Friday, February 7, 2014

ဒုချီးရာတန်း စုံစမ်းရေး ကော်မရှင် ဖွဲ့ပြီ

ရခိုင်ပြည်နယ် မောင်းတောမြို့ ဒုချီးရားတန်း ကျေးရွာကိစ္စ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းလိုက်ပါပြီ။ အပြည့် အစုံကိုတော့ ပြန်ကြားရေး ဝန်ကြီး ဌာန ၀က်ဆိုက်ပေါ်မှာ အခုလိုဖော်ပြထားပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာ အမှတ်၊ ၁၆/၂၀၁၄
၁၃၇၅ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် (၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်) စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းခြင်း

 ၁။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဒုချီးရားတန်းကျေးရွာနှင့်ဒုချီးရား တန်း(အနောက်)ကျေးရွာတို့တွင် ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၃ရက်နေ့ဖြစ်ပွားခဲ့သည့် ကိစ္စရပ်နှင့် ဇန်နဝါရီလ ၂၈ ရက်နေ့၌ ဖြစ်ပွားခဲ့သော ကိစ္စရပ်တို့နှင့်စပ်လျဉ်း၍ ဖြစ်စဉ်ဖြစ်ရပ်အမှန်ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးရန် အောက်ဖော်ပြပါ ပုဂ္ဂိုလ်များ ပါဝင်သော “စုံစမ်းစစ်ဆေးရေးကော်မရှင်” ကို ဖွဲ့စည်းတာဝန်ပေးအပ်လိုက်သည်-

(က) ဒေါက်တာသာလှရွှေ ဥက္ကဋ္ဌ ဥက္ကဋ္ဌ မြန်မာနိုင်ငံကြက်ခြေနီအသင်း
(ခ) ဦးထွန်းအောင်ချိန် အဖွဲ့ဝင် အဖွဲ့ဝင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (ဂ) ဒေါက်တာငွန်ကျုံးလျန် အဖွဲ့ဝင် နိုင်ငံတကာဥပဒေပညာရှင်
(ဃ) ဒေါက်တာတင်သိန်းလွင် အဖွဲ့ဝင် ဒုတိယဥက္ကဋ္ဌ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့
(င) ဦးတင်ဦး အဖွဲ့ဝင် အငြိမ်းစားသံအမတ်ကြီး
(စ) ဟာဂျီဦးတင်မောင်ဝင်း အဖွဲ့ဝင် အလုပ်အမှုဆောင်အဖွဲ့ဝင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး အဖွဲ့
(ဆ) ဦးဝင်းတည် အဖွဲ့ဝင် အလုပ်အမှုဆောင်အဖွဲ့ဝင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့
(ဇ) ဦးသာပွင့်(ရပ်မိရပ်ဖ) အဖွဲ့ဝင် စစ်တွေမြို့၊ ရခိုင်ပြည်နယ်
(ဈ) ဦးလှသိန်း(ခ)မော်ဂျီဟူလာ(ရပ်မိရပ်ဖ) အဖွဲ့ဝင် မောင်တောမြို့၊ ရခိုင်ပြည်နယ် (ည) ဒေါက်တာကျော်ရင်လှိုင် အတွင်းရေးမှူး Myanmar Egress

၂။ စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် အောက်ဖော်ပြပါ ကိစ္စရပ်များအပေါ် ဖြစ်စဉ်ဖြစ်ရပ် အမှန် ပေါ်
ပေါက် ရန် စုံစမ်းစစ်ဆေးပြီး သုံးသပ်ချက်နှင့်တကွ အကြံပြုတင်ပြရမည်-

(က) ၁၃-၁-၂၀၁၄ ရက်တွင် ဒုချီးရားတန်းကျေးရွာ၌ ခရေမြိုင် ရဲကင်းမှ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း
သေဆုံးရသည့် ဖြစ်စဉ်နှင့် စပ်လျဉ်း ၍ ဖြစ်ပွားရသည့် အကြောင်းရင်းနှင့် ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်-မဟုတ်။

(ခ) ၂၈-၁-၂၀၁၄ ရက်တွင် ဒုချီးရားတန်း(အနောက်)ကျေးရွာ မီး လောင်မှုဖြစ်ပွားရသည့် အကြောင်းရင်း
နှင့် မည်သူ့ ပယောဂကြောင့် မီးလောင်ကျွမ်းခြင်း ဖြစ်ကြောင်း။

(ဂ) ဒုချီးရားတန်း(အနောက်) ကျေးရွာ မီးလောင်သည့်ဖြစ်စဉ်နှင့် စပ်လျဉ်း၍ အခြေအမြစ်မရှိသော မမှန်ကန် သည့် သတင်းထုတ် လွှင့်မှုနှင့် မည်သူတို့က ဆောင်ရွက်ကြောင်း။
(ဃ) ဖြစ်စဉ်များကြောင့် သေဆုံး၊ ဒဏ်ရာရရှိမှု၊ နေအိမ်ဥစ္စာ ပစ္စည်းများ ပျက်စီးဆုံးရှုံးမှု အခြေအနေ။

(င) ထပ်မံမဖြစ်ပွားစေရန် ကြိုတင်ကာကွယ် ဆောင်ရွက်သင့်သည့် အကြံပြုချက်များ။

၃။ စုံစမ်းစစ်ဆေးရေး ကော်မရှင် တာဝန်ထမ်းဆောင်စဉ် လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ လိုအပ်ချက် များကို နိုင်ငံတော် သမ္မတရုံးနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့က စီမံဆောင်ရွက်ပေးရမည်။

၎။ စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ၊ သက်သေခံ ဥပဒေတို့နှင့် အညီ စုံစမ်းစစ်ဆေး နိုင်သည့်အပြင် သက်သေများဆင့်ခေါ်ခြင်း၊ စာရွက်စာတမ်းများ တောင်းခေါ် ခြင်းနှင့် လိုအပ်သည့် နေရာများသို့ သွားရောက်စစ်ဆေးခြင်းတို့ကို
ဆောင်ရွက်ခွင့်ရှိသည်။

စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အရောက် နိုင်ငံတော်သမ္မတထံသို့ တိုက်ရိုက်အစီရင်ခံ တင်ပြရမည်။


(ပုံ)
သိန်းစိန်
 နိုင်ငံတော်သမ္မတ
 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

တပ်မတော်သားတစ်ဦး မုဒိန်းကျင့်ရန် ကြံစည်ရာ မအောင်မြင်တဲ့ အတွက် ရိုက်နှက်မှု တစ်ခု ဖြစ်ပွား

မွန်ပြည်နယ် သံဖြူဇရပ်မြို့ နယ် ၀ါရက်ကျေးရွာ အခြေစိုက် အမှတ်(၃၁၅) အမြောက်တပ်ရင်းမှ ဒုတပ်ကြပ်ရဲလင်းထွန်းက ၂၆/၀၁/၂၀၁၄ ရက်နေ့ မနက်(၂)နာရီ အချိန်မှာ ဝါရက်ကျေးရွာနေ မိချို(အသက်-၃၄-နှစ်)ကို မုဒိန်းကျင့်ရန် ကြံစည်ရာ မအောင်မြင်တဲ့ အတွက် ရိုက်နှက်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သစ်ထူးလွင် မှ စုံစမ်းသိရှိရပါတယ်။

ဇန်န၀ါရီလ(၂၆)ရက်နေ့ မနက်(၂)နာရီ အချိန်မှာ မိချို က တပ်ရင်း တောင်ဘက် ၃ ခြံကျော်က ရော်ဘာခြံမှာ အစေးလှီနေတုန်း ဒုတပ်ကြပ် ရဲလင်းထွန်းက အနောက်ဘက်ကနေ မိချိုကို ဝင်လုံးပြီး ကြံစည်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီမှာ မိချိုက ဘာလိုချင်လို့ လူကိုဝင်လုံးတာလဲလို့  မေးပါတယ်။ ရဲလင်းထွန်းက ဘာမှမလိုဘူး လူကိုဘဲ လိုချင်တယ်လို့  ပြောပါတယ်။ အဲဒီမှာမိချို မာယာသုံးပြီး ဘောင်းဘီ ချွတ်ခိုင်းပါတယ်။ ရဲလင်းထွန်း ဘောင်ဘီချွတ်တဲ့ အချိန်မှာ မိချို က ယောကျာင်္တန်ဆာကို ဆွဲညှစ်လိုက်ပြီး သူတပြန် ကိုယ်တပြန် သတ်ပုတ်ခဲ့ကြောင်း သိရပါတယ်။

လုံးထွေး သတ်ပုတ်နေစဉ် မိချိုက ရဲလင်းထွန်းရဲ့ လက်ကို ကိုက်ပါတယ်။ ရဲလင်းထွန်းက နာလွန်လို့ လက်ကိုဆွဲနူတ်တဲ့ အချိန်မှာ မိချိုရဲ့ သွားနှစ်ချောင်း ကျွတ်ထွက်သွားပါတယ်။ ရုံးရင်းဆန်ခတ်ဖြစ်နေတဲ့ အချိန်မှာ ရဲလင်းထွန်က မိချိုကို ရိုက်နှက်ထားလို့ ဦးခေါင်းခွံကွဲ ဒါဏ်ရာ၊ ညာမျက်စိ ဖူးရောင်ဒါဏ်ရာ နှင့် လက်ညိုးပြတ်ရှ ဒါဏ်ရာ ရထားပါတယ်။

ရဲလင်းထွန်းလည်း တန်ဆာဆွဲခံထားရတဲ့ ဒဏ်ကြောင့် ထွက်ပြေးသွားပါတယ်။ မိချိုက ခြံနီနားခြင်းတွေကို အကူညီတောင်းပြီး ဝဲရက်ကျေးရွာ အုပ်ချုပ်ရေးမှူးဦးစိန်အောင်ဆီ သွားရောက် တိုင်ကြားခဲ့စဉ်မှာ အဆိုပါ ဖြစ်စဉ် အသေးစိတ်ကို ထွက်ဆိုခဲ့တာဖြစ်ပါတယ်။

အုပ်ချုပ်ရေးမှူးလည်း ရဲကို အကြာင်းကြားပြီး အခင်းဖြစ်နေရာကို သွားကြည့်တဲ့ အခါမှာ တပ်မတော်သား ကတ်တစ်ခုနဲ့ ဆိုင်ကယ်သော့တွေ့လို့ သက်ဆိုင်ရာ တပ်ကို သွားအပ်ခဲ့ပါတယ်။ (အခင်းဖြစ်နေရာကို သွားကြည့်တဲ့အချိန်မှာ သံဖြူဇရပ် မြို့ မ ရဲစခန်မှုးဦးစိုးအောင်နဲ့ နယ်ထိန်းပါ ပါတယ်။)ခုချိန်ထိဘာမှ အကြောင်းမှ မထူးသေးပါဘူး။

ရိုက်နှက်ခံထားရတဲ့ မိချို ကတော့ ဒီနေ့ ဖေဖော်ဝါရီလ(၃)ရက်နေ့ မှာ မော်လမြိုင်ဆေးရုံကနေ ရန်ကုန်ဆေးရုံကို လွှဲပြောင်း ကုသဖို့ ရန်ကုန်မြို့ ကိုသွားနေပြီ ဖြစ်ပါတယ်။

ဒီအမှုကို ရဲစခန်းမှာ အမှူဖွင့်ထား သလားလို့ မေးတဲ့ အခါမှာ ကာယကံရှင်က ကျေအေးလို့ မဖွင့်ကြောင်း သံဖြူဇရပ်စခန်းမှူးဦးစိုးအောင်က ပြန်ပြောပါတယ်။ မိချိုရဲ့ ခင်ပွန်းက တပ်ရင်းမှူးက အမှုဖွင့်ရင် ကုသဖို့ ပိုက်ဆံမပေးဘူး ပြောလို့ လက်မ နှိပ်ရကြောင်း ပြောပါတယ်။

အမှတ်(၃၁၅)အမြောက်တပ်ရင်းဟာ သံဖြူဇရပ်မြို့နယ်၊ ဝဲရက်ကျေးရွာမှာ ပြည်သူတွေ ပိုင်ဆိုင်တဲ့ ရော်ဘာခြံ ဧက(၃၅၀)ကျော်ကို သိမ်းယူပြီး အခြေစိုက်ထားတာ ဖြစ်ကြောင်း သစ်ထူးလွင် မှ စုံစမ်းသိရှိရပါတယ်။

Thanbyuzayat watch

ရခိုင်တိုင်းရင်းသားများအနေဖြင့် မိမိတို့ အန္တရာယ်အား အထူးဂရုပြုရန် လိုအပ်လာပြီဟု ဝန်ကြီးဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၇။

မလေးရှားကွာလမ်ပူမြို့တော်တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင် ၊ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးအေးသာအောင် အပြင် ရခိုင်တိုင်းရင်းသားခေါင်းဆောင် ၄ ဦးတို့အား လုပ်ကြံမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အပါအဝင် အခြားနိုင်ငံတွင် ရှိနေသော  ရခိုင်တိုင်းသားများ အနေဖြင့် မိမိတို့ ၏ အန္တာရာယ်အား ဂရုစိုက်ရန် လိုအပ်လာပြီဖြစ်ကြောင်း ဖေဖော်ဝါရီ ၇ ရက်နေ့က ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောလိုက်သည်။

ရခိုင်တိုင်းရင်းသားခေါင်းဆောင် ၆ ဦးသည် ဖေဖော်ဝါရီ ၆ ရက်နေ့က မလေးရှားကွာလာလမ်ပူမြို့တော်တွင် ကားဖြင့် သွားလာနေစဉ်ပ လုပ်ကြံခံရခြင်းဖြစ်ပြီး ဒဏ်ရာရသူတစ်ဦးမှ မရှိကြောင်းကိုလည်း သိရသည်။

“ဒီအဖြစ်ပျက်ပေါ်ကိုကြည့်ြ့ပီးတော့ ကျွန်တော်တို့ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တွေ အသိပညာအတက် ပညာရှင်တွေ အနေနဲ့ ကိုယ်ရဲ့လုံခြုံရေးတွေကို ဂရုစိုက်ရတော့မယ်”ဟု ဦးဇော်အေးမောင်က ဆိုသည်။

မလေးရှားနိုင်ငံအား ရခိုင်တိုင်းရင်းသားခေါင်းဆောင်များ ရောက်ရှိနေစဉ် ယင်းကဲ့သိုလုပ်ကြံမှုသည် အကြမ်းဖက်မှု ဆန်နေပြီး ရခိုင်တိုင်းရင်းသားများ၏ လုံခြုံကိုလည်း မီးမောင်းထိုးပြခြင်း ဖြစ်နေကြောင်းကိုလည်း ဦးဇော်အေးမောင်က ဆက်လက်ပြောဆိုသည်။

“ဒီအဖြစ်အပျက်ပေါ်ကိုကြည့်ပြီးတော့ ကျွန်တော်တို့ အနေနဲ့ အပြင်မှာတိုးရစ်တွေ သွားသလိုသွားချင်တိုင်းသွား လို့မရတော့ဘူး လုံခြုံရေးတွေဘာတွေကိုယူပြီးတော့မှ သွားရမယ်။ ဒီလိုလုပ်ကြံမှုကိုလည်း ကျွန်တော်တို့ အနေနဲ့  ရှံ့ချတယ် ” ဟု ဦးဇော်အေးမောင်က ထပ်လောင်းပြောဆိုသည်။

ယင်းကဲ့သို့ လုပ်ကြံခံခြင်းနှင့် ပတ်သက်ပြီး မလေးရှားကွာလာလပ်ပူမြို့ရှိ ရဲစခန်းတစ်ခုတွင် အမှုဖွင့်ထားလျက် ပြီး ယမန်နေ့ညအထိ ဖမ်းမိခြင်းမရှိသေးကြောင်းကိုလည်း သိရသည်။

ရခိုင်တိုင်းရင်းသားခေါင်းဆောင်များ အနေဖြင့် မလေးရှားနိုင်ငံသို့ သွားရောက်ရခြင်းမှာလည်း မလေးရှားနိုင်ငံရှိ ရခိုင်လူမှုကယ်ဆယ်ရေး တစ်ခုဖြစ်သည့် (ARRC) ဖိတ်ကြားချက်ဖြင့် ဇန်နဝါရီ ၈ ရက်နေ့ကရောက်ရှိနေခြင်း ဖြစ်ပြီး ဖေဖော်ဝါရီ  ၆ ရက်နေ့တွင် လုပ်ကြံခံရခြင်းလည်းဖြစ်သည်။

နှင်းနွယ်
The Myanma Age

အရှေ့တောင်အာရှ နိုင်ငံများအနက် မြန်မာနိုင်ငံသည် တတိယမြောက် အာဟာရချို့တဲ့မှုနှုန်း အမြင့်မားဆုံး နိုင်ငံဖြစ်နေ -

အရှေ့တောင် အာရှနိုင်ငံများအနက် ကမ္ဘောဒီးယားနှင့် အရှေ့တီမောပြီးလျှင် မြန်မာနိုင်ငံသည် တတိယမြောက် အာဟာရချို့တဲ့မှုနှုန်း အမြင့်မားဆုံးနိုင်ငံ ဖြစ်နေကြောင်း ယူနီဆက်စ်မှ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံတွင် အာဟာရချို့တဲ့မှု ဖြစ်ပေါ်စေသည့် အဓိက အကြောင်းရင်းများတွင် စားနပ်ရိက္ခာ မလုံလောက်ခြင်း၊ တစ်ကိုယ်ရည် သန့်ရှင်းမှု အလေ့အထ နည်းပါးခြင်း၊ ရေကောင်းရေသန့်နှင့် အခြေခံကျန်းမာရေး စောင့်ရှောက်မှုကို အကန့်အသတ်ဖြင့်သာ ရရှိခြင်း အပါအ၀င် ကလေးသူငယ်များကို အစားအစာကျွေးသည့် ပုံစံမမှန်ကန်ခြင်းတို့ ပါဝင်ကြောင်း သိရသည်။
အစိုးရအနေဖြင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့၊ WFP၊ FAO နှင့် ယူနီဆက်စသည့် ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံတွင် “ကမ္ဘာ့အာဟာရ မြှင့်တင်ရေးလှုပ်ရှားမှု” ကို အကောင်အထည်ဖော်ရေး စီမံကိန်းတစ်ရပ် ရေးဆွဲသွားမည်ဖြစ်ပြီး လက်ရှိဆောင်ရွက်နေသည့် “အစားအစာနှင့် အာဟာရဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်း အစီအစဉ် (၂၀၁၂-၂၀၁၆)” အကောင်အထည်ဖော် ဆောင်ရွက်မှုကို အရှိန်အဟုန် မြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုလုပ်ငန်းများတွင် ကြုံတွေ့နေရသည့် ပြဿနာများထဲမှ တစ်ခုဖြစ်သည့် အာဟာရချို့တဲ့မှု ပြဿနာကို ဖြေရှင်းနိုင်ရန် အစိုးရအနေဖြင့် ၂၀၁၃ ခုနှစ် မေလတွင် “ကမ္ဘာ့အာဟာရမြှင့်တင်ရေး လှုပ်ရှားမှု” Scaling Up Nutrition Mov-ement (SUN) တွင် ၄၆ နိုင်ငံမြောက် အဖွဲ့ဝင်အဖြစ် ၀င်ရောက်ရန် သဘောတူလက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။
ကမ္ဘာ့အာဟာရ မြှင့်တင်ရေးလုပ်ငန်း (SUN) သည် ကလေးသူငယ်များ၏ အာဟာရဆိုင်ရာ ပြဿနာများကို ဖြေရှင်းရန် အပြည်ပြည်ဆိုင်ရာ လှုပ်ရှားမှုအနေဖြင့် ၂၀၁၀ ပြည့်နှစ်က စတင်ဆောင်ရွက် ခဲ့ကြောင်းနှင့် မြန်မာအစိုးရနှင့် ယူနီဆက်တို့ ပူးတွဲဦးဆောင်သော အာဟာရဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဖြစ်သည့် မြန်မာနိုင်ငံ အာဟာရနည်းပညာ ကွန်ရက်သည် မြန်မာနိုင်ငံကို (SUN) နှင့် ၂၀၁၂ ခုနှစ်တွင် စတင်တွေ့ဆုံခဲ့ကြောင်း သိရသည်။ ထို့ပြင် အစိုးရ၀န်ကြီးဌာန ၁၄ ခုဦးဆောင်ကာ ကဏ္ဍပေါင်းစုံ ပါဝင်သည့် “ မြန်မာနိုင်ငံ အစားအစာနှင့် အာဟာရဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းအစီအစဉ်ကို ၂၀၁၃ ခုနှစ် မတ်လတွင် SUN ၏ လှုပ်ရှားမှုဘောင်နှင့်အညီ ထပ်မံမွမ်းမံ ထားပြီးဖြစ်ကြောင်း သိရသည်။

 
-

မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော ရခိုင်တိုင်းရင်းသား ခေါင်းဆောင်များဖြစ်သည့် ဦးအေးသာအောင်နှင့် ဒေါက်တာအေးမောင်တို့ သေနတ်ဖြင့် ပစ်ခတ်ခံရ -

မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော ရခိုင်တိုင်းရင်းသား ခေါင်းဆောင်များဖြစ်သည့် ဦးအေးသာအောင်နှင့် ဒေါက်တာအေးမောင်တို့သည် ဖေဖော်ဝါရီ ၅ ရက် ညပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း သိရှိရသည်။

ထိုပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့သော်လည်း စီးနင်းခဲ့သည့်ကားမှာ သေနတ်ကျည်ဆန်ထိမှန်ပြီး မှန်ကွဲခြင်းများ ဖြစ်ခဲ့သည်ဟု သိရသည်။

“မနေ့က မလေးရှားစံတော်ချိန် ၁၁ နာရီ ၂ဝမှာ ဖြစ်တယ်။ သူတို့က ညစာစားပြီးတော့ ကုန်တိုက်က ဈေးဝယ်ပြီး ကားနဲ့ အထွက်မှာ နောက်ကလိုက်ပြီးတော့ ရှေ့က ကားတစ်စီးက ပိတ်တယ်။ နောက်က ဆိုင်ကယ်နဲ့ လိုက်ပြီးတော့ ပစ်တယ်။ ကံကောင်းချင်တော့ ကားက BMW သံထူတော့၊ အထဲကို မပေါက်ဘဲနဲ့ ကားဘော်ဒီပဲ ငါးချက် ပေါက်သွားတယ်။ရှေ့ကားက ဒေါက်တာအေးမောင်ကို ထပ်ပစ်တာ။ မှန်ကွဲတယ်။ ၉ မမ ကျည်ဆံ ငါးတောင့်ရတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ဖေဖော်ဝါရီ ၆ ရက်ညပိုင်းတွင် The Daily Eleven သို့ပြောကြားသည်။

