Saturday, January 25, 2014

ထိုင်းနိုင်ငံရေးအပိုင်း(၁၁)။မဏ္ဍလာမှထိုးစစ်ဆင်ပြီ

ဆူထက်ရဲသင်္ကြန်အမြောက်တွေကိုယဉ်လတ်ကဥပေက္ခာပြုထားခဲ့တယ်။နောက်
ထပ်သုံးပါတ်လောက်ပဲလိုတော့တဲ့ရွေးကောက်ပွဲကိုဖြစ်အောင်လုပ်မယ်ဆိုတာဗုဒ္ဓဟူး
(၁၆၊၁၊၁၄)မှာကြေငြာတယ်။တကယ်တော့ဖေဖေါ်ဝါရီ(၂)ရက်နေ့လုပ်မည့်ရွေး
ကောက်ပွဲကိုရွေးကောက်ပွဲကော်မီရှင်၊အတိုက်အခံတို့နဲ့ဆွေးနွေးပြီးရွှေ့ ဘို့လိုရင်ရွှေ့ 
မယ်လို့သူကမ်းလှမ်းပါတယ်။အတိုက်အခံကလက်မခံတာပါ။အစိုးရဆင်းပေးဘို့ပဲတွင်
တွင်တောင်းဆိုနေတယ်။ဒါကြောင့်ပြည်သူတွေရဲ့ဆုံးဖြတ်ပိုင်ခွင့်ဟာအရေးအကြီးဆုံး
ပါပဲ။ပြည်သူတွေရဲ့ အဆုံးအဖြတ်ကိုပဲခံယူတော့မယ်လို့ကြေငြာခဲ့ပါသဗျ။သူ့ ဖက်ကအ
လျှော့ပေးရမှာအားလုံးအလျှော့ပေးခဲ့ပြီပဲလေ။ဒီမိုကရက်တွေကရွေးကောက်ပွဲကိုသ
ပိတ်မှောက်ဘို့ကြေငြာတာကလဲသဘာဝကျတယ်လေ။သူတို့မနိုင်ဘူးဆိုတာသိနေကြတာကိုးဗျ။ဒီလိုကြေငြာပေမဲ့ဘန်ကောက်မြို့ပေါ်မှာမဲရုံတွေဖွင့်ဘို့ကမဖြစ်နိုင်လောက်
အောင်ပါပဲ။အခြေအနေတွေတင်းမာနေတယ်။ဘန်ကောက်ရဲ့ ပသုံဝမ်စီရင်စုမှာမျက် မြင်သက်သေတယောက်ကပြောတာကသပိတ်စခမ်းကိုကျည်ဆံအတောင့်သုံးဆယ်
လောက်ဝင်လာတယ်။ဘယ်ကပစ်မှန်းလဲမသိဘူးလို့ဆိုတယ်။အတိုက်အခံတွေကိုတန်
ပြန်မည့်အင်အားတခုရှိနေပြီဆိုတာထင်ရှားတယ်။ယဉ်လတ်ကတော့သူတို့နဲ့မပတ်
သက်ဘူးလို့လို့ဆိုတယ်။ဒီကြားထဲဝန်ကြီးချုပ်ဟောင်းအဘီဆစ်ဝိဇ္ဇာဇီဝရဲ့ အိမ်ကိုတိုက်
ခိုက်မှုတခုလဲဖြစ်သွားတယ်။ဘန်ကောက်အနောက်ပိုင်းမှာသပိတ်စခမ်းကသုံးနေတဲ့
ဘတ်စကားတစီးကိုလူတစုကရေနံလောင်းပြီးမီးရှို့လိုက်ကြတယ်။လက်နက်ကိုင်ပဋိ
ပက္ခတခုစတင်နေတဲ့လက္ခဏာကိုတွေ့နေရပြီ။ဘန်ကောက်မြိုသားတွေကတော့အ
ကြမ်းဖက်မှုတွေတိုးလာမှာကိုမလိုလားကြဘူး။အာဏာသိမ်းပွဲတခုဖြစ်နိုင်တယ်လို့ကော
လဟာလတွေပြန့်နေတယ်။ကာကွယ်ရေးဦးစီးချုပ်ကတော့တပ်က၀င်ပြီးအာဏာသိမ်း
တာမျိုးတော့မလုပ်ပါဘူးလို့ပြောနေတယ်။အခြေအနေကရှုတ်ထွေးနေတာအမှန်ပဲ။ဆူထက်ကတော့ယဉ်လတ်နဲ့သူ့အစိုးရတဖွဲ့ လုံးကိုအရှင်ဖမ်းမယ်လို့ကြုံးဝါးနေတာပဲ။

ပိုပြီးထင်သာမြင်သာတဲ့အချက်တခုကတော့မဏ္ဍလာကစပြီးထိုးစစ်ဆင်ပြီဆိုတာပါပဲ။ ဒီတိုက်ကွက်ကယဉ်လတ်ကိုတိုက်ရိုက်ပစ်မှတ်ထားတာထင်ရှားတယ်။ဂျပန်နိုင်ငံက
ကျိုတိုတက္ကသိုလ်၊အရှေ့တောင်အာရှလေ့လာရေးဌာနမှာသူတေသနလုပ်နေတဲ့၊ထိုင်းအမျိုးသားပညာရှင်ပါဗင်ချာချာဗါပွန်ပုံ (Pavin Chachavalponpun) ကဒီလိုရှင်းပြ တယ်။ထိုင်းဘုရင်ရဲ့ အငယ်ဆုံးသမီးတော်၊မင်းသမီးချူလာဘွန်(Princess Chulabhorn)ကိုယ်တော်တိုင်ဆန္ဒပြပွဲကိုအသိအမှတ်ပြုပါဝင်လာတယ်။ထိုင်းတော်ဝင် မိသားစုပါဝင်လာမှုဟာအစိုးရဆန့်ကျင်ရေးသပိတ်ကိုအားဖြည့်ပေးလိုက်တာပဲ။ဆူ
ထက်နဲ့သူ့နောကိလိုက်တွေဘယ်လောက်အထိရှေ့ ဆက်တိုးလာမလဲဆိုတာနားလည်
လို့ရပြီ။ယဉ်လတ်ရဲ့ အနေအထားဟာဘန်ကောက်မဏ္ဍလာမှာအားနည်းတယ်။၁၉၄၈ခု ကဦးနုရဲ့ အစိုးရလိုဖြစ်နိုင်တယ်။ဘန်ကောက်ကပညာရှင်ကြီးတွေ၊ဓနရှင်ကြီးတွေ
ကတော်ဝင်မိသားစုကိုရှေ့ ကတင်ပြီးအနာဂါတ်အိပမက်တွေမက်နေကြပြီ။ဒါပေမဲ့တ
ဖက်မှာမင်းသမီးလေးချူလာဘွန်ရဲ့ ပတ်သက်ပါဝင်လာမှုအတွက်ထိုင်းပြည်သူတွေဟာ
သူတို့စိတ်နဲ့တောင်မပြစ်မှားအပ်ဘူးလို့ယူဆထားကြတဲ့ထိုင်းဘုရင်စံနစ်အပေါ်အမြင်
ပြောင်းလာနိုင်တယ်လို့ပါမောက္ခချာချာဗါပွန်ပုံကသုံးသတ်ပါတယ်။သူဆက်ပြောတာက
တော့တင်းမာမှုတွေမြင့်တက်လာမယ်။ဒါပေမဲ့အတိုက်အခံတွေကပြည်သူတွေ
ထောက်ခံမှုကိုတော့ရမှာမဟုတ်ဘူး။ကျွဲနှစ်ကောင်ခတ်ရာမြေစာပင်ဖြစ်နေတာကပြည် သူတွေပါပဲလို့ပညာရှင်ကြီးကပြောသွားကြောင်းပါဗျား။
Ref: New York Times, January 16, 2014; The Japan Times, Janua
ဒေါက်တာအေးချမ်း သမိုင်းပါမောက္ခ ကန်ဒ တက္ကသိုလ် ဂျပန်နိုင်ငံ၏ ဖေ့စ်ဘုတ်ခ် စာမျက်နှာမှကူးယူဖေါ်ပြခြင်းဖြစ်ပါသည်။

ထိုင်းနိုင်ငံရေးအပိုင်း(၁၀)။သပိတ်ခေါင်းဆောင်အဖြစ်မှသူပုန်ခေါင်းဆောင်ဖြစ်လာ သည့်ဆူထက်သောင်ဆူဘန်။

သူကတော့သွေးရူးသွေးတန်းနဲ့ရှေ့ဆက်တိုးပြန်ပြီ။အာဏာပိုင်တွေကလဲသူ့ကိုသူပုန်အ
ဖြစ်သတ်မှတ်ထားကြပါပြီ။သူဒုတိယ၀န်ကြီးချုပ်ဖြစ်နေတုန်းကရှပ်နီ(၉၀)ယောက်ကို
ပစ်သတ်ခဲ့တဲ့အမှုအတွက်လဲတရားရုံးကဆင့်ခေါ်တာသူမသွားဘူး။မိုက်ရူးရဲလိုက်ပုံက တော့ယဉ်လတ်ရှင်နာဝတ်ကဆင်းမပေးပဲခေါင်းမာနေရင်သူနဲ့သူ့အစိုးရတဖွဲ့ တဖွဲ့လုံး
ကိုဝင်ဖမ်းမယ်တဲ့ဗျား။ကြားရတောစိတ်ထဲယားကျိကျိဖြစ်လာတယ်။ဝန်ကြီးတွေမင်း
တို့မိန်းမနဲခလေးတွေကိုတခြားကိုပို့ထားကြ၊ဒါမှမင်းတို့ကိုဝင်ဖမ်းရင်သူတို့လွတ်သွားကြ
မှာဆိုပဲဗျာ။ဒီလောက်သွေးရူးသွေးတန်းပြောတဲ့နိုင်ငံရေးသမားကျွန်တော်လေ့လာတဲ့
သမိုင်းစာအုပ်တွေထဲတော့မတွေ့မိပါဘူးဗျာ။သင်္ကြန်အမြောက်ထုတတ်တဲ့နိုင်ငံရေး
ခေါင်းဆောင်တွေတော့ရှိပါတယ်။ဗမာပြည်မှာလဲရှိခဲ့တာပဲလေ။ဟီးဟီး...ဒီအကြောင်း
တော့မပြောတော့ပါဘူး။ကျုပ်ကသမိုင်းသမားဆိုတော့နှိုင်းယှဉ်လေ့လာမှု (Comparative Analysis) ဆိုတာဝါသနာပါနေတယ်။၁၉၈၅ခုနှစ်ကဖိလစ်ပိုင်ကမား ကို(စ်)ပြေးရတာသွားသတိရမိသဗျို့။ပြေးရမှာပေါ့။သူ့ကာကွယ်ရေးဝန်ကြီးအင်ရီးလီ (Enriles) နဲ့ကာကွယ်ရေးဦးစီးချုပ်ရာမို့(စ်)(Ramos)ကပါသမတနန်းတော်ကိုဝိုင်းထားပြီ
လေ။ အခုသူ့နောက်မှာဘယ်သူရှိသလဲ။တပ်ကများပါနေသလား။သိပ်တော့မထင်ဘူး။ ရဲကကော။ဒီနေ့အထိဒီသပိတ်သမားတွေဟိုနေရာဝင်စီး၊ဒီနေရာဝင်စီးလုပ်နေနိုင်တာ ယဉ်လတ်ရဲ့စိတ်ရှည်သည်းခံမှုကြောင့်ဆိုတာပေါ်လွင်နေပြီ။ဘုရင်ကြီးကနေမကောင်း
ရတဲ့အထဲ။သူနှုပ်ဆိပ်နေမှာပဲ။ဒီတော့Hollow Bomb လို့ခေါ်တဲ့သင်္ကြန်အမြောက်နဲ့ထု တာယဉ်လတ်ကတော့ကြောက်မှာမဟုတ်ဘူး။ကျွန်တော်ပြထားတဲ့ဘန်ကောက်မဏ္ဍလ မြေပုံကိုရှုစားကြပါ။မျဉ်းတစောင်းတွေပြထားတာသူကောင်းမျိုးတွေရဲ့ အမာခံနယ်ပဲ။
ဒီနေရာမှာတောင်သူ့ ကိုထောက်ခံမည့်လူ၊မထောက်ခံတဲ့လူရှိနေတယ်။အသေအ ချာပါ။ ဆူထက်ကသူဟာသူဟာနိုင်ငံအတွင်းမှာခြစားမှုနဲ့တက်ဆင်မျိုးနွယ်စိုးမိုးမှုကို တိုက်ဖျက်နေတာပါလို့ပြောတယ်။ဒါပေမဲထိုင်းလူမျိုးအတော်များများကသိထားကြတာ
ကသူဒုတိယ၀န်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်စဉ်ကကျူးလွန်ခဲ့တဲ့ပြစ်မှုတွေအ
တွက်မထူးဇာတ်ခင်းနေတာဖြစ်တယ်ဆိုတာပါပဲ။ဒါပေမဲ့ဘန်ကောက်မဏ္ဍလာကသူ
ကောင်းမျိုးတွေရဲ့ ထောက်ခံမှုကိုရနေတယ်ဆိုတာတော့မယဉ်လတ်လဲလျှော့တွက်
လို့မရဘူးထင်တယ်။အစိုးရစီစဉ်ထားတဲ့ရွေးကောက်ပွဲကိုသူတို့ဆန်ကျင်နေကြပေမဲ့
စစ်တမ်းကောက်သူတွေရဲ့ အစီရင်ခံချက်အရထိုင်းမြောက်ပိုင်းမှာပြည်သူ၇၀%ကမဲ
ပေးဘို့အဆင်သင့်ပါပဲတဲ့။ဆူထက်ဟာသမ္ဘာရင့်နိုင်ငံရေးသမားတယောက်ပါ။ဒီပဋိ
ပက္ခဟာပြည်တွင်းစစ်အထိဦးတယ်သွားနိုင်တယ်ဆိုတာသူသဘောပေါက်ရမယ်။အမေ
ရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလဲဒီမိုကရေစီကျင့်စဉ်တွေခိုင်မာစေဘို့တိုက်တွန်း
တယ်။ဒီနေ့အထိအစိုးရလုပ်ငန်းစဉ်တွေရပ်ဆိုင်းမသွားဘူးဗျ။မနေ့ကဆူထက်နောက်
လိုက်တွေကရဲဦးစီးချုပ်ရုံးကိုသွားပြီး၊မင်းတို့တွေတက်ဆင်ရဲ့ ကျွန်တွေပဲလို့ဆဲကြသတဲ့။
ကျုပ်သာထိုင်းဘာသာနဲ့ရေးနေရင်ကျုပ်လဲအဆဲခံရလောက်ပြီ။ထိုင်းစာကကြီးခခွေး
လောက်တော့ဖတ်တတ်ပါရဲ။ဒီတိုင်းပြည်သမိုင်းကဗမာပြည်သမိုင်းနဲ့ဆက်စပ်နေလို့
လေ့လာမိတာပါ။တက်ဆင်ကိုမြောက်ကြွမြောက်ကြွနေတတ်လို့ကျုပ်လဲကြည့်မရခဲ့
ပါဘူး။ဒါပေမဲ့အမှန်နဲ့အမှား၊ဝေဖန်ပိုင်းခြားကြည့်ရမှာပေါ့။အတိုက်အခံတွေရဲ စွတ်စွဲချက်ကတော့တက်ဆင်ဟာဆင်းရဲသားတွေကိုမက်လုံးပေးပြီးမဲတွေလိမ်ယူခဲ့ တယ်။ဒါကခြစားမှုတခုပဲလို့စွတ်စွဲတယ်။အခုလဲတက်ဆင်ကတွေးတယ်၊ယဉ်လတ်က အကောင်အထည်ဖေါ်တယ်လို့သူတို့မြင်တယ်။ယဉ်လတ်ကတော့သူဟာသူ့အကိုရဲ့ ကိုယ်ပွါးမဟုတ်ရပါဘူး။သူ့အစိုးရရဲ့လက်ရှိပေါ်လီစီကလဲထိုင်းစားသုံးသူတွေရဲ့ ဝယ်
လိုအားမြင့်မားလာမှုကိုဦးတည်ပါတယ်လို့ပြောတယ်။ကျမဟာနိုင်ငံရေးတည်ငြိမ်မှုနဲ့ ဒီမိုကရေစီကိုကာကွယ်ဘို့ဒီနေရာကိုရောက်လာရတာပါလို့ဆက်ပြောတယ်။စီးပွါးေ၇း
အသိုင်းအ၀ိုင်းကလဲဒီလိုဖြစ်နေတာကိုမလိုလားကြဘူး။ဘယ်သူကဆက်ပြီးဘယ်ခြေ လှမ်းကိုလှမ်းမယ်ဆိုတာစောင့်ကြည့်ကြတာပေါ့ဗျာ။
ဒေါက်တာအေးချမ်း သမိုင်းပါမောက္ခ ကန်ဒ တက္ကသိုလ် ဂျပန်နိုင်ငံ၏ ဖေ့စ်ဘုတ်ခ် စာမျက်နှာမှကူးယူဖေါ်ပြခြင်းဖြစ်ပါသည်။

