Friday, October 21, 2011

အိမ်ရှင်ကိုနှင်ချ၍ အိမ်ကိုမောင်ပိုင်စီးလိုသူများ (ဆောင်းပါးရှင် ဦးစောသိန်း)

သမိုင်းစာမျက်နှာဆိုသည်မှာ အဖြစ်အပျက်မြောက်များစွာစစ်မှန်သောအခြေခံအကြောင်း တရားများဖြင့် ပည့်ဖြိုးခိုင်မာဝေသီသော။မတိမ်းမယိုင်ကျောက်စာတိုင်ကြီးဟုဆိုလိုချင်ပါသည်၊သမိုင်းကိုလိမ်လည်ရေး
သား၍မရသကဲ့သို့ သမိုင်းကို ကြံဖန်ရေးသား သူများကိုလည်း သမိုင်းတရားခံ အဖြစ် စွပ်စွဲကြရမည်သာဖြစ်ပေသည်၊ လိုချင်သလို ဆွဲယူရေးသားပြီး။ မလိုအပ်သည့်အခါအဖြစ်မှန် များကို ပယ်လွှဲဖျောက်ဖျက်။ မျက်ကွယ်ပြုခြင်း။ အဆက်အစပ်မရှိဘဲ။ အကြောင်းအရာတစ်ခုမှတစ်ခုသို့ ခုန်ကျော်ရေးသားခြင်းများသည်ကား အတ္တစွဲသမားများ၏ လုပ်ကြံဖန်တီးမှုသာဖြစ်သည်၊ ယင်းကို သမိုင်းဟုပြောရ လောက်အောင်အဆင့်မရှိ သော။ အခြေအမြစ်မရှိသော။ အဓိပ္ပါယ်မဲ့လုပ်ရပ်ဟု မုချယုံကြည် ကြရမည်ဖြစ်သည်၊
  လူ။သတ္တ၀ါနှင့်တိရိစ္ဆာန် အမျိုးမျိုးတို့ကား တိကျသောအမည်ရင်းတစ်ခုစီ အသီးသီး ရှိကြစမြဲ ဖြစ်သည်၊ နှစ်ပေါင်းများစွာကြီးမြင့် ကြာရှည်လာပြီးမှ ငါ့အမည်ကား “A” မဟုတ်ပါ။ “B”  သာလျှင်ဖြစ်သည်ဟု အများပြည်သူထံကြွေးကြော်တောင်းဆိုငိုကြွေးနေရပါလျှင်။ ထိုအမည်နာမ မစစ် မြစ်သူ၏ အကြောင်းဇစ်မြစ်ကို ကြားသူတိုင်းက၀ိုင်းဟား။ ရယ်မောကြမည်သာဖြစ်သည်၊ ကြားသူတိုင်းကလည်း မင်းမိဘကိုတွေ‹အောင်ရှာပြီး သွားမေးလိုက်ပါလား ဟုသာအဖြေပေးကြရလိမ့်မည်၊စာရေးသူ မွေးကတည်းကစပြီး စစ်တွေ ဒီဂရီကောလိပ် ၏တတိယနှစ်သင်ကြားချိန် (၁၉၈၈)ခုနှစ်ထိ တွေ့ဖူးကြုံဖူးခဲ့ရသော မူဆလင်စာသင်ဘက်များထံမှ စကားကြုံတိုင်း ကြားဖူးခဲ့ရသည်မှာ “ကျွန်တော် ရို့ ကုလားပါ” ဟူ၍သာဖြစ်သည်၊
     ၁၉၈၈ ခုနှစ် ဒီမီုကရေစီအရေးတော်ပုံပြီးနောက်။ ဘင်္ဂလားဒေ့ခ်ျ-မြန်မာ နယ်စပ်ကို ရောက် လာခဲ့ရာ မကြားဖူးသော။ အသစ်အဆန်း“ရိုဟင်ဂျာ” ဆိုသည့် လူမျိုးအမည်တစ်ခုကို အံ့သြဖွယ် ကြားဖူးလာခဲ့ရသည်၊ထိုစဉ်ကျမှ ငယ်စဉ်ကကြားဖူးခဲ့သော။နှစ်စဉ်နှစ်တိုင်း ရွာသို့လာပြီး စပါးအငှား ရိတ်သူ “ရွင့်ဂျာကုလား” ဆိုသူများကို ပြေးသတိရမိသည်၊ အဖိုးသျှင်။ အဘောင်သျှင်တို့ ယင်းအချိန်က