ပစ်ခတ်ခဲ့သူများသည် ဗမာစကားပြောတတ်သူများဖြစ်ကြပြီး ပစ်ခတ်သူများက'ပစ် ပစ်' ၊ 'ပြေး ပြေး' ဟု အော်ဟစ်ကြောင်း ဦးဇော်အေးမောင်က ကိုယ်တိုင်ကြုံတွေ့ခဲ့သူများ၏ ပြောစကားကို အခြေခံပြီးဆိုသည်။
မလေးရှားရဲဘက်ကလည်း သူတို့က ဒီနေ့ နေ့လည်မှသိတော့ စုံစမ်းနေတယ်။  လောလောဆယ်တော့ ကျွန်တော်တို့ ကိုယ်စားလှယ်အဖွဲ့ရဲ့ လုံခြုံရေးကို ဦးစားပေးလုပ်တာပေါ့နော်။ ဖော်ထုတ်တာတော့ သူတို့  ဖော်ထုတ်နေတယ် . . .
ထိုဖြစ်စဉ်နှင့် ပတ်သက်၍ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးသို့ ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားမည့်သူ မရှိခဲ့ပေ။ သို့သော် နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က သံရုံးသို့ လာရောက်သတင်းပေးပို့ချက်အရ ထိုဖြစ်စဉ်ကို ဖေဖော်ဝါရီ ၆ ရက် နေ့လည်ပိုင်းက သိရှိရကြောင်း ပြောကြားသည်။

“ဒီနေ့ကွာလာလမ်ပူမှာ မလေးရှားစံတော်ချိန် မွန်းတည့် ၁ နာရီခွဲမှာ ဒေါက်တာအေးမောင်တို့၊ ဦးအေးသာအောင်တို့အဖွဲ့က သံရုံးကိုဆက်သွယ်ပြီးတော့မှ သတင်းပို့ပါတယ်။ သူတို့ရဲ့သတင်းပို့ချက်အရ မနေ့က ဖေဖော်ဝါရီလ ၅ ရက်နေ့က မလေးရှား စံတော်ချိန် ည ၁၂ နာရီလောက်မှာ သူတို့ မြို့ထဲကနေပြီးတော့ ဟိုတယ်ကို ပြန်လာတဲ့အချိန်မှာ ဆိုင်ကယ်နှစ်စီး လိုက်လာပြီးတော့မှ သေနတ်နဲ့ပစ်ခတ်တယ်လို့ သတင်းပို့ပါတယ်။ သူတို့ သတင်းပို့ချက်အရတော့ ပစ်ခတ်မှုကြောင့် ကားကိုပဲ မှန်တယ်။ လူတွေ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘူး။ အဲဒီတော့ မွန်းတည့် ၁ နာရီခွဲမှာ ကျွန်တော်တို့ အဲဒီသတင်းပေးချက်ကို ရရချင်းပဲ မလေးရှားနိုင်ငံရဲတပ်ဖွဲ့နဲ့ ဆက်သွယ်ပါတယ်။ ဆက်သွယ်ပြီးတော့ သူတို့ရဲ့လုံခြုံရေးကို ဆောင်ရွက်ပေးတယ်”ဟု ဦးရဲထွဋ်က ဖေဖော်ဝါရီ ၆ ရက်ညပိုင်းတွင် The Daily Eleven သို့ ပြောကြားသည်။

မလေးရှားရဲတပ်ဖွဲ့အနေဖြင့်လည်း  သေနတ်ဖြင့် ပစ်ခတ်သူများကို ဖမ်းဆီးရမိနိုင်ရန် စုံစမ်းနေကြောင်း သိရသည်။

“မလေးရှားရဲဘက်ကလည်း သူတို့က ဒီနေ့ နေ့လည်မှသိတော့ စုံစမ်းနေတယ်။ လောလောဆယ်တော့ ကျွန်တော်တို့ ကိုယ်စားလှယ်အဖွဲ့ရဲ့ လုံခြုံရေးကို ဦးစားပေးလုပ်တာပေါ့နော်။ ဖော်ထုတ်တာတော့ သူတို့ ဖော်ထုတ်နေတယ်”ဟု ဦးရဲထွဋ်က ပြောကြားသည်။

ဖဖော်ဝါရီ ၅ ရက်နေ့ ဖြစ်စဉ်၌ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများမှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်၊ ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ကိုတင်ထူးအောင်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးလှမြင့်၊  ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးစံကျော်လှ၊ ဦးခိုင်ကောင်းစံ တို့ပါဝင်ကြောင်း သိရသည်။

ရခိုင်ကိုယ်စားလှယ်အဖွဲ့သည် မလေးရှားနိုင်ငံရှိ ရခိုင်လူမှုရေးနှင့် ကယ်ဆယ်ရေးအဖွဲ့ (RSSR) ၏ ဖိတ်ကြားမှုဖြင့် မလေးရှားနိုင်ငံသို့ ဇန်န၀ါရီ ၂၈ ရက်က စတင်သွားရောက်ခဲ့ခြင်း ဖြစ်သည်။ ခရီးစဉ်ကာလအတွင်း  “မြန်မာနိုင်ငံ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် ရခိုင်ပြည်နယ်နိုင်ငံရေး”ခေါင်းစဉ်ဖြင့် ဟောပြောပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။ သေနတ်ပစ်ခတ်ခံရမှုဖြစ်စဉ်တွင် ပါဝင်သူများအား The Daily Eleven က သီးခြားဆက်သွယ်နိုင်ခဲ့ခြင်း မရှိသော်လည်း ဦးဇော်အေးမောင်ကမူ ဒေါက်တာအေးမောင်နှင့် အဆက်အသွယ်ရရှိခဲ့သည်ဟု ဆိုပါသည်။

“ဒေါက်တာအေးမောင်ကတော့ ကံကောင်းလို့ဆိုပြီး ပြောတယ်။ သူ့ကိုပစ်မှတ်ထားပြီး ပစ်တာပေါ့။ သူ့ဘက်က ထားပြီးတော့ ပစ်တာ”ဟု ဦးဇော်အေးမောင်က ဆိုသည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ဝန်းကျင်၌ ပြီးခဲ့သည့် နှစ်အတွင်းကလည်း မြန်မာအလုပ်သမားများ အကြမ်းဖက်ခံခဲ့ရပြီး လူသေဆုံးမှုများရှိခဲ့သည်။ ထိုဖြစ်စဉ်များကိုလည်း မလေးရှားရဲက ဖော်ထုတ်နိုင်ခဲ့ခြင်း မရှိပေ။

“သူတို့ရဲ့ ရဲတပ်ဖွဲ့လုပ်ငန်းဆိုတော့ ကျွန်တော်တို့လည်း မှတ်ချက်မပေးနိုင်ဘူးပေါ့။ သေချာတာတစ်ခုကတော့ သူတို့ အလေးထားပြီး ကိုင်တွယ်တယ်လို့တော့ ကျွန်တော်တို့ နားလည်ထားတယ်။ အရင်နှစ်တွေကအမှုတွေ ဖြစ်တဲ့နေရာကလည်း နဂိုက ရာဇ၀တ်ဂိုဏ်းတွေ ပေါများတဲ့နေရာမှာဖြစ်တော့ ဖော်ထုတ်လို့ မရနိုင်တာလည်း ဖြစ်နိုင်ပါတယ်”ဟု ဦးရဲထွဋ်က ပြောကြားသည်။

မလေးရှားနိုင်ငံ၊ ပီနန်းမြို့တွင် ပြီးခဲ့သည့်နှစ်အတွင်းက မြန်မာလုပ်ငန်းရှင်တစ်ဦး ယာဉ်မောင်းနေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီး သေဆုံးမှုဖြစ်စဉ်တစ်ရပ် ဖြစ်ပွားခဲ့ဖူးပါသည်။

မလေးရှားနိုင်ငံသို့ သွားရောက်ခဲ့သော ရခိုင်ကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီ ၇ ရက်(ယနေ့)တွင် မြန်မာနိုင်ငံသို့ ပြန်ရောက်မည်ဖြစ်ကြောင်း ဦးဇော်အေးမောင်၏ ပြောကြားချက်အရ သိရှိရသည်။

News-eleven

IPhone 6 တွင် 10 Megapixel ကင်မရာပါမည်






iPhone 6 မှာ 10 Megapixel အရည်အသွေးရှိ ကင်မရာ ပါဝင်မှာ ဖြစ်ကြောင်း သိရ ပါတယ်။ aperture f/1.8 ပါဝင်ပြီး CMOS Censor အပြင် ကင်မရာကို အရည်အသွေးမြင့်တင်ပေးမယ့် အခြားသော Feature သစ်များစွာ ပါဝင်လာကြောင်း သိရ ပါတယ်။ အရင် iPhone 5S အထိ ကင်မရာက 8 Megapixel အထိပဲ ပါဝင်ပါတယ်။ iPhone 6 ကို ၄.၇ လက်မအရွယ်နဲ့ ထုတ်လုပ်ပြီး ဇွန်လမှ ဖြန့်ချိပါ မယ်။ ပြီးတော့ ၅.၇ လက်မ အရွယ်ကို စက်တင်ဘာလောက်မှာ ထုတ်လုပ်ဖြန့်ချိ မယ်ဆိုပြီးတော့ တရုတ်ပြည်ကနေ သတင်းထွက်ရှိ လာခြင်း ဖြစ်ပါတယ်။ လက်ရှိ ပုံမှာ ပြထားသလို သာ ဖြစ်မယ်ဆိုရင် iPhone က ဒီဇိုင်းအများကြီး ပြောင်းလဲသွားမှာတော့ အမှန်ပါပဲ။ ယနေ့အချိန်အထိ ကမ္ဘာ့အမြန်ဆုံး စမတ်ဖုန်းအဖြစ် စံချိန်တင်ထားနိုင်တာကိုလည်း iPhone 6 မှာ ဆက်ခံယူသွားဖွယ် ရှိပါတယ်။ iPhone 6 ကို လာမယ့် ဇွန်လမှာ မိတ်ဆက်ပြသ သွားနိုင်ဖွယ် ရှိကြောင်း သိရ ပါတယ်။

Aung Kham ( www.smart.com.mm )

Ref:Smart Pro Journal

မိန်းမဖြစ်ရတဲ့ ဒုက္ခ (၃) (အိမ်ထောင်ရေးကိစ္စပါ ၁၈နှစ်ပြည့်မှ ဖတ်ပါ)

ဆရာရှင့်
 ကျွန်မက ဆရာ့ရဲ့စာဖိတ်ပရိတ်သတ်တစ်ဦးပါ၊ ဆရာ့ရဲ့ စာတွေကိုနှစ်သက်သလို ဆရာရဲ့အတွေးအခေါ်တွေ၊ ဆရာ့ရဲ့အကြံဉာဏ်တွေက သမီးစိတ်နဲ့ အမြဲလိုလို ထပ်တူကျပါတယ်။
ဆရာ့ဆီကို စာရေးတာ ဒါပထမဦးဆုံးအကြိမ်ပါ။
အိမ်ထောင်ရေးနဲ့ပတ်သက်လို့ ဆရာ့ဆီက အကြံဉာဏ်လေး တောင်းချင်လို့ပါ။ ဒီအကြောင်းက သူငယ်ချင်းတွေကို ဖွင့်မေးလို့ မကောင်းတာကြောင့် ဆရာ့ကို အားကိုးပြီး မေးလိုက်တာပါ။
သမီး အိမ်ထောင်ကျတာ ၃ နှစ်လောက် ရှိပါပြီ၊ အမျိုးသားက နိုင်ငံခြားမှာ အလုပ်လုပ်ပါတယ်၊ အိမ်ထောင်ကျပြီးတော့ တစ်နှစ်လောက်တော့ သမီးအနားမှာ နေပါတယ်၊ သူနဲ့သမီးနဲ့ ရည်းစားသက်တမ်း ၅ နှစ်လောက် ကြာတော့မှ လက်ထပ်ဖြစ်ကြတာပါ၊ သမီးရော သူရောက တစ်ယောက်နဲ့ တစ်ယောက် အရမ်းချစ်ကြသလို သာယာပျော်ရွှင်တဲ့ မိသားစုကလေးတစ်ခု ထူထောင်နိုင်ဖို့က သမီးတို့ရဲ့ မျှောင်လင့်ချက်ပါ ဆရာ။
အခုမေးမဲ့ကိစ္စက အိမ်ထောင်ရေး ဗဟုသုတအနေနဲ့ မေးချင်တာပါ၊ သမီးအမျိုးသားက သမီးခန့်မှန်းရသလောက်တော့ အရမ်း တဏှာကြီးတဲ့သူ မဟုတ်ပါဘူး၊ သမီးတို့နှစ်ယောက် ဆက်ဆံရာမှာလည်း ညင်သာလို့၊ သမီးဘက်ကိုလည်း ကြည့်ပါတယ်၊ သမီး စိတ်မပါဘူးဆိုရင်လည်း အတင်း အဓမ္မဆိုတာမျိုး ဘယ်တုန်းကမှ မရှိခဲ့ပါဘူး၊ အလွန်အကျူးလဲ မတောင်းဆိုဖူးပါဘူး၊ ဟိုမှာနေတဲ့ တောက်လျှောက်အတွင်းမှာလည်း သမီးနဲ့ သူနဲ့က တစ်ရက်မှ အဆက်အသွယ် မပြတ်သလို သူ့ပတ်ဝန်းကျင် သူ့ဆရာတွေနဲ့လည်း ခင်မင်နေတော့ သူ့အကြောင်းက ကောင်းကောင်းဆိုးဆိုး အားလုံး သိနေရပါတယ်၊ သူက အေးအေးနေတတ်တဲ့သူမျိုးပါ ဆရာ။
သမီးတို့ အိမ်ထောင်ကျပြီး လအနည်းငယ် ကြာတဲ့အချိန်မှာ သူနဲ့ဆက်ဆံရင်းက သူက အနောက်ဘက်ကိုပါ စမ်းကြည့်ချင်တယ်လို့ ပြောလာပါတယ်၊ သမီးလည်း ဒါက ပုံမှန်မဟုတ်မှန်းသိတော့ ငြင်းကြည့်ပါတယ်၊ သူက တစ်ခါလောက် စမ်းကြည့်ခွင့်ပေးပါ တောင်းဆိုတော့ ခွင့်ပြုလိုက်ပါတယ်၊ ဒါပေမဲ့ နဲနဲလေး ထိလိုက်ရင်ပဲ အရမ်းကို နာပါတယ်ဆရာ၊ ပြီးတော့ သမီးက အနာဖြစ်မှာတွေ ပိုးဝင်မှာတွေလည်း အရမ်းကြောက်ပါတယ်၊ အိမ်သာ သွားရခက်မှာလည်း ကြာက်ပါတယ်၊ အဲဒီကတည်း သူ့ကို အော်လိုက်ပါတယ်၊ အဲဒီကတည်းက သူကလည်း ကိုယ်ထိလက်ရောက် မစမ်းသပ်တော့ပါဘူး၊ သမီး နာသွားတယ်ဆိုလို့ပါ၊
ဒါပေမဲ့ ဆရာ သမီးတို့နှစ်ယောက်က ဝေးနေတဲ့အချိန်မှာ စကားပြောကြရင်လည်း လိင်ဆက်ဆံမှုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို ပွင့်ပွင့်လင်းလင်း ပြောဖြစ် တိုင်ပင်ဖြစ်ကြပါတယ်။ သမီးကိုလည်း ဆုံးခန်းတိုင်အောင် ရောက်မရောက်ကအစ မေးပါတယ်၊ သူက အနောက်ကို လိုချင်တဲ့အကြောင်း စသလိုနောက်သလိုနဲ့ထည့်ထည့်ပြီး ပြောပါတယ်ဆရာ၊ သမီးကလည်းမေးလိုက်တယ် ဘယ်သူမြှောက်ပေးလို့လဲလို့၊ တခြားအိမ်ထောင်သည်တွေလည်း ဒီလိုဘဲနေကြသလားလို့ မေးလိုက်တယ်၊ သူလည်း သေချာတော့ မသိဘူးတဲ့။ သူ့သူငယ်ချင်းတွေကတော့ သူတို့ မိန်းမတွေဆီက ရတယ်လို့ ပြောတာပဲတဲ့၊ သမီးသိချင်တာက ဆရာ…
  1. အိမ်ထောင်ညည်တွေက အနောက်ဘက်ပါ ဆက်ဆံတတ်ကြလား
  2. အနောက်မပေးရင်ရော ယောက်င်္ကျားက ကြာရင် စိတ်ကွက်နိုင်သလား
  3. အရမ်းနာကျင်တာကရော ပုံမှန်ဘဲလား၊ နိုင်ငံခြားကားတွေကြည့်ဘူးတာကတော့ သူတို့အတွက်က ဘာမှ မဟုတ်သလိုဘဲဆရာ
  4. ယောက်ျားတွေက အနောက်ကို ရပြီးသွားရင် အရှေ့ဘက်နဲ့ အလိုဆန္ဒ မပြည့်ဝတော့ဘူးဆိုတာရော ဟုတ်ပါသလား ဆရာ
  5. ပုံမှန်မဟုတ်တဲ့အတွက် ရောဂါရော ရနိုင်ပါသလားဆရာ
သူက ဒီလထဲဆို အပြီးပြန်လာတော့မှာဆိုတော့ သာယာတဲ့ အိမ်ထောင်သည်ဘ၀ဖြစ်ဖို့အတွက် ဒီကိစ္စက တစ်ခါတစ်လေဖြစ်နိုင်တယ် လုံးဝ မဖြစ်နိုင်ဘူး ဆိုတာကို သူ့ကို ပြတ်ပြတ်သားသား ပြောထားချင်လို့ပါ ဆရာ။
သမီးစာထဲမှာ အမှားပါတာရှိရင် ခွင့်လွှတ်ပါနော်၊ သမီးစာကိုလည်း အလျဉ်းသင့်သလို ဖော်ပြနိုင်ပါတယ်၊ ကျန်တဲ့သူတွေလည်း ဗဟုသုတရအောင်လို့ပါဆရာ။ဆရာ ကျန်းမာချမ်းသာပါစေ၊ စာတွေလည်းများများရေးနိုင်ပြီး သာယာအောင်မြင်တဲ့ဘ၀ကို ပိုင်ဆိုင်နိုင်ပါစေ။
ကျေးဇူးအများကြီးတင်ပါတယ်၊ ဆရာ စာပြန်မဲ့အချိန်ကို မျှော်လင့်နေပါ့မယ်။သမီး
ဂွက်ထော်
ပြဿနာပဲ။ ကလေးမလေးကိုတော့ အခုလို ခပ်တိုတိုပဲ အကြောင်းပြန်ပစ်လိုက်တယ်။ စိတ်ချဉ်က အတော်ပေါက်လာလို့။
သမီး မဂွက်ထော်

ပြဿနာပဲ။ ကလေးမလေးကိုတော့ အခုလို ခပ်တိုတိုပဲ အကြောင်းပြန်ပစ်လိုက်တယ်။ စိတ်ချဉ်က အတော်ပေါက်လာလို့။

(၁) အိမ်ထောင်သည်တိုင်း အဲလို မလုပ်ကြပါဘူး။ အထူးသဖြင့် လူစိတ် ရှိတဲ့ ယောက်ျားဆိုရင်ပေါ့။

(၂) အဲဒီ့အတွက် စိတ်ကွက်သွားတဲ့ ယောက်ျားဟာ ကိုယ့်ဇနီးအပေါ် စာနာ ညှတာတတ်၊ ချစ်တတ်တဲ့ ယောက်ျား မဟုတ်တာ သေချာပါတယ်။ တဏှာရူး သက်သက်ပါပဲ။

(၃) နိုင်ငံခြား အပြာကား ရုပ်ရှင်တွေဟာ ပြဋ္ဌာန်းစာအုပ် မဟုတ်ပါဘူး။ သူတို့က လူစိတ်ဝင်စားအောင် ရိုက်ပြနေတာလောက်တော့ နားလည်သင့်ပါတယ်။

(၄) ယောက်ျားတွေဟာ ဘယ်တော့မှ တစ်မျိုးတည်း၊ တစ်ယောက်တည်းနဲ့ မကျေနပ်တတ်ကြဘူး။ လူ့အလို နတ်မလိုက်နိုင်ဆိုသလိုပဲ ယောက်ျားတွေ တကယ် တဏှာရူးပြီဆိုရင် ဘာနဲ့မှ ကုစားလို့ မရတော့ဘူး။

(၅) ရောဂါ ရနိုင်ပါတယ်။ ပထမဆုံးက အတင်း လုပ်ရင် စအိုကွဲနိုင်ပါတယ်။ လူကြားမကောင်း၊ သူကြားမကောင်း၊ ဆရာဝန် ပြရလည်း ခက်၊ ကိုယ့်ဘာသာ ဆေးထည့်ရလည်း ခက်ပါတယ်။ ဒုတိယက ဆက်ဆံဖန်များရင် စအိုဝမှာ အင်္ဂါဇာတ်လိုပဲ နှုတ်ခမ်းသားတွေ ထွက်လာပါလိမ့်မယ်။ တတိယက ရောဂါပေါင်းစုံ ၀င်နိုင်တာပါပဲ။ အသေးစိတ်ကို အောက်မှာ ဖတ်ကြည့်နိုင်ပါတယ်။http://www.webmd.com/sex/anal-sex-health-concerns ကိုယ့်အိမ်ထောင်ဖက်ကို ငြင်းချင်ရင် လွယ်လွယ်လေးပါ။ သူ့စအိုထဲကို သူ့လိင်တံနဲ့ အရွယ်အစား တူတဲ့ သခွားသီးတစ်လုံးကို သူ့လိင်တံ အရှည်အတိုင်း အရင် အသွင်းခိုင်းလိုက်ပါ။ ပြီးရင် လိင်ဆက်ဆံသလို အဲဒီ့ သခွားသီးကို ညည်းလက်နဲ့ ခပ်သွက်သွက် ခပ်ကြမ်းကြမ်း အသွင်းအထုတ် လုပ်ပေးလိုက်ပါ။ သူ ကျေနပ်တယ်၊ အားရတယ်၊ ဇိမ်တွေ့တယ်ဆိုရင် ညည်းလည်း လက်ခံပါ့မယ်ပေါ့။
အရေးကြီးဆုံးကတော့ ညည်းလူက သည်လောက် ဖြစ်နေရင် ကြောက်စရာ ကောင်းပါတယ်။ တစ်မြို့တစ်ရွာမှာ တွေ့ကရာ မိန်းမတွေနဲ့ ပျော်ပါးပြီး ရောဂါပေါင်းစုံ ရလာနိုင်တဲ့ အန္တရာယ်ရှိတယ်။ ပြန်လာရင် လိင်မှ တစ်ဆင့် ကူးစက်တဲ့ ရောဂါတွေ အကုန် စစ်ဆေးသင့်ပါတယ်။ ခုခေတ်မှာ HIV အပြင် တခြားကြောက်စရာ ရောဂါပေါင်းစုံလည်း ရှိတာကို သတိထားစေချင်တယ်။