ထိုင်းနိုင်င်္ငရေး၊အပိုင်း(၉)။ဒီမိုကရေမကျတဲ့ဒီမိုကရက်တွေရဲ့ လမ်းစဉ်။

တနင်္လာနေ့ကဘန်ကောက်မြိုလယ်မှာထိုင်းအမျိုးသားအလံတွေတလူလူလွှင့်ထူထားတဲ့အစိုးရဆန့်ကျင်ရေးသမားတွေကလမ်းတွေကိုပိတ်ဆို့ရုံမကပဲ၊တဆင့်တက်ပြီးတော့ စတော့အရောင်းအ၀ယ်ဌာနကိုပါသိမ်းလိုက်ကြတယ်။သူတို့ရည်ရွယ်ချက်ကဖွဲ့စည်းပုံ ပြင်ဆင်ရေးထက်၊တက်ဆင်မိသားစုကိုထိုင်းနိုင်ငံရေးနယ်ထဲကမောင်းထုပ်ဘို့ပဲဆိုတာ ထင်ရှားတယ်။ထိုင်းနိုင်ငံရေးကိုအကဲဖြတ်သူတိုင်းကမယဉ်လတ်ကိုဘန်ကောက်မှအပအခြားနေရာတွေမှာထောက်ခံသူတွေပိုများတယ်ဆိုတာသဘောပေါက်ကြပါတယ်။အ ခြေအနေကထိုင်းရဲ့ စီးပွါးရေးကိုထိလာပြီ။ထိုင်းရဲအဓိကနိုင်ငံခြားငွေရပေါက်တခုဖြစ
တဲ့ ခရီးသွားလုပ်ငန်းဟာ၅၀%ကျဆင်းသွားခဲ့ပြီ။ယဉ်လတ်ကရွေးကောက်ပွဲကိုရွှေ့  ဆိုင်းဘို့အတိုက်အခံနဲ့ဆွေးနွေးမယ်လို့ကမ်းလှမ်းတယ်။ဆန္ဒပြပွဲကိုလှုံ့ဆော်စည်းရုံး
နေတဲ့ဒီမိုကရက်ခေါင်းဆောင်ဆူတက်သောင်းဆုပန်ကဒီတိုက်ပွဲမှာ၊နှစ်ဖက်နိုင်တို့၊ သရေတို့မရှိဘူး။အရှုံးအနိုင်ပဲရှိမယ်လို့ပြောတယ်။ယဉ်လတ်ကရှပ်နီတွေဘန်ကောက် မြို့ထဲဝင်လာမှာကိုဆန့်ကျင်တယ်။ထိပ်တိုက်ရင်ဆိုင်မှုကိုရှောင်တာဖြစ်တယ်။အကြမ်း ဖက်ချင်နေကြတာကရှပ်ဝါတွေပါ။ခေါင်းဆောင်တဦးဖြစ်တဲ့နီတိသွန်နဲ့နောက်လိုက်တွေ ကစစ်ရုံးချုပ်ကိုသွားပြီးစစ်တပ်ကဆန္ဒကြသူတွေအပေါ်အင်အားမသုံးဘို့တောင်းဆို
တယ်။အမေရိကန်နိုင်ငံခြားရေးဌာနကယဉ်လတ်ရဲ့ ရွေးကောက်ပွဲအစီအစဉ်ကိုထောက်
ခံတာကိုကန့်ကွက်တယ်။ထိုင်းနိုင်ငံရေးမှာဝင်မစွက်ဘို့တောင်းဆိုတယ်။ခက်တာက ဖွဲ့စည်းပုံခုံရုံးရော၊ခြစားမှုတိုက်ဖျက်ရေးကော်မီတီရောကဘန်ကောက်ကသူကောင်း မျိုးတွေချုပ်ကိုင်ထားကြတယ်။ယဉ်လတ်အတွက်နိုင်ငံရေးထွက်ပေါက်ရှာဘို့အခြား လမ်းမရှိဘူး။
ငြိမ်းချမ်းတဲ့နည်းနဲ့ဖြေရှင်းကြရင်ဘယ်လောက်ကြာကြာအဖြေတခုထွက်လာမယ်။ အပြောင်းအလဲတုဖြစ်လာနိုင်တာပဲလို့သမိုင်းပညာရှင်ထာနက်အပေါ်ဆူဝမ်ကပြော တယ်။ထိုင်းနိုင်ငံဟာချောက်နခမ်းပေါ်ရောက်နေပြီလို့ပြောနိုင်တယ်။ထိုင်းအရှေ့ မြောက် နဲ့၊မြောက်ပိုင်းမှာတက်ဆင်ရဲ့ သြဇာကကြီးလှတယ်။ဇင်းမယ် (ချင်းမိုင်)ကိုဗဟိုပြုတဲ့ထိုင်းမြောက်ပိုင်းဟာအရင်ကမြန်မာဘုရင်ကိုပဏ္ဏာဆက်ရတဲ့လားနားမင်းနိုင်ငံဖြစ်တယ်။သမိုင်းနောက်ခံမတူဘူး။ဘန်ကောက်လက်အောက်
ရောက်တာအနှစ်(၂၀၀)မပြည့်သေးဘူး။ဘန်ကောက်သားတွေကသူတို့ကိုခွဲခြားဆက်ဆံသလိုမြင်သူလဲရှိတယ်။မြာက်ပိုင်းကနိုင်ငံရေးသမားတယောက်က၊သူတို့ဆန္ဒ
ကိုဖေါ်ထုတ်ခွင့်ရှိပါတယ်။စင်ပေါ်တက်ပြီးကချင်တဲ့လူကပါစေဗျာ။အကကောင်းကောင်း၊မကောင်းကောင်းလက်ခုပ်တီးပေးကြတာပေါ့လို့ခပ် ထေ့ထေ့လေးပြောတယ်။
ဘန်ကောက်ရဲကခန့်မှန်းတာကတနင်္လာနေ့ကဆန္ဒပြသူအရေအတွက်က(၇၅,၀၀၀)လောက်ပဲရှိတယ်လို့ဆိုတယ်။ယဉ်လတ်အစိုးရပြုတ်ကျရင်ပြဿနာမပြီးသေးဘူး။ဒီမိုက ရက်ခေါင်းဆောင်နျစ်ဦးဖြစ်တဲ့ဆူထက်နဲ့အဘီဆစ်ဝိဇ္ဇာဇီဝကလဲတည့်ကြတာမဟုတ်
ဘူး။သူတို့နှစ်ယောက်ရဲ့အားစမ်းပွဲကနောက်ဆက်တွဲအဖြစ်ပါလာမယ်။ဇွဲ ကောင်း
ကောင်းနဲ့သက်လုံကောင်းမှပဲမယဉ်လတ်ရေ။
သတ္တ၀ါအများချမ်းသာကြပါစေ။
(The World Street, January 14, 2014)
ဒေါက်တာအေးချမ်း သမိုင်းပါမောက္ခ ကန်ဒ တက္ကသိုလ် ဂျပန်နိုင်ငံ၏ ဖေ့စ်ဘုတ်ခ် စာမျက်နှာမှကူးယူဖေါ်ပြခြင်းဖြစ်ပါသည်။

