေတာကိုသတိထားမိကြပါလိမ့်မယ်။ဒါဟာ ခန္ဓာငါးပါး(ရူပက္ခန္ဓာ၊ဝေဒနက္ခန္ဒာ၊သင်္ခါရက္ခန္ဓာ၊
သညက်ခန္ဓာ၊၀ီဥာဏ်နက္ခန္ဓာ)ဟာသူ သဘောဆောင်ပြီးတရစပ်ဖြစ်ပျက်နေတယ်ဆိုတဲ့အဓိပ္ပါယ်ဖြစ်ပါ
တယ်။ဒီခန္ဓာငါးပါးဟာ တခုပေါ်တိုင်းအကုန်ပေါ်ပြီး    အကုန်ပျောက်တဲ့အတွက် မြင်လိုက်လို့ သဘော
ကျတယ်ဆိုတာလဲဖြစ်ပြီးယင်ပျက်တဲ့သဘောကိုသေချာထင်ရှားလာပါတော့တယ်။ဒါကြောင့်အရာအား
လုံးဟာ ဖြစ်ပြီးတိုင်း ပျက်တတ်တဲ့သဘောရှိတဲ့အတွက်  ငြိမ်းငွေ့စရာသာဖြစ်တယ်ဆိုတာကို သဘော
ပေါက်နားလည်ပြီး ၀ိပသနာတရားကိုကျင့်ကြံအားထုတ်ပြီးသံသရာ ၀ဋ်ဆင်းရဲက လွတ်မြောက်အောင်
အားထုတ်သင့်ကြပါတယ်။  ဒီလိုကျင့်ကြံအားထုတ်ဖို့ဟောကြားဆုံးမတော်မူခဲ့တဲ့ မြတ်ဗုဒ္ဓရဲ့သာသာနာ
သည်သာလျှင်တကယ်ကိုးကွယ်အားကိုးယုံကြည်ဆည်းကပ်စရာဖြစ်တယ်ဆိုတာ အသေအချာပါပဲ။

တရားစစ် တရားမှန်၊ယုံကြည်ကိုးကွယ်စရာ အမှန်နင့်တွေ့နိုင်ကြပါစေ။

(ကျနော်နားလည်သလောက်သာ ရေးသားထားတာမို့ ပိုပြီးတတ်သိနားလည်တဲ့ သူတွေရဲ့ပြုပြင်သင်ပြ
မှုကို စောင့်မျှော်နေပါတယ်။)

Monday, July 11, 2011

ကျန်းမာရေးနှင့် တရားထိုင်ခြင်း

ကျန်းမာရေးဟာအလွန်ကြီးမြတ်တဲ့ လာဘ်တပါးဖြစ်တယ်လို့ဗုဒ္ဓဘုရှားရှင်ဟောကြားတော်မူခဲ့တယ်လို့
မြန်မာတွေအများစုသိရှိနားလည်ထားခဲ့ကြပါတယ်။မူရင်းဂါထာအရတော့  အာရောဂျံ မိစ္ဆေ ပရမဉ္စလာ
ဘံ ဖြစ်တယ်လို့ သိရပါတယ်။အလွန်မှန်ကန်တဲ့အဆိုအဆုံးအမတခု    ဖြစ်တယ်လို့ကျနော်ကတော့ ယုံ
ကြည်ပါတယ်။ဒါပေမယ့် လူတွေအတော်များများက သိရှိနားလည်ထားတာကို အသုံးချအကောင်ထည်
ဖော်ပြီး ကိုယ့်ကျန်းမာရေးကို ကောင်းမွန်အောင်တည်ဆောက်တဲ့။ တည်ဆောက်နိုင်တဲ့သူ သိပ်များလှ
မယ်လို့ ကျနော်မထင်ပါဘူး။မသိလို့မတည်ဆောက်နိုင်တာကတော့ပြောစရာမရှိပါဘူး။သိရဲ့နဲ့မလုပ်နိုင်
မတည်ဆောက်နိုင်သူတွေမှာတော့နည်းနည်းမျိုးကွဲရှိပါတယ်။လူမှုစီးပွားရေးဘ၀အခြေအနေအရကိုယ်
ကခွင့်မပြုလိုရ၊အချိန်မပေးနိုင်လို့ဆိုတဲ့ အခြေအနေဖြစ်နိုင်သလို  အခြေအနေက ခွင့်ပြုပါရဲ့နဲ့ကိုပဲ လှုပ်
ရှားလုပ်ကိုင်ရမှာ ပျင်းလို့၊တခြားအပျော်အပါး၊လောင်းကစားအချိန်တွေပေးချင်လို့ဆိုတဲ့သူတွေလည်းရှိ
မှာပါ။