တွေးဆ ဆင်ခြင်ကြည့်နိုင်ပါစေ

Sunday, February 2, 2014

တပတ်အတွင်းမှတ်သားဖွယ်ကောက်နှုတ်ချက်များ။

””ဘင်္ဂါလီတွေနင့်ပတ်သက်တဲ့အကြောင်းအရာတွေကို အာဆီယံပုံမှန်အစည်းအဝေးတွေမှာ လက်ခံဆွေးနွေးသွားမှာမဟုတ်ဘူး။စေတနာနင့် အကြံပြုလာရင်တော့ ကိုယ့်တိုင်းပြည်အတွက် အကျိုးရှိတာဆိုရင် လက်ခံစဉ်းစားသွားမယ်။””

(ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရေးထွဋ်၏ အာဆီယံဆိုင်ရာ ပုံမှန်သတင်း ထုတ်ပြန်ရေး အစီအစဉ်တွင် သတင်းမီဒီယာများ၏မေးမြန်းချက် ကို ပြန်လည်ဖြေကြားချက် မှကောက်နှုတ်ချက်)

””ပြင်ပကလာတဲ့ သတင်းတချို့နဲ့ ၀က်ဘ်ဆိုက် တွေမှာ ပြောနေသလိုမျိုးက မှားနေတယ်။ဒီမှာဖြစ် တာနဲ့ တခြားစီပဲ။မောင်တောမြို့နယ် ဒူရှာရာ တန်းကျေးရွာမှာ ဇန်န၀ါရီ ၁၃ ရက်က ရဲတပ်ကြပ် ကြီးအောင်ကျော်သိန်းအသတ်ခံရတာနဲ့ ဒီသတင်းတွေတရပ်စပ် ထွက်ပေါ်လာတော့တာပဲ။ တကယ်တော့ ဘင်္ဂါလီတွေသေဆုံးပြီးအမျိုးသမီးတွေအသတ်ခံရတယ်၊မုဒိန်းကျင့်ခံနေရတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ဒေသခံ ရခိုင်လူမျိုးတွေနဲ့ အစိုးရ၀န်ထမ်းတွေပဲဘင်္ဂလီတွေရဲ့ အသတ်ခံနေရတာ ပါ။နောက်ပြီးသူတို့ပြောတဲ့ရွာတွေတောင် မသိဘူး””

(ရခိုင်ပြည်အစိုးရအဖွဲ့သတင်းထုတ်ပြန်ရေးကော်မတီအဖွဲ့ဝင် ဦးဝင်းမြိုင်၏ပြောကြားချက်ကို ရန်ကုန်တိုင်းမ် သတင်းစာတွင်ဖေါ်ပြချက်မှကောက်နှုတ်ချက်)

သံတမန်ရေးတိုက်ကွက် နင့် သတင်းနင့်နည်းပညာတိုက်ကွက် ကျနော်တို့ပြောင်းသုံးရလိမ့်မယ်။

နိုင်ငံတနိုင်ငံရဲ့ ရဲဝန်ထမ်းတယောက်ကို အကြမ်းဖက်သတ်ဖြတ်မှုဖြစ်တယ်။
အကြမ်းဖက်တိုက်ခိုက်တဲ့လူတွေကိုအရေးမယူနိုင်သေးတဲ့အပြင်
အသတ်ခံရတဲ့ ၀န်းထမ်းရဲ့ တိုင်းပြည်က ပြည်သူနင့်အစိုးရကပါ
နိုင်ငံတကာရဲ့ပြစ်တင်ဝေဖန်ခြင်းကိုခံရနေရတာဟာ
ကျနော်တို့ သံသတမန်တိုက်ကွက်မှာလိုအပ်ချက်
အားချက်တွေရှိနေတယ် ဆိုတာ အသေအချာပဲ။

တကယ်က အကြမ်းဖက်မှုကို ကြိုတင်စီစဉ်ပြီး
တမင်အကွက်ဆင် ဖန်တီးတယ်ဆိုတာ လယ်ပြင်မှာ ဆင်သွားသလို
အင်မတန်သိသာလွန်းလှတယ်။
ကြိုတင်စီစဉ်ထားတဲ့အတွက်
သူတို့က သတင်းမီဒီယာ တွေကိုအယင်သတင်းပေးနိုင်တယ်။
သူတို့က(ဘင်္ဂလီအကြမ်းဖက်သမားတွေက) အရာရာတိုင်းကို
ပြည်တွင်း ပြည်ပ ချိတ်ဆက် မိမိနင့်
လက်ဦးအောင်လုပ်သွားနိုင်တယ်။
ဒါဟာ နည်းပညာတိုးတက်တဲ့သတင်းမီဒီယာ ခေတ်ကြီးမှာ
သိပ် သတိထားရမယ့်အချက်တွေ။

သူတို့က နိုင်ငံတကာ အသိုင်းအ၀ိုင်းက
အလိုလို နေရင်းနဲ့ တဆိတ်ကို တအိမ်လုပ်ပြီး အလွမ်းသယ် ငိုပြချင်နေကြတာ။

အက်လ်ကိုင်းဒါးလိုအကြမ်းဖက်သမားတွေကြောင့်
မသိမသာသွေးပျက်နေတဲ့ အနောက်အုပ်စု နိုင်ငံတွေရဲ့
ဘင်္ဂလီ မူဆလင်တွေကို ချစ်ဟန်ဆောင်ပြီး
အာရပ်ကမ္ဘာကို အချိုသပ်လိုတဲ့၊ အနောက်အုပ်နိုင်ငံတွေရဲ့အားနည်းချက်၊

တခါ...
အာရပ်ကမ္ဘာရဲ့ ကြွယ်ဝတဲ့ သဘာဝအရင်းအမြစ်ကိုလိုချင်နေတဲ့
အနောက်အုပ်စုနိုင်ငံတွေနဲ့
အာရပ်ကမ္ဘာက အစ္စလမ်အရေးအတွက် ရက်ရောစွာလှူမယ့်အလှူငွေတွေကို
အရမ်းငတ်မွတ်နေတဲ့
ကုလသမဂ္ဂ လို နိုင်ငံတကာအဖွဲ့ကြီးတွေရဲ့အားနည်းချက်ကို
ဘင်္ဂလီ လော်ဘီတွေ(ပြည်ပအသံလွှင်ဌာနတွေ၊ပြည်ပရောက်ဘင်္ဂလီတွေ)
ကောင်းကောင်းသိထားလို့
ခုလို သံတမန်နည်းလမ်းတွေ၊
သတင်းနင့် နည်းပညာတွေကိုကောင်းကောင်းအသုံးချသွားတာ။

ကျနော်တို့
သံတမန်တိုက်ကွက်မှာရော
သတင်းနှင့်နည်းပညာတိုက်ကွက်မှာပ
ဒီထက်ကောင်းတဲ့နည်းလမ်းတွေ၊နည်းဗျူဟာတွေ
ပြောင်းသုံးရလိမ့်မယ်။

ပြည်သူကျွေးသောထမင်းကိုစားပြီး ထမင်းရှင်ကိုမစော်ကားသင့်ပါ။

နိုင်ငံတနိုင်ငံ၏အစိုးရဆိုသည်မှာ ပြည်သူတွေ၏ ၀န်ထမ်းများထဲမှ ၀န်ထမ်းများသာဖြစ်ပါသည်။ ထိုဝန် ထမ်းများသည် ပေးအပ်ထားသည့်တာဝန်ဝတ္တရားများကို ဥပဒေအတိုင်း လုပ်ဆောင်သွားရန် သာဖြစ်ပါသည်။ရွေးကောက်ပွဲကာလတခုပြီးဆုံး၍နောက်တခုပြီးလျှင်ထိုအစိုးရသည် ဆက်လက် အရွေးခံရချင်မှခံရမည်။မခံရလျှင် အခြားပြည်သူရွေးကောက်တင်မြှောက်သည်အစိုးရဆက်ပြီး တာဝန်ယူသွားမည်သာဖြစ်ပါသည်။တိုင်းပြည်၏ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းလုပ်ထုံးလုပ်နည်းအတိုင်းဆက်လက်လုပ်ဆောင်သွားကြပေလိမ့်မည်။

ယနေ့မြန်မာပြည်တွင် ဦးသိန်းစိန်အစိုးရလက်ထက် ၀န်ကြီးအများစုမှာ ယခင် စစ်ဗိုလ်ချုပ်ဟောင်း များဖြစ်နေကြသည်ကိုတွေ့ရပါသည်။ထိုကိစ္စသည်ပြသနာမဟုတ်ပါ။စစ်သားလဲ တိုင်းပြည် အတွက်နိုင်ငံရေးလောကထဲပါဝင်ပြီး ပြည်သူကြည်ဖြူလျှင်ပေးအပ်သည့်တာဝန်ကိုယူလို့ရပါသည်။
သို့သော် နိုင်ငံရေးနယ်ပယ်သည် အင်မတန်အမယ်စုံလှပါသည်။နိုင်ငံရေးပရိယယ်၊ စီးပွားရေး ပရိယယ်၊ လူမှုရေးပရိယယ်စသည်ဖြင့်ကျယ်ပြောလှပါသည်။ထိုနယ်ပယ်စုံတို့တွင် သက်ဆိုင်ရာ ကဏ္ဍ တခုခုတွင်ဝန်ကြီးလုပ်ဖို့ဆိုသည်မှာ လွယ်ကူသည့်ကိစ္စတော့မဟုတ်ပါ။အတိုင်းအတာ တခု အထိအရည်အသွေးအခြင်းပြည့်ဝကြဖို့လိုအပ်ပါသည်။

မြန်မာပြည်၏လက်ရှိအစိုးရအဖွဲ့တွင်တာဝန်ယူနေကြသောဝန်းကြီးတချို့မှာ ဖေါ်ပြပါအရည်အသွေးများအားနည်းသည်ကိုတွေ့နေရ။မြင်နေရကြားနေရ၍စိတ်မကောင်းပါ။၂၀၁၃-ခုနှစ်ကြေးနီတောင် စီမံကိန်းတွင် အဓမ္မဖြိုခွင်းမှုဖြစ်ပြီးနောက် အစိုးရအဖွဲ့ဝင် ၀န်ကြီးတဦးက သူတို့အနေနင့် တရုပ်ကို လည်းကြောက်ရကြောင်းပြောသည်ဟုကြားလိုက်၇၍အတော်စိတ်မချမ်းသာဖြစ်ရပါသည်။ဒီထက်ဆိုးသည်မှာ တရုပ်က သူတို့ကျေးဇူးရှင်ဟုပင်မရှက်မကြောက်(၀န်ကြီးတဦး၏ သိက္ခါ၊ တိုင်းပြည် ၏ သိက္ခာကိုပင်မထောက်)ပြောရက်ပါသည်။သာမန်အရာရှိအဆင့်လောက်ပြောသည်ဆိုလျှင်ပင်ဖြေသာနိုင်သေးသော်လည်း ၀န်ကြီးအဆင့်ထိပြောလာသည်စကားဖြစ်နေ၍ သက်ဆိုင်ရာအစိုးရကို ကိုယ်စားပြုသည်ဟုလဲသဘောထား၍ရနေပါသည်။ဆိုလျှင်မြန်မာအစိုးရသည်တရုပ်ကိုကြောက်နေရသည်၊တရုပ်ပေးသည့်အသက်သာရှိသည် ဒါကြောင့်တရုပ်က ဘာခိုင်းခိုင်းဘယ်သူ့ မျက်နှာမှ မထောက်နိုင် ပြည်သူကိုသတ်ခိုင်းလျှင်လဲသတ်မည် ဆိုသည့်သဘောဖြစ်သွားပါသည်။
မြန်မာပြည်သူတွေအနေဖြင့် မိမိတို့ကို ဖိနှိပ် ရက်စက်သော အာဏာရှင်ကို ထောက်ပံ့ ကူညီသော တရုပ်အစိုးရကိုလုံးဝကြည့်မရသည့်ကြားက ကိုယ့်အစိုးရ၀န်ကြီးတယောက်က ထိုကဲ့သို့ပြောလာ သည်မှာ ပြည်သူကိုစောက်ကားခြင်း ထမင်းရှင်ကိုစော်ကာဖြင်းသာဖြစ်ပါသည်။

အယင်နှစ်ကပဲ ဖြစ်ပါလိမ့်မည်။စိုက်ပျိုးရေးဝန်ကြီးဆိုသူက တောင်သူလယ်သမားတွေကိုထမင်းတနပ်သာစားပြီးအလုပ် လုပ်ကြဖို့ပြောသည်ဟုကြားလိုက်ရပါသေးသည်။အင်မတန်ရက်စက် သည့် ၊စော်ကားသည့်စကားဖြစ်ပါသည်။တောင်သူလယ်သမားတို့မှာ ခေတ်အဆက်ဆက်နင်းပြားဘ၀ဖြင့်ဘ၀ကိုရုန်းကန်လာခဲ့ရပြီး ပြည်သူတွေဆန်အိုးမှာ ဆန်အချိန်မှန်ပြည့်ဖို့ သူများတိုင်းပြည်မှာ စက်ကရိယာသုံးပြီးစိုက်ပျိုးနေကြချိန်မှာ မြန်မာလယ်သမားတို့မှာ ယနေ့၂၁ ရာစုထိ နွားကြာစုံဖြင့် ထွန်တုံးနှင်နေ၇တုန်းပါ။နေထွက်က နေ၀င် လယ်ယာမြေမှာ နဖူးကချွေး ခြေမ ကျတဲ့အထိ ရုန်း ကန်နေရသော၊ဘယ်လောက်ပဲ နွားနင့်ဖက်ပြီး ရုန်းကန်သော်လဲ ဆင်းရဲတွင်းထဲက မထွက်နိုင်ကြသော ကျေးဇူးရှင်လယ်သမားကြီးတို့ကို တခါ လဲရာ သူခိုးထောင်း၊မြေနိမ့်ရာ ၀ါးကူ ထိုးဆိုသလို သက်ဆိုင်ရာအစိုးရ က လယ်သမားတို့အတွက် ပိုမိုကောင်းမွန်အောင် ကူညီပံ့ပိုး၇ မည့်အစား မ၀ရေစာ ထမင်းနှစ်နပ်ကိုတောင် တနပ်တည်းသာစားခိုင်းခြင်းမှာ အင်မတန်ရက်စက် သည့်လူမဆန်သည့်အပြောအဆိုအသုံးအနှုံးဖြစ်ပါသည်။အခြားသောတိုင်းပြည်တွေမှာဆိုလျှင်တော့ ချက်ခြင်းဝန်ချတောင်းပန်ပြီးဝန်းကြီးရာထူးကနေဆင်းပေး၇မယ့်အပြောအဆိုမျိုးဖြစ်ပါသည်။ပြည်သူ
ကိုစော်ကားသည့် ထမင်းရှင်ကိုစော်ကာသည့်စကားမျိုးဖြစ်ပါသည်။

မကြာသေးခင်ကလဲထပ်ကြားလိုက်ရပြန်ပါပြီ။နောက်ထပ်ဝန်ကြီးတယောက်က ပြည်သူကိုပါးရိုက်ပြီးပြောလာတာ၊အစိုးရဆိုတာ မလိုရင်ကြိုက်သလိုထောင်ချလို့ရသည်၊ဘယ်သူ့မှ ဂရုစိုက် စရာမလို စသည်ဖြင့်ဆဲဆိုခြိမ်းခြောက်သွားသည်ဟုဖတ်လိုက်ရ၍ စိတ်ဆင်းရဲလှပါသည်။ထိုဝန်ကြီး၏ စိတ်ထဲ မှာ မိမိတာဝန်ယူနေသည့်ကိစ္စသည်ပြည်သူအတွက်၊ပြည်သူ့ဝန် ကိုထမ်းနေရသူ၊ပြည်သူ ကပေး သည့် လစာ ဆိုသည်ကိုများသတိရသေးရဲ့လားကျနော် သံသရ ၀င်မိပါသည်။
ကိုယ့်ထမင်းရှင် ကျေးဇူးရှင်ပြည်သူကို ဒီလောက်ရင့်ရင့်သီးသီးစော်ကားသည့်ဝန်ကြီး၊စော် ကားခွင့် ရသည့်တိုင်းပြည်ကမ္ဘာပေါ်တွင်ရှိလိမ့်မထင်ပါ။မြန်မာပြည်မို့ စစ်အာဏာရှုင်တွေခေတ်အဆက်ဆက် ရက်စက်စွာဖိနှိပ်ခံထားရသည့်ပြည်သူတွေမို့မတရားတာကိုလဲခေါင်းငုံ့ခံ၊စော်ကားလျှင်လဲခေါင်းငုံ့ခံ ပြန်မပြောရဲတာအသားကျတော့ မိမိကိုပါးရိုက်မည်ဟုစော်ကားသည့်ဝန်ကြီးကိုပင် ဆန္ဒထုတ်ဖေါ်ပြီး မဖြုတ်ချရဲကြတော့ပါ။

တခါထိုဝန်ကြီးကပင် အာဏရှင် ဦးသန်းရွှေ သူထင်သလိုအရူးထပြီးမြို့သစ်တည်သည့်ကိစ္စ ကိုချီး မွန်းခန်းဖွင့်သွားသည်ဟုလဲဖတ်လိုက်ရပါသည်။တကယ်တော့ပြည်သူတွေမှာ မတတ်သာ လို့သာငြိမ်နေလိုက်၇သည်။မြို့သစ်တည်သည့်ကိစ္စမှာ မရောင်ရာဆီလူးသည့်ပြည့်သူ့ဘဏ္ဍာ အလဟ သ ဖြုံးတီးသည့်ကိစ္စမို့ဘယ်သူမှကြေနပ်ကြသည်မဟုတ်ပါ။ထိုငွေများကို အရင် ရန်ကုန်မြို့ က အစိုးရ၀န်ကြီးများဆိုင်ရာအဆောက်အဦးများကိုပြုပြင်မွန်းမံပြီးသုံစွဲပါက ပိုလျှံသည့်ငွေတွေ နင့်တိုင်းပြည်မှာအခြားသောလိုအပ်ချက်များဖြစ်သည့်ပညာရေး၊ကျန်းမာရေးကဏ္ဍနွေမှာသုံးစွဲလိုက်လျှင်အင်မတန်အကျိုးရှိမည့်ကိစ္စဖြစ်ပါသည်။ယခုတော့ အာဏာရှင်တွေအာဏာရှိတုန်းကလဲ ထင်သလိုစည်းစိမ်ယစ်၊တိုင်းပြည်သယံဇာတတွေကို ခိုးယူခဲ့ကြ၊ဟော အာဏာမရှိတော့ပြန်တော့လဲ ခိုးယူစုဆောင်းထားကြသောငွေများဖြင့် စည်းစိမ်ခံဖို့မြို့သစ်တည်လိုက်ကြပြန်သေးသည်။

ထိုမျှလောက်တိုင်းပြည်ကို လုပ်ချင်သလိုလုပ်သွားသောကိစ္စကိုတခါ ထပ်ပြီးချီးမွှမ်းခမ်းဖွင့်ပြီးစော် ကား ရုံသာမက ပါးရိုက်မည်၊ထောင်ထဲထည့်မည်ဟုပါ အရိုင်းစိုင်းဆုံးစော်ကားပြိး မြန်မာဝန်ကြီး တို့ထမင်းရှင်ပြည်သူတွေကိုစော်ကားနေကြပါသည်။

တကယ်တော့အစိုးရပဲဖြစ်ဖြစ်၊စာရေးစာချီဝန်ထမ်းပဲဖြစ်ဖြစ် အားလုံးပြည်သူ့ဝန်ထမ်းများ ပြည်သူ ကိုအလုပ်အကျွေးပြုဖို့ပြည့်သူ့ဘဏ္ဍာကိုရယူခံစားနေကြသူများသာဖြစ်ပါသည်။ထို့ကြောင့်ပြည်သူသာလျှင်အမိ၊ပြည်သူသာလျှင်အဖ ပြည်သူသာလျှင်ထမင်းရှင်များဖြစ်ကြသည်ကိုမမေ့ကြဖို့အထူးအရေးကြီးလှပါသည်။မြန်မာအစိုးရအဖွဲ့ဝင် ၀န်ကြီးတို့ ယခင် စစ်တပ်အုပ်ချုပ်မင်းမူနေတုန်းက ထင်ရာစိုင်းခဲ့ရိုင်းစိုင်းခဲ့ကြသည့်အကျင့်များကိုကြိုးစားဖျာက်ကြပြီးထမင်းရှင်ကိုကြင်နာကြဖို့လိုအပ်ပါသည်။မကြင်နာနိုင်လျှင်တောင် မစော်ကားမိကြဖို့ ဤဆောင်းပါဖြင့်လေးနက်စွာ တိုက်တွန်းလိုက် ပါသည်။

မြန်မာပြည်သူများ အရည်အခြင်းပြည့်ဝနှလုံးလှသည့်ခေါင်းဆောင်များရရှိနိုင်ကြပါစေ။

အသုံးကျသောမိန်းမနှင့် အသုံးမကျသော မိန်းမ

-ချစ်မြန်မာ
ဤဆောင်းပါးကို သူရိယ သတင်းစာမှ ကူးယူဖေါ်ပြပါသည်။

 တုံးအတဲ့မိန်းမက ယောက်ျားနဲ့အတိုက်အခံပြုတယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားကို အားပေးကူညီတယ်။