အပိုင်း(၈) ဆင်ဂါဘီယာနှင့်ထိုင်းနိုင်ငံရေး

ဒီနေ့ထုတ်နယူးယောက်တိုင်းသတင်းစာဖတ်တော့ထိုင်နိုင်ငံရေးဝဲဂယက်မှာဆင်ဂါဘီယာပု
လင်းမျောနေပြီတဲ့။ဆင်ဂါ(Singha) ဘီယာဆိုတာထိုင်းနိုင်ငံမှာအစောဆုံးထုတ် လုပ်ခဲ့တဲ့ဘီယာ။ပြည်တွင်းမှာရောပြည်ပမှာပါထိုင်းစားသောက်ဆိုင်တွေမှာ၊ဧည့်ခံပွဲ တွေသူမပါရင်အပီပွဲမစည်ဘူးလေ။ထိုင်းအမျိုးသားလက္ခဏာဆောင်တယ်လို့တောင် ပြောကြတာပဲ။အခုဒီဘီယာပုလင်းကနိုင်ငံရေးဂယက်ထဲမျောပါသွားပြီ။ဆင်ဂါဘီယာ ကုမ္ပဏီပိုင်ရှင်မိသားစုကရှပ်ဝါတွေနဲ့ပေါင်းပြီးအစိုးရကိုဆန်ကျင်နေတယ်။ပိုင်ရှင်မိသား စုကမင်းမျိုးမင်းနွယ်တွေထဲကလို့ပြောကြတယ်။ပိုင်ရှင်မိသားစုရဲ့သမိးပျိုအလှမယ်
လေးချစ်ပတ်ဘီရွန်ဘာကဒီကဆောင်းပါးတစောင်ရေးရာမှာထိုင်းလူမျိုးတော်
တော်များများကဒီမိုကရေစီဆိုတာကောင်းကောင်းနားမလည်ကြဘူး၊အထူးသဖြင့်ကျေး
လက်မှာနေတဲ့လူတွေပေါ့ဆိုပြီးရေးသတဲ့ဗျား။ဒီတော့ထိုင်းအရှေ့ မြောက်မှာပေါက်ကွဲ
ကုန်ပြီ။သူတို့ကလယ်သမားတွေ၊အောက်ခြေအလုပ်သမားတွေ၊ဘန်ကောက်မှာတက္ကစီ
မောင်းတဲ့လူတွေပါတယ်။ထိုင်းလူဦးရေးရဲ့သုံးပုံတပုံကျော်တယ်။တက်ဆင်လက်
ထက်မှာကျောင်းတွေဆေးရုံတွေဆောက်ပေးလို့လူနေမှုအဆင့်အတော်လေးမြင့်လာ
ကြသူတွေဖြစ်တယ်။မဖုယားလေးငယ်တယ်၊ချောတယ်၊အသက်က(၂၈)နှစ်ဘန်
ကောက်အထက်တန်းလွှာတွေကြားထဲမှာနှင်းဆီခိုင်ပေါ့။သူကငယ်တယ်၊ချောတယ်၊
စည်းစိမ်ချမ်းသာတွေကြားထဲကြီးလာတာ။ဒီနယ်ကလယ်သမားတွေဘ၀ကိုဘာနား
လည်မှာလဲဗျာ၊ရာဇာ့ဂုဏ်ဓနဂုဏ်တွေမောက်ပြီးပြည်သူရဲ့အားဆိုတာဘယ်သဘော ပေါက်မှာလဲလို့အူဒွန်ဌာနီကကျောင်းဆရာတယောက်ကပြောတယ်။ကြွက်ကြွက်ဆူ
လာတော့သူ့ ဖေ့(စ်)ဘုတ်မှာ၊သူဟာတိုင်းပြည်အတွက်တိုက်ပွဲဝင်နေတာပါတဲ့၊ဘယ်
သူတွေရဲ့ အခွင့်အရေးကိုမှလဲမထိခိုက်စေချင်ဘူးတဲ့၊ကျေးလက်ပြည်သူတွေကိုလဲသူ
အထင်မသေးပါဘူးလို့ရေးတယ်။သူပြောခဲ့တဲ့စကားတွေကိုတော့မရုပ်သိမ်းဘူး။ရှပ်နီ
ခေါင်းဆောင်တယောက်က၊ဒီစီးပွါးရေးသမားတွေဟာမှားယွင်းတဲ့ဖက်ကိုရောက်နေ
ကြတယ်။ဘန်ကောက်ကအထက်လွှာဆိုသူတွေကလဲသူတို့အိပ်ထဲဝင်နေတဲ့ပိုက်ဆံ
တွေဟာဒီလယ်သမား၊အလုပ်သမားတွေရဲ့ ချွေးနဲစာဖြစ်တယ်ဆိုတာနားမလည်ကြဘူး
လို့ပြောပါသဗျ။ဘုံရောအရက်ချက်လုပ်ငန်းကဆင်ဂါနဲ့ လီယိုဆိုတဲ့ဘီယာနှစ်မျိုးထုတ် တယ်။အခုဒီဘီယာနှစ်မျိုးလုံးကိုသပိတ်မှောက်ကြပြီ။ဒီဘီယာတွေကိုဖေါက်ပြီးခြေ
ဆေးနေတဲ့ဓါတ်ပုံတွေဖေ့(စ်)ဘုတ်တွေမှာပလူပျံပြီးတက်လာပြီ။နှစ်သစ်ကူးမှာဘီယာ
အရောင်းသွက်တဲ့အချိန်မှာတောင်ဒီဘီယာနှစ်မျိုးဝယ်အားမလိုက်တော့လို့အရောင်း
ကျနေတယ်ဆိုပြီးအရက်ဆိုင်တွေကငြီးနေကြပြီ။အူဘွန်ဌာနီကအကြီးဆုံးစားသောက် ဆိုင်ပိုင်ရှင်တယောက်ကကျုပ်ဆိုင်မှာဒီဘီယာနှစ်မျိုးကိုလုံးဝတင်မထားတော့ဘူး။ကျုပ်
ဖေါက်သည်တွေစိတ်ဆိုးပြီးကျုပ်ဆိုင်ကိုပါသပိတ်မှောက်မှဘ၀ပျက်မှာလို့ပြောသတဲ့။
အလှမယ်လေးချစ်ပတ်ဟာဒီမိုကရက်တစ်ပါတီရဲ့ အမာခံခေါင်းဆောင်တဦးဖြစ်နေပါပြီ။
၁၉၁၁၊မှာဘန်ကောက်ခရိုင်အတွင်းကမဲဆန္ဒနယ်တခုမှာဝင်အရွေးခံခဲ့တာရှုံးခဲ့ပါသတဲ့
ဗျား။ထိုင်းမြောက်ပိုင်းမှာဆင်ဂါးဘီယာကိုသပိတ်မှောက်နေကြပြီ။ဒီတော့အဲဒီမှာမြန်မာ
ဘီယာသွားရောင်းရင်ကိုက်မယ်ထင်တယ်ဗျို့ ။ လုပ်ကြပါလား။ကြာသလားလို့။
သတ္တ၀ါအများကျန်းမာကြပါစေ။
ဇန်န၀ါရီ(၁၁)။၂၀၁၄။
ဒေါက်တာအေးချမ်း သမိုင်းပါမောက္ခ ကန်ဒ တက္ကသိုလ် ဂျပန်နိုင်ငံ၏ ဖေ့စ်ဘုတ်ခ် စာမျက်နှာမှကူးယူဖေါ်ပြခြင်းဖြစ်ပါသည်။

ထိုင်းနိုင်ငံရေးအပိုင်း(၇) ထိုင်းတပ်မတော်ဆိုတာ။

ထိုင်းတပ်မတော်ကလိပ်ခဲတည်းလည်းဖြစ်နေတဲ့လက်ရှိအခြေအနေမှာသွေးထွက်သံယိုမှုတွေဖြစ်လာ ရင် အစိုး ရ ကတာဝန်ယူရလိမ့်မယ်လို့ပြောလာတယ်။ဆိုလိုတာကမင်းမဲ့စ
ရိုက်နဲ့ဆူပူလှုပ်ရှားနေကြ တဲ့ ဆူထပ်နဲ့ရှပ်ဝါတွေကို အကြမ်းဖက်မနှိမ်နင်းနဲ့လို့ပြောလိုက်တာပဲ။ဒီတော့ထိုင်းတပ်မတော်ဆိုတာဘာလဲ။ပြောဘို့လိုပြီ။ဆက်မရေး
တော့ဘူးလို့နေတာပဲ။ရေး လိုက်တော့မယ်။၁၉၃၂ခုနှစ်ကစပြီးထိုင်းနိုင်ငံရေးသမိုင်
ကိုလေ့လာရင်နိုင်ငံရေးမှာ
ထိုင်းစစ်တပ်ကအကြိမ်ကြိမ်ဝင်ပြီးစွတ်ဖက်ခဲ့တာတွေတွေ့ရမယ်။စစ်တပ်ကအာဏာ
သိမ်းခဲ့တာအကြိမ်(၂၀)
လောက်ရှိတယ်။ပျင်းရိငြီးငွေ့စ၇ာအကြောင်တွေပါဗျာ။ဒါပေမဲ့ထိုင်းစစ်တပ်ဟာမြန်မာ့
တပ်မတော်လိုပဲနိုင်ငံရေး
အင်အားစုတခုအဖြစ်အခုထိရပ်တည်နေတယ်ဆိုတာဘယ်လိုမှမငြင်းနိုင်ဘူး။
။လောလောဆယ်မှာလက်ရှောင်နေ
တယ်။ဒါပေမဲ့ဒီလိုပြောလိုက်တဲ့အတွက်တပ်ဟာနိုင်ငံရေးထဲကလုံးဝထွက်သွားသေးတာတော့မဟုတ်ဘူးဆိုတာ သွယ်ဝိုက်ပြီးနမိတ်ပြလိုက်တာဖြစ်တယ်။
၁၈၉၀ခုနှစ်မှာချူလာလောင်ကောင်မင်းမြတ်က၊တပ်မတော်ဆိုတာလိုအပ်လို့ဖွဲ့စည်းထူထောင်ရတယ်။ တနေ့နိုင်ငံရေးထဲမှာဝင်ရှုတ်လာမှာစိုးရိမ်တယ်လိုံပြောခဲ့ဘူးတယ်။ထိုင်းတပ်မတော်ဟာဘုရင်စံနစ်ကိုပါ၊ထိပါး လာနိုင်တယ်ဆိုတာလဲသူသဘောပေါက်ခဲ့တယ်။ဒီတော့၁၉၃၂ခုနှစ်ကတည်းကဗိုလ်
ချုပ်ကြီးတွေကအာဏာကိုဆုပ်ကိုင်ထားခဲ့တာမဆန်းပါဘူး။အခုလိုပြောလိုက်တာကလဲယဉ်လတ်အစိုးရကိုတဖက်လှည့်နဲ့ရာဇသံပေးလိုက်
တာပါ။ကျွန်တော်တော့ဒီလိုပဲမြင်တယ်။ဗမာတွေအတွက်ဒါကနားမလည်နိုင်စရာမရှိဘူး။အရပ်ဖက်ကအင်အားစု
တွေကတယောက်နဲ့တယောက်ငြင်းခုန်နေကြတဲ့အချိန်မှာတပ်ထဲမှာအမိန့်တခုတည်းနဲ
့ပြီးသွားတယ်။စုစည်းမှု (Cohesion)ရှိပြီးသား။သူ့ရှိတဲ့အင်အားကိုအမိန့်ဆိုတာတခုတည်းနဲ့ပစ်မှတ်တခုကို
ပစ်ထည့်နိုင်တယ်။ထက်အောက်အမိန့်နာခံမှုရှိတယ်။ပုံစံတူချြုပ်ထားတဲ့ယူနီဖေါင်းတွေကိုအရောင်တမျိုးတည်းဆေးဆိုးပြီးဝတ်ကြတယ်။ဒီ
တော့မညီညွတ်ပဲနေမလား။ထက်အောက်အမိန်နာခံမှု (Hierarchy) ဆိုတာရှိတယ်။ဗမာပြည်မှာလိုလွှတ်တော် ထဲမ၀င်ဘူ။ဒါပေမဲ့လွှတ်တော်ကိုသူခြိမ်းခြောက်နိုင်တယ်။အရပ်ဖက်နိုင်ငံေ၇းအဖွဲ့အ
စည်းတွေမှာဒါမျိုးမရှိဘူး။သူတို့အားနည်းချက်ကိုသူတို့မြင်ဘို့လိုတယ်။
၁၉၃၂မှာအာဏာသိမ်းလိုက်တော့ဘုရင်ပရာဂျာဒီပေါ့ (Prajadipok) က၁၉၃၄ခုနှစ်မှာနန်းစွန့်တယ်။သူ့ကိုဆက်ခံမည့်နန်းလျာမင်းသားလေးကအရွယ်
မရောက်သေးဘူး။ဆွစ်ဇာလန်မှာကျောင်းနေတယ်။မကြာပါဘူးသူရောဂါနဲ့နတ်ရွာစံတယ်။သူ့ကိုဆက်ခံမည့်မင်းသားလေးကလဲအရွယ်မရောက်သေးဘူး။။ဒီတော့ဆယ်စုနှစ်တခုခွဲလောက်ထိုင်းနိုင်ငံရေးမှာဘုရင်ရဲအခန်းကဏ္ဍပျောက်ကွယ်နေတယ်။ဗိုလ်ချုပ်
ကြီးတွေကပဲသက်ဦးဆံပိုင်ဘုရင်တွေလိုအုပ်ချုပ်နေခဲ့ကြတယ်။ဗိုလ်ချုပ်ကြီးဖိဘုန်း
သင်္ကြန် (Phibum Sogram) ဆိုရင်ဂျပန်တွေနဲ့ ပေါင်းပြီးမြန်မာပြည်ထဲ့ကသံလွင်မြစ်အရှေ့ ခြမ်းကိုထိုင်းနိုင်င်္ငထဲပေါင်းထည့်ခဲ့တယ်။ စစ်ပြီးခေတ်ရောက်တော့လဲထိုင်းတပ်မတော်ဟာဘုရင်ကိုယ်စားတိုင်းပြည်ကိုစောင့်ရှောက်ပေးခဲ့ရတာပါဆိုပြီးဘုရင်ရဲ့အသိအမှတ်ပြုမှုကိုရရှိခဲ့တယ်။အခုသူတို့သဘောထားကိုပြလိုက်ပြီ။၂၀၀၆ မှာလဲပြခဲ့ပြီးပြီ။ထိုင်းတော်ဝင်စစ်တက္ကသိုလ်ဆိုတာ ဘန်ကောက်ကEliteလို့ခေါ်တဲ့သူကောင်းမျိုးတွေကိုလက်နက်တပ်ဆင်ပေးတဲ့နေရာပါ။ကျွန်တော့အမြင်ပြောရရင်၊ကိုတတ်ဆင်နဲ့မယဉ်လတ်ရေ။ခင်ဗျားတို့နောက်မှာပြည်သူရှိတယ်။ဒါပေမဲ့အခြေအနေအရခင်ဗျားတို့မောင်နှမနောက်တလှမ်းတော့ဆုတ်ပေးရ
မယ်လို့ထင်တယ်နော်။
ဒေါက်တာအေးချမ်း သမိုင်းပါမောက္ခ ကန်ဒ တက္ကသိုလ် ဂျပန်နိုင်ငံ၏ ဖေ့စ်ဘုတ်ခ် စာမျက်နှာမှကူးယူဖေါ်ပြခြင်းဖြစ်ပါသည်။