ကျန်းမာနေတဲ့အချိန်တွေမှာတော့ ကျန်းမာရေးရဲ့တန်ဖိုးကို အရေးကြီးမှုကို အလေးဂရုပြုသူတွေနည်းပါ
တယ်။ဘာလို့ဆိုတဲ့အခြေအနေနဲ့ ကျန်းမာရေးမကောင်းဘူးဆိုတဲ့အခြေအနေနှစ်ခုကြားက ကွာဟချက်
ကိုမသိနိုင်လို့ပဲ ဖြစ်ပါတယ်။ကျန်းမာရေးကျလာ၊ဆိုးလာပြီးကိုယ်လုပ်နေကျအလုပ်တွေ၊လှုပ်ရှားဆောင်
ရွက်မှုတွေကို သိပ်မလုပ်နိုင်တော့ ဒါမှမဟုတ်လုံးဝမလုပ်နိုင်တော့တဲ့အချိန်ကျမှပဲလုပ်နိုင်သူတွေနဲ့ယှဉ်
ပြီး တန်ဖိုးကို နားလည်သဘောပေါက်လာတတ်ကြတာဟာ သဘာဝပဲဖြစ်ပါလိမ့်မယ်။

ကျနော်ဆိုလိုတာက ရုပ်ပိုင်းဘ၀ခန္ဓာကိုယ်ကျန်းမာရေးကောင်းဖို့တခုတည်းကိုဆိုလိုတာမဟုတ်ပါဘူး။
စိတ်ပိုင်းဘ၀ကျန်းမာရေးပါ အပါအ၀င်ဖြစ်ပါတယ်။လူ့ဘ၀ဖြစ်တည်မှုမှာရုပ်သက်သက်၊စိတ်သက်သက်
ခွဲခြားဖြစ်တည်လို့ မရနိုင်တာအသေအချာပါပဲ။အပြန်အလှန်မှီတည်နေကြတာဖြစ်တာမို့ လူတယောက်
ဟာစိတ်ရောကိုယ်ပါကျန်းမာမှလူတယောက်ရဲ့လုပ်ငန်းဆောင်တာတွေအားလုံးကိုပုံမှန်လှုပ်ရှားဆောင်
ရွက်နိုင်မှာဖြစ်ပါတယ်။ခန္ဓာကိုယ်က မလုပ်နိုင်တာ  ဖြစ်လာနိုင်သလို ခန္ဓာကိုယ်က လုပ်ဆောင်နိုင်စွမ်း
ရှိပါရဲ့နဲ့စိတ်ကျန်းမာရေး ချို့ ယွင်းဖောက်ပြန်လို့   လုပ်လို့မရနိုင်တာမျိုးတွေ ရှိနေပါတယ်။ဒါကြောင့်ပဲလူ
တယောက်ဟာ ရုပိုင်းအ၇ရော စိတ်ပိုင်းအရပါ   ကျန်းကျန်းမာမာ ရှိနေဖို့ အရေးကြီးတယ်လို့ ပြောကြရ
တာပါ။တည်ဆောက်ကြရတာပါ။

ဒါပေမယ့် ရုပိုင်းဆိုင်ရာကျန်းမာရေးကောင်းမွန်အောင်ကိုယ်လက်လှုပ်ရှားမှု ဘယ်လိုလုပ်သင့်ကြတယ်
ဆိုတာကို ပြီးခဲ့တဲ့လထုတ် ဂျာနယ်မှာ ရေးသားတင်ပြပြီးဖြစ်တဲ့အတွက်  ဒီဆောင်းပါးမှာတော့ စိတ်ပိုင်း
ဆိုင်ရာ ကျန်းမာရေးနဲ့ပတ်သက်ပြီးတင်ပြမှာ ဖြစ်ပါတယ်။

သုတေသနပြုသူတဦးရဲ့ ရေးသားတင်ပြုမှုတခုမှာ သူဟာ တနေ့ကို  နှစ်နာရီ(မနက်တနာရီ၊ညနေ ၁နာ
ရီ)နေ့စဉ်(၁၀)ရက်တရားထိုင်ကြည့်ခဲ့ပါတယ်။တရားထိုင်တာက  သူ့ဘ၀ရဲ့အရည်အသွေးကို အပြောင်း
အလဲဖြစ်စေ၊မဖြစ်စေ၊ဖြစ်ရင်ဘယ်လိုပြောင်းလဲမှု ဖြစ်စေတယ်ဆိုတာကိုသူက       လက်တွေ့ဖြတ်သန်း
ကြည့်တာပါ။ သူက အဲဒါက သူ့ဘ၀ရဲ့အရည်အသွေးကို   အများကြီးအပြောင်းအလဲဖြစ်စေတယ်ဆိုတာ
ကိုတွေ့ခဲ့ရတယ်လို့ဆိုပါတယ်။သူ့လိုတ၇ားထိုင်တဲ့သူတွေက  သူတို့ရဲ့ဦးနှောက်ပိုင်းအပြောင်းအလဲတွေ
ရဲ့ အကျိုးကျေးဇူးကို ရရှိနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက  လည်းဆိုပါတယ်။သူတေသန ပညာရှင်တွေ
ရဲ့အဆိုအရ တနေ့ ကိုမိနစ်(၃၀)လောက် သီတင်းပတ်ရှစ်ပတ်   တရားထိုင်ခဲ့တဲ့သူတွေဟာ မှတ်ဥာဏ်၊
အတ္တသိစိတ်၊စာနာစိတ်နဲ့ စိတ်ဖိစိမှုနဲ့ဆက်နွယ်နေတဲ့ဦးနှောက်ရဲ့အစိတ်အပိုင်းသိပ်သည်းဆသိသိသာ
သာ ပြောင်းလဲမှုရှိလာတာကို တွေ့ခဲ့ရ ပါတယ်။အဲဒီအပြောင်းအလဲတွေကို     ဇန်န၀ါရီလ(၃၀)ရက်နေ့
ထုတ် စိတ်ကုသမှု သူတေသန(Psychiatry Recharch:Neuroimaging) မှာ တွေ့နိုင်ပါတယ်။