တုံးအတဲ့မိန်းမက ယောက်ျားရဲ့ချွတ်ယွင်းချက်ကိုပဲ ထိုးဆွပြီး အမြဲစိတ်တိုတယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားရဲ့အားသာချက်ကိုပဲကြည့်ပြီးအမြဲပျော်ရွှင်တယ်။

တုံးအတဲ့မိန်းမက နေရာ၊ အခြေအနေမခွဲဘဲ ယောက်ျားနဲ့ငြင်းခုန်ရန်ဖြစ်တယ်၊ ယောက်ျားကို လူပုံအလယ်မှာ မျက်နှာသာမဲ့စေတယ်။

ထက်မြက်တဲ့မိန်းမက လူတွေကြားမှာ ယောက်ျားကိုမျက်နှာသာပေးတယ်။ ဆုံးမစရာ၊ ပြောစရာရှိရင် နှစ်ကိုယ်ကြားမှာပဲပြောတယ်။
တုံးအတဲ့မိန်းမက ယောက်ျားကို သိမ်ငယ်အောင်လုပ်တယ်။ ယောက်ျားကိုသိမ်ငယ်စေတာဟာ ကိုယ့်ကိုသိမ်ငယ်စေတယ်ဆိုတာကို သူမေ့နေလို့ဖြစ်တယ်။

ထက်မြက်တဲ့မိန်းမက ယောက်ျားကို တန်ဖိုးထားလေးစားတယ်။ ယောက်ျားကို လေးစားတာဟာ ကိုယ့်ကိုပိုပေါ်လွင်စေကြောင်း သူနားလည်လို့ဖြစ်တယ်။

တုံးအတဲ့မိန်းမက အတိတ်ဟောင်းကို ခဏခဏထုတ်ပြီး ယောက်ျားကို တဗျစ်တောက်တောက်ပြောတယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားနဲ့အတူ လှပတဲ့အနာဂတ်ရောက်ဖို့ ဦးတည်တယ်။

တုံးအတဲ့မိန်းမက ယောက်ျားရဲ့အမှားကို မလွတ်တမ်းဆုပ်ကိုင်ပြီး ယောက်ျားအကြောင်းအကုန်သိသူလို့ ကိုယ့်ကိုယ်ကိုထင်တယ်။

ထက်မြက်တဲ့မိန်းမက ယောက်ျားရဲ့အမှားကိုခွင့်လွှတ်ပြီး ယောက်ျားဆိုတာ ဘယ်တော့မှ မကြီးပြင်းတတ်တဲ့ကလေးလို့ဆိုတယ်

တုံးအတဲ့မိန်းမက "နင် ထွက်သွား!" လို့ အော်ဟစ်တယ်။
ထက်မြက်တဲ့မိန်းမက "ငါ့အနားက မခွာနဲ့"လို့ဆိုတယ်။

တုံးအတဲ့မိန်းမက ယောက်ျားကို မြားတစ်စင်းလို တင်းတင်းဆွဲတယ်။ တင်းတင်းဆွဲလေ ဝေးဝေးကိုရောက်လေပါပဲ။

ထက်မြက်တဲ့မိန်းမက ယောက်ျားကို လေတံခွန်လို လွှတ်တယ်။ လက်ထဲက ကြိုးကို စိတ်အေးလက်အေးကိုင်တယ်။

တုံးအတဲ့မိန်းမက ကိုယ်တော်၊ ကိုယ်တတ်ကြောင်းကို ပိုအရေးစိုက်တယ်။

ထက်မြက်တဲ့မိန်းမက ထောက်ပံ့၊ မှီခိုအားထားဖို့ကို ပိုနားလည်တယ်။

တုံးအတဲ့မိန်းမက ယောက်ျားအနား တဖဝါးမှမခွာ ထိန်းကျောင်းတယ်။

ထက်မြက်တဲ့မိန်းမက ယောက်ျားအနား ခွာလိုက်၊ ကပ်လိုက်လုပ်တယ်။

တုံးအတဲ့မိန်းမက ချက်ပြုတ်လျှော်ဖွပ်တာကို သိပေမယ့် ကိုယ့်ကိုယ်ကို မပြုပြင်၊ မဖီးလိမ်းချင်ဘူး။
ထက်မြက်တဲ့မိန်းမက ချက်ပြုတ်လျှော်ဖွပ်တာကို သိသလို ကိုယ့်ကိုယ်ကိုလဲ ဖီးလိမ်းပြုပြင်ဖို့ မမေ့ဘူး။

တုံးအတဲ့မိန်းမက ယောက်ျားကို ဖိအားနဲ့ စိတ်ဖိစီးမှုတွေပေးတယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားကို စိတ်အားထက်သန်မှုနဲ့ လှုပ်ရှားမှုကိုပေးတယ်။

တုံးအတဲ့မိန်းမက သူ့မျက်ရည်ကြားမှာ ယောက်ျားကိုကျရှုံးစေတယ်။

ထက်မြက်တဲ့မိန်းမက သူ့အရယ်အပြုံးကြားမှာ ယောက်ျားကိုအောင်မြင်စေတယ်။

ချစ်မြန်မာ
ဖော်ဝပ်မေးလ် မှ ရရှိပါသည် (သူရိယ)




Wednesday, January 29, 2014

မောင်တောမြို့ ဒုချီးရားတန်းအနောက်ရွာတွင် နေရာကွက်၍ မီးလောင်မှုဖြစ်စဉ်မှာ ကြိုတင်ပြင်ဆင် မီးရှို့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ

မောင်တောမြို့ ဒုချီးရားတန်းအနောက်ရွာတွင် နေရာကွက်၍ မီးလောင်မှုဖြစ်စဉ်မှာ ကြိုတင်ပြင်ဆင် မီးရှို့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ၊ နေအိမ် ၁၆ လုံး မီးလောင်ကျွမ်းခဲ့ပြီး မိမိနေအိမ်ကို မီးရှို့ထွက်ပြေးသူ ဘင်္ဂါလီတစ်ဦးအား အမှုဖွင့် အရေးယူထားကာ တရားခံနှင့်ရွာသားများ ထွက်ပြေးတိမ်းရှောင်နေကြ ဒုချီးရားတန်း အနောက်ရွာတွင် နေရာကွက်ပြီး မီးလောင်မှုဖြစ်စဉ်မှာ ကြိုတင်ပြင်ဆင်ကာ မီးရှို့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရကာ နေအိမ် ၁၆ လုံး မီးလောင်ကျွမ်းခဲ့ပြီး ကာလတန်ဖိုး ၁၅ သိန်းခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။ ထို့ပြင် မိမိနေအိမ်ကို မီးရှို့ထွက်ပြေးသူ ဘင်္ဂါလီလူမျိုးတစ်ဦးအား အမှုဖွင့်အရေးယူထားပြီး တရားခံနှင့်ရွာသားများ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဇန်န၀ါရီ ၂၈ ရက်ညနေ ၈ နာရီ ၄၅ မိနစ်က မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာအုပ်စု၊ ဒုချီးရားတန်း အနောက်ရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း၊ မောင်တောမီးသတ်စခန်းမှ တာဝန်ရှိသူများ မီးသတ်ယာဉ်တစ်စီး၊ အပေါ့စား မီးသတ်စက်နှစ်လုံး၊ လုံခြုံရေး တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ခဲ့ကြောင်း၊ ည ၈ နာရီ မိနစ် ၅၀ တွင် နေအိမ်ပိုင်ရှင် ဦးအဘူဆွေယော (ဘ) ကာဆိမ်း အသက် ၅၀ နှစ်မှ ၎င်းနေအိမ်ဖြစ်သည့် ၂၅-၃၀-၁၂- ပေ (မြေစိုက်ဓနိမိုး၊ ၀ါးထရံကာ) အား မီးရှို့ထွက်ပြေးခဲ့ကြောင်း၊ ပတ်ဝန်းကျင်မှ မြေစိုက်တဲ ၁၅ လုံးသို့ ကူးစက်လောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ၁၅ သိန်းခန့်ဖြစ်ကြောင်း၊ ည ၁၀ နာရီ မိနစ် ၄၀ တွင် မီးထိန်းနိုင်ပြီး ဇန်န၀ါရီ ၂၉ ရက် ၀၀ နာရီ မိနစ် ၃၀ တွင် မီးငြိမ်းသွားခဲ့ကြောင်း မြို့နယ်မီးသတ်စခန်းမှ သတင်းရရှိသည်။ အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် အသေအပျောက် မရှိကြောင်းလည်း သိရသည်။ ၎င်းနှင့်ပတ်သက်၍ မြို့နယ်မီးသတ်စခန်းတာဝန်ခံ ဒုမီးသတ်ဦးစီးမှူး ဦးမြတ်နိုင်က “ကျွန်တော် ဒုချီရားတန်း အနောက်ရွာမှာ မီးလောင်မှုသတင်းကို ခရိုင်အုပ်ချုပ်ရေးမှူးကပြောတော့ ၉ နာရီ ၁၈ မိနစ်မှာ စထွက်တယ်။ ရွာကိုရောက်တော့ ရွာအတွင်းပိုင်းမှာ နေရာကွဲပြီး မီးလောင်တာကို စစ်ဆေးတွေ့ရတယ်။ ကျွန်တော်တို့က နေအိမ်နှစ်လုံးကို ကူးစက်မလောင်ကျွမ်းအောင် ထိန်းထားနိုင်ခဲ့တယ်။ ကျန်ခဲ့တဲ့အိမ်မှာလည်း မီးကူးစက်လောင်အောင် ကောက်ရိုးခွေကို ခေါင်မိုးပေါ်နဲ့ သွယ်ထားတာကို တွေ့ရတယ်။ ဒါဟာတမင်ရည်ရွယ်ပြီး လုပ်ဆောင်တာဖြစ်တယ်။ နေအိမ် ၁၆ လုံး မီးလောင်ခဲ့ပြီး ရွာသားတွေ တစ်ယောက်မှ မတွေ့ရဘူး။ အားလုံး ထွက်ပြေးနေကြတယ်” ဟု ပြောကြားသည်။ ယခု မီးလောင်ကျွမ်းသည့်ကျေးရွာမှာ မောင်တောမြို့နှင့် ခုနစ်မိုင်ဝေးကွာပြီး ဘင်္ဂါလီကျေးရွာများကို ဖြတ်သန်းကာ ကုန်းလမ်းကြမ်းသွားရောက်ရကြောင်းနှင့် အနီးတွင် ဘင်္ဂါလီကျေးရွာများသာဖြစ်ကြောင်း မြေပြင်အနေအထားအရ သိရသည်။ လက်ရှိအနေအထားတွင် မိမိအိမ်ကို မီးရှို့ပြီး ထွက်ပြေးတိမ်းရှောင်နေသူ ဦးအဘူဆွေယောအား (ပ) ၁၉/၂၀၁၄/၄၃၆ ဖြင့် မောင်တောမြို့နယ် ရဲစခန်းတွင် အမှုဖွင့်အရေးယူထားပြီး တရားခံမှာ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်ကြောင်းလည်း သိရသည်။ “ဘယ်သူက လာရှို့တယ်ဆိုတာတော့ ကျွန်တော်တို့ ပြောလို့မရသေးဘူး။ ဒါကတော့ မတော်တဆလောင်တဲ့မီးတော့ မဟုတ်ဘူး။ ဒေသခံရွာသားတွေ ထွက်ပြေးတယ်ဆိုတာကလည်း မီးရှို့လာသူတွေက ဘောင်းဘီတိုတွေနဲ့လို့ မြင်တယ်လို့ပြောတယ်။ မီးရှို့တော့ ကြောက်ပြီးထွက်ပြေးတာလို့ ပြောတယ်။ အခုရွာမှာပြန်နေဖို့ လာကြပြီဖြစ်ပါတယ်။ ဒီမီးရှို့မှုနဲ့ ဖမ်းဆီးတာတော့ တစ်ယောက်မှ မရှိသေးဘူး” ဟု လုံခြုံရေးတပ်ဖွဲ့များနှင့် ဒေသခံများကို သွားရောက်တွေ့ဆုံနေသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးမင်းက ပြောကြားသည်။ အဆိုပါ မီးလောင်ပြီး ထွက်ပြေးတိမ်းရှောင်နေကြသည့် ဘင်္ဂါလီ အမျိုးသားများမှာ ဖမ်းဆီးမှုမရှိလျှင် ပြန်လာမည်ဖြစ်ကြောင်း ပြောဆိုကြပြီး လက်ရှိတွင် တိမ်းရှောင်နေကြဆဲဖြစ်ကြောင်း အဆိုပါ ကျေးရွာသားတစ်ဦးက သက်ဆိုင်ရာမှ မေးမြန်းသည့်အခါ ပြန်လည်ဖြေကြားသည်။ “ဒီရွာမီးလောင်တာဟာ ရှို့မီးကြောင့်ဖြစ်တာပါ။ မီးလောင်တဲ့အခါမှာ နေရာသုံးခုမှာ ခွဲပြီးလောင်နေတာကို စစ်ဆေးတွေ့ရတယ်။ အခုထိတော့ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးတာ မရှိသေးဘူး။ အခုက စုံစမ်းမေးမြန်း ဆောင်ရွက်နေတယ်” ဟု ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးရွှေသန်းက ပြောကြားသည်။ “ဒီမီးလောင်ကျွမ်းတာက ရှို့မီးလို့ ယူဆလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လောင်စာတွေကို ကြိုတင်ပြင်ဆင်ထားတာ တွေ့ရတယ်။ စုပုံထားတာတို့ ခေါင်မိုးပေါ်မှာ ကောက်ရိုးလုံးကြီးတွေကို ကြိုးနဲ့ချည်ပြီးတော့ ပြင်ဆင်ထားတာ တွေ့ရတဲ့အခါကျတော့ ရှို့မီးလို့ ပြောလို့ရပါတယ်။ ဒီရွာက နဂိုကတည်းက ဘာမှဖြစ်တဲ့ရွာ မဟုတ်ဘူး။ လူနေတယ်။ ဒါဟာ ရှို့မီးလို့ ယူဆရတာက ကြိုတင်စီစဉ်ပြီး တစ်ပြိုင်တည်း ဆောင်ရွက်တာဖြစ်တယ်။ အခုအရေးယူတာတော့ မရှိသေးဘူး။ ဒါပေမဲ့ အမှုဖွင့်ထားတယ်။ ဆက်လက်စုံစမ်း ဖော်ထုတ်ရမှာဖြစ်တယ်။ နိုင်ငံတကာအဖွဲ့တွေ လာမယ့်အချိန်မှာ ဒီလိုမျိုးဖြစ်တာဟာ နိုင်ငံတကာရဲ့အမြင်မှာ ဆန့်ကျင်ဘက်အမြင်တွေဖြစ်အောင် ကြံစည်တဲ့လုပ်ရပ်လို့ ပြောလို့ရတာပေါ့။ တည်ငြိမ်အေးချမ်းမှု မရှိဘူးဆိုတာလည်း အုပ်ချုပ်ရေးယန္တရားကို အများကြီး အခက်အခဲ ဖြစ်စေတာပေါ့။ လုံခြုံရေးအဖွဲ့တွေက အချိန်နဲ့အမျှ ကျေးရွာတိုင်းကို အမြဲမပြတ် လုံခြုံအေးချမ်းအောင် ဆောင်ရွက်နေရတဲ့ ပုံမှန်ထက်ကို ဆောင်ရွက်နေရတော့ သွားလာလှုပ်ရှားမှုတွေကလည်း ကြိုတင်ကြံစည်မှုလို့ မသိတဲ့အခါကျတော့ အလေးဂရုပြု ဆောင်ရွက်နေရတာပေါ့။ သတင်းမီဒီယာတချို့မှာ ဖော်ပြနေတာက တိုင်းရင်းသားတွေ လာလုပ်တာဆိုတာကတော့ မြေပြင်အနေအထားမှာ ဘယ်ရွာတွေက လူများစုလည်းဆိုတာကို ကိုယ်တိုင်လာကြည့်လို့သာ ပြောလိုပါတယ်” ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်စန်းက ပြောကြားသည်။ လက်ရှိမီးလောင်မှု ဖြစ်ပွားခဲ့သည့် ကျေးရွာတွင် မည်သူတစ်ယောက်မှ မကျန်တော့ဘဲ စားနပ်ရိက္ခာများပါမကျန် ယူဆောင်ကာ အနီးအနား ကျေးရွာများသို့ တိမ်းရှောင်နေဆဲဖြစ်ပြီး ခရိုင်/မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ၊ လုံခြုံရေးအဖွဲ့များက လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ဒေသခံများနှင့်တွေ့ဆုံကာ မိမိတို့ကျေးရွာသို့ ပြန်လာကြဖို့ စည်းရုံးပြောဆိုနေကြောင်းနှင့် မီးလောင်မှုဖြစ်ပြီး တွေ့ရှိရသည့် ဘင်္ဂါလီ အမျိုးသမီးတစ်ဦးအား ခေါ်ယူစစ်ဆေးပြီးဖြစ်သဖြင့် ၎င်းတို့ဆွေမျိုးများထံ ပြန်လည်ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သိရသည်။ ဒုချီးရားတန်းတွင် ဘင်္ဂါလီမွတ်စလင် အမျိုးသမီးနှင့် ကလေးငယ်များ အသတ်ခံရပြီး ရဲတပ်ဖွဲ့ဝင်များကိုယ်တိုင် ပါဝင်ပတ်သက်ခဲ့သည်ဟု နိုင်ငံတကာ သတင်းမီဒီယာများ၌ ဖော်ပြခဲ့ပြီးနောက် ကုလသမဂ္ဂအဖွဲ့က မြန်မာအစိုးရအား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် တိုက်တွန်းပြောကြားခဲ့သည်။ ၎င်းတို့အနေဖြင့် အဓိကရုဏ်းများ ဖြစ်ပေါ်ခဲ့ဖူးသည့် ရခိုင်ပြည်နယ် နေရာဒေသများတွင် တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်ဟု ယုံကြည်ရသည့် သတင်းအချက်အလက်များ ရရှိနေကြောင်း ကုလသမဂ္ဂအဖွဲ့က ပြောဆိုသည်။ ကုလသမဂ္ဂက ပြောဆိုရာတွင် ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်ရွာတစ်ရွာတွင် ဇန်န၀ါရီ ၉ ရက်က ရခိုင်ဗုဒ္ဓဘာသာဝင်များ၏ တိုက်ခိုက်မှုကြောင့် ဘင်္ဂါလီအမျိုးသားရှစ်ဦး သေဆုံးခဲ့ရသည်ဆိုသည့် သတင်းများ ရရှိခဲ့ကြောင်း ပြောဆိုခဲ့သည်။ အဆိုပါတိုက်ခိုက်မှုအပြီး လေးရက်အကြာတွင် အဆိုပါရွာတွင်ပင် ရဲတပ်ဖွဲ့တပ်ကြပ်ကြီးတစ်ဦး ဘင်္ဂါလီများ၏ ဖမ်းဆီးသတ်ဖြတ် ခံခဲ့ရသည်ဟု သိရသည်။ ထိုအဖြစ်အပျက်ကြောင့် ရဲတပ်ဖွဲ့နှင့် ဒေသခံရခိုင်လူမျိုးများက ဘင်္ဂါလီလူမျိုး ၄၀ ခန့်အား ညနေပိုင်းတွင် သတ်ဖြတ်ခဲ့သည်ဟု ကြေညာချက်တွင် ထည့်သွင်းပြောဆိုထားပြီး ကုလသမဂ္ဂအနေဖြင့် ရရှိလာသည့် သတင်းအချက်အလက်များကို မြန်မာအစိုးရထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု ဖော်ပြခဲ့သည်။ အေပီသတင်းဌာနနှင့် ကုလသမဂ္ဂ၏ တိုက်တွန်းချက်အပြီးတွင် မြန်မာနိုင်ငံဘက်မှ သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ကုလသမဂ္ဂ၏ ကြေညာချက်သည် ၀မ်းနည်းစရာကောင်းပြီး အကြောင်းအကျိုး မခိုင်လုံသော သတင်းရင်းမြစ်များအပေါ် အခြေခံထားသည်ဟု ပြောဆိုခဲ့သည်။ “ကုလသမဂ္ဂရဲ့ အခုလိုလုပ်ရပ်ကြောင့် ရခိုင်ပြည်နယ်မှာ မယုံကြည်မှုတွေ ပိုမိုဖြစ်ပွားလာနိုင်ပြီး ဒေသခံတွေအနေနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေပေါ်မှာ အယုံအကြည် နည်းပါးလာနိုင်ပါတယ်” ဟု ဦးရဲထွဋ်က အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားသည်။ ယင်းနောက် ကုလသမဂ္ဂဦးဆောင်သည့် လေ့လာရေးအဖွဲ့များအား ပြဿနာဖြစ်ပွားခဲ့ရာ မောင်တောမြို့ အဆိုပါကျေးရွာသို့ သွားရောက်လေ့လာခွင့်ပြုခဲ့ပြီး ဇန်န၀ါရီ ၂၈ ရက်တွင်လည်း အစိုးရဘက်က သတင်းစာ ရှင်းလင်းပွဲပြုလုပ်ကာ သတင်းအမှားများ အသုံးပြု၍ သတင်းထုတ်ပြန်ခြင်းများ ပြုလုပ်နေသည့် ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ သတင်းဌာနများသည် ရခိုင်ဒေသပြဿနာကို ပိုမိုရှုပ်ထွေးအောင် လုပ်နေသကဲ့သို့ ဖြစ်နေသည်ဟု ပြောကြားခဲ့သည်။ မောင်တော မွတ်စလင် ၄၈ ဦး အသတ်ခံရမှု သတင်း စုံစမ်းရန် နိုင်ငံတကာ တောင်းဆိုမှု အစိုးရ ပယ်ချ မောင်တောမြို့နယ် ဒုချီးရားတန်း ကျေးရွာ ဆိုင်းဘုတ်(ဓာတ်ပုံ – ဂျေပိုင်/ဧရာဝတီ) ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာတွင် မွတ်စလင် ၄၈ ဦး အကြမ်းဖက် သတ်ဖြတ်ခံရမှု သတင်းနှင့် ပတ် သက်၍ မြန်မာအစိုးရက တရားဝင် ငြင်းဆိုလိုက်ပြီး ယင်းသတ်ဖြတ်မှုကို စုံစမ်းစစ်ဆေးရန် နိုင်ငံတကာ၏ တောင်းဆိုမှုကို လက်မခံ ဘဲ ပယ်ချလိုက်သည်။ ရန်ကုန်မြို့ နိုင်ငံခြားရေး ၀န်ကြီးဌာန ရုံးခန်းတွင် ဇန်န၀ါရီလ ၂၈ ရက်နေ့ က ပြုလုပ်သော ကုလသမဂ္ဂနှင့် သံတမန်များ၊ နိုင်ငံ တကာ အဖွဲ့အစည်းများကို ရှင်းလင်းပွဲအပြီးတွင် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒု ၀န်ကြီး ဦးရဲထွဋ်က သတင်းထောက်များကို ပြောဆိုခြင်း ဖြစ်သည်။ ဒု ချီးရားတန်း ကျေးရွာတွင် ဇန်န၀ါရီ ၁၄ ရက်က မွတ်စလင် ၄၈ ဦး သတ်ဖြတ်ခံရသည် ဆိုသော သတင်းများနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရ၊ ပြည်ထဲရေး ၀န်ကြီးဌာနနှင့် ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်းရေး ကော်မရှင်တို့က သွားရောက်စစ်ဆေး ခဲ့သော် လည်း သတင်းများ မမှန်ကန်သည်ကို စစ်ဆေးတွေ့ရှိရကြောင်း အစိုးရ တာဝန်ရှိသူများက နိုင်ငံတကာ အဖွဲ့အစည်းများသို့ ရှင်း လင်းပွဲ ပြုလုပ်ခြင်း ဖြစ်သည်။ ယင်း မောင်တော အကြမ်းဖက် သတ်ဖြတ်မှုနှင့်ဆက်စပ်၍ အစိုးရ၏ စုံစမ်း စစ်ဆေးမှုများတွင် နိုင်ငံတကာမှ ပူးပေါင်း ပါဝင်ခွင့်ကို အမေရိကန် သံအမတ်က တောင်းဆိုခဲ့သော်လည်း အစိုးရဘက်က ငြင်းပယ်ခဲ့သည်။ “ကျနော်တို့ရဲ့ စုံစမ်းစစ်ဆေးမှုသည် ကျနော်တို့ရဲ့ ပြည်တွင်းရေး ကိစ္စဖြစ်တယ်၊ ကျနော်တို့နိုင်ငံမှာ လွတ်လပ်စွာစုံစမ်း စစ်ဆေးတဲ့ အဖွဲ့တွေ ရှိခဲ့ပြီးသား၊ ဒီအဖွဲ့နဲ့လုပ်မယ်၊ နိုင်ငံတကာကလူတွေ ပါစရာမလိုဘူး၊ သို့သော် ကျနော်တို့ရဲ့စုံစမ်းစစ်ဆေးမှုသည် ပွင့် လင်း မြင်သာမယ်၊ ကျနော်တို့တွေ့ရှိတာတွေကိုလည်း အားလုံးကိုမျှဝေမယ်လို့ ကျနော်ဖြေကြားခဲ့တယ်”ဟု ဦးရဲထွဋ်က ပြောသည်။ လတ်တလော အစိုးရ၏ စုံစမ်းစစ်ဆေးမှုများအရ မွတ်စလင်များ သတ်ဖြတ်ခံရသည်ဆိုသော သတင်းများမှာ မဟုတ်မှန်သည့်အတွက် အချက်အလက်များ သိသည်ဟုဆိုနေသော ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံတကာ သတင်းဌာနများအနေဖြင့် ခိုင်လုံသော အထောက်အထားများရှိလျှင် အစိုးရထံသို့ တင်ပြနိုင်ပြီး အစိုးရအနေဖြင့် အရေးယူပေးမည်ဖြစ်ကြောင်း လည်း ဦးရဲထွဋ်က ဆက်လက်ပြောဆိုသည်။ ဘယ်လ်ဂျီယံနိုင်ငံ အခြေစိုက် နိုင်ငံတကာ ပဋိပက္ခများ လေ့လာစောင့်ကြည့်ရေး အဖွဲ့ (ICG) က မွတ်စလင်များ အကြမ်းဖက် သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ မျက်မြင်သက်သေများနှင့် မေးမြန်းထားသည့်အပြင် မှတ်တမ်းဓာတ်ပုံတချို့ကိုပါ ရရှိထားကြောင်း၊ ဇန်န၀ါရီ ၉ ရက်မှ ၁၃ ရက်အတွင်း အကြမ်းဖက်ဖြစ်ရပ်များတွင် လူပေါင်း ၄၉ ဦး ၀န်းကျင် အသတ်ခံခဲ့ရသည်ဟု ယုံကြည်ကြောင်း၊ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေးရန် တောင်းဆိုကြောင်း ဇန်န၀ါရီ ၂၆ ရက်က တရားဝင် ကြေညာချက် ထုတ်ပြန် ခဲ့ သည်။ ကုလသမဂ္ဂကမူ မောင်တော အကြမ်းဖက် သတ်ဖြတ်မှုတွင် မွတ်စလင် ၄၈ ဦး သေဆုံးခဲ့ကြောင်း အေပီ သတင်းဌာနသို့ ထုတ်ပြန် ပြောဆို ခဲ့သည်။ ဦးရဲထွဋ်ကမူ“အလောင်းတွေ မြှုပ်ထားတယ်ဆိုတဲ့ သင်္ချိုင်းနေရာကိုလည်း ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်းရေးကော်မရှင်က ရောက်ခဲ့ တယ်၊ ကြည့် တော့ ဘာမှအသစ်မြှုပ်ထားတာ မရှိဘူး၊ သင်္ချိုင်းကုန်း အဟောင်းကြီး ဖြစ်နေလို့ တောတွေတောင်ဖုံးနေပြီ၊ တကယ် လို့ တူးထားတယ် ဆိုရင်လည်း ခြေရာလက်ရာတွေ ရှိနေရမှာပေါ့၊ နောက်တခါ ရခိုင်သူကြီးက ဘင်္ဂါလီတွေကို ဖမ်းပြီးနှိပ်စက်တယ် ဆိုတဲ့ နေရာကိုလည်း ရောက်ခဲ့တယ်၊ အဲဒီမှာ လူမသိအောင်ဖမ်းထားလို့ရတဲ့ အဆောက်အအုံမျိုးလည်း မရှိဘူးလို့ ပြောတယ်၊ မကြာခင်မှာပဲ ဒီအဖွဲ့က ဒီကိစ္စနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်မှုတွေ လုပ်မယ်တဲ့”ဟု ပြောသည်။ ရခိုင်ပြည်နယ်အတွင်း လူမှုရေး အထောက်အပံ့များ ပေးနေသော နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ (MSF) မှ မြန်မာနိုင်ငံ တာဝန် ခံ Peter-Paul de Groote က ဇန်န၀ါရီ ၁၄ ရက်က ဒဏ်ရာရသူများ အပါအ၀င် လူ ၂၂ ဦး ကို MSF က ဆေးဝါး ကုသပေးခဲ့ရပြီး ဒဏ်ရာရသူများမှာ ဒုချီးရားတန်းရွာမှ ရွာသူရွာသားများဖြစ်သည်ဟု ယုံကြည်ရကြောင်း ထုတ်ပြန်ပြောဆိုခဲ့သည်။ MSF အနေဖြင့် အမှန်တကယ် ဒဏ်ရာရရှိသူများကို ဆေးဝါး ကုသပေးခဲ့ရမှုများရှိလျှင် အစိုးရသို့ တိတိကျကျ တင်ပြ ရန်ပြောသည့်အခါ ၎င်းတို့မှ မပြနိုင်ကြောင်း၊ ပဋိပက္ခ စုံစမ်းရေး ကော်မရှင်မှ ရွာများသို့ လိုက်လံမေးမြန်းရာတွင်လည်း အဆိုပါ လူ များဆိုသည့် နာမည်နှင့်ပင် မရှိကြောင်း၊ မိမိတို့အနေဖြင့် ယခုပြဿနာကို ဖုံးဖိရန်မဟုတ်ကြောင်း၊ ပြစ်မှုကျူးလွန်သူကို ကာကွယ် ပေးရန်လည်း မဟုတ်ကြောင်း ဦးရဲထွဋ်က ပြောသည်။ “ကျနော်တို့က အဲဒီဒေသက ၂ ဘက်အသိုင်းအ၀ိုင်းကို ကာကွယ်ပေးရမှာ၊ ဘယ်သူကျူးလွန်၊ ကျူးလွန် ကျနော်တို့ အရေးယူမှာပဲ၊ တကယ်ထိခိုက်နစ်နာခဲ့တာက ရခိုင်လူမျိုး ရဲတပ်ကြပ် အောင်ကျော်သိန်းပဲ၊ ကျနော်တို့က သာမာန် ရာဇ၀တ်မှုလေးကို ထိန်းထိန်း သိမ်းသိမ်းလုပ်နေတာမှာ တဖက်က သူတို့ကျူးလွန်တာကို ဖုံးကွယ်ချင်တဲ့အတွက် ပေါင်းလုပ်ကြတယ်”ဟုလည်း ၎င်းက ဆိုသည်။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ မွတ်စလင် အများစု နေထိုင်သော ဒုချီးရားတန်း ကျေးရွာသို့ အာဏာပိုင်များ လာရောက်ပြီး မိုဘိုင်းလ်ဖုန်းများ သိမ်းယူခြင်း၊ အိမ်ထောင်စု လူဦးရေ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းသို့ ဆောင်ရွက်မှုကို မကျေနပ် သော မွတ်စလင်များက လူစုလူဝေးဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး အာဏာပိုင်များနှင့် မွတ်စလင်များ အကြား ပဋိပက္ခများဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယင်းနောက် ဇန်န၀ါရီလ ၁၄ ရက်နေ့ နံနက်စောပိုင်းတွင် ပျောက်ဆုံးခဲ့သော ရဲတပ်ကြပ်ကြီး တဦးကို ရှာဖွေရန် စစ်သားများ၊ ရဲများနှင့် ဒေသခံ ရခိုင်တိုင်းရင်းသားများပါဝင်သော လူစုလူဝေးက ဒုချီးရားတန်း ကျေးရွာသို့ ပြန်လည်ရောက်ရှိလာပြီး ရွာသူရွာသားများကို တိုက်ခိုက်ကာ ပစ္စည်းများ သိမ်းယူခဲ့ကြောင်း သတင်းများတွင် ဖော်ပြခဲ့သည်။ ယင်းတိုက်ခိုက်မှုအတွင်း ကလေးများ၊ အမျိုးသမီးများအပါအ၀င် လူသေဆုံးသည်ဟု ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တခုဖြစ်သော Arakan Project က ဇန်န၀ါရီလလယ်ပိုင်းတွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ရခိုင်အရေးသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးဖြစ်စဉ် တစ်ခုသာဖြစ်ကြောင်း ဥရောပသမဂ္ဂသံအမတ်ကြီး ပြောကြား