“ရာဇဝင်ကို ရိုင်းစေသူများ”

၁၉၉၃-ခုနှစ်လောက်ဆီကပေါ့။ အဲဒီတုန်းက မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်ကြီး သုံးခုရဲ့ (ယခု)ပဓာန နာယက ဖြစ်တဲ့ ဆရာတော်ဘုရားကြီးကလည်း လောကတ္ထစရိယာပြစ်မှုနဲ့ နန်းတွင်းဆူညံတောရမှာ နိုင်ငံတော်ရဲ့ သီးခြား အပူဇော်ခံ အဖြစ် တစ်နှစ်ခွဲ ကျော် ချီးမြှောက်ပြီး ပြန်ြွကလာခါစသာသာပါ။ မန္တလေးစာသင်တိုက်ကြီးများရဲ့အကျော်အမော် ဆရာတော်ကြီးများ တစ်နေရာမှာ ဆုံကြတဲ့ မထေရ်မြတ်တို့ စကားဝိုင်းတစ်ခုကို ကြားနာမှတ်သားလိုက်ရပါတယ်။ ဒီစကား ဝိုင်းမှာ မန္တလေးမြို့၊ ဘုရားကြီးတိုက်က အဘိဓဇမဟာရဋ္ဌဂုရု၊ နိုင်ငံတော် သံဃမဟာနာယက နယားဆရာတော်ဘုရားကြီး လည်း ပါပါတယ်။

            နယားဆရာတော်ကြီးရဲ့တူ အရှင်မြတ်တစ်ပါးကလည်း လောကတ္ထစရိယာမှုနဲ့ပဲ ဝတ်ဖြူစင်ကြယ်လဲပြီး ရဲဘက်လို့ အမည်ပေးထားတဲ့ သွေးရဲရဲ၊ ချွေးရဲရဲ စခန်းအပို့ခံထားရတဲ့အချိန် ဖြစ်နေလို့ စကားဝိုင်းမှာပါတဲ့ မထေရ်ကြီးတစ်ပါးက နယား ဆရာတော်ဘုရားကြီးကို “ဆရာတော့်တူ အကြောင်းရော ဘယ်လိုများ ကြားတုန်း၊ လွတ်မြောက်ရာ လွတ်မြောက် ကြောင်းလေး ဘာလေးများ ဆရာတော် အနေနဲ့ မစောင့်ရှောက်နိုင်ဘူးလား”ဆိုတဲ့ အကြောင်း မေးလျှောက်ပါတယ်။

            နယားဆရာတော်ဘုရားကြီးက “မေးမနေနဲ့ဆရာတော် .. ဒီကောင်က လူမိုက်ပဲဟာ မိုက်လို့ အဖမ်းခံရပြီး ထောင်ကျတာ၊ ဘာလုပ်ပေးစရာလိုမလဲ”လို့ ပြန်ကြားပါတယ်။ အဲဒီစကားဝိုင်းမှာ ငြိမ်ပြီး နားထောင်နေတဲ့ မစိုးရိမ် တိုက်သစ်ဆရာတော်က “ဆရာတော် ထောင်ချသူနဲ့ ထောင်ကျသူမှာ ထောင်ကျသူက လူမိုက်၊ ထောင်ချသူကတော့ လူ လိမ္မာလို့ ဆိုရမှာလား”ဆိုတော့ “ထောင်ကျပါတယ်ဆို မှတော့ လူမိုက်ပေါ့”တဲ့။

            “ဒါဖြင့်ရင် အဇာတသတ်နဲ့ ဗိမ္ဗိသာရမင်းကြီးတို့နှစ်ဦးမှာ အဇာတသတ်က လူလိမ္မာ၊ ဗိမ္ဗိသာရမင်းကြီးက လူမိုက်ကြီးလို့ ဆိုရမလား ဆရာတော်”လို့ ထပ်ပြီးလျှောက်ထားလိုက်တော့ နယားဆရာတော်ကြီးက မစိုးရိမ် ဆရာတော်လည်း မကြာခင်လေးကမှ အဲဒီနေရာက ထွက်လာခဲ့တာကို သတိရပြီး “ဘွာ .. ဘွာ .. တပည့်တော်ပြောတဲ့ ထောင်ကျသူဆိုတဲ့အထဲမှာ မစိုးရိမ်ဆရာတော် မပါဘူး”တဲ့။ “ဗိမ္ဗိသာရမင်းကြီးရော ဆရာတော်”ဆိုတော့ “အဲ .. ကိုယ့်တူကို ဒေါသဖြစ်လို့ ပြောလိုက်မိတာပါ၊ ဒီလိုလည်း မဟုတ် ပါဘူး”ဆိုပြီး စကားကို လျှောချသွားပါတယ်။

            ဆရာတော်ကြီးများ အချီအချပြောနေတဲ့ အကြောင်းအရာကို နားထောင်ရင်း လောကသဘာဝတွေဟာ ဓမ္မ သဘာဝအရ အလေးအနက်ဆင်ခြင်ကြည့်တဲ့အခါ အမှတ်တမဲ့ သိထားတာတွေနဲ့ တကယ့်အမှန်တရားတို့ ပြောင်းပြန်ဖြစ်နေ တတ်တာကို သတိထား မိလိုက်တယ်။

            အထင်ရှားဆုံးအဖြစ်နဲ့ သတိထားလိုက်မိတာကတော့ “အရအကုန်နဲ့ အရှုံးအမြတ်”ဆိုတဲ့ ကိစ္စပါပဲ။ လောကထဲမှာတော့ “ရရင်မြတ်တယ်၊ ကုန်ရင် ရှုံးတယ်”လို့ပဲ ခပ်ပေါ့ပေါ့ မှတ်ထင်ခံယူကြတာများပါတယ်။ ဒါကြောင့်လည်း နံနက်လင်း အိပ်ရာကနိုးတာနဲ့ တပြိုင်နက် “ရအောင်ရှာဖို့”ဆိုတဲ့ အတွေးက ပထမဆုံး စိုးမိုးထားကြတော့တာပေါ့။

            အခု ဆရာတော်ကြီးများပြောတဲ့ အဇာတသတ်နဲ့ဗိမ္ဗိသာရမင်းကြီးတို့ရဲ့ ဖြစ်ရပ်စုံကို အသေအချာစဉ်းစားပြီး တွေးကြည့် လိုက်တော့ အဇာတသတ်မင်းဟာ အင်္ဂတိုင်း၊ မဂဓတိုင်းဆိုတဲ့ တိုင်းကြီးနှစ်တိုင်းကို အာဏာပိုင်တဲ့ ရာဇဂြိုဟ်ရဲ့ ထီးနန်း စည်းစိမ်ကို ရထားသူ။ ဗိမ္ဗိသာရမင်းကြီးကတော့ ထီးနန်းစည်းစိမ်ကို စွန့်လွှတ်ရသူပေါ့။ ဒါပေမယ့် အဇာတသတ်ဟာ ဒီထီးနန်းစည်းစိမ်ကို တရားသဖြင့် ရယူခဲ့သူ မဟုတ်ပါဘူး။ အလွန်ကို မဖွယ်မရာဖြစ်တဲ့ အဖသတ် ကံကြီးကို ကျူးလွန်ပြီး ရယူပိုင်ဆိုင်ထားတာပါ။

            ဒါကြောင့်လည်း အရကြီးသလောက် အရှုံးကလည်း ကြီးလှပါတယ်။ ထီးနန်းစည်းစိမ်ကို ရယူပိုင်ဆိုင် ထားစဉ်မှာ ကိုပဲ ညဥ့်အချိန်ရောက်လို့ အိပ်စက်မယ်ဆိုပြီး မျက်လုံးနှစ်ခု မှိတ်လိုက်တာနဲ့ တပြိုင်နက် ဓားလှံတွေ အရာမကနဲ့ ထိုးကြ၊ ခုတ်ကြတော့ မလို ငရဲနိမိတ်တွေ ထင်မြင်ပြီး တဖျပ်ဖျပ်တုန်လှုပ် လန့်နိုးနေရလို့  အိပ်ကောင်းခြင်းနဲ့ မအိပ်စက်နိုင်ပါဘူးတဲ့။ အများအမြင်မှာ နန်းတော်ပေါ်က ရှင်ဘုရင်၊ သူ့ရင်ထဲမှာတော့ တကယ့်ငရဲသားပါ။ (ဒီဒုက္ခကြီးကတော့ နောင်အခါ ဘုရား ရှင်နဲ့တွေ့ခွင့်ရလို့ သာမည ဖလသုတ်ဆိုတဲ့ ဒေသနာတော်ကြီးကို နာယူပြီးတဲ့အခါမှာ ကင်းလွတ်ခွင့် ရသွားခဲ့ပါတယ်။)

            နောက်ထပ် ရှုံးချက်နာတာကတော့ သူခင်းခဲ့တဲ့ “အဖသတ်နန်းယူ”ဆိုတဲ့ နမူနာဆိုးကြီးက သားစဉ်မြေးဆက် ငါးဆက်အထိ လိုက်လာလို့ ရာဇဂြိုဟ်ရဲ့ အစဉ်အလာကြီးမားသလောက် ခေတ်ပြိုင်ဝန်းကျင်က လေးစားရတဲ့ ရာဇဝင်ဟာ မျက်နှာမဖော်ဝံ့လောက် အောင် ရိုင်းသွားခဲ့ပါတယ်။ ဒါကြောင့်လည်း ရာဇဝင်ရိုင်းတဲ့ဒဏ်ကို မခံမရပ်နိုင်ကြတော့တဲ့ တိုင်းသူ ပြည်သားတွေက ငါးယောက် မြောက် အဖသတ်ဘုရင် “နာဂဒါသ”ကို ဝိုင်းဝန်းလုပ်ကြံ အဆက်ဖြတ်လိုက်ကြလို့ ဒီမျိုးနွယ် ပြတ်သွားခဲ့တာပါ။ ဘာပဲဖြစ်ဖြစ် အဇာတသတ်ဟာ ရာဇဝင်ကို ရိုင်းစေတဲ့ ရှင်ဘုရင်အဖြစ်လည်း မှတ်တမ်း ဝင်သွားပါတယ်။ (ဒီမှတ်တမ်းဆိုးကြီးက ဘယ်လိုမှ ပယ်ဖျက်လို့ မရပါဘူး။ ခုထိ ပိဋကတ်တော်ထဲမှာ ထင်ရှားရှိနေဆဲပါ။)

            နောက်ဆုံး မြတ်စွာဘုရားရှင်နဲ့တွေ့ပြီး သာမညဖလသုတ် ဒေသနာတော်ကို ဟောပြီးတဲ့အခါ ဘုရားရှင်မိန့်ကြားလို့ သိလိုက် ရတာက တကယ့် ရှုံးချက်နာတာပါ။ “တကယ်လို့သာ အဇာတသတ်ဟာ အဖသတ်ကံဆိုတဲ့ ပဉ္စာနန္တရိယကံကြီးကို မကျူးလွန်ခဲ့ရင် ဒေသနာတော်ရဲ့အဆုံးမှာ သောတာပန်အရိယာ ဖြစ်ကိုဖြစ်ရမှာ။ ခုတော့ သူ့ရဲ့ သောတာပန်ဖြစ်နိုင်စွမ်း ပါရမီအရင်းအမြစ်ကို အဖသတ်ကံကြီးနဲ့ တူးဖြိုပြီး ထီးနန်းစည်းစိမ်နဲ့ လဲစားခဲ့မိလို့ အရိယာဖြစ်ခွင့် ရှုံးသွားပြီတဲ့။ (ဒီအရှုံးဟာလည်း ခုထိအဖတ်ဆယ်လို့ မရသေးပါဘူး။)

            ဒါတင်မကသေးဘူး ပဉ္စာနန္တရိယကံကြီးဆိုတာ မဂ်တား၊ ဖိုလ်တားဖြစ်ရုံသာမက အပါယ်မျိုးစေ့ စစ်စစ်ကြီးလည်း ဖြစ်တာကြောင့် ဘယ်လိုကုသိုလ်မျိုးနဲ့မှ ပြေပျောက်အောင် အစားထိုးလို့လည်း မရပါဘူး။ ဒါကြောင့် အဇာတသတ် မင်းကြီးဟာ ဘုရားရှင်နဲ့တွေ့ပြီး သာသနာတော်မှာ အရေးအပါဆုံးဖြစ်တဲ့ သာမညဖလသုတ်ဒေသနာတော်ကြီးကို နာကြား ခွင့်ရလို့ သာသနာ တော်မှာ အရေးအပါဆုံး ပထမသင်္ဂါယနာတင်ပွဲရဲ့ သာသနာ့ဒါယကာကြီးဖြစ်တဲ့အထိ ကုသိုလ်တွေ ပွားခဲ့ပေမယ့် အဝီစိအထိ လားရောက် ရမယ့်အရေးလောက်ကိုပဲ ဟန့်တားနိုင်ခဲ့ပါတယ်။ သေသည်ရဲ့အခြားမဲ့မှာတော့ “လောဟကုမ္ဘီ”ဆိုတဲ့ ငရဲမှာ ကျရောက်ရ ပါတယ်။ အနှစ်ခြောက်သောင်းကြာမယ်ဆိုတော့ အခုအထိလည်း အဲဒီမှာ အရှုံး ဒဏ်ကို ခံနေရဆဲပါ။