ပြောပြချက်အရ။ ထိုရွင့်ဂျာ ကုလားများမှာ။ ရေမြေခြားဘင်္ဂလားတိုင်းပြည်မှ နှစ်စဉ် နှစ်တိုင်းပင်။ ရခိုင်ပြည်သို့လာရောက်ပြီး။ စပါးအငှားရိတ်သိမ်းကြသူများဖြစ်ကြောင်း ကြားဖူးနားဝ ရှိခဲ့ ဖူးပါသည်၊ သူတို့၏ ရိုးရာ။ ဘာသာ။ ယဉ်ကျေးမှု။ ရုပ်ရည်ပုံပန်းအရ။ ယင်းရွင့်ဂျာ စပါးရိတ် ကုလားများကို တိုင်းတပါးမှာ ပေါက်စိုင်ပင်ကျဝင်ရောက် အလုပ်လာလုပ်ကြသူများအဖြစ်သာ နားလည်ခဲ့ရဖူးပါသည်၊“ရွင့်ဂျာ”ဆိုသည်မှာ“အခြေအမြစ်မဲ့သူ”ဟူ၍ှု အဓိပ္ပါယ်သက်ရောက်ပြီး“နယ်မြေအတည်တကျမရှိခြင်း” ကိုဆိုလိုကြောင်းနှင့် “ကုလား”ဆိုသည်မှာကား။ နိုင်ငံ ရပ်ခြားတိုင်း တစ်ပါး။ ရေခြားမြေခြားဒေသတစ်ခုခုမှ ရောက်ရှိလာသူများကို ဆိုလိုကြောင်း ကြားဖူးခဲ့ပေသည်၊ ထို့ကြောင့်ယင်း “ရွင့်ဂျာကုလား” များမှာ တိုင်းတစ်ပါးမှ ၀င်ရောက်လာကြသော နယ်မြေအတည် တကျမရှိသူများအဖြစ် သဘောပေါက်ခဲ့ရဖူးပါသည်၊တော်လှန်ရေးခရီးရှည်မှာလျှောက်လှမ်းရင်းဖြင့် ထိုရိုဟင်ဂျာအမည်ခံ ရွင့်ဂျာ ကုလားခေါင်း ဆောင်များ နှင့် လည်းတစ်ခါတရံတွေ့ဆုံ စကားကြုံဖူးခဲ့ပါသည်၊ သူတို့၏ အယူအဆမှာ သမိုင်း အဆက်ဆက်က ရိုဟင်ဂျာ မင်းဆက်ပေါင်းများစွာရခိုင်ပြည်ကို စိုးစံခဲ့ဖူးကြပြီး။ မင်းဆက်သက်သေ ငွေဒင်္ဂါးများစွာက သက်သေထူ လျက်ရှိ ကြောင်း ပြောပြခဲ့ကြသည်ကို နားထောင်ခဲ့ဖူးသည်၊ မကြားစဖူး ဖြစ်၍။ မုသ၀ါဒါဟူ၍သာ မှတ်ယူခဲ့ရသည်၊ လေ့လာတွေ့ရှိခဲ့ရသမျှဆိုပါမူ ရခိုင်မင်းဆက်အချို့တို့.အိမ်နီးချင်း မိတ်ဖက်ပေါင်းဖော် ပီသခြင်းဆိုသည့် န့်ရှင်းသောအလေးထားအသိမှတ်ပြုခြင်းများကို။လူတချို့က အာရပ်စာဖြင့်ရေးထိုးသုံးစွဲသော ရခိုင်ဒင်္ဂါးများမှာ။မူဆလင်မင်းများ၏ သမိုင်းအမွေအနှစ် အဖြစ်၎င်း။မူဆလင်အမည်ခံခဲ့ကြသည့် ရခိုင်မင်းများအား မူဆလင်မင်း များ အဖြစ်၎င်း၊ ထိုမင်းများ သည်ပင်လျှင် ရိုဟင်ဂျာ အမည်ခံကြသည့် ရွင့်ဂျာကုလားလူမျိုးများဖြစ်ခဲ့ကြသယောင်။ အကြံအဖန် ထုတ်နေကြသည်ကို အံ့သြဖွယ်ရာ တွေ့ရှိလာခဲ့ရသည်၊သို့သော် ဖော်ပြပါ မင်းဆက်များသည်ကား ဗုဒ္ဓဘာသာ။ာသနာထွန်းကားစည်ပင်ရေးအတွက်။ ကျောင်းကန်။ စေတီ။ ပုထိုး။ ဘုရားဌာပနာ တည်ဆောက် ခြင်း