သုတေသနမှာ ပါဝင်သူတွေကို တရားထိုင်စိတ်ကုသမှု    အစီအစဉ်မစခင်နဲ့ ပြီးဆုံးသွားတဲ့အချိန် မှာဦး
နှောက်ရိုက်ကူးစစ်ဆေးမှုတွေက ဦးနှောက်ရဲ့လေ့လာသင်ယူမှုနဲ့   မှတ်ဥာဏ်အတွက် အရေးကြီးတဲ့အ
စိတ်အပိုင်းဖြစ်တဲ့ ဟစ်ပိုကင်းပတ်စ်(Hippocampus) ပိုင်းမှာ    ဦးနှောက်တိုးများလာတာကိုတွေ့ရှိခဲ့ရပါ
တယ်။

ရိုက်ကူးစစ်ဆေးမှုက အပ်စဂ်ဒါလာ(Amygdala) လို့ခေါ်တဲ့သောက    နဲ့ စိတ်ဖိစီးမှုနဲ့ဆက်နွယ်နေတဲ့ ဦး
နှောက်ရဲ့အစိတ်အပိုင်းမှာတော့ ဦးနှောက်လျော့နည်းလာတာကိုလည်း ပြနေပါတယ်။   တရားထိုင်မှုမ
လုပ်တဲ့အုပ်စုမှာတော့အဲဒီလို ပြောင်းလဲမှုမျိုး မပြပါဘူး။မန်ဆာချူးဆက်  အထွေထွေဆေးရုံကြီးနဲ့ ဟား
ဗတ်ဆေးကျောင်းက စိတ်ပညာရှင်လည်းဖြစ်   ဒီလေ့လာသူတေသနပြုမှုရဲ့ဦးဆောင်ရေးသားသူလည်း
ဖြစ်တဲ့ အရစ်တာဟိုဇဲလ်( Britta Hozel)က လေ့လာသုတေသနမှာပါဝင်ဆောင်ရွက်သူတွေက (၁၉၇၀)
ခုနှစ်နှောင်းပိုင်းမှာ အမေရိကန်ပြည်ထောင်စုမှာ   စတင်တရားထိုင်ကြတဲ့နည်းဖြစ်တဲ့သတိကပ်တရား
ထိုင်နည်း(Mindfulness Medditation)နဲ့တရားထိုင်ခဲ့ကြတာဖြစ်တယ်လို့ဆိုပါတယ်။အဲဒီနည်းရဲ့မူလဇတ်
မြစ်ကတော့ ရှေးဗုဒ္ဓ၀ါဒီတွေ အသုံပြုခဲ့တဲ့နည်းဖြစ်ပါတယ်။   သူမက“အဓိက အယူအဆကတော့လူတ
ယောက်ရဲ့ အာရုံကိုဦးတည်ဗဟိုပြုဖို့ ၀တ္ထုပစ္စည်းအမျိုးမျိုးကို   အသုံပြုတာပါပဲ။အဲဒါဟာ အသက်ရှူစဉ်၊
စိတ်လှုပ်ရှားစဉ်၊တွေးတောနေစဉ် ဒါမှမဟုတ် ခန္ဓာကိုယ်ခံစားမှုတခုခုကို  လေ့လာစးစိုက်နေတဲ့အချိန်
မှာ ရှိတဲ့ခံစားမှုကို ဗဟိုပြုစးစိုက်တာမျိုးလည်းဖြစ်နိုင်ပါတယ်။ဒါပေမယ့် ဒါဟာ စိတ်ကို စီးမျောမသွားရ
အောင် ဒီစူးစိုက်ရာနေရာကို အခုပြန်ရောကအောင်လုပ်တာပါပဲ”  လို့ဆိုပါတယ်။ယေဘုယျအားဖြင့်တ
ရားထိုင်သူတွေဟာ ကုလားထိုင်တလုံးပေါ်မှာ မတ်မတ်ထိုင်လို့ပဲ  ဖြစ်ဖြစ်၊ကြမ်းပြင်ပေါ်မှာ ငြိမ်ငြိမ်လေး
ထိုင်လို့ပဲဖြစ်ဖြစ်၊တရားထိုင်ကြတာပါပဲ။တခါတရံတော့   ဦးဆောင်လမ်းညွှန်သူတဦးရှိနေတတ်ပါတယ်
လို့သမကပြောပါတယ်။