အရအကုန်နဲ့အရှုံးအမြတ်

            ဒါတွေအားလုံးကို ခြုံကြည့်လိုက်တဲ့အခါ “လုပ်ရပ်၊ ဖြစ်ရပ်တွေရဲ့ စာရင်းချုပ် အမြတ်အရှုံးဆိုတာ ရခြင်း၊ ကုန်ခြင်း တို့နဲ့ တိုင်းတာလို့ မမှန်နိုင်ဘူး။ တရားခြင်း၊ မတရားခြင်းနဲ့ တိုင်းတာမှသာ မှန်ကန်နိုင်တယ်”ဆိုတဲ့ အဖြေမှန် ထွက်ပေါ်လာ ပါတယ်။

            ဟုတ်ပါတယ်။ ရခြင်းမှာလည်း တရားသဖြင့်ရရင် မြတ်တယ်၊ မတရားသဖြင့်ရရင် ရှုံးပါတယ်။ ကုန်ခြင်းမှာလည်း အလားတူ ပါပဲ၊ တရားသဖြင့် ကုန်ရင် မြတ်ပါတယ်၊ မတရားသဖြင့်ကုန်ရင်တော့ ရှုံးပါတယ်။

            ရခြင်းရဲ့အမြတ်အရှုံးနှစ်မျိုးမှာ “တရားသဖြင့် ရရင်မြတ်တယ်”ဆိုတာကတော့ ဘုရားရှင် “သုခသုတ်”မှာ ဟော တော်မူသလို ပါပဲ။ “ပိုင်ဆိုင်ခြင်း၊ သုံးဆောင်ခံစားရခြင်း၊ြွေကးမြီးကင်းခြင်း၊ မတရားမှု ကင်းခြင်း”ဆိုတဲ့ ချမ်းသာ လေးမျိုးကို ရရှိနိုင်တဲ့အတွက် မြတ်ပါတယ်။

            “မတရားသဖြင့်ရရင် ရှုံးတယ်”ဆိုတာကတော့ အဇာတသတ်တို့လို ရာဇဝင်ရိုင်းစေတဲ့ ရခြင်းမျိုး၊ ခိုးယူ၊ ယုယက်၊ နိုင်ထက် စီးနင်း သိမ်းပိုက်ယူတဲ့ ရခြင်းမျိုးဟာ ပစ္စုပ္ပန်သံသရာနှစ်ဖြာလုံးမှာ ရှုံးပါတယ်။ ဒီအရှုံးကတော့ သတိထား အသိပွား သူများသာ သဘောပေါက်နိုင်တဲ့ အရှုံးမျိုးပါ။

            လောကဓမ္မ ကောင်းကျိုးတွေ၊ ပရဟိတလုပ်ငန်းတွေကို လုပ်ဆောင်နေကြသူတွေအနေနဲ့ ကိုယ်တိုင် လုပ်ဆောင် နေကြပါ လျက်နဲ့ ကောက်ချက်မှန် မချနိုင်တာကတော့ “ကုန်ခြင်းရဲ့ အမြတ်နဲ့အရှုံး”ပါ။

            မြတ်ဗုဒ္ဓရဲ့ ဒေသာနတော်များမှာ ကုန်ခြင်းနဲ့ပတ်သက်လို့ -

            (၁) စွန့်ကြဲပေးကမ်း လှူဒါန်းလို့ ကုန်ခြင်း (စာဂက္ခယ)။

            (၂) စားသောက်သုံးစွဲလို့ ကုန်ခြင်း (ပရိဘောဂက္ခယ)။

            (၃) ဖြုန်းတီးခြင်း (သို့) ရေ၊ မီး၊ မင်း၊ ခိုးသူ၊ သားဆိုးသမီးဆိုးဆိုတဲ့ ရန်သူမျိုးငါးပါး ဖျက်ဆီးလို့ ပြုန်းတီးပြီး ကုန်ခြင်း (ဗျသနက္ခယ) ဆိုပြီး (၃)မျိုးရှိတယ်။ ဒီ (၃)မျိုးထဲမှာ နံပါတ်(၁)ကုန်ခြင်းမျိုးဟာ မြတ်သော ကုန်ခြင်းဖြစ်တယ်လို့ ဟော တော်မူပါတယ်။

            ဒါကြောင့် ကုန်ခြင်းမှာလည်း နံပါတ်(၁)ဖြစ်တဲ့ စွန့်ကြဲပေးကမ်းလို့ ကုန်ခြင်းဟာ မြတ်တယ်။ နံပါတ်(၃)ဖြစ်တဲ့ ဖြုန်းတီး၊ ပြုန်းတီးပြီးကုန်ခြင်းကတော့ ရှုံးတယ်။ နံပါတ်(၂)ဖြစ်တဲ့ သုံးဆောင်ခံစားလို့ ကုန်ခြင်းကတော့ “အရှုံးအမြတ်မရှိတဲ့ အရင်း”လို့ သဘောပေါက်ကြရမှာပါ။

အရှုံး အမြတ်နဲ့ အကြီးအသေး

            အရှုံးနဲ့အမြတ်ကို သိပြီးတဲ့အခါ အကြီးနဲ့အသေးကိုလည်း ထပ်ပြီး ခွဲခြမ်းကြည့်နိုင်ပါသေးတယ်။ အရှုံး(၂)မျိုးမှာ ဘယ်အရှုံးက အရှုံးကြီးလဲ၊ ဘယ်အရှုံးက အရှုံးသေးလဲ။ အမြတ်နှစ်မျိုးမှာလည်း အဲဒီလိုပဲပေါ့။

            ဖြေးဖြေးစဉ်းစားကြည့်ပါ။ မတရားကုန်ရတဲ့ ဖြုန်းတီးမှု၊ ပြုန်းတီးမှုကြောင့် ရှုံးရတယ်ဆိုတာဟာ အလွန်ဆုံး အခုတစ်ဘဝ တစ်သက်တာအတွက်သာ ရှုံးရတာပါ။ ဒီအရှုံးအတွက် သံသရာနဲ့ချီပြီး ဘဝအဆက်ဆက် ပေးဆပ်စရာ မလို ပါဘူး။ မတရားရယူပြီး ရှုံးရတဲ့ အဇာတသတ်ရဲ့အရှုံးမျိုးကတော့ တစ်ဘဝတစ်သက်တာအတွက် မကပါဘူး။ သံသရာနဲ့ချီပြီး ပေးဆပ်ရမှာပါ။ လောကုမ္ဘီငရဲမှာ ကျခံရမှာက အနှစ်ခြောက်သောင်းသာလို့ ဆိုပေမယ့် အဲဒီကလွတ်မြောက်ပြီးတဲ့ အခါမှာ လည်း သူကိုယ်တိုင် “ဝိဇိတာဝီ”ဆိုတဲ့ ပစ္စေကဗုဒ္ဓ ဖြစ်ဖို့အတွက် အနည်းဆုံး (၂)အသင်္ချေနဲ့ကမ္ဘာတစ်သိန်းလောက် ပါရမီတွေဖြည့်ရဦးမှာမို့ ပါရမီဖြည့်သူတို့ ထုံးစံအတိုင်း ခံရမယ့် ဒုက္ခတွေ၊ သေရမယ့် ဘဝတွေဟာ ခန့်မှန်းလို့ မရနိုင် လောက်အောင် အသင်္ချေပေါင်းများစွာပါ။

            ဒါကြောင့် အရှုံးခြင်း ယှဉ်ကြည့်ရင် ကုန်ပြီး ရှုံးရတာထက် ရပြီးရှုံးရတဲ့ အရှုံးက အတိုင်းမသိ ကြီးမားပါတယ်။

            အမြတ်နှစ်မျိုးကိုလည်း စဉ်းစားပြီး တွက်ကြည့်ပါ။ မိမိရဲ့ ကံဥာဏ်လုံ့လတွေနဲ့ တရားသဖြင့်ရရှိတဲ့ ရာထူးဂုဏ်သိန်၊ စည်းစိမ် ဥစ္စာတွေဆိုတာ “သမုဒ္ဒရာထက်၊ တစ်ခဏတက်သည့်၊ ရေပွက်ပမာ၊ တစ်သက်လျာတည့်}}ဆိုတဲ့အတိုင်း တစ်ဘဝ တစ်သက်တာ အတွက်ပဲ မြတ်တာပါ။

            ပစ္စည်းဥစ္စာ၊ အင်္ဂါခြေလက်၊ ကိုယ်အသက်တို့ကို စွန့်လွှတ် အနစ်နာခံပြီး လောကတ္ထစရိယကို ကျင့်ကြသူတို့ရဲ့ ကုန်ပြီး မြတ်တဲ့ အမြတ်ကတော့ ဖြစ်ဆဲတစ်ဘဝကစပြီး သံသရာခရီးဆုံးရာ နိဗ္ဗာန်အထိ အတိုင်းအဆမရှိ မြတ်ကြပါတယ်။ အာဇာနည်တို့ရဲ့ အမြတ်ဆုံးခရီးဆိုတာ ကုန်ပြီး မြတ်တဲ့ အမြတ်ခရီးပဲ မဟုတ်ပါလား။

            ဒါကြောင့် အရှုံးချင်း ယှဉ်ရင် ရပြီး ရှုံးတဲ့ အရှုံးက အရှုံးကြီးတယ်။ အမြတ်ချင်း ယှဉ်ရင်တော့ ကုန်ပြီး မြတ်တဲ့ အမြတ်က အမြတ်ကြီးတယ်လို့ သဘောပေါက်ကြရမှာပါ။

            “မနုဿတ္တ ဒုလ္လဘ”ဆိုတဲ့ သုဂတိ လူ့ဘုံ၊ လူ့ဘဝရတုန်း ရခိုက်ဆိုတဲ့ ခဏကောင်း အခိုက်အတန့်ကောင်းလေးမှာ ဒီအရ အကုန်နဲ့အရှုံးအမြတ် အကြီးအသေးတို့ကို သတိရှိရှိ၊ အသိရှိရှိ တွက်မိကြဖို့ အလွန်အရေးကြီးပါတယ်။

            မတရားရတဲ့ အရှုံးဟာ အရှုံးတကာထဲမှာ အကြီးဆုံးဆိုတာကို သဘောပေါက်ကြမယ်ဆိုရင် “ဘယ်သူသေသေ၊ ငတေမာ ပြီးရော”တို့၊ “ရေဗူးပေါက်တာ မလိုချင်ဘူး၊ ရေပါဖို့ပဲ အရေးကြီးတယ်”တို့ဆိုတဲ့ မတရားရယူမှုမျိုးတွေနဲ့ ကိုယ့်တွက်ကိုယ့်တာ ဘဝနာရုံသာမကဘဲ ကိုယ်ဖြစ်တည်ကျင်လည်ရာ နိုင်ငံနဲ့အဝန်း ရှင်ရောလူပါ၊ သတ္တဝါအားလုံး နှလုံးစိတ်ဝမ်း မချမ်းမသာဖြစ်စေတဲ့ ရာဇဝင်ရိုင်းမှုမျိုးတွေကို ဘယ်သူမှ ကျူးလွန်ဝံ့ကြမှာ မဟုတ်တဲ့အတွက် လောကကြီး အေးချမ်းသာယာသွားမှာ မလွဲပါဘူး။

            အလားတူပဲ တရားသဖြင့် စွန့်လွှတ် အနစ်နာခံပြီး ရရှိတဲ့ အမြတ်ဟာ အမြတ်တကာထဲမှာ အသာဆုံး အလွန်ဆုံးဖြစ်တဲ့ အာဇာနည်တို့လုပ်ထုံး နည်းလမ်းကြီးဖြစ်တယ်ဆိုတာကို သဘောပေါက်ကြမယ်ဆိုရင်လည်း ရရှိပိုင်ဆိုင် သမျှ ဘဝနဲ့စည်းစိမ်တို့ကို “အိပ်၊ စား၊ ကာမ”ဆိုတဲ့ တိရစ္ဆာန်လို အဖြစ်မျိုးနဲ့ အချည်းနှီး ကုန်လွန်မသွားစေကြဘဲ လောက ကျိုး သာသနာကျိုးအတွက် မဖြစ်မနေ စွန့်လွှတ်ဆောင်ရွက်ကြတဲ့ အာဇာနည်ပုဂ္ဂိုလ်တွေ တိုးပွားသည် ထက်တိုးပွား လာမှာဖြစ်လို့ လောကကြီး ပိုမိုတိုးတက်သာယာလာမှာ အမှန်ပါ။

            မြတ်ဗုဒ္ဓကတော့ “ကံနဲ့ကံရဲ့အကျိုးကို ငါဘုရားရှင် သိသလိုသာ သိရှိလက်ခံကြမယ်ဆိုရင် လောကမှာ မကောင်း မှုကို ပြုဝံ့သူဆိုတာလည်း မရှိနိုင်တော့သလို ကောင်းမှုကို မပြုဘဲ နေဝံ့သူလည်း မရှိနိုင်ဘူး”လို့ မိန့်ကြားတော်မူပါ တယ်။