အမှုများကိုသာပြုခဲ့ကြပြီး ဗလီမသိတ် တည်ဆောက်၍ အစ္စလင်(မ်)ဘာသာ စည်ပင်ရေးလုပ်ငန်းများ ဖော်ထုတ်ခဲ့ကြသည်ကိုကား တစိုးတစိမျှမတွေ‹ရှိခဲ့ရချေ၊ ရခိုင်သမိုင်း ၃၃၂၅ ဘီစီ မှသည် ၁၇၈၄ အေဒီထိတိုင် သမိုင်းစာမျက်နှာများက သက်သေထူလျက်ရှိကြောင်းအတိအလင်း တွေ့မြင်ကြရမည်သာဖြစ်ပေသည်။
 သက္ကရာဇ် ၃၃၂၅ ဘီစီ မှ ၁၇၈၄ အေဒီထိ ရခိုင်သမိုင်းတွင် မည်သည့်ရိုဟင်ဂျာခေါ် သမိုင်းပညာရှင် တစ်ဦးတစ်ယောက်၏.မှတ်တမ်းမှတ်ရာကိုမျှ မတွေ့ရှိခဲ့ရချေ၊ခေတ်သစ်ပေါ် သမိုင်းလေ့လာသူဆိုသူများကသာ ပွဲလန့်တုန်းဖျာခင်းအယူဖြင့်။မြန်မာပြည် စစ်အစိုးရအား နိုင်ငံတကာဖိအားပေးမှုများအပေါ် အခွင့်ကောင်းယူ၍ လိုအပ်သည့်အခါ။ လိုအပ်သလို ရှုပ်ထွေးပွေလီစွာရေးသားဖော်ပြနေကြသည်ကို သမိုင်းအဖြစ် ရွင့်ဂျာ ကုလား များက ဖန်တီးယူနေကြသည်။
ပြည့်စုံသော သမိုင်းမရှိဘဲ။ လူမျိုးမရှိနိုင်။ လူမျိုးမရှိလျှင် ဘာသာ။ သာသနာလည်း ရှိနိုင်လိမ့် မည်မ ဟုတ်ချေ၊ထိုနည်းတူ စာပေ။ ယဉ်ကျေးမှု။ အနုပညာ ဆိုသည်ကိုလည်း သမိုင်းမရှိသူများ ရှာတွေ့နိုင်ကြ လိမ့်မည်မဟုတ်ချေ၊အာရ်ဗီစာကို ရခိုင်ဘုရင်မင်း အဆက်ဆက်ကရှိနှင့်ခဲ့သော ရွင့်ဂျာကုလားစာဟု ကမ္ဘာကိုကြော်ငြာထည့ှ်ုလည်း အများသူငါတို့က ယုံကြည်နိုင်ကြ လိမ့်မည်မဟုတ်ချေ။
လူမျိုးတစ်မျိုး. သမိုင်းစဉ်ဆက့် ဖြစ်ပျက်မှုများစွာကို တွေဏ္ဍရှိကြရမည်ဖြစ်သည်၊ ပညာရေး။ ကျန်းမာ ရေး။ လူမူရေး။နိုင်ငံရေးနှင့် အားလုံးသော ဖြစ်ပေါ်တိုးတက်ရေးစသည့် လုပ်ငန်းတာဝန်များကို။ မျိုးဆက်သစ်များက လက်ဆင့်ကမ်းသယ်ယူခဲ့ကြသည်ကို စဉ်ဆက်မပြတ်သော သမိုင်းစာမျက်နှာများက သက်သေထူပြကြသည်၊ထိုအကြောင်းအရာများကို အခြေခံ၍ ရွင့်ဂျာကုလား“ရိုဟင်ဂျာ”ဆိုသူများ၏ ဖြစ်အင်ကို လည်း ဆန်းစစ်ကြည့်သင့်သည်၊ လူသားတိုင်းက အမျိုးကိုချစ်ကြသည်မှာ သဘာဝတရားပင်ဖြစ်သည်၊ လွတ်လပ်သော လူမျိုးတစ်မျိုး ဖြစ် ၀င့်ထယ်စွာနေလိုကြသည်သာဖြစ်သည်၊တိုင်းပြည်နှင့် လူမျိုးအတွက် အသက်စတေးတိုက်ပွဲဝင်ကြသည်၊ အကယ်၍သာ ရွင့်ဂျာကုလား“ရိုဟင်ဂျာ”အမည်ခံများကသာ ရခိုင်ပြည့်ထီးစိုးနန်းစံနေခဲ့ဖူးပါမူ။အောက်ဖော်ပြပါနှိုင်းယှဉ်ချက်များဖြင့် ဆန်းစစ်ကြည့်ကြရမည်ဖြစ်
