Monday, January 20, 2014

ကြက်တူရွေး ပညာရေး

ဆယ်တန်းစာမေးပွဲနီးပြီဆိုတော့ မြန်မာပြည်က ပညာရေးစနစ် နင့် နိုင်ငံတကာ ပညာရေး စနစ်တွေ ကို နားလည်သလောက်ပြောချင်စိတ်ပေါ်လာပြန်တယ်။အယင်လဲနဲနဲပြောဖူးပါတယ်။

ကျနော်က လက်ချာ သွားတက်ရင် နောက်ဆုံးတန်းမှာထိုင်တယ်။ဆရာမက မေးဖို့အချိန်ပေးရင်လဲ သိပ်မမေးဖြစ်ဘူး။အတန်းထဲမာလဲစကားအနည်းဆုံးကျောင်းသားဖြစ်နေတယ်။

ဆရာမက ဒါကို ရိပ်မိပုံရတယ်။ကျနော့ကိုစကားမပြော ပြောအောင်လုပ်တော့တယ်။ တနေ့စာသင်ချိန်ပြည့်ဖို့နာရီဝင်လောက်အလိုမှာ ကျောင်းသားတွေ အား လုံး ကိုအုပ်စုလိုက်ခွဲလိုက်တယ်။လေးယောက်တတွဲ၊သုံးယောက် တတွဲစီ။ငါးယောက် ရှိတဲ့ အုပ်စု လဲရှိတယ်။

ကျနော်နင့်အတူ ကျတာက နယ်သူလန် ကျောင်းသူရယ်၊ဂျာမန်ကျောင်းသူရယ်၊နော်ဝေးကျောင်း သူရယ်၊ထိုင်ဝမ်က တယောက်ရယ် ကျနော်ရယ် စုစုပေါင်း ငါးယောက်။နော်ဝေးကျောင်းသူ ကလွဲ ယင် ကျန်တဲ့ကျောင်းသူတွေက နိုင်ငံတကာ ကျောင်းသားဖလှယ်ရေးအစီးအစဉ်နင့် ဘာဂင် (Bergen University)တက္ကသိုလ်ကိုလာတက်နေကြတာ။

(နိုင်ငံတကာ ကျောင်းသားဖလှယ်ရေးအစီအစဉ်ကို ကျနော် ဌာနကဆရာနင့်ပြောဖို့အစီအစဉ် ရှိတယ်။ကိုယ့်နိုင်ငံတက္ကသိုလ်တွေနင့်ဘယ်လိုချိတ်ဆက်ပြီး ကျောင်းသားဖလှယ်ရေးအစီအစဉ်တွေဘယ်လိုလုပ်သွားနိုင်မလဲပေါ့။)

ဆိုတော့ ဆွေးနွေးရမယ့်ခေါင်းစဉ်က နိုင်ငံတကာကျောင်းသားတွေရဲ့သက်ဆိုင်ရာ နိုင်ငံတွေမှာ ဖြတ်သန်းလာခဲ့ကြတဲ့ပညာရေးသမိုင်းကြောင်းတွေကို ပြောပြကြမယ်။ပြီးတော့ ပညာရေးစနစ်တွေ ကိုအမြင်ချင်းဖလှယ်ကြရမယ်။

ခလေးတွေက တော်လိုက်ကြတာ။အင်္ဂလိပ်စကားကိုပြောကြတာ သူတို့က မိခင်ဘာသာ စကားတွေပြောနေကြသလိုပဲ။အာရှက ဆိုလို့ကျနော်နင့် ထိုင်ဝမ်သူနှစ်ယောက် အဲဒီအုပ်စုမှာ။ အခြား ဂျပန်တို့ ကိုးရီးယားတို့ တရုပ်တို့က အခြားအုပ်စုထဲပါသွားကြတယ်။