ရာဇဝင်ရိုင်းမှုများ ဆိတ်သုဉ်း ကိုယ်ကျိုးစွန့်သူ အာဇာနည်များ ဆထက်ထမ်းပိုး တိုးတက်ပြီး

နိုင်ငံနဲ့အဝန်း တိုးတက်သာယာ ဝပြောပါစေ။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

(သရုပ်ဖော် - ပန်းချီဦးဘကြည်၊ ဗုဒ္ဓ၀င်ရုပ်စုံ)

Monday, January 20, 2014

ကြက်တူရွေး ပညာရေး

ဆယ်တန်းစာမေးပွဲနီးပြီဆိုတော့ မြန်မာပြည်က ပညာရေးစနစ် နင့် နိုင်ငံတကာ ပညာရေး စနစ်တွေ ကို နားလည်သလောက်ပြောချင်စိတ်ပေါ်လာပြန်တယ်။အယင်လဲနဲနဲပြောဖူးပါတယ်။

ကျနော်က လက်ချာ သွားတက်ရင် နောက်ဆုံးတန်းမှာထိုင်တယ်။ဆရာမက မေးဖို့အချိန်ပေးရင်လဲ သိပ်မမေးဖြစ်ဘူး။အတန်းထဲမာလဲစကားအနည်းဆုံးကျောင်းသားဖြစ်နေတယ်။

ဆရာမက ဒါကို ရိပ်မိပုံရတယ်။ကျနော့ကိုစကားမပြော ပြောအောင်လုပ်တော့တယ်။ တနေ့စာသင်ချိန်ပြည့်ဖို့နာရီဝင်လောက်အလိုမှာ ကျောင်းသားတွေ အား လုံး ကိုအုပ်စုလိုက်ခွဲလိုက်တယ်။လေးယောက်တတွဲ၊သုံးယောက် တတွဲစီ။ငါးယောက် ရှိတဲ့ အုပ်စု လဲရှိတယ်။

ကျနော်နင့်အတူ ကျတာက နယ်သူလန် ကျောင်းသူရယ်၊ဂျာမန်ကျောင်းသူရယ်၊နော်ဝေးကျောင်း သူရယ်၊ထိုင်ဝမ်က တယောက်ရယ် ကျနော်ရယ် စုစုပေါင်း ငါးယောက်။နော်ဝေးကျောင်းသူ ကလွဲ ယင် ကျန်တဲ့ကျောင်းသူတွေက နိုင်ငံတကာ ကျောင်းသားဖလှယ်ရေးအစီးအစဉ်နင့် ဘာဂင် (Bergen University)တက္ကသိုလ်ကိုလာတက်နေကြတာ။

(နိုင်ငံတကာ ကျောင်းသားဖလှယ်ရေးအစီအစဉ်ကို ကျနော် ဌာနကဆရာနင့်ပြောဖို့အစီအစဉ် ရှိတယ်။ကိုယ့်နိုင်ငံတက္ကသိုလ်တွေနင့်ဘယ်လိုချိတ်ဆက်ပြီး ကျောင်းသားဖလှယ်ရေးအစီအစဉ်တွေဘယ်လိုလုပ်သွားနိုင်မလဲပေါ့။)

ဆိုတော့ ဆွေးနွေးရမယ့်ခေါင်းစဉ်က နိုင်ငံတကာကျောင်းသားတွေရဲ့သက်ဆိုင်ရာ နိုင်ငံတွေမှာ ဖြတ်သန်းလာခဲ့ကြတဲ့ပညာရေးသမိုင်းကြောင်းတွေကို ပြောပြကြမယ်။ပြီးတော့ ပညာရေးစနစ်တွေ ကိုအမြင်ချင်းဖလှယ်ကြရမယ်။

ခလေးတွေက တော်လိုက်ကြတာ။အင်္ဂလိပ်စကားကိုပြောကြတာ သူတို့က မိခင်ဘာသာ စကားတွေပြောနေကြသလိုပဲ။အာရှက ဆိုလို့ကျနော်နင့် ထိုင်ဝမ်သူနှစ်ယောက် အဲဒီအုပ်စုမှာ။ အခြား ဂျပန်တို့ ကိုးရီးယားတို့ တရုပ်တို့က အခြားအုပ်စုထဲပါသွားကြတယ်။

ဥရောပက ကျောင်းသူတွေပြောတဲ့ပညာရေးစနစ်တွေအားလုံးနည်းပါးတူကြတယ်။အသက်တနှစ်ပြည့်ပြီးရင်မူကြိုသွား။ခြောက်နှစ်ပြည့်ရင် စာသင်ကျောင်းကိုသွား။ ၁ တန်းကနေ ၁၀ တန်းထိ (lower secoundry school)။ပြီးရင် နောက်ထပ် သုံးနှစ်(upper secoundry school)။ပြီးမှ တက္ကသိုလ် (သို့)ကောလိပ် ကိုယ်ဝါသနာပါတဲ့အထူးပြုဘာသာရပ်ကိုလျှောက်။ပြီးတော့ အဆင့်ဆင့်ကြိုက် သလောက်တက်ပေတော့အမြင့်ကို။

တက္ကသိုလ်မှာ ကိုယ်ယူမယ့်အထူးပြုဘာသာအတွက်အမှတ်မမီဘူးဆို ရင်(upper scoundry school) မာ နောက်ထပ်ကြိုက် သလောက်ကြိုးစား ခွင့်ကိုပေးထားတယ်။

ထိုင်ဝမ်မှာ တော့ မူလတန်းပညာရေးကို ၅ နှစ်နင့်စတယ်လို့ဆိုတယ်။အာရှကချင်းတူပေမယ့် မြန်မာ့ ပညာရေးထက် ထိုင်ဝမ်တောင်ပညာရေးမာ တော်တော်အဆင့်မြင်တာကိုတွေ့ရတယ်။ယူရို က ပညာရေး စနစ်တွေနင့် နင်လားငါလားပဲ။

လိုရင်းပြောရရင် နိုင်ငံတကာကျောင်းသူတွေက မြန်မာ့ပညာရေးစနစ်ကို ဘယ်လိုမှ နားမလည်နို င်ကြဘူး။အထူးသဖြင့် ဆယ်တန်းမှာ သက်ဆိုင်ရာခလေးတွေရဲ့ဘ၀တွေကို အပြီးအပိုင်ဖြတ်ချ လိုက်တဲ့ကိစ္စကိုသူတို့နားမလည်နိုင်ကြဘူး။

ဆယ်တန်းအောင်ပြီး ရလာတဲ့အမှတ်ကိုမူတည်ပြီး ကိုယ်စီဝါသနာပါတဲ့တက္ကသိုလ်တွေ ကိုလျှောက် တဲ့အခါ ဆိုပါစို့ ဆရာဝန်ဖြစ်ချင်တဲ့ကျောင်းသားတယောက်က အမှတ်မမီဘူးဆိုရင် ဒီခလေး အတွက်သွားပေတော့။ဒီဘ၀မှာဘယ်လိုမှဆက်လက်ပြီးဆရာဝန်ဖြစ်အောင်ကြိုးစားခွင့်မရှိတော့ဘူး။

နိုင်ငံတကာမှာတော့ ခလေးတွေက သိပ်ကံကောင်းကြတယ်။(easy going)ပဲ။ဘယ်ခလေးမ စာကျက်ဖို့မလိုဘူး။နားလည်အောင်ပဲကြိုးစားရတယ်။စာမေးပွဲအတွက်စိတ်သောကဖြစ်ရတာမျိုး၊အဖေကယ်ပါ၊အမေကယ်ပါလုပ်ရတာ မျိုးမရှိဘူး။အိမ်စာတွေပုံမှန်လုပ်ဖြစ်အောင်တော့ ဂရုစိုက်ပေး ရတယ်။

ဆိုတော့ ကျနော်တို့ပညာရေးစနစ်ဟာ နိုင်ငံတကာပညာရေးစနစ်နင့် ယှည်လိုက်ရင် ကြက်တူရွေး ပညာရေးစနစ်ဖြစ်နေတယ်။ခလေးတွေဟာ မူလတန်းကနေ တက္ကသိုလ်ထိဟာ တစာစာနင့် ကျက်နေကြတယ်။
သူတို့လေးတွေဟာ တကယ်တတ်သိနားလည်ဖို့ထက်အလွတ်ကျက်ဖို့ကို ဦးစားပေးတဲ့ပညာရေး စနစ်ဖြစ်နေတယ်။ကျောင်းစာသင်ရင်းနင့် စာပဲတတ်တယ်။ပညာကျတော့ မတတ်ကြဘူး။ တကယ်က ပညာကိုတတ်အောင်သင်ကြရမှာ။

ဒါကြောင့်လဲအလယ်တန်းကကျောင်းထွက်တဲ့ကလေး ဘာလုပ်တတ်လဲဆိုဘာမှမလုပ်တတ်ဘူး ။ ဆယ်တန်းကော အတူတူပဲ။ ကိုယ့်အသက်မွေးဝမ်းကျောင်းနင့်ပတ်သက်ပြီးဘာမှမလုပ်တတ် မကိုင်တတ်ကြဘူး။ တက္ကသိုလ်ဘွဲ့ရတွေကားဆိုတော့ ဘွဲရလက်မှတ်တွေ ကိုင်ပြီး သင်တန်းတွေ တခုပြီးတခုတက်နေကြရတယ်။ကွန်ပျူတာသင်တန်းကို ဘွဲ့တယောက်သွားတက်နေရတယ်ဆိုယင် အဲဒီလောက်ကွန်ပျူတာအခြေခံလေးတောင် တက္ကသိုလ်အဆင့်မှာ မပါသေးဘူးလား။ အင်္ဂလိပ်စကားပြောသင်တန်းတက်နေရတယ်ဆိုရင် တက္ကသိုလ်အဆင့်မာ အဲဒီလောက် အင်္ဂလိပ်စာ အခြေခံလေးတောင်မပေးနိုင်ဘူးလား။နိုင်ငံတကာကျောင်းသားတွေ နားမလည်နိုင်ကြဘူး။
တကယ်တော့ခလေးတွေအတွက်၊အနာ၈တ်မျိုးဆက်တွေအတွက်အင်မတန်နစ်နာပါတယ်။တိုင်းပြည်ဆောက်ဖို့အသိပညာရှင်အတတ်ပညာရှင်တွေမွေးထုတ်မှုမှာ လဲအင်မတန်နစ်နာပါတယ်။

နစ်နာပါတယ်ဆိုတာ ဆိုပါစို့ဥပမာ ခလေးတယောက်ဟာ သူငယ်တန်းကနေ ဆယ်တန်းတိ ဆိုယင် အနည်းဆုံး တနှစ်တတန်းမှန်မှန်အောင် အုံးတော့ ၁၀ နှစ်လောက် အချိန်ကိုအဲဒီပညာရေးထဲမှာ သုံးလိုက်တာ။ဘ၀တခုရဲ့အရေးပါတဲအစိပ်အပိုင်းတခုဆိုပါစို့။အဲဒီလောက်ထိအချိန်ကိုသုံးလိုက်ပြီးတာတောင် ဒီခလေးဟာ သူ့ဘ၀အတွက်အဲဒီပညာနင့်ဘာမှအသုံးချလို့မရသေးဘူး။ ဘယ်လောက်နစ်နာသလဲ။ဒါဆိုရင် ပညာရေးစနစ်မှာ တခုခု မှားနေတာသေချာနေပြီ။

နိုင်ငံတကာ ကျောင်းသူတွေကတော့ သူတို့နိုင်ငံကပညာရေးစနစ်ကိုအားရပါးရပြောပြကြတယ်။ တကယ်အားရဖို့ကောင်းပါတယ်။သူတို့ဘွဲ့ရတဲ့အခါ သက်ဆိုင်ရာ လုပ်ငန်းခွင်တွေ အတွက် အဆင် သင့်ဖြစ်နေကြပြီ။ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နင့်။