ပေသည်၊
 (က) ၁၇၈၄ ခုနှစ် ရခိုင်ဘုရင့်နိုင်ငံတော်ကို ဗမာဘုရင်မောင်ဝိုင်း ၀င်ရောက်သိမ်းပိုက်၍ ရခိုင်တစ်မျိုးသားလုံး ကျွန်သပေါက်ဘ၀သို့ ရောက်ခဲ့ကြရစဉ်က ရွင့်ဂျာကုလား “ရိုဟင်ဂျာ” စစ်တပ် ဟူ၍ ရခိုင်ပြည်လွတ်မြောက်ရေး စစ်ဆင်ရေးတစ်စုံတစ်ရာကို ရခိုင်သမိုင့်း တွေ့ရှိနိုင်ခြင်းမရှိပေ၊ ထိုလူမျိုး. လွတ်လပ်ရေးတိုက်ပွဲ့ ပါဝင်မှု ဆုံးရှုံး နစ်နာ မှု ဟူ၍လည်းမတွေ‹ရှိရချေ၊ အမျိုးဘာသာမတူငြားသော်လည်း နိုင်ငံပိုင် မဟာမြတ်မုနိ ဗုဒ္ဓရုပ်ပွါးတော်ကို ဗမာနယ်ချဲ့မင်းတို့ အတင်းအဓမ္မ ယူဆောင်ခဲ့ကြစဉ်ကလည်း ထိုကုလားတို့၏ အသိစိတ်ဓါတ်ဖြင့် ဆန့်ကျင်တော်လှန် မှုပြုခဲ့ကြသည် လည်း မရှိခဲ့ချေ၊ ရခိုင်အမျိုးသားတို့ သွေးချောင်းစီးခဲ့ကြရသည်။အသက် နှင့်အိုး။ အိမ် ပိုင်ဆိုင်မှု များ ဆုံးရှုံးခဲ့ကြရသည်၊ အသိပညာရှင်။ အတတ်ပညာရှင်များလက်လွတ်ပေး ခဲ့ကြရသည်၊လူအခွင့်အရေး ပေါင်း စုံကို  ချိုးဖောက်ခံခဲ့ကြရသည်၊ သို‹သော် ထိုကုလားများ. မှတ်တမ်းတစ်စုံတရာကိုမျှ မည်သည့် သမိုင်းစာမျက်နှာ ကမှ ထောက်ပြမူမရှိပေ၊ရခိုင်စစ်သည်ကြီး ဗိုလ်ချင်းပျံ ကျဆုံးရသည်ထိတိုင် ဗမာဆန့်ကျင်ရေး တိုက်ပွဲပေါင်း မြောက်များစွာ မည်သည့် ရွင့်ဂျာကုလား ဦးဆောင်ပါဝင်ပူးပေါင်းမှု ကိုမျှ ရခိုင်သမိုင်း၌ မတွေ့ရသည်မှာ ငြင်းစရာ မရှိချေ။
သမိုင်း အစဉ်အလာ အရ ရခိုင်အပါအ၀င် မြန်မာတိုင်းရင်းသားများ လွတ်လပ်ရေးတိုက်ပွဲ ကာလ တွေ့ရပုံ
 (ခ) ၁၈၂၆ ခုနှစ်မှ ၁၉၄၂ ခုနှစ်ထိတိုင် ရခိုင်ပြည်အပါအ၀င် ဗမာပြည်တစ်ခုလုံး။ အင်္ဂလိပ် မျက်နှာဖြူများလက် အောက် ကျွန်သပေါက်ဘ၀သို့ ကျရောက်ခဲကြရစဉ်က ဗြိတိသျှဆန့်ကျင်ရေး။ ဗမာပြည်။ ရခိုင်ပြည်လွတ်လပ်ရေ့း ရခိုင်ပြည်ကို စိုးစံခဲ့သည်ဆိုသည့် မည့်သည့်ကုလားရွင့်ဂျာ “ရိုဟင်ဂျာ” ဆိုသူတို့၏ လှုပ်ရှားမှုကိုမျှ မတွေ့ရှိခဲ့ရပေ၊ မြန်မာပြည် လွတ်လပ်ရေး၏ မီးရူးတန်ဆောင် ရခိုင့်အမျိုးသား ဆရာတော် ဦးဥတ္တမကဲ့သို့သော ခေါင်းဆောင် တော်ကြီးများ. မျက်နှာဖြူ ဆန့်ကျင်ရေး။ မြန်မာပြည်လွတ်လပ်ရေးတိုက်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာအရ ဦးဆောင်တိုက်ပွဲ ၀င်ခဲ့ကြစဉ်က “ရိုဟင်ဂျာ” အမည်ခံလိုကြသူများဘယ်ခြုံကြားမှာ ရှောင် ပုန်း နေ ခဲ့ကြသည်ကို မပြောပြတတ်ပါ၊