Published on: January 30, 2014 Written by: စိုးထက်ခိုင် မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော မငြိမ်သက်မှုများမှာ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးဖြစ်စဉ် တစ်ခုအဖြစ် ဥရောပသမဂ္ဂမှ လုံးဝယုံကြည်လက်ခံထားကြာင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး Mr. Roland Kobia က စစ်တွေမြို့သို့ ရောက်ရှိစဉ်ပြောကြားသည်။ ဇန်န၀ါရီ ၂၉ ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ပြည်နယ်အစိုးရရုံး၌ ဥရောပနိုင်ငံများမှ သံအမတ်ကြီးများ၊ သံရုံးတာဝန်ရှိသူများနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများတွေ့ဆုံပြီး ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် အရေးကိစ္စများအတွက် ဆွေးနွေးမှုတွင် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်က ယခုကဲ့သို့ ပြောကြားသည်။ ၂၀၁၂ ခုနှစ် ဇွန်လအတွင်းက ဖြစ်ပွားခဲ့သည့် ကျောက်နီမှော်ကျေးရွာမှ ဖြစ်စဉ်ကြောင့် စတင်ခဲ့သော ရခိုင်ပြည်နယ်အတွင်း လူမျိုးရေးပဋိပက္ခများနှင့် ပတ်သက်၍ ဥရောပသမဂ္ဂမှ ရခိုင်ပြည်နယ်သို့ ပထမဆုံးအကြိမ် လာရောက်လေ့လာခြင်းဖြစ်ပြီး လူမျိုးစုနှစ်စုအကြားတွင် တင်းမာမှုလျှော့ချနိုင်ရေးနှင့် ရခိုင်ပြည်နယ်အတွင်း လိုအပ်နေသော လူသားချင်းစာနာမှု အကူအညီများပေးအပ်နိုင်ရန် လာရောက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး Mr. Roland Kobia က ပြောကြားသည်။ ပြီးခဲ့သော ရက်ပိုင်းအတွင်းက ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်း ကျေးရွာ၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်တစ်ဦး ကင်းလှည့်စဉ် အကြမ်းဖက်တိုက်ခိုက်ခံရသဖြင့် ပျောက်ဆုံးသွားခဲ့အပြီး ဘင်္ဂါလီလူမျိုး ၄၀ ကျော်အသတ်ခံခဲ့ရကြောင်း နိုင်ငံတကာသတင်းမီဒီယာများနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ သတင်းထုတ်ပြန်အပြီး နောက်တွင် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး Mr. Roland Kobia အပါအ၀င် ဥရောပသမဂ္ဂနိုင်ငံများမှ သံအမတ်များပါဝင်သောအဖွဲ့သည် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်က ဒုချီးရားတန်းဖြစ်စဉ်အပြီးနောက် ဘင်္ဂါလီအမျိုးသမီးနှင့် ကလေးငယ် ၄၀ ကျော် အသတ်ခံရသည်ဆိုသော သတင်းမှာ နိုင်ငံတကာကယ်ဆယ်ရေးဝန်ထမ်းများထံမှ ရရှိသည်ဆိုသော သတင်းအရင်းအမြစ်ကို BBC သတင်းဌာနမှ ဖော်ပြခဲ့ခြင်းသာဖြစ်ပြီး အမှန်တကယ်မှာ လုံခြုံရေးတာဝန်ထမ်းဆောင်နေသော ရဲတပ်ကြပ်တစ်ဦးသာ အသတ်ခံခဲ့ရခြင်းဖြစ်သည်ဟု ပြောကြားသည်။ “ဒီရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့အခက်အခဲကြီးဟာ ပြည်တွင်းရေးသက်သက်သာ ဖြစ်တယ်ဆိုတာ လုံးဝလက်ခံထားပါတယ်။ မနေ့က သတင်းစာရှင်းလင်းပွဲမှာလည်း ပြည်ထဲရေးဝန်ကြီးက ပြောသွားတဲ့အတိုင်း ဒီကိစ္စက ပြည်တွင်းရေးသက်သက်ဖြစ်တယ်ဆိုတာ ကျွန်တော်တို့အားလုံးက လက်ခံပါတယ်”ဟု Mr. Roland Kobia က ဆိုသည်။

Monday, January 27, 2014

ထိုင်းနိုင်ငံရေးအပိုင်း(၁၂)၊ ဆုထက်ဘယ်လိုနိုင်ငံရေးသမားလဲ။

လက်ရှိဘန်ကောက်မြိုလယ်ကိုပိတ်ဆို့ထားတဲ့သပိတ်ခေါင်းဆောင်မစ္စတာဆူထက်
သောဆူဘန်ဟာအရင်လေးနှစ်ကဒုတိယ၀န်ကြီးချုပ်အဖြစ်နဲ့သူတို့အစိုးရအဖွဲ့ကိုကန့် ကွက်ဆန္ဒပြနေကြတဲ့ဆန္ဒပြသူတွေအပေါ်တင်းမာတဲ့သတိပေးချက်ကိုထုတ်ပြန်ဘူးပါ တယ်။ဒီလူတွေဥပဒေကိုချိုးဖေါက်ပြီး၊လမ်းတွေကိုပိတ်ဆို့မယ်၊အစိုးရအဆောက်အဦ
တွေကိုကျူးကျော်ဝင်ရောက်မယ်ဆိုရင်၊ဒီသပိတ်ကိုဖြိုခွင်းရမှာပဲလို့၂၀၁၀ခုမတ်လ
(၁၂)ရက်နေ့မှာကြေငြာခဲ့တယ်။နှစ်လကျော်ကျော်လောက်ကြာတော့သူပြောတဲ့အတိုင်း စစ်တပ်ကအင်အားသုံးပြီးဖြိုခွင်းတာပဲ။ဆန္ဒပြလူထုထဲကိုအမ်(၁၆)မောင်းပြန်သေနပ်
တွေနဲ့ပစ်ခတ်နှိမ်နင်းခဲ့တယ်။၂၀၁၁ခုရွေးကောက်ပွဲမှာကတော့ဆူထက်ရဲဒီမိုကရက် ပါတီဟာမရှုမလှရှုံးနိမ့်ခဲ့တယ်။ဒီအချိန်မှာသူကိုယ်တိုင်ကဦးဆောင်ပြီးလမ်းတွေကို ပိတ်ဆို့၊အစိုးရရုံးတွေကိုဝင်စီးပြီးဆန္ဒပြပွဲနဲ့ပြည်သူကရွေးကောက်တင်မြှောက်ထားတဲ့အစိုးရ
ကိုနှုပ်ထွက်ပေးဘို့တောင်းဆိုနေတယ်။တဖက်ကနိုင်ရင်တဖက်ကဆန္ဒပြတဲ့နိုင်ငံ ရေးလှုပ်ရှားမှုသံသရာလည်တဲ့သဘောလို့ထင်ရပေမဲ့၊ဒီအချိန်မှာထိုင်းပြည်သူတွေအ ကြားမှာအင်အားစုကြီးနှစ်ခုကိုရင်ကြားစေ့ပေးနိုင်မည့်လမ်းစဉ်တခုမဟုတ်တာတော့ ဆူထက်ရော၊အဘီဆစ်ဝိဇ္ဇာဇီဝရော၊ယဉ်လတ်နဲ့၊အသေးရောက်ဝန်ကြီးချုပ်ဟောင်း တက်ဆင်တို့ပါသဘောပေါက်ကြဘို့လိုပါပြီ။ဆူထက်ကတော့သူဟာအကျင့်ပျက်ခြစားမှုနဲ
့၊တက်ဆင်နွယ်ဘွားများလွှမ်းမိုးချုပ်ကိုင်မှုကိုဆန့်ကျင်တိုက်ပွဲဝင်နေတာပါလို့ပြော တယ်။၂၀၁၀ခုနှစ်ကရှပ်နီဆန္ဒပြသမားတွေဘန်ကောက်မြိုလယ်ကိုပိတ်ဆို့ပြီးအစိုးရ
နှုပ်ထွက်ပေးဘို့တောင်းဆိုခဲ့သလိုတောင်းဆိုနေပါတယ်။ဘန်ကောက်ပို(စ်)သတင်း စာကလဲအလွန်အန္တရယ်များတဲ့နိုင်ငံရေးကစားကွက်ပဲလို့သတိပေးေ၇းသားတာဖတ် လိုက်ရပါသဗျ။ရတ်ချာပရာဆွန်လို့ခေါ်တဲ့မြိုလယ်လမ်းမဆုံကြီးဟာ၊ဟော်တယ်တွေ၊ ကုန်တိုက်ကြီးတွေ၊ဘာဏ်တိုက်ကြီးတွေနဲထိုင်းစီးပွါးရေးရဲ့ အသဲနှလု့းလို့ခေါ်ရင်
ခေါ်လောက်တယ်။ဒီမှာပိတ်ဆို့ဆန္ဒပြနေကြတော့အခုတောင်စီးပွါးရေးထိခိုက်မှုတွေ ကိုတွေ့နေရပါပြီ။မနှစ်ကနိုဝင်ဘာကစတင်ခဲ့တဲ့ဒီပဋိပက္ခမှာလူ(၉)ယောက်သေပြီးငါး ရာကျော်ဒါဏ်ရာရခဲ့ကြပြီ။ဖေဖေါ်ဝါရီလ(၂)ရက်နေ့ကျင်းပဘို့ကြေငြာထားတဲ့ရွေး
ကောက်ပွဲကိုလဲ၊ဖွဲစည်းပုံဥပဒေခုံရုံးနဲ့ရွေးကောက်ပွဲကော်မီရှင်ကရွှေ့ ဆိုင်းဘို့ပြော လာပြီ။ရွေးကောက်ပွဲကျင်းပနိုင်သည့်တိုင်အောင်အခုလိုသပိတ်တားမှုကြောင့်လွှတ်
တော်ခေါ်ဘို့ကမလွယ်ဘူး။အတိုက်အခံကတောင်းဆိုနေတဲ့နိုင်ငံရေးပြုပြင်မှု
တွေကိုရွေးကောက်ပွဲပြီးမှလွှတ်တော်မှာလုပ်ပေးပါမယ်လို့ယဉ်လတ်ကကိပးတယ်။
ဒါကိုဆူထက်ကပါယ်ချတယ်။ဒီအနေအထားမှာအကြိမ်ကြိမ်အာဏာသိမ်းဘူးတဲ့ထိုင်း
စစ်တပ်ကသတိပေးစကားပြောလာတယ်။ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီး ပရာ
ယုချန်အိုချာကတပ်ကဘယ်ဘက်ကမှမပါချင်ဘူး။ဒါပေမဲ့ပြဿနာကအဖြေမရပဲဒီလို
ဆက်ဖြစ်နေမယ်ဆိုရင်လုပ်သင့်တာတော့လုပ်ရတော့မယ်လို့ပြောလာတယ်။လေ
လောဆယ်မှာတပ်ကသပိတ်သမားတွေဖက်ပါပြီး၊ရဲကအစ်ုးရဖက်ကိုတိမ်းညွတ်တဲ့
သလိုတွေ့မြင်နေရတယ်။တပ်က၀င်ပြီးစွက်ဖက်လို့အစိုးရပြောင်းသွားတာတောင်ဒီ
နိုင်ငံရေးသံသရာကပျောက်သွားမဲ့လက္ခဏာမရှိဘူး။ထိုင်းရဲ့ စင်ပြိုင်အုပ်စုနှစ်ခုဟာ
ပိုပြီးအစွန်းရောက်၊ပိုပြီးအယူသည်းပြီးအမုန်းတရားကိုရှေ့ ထားလာကြတောအနာဂါတ် ဟာအလွန်စိုးရိမ်စရာကောင်းကြောင်းပါဗျား။