ဒါပေမယ့် ဦးနှောက်ရဲ့သိပ်သည်းခြင်း တိုးများလာတာနဲ့ပတ်သက်ပြီး    အတိအကျပြောနိုင်ဖို့ကတော့မ
လွယ်သေးပါဘူး။ဒီနယ်ပယ်မှာ လေ့လောတွေ့ရှိထားမှုတွေက   အဦးအစပိုင်းလောက်ပဲရှိပါသေးတယ်။
အရင်ကတွေ့ရှိထားချက်တွေကလည်း တရားထိုင်တာနဲ့မထိုင်သူတွေကြားမှာ ဦးနှောက်တည်ဆောက်
မှုမတူကွဲပြားတာတွေကို ပြဆိုနေပါတယ်။လေ့လာသုတေသန      ပြုချက်ပေါင်း များစွာကတော့ အဲဒီဦး
နှောက်တိုးများလာမှုက ကျန်းမာပျော်ရွှင်မှုနဲ့ ဘ၀ရဲ့အရည်အသွေးကို တိုးတက်လာစေတယ်ဆိုတာကို
တွေ့ရှိထားခဲ့ပါတယ်။အဲဒါကို ဓမ္မဓိဌာန်ကျကျ စမ်းသပ်စစ်ဆေးမှုဘယ်လိုလုပ်ရမလဲဆိုတာကို ဆုံးဖြတ်
ဖို့ကတော့အမြဲတမ်းအခက်အခဲရှိပါတယ်လို့ဒေါက်တာဟိုဇဲလ်က ပြောပါတယ်။၂၀၀၈ခုနှစ်က လေ့လာ
တွေ့ရှိမှုတခုကတော့တရားထိုင်သူတွေဟာ ဒုက္ခခံစားနေ၇တဲ့  သူတွေရဲ့အသံကိုကြားရတဲ့အချိန်မှာသူ
တို့ရဲ့စာနာစိတ်နဲ့ ဆက်စပ်နေတဲ့ဦးနှာက်ပိုင်းမှာတရာမထိုင်တဲ့သူတွေထက်ပိုပြီးအားကောင်းနိုးကြွလှုပ်
မငအဆင့်တွေကိုသူတေသနပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။

“တယောက်ယောက် ဒုက္ခခံစားနေရတဲ့အချိန်မှာ သူတို့ကပိုပြီးကူညီချင်စိတ်ရှိလာနိုင်သလို ပိုပြီးသနား
ကရုဏာထားလုပ်ဆောင်လာနိုင်ပါတယ်” လို့ ဒေါက်တာဟိုဇဲလက ပြောပါတယ်။

တရားထိုင်တာနဲ့လူရဲ့ကျန်းမာပျော်ရွှင်မှုရဲ့ဆက်စပ်ပုံကို  သိပ္ပံနည်းကျ  သုတေသန ပြုမှုတွေက အသေး
စိတ် တိတိကျကျ ဖော်ပြရှင်းလင်းဖို့ သိပ်မလွယ်ကူလှသေးပေမယ့်    လေ့လာတွေ့ရှိပြီးအချက်အတော်
များများကတော့လူတယောက်ရဲ့ ကျန်းမာပျော်ရွှင်မှု     စိတ်တည်ငြိမ်အေးချမ်းမှုကိုဖြစ်စေနိုင်သလို အ
ဆုတ်၊နှလုံးစတဲ့ ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတွေရဲ့    လုပ်ငန်းဆောင်တာတွေကို ပိုပြီး
ကောင်းမွန်လာစေနိုင်တယ်ဆိုတာကိုပြဆိုနေပါတယ်။    အထူးသဖြင့် ဗုဒ္ဓဘာသာကို ယုံကြည်ကျင့်ကြံ
ကြတဲ့သူတွေက အဲဒီအချက်ကို လက်ခံကြပါတယ်။အတွေ့အကြုံအရပေါ့လေ။

ငွေကုန်ကြေးကျလည်းမရှိဘဲ ရုပ်ပိုင်း၊စိတ်ပိုင်း  ကျန်းမာရေးကို အတိုင်းအတာတခုအထိ အထောက်အ
ပံ့ဖြစ်စေနိုင်တယ်ဆိုတာ ပေါ်လွင်ထင်ရှားနေတဲ့အတွက်   ကျင့်ကြံအားထုတ်နေတဲ့ရဟန်းသံဃာတော်
တွေကိုပဖြစ်ဖြစ်အတွေ့အကြုံရှိတဲ့ နည်းနာသိတဲ့လူပုဂ္ဂိုလ်တွေကိုပဲဖြစ်ဖြစ် မေးမြန်းပြီးသူတို့တွေရဲ့ လမ်း
ညွှန်မှုနဲ့လက်တွေ့စမ်းသပ်နိုင်ကြသလို တရားထိုင်မှုနဲ့ပတ်သက်တဲ့   စာအုပ်စာတမ်းတွေကို ဖတ်ရှုလေ့
လာလိုပဲဖြစ်ဖြစ် လက်တွေ့လုပ်ဆောင်ကြည့်ကြမယ်ဆိုရင် စိတ်ရော    ကိုယ်ပါ ကျန်းမာပျော်ရွှင်မှုကိုခံ
စားရနိုင်ကြပါလိမ့်မယ်။

ဆရာစိုးနေလင်း ၏ နိုက်တင်ဂဲလ် မဂ္ဂဇင်းပါ ဆောင်းပါးကို မူရင်းအတိုင်းဖေါ်ပြပေးလိုက်ပါသည်။ဆရာ့
အား စာမူအတွက်ခွင့်မတောင်းနိုင်ခဲ့သည်ကိုခွင့်လွှတ်ပါရန်တောင်းပန်ပါသည်။