(ဂ) ၁၉၄၂ ခုနှစ်မှသည် ၁၉၄၅ ခုနှစ် ကာလအတွင်း။ ဖက်ဆစ်ဂျပန်လက်အောက် ရခိုင်ပြည် အပါအ၀င် ဗမာပြည်ကြီး တစ်ခုလုံးလူမျိုးပေါင်းစုံ ဘာသာပေါင်းစုံတို့ ညှင်းပန်းနှိပ်စက်ခြင်းမျိုးစုံကို သဲထိပ်ဖွယ်ရာ ခံစား ခဲ့ကြ ရသည်၊ ရခိုင်အမျိုးသားများ. မျိုးချစ်စိတ် ထက်သန်ပြည့်ဝမှုတို့ကြောင့် ဖက်ဆစ်ဂျပန်တော်လှန်ရေးကို ရခိုင်ပြည်  မှ စတင်၍ ရခိုင်အမျိုးသားတို့က တွန်းလှန်တိုက်ပွဲဝင်ခဲ့ကြ သည်မှာ မြန်မာ့သမိုင်းတွင် ထင်ရှားလွန်းလှသည်၊ သို‹သော် ဘင်္ဂလီမူဆလင် “ရိုဟင်ဂျာ” ဆိုသူများ ၏ သမိုင်းကိုကားတစ်စိုးတစ်စိမျှ ရှာမတွေ့နိုင်ချေ၊

(ဃ) ၁၉၄၅-၁၉၄၇ ခုနှစ် ဒုတိယအကြိမ်မြောက် ဗမာပြည် ဗြိတိသျှလက်အောက် ကျရောက်ခဲ့သည်၊ ဗမာအာဇာ နည် ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သေ GCBA, BIA, AFPFL စသည့် အသင်းအဖွဲ့။ စစ်တပ် နှင့်နိုင်ငံရေးပါတီတို့ပေါ်ပေါက်လာခဲ့ပြီး၁၉၄၈ ခုနှစ်တွင် မြန်မာပြည်လွတ်လပ်ရေးကို ဗြိတိသျှ လက်အောက်မှ အရယူနိုင်ခဲ့ကြသည်၊ သို‹သော် လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းကားရွင့်ဂျာကုလားများတို့အား“ရိုဟင်ဂျာ”အမည်ဖြင့်အသိမှတ်ပြု ရေးကိုလည်းကောင်း ပင်လုံညီလာခံသို့တက် ရောက်ရန် ဖိတ်ကြား ခဲ့ဖူးသည် ကိုလည်းကောင်း မကြားဖူး။ မဖတ်ဖူးသည်မှာ ယနေ့တိုင်ပင် ဖြစ်သည်။

ဦးစောသိန်း၁။၈။၀၉

Thursday, October 20, 2011

တရုတ်ကျောင်းသားတွေ ဘာကြောင့်ကမ္ဘာ့ထိပ်ဆုံးသို့ရောက်လာသလဲ



အာရှကို ကမ္ဘာ့ အတော်ဆုံး အထူးချွန်ဆုံး ကျောင်းသားတွေ ထုတ်လုပ်ပေးနေတဲ့ နေရာအဖြစ် အသိအမှတ် ပြုထားကြသည်။ ဒီလို အာရှကျောင်းသားတွေ ထူးချွန်ထက်မြက်တာကို အနောက်နိုင်ငံတွေက လွယ်လွယ် အသိအမှတ်ပြုတာတော့ မဟုတ်။
 ဖွံ့ဖြိုးပြီး OECD ၃၄ နိုင်ငံက ကျောင်းသားတွေရဲ့ ပညာရည်စစ်တမ်း (Programme for International Student Assessment –PISA) ပြိုင်ပွဲတိုင်းမှာအာရှaကျာင်းသားတွေက အနောက်ကကျောင်းသားတွေကိုနောက်