ဒေါက်တာအေးချမ်း
သမိုင်းပါမောက္ခ
ကန်ဒ တက္ကသိုလ်
ဂျပန်နိုင်ငံ၏ ဖေ့စ်ဘုတ်ခ် စာမျက်နှာမှကူးယူဖေါ်ပြခြင်းဖြစ်ပါသည်။

Saturday, January 25, 2014

ထိုင်းနိုင်ငံရေးအပိုင်း(၁၁)။မဏ္ဍလာမှထိုးစစ်ဆင်ပြီ

ဆူထက်ရဲသင်္ကြန်အမြောက်တွေကိုယဉ်လတ်ကဥပေက္ခာပြုထားခဲ့တယ်။နောက်
ထပ်သုံးပါတ်လောက်ပဲလိုတော့တဲ့ရွေးကောက်ပွဲကိုဖြစ်အောင်လုပ်မယ်ဆိုတာဗုဒ္ဓဟူး
(၁၆၊၁၊၁၄)မှာကြေငြာတယ်။တကယ်တော့ဖေဖေါ်ဝါရီ(၂)ရက်နေ့လုပ်မည့်ရွေး
ကောက်ပွဲကိုရွေးကောက်ပွဲကော်မီရှင်၊အတိုက်အခံတို့နဲ့ဆွေးနွေးပြီးရွှေ့ ဘို့လိုရင်ရွှေ့ 
မယ်လို့သူကမ်းလှမ်းပါတယ်။အတိုက်အခံကလက်မခံတာပါ။အစိုးရဆင်းပေးဘို့ပဲတွင်
တွင်တောင်းဆိုနေတယ်။ဒါကြောင့်ပြည်သူတွေရဲ့ဆုံးဖြတ်ပိုင်ခွင့်ဟာအရေးအကြီးဆုံး
ပါပဲ။ပြည်သူတွေရဲ့ အဆုံးအဖြတ်ကိုပဲခံယူတော့မယ်လို့ကြေငြာခဲ့ပါသဗျ။သူ့ ဖက်ကအ
လျှော့ပေးရမှာအားလုံးအလျှော့ပေးခဲ့ပြီပဲလေ။ဒီမိုကရက်တွေကရွေးကောက်ပွဲကိုသ
ပိတ်မှောက်ဘို့ကြေငြာတာကလဲသဘာဝကျတယ်လေ။သူတို့မနိုင်ဘူးဆိုတာသိနေကြတာကိုးဗျ။ဒီလိုကြေငြာပေမဲ့ဘန်ကောက်မြို့ပေါ်မှာမဲရုံတွေဖွင့်ဘို့ကမဖြစ်နိုင်လောက်
အောင်ပါပဲ။အခြေအနေတွေတင်းမာနေတယ်။ဘန်ကောက်ရဲ့ ပသုံဝမ်စီရင်စုမှာမျက် မြင်သက်သေတယောက်ကပြောတာကသပိတ်စခမ်းကိုကျည်ဆံအတောင့်သုံးဆယ်
လောက်ဝင်လာတယ်။ဘယ်ကပစ်မှန်းလဲမသိဘူးလို့ဆိုတယ်။အတိုက်အခံတွေကိုတန်
ပြန်မည့်အင်အားတခုရှိနေပြီဆိုတာထင်ရှားတယ်။ယဉ်လတ်ကတော့သူတို့နဲ့မပတ်
သက်ဘူးလို့လို့ဆိုတယ်။ဒီကြားထဲဝန်ကြီးချုပ်ဟောင်းအဘီဆစ်ဝိဇ္ဇာဇီဝရဲ့ အိမ်ကိုတိုက်
ခိုက်မှုတခုလဲဖြစ်သွားတယ်။ဘန်ကောက်အနောက်ပိုင်းမှာသပိတ်စခမ်းကသုံးနေတဲ့
ဘတ်စကားတစီးကိုလူတစုကရေနံလောင်းပြီးမီးရှို့လိုက်ကြတယ်။လက်နက်ကိုင်ပဋိ
ပက္ခတခုစတင်နေတဲ့လက္ခဏာကိုတွေ့နေရပြီ။ဘန်ကောက်မြိုသားတွေကတော့အ
ကြမ်းဖက်မှုတွေတိုးလာမှာကိုမလိုလားကြဘူး။အာဏာသိမ်းပွဲတခုဖြစ်နိုင်တယ်လို့ကော
လဟာလတွေပြန့်နေတယ်။ကာကွယ်ရေးဦးစီးချုပ်ကတော့တပ်က၀င်ပြီးအာဏာသိမ်း
တာမျိုးတော့မလုပ်ပါဘူးလို့ပြောနေတယ်။အခြေအနေကရှုတ်ထွေးနေတာအမှန်ပဲ။ဆူထက်ကတော့ယဉ်လတ်နဲ့သူ့အစိုးရတဖွဲ့ လုံးကိုအရှင်ဖမ်းမယ်လို့ကြုံးဝါးနေတာပဲ။

ပိုပြီးထင်သာမြင်သာတဲ့အချက်တခုကတော့မဏ္ဍလာကစပြီးထိုးစစ်ဆင်ပြီဆိုတာပါပဲ။ ဒီတိုက်ကွက်ကယဉ်လတ်ကိုတိုက်ရိုက်ပစ်မှတ်ထားတာထင်ရှားတယ်။ဂျပန်နိုင်ငံက
ကျိုတိုတက္ကသိုလ်၊အရှေ့တောင်အာရှလေ့လာရေးဌာနမှာသူတေသနလုပ်နေတဲ့၊ထိုင်းအမျိုးသားပညာရှင်ပါဗင်ချာချာဗါပွန်ပုံ (Pavin Chachavalponpun) ကဒီလိုရှင်းပြ တယ်။ထိုင်းဘုရင်ရဲ့ အငယ်ဆုံးသမီးတော်၊မင်းသမီးချူလာဘွန်(Princess Chulabhorn)ကိုယ်တော်တိုင်ဆန္ဒပြပွဲကိုအသိအမှတ်ပြုပါဝင်လာတယ်။ထိုင်းတော်ဝင် မိသားစုပါဝင်လာမှုဟာအစိုးရဆန့်ကျင်ရေးသပိတ်ကိုအားဖြည့်ပေးလိုက်တာပဲ။ဆူ
ထက်နဲ့သူ့နောကိလိုက်တွေဘယ်လောက်အထိရှေ့ ဆက်တိုးလာမလဲဆိုတာနားလည်
လို့ရပြီ။ယဉ်လတ်ရဲ့ အနေအထားဟာဘန်ကောက်မဏ္ဍလာမှာအားနည်းတယ်။၁၉၄၈ခု ကဦးနုရဲ့ အစိုးရလိုဖြစ်နိုင်တယ်။ဘန်ကောက်ကပညာရှင်ကြီးတွေ၊ဓနရှင်ကြီးတွေ
ကတော်ဝင်မိသားစုကိုရှေ့ ကတင်ပြီးအနာဂါတ်အိပမက်တွေမက်နေကြပြီ။ဒါပေမဲ့တ
ဖက်မှာမင်းသမီးလေးချူလာဘွန်ရဲ့ ပတ်သက်ပါဝင်လာမှုအတွက်ထိုင်းပြည်သူတွေဟာ
သူတို့စိတ်နဲ့တောင်မပြစ်မှားအပ်ဘူးလို့ယူဆထားကြတဲ့ထိုင်းဘုရင်စံနစ်အပေါ်အမြင်
ပြောင်းလာနိုင်တယ်လို့ပါမောက္ခချာချာဗါပွန်ပုံကသုံးသတ်ပါတယ်။သူဆက်ပြောတာက
တော့တင်းမာမှုတွေမြင့်တက်လာမယ်။ဒါပေမဲ့အတိုက်အခံတွေကပြည်သူတွေ
ထောက်ခံမှုကိုတော့ရမှာမဟုတ်ဘူး။ကျွဲနှစ်ကောင်ခတ်ရာမြေစာပင်ဖြစ်နေတာကပြည် သူတွေပါပဲလို့ပညာရှင်ကြီးကပြောသွားကြောင်းပါဗျား။
Ref: New York Times, January 16, 2014; The Japan Times, Janua
ဒေါက်တာအေးချမ်း သမိုင်းပါမောက္ခ ကန်ဒ တက္ကသိုလ် ဂျပန်နိုင်ငံ၏ ဖေ့စ်ဘုတ်ခ် စာမျက်နှာမှကူးယူဖေါ်ပြခြင်းဖြစ်ပါသည်။

ထိုင်းနိုင်ငံရေးအပိုင်း(၁၀)။သပိတ်ခေါင်းဆောင်အဖြစ်မှသူပုန်ခေါင်းဆောင်ဖြစ်လာ သည့်ဆူထက်သောင်ဆူဘန်။

သူကတော့သွေးရူးသွေးတန်းနဲ့ရှေ့ဆက်တိုးပြန်ပြီ။အာဏာပိုင်တွေကလဲသူ့ကိုသူပုန်အ
ဖြစ်သတ်မှတ်ထားကြပါပြီ။သူဒုတိယ၀န်ကြီးချုပ်ဖြစ်နေတုန်းကရှပ်နီ(၉၀)ယောက်ကို
ပစ်သတ်ခဲ့တဲ့အမှုအတွက်လဲတရားရုံးကဆင့်ခေါ်တာသူမသွားဘူး။မိုက်ရူးရဲလိုက်ပုံက တော့ယဉ်လတ်ရှင်နာဝတ်ကဆင်းမပေးပဲခေါင်းမာနေရင်သူနဲ့သူ့အစိုးရတဖွဲ့ တဖွဲ့လုံး
ကိုဝင်ဖမ်းမယ်တဲ့ဗျား။ကြားရတောစိတ်ထဲယားကျိကျိဖြစ်လာတယ်။ဝန်ကြီးတွေမင်း
တို့မိန်းမနဲခလေးတွေကိုတခြားကိုပို့ထားကြ၊ဒါမှမင်းတို့ကိုဝင်ဖမ်းရင်သူတို့လွတ်သွားကြ
မှာဆိုပဲဗျာ။ဒီလောက်သွေးရူးသွေးတန်းပြောတဲ့နိုင်ငံရေးသမားကျွန်တော်လေ့လာတဲ့
သမိုင်းစာအုပ်တွေထဲတော့မတွေ့မိပါဘူးဗျာ။သင်္ကြန်အမြောက်ထုတတ်တဲ့နိုင်ငံရေး
ခေါင်းဆောင်တွေတော့ရှိပါတယ်။ဗမာပြည်မှာလဲရှိခဲ့တာပဲလေ။ဟီးဟီး...ဒီအကြောင်း
တော့မပြောတော့ပါဘူး။ကျုပ်ကသမိုင်းသမားဆိုတော့နှိုင်းယှဉ်လေ့လာမှု (Comparative Analysis) ဆိုတာဝါသနာပါနေတယ်။၁၉၈၅ခုနှစ်ကဖိလစ်ပိုင်ကမား ကို(စ်)ပြေးရတာသွားသတိရမိသဗျို့။ပြေးရမှာပေါ့။သူ့ကာကွယ်ရေးဝန်ကြီးအင်ရီးလီ (Enriles) နဲ့ကာကွယ်ရေးဦးစီးချုပ်ရာမို့(စ်)(Ramos)ကပါသမတနန်းတော်ကိုဝိုင်းထားပြီ
လေ။ အခုသူ့နောက်မှာဘယ်သူရှိသလဲ။တပ်ကများပါနေသလား။သိပ်တော့မထင်ဘူး။ ရဲကကော။ဒီနေ့အထိဒီသပိတ်သမားတွေဟိုနေရာဝင်စီး၊ဒီနေရာဝင်စီးလုပ်နေနိုင်တာ ယဉ်လတ်ရဲ့စိတ်ရှည်သည်းခံမှုကြောင့်ဆိုတာပေါ်လွင်နေပြီ။ဘုရင်ကြီးကနေမကောင်း
ရတဲ့အထဲ။သူနှုပ်ဆိပ်နေမှာပဲ။ဒီတော့Hollow Bomb လို့ခေါ်တဲ့သင်္ကြန်အမြောက်နဲ့ထု တာယဉ်လတ်ကတော့ကြောက်မှာမဟုတ်ဘူး။ကျွန်တော်ပြထားတဲ့ဘန်ကောက်မဏ္ဍလ မြေပုံကိုရှုစားကြပါ။မျဉ်းတစောင်းတွေပြထားတာသူကောင်းမျိုးတွေရဲ့ အမာခံနယ်ပဲ။
ဒီနေရာမှာတောင်သူ့ ကိုထောက်ခံမည့်လူ၊မထောက်ခံတဲ့လူရှိနေတယ်။အသေအ ချာပါ။ ဆူထက်ကသူဟာသူဟာနိုင်ငံအတွင်းမှာခြစားမှုနဲ့တက်ဆင်မျိုးနွယ်စိုးမိုးမှုကို တိုက်ဖျက်နေတာပါလို့ပြောတယ်။ဒါပေမဲထိုင်းလူမျိုးအတော်များများကသိထားကြတာ
ကသူဒုတိယ၀န်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်စဉ်ကကျူးလွန်ခဲ့တဲ့ပြစ်မှုတွေအ
တွက်မထူးဇာတ်ခင်းနေတာဖြစ်တယ်ဆိုတာပါပဲ။ဒါပေမဲ့ဘန်ကောက်မဏ္ဍလာကသူ
ကောင်းမျိုးတွေရဲ့ ထောက်ခံမှုကိုရနေတယ်ဆိုတာတော့မယဉ်လတ်လဲလျှော့တွက်
လို့မရဘူးထင်တယ်။အစိုးရစီစဉ်ထားတဲ့ရွေးကောက်ပွဲကိုသူတို့ဆန်ကျင်နေကြပေမဲ့
စစ်တမ်းကောက်သူတွေရဲ့ အစီရင်ခံချက်အရထိုင်းမြောက်ပိုင်းမှာပြည်သူ၇၀%ကမဲ
ပေးဘို့အဆင်သင့်ပါပဲတဲ့။ဆူထက်ဟာသမ္ဘာရင့်နိုင်ငံရေးသမားတယောက်ပါ။ဒီပဋိ
ပက္ခဟာပြည်တွင်းစစ်အထိဦးတယ်သွားနိုင်တယ်ဆိုတာသူသဘောပေါက်ရမယ်။အမေ
ရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလဲဒီမိုကရေစီကျင့်စဉ်တွေခိုင်မာစေဘို့တိုက်တွန်း
တယ်။ဒီနေ့အထိအစိုးရလုပ်ငန်းစဉ်တွေရပ်ဆိုင်းမသွားဘူးဗျ။မနေ့ကဆူထက်နောက်
လိုက်တွေကရဲဦးစီးချုပ်ရုံးကိုသွားပြီး၊မင်းတို့တွေတက်ဆင်ရဲ့ ကျွန်တွေပဲလို့ဆဲကြသတဲ့။
ကျုပ်သာထိုင်းဘာသာနဲ့ရေးနေရင်ကျုပ်လဲအဆဲခံရလောက်ပြီ။ထိုင်းစာကကြီးခခွေး
လောက်တော့ဖတ်တတ်ပါရဲ။ဒီတိုင်းပြည်သမိုင်းကဗမာပြည်သမိုင်းနဲ့ဆက်စပ်နေလို့
လေ့လာမိတာပါ။တက်ဆင်ကိုမြောက်ကြွမြောက်ကြွနေတတ်လို့ကျုပ်လဲကြည့်မရခဲ့
ပါဘူး။ဒါပေမဲ့အမှန်နဲ့အမှား၊ဝေဖန်ပိုင်းခြားကြည့်ရမှာပေါ့။အတိုက်အခံတွေရဲ စွတ်စွဲချက်ကတော့တက်ဆင်ဟာဆင်းရဲသားတွေကိုမက်လုံးပေးပြီးမဲတွေလိမ်ယူခဲ့ တယ်။ဒါကခြစားမှုတခုပဲလို့စွတ်စွဲတယ်။အခုလဲတက်ဆင်ကတွေးတယ်၊ယဉ်လတ်က အကောင်အထည်ဖေါ်တယ်လို့သူတို့မြင်တယ်။ယဉ်လတ်ကတော့သူဟာသူ့အကိုရဲ့ ကိုယ်ပွါးမဟုတ်ရပါဘူး။သူ့အစိုးရရဲ့လက်ရှိပေါ်လီစီကလဲထိုင်းစားသုံးသူတွေရဲ့ ဝယ်
လိုအားမြင့်မားလာမှုကိုဦးတည်ပါတယ်လို့ပြောတယ်။ကျမဟာနိုင်ငံရေးတည်ငြိမ်မှုနဲ့ ဒီမိုကရေစီကိုကာကွယ်ဘို့ဒီနေရာကိုရောက်လာရတာပါလို့ဆက်ပြောတယ်။စီးပွါးေ၇း
အသိုင်းအ၀ိုင်းကလဲဒီလိုဖြစ်နေတာကိုမလိုလားကြဘူး။ဘယ်သူကဆက်ပြီးဘယ်ခြေ လှမ်းကိုလှမ်းမယ်ဆိုတာစောင့်ကြည့်ကြတာပေါ့ဗျာ။
ဒေါက်တာအေးချမ်း သမိုင်းပါမောက္ခ ကန်ဒ တက္ကသိုလ် ဂျပန်နိုင်ငံ၏ ဖေ့စ်ဘုတ်ခ် စာမျက်နှာမှကူးယူဖေါ်ပြခြင်းဖြစ်ပါသည်။

ထိုင်းနိုင်င်္ငရေး၊အပိုင်း(၉)။ဒီမိုကရေမကျတဲ့ဒီမိုကရက်တွေရဲ့ လမ်းစဉ်။

တနင်္လာနေ့ကဘန်ကောက်မြိုလယ်မှာထိုင်းအမျိုးသားအလံတွေတလူလူလွှင့်ထူထားတဲ့အစိုးရဆန့်ကျင်ရေးသမားတွေကလမ်းတွေကိုပိတ်ဆို့ရုံမကပဲ၊တဆင့်တက်ပြီးတော့ စတော့အရောင်းအ၀ယ်ဌာနကိုပါသိမ်းလိုက်ကြတယ်။သူတို့ရည်ရွယ်ချက်ကဖွဲ့စည်းပုံ ပြင်ဆင်ရေးထက်၊တက်ဆင်မိသားစုကိုထိုင်းနိုင်ငံရေးနယ်ထဲကမောင်းထုပ်ဘို့ပဲဆိုတာ ထင်ရှားတယ်။ထိုင်းနိုင်ငံရေးကိုအကဲဖြတ်သူတိုင်းကမယဉ်လတ်ကိုဘန်ကောက်မှအပအခြားနေရာတွေမှာထောက်ခံသူတွေပိုများတယ်ဆိုတာသဘောပေါက်ကြပါတယ်။အ ခြေအနေကထိုင်းရဲ့ စီးပွါးရေးကိုထိလာပြီ။ထိုင်းရဲအဓိကနိုင်ငံခြားငွေရပေါက်တခုဖြစ
တဲ့ ခရီးသွားလုပ်ငန်းဟာ၅၀%ကျဆင်းသွားခဲ့ပြီ။ယဉ်လတ်ကရွေးကောက်ပွဲကိုရွှေ့  ဆိုင်းဘို့အတိုက်အခံနဲ့ဆွေးနွေးမယ်လို့ကမ်းလှမ်းတယ်။ဆန္ဒပြပွဲကိုလှုံ့ဆော်စည်းရုံး
နေတဲ့ဒီမိုကရက်ခေါင်းဆောင်ဆူတက်သောင်းဆုပန်ကဒီတိုက်ပွဲမှာ၊နှစ်ဖက်နိုင်တို့၊ သရေတို့မရှိဘူး။အရှုံးအနိုင်ပဲရှိမယ်လို့ပြောတယ်။ယဉ်လတ်ကရှပ်နီတွေဘန်ကောက် မြို့ထဲဝင်လာမှာကိုဆန့်ကျင်တယ်။ထိပ်တိုက်ရင်ဆိုင်မှုကိုရှောင်တာဖြစ်တယ်။အကြမ်း ဖက်ချင်နေကြတာကရှပ်ဝါတွေပါ။ခေါင်းဆောင်တဦးဖြစ်တဲ့နီတိသွန်နဲ့နောက်လိုက်တွေ ကစစ်ရုံးချုပ်ကိုသွားပြီးစစ်တပ်ကဆန္ဒကြသူတွေအပေါ်အင်အားမသုံးဘို့တောင်းဆို
တယ်။အမေရိကန်နိုင်ငံခြားရေးဌာနကယဉ်လတ်ရဲ့ ရွေးကောက်ပွဲအစီအစဉ်ကိုထောက်
ခံတာကိုကန့်ကွက်တယ်။ထိုင်းနိုင်ငံရေးမှာဝင်မစွက်ဘို့တောင်းဆိုတယ်။ခက်တာက ဖွဲ့စည်းပုံခုံရုံးရော၊ခြစားမှုတိုက်ဖျက်ရေးကော်မီတီရောကဘန်ကောက်ကသူကောင်း မျိုးတွေချုပ်ကိုင်ထားကြတယ်။ယဉ်လတ်အတွက်နိုင်ငံရေးထွက်ပေါက်ရှာဘို့အခြား လမ်းမရှိဘူး။
ငြိမ်းချမ်းတဲ့နည်းနဲ့ဖြေရှင်းကြရင်ဘယ်လောက်ကြာကြာအဖြေတခုထွက်လာမယ်။ အပြောင်းအလဲတုဖြစ်လာနိုင်တာပဲလို့သမိုင်းပညာရှင်ထာနက်အပေါ်ဆူဝမ်ကပြော တယ်။ထိုင်းနိုင်ငံဟာချောက်နခမ်းပေါ်ရောက်နေပြီလို့ပြောနိုင်တယ်။ထိုင်းအရှေ့ မြောက် နဲ့၊မြောက်ပိုင်းမှာတက်ဆင်ရဲ့ သြဇာကကြီးလှတယ်။ဇင်းမယ် (ချင်းမိုင်)ကိုဗဟိုပြုတဲ့ထိုင်းမြောက်ပိုင်းဟာအရင်ကမြန်မာဘုရင်ကိုပဏ္ဏာဆက်ရတဲ့လားနားမင်းနိုင်ငံဖြစ်တယ်။သမိုင်းနောက်ခံမတူဘူး။ဘန်ကောက်လက်အောက်
ရောက်တာအနှစ်(၂၀၀)မပြည့်သေးဘူး။ဘန်ကောက်သားတွေကသူတို့ကိုခွဲခြားဆက်ဆံသလိုမြင်သူလဲရှိတယ်။မြာက်ပိုင်းကနိုင်ငံရေးသမားတယောက်က၊သူတို့ဆန္ဒ
ကိုဖေါ်ထုတ်ခွင့်ရှိပါတယ်။စင်ပေါ်တက်ပြီးကချင်တဲ့လူကပါစေဗျာ။အကကောင်းကောင်း၊မကောင်းကောင်းလက်ခုပ်တီးပေးကြတာပေါ့လို့ခပ် ထေ့ထေ့လေးပြောတယ်။
ဘန်ကောက်ရဲကခန့်မှန်းတာကတနင်္လာနေ့ကဆန္ဒပြသူအရေအတွက်က(၇၅,၀၀၀)လောက်ပဲရှိတယ်လို့ဆိုတယ်။ယဉ်လတ်အစိုးရပြုတ်ကျရင်ပြဿနာမပြီးသေးဘူး။ဒီမိုက ရက်ခေါင်းဆောင်နျစ်ဦးဖြစ်တဲ့ဆူထက်နဲ့အဘီဆစ်ဝိဇ္ဇာဇီဝကလဲတည့်ကြတာမဟုတ်
ဘူး။သူတို့နှစ်ယောက်ရဲ့အားစမ်းပွဲကနောက်ဆက်တွဲအဖြစ်ပါလာမယ်။ဇွဲ ကောင်း
ကောင်းနဲ့သက်လုံကောင်းမှပဲမယဉ်လတ်ရေ။
သတ္တ၀ါအများချမ်းသာကြပါစေ။
(The World Street, January 14, 2014)
ဒေါက်တာအေးချမ်း သမိုင်းပါမောက္ခ ကန်ဒ တက္ကသိုလ် ဂျပန်နိုင်ငံ၏ ဖေ့စ်ဘုတ်ခ် စာမျက်နှာမှကူးယူဖေါ်ပြခြင်းဖြစ်ပါသည်။