Really Useful English Idioms 11

be there for      ရဲ့အီဒီယမ်   အသုံးအနှုန်းက   be ready to help လို့ပြောပါတယ်။အဓိပ္ပါယ်ကတော့
 “ကူညီဖို့အဆင်သင့်” ဖြစ်ပါတယ်။

see eye to eye  ဆိုတာ  agree လို့အဓိပ္ပါယ်ရတဲ့အီဒီယမ်စကားလုံဖြစ်ပါတယ်။တခုခုကိုကိုယ်နင့်သ
ဘောထားထပ်တူညီမှုရှိတာကိုဆိုလိုတာပါ။

give and take ဆိုတာက compromise and cooperation   ဖြစ်ပါတယ်။အပေးအယူလုပ်လို့ရတယ်
ညှိနှိုင်းတိုင်ပင်လို့ရတယ် ဆိုတဲ့အဓိပ္ပါယ်ဖြစ်ပါတယ်။


ဒီစာပိုဒ်လေးကိုဖတ်လိုက်ယင် အီဒီယမ်လေးတွေကို အသုံးအနှုံး တွေနှင့်တကွ မှတ်မိသွားတာပေါ့။

A good friend(သူငယ်ချင်းကောင်းတယောက်ဆိုတာ)
- is someone who will always be there for you when you need them.
သင်အကူအညီလိုတဲ့အချိန်မှာ သူ(သူမ)ဟာ အမြဲတမ်းအဆင်သင့်ရှိတယ်။
- is someone who sees eye to eye with you on most things.
သင်နှင့်အတူ စိတ်သဘောထားတူညီတဲ့လူကို ဆိုလိုတာဖြစ်ပါတယ်။
- is not perfect and not the same as you,but is good at give and take.
အစစပြည့်စုံပြီးတော့သင်နှင့် အ၇ာရာတိုင်းမှာ တထပ်တည်းကျ    တဲ့လူတော့မဟုတ်ဘူးပေါ့။ဒါပေမယ့်
သင်နှင့် အပေးအယူ၊အလျှော့အတင်းလုပ်လို့ရတဲ့သူ၊ ညှိနှိုင်းတိုင်ပင်လို့ရတဲ့သူ၊ သင်နင့်ပူးပေါင်းဆောင်
ရွက်လိုစိတ်ရှိတဲ့လူမျိုးပေါ့။

Sunday, July 10, 2011

မြတ်ဗုဒ္ဓအလိုကျ အောင်မြင်ကြီးပွားကြောင်းသြ၀ါဒရတနာများ ၅

မိမိရဲ့အပြစ်ကို အမှန်အတိုင်းပြောဆို ညွှန်ပြလာတဲ့ပုဂ္ဂိုလ်ကို “ရွှေအိုး” ရှိရာညွှန်ပြတဲ့ ပုဂ္ဂိုလ်လို့ သဘော
ထားရပါမယ်။အပြစ်ပြောတယ်ဆို တဲ့နေရာမှာ...
ကဲ့ရဲ့ရှုတ်ချချင်လို့၊အပြစ်တင်ချင်လို့၊ဂုဏ်သတင်းပျက်စီးစေချင်လို့၊       နာမည်ပျက်စေချင်လို့၊အဲဒီလိုမ
ကောင်းတဲ့စိတ်ထားမျိုးနဲ့ အပြစ်ပြောလာရင်တော့ ဒါကို ထည့်သွင်းစဉ်းစားစရာမလိုပါဘူး။
ဥပေက္ခါပြုရုံပါပဲ။
(အရှင်ဆန္ဒာဓိက)

သံသရာခရီးသွားနေကြတဲ့အခါ ဖြစ်လေရာ ဘ၀တွေမှာ  အမျိုးမြင့်မြတ်လှပါတယ်ဆိုရင်တော့ဒီဘ၀မှာ
မာန်မာနရားနိမ့်ချရလိမ့်မယ်။
အတိတ်ဘ၀တုန်းက ကြီးသူကိုရိုသေ၊ရွယ်တူကိုလေးစား၊  ငယ်သူကို သနားပြီး ကိုယ့်ကိုကို နိမ့်ချတတ်
သူတွေဟာ ဒီဘ၀မှာ အမျိုးမြတ်သူတွေဖြစ်ခဲ့ကြလို့ပါပဲ။
(ချမ်းအေးဆရာတော်)

တနေ၀င်တော့မည်။တနေ၀င်သော် နေအိမ်နှင့်ရွာကို     ပစ်လျက်က စီးပွားနင့်ဝမ်းစာတို့ ရှာမှီးရာ စား
ကျက်ဘက် ခရီးထွက်ခဲ့ကြသူများအဖို့ အိမ်နှင့်ရွာကို    တခါပြန်ကြရပေအုံးမည်။လူ့ဘ၀သည် ကံရိက္ခါ
မှီးရာစီးပွားရေးစားကျက်တည်း။လူ့ဘ၀သည် ဈန်ဝမ်းစာ ဥာဏ်ဝမ်းစာ ရှာမှီးရာ အကွက်တည်း။
(မဟာဗောဓိမြိုင်ဆရာတော်
ဝန၀ါသီ ဥေယျဓမ္မသာမိထေရ်)