ဥရောပက ကျောင်းသူတွေပြောတဲ့ပညာရေးစနစ်တွေအားလုံးနည်းပါးတူကြတယ်။အသက်တနှစ်ပြည့်ပြီးရင်မူကြိုသွား။ခြောက်နှစ်ပြည့်ရင် စာသင်ကျောင်းကိုသွား။ ၁ တန်းကနေ ၁၀ တန်းထိ (lower secoundry school)။ပြီးရင် နောက်ထပ် သုံးနှစ်(upper secoundry school)။ပြီးမှ တက္ကသိုလ် (သို့)ကောလိပ် ကိုယ်ဝါသနာပါတဲ့အထူးပြုဘာသာရပ်ကိုလျှောက်။ပြီးတော့ အဆင့်ဆင့်ကြိုက် သလောက်တက်ပေတော့အမြင့်ကို။

တက္ကသိုလ်မှာ ကိုယ်ယူမယ့်အထူးပြုဘာသာအတွက်အမှတ်မမီဘူးဆို ရင်(upper scoundry school) မာ နောက်ထပ်ကြိုက် သလောက်ကြိုးစား ခွင့်ကိုပေးထားတယ်။

ထိုင်ဝမ်မှာ တော့ မူလတန်းပညာရေးကို ၅ နှစ်နင့်စတယ်လို့ဆိုတယ်။အာရှကချင်းတူပေမယ့် မြန်မာ့ ပညာရေးထက် ထိုင်ဝမ်တောင်ပညာရေးမာ တော်တော်အဆင့်မြင်တာကိုတွေ့ရတယ်။ယူရို က ပညာရေး စနစ်တွေနင့် နင်လားငါလားပဲ။

လိုရင်းပြောရရင် နိုင်ငံတကာကျောင်းသူတွေက မြန်မာ့ပညာရေးစနစ်ကို ဘယ်လိုမှ နားမလည်နို င်ကြဘူး။အထူးသဖြင့် ဆယ်တန်းမှာ သက်ဆိုင်ရာခလေးတွေရဲ့ဘ၀တွေကို အပြီးအပိုင်ဖြတ်ချ လိုက်တဲ့ကိစ္စကိုသူတို့နားမလည်နိုင်ကြဘူး။

ဆယ်တန်းအောင်ပြီး ရလာတဲ့အမှတ်ကိုမူတည်ပြီး ကိုယ်စီဝါသနာပါတဲ့တက္ကသိုလ်တွေ ကိုလျှောက် တဲ့အခါ ဆိုပါစို့ ဆရာဝန်ဖြစ်ချင်တဲ့ကျောင်းသားတယောက်က အမှတ်မမီဘူးဆိုရင် ဒီခလေး အတွက်သွားပေတော့။ဒီဘ၀မှာဘယ်လိုမှဆက်လက်ပြီးဆရာဝန်ဖြစ်အောင်ကြိုးစားခွင့်မရှိတော့ဘူး။

နိုင်ငံတကာမှာတော့ ခလေးတွေက သိပ်ကံကောင်းကြတယ်။(easy going)ပဲ။ဘယ်ခလေးမ စာကျက်ဖို့မလိုဘူး။နားလည်အောင်ပဲကြိုးစားရတယ်။စာမေးပွဲအတွက်စိတ်သောကဖြစ်ရတာမျိုး၊အဖေကယ်ပါ၊အမေကယ်ပါလုပ်ရတာ မျိုးမရှိဘူး။အိမ်စာတွေပုံမှန်လုပ်ဖြစ်အောင်တော့ ဂရုစိုက်ပေး ရတယ်။

ဆိုတော့ ကျနော်တို့ပညာရေးစနစ်ဟာ နိုင်ငံတကာပညာရေးစနစ်နင့် ယှည်လိုက်ရင် ကြက်တူရွေး ပညာရေးစနစ်ဖြစ်နေတယ်။ခလေးတွေဟာ မူလတန်းကနေ တက္ကသိုလ်ထိဟာ တစာစာနင့် ကျက်နေကြတယ်။
သူတို့လေးတွေဟာ တကယ်တတ်သိနားလည်ဖို့ထက်အလွတ်ကျက်ဖို့ကို ဦးစားပေးတဲ့ပညာရေး စနစ်ဖြစ်နေတယ်။ကျောင်းစာသင်ရင်းနင့် စာပဲတတ်တယ်။ပညာကျတော့ မတတ်ကြဘူး။ တကယ်က ပညာကိုတတ်အောင်သင်ကြရမှာ။