အပိုင်း(၈) ဆင်ဂါဘီယာနှင့်ထိုင်းနိုင်ငံရေး

ဒီနေ့ထုတ်နယူးယောက်တိုင်းသတင်းစာဖတ်တော့ထိုင်နိုင်ငံရေးဝဲဂယက်မှာဆင်ဂါဘီယာပု
လင်းမျောနေပြီတဲ့။ဆင်ဂါ(Singha) ဘီယာဆိုတာထိုင်းနိုင်ငံမှာအစောဆုံးထုတ် လုပ်ခဲ့တဲ့ဘီယာ။ပြည်တွင်းမှာရောပြည်ပမှာပါထိုင်းစားသောက်ဆိုင်တွေမှာ၊ဧည့်ခံပွဲ တွေသူမပါရင်အပီပွဲမစည်ဘူးလေ။ထိုင်းအမျိုးသားလက္ခဏာဆောင်တယ်လို့တောင် ပြောကြတာပဲ။အခုဒီဘီယာပုလင်းကနိုင်ငံရေးဂယက်ထဲမျောပါသွားပြီ။ဆင်ဂါဘီယာ ကုမ္ပဏီပိုင်ရှင်မိသားစုကရှပ်ဝါတွေနဲ့ပေါင်းပြီးအစိုးရကိုဆန်ကျင်နေတယ်။ပိုင်ရှင်မိသား စုကမင်းမျိုးမင်းနွယ်တွေထဲကလို့ပြောကြတယ်။ပိုင်ရှင်မိသားစုရဲ့သမိးပျိုအလှမယ်
လေးချစ်ပတ်ဘီရွန်ဘာကဒီကဆောင်းပါးတစောင်ရေးရာမှာထိုင်းလူမျိုးတော်
တော်များများကဒီမိုကရေစီဆိုတာကောင်းကောင်းနားမလည်ကြဘူး၊အထူးသဖြင့်ကျေး
လက်မှာနေတဲ့လူတွေပေါ့ဆိုပြီးရေးသတဲ့ဗျား။ဒီတော့ထိုင်းအရှေ့ မြောက်မှာပေါက်ကွဲ
ကုန်ပြီ။သူတို့ကလယ်သမားတွေ၊အောက်ခြေအလုပ်သမားတွေ၊ဘန်ကောက်မှာတက္ကစီ
မောင်းတဲ့လူတွေပါတယ်။ထိုင်းလူဦးရေးရဲ့သုံးပုံတပုံကျော်တယ်။တက်ဆင်လက်
ထက်မှာကျောင်းတွေဆေးရုံတွေဆောက်ပေးလို့လူနေမှုအဆင့်အတော်လေးမြင့်လာ
ကြသူတွေဖြစ်တယ်။မဖုယားလေးငယ်တယ်၊ချောတယ်၊အသက်က(၂၈)နှစ်ဘန်
ကောက်အထက်တန်းလွှာတွေကြားထဲမှာနှင်းဆီခိုင်ပေါ့။သူကငယ်တယ်၊ချောတယ်၊
စည်းစိမ်ချမ်းသာတွေကြားထဲကြီးလာတာ။ဒီနယ်ကလယ်သမားတွေဘ၀ကိုဘာနား
လည်မှာလဲဗျာ၊ရာဇာ့ဂုဏ်ဓနဂုဏ်တွေမောက်ပြီးပြည်သူရဲ့အားဆိုတာဘယ်သဘော ပေါက်မှာလဲလို့အူဒွန်ဌာနီကကျောင်းဆရာတယောက်ကပြောတယ်။ကြွက်ကြွက်ဆူ
လာတော့သူ့ ဖေ့(စ်)ဘုတ်မှာ၊သူဟာတိုင်းပြည်အတွက်တိုက်ပွဲဝင်နေတာပါတဲ့၊ဘယ်
သူတွေရဲ့ အခွင့်အရေးကိုမှလဲမထိခိုက်စေချင်ဘူးတဲ့၊ကျေးလက်ပြည်သူတွေကိုလဲသူ
အထင်မသေးပါဘူးလို့ရေးတယ်။သူပြောခဲ့တဲ့စကားတွေကိုတော့မရုပ်သိမ်းဘူး။ရှပ်နီ
ခေါင်းဆောင်တယောက်က၊ဒီစီးပွါးရေးသမားတွေဟာမှားယွင်းတဲ့ဖက်ကိုရောက်နေ
ကြတယ်။ဘန်ကောက်ကအထက်လွှာဆိုသူတွေကလဲသူတို့အိပ်ထဲဝင်နေတဲ့ပိုက်ဆံ
တွေဟာဒီလယ်သမား၊အလုပ်သမားတွေရဲ့ ချွေးနဲစာဖြစ်တယ်ဆိုတာနားမလည်ကြဘူး
လို့ပြောပါသဗျ။ဘုံရောအရက်ချက်လုပ်ငန်းကဆင်ဂါနဲ့ လီယိုဆိုတဲ့ဘီယာနှစ်မျိုးထုတ် တယ်။အခုဒီဘီယာနှစ်မျိုးလုံးကိုသပိတ်မှောက်ကြပြီ။ဒီဘီယာတွေကိုဖေါက်ပြီးခြေ
ဆေးနေတဲ့ဓါတ်ပုံတွေဖေ့(စ်)ဘုတ်တွေမှာပလူပျံပြီးတက်လာပြီ။နှစ်သစ်ကူးမှာဘီယာ
အရောင်းသွက်တဲ့အချိန်မှာတောင်ဒီဘီယာနှစ်မျိုးဝယ်အားမလိုက်တော့လို့အရောင်း
ကျနေတယ်ဆိုပြီးအရက်ဆိုင်တွေကငြီးနေကြပြီ။အူဘွန်ဌာနီကအကြီးဆုံးစားသောက် ဆိုင်ပိုင်ရှင်တယောက်ကကျုပ်ဆိုင်မှာဒီဘီယာနှစ်မျိုးကိုလုံးဝတင်မထားတော့ဘူး။ကျုပ်
ဖေါက်သည်တွေစိတ်ဆိုးပြီးကျုပ်ဆိုင်ကိုပါသပိတ်မှောက်မှဘ၀ပျက်မှာလို့ပြောသတဲ့။
အလှမယ်လေးချစ်ပတ်ဟာဒီမိုကရက်တစ်ပါတီရဲ့ အမာခံခေါင်းဆောင်တဦးဖြစ်နေပါပြီ။
၁၉၁၁၊မှာဘန်ကောက်ခရိုင်အတွင်းကမဲဆန္ဒနယ်တခုမှာဝင်အရွေးခံခဲ့တာရှုံးခဲ့ပါသတဲ့
ဗျား။ထိုင်းမြောက်ပိုင်းမှာဆင်ဂါးဘီယာကိုသပိတ်မှောက်နေကြပြီ။ဒီတော့အဲဒီမှာမြန်မာ
ဘီယာသွားရောင်းရင်ကိုက်မယ်ထင်တယ်ဗျို့ ။ လုပ်ကြပါလား။ကြာသလားလို့။
သတ္တ၀ါအများကျန်းမာကြပါစေ။
ဇန်န၀ါရီ(၁၁)။၂၀၁၄။
ဒေါက်တာအေးချမ်း သမိုင်းပါမောက္ခ ကန်ဒ တက္ကသိုလ် ဂျပန်နိုင်ငံ၏ ဖေ့စ်ဘုတ်ခ် စာမျက်နှာမှကူးယူဖေါ်ပြခြင်းဖြစ်ပါသည်။

ထိုင်းနိုင်ငံရေးအပိုင်း(၇) ထိုင်းတပ်မတော်ဆိုတာ။

ထိုင်းတပ်မတော်ကလိပ်ခဲတည်းလည်းဖြစ်နေတဲ့လက်ရှိအခြေအနေမှာသွေးထွက်သံယိုမှုတွေဖြစ်လာ ရင် အစိုး ရ ကတာဝန်ယူရလိမ့်မယ်လို့ပြောလာတယ်။ဆိုလိုတာကမင်းမဲ့စ
ရိုက်နဲ့ဆူပူလှုပ်ရှားနေကြ တဲ့ ဆူထပ်နဲ့ရှပ်ဝါတွေကို အကြမ်းဖက်မနှိမ်နင်းနဲ့လို့ပြောလိုက်တာပဲ။ဒီတော့ထိုင်းတပ်မတော်ဆိုတာဘာလဲ။ပြောဘို့လိုပြီ။ဆက်မရေး
တော့ဘူးလို့နေတာပဲ။ရေး လိုက်တော့မယ်။၁၉၃၂ခုနှစ်ကစပြီးထိုင်းနိုင်ငံရေးသမိုင်
ကိုလေ့လာရင်နိုင်ငံရေးမှာ
ထိုင်းစစ်တပ်ကအကြိမ်ကြိမ်ဝင်ပြီးစွတ်ဖက်ခဲ့တာတွေတွေ့ရမယ်။စစ်တပ်ကအာဏာ
သိမ်းခဲ့တာအကြိမ်(၂၀)
လောက်ရှိတယ်။ပျင်းရိငြီးငွေ့စ၇ာအကြောင်တွေပါဗျာ။ဒါပေမဲ့ထိုင်းစစ်တပ်ဟာမြန်မာ့
တပ်မတော်လိုပဲနိုင်ငံရေး
အင်အားစုတခုအဖြစ်အခုထိရပ်တည်နေတယ်ဆိုတာဘယ်လိုမှမငြင်းနိုင်ဘူး။
။လောလောဆယ်မှာလက်ရှောင်နေ
တယ်။ဒါပေမဲ့ဒီလိုပြောလိုက်တဲ့အတွက်တပ်ဟာနိုင်ငံရေးထဲကလုံးဝထွက်သွားသေးတာတော့မဟုတ်ဘူးဆိုတာ သွယ်ဝိုက်ပြီးနမိတ်ပြလိုက်တာဖြစ်တယ်။
၁၈၉၀ခုနှစ်မှာချူလာလောင်ကောင်မင်းမြတ်က၊တပ်မတော်ဆိုတာလိုအပ်လို့ဖွဲ့စည်းထူထောင်ရတယ်။ တနေ့နိုင်ငံရေးထဲမှာဝင်ရှုတ်လာမှာစိုးရိမ်တယ်လိုံပြောခဲ့ဘူးတယ်။ထိုင်းတပ်မတော်ဟာဘုရင်စံနစ်ကိုပါ၊ထိပါး လာနိုင်တယ်ဆိုတာလဲသူသဘောပေါက်ခဲ့တယ်။ဒီတော့၁၉၃၂ခုနှစ်ကတည်းကဗိုလ်
ချုပ်ကြီးတွေကအာဏာကိုဆုပ်ကိုင်ထားခဲ့တာမဆန်းပါဘူး။အခုလိုပြောလိုက်တာကလဲယဉ်လတ်အစိုးရကိုတဖက်လှည့်နဲ့ရာဇသံပေးလိုက်
တာပါ။ကျွန်တော်တော့ဒီလိုပဲမြင်တယ်။ဗမာတွေအတွက်ဒါကနားမလည်နိုင်စရာမရှိဘူး။အရပ်ဖက်ကအင်အားစု
တွေကတယောက်နဲ့တယောက်ငြင်းခုန်နေကြတဲ့အချိန်မှာတပ်ထဲမှာအမိန့်တခုတည်းနဲ
့ပြီးသွားတယ်။စုစည်းမှု (Cohesion)ရှိပြီးသား။သူ့ရှိတဲ့အင်အားကိုအမိန့်ဆိုတာတခုတည်းနဲ့ပစ်မှတ်တခုကို
ပစ်ထည့်နိုင်တယ်။ထက်အောက်အမိန့်နာခံမှုရှိတယ်။ပုံစံတူချြုပ်ထားတဲ့ယူနီဖေါင်းတွေကိုအရောင်တမျိုးတည်းဆေးဆိုးပြီးဝတ်ကြတယ်။ဒီ
တော့မညီညွတ်ပဲနေမလား။ထက်အောက်အမိန်နာခံမှု (Hierarchy) ဆိုတာရှိတယ်။ဗမာပြည်မှာလိုလွှတ်တော် ထဲမ၀င်ဘူ။ဒါပေမဲ့လွှတ်တော်ကိုသူခြိမ်းခြောက်နိုင်တယ်။အရပ်ဖက်နိုင်ငံေ၇းအဖွဲ့အ
စည်းတွေမှာဒါမျိုးမရှိဘူး။သူတို့အားနည်းချက်ကိုသူတို့မြင်ဘို့လိုတယ်။
၁၉၃၂မှာအာဏာသိမ်းလိုက်တော့ဘုရင်ပရာဂျာဒီပေါ့ (Prajadipok) က၁၉၃၄ခုနှစ်မှာနန်းစွန့်တယ်။သူ့ကိုဆက်ခံမည့်နန်းလျာမင်းသားလေးကအရွယ်
မရောက်သေးဘူး။ဆွစ်ဇာလန်မှာကျောင်းနေတယ်။မကြာပါဘူးသူရောဂါနဲ့နတ်ရွာစံတယ်။သူ့ကိုဆက်ခံမည့်မင်းသားလေးကလဲအရွယ်မရောက်သေးဘူး။။ဒီတော့ဆယ်စုနှစ်တခုခွဲလောက်ထိုင်းနိုင်ငံရေးမှာဘုရင်ရဲအခန်းကဏ္ဍပျောက်ကွယ်နေတယ်။ဗိုလ်ချုပ်
ကြီးတွေကပဲသက်ဦးဆံပိုင်ဘုရင်တွေလိုအုပ်ချုပ်နေခဲ့ကြတယ်။ဗိုလ်ချုပ်ကြီးဖိဘုန်း
သင်္ကြန် (Phibum Sogram) ဆိုရင်ဂျပန်တွေနဲ့ ပေါင်းပြီးမြန်မာပြည်ထဲ့ကသံလွင်မြစ်အရှေ့ ခြမ်းကိုထိုင်းနိုင်င်္ငထဲပေါင်းထည့်ခဲ့တယ်။ စစ်ပြီးခေတ်ရောက်တော့လဲထိုင်းတပ်မတော်ဟာဘုရင်ကိုယ်စားတိုင်းပြည်ကိုစောင့်ရှောက်ပေးခဲ့ရတာပါဆိုပြီးဘုရင်ရဲ့အသိအမှတ်ပြုမှုကိုရရှိခဲ့တယ်။အခုသူတို့သဘောထားကိုပြလိုက်ပြီ။၂၀၀၆ မှာလဲပြခဲ့ပြီးပြီ။ထိုင်းတော်ဝင်စစ်တက္ကသိုလ်ဆိုတာ ဘန်ကောက်ကEliteလို့ခေါ်တဲ့သူကောင်းမျိုးတွေကိုလက်နက်တပ်ဆင်ပေးတဲ့နေရာပါ။ကျွန်တော့အမြင်ပြောရရင်၊ကိုတတ်ဆင်နဲ့မယဉ်လတ်ရေ။ခင်ဗျားတို့နောက်မှာပြည်သူရှိတယ်။ဒါပေမဲ့အခြေအနေအရခင်ဗျားတို့မောင်နှမနောက်တလှမ်းတော့ဆုတ်ပေးရ
မယ်လို့ထင်တယ်နော်။
ဒေါက်တာအေးချမ်း သမိုင်းပါမောက္ခ ကန်ဒ တက္ကသိုလ် ဂျပန်နိုင်ငံ၏ ဖေ့စ်ဘုတ်ခ် စာမျက်နှာမှကူးယူဖေါ်ပြခြင်းဖြစ်ပါသည်။

“ရာဇဝင်ကို ရိုင်းစေသူများ”

၁၉၉၃-ခုနှစ်လောက်ဆီကပေါ့။ အဲဒီတုန်းက မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်ကြီး သုံးခုရဲ့ (ယခု)ပဓာန နာယက ဖြစ်တဲ့ ဆရာတော်ဘုရားကြီးကလည်း လောကတ္ထစရိယာပြစ်မှုနဲ့ နန်းတွင်းဆူညံတောရမှာ နိုင်ငံတော်ရဲ့ သီးခြား အပူဇော်ခံ အဖြစ် တစ်နှစ်ခွဲ ကျော် ချီးမြှောက်ပြီး ပြန်ြွကလာခါစသာသာပါ။ မန္တလေးစာသင်တိုက်ကြီးများရဲ့အကျော်အမော် ဆရာတော်ကြီးများ တစ်နေရာမှာ ဆုံကြတဲ့ မထေရ်မြတ်တို့ စကားဝိုင်းတစ်ခုကို ကြားနာမှတ်သားလိုက်ရပါတယ်။ ဒီစကား ဝိုင်းမှာ မန္တလေးမြို့၊ ဘုရားကြီးတိုက်က အဘိဓဇမဟာရဋ္ဌဂုရု၊ နိုင်ငံတော် သံဃမဟာနာယက နယားဆရာတော်ဘုရားကြီး လည်း ပါပါတယ်။

            နယားဆရာတော်ကြီးရဲ့တူ အရှင်မြတ်တစ်ပါးကလည်း လောကတ္ထစရိယာမှုနဲ့ပဲ ဝတ်ဖြူစင်ကြယ်လဲပြီး ရဲဘက်လို့ အမည်ပေးထားတဲ့ သွေးရဲရဲ၊ ချွေးရဲရဲ စခန်းအပို့ခံထားရတဲ့အချိန် ဖြစ်နေလို့ စကားဝိုင်းမှာပါတဲ့ မထေရ်ကြီးတစ်ပါးက နယား ဆရာတော်ဘုရားကြီးကို “ဆရာတော့်တူ အကြောင်းရော ဘယ်လိုများ ကြားတုန်း၊ လွတ်မြောက်ရာ လွတ်မြောက် ကြောင်းလေး ဘာလေးများ ဆရာတော် အနေနဲ့ မစောင့်ရှောက်နိုင်ဘူးလား”ဆိုတဲ့ အကြောင်း မေးလျှောက်ပါတယ်။

            နယားဆရာတော်ဘုရားကြီးက “မေးမနေနဲ့ဆရာတော် .. ဒီကောင်က လူမိုက်ပဲဟာ မိုက်လို့ အဖမ်းခံရပြီး ထောင်ကျတာ၊ ဘာလုပ်ပေးစရာလိုမလဲ”လို့ ပြန်ကြားပါတယ်။ အဲဒီစကားဝိုင်းမှာ ငြိမ်ပြီး နားထောင်နေတဲ့ မစိုးရိမ် တိုက်သစ်ဆရာတော်က “ဆရာတော် ထောင်ချသူနဲ့ ထောင်ကျသူမှာ ထောင်ကျသူက လူမိုက်၊ ထောင်ချသူကတော့ လူ လိမ္မာလို့ ဆိုရမှာလား”ဆိုတော့ “ထောင်ကျပါတယ်ဆို မှတော့ လူမိုက်ပေါ့”တဲ့။

            “ဒါဖြင့်ရင် အဇာတသတ်နဲ့ ဗိမ္ဗိသာရမင်းကြီးတို့နှစ်ဦးမှာ အဇာတသတ်က လူလိမ္မာ၊ ဗိမ္ဗိသာရမင်းကြီးက လူမိုက်ကြီးလို့ ဆိုရမလား ဆရာတော်”လို့ ထပ်ပြီးလျှောက်ထားလိုက်တော့ နယားဆရာတော်ကြီးက မစိုးရိမ် ဆရာတော်လည်း မကြာခင်လေးကမှ အဲဒီနေရာက ထွက်လာခဲ့တာကို သတိရပြီး “ဘွာ .. ဘွာ .. တပည့်တော်ပြောတဲ့ ထောင်ကျသူဆိုတဲ့အထဲမှာ မစိုးရိမ်ဆရာတော် မပါဘူး”တဲ့။ “ဗိမ္ဗိသာရမင်းကြီးရော ဆရာတော်”ဆိုတော့ “အဲ .. ကိုယ့်တူကို ဒေါသဖြစ်လို့ ပြောလိုက်မိတာပါ၊ ဒီလိုလည်း မဟုတ် ပါဘူး”ဆိုပြီး စကားကို လျှောချသွားပါတယ်။