ကာကွယ်ရေးကောင်းလေလေ၊လုံခြုံလေလေ
လုံခြုံလေလေ၊လွတ်လပ်လေလေ
လွပ်လပ်လေလေ၊အေးချမ်းလေလေ
အေးချမ်းလေလေ၊ငြိမ်းချမ်းမှုရလေလေ
(ပဏ္ဍိတာရာမဆရာတော်ကြီး)

ဖျင်းညံ့သဘော စိတ်ဓာတ်ဟော၏။
စိတ်ဓာတ်လွင့်စင် ဖျင်းညံ့ဝင်၏။
(အရှင်အဂ္ဃိက ဆရာတော်ကြီး)

“နတ်၊လူ၊သတ္တ၀ါတွေ ဘေးရန်ကြောင့်ကြ  ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ”
လို့အချိန်ရှိတိုင်း စွဲစွဲမြဲမြဲ မေတ္တာပို့တာပါပဲ။
ဒီမေတ္တာတန်ခိုးတွေကြောင့် ဘုန်းကြီး အသက်ရှည်နေတာဖြစ်ပါလိမ့်မယ်။
(ရွှေဟင်္သာဆရာတော်ကြီး)

အခုကာလဟာ ရတနာတောင်တန်းကြီးကို  ဘွားကနဲ မြင်တွေ့ နေရသလိုပါပဲ။မြေကြီးနည်းနည်းအပင်
ပန်းခံလှန်လိုက်ရင် သိန်းသန်းကုဋေတန်တဲ့အဖိုးတန်ကျောက်တွေ  တွေ့နိုင်တာပဲ။အပင်ပန်းမခံချင်လို့
 လမ်းဘေးက တွေ့ကရာကျောက်ဖြုန်းလေးတွ ကောက်ပြီး ကျေနပ်နေကြပြန်ရော မခက်လား။
(အရှင်အာစာရာလင်္ကာရ)

အကောင်းလောကဓံ နဲ့ တွေ့ရင် တကြွကြွ တမော်မော်         ပျော်မဆုံးနိုင် ဖြစ်မိကြမှာပဲ။အဲဒီအတွက်
ဣနြေ္ဒပျက်ခြင်းတွေ ဖောက်ပြန်ခြင်းတွေ ဖြစ်ရလို့     တုန်လှုပ်ခြင်းပဲ။ဒါတွေဟာ မင်္ဂလာမဖြစ်ပါဘူး။အ
ဆိုးလောကဓံ နဲ့ကြုံရတဲ့အခါ စိတ်ဆင်းရဲရခြင်း  ၀မ်းနည်းညှိုးငယ်ခြင်းတို့ ဆိုဖွယ်မရှိ အမင်္ဂလာသာဖြစ်
တယ်။
လောကဓံ တရားကို မတုန်လှုပ်ခြင်းသည် မင်္ဂလာ ဖြစ်တယ်။
(သပြေကန် ဆရာတော်ကြီး)

အပြစ်ဆိုတာလူတိုင်းမှာရှိတယ်။
အနှစ်ဆိုတာလူတိုင်းမှာမရှိပါဘူး။
လူတယောက် ဟာအသက်ရှင်နေတုန်း ဒဏ်ရာ  အနာတရ ဖြစ်ရင် မကောင်းဘူး။သီလထိန်းရင်တော့
စိတ်သန္တာန်မှာသသနာ အသက်ရှင်နေတယ်။ဒါပေမယ့်   အဖြစ်အသေးအဖွဲ့သင့်မှုဆိုတဲ့ ဒဏ်ရာ ဒဏ်
ချက်တွေရှိနေတာတော့ မကောင်းဘူး။
(ပဏ္ဍိတာရာမကျေးဇူးရှင်ဆရာတော်)

Really Useful English Idioms 10

Really Useful English Idioms 10  ကစပြီး Social relations   နှင့်ပတ်သက်တဲ့အသုံးအနှုံးတွေကို
တင်ပြပေးသွားပါ့မယ်။

push the boat out ရဲ့အင်္ဂလိပ်လိုအဓိပ္ပါယ်က   spend more than usual   ဖြစ်ပါတယ်။လိုအပ်တာ
ထက်ကြွားဝါဖို့အတွက်သုံးစွဲတယ်ပေါ့။

small talk  ဆိုတာ  polite converstion about unimportant things    ဖြစ်ပါတယ်။အလှူ၊မင်္ဂလာ
အိမ်တွေမှာတယောက်နှင့်တယောက်အခုမှစတွေ့တဲ့လူချင်းတွေ  အလာပ  သလာပတွေပြောကြတာ
ကိုဆိုလိုတာပါ။

hit it off ကတော့ like each other ဖြစ်ပါတယ်။စကားစမြည်ပြောကြရင်းတယောက်နင့် တယောက်
အကြိုက်ချင်းတူမှန်းသိသွားကြပြီးပိုမိုခင်မင်မှုရသွားကြသလိုမျိုးပေါ့။

အောက်ကစာပိုဒ်လေးကိုဖတ်ကြည့်လိုက်ကြပါအုံး။အသုံးအနှုံးလေးတွေပိုမိုမှတ်မိသွားကြတာပေါ့။

I went to a big party last night.The hosts were celebrationg something so they'd decided
to push the boat out:there      was a really good band,fantastic food and lots of drink.I
chatted to a few people for the first hour-just the usual small talk.         Then I met this
great guy.We got talking and we really hit it off.I'm seeing him tomorrow!