ကောက်ချ ထားနိုင်လို့သာ ဖြစ်သည်။ PISA ပြိုင်ပွဲကို ၂၀၀၀ ခုနှစ်ကတည်းက စတင်ခဲ့ပြီး၊ အသက် ၁၅ နှစ်အောက် ကျောင်းသားတွေရဲ့ သင်္ချာ၊ သိပ္ပံနဲ့ စာဖတ်စွမ်းရည် သုံးခုကို အဓိကထား စစ်ဆေးခြင်း ဖြစ်သည်။
၂၀၀၉ ခုနှစ် PISA စစ်ဆေးမှု ရလဒ်ကို ကြည့်ရင် တရုတ်ပြည် ရှန်ဟိုင်း ကျောင်းသားတွေက နံပါတ် (၁)၊ တောင်ကိုရီးယား ကျောင်းသားတွေက (၂)၊ ဖင်လန် က (၃)၊ ဟောင်ကောင်က (၄) နဲ့ စင်္ကာပူက (၅) နေရာ ချိတ်သည်။ အမေရိကန် ပြည်ထောင်စုမှ ကျောင်းသားတွေက (၁၄) နဲ့ ဗြိတိန် ကျောင်းသားတွေက (၁၈) နေရာမှာသာ ချိတ်သည်။
ဒီတော့ အနောက်နိုင်ငံ ပညာရေးသမားတွေက သူတို့ သင်ကြားရေးစနစ်တွေ ပြုပြင်ဖို့ အာရှ စာသင်ခန်းတွေကို လေ့လာလာကြရသည်။ အာရှပညာရေး အောင်မြင်မှု နောက်ကွယ်မှာ ဘာတွေရှိသလဲ။




 သတ်သေတဲ့အထိ ကြိုးစား
အာရှအောင်မြင်မှု ဆိုတာကလည်း ဝေးဝေး ပြေးကြည့်စရာမလို။ လောလောဆယ် ထိပ်ဆုံးရောက်နေတဲ့ တရုတ်နဲ့ တောင်ကိုရီးယားကို ကြည့်ရင်ပင် အတော်လုံလောက်ပြီ။ ဒီနှစ်နိုင်ငံရဲ့ ပညာရေးမှာ မိဘတွေရဲ့ အခန်းကဏ္ဍက အဓိကကျသည်။ ကျောင်းသားအပေါ် မိဘတွေရဲ့ ဖိအားပေးမှု၊ စည်းကမ်းတင်းကျပ်မှုနဲ့ မနားတမ်း လေ့လာခိုင်းမှုတို့ ဖြစ်သည်။
ဟောင်ကောင်မှာ ကလေးတွေကို ကျောင်းအပြင် ကျူရှင်တွေမှာပါ အပ်ကြပြီး၊ ကျူရှင်ဆရာတွေကလည်း အရမ်းချမ်းသာကြသည်။ ဒါပေမဲ့ ကလေးအချို့က အဆင့် (grade) ကောင်းဖို့ ကြိုးစားရင်း သတ်သေတဲ့အထိ ဖြစ်ကုန်သည်။ သတ်သေတဲ့အထိ ကြိုးစားကြသည်ဟု ဆိုရမည်။
ဟောင်ကောင်နဲ့ ရှန်ဟိုင်းကိုကြည့်ရင် ကလေးတွေရဲ့ ဘ၀က တစ်ပုံစံထဲ ဖြစ်သည်။ ကျောင်းပြီးရင် ကျူရှင်၊ ပီယာနို၊ ရေးကူး၊ တင်းနစ်၊ ဘဲလေးအက၊ အိမ်စာလုပ် ဆိုတဲ့ ပုံစံဖြစ်သည်။ အဲဒီလမ်းကြောင်းအတိုင်း မိဘတွေက ကလေးတွေကို အသေမောင်းသည်။
ကလေးကိုယ်တွေကိုယ်တိုင် သူတို့ကိုယ်သူတို့ ဖိအားပေးထားလို့
ကလေးရဲ့ အနာဂတ် ကောင်းမွန်ဖို့အတွက် ကလေးကို ငယ်စဉ်မှာ နည်းနည်းမှ ညှာစရာမလိုဘူးဆိုတဲ့ ကလေးပြုစုပျိုးထောင်နည်း ဖြစ်သည်။ ဒီနည်းကို စာရေးဆရာမ အေမီချွာက သူရဲ့ နာမည်ကြီး 'ကျားမေမေရဲ့ တိုက်ပွဲတေးသံ' စာအုပ်မှာ တရုတ်မိဘတွေရဲ့ ကလေးပြုစု ပျိုးထောင်နည်း အဖြစ် ဖွင့်ချခဲ့သည်။