            ဆရာတော်ကြီးများ အချီအချပြောနေတဲ့ အကြောင်းအရာကို နားထောင်ရင်း လောကသဘာဝတွေဟာ ဓမ္မ သဘာဝအရ အလေးအနက်ဆင်ခြင်ကြည့်တဲ့အခါ အမှတ်တမဲ့ သိထားတာတွေနဲ့ တကယ့်အမှန်တရားတို့ ပြောင်းပြန်ဖြစ်နေ တတ်တာကို သတိထား မိလိုက်တယ်။

            အထင်ရှားဆုံးအဖြစ်နဲ့ သတိထားလိုက်မိတာကတော့ “အရအကုန်နဲ့ အရှုံးအမြတ်”ဆိုတဲ့ ကိစ္စပါပဲ။ လောကထဲမှာတော့ “ရရင်မြတ်တယ်၊ ကုန်ရင် ရှုံးတယ်”လို့ပဲ ခပ်ပေါ့ပေါ့ မှတ်ထင်ခံယူကြတာများပါတယ်။ ဒါကြောင့်လည်း နံနက်လင်း အိပ်ရာကနိုးတာနဲ့ တပြိုင်နက် “ရအောင်ရှာဖို့”ဆိုတဲ့ အတွေးက ပထမဆုံး စိုးမိုးထားကြတော့တာပေါ့။

            အခု ဆရာတော်ကြီးများပြောတဲ့ အဇာတသတ်နဲ့ဗိမ္ဗိသာရမင်းကြီးတို့ရဲ့ ဖြစ်ရပ်စုံကို အသေအချာစဉ်းစားပြီး တွေးကြည့် လိုက်တော့ အဇာတသတ်မင်းဟာ အင်္ဂတိုင်း၊ မဂဓတိုင်းဆိုတဲ့ တိုင်းကြီးနှစ်တိုင်းကို အာဏာပိုင်တဲ့ ရာဇဂြိုဟ်ရဲ့ ထီးနန်း စည်းစိမ်ကို ရထားသူ။ ဗိမ္ဗိသာရမင်းကြီးကတော့ ထီးနန်းစည်းစိမ်ကို စွန့်လွှတ်ရသူပေါ့။ ဒါပေမယ့် အဇာတသတ်ဟာ ဒီထီးနန်းစည်းစိမ်ကို တရားသဖြင့် ရယူခဲ့သူ မဟုတ်ပါဘူး။ အလွန်ကို မဖွယ်မရာဖြစ်တဲ့ အဖသတ် ကံကြီးကို ကျူးလွန်ပြီး ရယူပိုင်ဆိုင်ထားတာပါ။

            ဒါကြောင့်လည်း အရကြီးသလောက် အရှုံးကလည်း ကြီးလှပါတယ်။ ထီးနန်းစည်းစိမ်ကို ရယူပိုင်ဆိုင် ထားစဉ်မှာ ကိုပဲ ညဥ့်အချိန်ရောက်လို့ အိပ်စက်မယ်ဆိုပြီး မျက်လုံးနှစ်ခု မှိတ်လိုက်တာနဲ့ တပြိုင်နက် ဓားလှံတွေ အရာမကနဲ့ ထိုးကြ၊ ခုတ်ကြတော့ မလို ငရဲနိမိတ်တွေ ထင်မြင်ပြီး တဖျပ်ဖျပ်တုန်လှုပ် လန့်နိုးနေရလို့  အိပ်ကောင်းခြင်းနဲ့ မအိပ်စက်နိုင်ပါဘူးတဲ့။ အများအမြင်မှာ နန်းတော်ပေါ်က ရှင်ဘုရင်၊ သူ့ရင်ထဲမှာတော့ တကယ့်ငရဲသားပါ။ (ဒီဒုက္ခကြီးကတော့ နောင်အခါ ဘုရား ရှင်နဲ့တွေ့ခွင့်ရလို့ သာမည ဖလသုတ်ဆိုတဲ့ ဒေသနာတော်ကြီးကို နာယူပြီးတဲ့အခါမှာ ကင်းလွတ်ခွင့် ရသွားခဲ့ပါတယ်။)

            နောက်ထပ် ရှုံးချက်နာတာကတော့ သူခင်းခဲ့တဲ့ “အဖသတ်နန်းယူ”ဆိုတဲ့ နမူနာဆိုးကြီးက သားစဉ်မြေးဆက် ငါးဆက်အထိ လိုက်လာလို့ ရာဇဂြိုဟ်ရဲ့ အစဉ်အလာကြီးမားသလောက် ခေတ်ပြိုင်ဝန်းကျင်က လေးစားရတဲ့ ရာဇဝင်ဟာ မျက်နှာမဖော်ဝံ့လောက် အောင် ရိုင်းသွားခဲ့ပါတယ်။ ဒါကြောင့်လည်း ရာဇဝင်ရိုင်းတဲ့ဒဏ်ကို မခံမရပ်နိုင်ကြတော့တဲ့ တိုင်းသူ ပြည်သားတွေက ငါးယောက် မြောက် အဖသတ်ဘုရင် “နာဂဒါသ”ကို ဝိုင်းဝန်းလုပ်ကြံ အဆက်ဖြတ်လိုက်ကြလို့ ဒီမျိုးနွယ် ပြတ်သွားခဲ့တာပါ။ ဘာပဲဖြစ်ဖြစ် အဇာတသတ်ဟာ ရာဇဝင်ကို ရိုင်းစေတဲ့ ရှင်ဘုရင်အဖြစ်လည်း မှတ်တမ်း ဝင်သွားပါတယ်။ (ဒီမှတ်တမ်းဆိုးကြီးက ဘယ်လိုမှ ပယ်ဖျက်လို့ မရပါဘူး။ ခုထိ ပိဋကတ်တော်ထဲမှာ ထင်ရှားရှိနေဆဲပါ။)

            နောက်ဆုံး မြတ်စွာဘုရားရှင်နဲ့တွေ့ပြီး သာမညဖလသုတ် ဒေသနာတော်ကို ဟောပြီးတဲ့အခါ ဘုရားရှင်မိန့်ကြားလို့ သိလိုက် ရတာက တကယ့် ရှုံးချက်နာတာပါ။ “တကယ်လို့သာ အဇာတသတ်ဟာ အဖသတ်ကံဆိုတဲ့ ပဉ္စာနန္တရိယကံကြီးကို မကျူးလွန်ခဲ့ရင် ဒေသနာတော်ရဲ့အဆုံးမှာ သောတာပန်အရိယာ ဖြစ်ကိုဖြစ်ရမှာ။ ခုတော့ သူ့ရဲ့ သောတာပန်ဖြစ်နိုင်စွမ်း ပါရမီအရင်းအမြစ်ကို အဖသတ်ကံကြီးနဲ့ တူးဖြိုပြီး ထီးနန်းစည်းစိမ်နဲ့ လဲစားခဲ့မိလို့ အရိယာဖြစ်ခွင့် ရှုံးသွားပြီတဲ့။ (ဒီအရှုံးဟာလည်း ခုထိအဖတ်ဆယ်လို့ မရသေးပါဘူး။)

            ဒါတင်မကသေးဘူး ပဉ္စာနန္တရိယကံကြီးဆိုတာ မဂ်တား၊ ဖိုလ်တားဖြစ်ရုံသာမက အပါယ်မျိုးစေ့ စစ်စစ်ကြီးလည်း ဖြစ်တာကြောင့် ဘယ်လိုကုသိုလ်မျိုးနဲ့မှ ပြေပျောက်အောင် အစားထိုးလို့လည်း မရပါဘူး။ ဒါကြောင့် အဇာတသတ် မင်းကြီးဟာ ဘုရားရှင်နဲ့တွေ့ပြီး သာသနာတော်မှာ အရေးအပါဆုံးဖြစ်တဲ့ သာမညဖလသုတ်ဒေသနာတော်ကြီးကို နာကြား ခွင့်ရလို့ သာသနာ တော်မှာ အရေးအပါဆုံး ပထမသင်္ဂါယနာတင်ပွဲရဲ့ သာသနာ့ဒါယကာကြီးဖြစ်တဲ့အထိ ကုသိုလ်တွေ ပွားခဲ့ပေမယ့် အဝီစိအထိ လားရောက် ရမယ့်အရေးလောက်ကိုပဲ ဟန့်တားနိုင်ခဲ့ပါတယ်။ သေသည်ရဲ့အခြားမဲ့မှာတော့ “လောဟကုမ္ဘီ”ဆိုတဲ့ ငရဲမှာ ကျရောက်ရ ပါတယ်။ အနှစ်ခြောက်သောင်းကြာမယ်ဆိုတော့ အခုအထိလည်း အဲဒီမှာ အရှုံး ဒဏ်ကို ခံနေရဆဲပါ။

အရအကုန်နဲ့အရှုံးအမြတ်

            ဒါတွေအားလုံးကို ခြုံကြည့်လိုက်တဲ့အခါ “လုပ်ရပ်၊ ဖြစ်ရပ်တွေရဲ့ စာရင်းချုပ် အမြတ်အရှုံးဆိုတာ ရခြင်း၊ ကုန်ခြင်း တို့နဲ့ တိုင်းတာလို့ မမှန်နိုင်ဘူး။ တရားခြင်း၊ မတရားခြင်းနဲ့ တိုင်းတာမှသာ မှန်ကန်နိုင်တယ်”ဆိုတဲ့ အဖြေမှန် ထွက်ပေါ်လာ ပါတယ်။

            ဟုတ်ပါတယ်။ ရခြင်းမှာလည်း တရားသဖြင့်ရရင် မြတ်တယ်၊ မတရားသဖြင့်ရရင် ရှုံးပါတယ်။ ကုန်ခြင်းမှာလည်း အလားတူ ပါပဲ၊ တရားသဖြင့် ကုန်ရင် မြတ်ပါတယ်၊ မတရားသဖြင့်ကုန်ရင်တော့ ရှုံးပါတယ်။

            ရခြင်းရဲ့အမြတ်အရှုံးနှစ်မျိုးမှာ “တရားသဖြင့် ရရင်မြတ်တယ်”ဆိုတာကတော့ ဘုရားရှင် “သုခသုတ်”မှာ ဟော တော်မူသလို ပါပဲ။ “ပိုင်ဆိုင်ခြင်း၊ သုံးဆောင်ခံစားရခြင်း၊ြွေကးမြီးကင်းခြင်း၊ မတရားမှု ကင်းခြင်း”ဆိုတဲ့ ချမ်းသာ လေးမျိုးကို ရရှိနိုင်တဲ့အတွက် မြတ်ပါတယ်။

            “မတရားသဖြင့်ရရင် ရှုံးတယ်”ဆိုတာကတော့ အဇာတသတ်တို့လို ရာဇဝင်ရိုင်းစေတဲ့ ရခြင်းမျိုး၊ ခိုးယူ၊ ယုယက်၊ နိုင်ထက် စီးနင်း သိမ်းပိုက်ယူတဲ့ ရခြင်းမျိုးဟာ ပစ္စုပ္ပန်သံသရာနှစ်ဖြာလုံးမှာ ရှုံးပါတယ်။ ဒီအရှုံးကတော့ သတိထား အသိပွား သူများသာ သဘောပေါက်နိုင်တဲ့ အရှုံးမျိုးပါ။

            လောကဓမ္မ ကောင်းကျိုးတွေ၊ ပရဟိတလုပ်ငန်းတွေကို လုပ်ဆောင်နေကြသူတွေအနေနဲ့ ကိုယ်တိုင် လုပ်ဆောင် နေကြပါ လျက်နဲ့ ကောက်ချက်မှန် မချနိုင်တာကတော့ “ကုန်ခြင်းရဲ့ အမြတ်နဲ့အရှုံး”ပါ။

            မြတ်ဗုဒ္ဓရဲ့ ဒေသာနတော်များမှာ ကုန်ခြင်းနဲ့ပတ်သက်လို့ -

            (၁) စွန့်ကြဲပေးကမ်း လှူဒါန်းလို့ ကုန်ခြင်း (စာဂက္ခယ)။

            (၂) စားသောက်သုံးစွဲလို့ ကုန်ခြင်း (ပရိဘောဂက္ခယ)။

            (၃) ဖြုန်းတီးခြင်း (သို့) ရေ၊ မီး၊ မင်း၊ ခိုးသူ၊ သားဆိုးသမီးဆိုးဆိုတဲ့ ရန်သူမျိုးငါးပါး ဖျက်ဆီးလို့ ပြုန်းတီးပြီး ကုန်ခြင်း (ဗျသနက္ခယ) ဆိုပြီး (၃)မျိုးရှိတယ်။ ဒီ (၃)မျိုးထဲမှာ နံပါတ်(၁)ကုန်ခြင်းမျိုးဟာ မြတ်သော ကုန်ခြင်းဖြစ်တယ်လို့ ဟော တော်မူပါတယ်။

            ဒါကြောင့် ကုန်ခြင်းမှာလည်း နံပါတ်(၁)ဖြစ်တဲ့ စွန့်ကြဲပေးကမ်းလို့ ကုန်ခြင်းဟာ မြတ်တယ်။ နံပါတ်(၃)ဖြစ်တဲ့ ဖြုန်းတီး၊ ပြုန်းတီးပြီးကုန်ခြင်းကတော့ ရှုံးတယ်။ နံပါတ်(၂)ဖြစ်တဲ့ သုံးဆောင်ခံစားလို့ ကုန်ခြင်းကတော့ “အရှုံးအမြတ်မရှိတဲ့ အရင်း”လို့ သဘောပေါက်ကြရမှာပါ။

အရှုံး အမြတ်နဲ့ အကြီးအသေး

            အရှုံးနဲ့အမြတ်ကို သိပြီးတဲ့အခါ အကြီးနဲ့အသေးကိုလည်း ထပ်ပြီး ခွဲခြမ်းကြည့်နိုင်ပါသေးတယ်။ အရှုံး(၂)မျိုးမှာ ဘယ်အရှုံးက အရှုံးကြီးလဲ၊ ဘယ်အရှုံးက အရှုံးသေးလဲ။ အမြတ်နှစ်မျိုးမှာလည်း အဲဒီလိုပဲပေါ့။

            ဖြေးဖြေးစဉ်းစားကြည့်ပါ။ မတရားကုန်ရတဲ့ ဖြုန်းတီးမှု၊ ပြုန်းတီးမှုကြောင့် ရှုံးရတယ်ဆိုတာဟာ အလွန်ဆုံး အခုတစ်ဘဝ တစ်သက်တာအတွက်သာ ရှုံးရတာပါ။ ဒီအရှုံးအတွက် သံသရာနဲ့ချီပြီး ဘဝအဆက်ဆက် ပေးဆပ်စရာ မလို ပါဘူး။ မတရားရယူပြီး ရှုံးရတဲ့ အဇာတသတ်ရဲ့အရှုံးမျိုးကတော့ တစ်ဘဝတစ်သက်တာအတွက် မကပါဘူး။ သံသရာနဲ့ချီပြီး ပေးဆပ်ရမှာပါ။ လောကုမ္ဘီငရဲမှာ ကျခံရမှာက အနှစ်ခြောက်သောင်းသာလို့ ဆိုပေမယ့် အဲဒီကလွတ်မြောက်ပြီးတဲ့ အခါမှာ လည်း သူကိုယ်တိုင် “ဝိဇိတာဝီ”ဆိုတဲ့ ပစ္စေကဗုဒ္ဓ ဖြစ်ဖို့အတွက် အနည်းဆုံး (၂)အသင်္ချေနဲ့ကမ္ဘာတစ်သိန်းလောက် ပါရမီတွေဖြည့်ရဦးမှာမို့ ပါရမီဖြည့်သူတို့ ထုံးစံအတိုင်း ခံရမယ့် ဒုက္ခတွေ၊ သေရမယ့် ဘဝတွေဟာ ခန့်မှန်းလို့ မရနိုင် လောက်အောင် အသင်္ချေပေါင်းများစွာပါ။

            ဒါကြောင့် အရှုံးခြင်း ယှဉ်ကြည့်ရင် ကုန်ပြီး ရှုံးရတာထက် ရပြီးရှုံးရတဲ့ အရှုံးက အတိုင်းမသိ ကြီးမားပါတယ်။

            အမြတ်နှစ်မျိုးကိုလည်း စဉ်းစားပြီး တွက်ကြည့်ပါ။ မိမိရဲ့ ကံဥာဏ်လုံ့လတွေနဲ့ တရားသဖြင့်ရရှိတဲ့ ရာထူးဂုဏ်သိန်၊ စည်းစိမ် ဥစ္စာတွေဆိုတာ “သမုဒ္ဒရာထက်၊ တစ်ခဏတက်သည့်၊ ရေပွက်ပမာ၊ တစ်သက်လျာတည့်}}ဆိုတဲ့အတိုင်း တစ်ဘဝ တစ်သက်တာ အတွက်ပဲ မြတ်တာပါ။

            ပစ္စည်းဥစ္စာ၊ အင်္ဂါခြေလက်၊ ကိုယ်အသက်တို့ကို စွန့်လွှတ် အနစ်နာခံပြီး လောကတ္ထစရိယကို ကျင့်ကြသူတို့ရဲ့ ကုန်ပြီး မြတ်တဲ့ အမြတ်ကတော့ ဖြစ်ဆဲတစ်ဘဝကစပြီး သံသရာခရီးဆုံးရာ နိဗ္ဗာန်အထိ အတိုင်းအဆမရှိ မြတ်ကြပါတယ်။ အာဇာနည်တို့ရဲ့ အမြတ်ဆုံးခရီးဆိုတာ ကုန်ပြီး မြတ်တဲ့ အမြတ်ခရီးပဲ မဟုတ်ပါလား။

            ဒါကြောင့် အရှုံးချင်း ယှဉ်ရင် ရပြီး ရှုံးတဲ့ အရှုံးက အရှုံးကြီးတယ်။ အမြတ်ချင်း ယှဉ်ရင်တော့ ကုန်ပြီး မြတ်တဲ့ အမြတ်က အမြတ်ကြီးတယ်လို့ သဘောပေါက်ကြရမှာပါ။

            “မနုဿတ္တ ဒုလ္လဘ”ဆိုတဲ့ သုဂတိ လူ့ဘုံ၊ လူ့ဘဝရတုန်း ရခိုက်ဆိုတဲ့ ခဏကောင်း အခိုက်အတန့်ကောင်းလေးမှာ ဒီအရ အကုန်နဲ့အရှုံးအမြတ် အကြီးအသေးတို့ကို သတိရှိရှိ၊ အသိရှိရှိ တွက်မိကြဖို့ အလွန်အရေးကြီးပါတယ်။

            မတရားရတဲ့ အရှုံးဟာ အရှုံးတကာထဲမှာ အကြီးဆုံးဆိုတာကို သဘောပေါက်ကြမယ်ဆိုရင် “ဘယ်သူသေသေ၊ ငတေမာ ပြီးရော”တို့၊ “ရေဗူးပေါက်တာ မလိုချင်ဘူး၊ ရေပါဖို့ပဲ အရေးကြီးတယ်”တို့ဆိုတဲ့ မတရားရယူမှုမျိုးတွေနဲ့ ကိုယ့်တွက်ကိုယ့်တာ ဘဝနာရုံသာမကဘဲ ကိုယ်ဖြစ်တည်ကျင်လည်ရာ နိုင်ငံနဲ့အဝန်း ရှင်ရောလူပါ၊ သတ္တဝါအားလုံး နှလုံးစိတ်ဝမ်း မချမ်းမသာဖြစ်စေတဲ့ ရာဇဝင်ရိုင်းမှုမျိုးတွေကို ဘယ်သူမှ ကျူးလွန်ဝံ့ကြမှာ မဟုတ်တဲ့အတွက် လောကကြီး အေးချမ်းသာယာသွားမှာ မလွဲပါဘူး။

            အလားတူပဲ တရားသဖြင့် စွန့်လွှတ် အနစ်နာခံပြီး ရရှိတဲ့ အမြတ်ဟာ အမြတ်တကာထဲမှာ အသာဆုံး အလွန်ဆုံးဖြစ်တဲ့ အာဇာနည်တို့လုပ်ထုံး နည်းလမ်းကြီးဖြစ်တယ်ဆိုတာကို သဘောပေါက်ကြမယ်ဆိုရင်လည်း ရရှိပိုင်ဆိုင် သမျှ ဘဝနဲ့စည်းစိမ်တို့ကို “အိပ်၊ စား၊ ကာမ”ဆိုတဲ့ တိရစ္ဆာန်လို အဖြစ်မျိုးနဲ့ အချည်းနှီး ကုန်လွန်မသွားစေကြဘဲ လောက ကျိုး သာသနာကျိုးအတွက် မဖြစ်မနေ စွန့်လွှတ်ဆောင်ရွက်ကြတဲ့ အာဇာနည်ပုဂ္ဂိုလ်တွေ တိုးပွားသည် ထက်တိုးပွား လာမှာဖြစ်လို့ လောကကြီး ပိုမိုတိုးတက်သာယာလာမှာ အမှန်ပါ။

            မြတ်ဗုဒ္ဓကတော့ “ကံနဲ့ကံရဲ့အကျိုးကို ငါဘုရားရှင် သိသလိုသာ သိရှိလက်ခံကြမယ်ဆိုရင် လောကမှာ မကောင်း မှုကို ပြုဝံ့သူဆိုတာလည်း မရှိနိုင်တော့သလို ကောင်းမှုကို မပြုဘဲ နေဝံ့သူလည်း မရှိနိုင်ဘူး”လို့ မိန့်ကြားတော်မူပါ တယ်။

ရာဇဝင်ရိုင်းမှုများ ဆိတ်သုဉ်း ကိုယ်ကျိုးစွန့်သူ အာဇာနည်များ ဆထက်ထမ်းပိုး တိုးတက်ပြီး

နိုင်ငံနဲ့အဝန်း တိုးတက်သာယာ ဝပြောပါစေ။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

(သရုပ်ဖော် - ပန်းချီဦးဘကြည်၊ ဗုဒ္ဓ၀င်ရုပ်စုံ)