ကျနော်တို့ နိုင်ငံက ခလေးတွေကကော။

ကြက်တူရွေးတွေ ကိုစကားသင်တဲ့အတိုင်း ဆရာသင်တာကို တထပ်တည်းလိုက်အော်နေကြတုန်း။

မြန်မာ့ပညာရေးစနစ်တိုးတက်မြင့်မားပါစေ။

အောင်မြင်စိုး။

တမျိုးသားလုံးအတွက် ပညာရေး

ပညာရေးစနစ်တခုကိုတည်ဆောက်ဖို့ဆိုတာ အသိပညာရှင်အတတ်ပညာရှင်တွေရဲ့အခန်းကဏ္ဍ အရေး ပါ ကြောင်းအရင်ကပြောခဲ့ဖူးပါတယ်။တခါ တိုင်းပြည်အတွက် ရေးဆွဲတဲ့ပညာရေးစနစ် ဟာ လဲ တိုင်းပြည် ထဲ မှာ နေထိုင်တဲ့ပြည်သူတွေအားလုံးနင့် အံဝင်တဲ့ အသုံးတည့် တဲ့ပညာ ရေး စ နစ် ဖြစ်ဖို့ လဲ အထူးကြီးလှပါတယ်။ ငွေ ကြေးတတ်နိုင်တဲ့အသိုင်းအ၀ိုင်းကပဲဖြစ်ဖြစ်၊ငွေကြေးချို့ တည့်တဲ့မိသားစု မိသား စုတွေအတွက်ပဲဖြစ်ဖြစ်၊မြို့ပြမှာနေထိုင်တဲ့ပြည်သူတွေအတွက်ပဲဖြစ်ဖြစ်၊ကျေးလက်မှာနေထိုင်တဲ့တောင်သူလယ်သမားဆင်းရဲသားတွေအတွက်ပဲဖြစ်ဖြစ် အဲဒီပညာရေး စနစ် ဟာ အကျိုးရှိရပါမယ်။ဒါမှဒီတိုင်းပြည်ဒီလူ့ အဖွဲ့အစည်းအတွက်ကောင်း မွန်ပြည့် စုံတဲ့ပညာရေးစနစ်ဖြစ် လာမှာပါ။ကောင်းမွန်ပြည့်စုံတဲ့ပညာရေးစနစ်ဆိုရာမှာ စနစ်တခုကိုတခါရေး ဆွဲ လိုက် ရုံနင့်ရာ သက် ပန်ဒီအတိုင်းရှိနေရမယ်လို့မဆိုလိုပါဘူး။အခြေအနေအချိန်အခါဟာအမြဲတမ်းပြောင်း လဲနေတယ်ဆိုတာကိုသတိထားဖို့ ပညာရေးဆိုင်ရာတာဝန်ရှိသူတွေအနေနင့်ပြည်တွင်းနင့်နိုင်ငံ တကာ အခြေ အနေတွေကိုမျက်ခြေမပြတ်ဖို့နင့် နိုင်ငံတကာမှာ ကိုယ့်နိုင်ငံက ပညာရေးစနစ် ဘယ်အ ခြေ အနေ အဆင့်အတန်းမှာရှိနေတယ်ဆိုတာကို အမြဲသုံးသပ်နေကြဖို့အရေးကြီးပါတယ်။

ဒီလိုသုံးသပ်နေဖို့အတွက် မြန်မာနိုင်ငံပညာရေးသုတေသနအဖွဲ့တို့လိုပညာရေးဆိုင်ရာသုတေသန အဖွဲ့ အစည်းတွေဟာ လွတ်လပ်ပြီး အနှောင်အဖွဲ့ကင်းဖို့အရေးကြီးပါတယ်။ တိုင်းပြည် တွင်း မှာ လိုအပ်နေတဲ့ အားနည်းနေတဲ့အချက်တွေကိုစနစ်တကျသုတေသနလုပ်စာတမ်းတွေပြုစုပြီး စဉ် ဆက် မပြတ် ထုတ် ပြန်ပေးနေဖို့အင်မတန်အရေးကြီးလှပါတယ်။ဒီလိုထုတ်ပြန်တဲ့ အပေါ်မှာ သက် ဆိုင် ရာတာဝန် ရှိသူတွေ၊အကောင်အထည်ဖေါ်ပေးရမယ့်အာဏာပိုင်တွေအနေနင့် အချိန်မီပြု ပြင် ပေးကြဖို့လိုပါတယ်။

ကိုယ့်တိုင်းပြည်မှာ ချွတ်ယွင်းနေ တဲ့ခေတ်စနစ်နင့်အသုံးမတည့်တဲ့ပညာရေးစနစ်တခုကို အာဏာ ပိုင်တွေ ကိုကြောက်လို့ပဲဖြစ်ဖြစ်၊ အရည်သွေးမီတဲ့ပညာရေးသုတေသန တွေအချိန် မီ မတင်ပြနိုင်လို့ပဲဖြစ်ဖြစ် လိုအပ်သလို အပြောင်း အလဲမလုပ်နိုင်ခဲ့ဘူးဆိုယင် အဲဒီ တိုင်း ပြည်ရဲ့ မျိုး ဆက်တွေကို အားလုံးအညွန့်ချိုး လိုက်တာ နင့် အတူတူပါပဲ။ ဒါကြောင့် အမှီ အခို ကင်းပြီး လွတ်လပ်စွာလေ့လာ သုတေသနပြုစုနိုင် ဖို့ဟာလဲတိုင်းပြည်တပြည်မှာမရှိမဖြစ်အရေးပါလှပါတယ်။

တချိန်တည်းမှာ နိုင်ငံတကာ ပညာ ရေးနင့်စီးပွားရေးဆိုင်ရာအဖွဲ့အစည်းကြီးတွေဖြစ်တဲ့ OECD (The Organization for Economic Co-Operation and Development) အဖွဲ့က နှစ်စဉ် ထုတ်ပြန်တဲ့ PISA (The Programme for International Student Assessment) လို အစီ ရင် ခံစာမျိုးကိုလဲ အသေ အချာ စောင့် ကြည့် နားထောင်နေဖို့ အရေး ကြီး ပါတယ်။ အဲဒီ အဖွဲ့ကြီး တွေဟာ အဖွဲ့ဝင်နိုင်ငံတွေတင်မက တကမ္ဘာလုံးက နိုင်ငံတွေရဲ့ပညာရေးဆိုင်ရာ တိုးတက်မှု ဆုတ် ယုတ် မှုစတာတွေကိုပညာရှင်တွေ စနစ်တကျ စုပေါင်းလုပ်ဆောင်နေကြ တာဖြစ်လို့ အထူး သြဇာ ကြီးမားလှပါတယ်။ဒီအဖွဲ့ကြီးရဲ့လေ့လာမှုတွေထဲမှာ သင်္ချာနင့်သိပ္ပံဘာသာရပ်တွေကို လေ့လာ ရုံ တင်မက သက်ဆိုင်ရာနိုင်ငံတွေမှာ ခလေးတွေကျောင်းမှာ ဘယ်လောက် ပျော်ကြ သလဲ၊ မူလ တန်းမှာအဆင့်မှာကျောင်းထွက်တဲ့ခလေး ဘယ်လောက်ရှိသလဲ၊ အလယ်တန်းအဆင့်မှာကျောင်းထွက်တဲ့ခလေးဘယ်လောက်ရှိသလဲ၊အထက်တန်းအဆင့်၊တက္ကသိုလ်အဆင့်စတဲ့အဆင့်တွေမှာ ကျောင်းထွက်တဲ့ရာခိုင်နှုန်းဘယ်လောက်ရှိသလဲ၊ဘာကြောင့်လဲ စတဲ့အချက်တွေကိုလေ့လာ သုံး သပ် ပြလေ့ရှိပါတယ်။ဒါ့အပြင် ဆရာ၊ဆရာမတွေရဲ့လစာအခြေအနေ၊ ဆရာ၊ဆရာမတွေရဲ့ အရည် အသွေးစတာတွေကိုလည်းနိုင်ငံအလိုက်နှိုင်းယှည်ဖေါ်ပြထား တာတွေကို လည်းလေ့ လာနိုင်ပါတယ်။ဆရာ၊ဆရာမတွေ သင်ကြားပြသတဲ့အရည်အသွေးဟာ ခလေးတွေ ရဲ့ တတ်မြောက်မှု မှာအထူး အ ရေး ပါတာကြောင့် နိုင်ငံတကာမှာဆရာ၊ ဆရာမတွေ အရည် အသွေးမြင့်မားအောင်အထူး လုပ် ဆောင်လာကြတာကိုတွေ့ရပါတယ်။ဆရာ၊ဆရာမတွေ ကိုလုံလောက် တဲ့ လစာတွေ၊ရသင့်ရထိုက်တဲ့ခံစားခွင့်တွေရှိနေဖို့ဟာလဲဒီနိုင်ငံရဲ့ပညာရေးစနစ်တခုအောင်မြင်ဖို့မှာအထူး
အရေးကြီးကြောင်းသတိပြုကြရပါမယ်။

PISA ရဲ့အစီရင်ခံစာထဲမှာအခြားအရေးကြီးတဲ့အချက်တွေကတော့ သက်ဆိုင်ရာအာဏာ ပိုင်တွေ၊ ပညာရေးဆိုင်ရာတာဝန် ရှိသူ တွေ ကို ပါအပြု သဘောဆောင်တဲ့အကြံအဥာဏ်တွေကို ပါ ပေး တတ် တာမို့ နိုင်ငံတကာအစိုးရ တွေ၊ ပညာ ရေး ဆိုင် ရာအဖွဲ့အစည်းတွေ၊အင်စတီကျူရှင်းတွေက အင်မတန်အလေးထား တတ်ကြပါ တယ်။ ရောဂါတခုကိုအချိန်မီသိလိုက်ရတဲ့အတွက် အချိန် မီ ကုစားနိုင်အောင်လုပ်ဆောင်ပေးတဲ့ သ ဘော လဲသက်ရောက်ပါတယ်။
၂၀၁၂-ခုနှစ်အတွက် OECD ရဲ့ PESA အစီရင်ခံစာကို အောက်မှာဖေါ်ပြ ထားပါ တယ်။ http://www.oecd.org/pisa/keyfindings/pisa-2012-results-overview.pdf

အထူးသတိထားရမယ့်အချက်တခုက ပညာရေးဆိုင်ရာအခြေခံပညာသင်ရိုးတွေ up to date ဖြစ်နေ ဖို့ ပါပဲ။ နည်းပညာတွေအဆက်မပြတ်တိုးတက်ပြောင်းလဲနေတဲ့ခေတ်ကြီးမှာ ခလေးတွေဟာ အခြေခံပညာ မူလ တန်း ကနေ တက္ကသိုလ်အထိ နည်းပညာပိုင်းဆိုင်ရာဗဟုသုတတွေကိုပေးနိုင်တဲ့၊ အဲဒီလိုပေးတဲ့ သင်ရိုး ညွှန်း တန်းတွေကိုအချိန်မီပြုပြင်ရေးဆွဲကြဖို့အထူးဂရုစိုက်ကြရပါမယ်။ပြောင်းလဲနေတဲ့ခေတ်ကာလကြီးနင့်အညီ အခြေခံပညာကျောင်းတွေရဲ့ သင်ရိုးညွှန်တမ်းတွေမှာ နည်းပညာ ပိုင်းဆိုင်ရာ သင်ကြားပို့ချမှုတွေဟာ မရှိမဖြစ်တဲ့ကိစ္စပါ။

တိုးတက်တဲ့နိုင်ငံတွေမှာတော့ ကွန်ပျူတာနှင့်ခလေးတွေ game ကစားတဲ့အချိန်၊ခလေးတွေ သင်္ချာ စတဲ့ ဘာသာရပ်တွေလေ့ကျင့်ခန်းတွေကို ကွန်ပျူတာသင်ခန်းစာအဖြစ်လုပ်ဖို့အချိန် စတာတွေကို တပတ် ဘယ်နှစ်နာရီပါရ မယ် ဆိုတာတွေကို မဖြစ်မနေထည့်ရေးဆွဲရပါတယ်။

ကျောင်းတိုင်းမှာ ရှိတဲ့ခလေးအရေအတွက်နင့်လုံလောက်တဲ့ကွန်ပျူတာ ရှိဖို့ စ တဲ့ အချက် တွေ ကို လဲ ကျောင်းတကျောင်းရဲ့ရှိသင့်ရှိထိုက်တဲ့ အင်္ဂါ ရပ် တွေထဲမှာထည့်ထားပြီး အဲဒီအင်္ဂါ ရပ် တွေနင့် ညီ ညွတ်အောင်စနစ်တကျလိုက်နာရတာကိုတွေ့ရပါတယ်။
ကွန်ပျူတာအချိန်မှာ ကွန်ပျူတာ ကို ခလေးတွေအသုံးပြုနိုင်ဖို့ဆိုတာ မြို့ပြမှာ၊ ကျေးလက် မှာ ဆို ပြီးကွဲပြားမှု မရှိသင့်ပါဘူး။ တတိုင်း ပြည်လုံးမှာအတူတူပဲဖြစ်သင့်ပါတယ်။။မြို့ပြက မူလတန်း ကျောင်းကခလေးတွေ တပတ်ကို ကွန်ပျူ တာအချိန်နှစ်နာရီရှိရတယ်ဆိုရင်ကျေးလက်က မူလ တန်းကျောင်းက ခလေးတွေလဲ ကွန်ပျူ တာကို တပတ်ကို နှစ်နာရီဖြစ် အောင် သင်ပေး နိုင် အောင်လုပ်ပေးကြရပါမယ်။။ဒါမှ အားလုံး နင့် ကိုက်ညီတဲ့ အံဝင် တဲ့ပညာရေးစနစ် လို့ခေါ်နိုင် တာဖြစ်ပါတယ်။ကျနော်တို့တိုင်းပြည်မှာတော့ လျှပ်စစ်မီးသုံးစွဲနိုင်မှုအခြေအနေကလဲ နည်းပါးသေး တာမို့ ကွန်ပျူတာကို ကျေးလက်က အခြေခံ ပညာ ကျောင်းတွေမှာသုံးစွဲ နိုင်ဖို့ ကတော့ အတော်လေးကြိုးစားယူကြရမယ့်အခြေအနေပါပဲ။