နောက်နေ့ဆုံကြအုံးမယ်လေ။
ပျော်ပျော်ပါးပါးပေါ့။

အမျိုးသားတို့ ဗိုက်ချပ်ဖို့

ကျနော်ကိုယ်တိုင်ကလည်းဗိုက်ချပ်ချင်နေတာနင့် အမျိုးသားတွေ    ဘယ်လိုဗိုက်ချပ်အောင်လုပ်လဲဆို
တဲ့ဆောင်းပါးကိုတွေ့လို့ကူးယူဖေါ်ပြပေးလိုက်ပါတယ်။
ဗိုက်ချပ်ချင်တယ်ဆိုတော့ လှချင်လို့လားဆိုတော့မဟုတ်ဘူးဗျ။ အဓိက ကတော့ အပြင်သွားစရားတခု
ခုရှိလို့အ၀တ်အစားလေးဘာလေး လဲတော့မယ်ဆိုယင် ဘောင်းဘီပြသနာက အတော်တက်တာဗျ။ခါး
က အဆင်ပြေနေကြဘောင်းဘီကကျပ်နေပြန်ရော။အသက်ရှူလို့မရဖြစ်ရပြန်တာနင့်။တော်တော်စိတ်
ညစ်ရတာ။အင်း...အဲဒါလဲ လှချင်လို့ပဲလို့ပြောရမယ်ထင်တယ်နော့။
ကဲအောက်မာ ဆက်ဖတ်ကြည့်လိုက်ပါအုံး။

နည်းလမ်းမသိရင်တော့ အမျိုးသားတွေအတွက် ၀မ်းဗိုက်အဆီကျဖို့ဆိုတာ  တော်တော်ခက်ခဲတယ်လို့
ထင်စရာပါ။တကယ်က ၀မ်းဗိုက်အဆီကျအောင် လုပ်နဲ့နည်းတွေက    သိပ်အခက်ကြီးမဟုတ်ပါဘူး။အ
ရေးကြီးတာက ဒီနည်းတွေကို စွဲစွဲမြဲမြဲနဲ့ရေရှည်လုပ်နိုင်ဖို့ပါ။

၁။အစာမစားပဲ မနေပါနဲ့။

ဘယ်သူမှတော့ အစာမစားပဲ နေမှာမဟုတ်ပါဘူး။ဒါပေမယ့်ဝမ်းဗိုက်အဆီကျဖို့ဆိုပြီး မနက်စာညစာတ
ခုခုကို မစားပဲနေကြပါတယ်။အဲလိုလုပ်ရင် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်(mtabolism) တွေနှေးကွေးသွား
ပြီး အဆီတွေပိုပြီးစုသွားနိုင်ပါတယ်။အစာတနပ်မစားနိုင်တဲ့အတွက် နောက်တနပ်ကျရင် ၂ဆလောက်
ပိုစားမိတာကြောင့်အဆီတက်ဖို့ပိုများသွားနိုင်ပါတယ်။အထူးသဖြင့် မနက်စာမစားပဲမနေဖို့ပါ။အိပ်ပျော်
နေစဉ်မှာ ခန္ဓာကိုယ်က အစာမစားထားတဲ့ပုံစံ (starvation mode)ဖြစ်နေလို့ ကြွက်သားတွေကိုဖြိုခွဲပြီး
လိုအပ်တဲ့စွမ်းအင်ကို ထုတ်ပေးပါတယ်။ဒါ့ကြောင့်    အိပ်ယာကနိုးတဲ့အချိန်မှာ မနက်စာချက်ခြင်းစားဖို့
လိုပါတယ်။ကြွက်သားတွေကို အသုံးပြုထားရတဲ့အတွက်မနက်စာစားတဲ့အချိန်မှာလဲ အသားဓာတ်များ
များပါဖို့လိုပါတယ်။

၂။ဘာစားမိလဲ သတိထားပါ။

ဗိုက်အဆီကျချင်ရင် အဆီပါတဲ့အစားအစာတွေကိုဘယ်လောက်စားမိလဲသတိပြုမိဖို့လိုပါတယ်။နေ့စဉ်
နေ့တိုင်း ကိုယ်ဘာစားမိလဲမှတ်ထားပါ။အသားဓာတ်ပါတဲ့အစာဘယ်လောက်စားမိလဲ၊ကယ်လိုရီဘယ်
လောက်စားမိလဲဆိုတာ သတိပြုပြီး မှတ်သားထားပါ။အဲဒီလိုလုပ်တဲ့သူတွေဟာသတိလက်လွတ်စားတဲ့
သူတွေထက် အဆီပိုကျလေ့ရှိတယ်လို့ သုတေသနတွေက ဆိုပါတယ်။

၃။အားကစားလုပ်ပါ။

အမျိုးသားတွေကိုတော့ အားကစားတခုခုလုပ်ဖို့ အမြဲလိုလိုအကြံပေးနေရတာပါ။ ကိုယ်လက်လှုပ်ရှားရ
တဲ့အားကစားတခုခုလုပ်မှ လူကလန်းဆန်းတက်ကြွနေမှာပါ။အရေးကြီးတာက    အားကစားလုပ်တဲ့အ
လေ့အကျင့်ရှိဖို့ပါ။ဘောလုံးပွဲ၊တင်းနစ်ပွဲတွေကို တီဗီကနေထိုင်ကြည့်မယ့်အစား    ကိုယ်တိုင်ဝင်ကစား
ဖို့ကြိုးစားသင့်ပါတယ်။