အဲဒီလို တရုတ် ကျားမေမေတွေက အသားကုန် မောင်းနှင်တာကို သူတို့ သားသမီးတွေကကော လိုလိုလားလား ရှိကြရဲ့လား။
မကြာခင်က အနောက် ပညာရေးအဖွဲ့တစ်ဖွဲ့က ဟောင်ကောင် ကျောင်းတွေကိုသွားပြီး၊ အဲဒီက ကလေးတွေကို တွေ့ဆုံမေးမြန်း ကြည့်သည်။ အဖြေက ရှင်းသည်။ တရုတ်မိဘတွေက သူတို့ ကလေးတွေဆီက တောင်းဆိုတာက ပြင်းထန်လွန်းသည်။ နည်းနည်းမှ အလျှော့မပေး။ အနောက်က ကလေးတွေလို လျော့ရဲရဲ မဟုတ်။ ဒီတော့ တရုတ် ကလေးတိုင်းမှာ ဖိအားတွေ ရှိနေတာ တွေ့ကြရသည်။
ဒါပေမဲ့ တဖက်မှာလည်း အဲဒီ လမ်းကြောင်းက ဟောင်ကောင် ကလေးတွေကို သင်္ချာနဲ့ သိပ္ပံ ကမ္ဘာ့ ထိပ်ဆုံး အဆင့် ရောက်အောင် ပို့ထားသည်။ ဟောင်ကောင် တက္ကသိုလ်က အာရှမှာ အကောင်းဆုံး ဖြစ်သည်။ အဲဒီလို ထိပ်ဆုံးရောက်အောင် တရုတ် ကျားမေမေတွေက နေ့စဉ် နောက်က မောင်းပေးနေသည်။ ဒါကြောင့်လည်း ကလေးတွေရဲ့ ပြိုင်ဆိုင်မှုက ပြင်းထန်လွန်းသည်။
ဟောင်ကောင်က တရုတ် ကလေးတစ်ယောက်ကို ဥပမာ ကြည့်ရင် ပိုမြင်သာမည်။ အသက် ၈နှစ်မှာ သူကိုယ်တိုင်ရေးတဲ့ စာအုပ် ထုတ်ဝေပြီးပြီ။ အသက် ၁၂ နှစ်မှာ ရှစ်တန်းအဆင့် ပီယာနို စာမေးပွဲ အောင်သည်။ ဂီတ၊ ရေကူး၊ ယောဂ လေ့ကျင့်ခန်း၊ ဘတ်စကက်ဘော၊ ပြင်သစ်စာ ပြိုင်ပွဲတိုင်း ဆုတွေ အများကြီးရထားသည်။ သူက 'စတီဖန်နီ အန်း' ဆိုတဲ့ အသက် ၁၄ နှစ် အရွယ် ကျောင်းသူလေး။ သူ့မိဘတွေ ဂုဏ်ယူဖို့ မအိပ်မနေ ကြိုးစားသည်။
ဘာလို့ ဒီလောက် သဲကြီးမဲကြီး လုပ်နေရတာလဲလို့ 'စတီဖန်နီ' ကို မေးကြည့်တော့ အဖြေက၊ မိဘတွေက ဖိအားပေးလို့ချည်း မဟုတ်ဟု ဖြေသည်။ သူ့ကိုယ်တိုင်က အမြဲထိပ်ဆုံးရောက်ဖို့ ဖိအားတွေ ပေးထားတယ်ဟု ဆိုသည်။ မိဘကလည်း ဖိအားပေး၊ ကလေးကိုယ်တိုင်ကလည်း ပြိုင်ပွဲတိုင်း ထိပ်ဆုံး ရောက်လိုစိတ်ကဲနေတာ တွေ့ကြရသည်။
ခြုံကြည့်ရင် ဟောင်ကောင်နဲ့ ရှန်ဟိုင်းက ကလေးတိုင်းဟာ ထိပ်ဆုံးရောက်ဖို့ အပြင်းအထန် အသည်းအသန် ကြိုးစားနေကြသည်။ ထိပ်ဆုံးရောက်ရေး ဆိုတဲ့ ဖိအားတွေနဲ့ ကြီးပြင်းလာကြသည်။ ကလေးတွေရဲ့ အဓိက မက်လုံးက ပညာရေးမှာ ထိပ်ဆုံးရောက်ရင် အလုပ်ကောင်း၊ လစာကောင်း ရမယ်၊ သူများ အထက်က နေနိုင်မယ်ဆိုတဲ့ အတွေးအမြင် ဖြစ်သည်။ မိဘတွေကလည်း အဲဒီ စိတ်ကူးလမ်းကြောင်းကို ချပေးထားသည်။