ဒီလိုလုပ်ဆောင်ဖို့ ကောင်းမွန်သင့်တော်တဲ့ပညာရေးစနစ်ကိုအကောင် အထည်ဖေါ်ဖို့ ဆို ရာမှာ လက်ရှိတိုင်းပြည်ကိုတာဝန်ယူနေတဲ့အစိုးရတွေမှာအများကြီးတာဝန်ရှိပါတယ်။ဒါကြောင့်ဒီမိုကရေ စီ နိုင်ငံတွေ မှာ ရွေးကောက်ပွဲအကြိုကာလ မဲဆွယ်စဉ်တွေမှာ သက်ဆိုင်ရာ ပါတီတွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေက သူတို့ပါတီရဲ့မူဝါဒတွေကိုပြည်သူ ကိုအသေ အချာချပြကြရပါတယ်။ အခြေ ခံ ပညာ ရေးစနစ်မှာတော့ဘယ်လို ပြုပြင်သွားမယ်၊အဆင့်မြင့်ပညာရေးကဏ္ဍမှာတော့ဘယ်လို စသ ဖြင့်ချပြ ရပါတယ်။ပြီးတော့သက်ဆိုင်ရာတက္ကသိုလ်တွေကိုသွားပြီး ဟောပြောပွဲတွေ၊ တက္ကသိုလ် ကဆရာတွေနှင့်ကျောင်းသူ ကျောင်းသားတွေမေးတာကိုစိတ်ရှည်လက်ရှည်ရှင်းပြဖြေကြရပါတယ်။

ဒီလိုလုပ်ဆောင်နိုင်မှုတွေကိုမူတည်ပြီးပညာရှင်တွေက ဒီမူဝါဒကတော့တိုင်းပြည်ရဲ့ ပညာရေးစနစ် အတွက် ပိုမိုကောင်းမွန်လာမယ်၊ဟိုပါတီရဲ့မူဝါဒကတော့ ဒီလိုအားနည်းချက်ရှိတယ်စသည်ဖြင့် အ*ဂ တိကင်းကင်း နဲ့တိုင်းပြည်ရဲ့အကျိုးတခုတည်းကိုကြည့်ပြီးအကြံ ပြုကြ၊ထောက်ပြကြလုပ်ကြပါတယ်။ ဒီလိုထောက်ပြဝေဖန် တာကိုလဲ ခေါင်းဆောင်တွေက တလေး တစားနားထောင်ကြ တာကို တွေ့ရပါတယ်။

ကျောင်းနေအရွယ်ခလေးတယောက် ကျောင်းမတက်နိုင်ဘူး၊ကျောင်းကိုမရောက်ဘူးဆိုရင် အစိုးရ မှာ အပြည့်အ၀တာဝန်ရှိပါတယ်။တာဝန်ယူရပါတယ်။မသင်မနေရ ပညာရေးစနစ် ဟာ မူလတန်း ကနေ ၁၀ တန်းထိထားရှိတယ်ဆိုရင် အဲဒီအရွယ်ခလေးတွေအားလုံး (သေဆုံး သွား တာ က လွဲ ရင်)ကျောင်း ကိုရောက်ကိုaရာက်ရပါတယ်။ဒါကြောင့်မူလတန်း၊အလယ်တန်း၊အထက် တန်းကျောင်း တွေ မှာ နှစ် မကုန်ခင်ကတည်းက နောက်နှစ်မှာ ကျောင်းကို အသစ်ဘယ်လောက် တိုး လာမယ်၊ အတန်း တက် သူဘယ်လောက်၊ဆရာ။ဆ၇ာမအင်အားဘယ်လောက်၊အထူးဂရုစိုက်ရမယ့်ခလေးက ဘယ်နှစ်ယောက် ပါမယ်၊ ဒါကြောင့်အဲဒီအတန်းမှာ လက်ထောက်ဆရာ ဘယ်လောက် ခန့် ထားရမယ်၊စာအုပ် စာတမ်း က ဘယ်လောက်လိုမယ်၊စတဲ..စတဲ့ အချက်အလက်တွေအားလုံးဟာ ကျောင်းရာသီမကုန်ခင် ကတည်း က ကျောင်းတိုင်းမှာနောက်နှစ်အတွက်အဆင်သင့်ဖြစ်နေကြရပါ တယ်။အချိန်တန်ရင် ခလေးတွေကို သက် ဆိုင် ရာမိဘတွေအနေနင့်ကျောင်းကိုပို့လိုက်ရုံပါပဲ။ မိဘ တွေ ရဲ့ တခုတည်းသော တာဝန် က ကျောင်း ဖွင့် ရင် မိမိတို့ခလေးတွေ ကိုကျောင်း ကိုရောက် အောင် ပို့ဖို့ကလွဲပြီကျန်တာဘာမှမလိုပါဘူး။ ကိုယ့်ခလေး ကကျောင်းမှာ၊ဆိုပါစို့သင်္ချာမှားအားနဲနေတယ်ဆိုရင်သင်္ချာတော်အောင်လုပ်ပေးဖို့က ကျောင်းရဲ့တာဝန်ပါ။ဆရာ၊ဆရာမတွေရဲ့တာဝန်ပါ။ဒီလိုကောင်း မွန် တဲ့ပညာရေးစနစ်မျိုး ကျနော်တို့တိုင်းပြည်မှာ ဖြစ်လာအောင်ကြိုးစားကြရပါမယ်။


နောက်တခု အရေးတကြီးသတိထားကြရမယ့်အချက်တချက်ကိုထောက်ပြလိုပါတယ်။ဒါကတော့ ခလေး တွေ ကို အတန်းထဲမှာ အဆင့်ခွဲသတ်မှတ်တဲ့အလေ့အထတွေပါ။ ဒီလိုအလေ့ အထ မျိုး ကမ္ဘာ ပေါ် မှာပညာရေးမှာထိပ်ဆုံးကိုရောက်နေတဲ့ဘယ်နိုင်ငံမှာမှမရှိဘူးဆိုတာကို သတိထား မိကြ စေလိုပါတယ်။ အဆင့်တွေခွဲခြားထားခြင်းအားဖြင့်ခလေးတွေကို စိတ်ပိုင်းရာတွေ ဖိအားဖြစ်လာ အောင်လုပ်တာဟာ ခလေးတွေရဲ့ပညာရေးမှာဆိုးကျိုးကိုသာဖြစ်စေပါတယ်။ခလေးတယောက်ဟာ အတန်းထဲမှာပထမ ရဖို့မရဖို့ ထက် ဒီခလေးတက်ရောက်သင်ကြားနေတဲ့အတန်းနင့်ကိုက်ညီတဲ့ သင်ကြားမှုတွေကို ဘယ်လောက် လိုက်နိုင် သလဲ မလိုက်နိုင်သလဲက ပိုအရေးကြီးပါတယ်။

ခလေးတယေက်ကို ပထမ ရအောင်ကြိုးစားနော် သမီးဆိုရင် ဒီကလေးမှာ ကျောင်းမှာ ပျော် ရွှင်စွာစာသင်ဖို့ထက် ပထမ ရဖို့ဆိုတဲ့စိတ်တွန်းအားကပိုလာပြီ။အဲဒီတွန်းအားဟာ နုနယ်တဲ့ ခလေး တယောက်ကို ကြီးမားတဲ့စိတ်ပိုင်းဆိုင်ရာဝန်ထုတ်ဝန်ပိုးဖြစ်စေတတ်တယ်ဆိုတာ ဆရာ၊ဆရာမ တွေရော မိဘတွေရောအထူးသတိထားကြဖို့ပါ။တခါ အတန်းမှာ အဆင့်အင်မတန် အောက် ကို ရောက်နေ တဲ့ ခလေးမှာလဲငါကတော့သူတို့လောက်မတော်ဘူး၊ငါတော့အသုံးမကျဘူး၊ငါတော့သိပ်ညံ့တဲ့ကောင် စသည်ဖြင့် အားငယ်စိတ်တွေသိမ်ငယ်ရှက်ရွံ့စိတ်တွေ ငယ်စဉ်က၀င်သွား တတ်သလို၊ မိဘတွေကလဲ ဒီလောက် ညံ့ရသလား၊အသုံးမကျဘူးလားလို့ပြစ်တင်မာန်မဲလိုက်ရင်ခလေးရဲ့ စိတ် ထိ ခိုက်မှုကအဆိုး ဘက် ကိုဦးတည် သွားတတ်ပါတယ်။ဒါကြောင့်တချို့ခလေးတွေ ငယ်ငယ်ရွယ်ရွယ် နင့်ကျောင်းပြေးတတ် တာ တွေဖြစ် လာကြ တာပါ။

နောက်ဆုံးတခုထပ်ပြောပါရစေ။ကျောင်းယူနီဖေါင်းကိစ္စပါ။ကျောင်းယူနီဖေါင်းတွေကိုလဲ နိုင်ငံ တော် တော်များ
များမှာ ၀တ်တာကိုမတွေ့ရပါဘူး။ဥပမာ နော်ဝေးမှာ ဆိုရင်ခလေးတွေရော၊ ဆရာ၊ ဆရာမတွေရော ဘယ် သူမှကျောင်းယူနီဖောင်းမလိုပါဘူး။ဒီအတိုင်းပဲအားလုံးကျောင်းကိုသွားကြပါတယ်။သန့်ရှင်းသပ်ရပ်ဖို့ပဲလိုပါတယ်။အေးတဲ့အတွက် အေးတဲ့ရာသီဥတုနင့်ကိုက်ညီအောင်ပဲ သတိ ထားကြရတာကို တွေ့ရပါ တယ်။ ကျောင်းယူနီဖေါင်းဆိုတဲ့ ၀န်ထုတ်ဝန်ပိုးကို မိဘ တွေ ရော၊ ခလေးတွေရော သက်သာ တာကိုတွေ့ရတာမို့ အတုယူဖို့ကောင်းတဲ့အချက်တချက်လို့မြင်ပါတယ်။

မြန်မာပြည်မှာတော့ကျောင်းယူနီဖေါင်းဝတ်တာကိုအပြုသဘောထောက်ပြတဲ့သူတွေရှိပါတယ်။ ဥပမာ ကျောင်းစိမ်းလုံချဉ်။အကျီင်္ဖြူနင့်ဆိုရင် ဒါကတော့ ကျောင်းသား/သူ ဆိုတာ အပြင် က ခလေးနင့်အလွယ်တကူခွဲထားနိုင်တယ်။ကျောင်းပြေးရင်လဲအလွယ်တကူသိနိုင်တယ်လို့ပြောကြပါတယ်။ကျောင်းပြေးချင်တဲ့ခလေးက အိမ်ကထွက်လာကတည်းက ရိုးရိုးအ၀တ်အစားတွေ ထည့် လာ ရင်ဘယ်လိုလုပ်မလဲ။ ဒါက တပိုင်း ပါ။နောက်တပိုင်းက ခလေးတယေက်ကို အပြင်ကခလေး လား ကျောင်းသားလားဆိုတာကို ယူနီဖေါင်း ကြည့်ပြီး ဆုံးဖြတ်နေစရာမလိုပါဘူး။ ဒီခလေးရဲ့ အရွယ် ဟာ ကျောင်းနေရမယ့် အရွယ် ဆို ရင်  ကျောင်းတက်တဲ့အချိန်မှာ(အရေးကြီးတဲ့ကျန်းမာရေးဆိုင် ရာ ကိစ္စရှိလို့မိဘတွေကိုယ်တိုင် ခွင့်တိုင်ပြီးခေါ် ထားတာကလွဲရင်)ကျောင်းမှာရှိကိုရှိနေရမှာပါ။ဒီနေ့ကိုယ့်ခလေးကျောင်း ကိုမလာနိုင်ဘူး ဆို ရင်ဘာကြောင့်မလာနိုင်သလဲသက်ဆိုင်ရာအတန်းပိုင်ဆရာမကိုတလေးတစားမဖြစ်မနေအသိပေးရပါတယ်။ဒီလိုမဟုတ်ရင်ဒီခလေးဟာကျောင်းမှာရှိကိုရှိရပါမယ်။ ချွင်းချက် မရှိပါဘူး။မသန်မစွန်းရင် မသန်မစွန်းတဲ့ခလေးနင့်ဆိုင်တဲ့ကျောင်း၊မျက်မမြင်ရင် မျက်မမြင်နင့် ဆိုင် တဲ့ကျောင်းမှာရှိနေရပါမယ်။လူမျိုး၊ဘာသာ၊နိုင်ငံသား၊ဧည့်နိုင်ငံသား ဘာမှချွင်းချက်မရှိပါဘူး။ အသက် အရွယ်နင့်ကိုက်ညီတဲ့အတန်းကို ခလေးတယောက်ဟာ သူရောက်နေတဲ့ နေရာ(နိုင်ငံ)မှာ တက်ရောက် သင်ကြားခွင့်ရှိကို ရှိနေရပါမယ်။

ဒါမှအားလုံးနင့်ကိုက်ညီတဲ့ပညာရေးစနစ်၊ကောင်းမွန်တဲ့ပညာရေးစနစ်၊လူ့အဖွဲ့အစည်းအတွက်အကျိုးပြုတဲ့
ပညာရေးစနစ်ဖြစ်လာမှာ ဖြစ်တဲ့အကြောင်းတင်ပြလိုက်ရပါတယ်။

ကျနော်ရေးသားတာနင့်ပတ်သက်လို့ အပြုသဘောဆောင်ဆွေးနွေးအကြံပြုထောက်ပြတာ ကို လေးစား စွာ နင့်အစဉ်ကြိုဆိုပါတယ်။

အောင်မြင်စိုး
၂၀၁၄-ခုနှစ် ဇန်န၀ါရီလ ၁၉ ရက်။တနင်္ဂနွေနေ့။