၎။အသီးအရွက်နဲ့အဆီမပါတဲ့အသားစားပါ။

သကြားလုံး၊ကိတ်မုန့်၊ ကွစ်ကီးစ်၊အာလူးကြော်၊၀က်သား၊ဆိုဒါတွေကို      ရှောင်ပါ။ဒီအစားအစာတွေက
ဝမ်းဗိုက်မှာ အဆီစုစေသလို သွေးတိုး၊နှလုံးရောဂါတွေဖြစ်ဖို့လဲ အားပေးပါတယ်။  အစားထိုးတဲ့အနေနဲ့
အသီးအရွက်သုတ်၊ဟင်းသီးဟင်းရွက် နဲ့ အဆီမပါတဲ့ အသားကိုပဲစားပါ။ဘီယာရှောင်ဖို့ကတော့ပြောဖို့
လိုမယ် မထင်ပါဘူး။

၅။လေ့ကျင့်ခန်းတမျိုးတည်းမလုပ်ပါနဲ့။

ဝမ်းဗိုက်အဆီကျဖို့ဘယ်လီရိုကတယ်(သို့)အိပ်ထမတင်ဆိုတဲ့လေ့ကျင့်ခန်းကို တော်တော်များများလုပ်
ကြပါတယ်။တစုံတရာတော့ အကျိုးရှိပါတယ်။ဒါပေမယ့်  ဒီတမျိုးတည်းနဲ့တော့ ၀မ်းဗိုက်ချပ်ဖို့ခက်ပါတ
တယ်။ခန္ဓာကိုယ်တခုလုံးကို သုံးပြီးလုပ်ရတဲ့ Pilates လိုလေ့ကျင့်ခန်းမျိုးကိုလုပ်ပါ။ဗိုက်ကတော့ချပ်ပြီး
လက်မောင်းကပွပွကြီးဆို၇င် ကြည့်ကောင်းမှာမဟုတ်လို့ပါ။

၆။ကယ်လိုရီ လုံလောက်ရဲ့လား။

ခန္ဓာကိုယ်ရဲ့အခြေခံလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့လုံလောက်တဲ့ကယ်လိုရီရဖို့လိုပါတယ်။အကြမ်းအား
ဖြင့်အမျိုးသားတွေမှာ ကယ်လိုရီ၂၅၅၀ နေ့စဉ်လိုအပ်ပြီးအမျိုးသမီးတွေမှာတော့၁၉၄၀လိုအပ်ပါတယ်။
ဒါပေမယ့် အ၀လွန်ာမကြိုက်ဘူးဆိုရင်တော့ တခါစားရင်  သိပ်အများကြီး မစားမိဖို့ သတိထားရမှာပါ။ဒီ
လိုပဲ ခန္ဓာကိုယ်က အစားမစားထားတဲ့ပုံစံ (starvation mode)  ဖြစ်မနေဖို့ နည်းနည်းပဲစားတာမျိုးလဲမ
လုပ်သင့်ပါဘူး။
ဝမ်းဗိုက်အဆီကျဖို့ ပိန်ဖို့ဆိုတာတွေကတောနည်းလမ်းတွေက      ရှိုပြီးသားပါ။ဒါပေမယ့် ကိုယ့်ရဲ့လူနေ
မှုပုံစံကိုမပြောင်းနိုင်၇င် ဒီနည်းတွေကို လိုက်မလုပ်နိုင်ပါဘူး။နောက်တခုက စွဲစွဲမြဲမြဲ လုပ်ဖို့လဲခက်ပါတ
ယ်။အခုခေတ်မှာလူတွေကရုံးမှာလဲရုံအလျောက်၊အိမ်မှာလဲအိမ်အလျှောက်ထိုင်ပြီးအလုပ်ရင်လုပ်၊အင်
တာနက်သုံးရင်သုံး၊ဒါမှမဟုတ် တီဗီကြည့်ရင်ကြည့်  တခုခုလုပ်နေကြတာ များတာကိုး။စာရေးသူကိယ်
တိုင်လဲဝမ်းဗိုက်အဆီချဖို့ ကြိုးစားရဆဲပါ။အစားအစာကို သတိထားစားပေမယ့် လေ့ကျင့်ခန်း လုပ်ဖို့က
တခြားဗာရီယ ကိစ္စတွေနဲ့ အမြဲမလုပ်နိုင်လို့ပါ။ဒါပေမယ့်    ၀မ်းဗိုက်အဆီသိသိသာသာ မကျေသေးပေ
မယ့် လေ့ကျင့်ခန်းလုပ်တဲ့ရက်ပိုင်တွေမှာ လန်းဆန်းပေါ့ပါး နေတာကတော့ အမှန်ပါပဲ။

ဒေါက်တာဥာဏ်ပေါ် ၏ ဘားမီးကလပ်စေ့ ပေါ်မှဆောင်းပါးကိုပြန်လည်ဖေါ်ပြပါသည်။

ကိုးကား။  ။www.how-to-reduce-belly-fat.com