ဒီတော့ တရုတ်ကျောင်းသားတွေ ဘာကြောင့် ကမ္ဘာ့ပညာရေး ထိပ်ဆုံးကို ရောက်လာသလဲ မေးခွန်းအတွက် အဖြေက လူ့အဖွဲ့အစည်းနဲ့ သူတို့ကိုယ်တိုင်က ဖိအားပေးထားလို့ဟု ဆိုရမည်။ မိဘတွေက ခိုင်းလို့၊ တောင်းဆိုလို့ချည်းကြောင့် မဟုတ်။ ကလေးတွေ ကိုယ်တိုင်က သည်းကြီးမဲကြီး ဖြစ်နေလို့ ဖြစ်သည်။
ပါရမီရှင် မွေးထုတ်နေတာ မဟုတ်
ဒါပေမဲ့ ဒီနည်းက မှန်ကန်တဲ့ ပညာရေးစနစ် ဖြစ်ရဲ့လားဆိုတာ မေးစရာ ရှိလာသည်။ ဒီလို ပြိုင်ဆိုင်မှုတွေ ဖိအားတွေနဲ့ သင်ယူလေ့လာနေတဲ့ ပညာရေးစနစ်က အိုင်းစတိုင်း၊ အယ်ဒီဆင် နဲ့ စတီဗ် ဂျော့ဘ် တို့လို ပါရမီရှင်တွေ ပေါ်ထွက်လာမှာ မဟုတ်တာ သေချာသည်။ ဒါကို ဟောင်ကောင်နဲ့ ရှန်ဟိုင်းက ကျောင်းဆရာ ဆရာမတွေကလည်း ၀န်ခံသည်။
ဟောင်ကောင်က အထက်တန်း ကျောင်းအုပ်တစ်ဦး ပြောတာက "ဟုတ်ပါတယ်။ ကျနော်တို့ ကလေးတွေ ပါရမီရှင်တွေ ဖြစ်လာမှာ မဟုတ်ပါဘူး။ သူတို့ ပါရမီရှင်တွေ ဖြစ်အောင်လည်း ကျနော်တို့ မွေးထုတ်နေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ အနာဂတ်မှာ ကျနော်တို့ ကလေးတွေ အဆင့်မြင့်ဆုံး အလုပ်အကိုင်တွေ၊ ၀င်ငွေကောင်းတွေ ရပြီး ပျော်ပျော်ရွှင်ရွှင် နေနိုင်မှာတော့ သေချာပါတယ်" တဲ့။
ပညာရေး အဓိပ္ပါယ်က အောင်မြင်ချမ်းသာဖို့၊ အလုပ်အကိုင်ကောင်းရဖို့ ဆိုရင်တော့ လက်ရှိ တရုတ်နည်း၊ တောင်ကိုရီးယား နည်းအတိုင်း ကိုယ့်ကလေးကို သတ်သေလောက်အောင် မညှာမတာ ဖိအားပေး မောင်းဖို့ လိုမည်။
ပညာရေး အဓိပ္ပါယ်ကို ဒီ့ထက်ကျယ်ကျယ်ပြန့်ပြန့် တွေးရင်တော့ လက်ရှိ အမေရိကန်နဲ့ ဗြိတိန်တို့လို PISA ပြိုင်ပွဲရဲ့ အဆင့် ၁၄ တို့ ၁၈ တို့လောက်နဲ့ သွားနိုင်သည်။ ရှန်ဟိုင်းနဲ့ ဟောင်ကောင်လို ထိပ်ဆုံး အဆင့် မရောက်လည်း ဘာမှ မဖြစ်။ ကံကောင်းရင် ကျောင်းစာမှာ ခပ်ပေါ့ပေါ့နေတတ်တဲ့ ကိုယ့်ကလေးက ပါရမီရှင်တောင် ဖြစ်ချင် ဖြစ်ဦးမည်။ မိဘများနဲ့ ပညာရေးသမားများ ကြိုက်တဲ့နည်းကို ယူပါလေ။
ဝင့်ထန်း
ရည်ညွှန်း။ the Economist & Al Jazeera

မောက္ခ ပညာရေး အင်တာနက်စာမျက်နှာမှ ကူးယူဖေါ်ပြပါသည်။