ဒါကြောင့်လဲအလယ်တန်းကကျောင်းထွက်တဲ့ကလေး ဘာလုပ်တတ်လဲဆိုဘာမှမလုပ်တတ်ဘူး ။ ဆယ်တန်းကော အတူတူပဲ။ ကိုယ့်အသက်မွေးဝမ်းကျောင်းနင့်ပတ်သက်ပြီးဘာမှမလုပ်တတ် မကိုင်တတ်ကြဘူး။ တက္ကသိုလ်ဘွဲ့ရတွေကားဆိုတော့ ဘွဲရလက်မှတ်တွေ ကိုင်ပြီး သင်တန်းတွေ တခုပြီးတခုတက်နေကြရတယ်။ကွန်ပျူတာသင်တန်းကို ဘွဲ့တယောက်သွားတက်နေရတယ်ဆိုယင် အဲဒီလောက်ကွန်ပျူတာအခြေခံလေးတောင် တက္ကသိုလ်အဆင့်မှာ မပါသေးဘူးလား။ အင်္ဂလိပ်စကားပြောသင်တန်းတက်နေရတယ်ဆိုရင် တက္ကသိုလ်အဆင့်မာ အဲဒီလောက် အင်္ဂလိပ်စာ အခြေခံလေးတောင်မပေးနိုင်ဘူးလား။နိုင်ငံတကာကျောင်းသားတွေ နားမလည်နိုင်ကြဘူး။
တကယ်တော့ခလေးတွေအတွက်၊အနာ၈တ်မျိုးဆက်တွေအတွက်အင်မတန်နစ်နာပါတယ်။တိုင်းပြည်ဆောက်ဖို့အသိပညာရှင်အတတ်ပညာရှင်တွေမွေးထုတ်မှုမှာ လဲအင်မတန်နစ်နာပါတယ်။

နစ်နာပါတယ်ဆိုတာ ဆိုပါစို့ဥပမာ ခလေးတယောက်ဟာ သူငယ်တန်းကနေ ဆယ်တန်းတိ ဆိုယင် အနည်းဆုံး တနှစ်တတန်းမှန်မှန်အောင် အုံးတော့ ၁၀ နှစ်လောက် အချိန်ကိုအဲဒီပညာရေးထဲမှာ သုံးလိုက်တာ။ဘ၀တခုရဲ့အရေးပါတဲအစိပ်အပိုင်းတခုဆိုပါစို့။အဲဒီလောက်ထိအချိန်ကိုသုံးလိုက်ပြီးတာတောင် ဒီခလေးဟာ သူ့ဘ၀အတွက်အဲဒီပညာနင့်ဘာမှအသုံးချလို့မရသေးဘူး။ ဘယ်လောက်နစ်နာသလဲ။ဒါဆိုရင် ပညာရေးစနစ်မှာ တခုခု မှားနေတာသေချာနေပြီ။

နိုင်ငံတကာ ကျောင်းသူတွေကတော့ သူတို့နိုင်ငံကပညာရေးစနစ်ကိုအားရပါးရပြောပြကြတယ်။ တကယ်အားရဖို့ကောင်းပါတယ်။သူတို့ဘွဲ့ရတဲ့အခါ သက်ဆိုင်ရာ လုပ်ငန်းခွင်တွေ အတွက် အဆင် သင့်ဖြစ်နေကြပြီ။ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နင့်။

ကျနော်တို့ နိုင်ငံက ခလေးတွေကကော။

ကြက်တူရွေးတွေ ကိုစကားသင်တဲ့အတိုင်း ဆရာသင်တာကို တထပ်တည်းလိုက်အော်နေကြတုန်း။

မြန်မာ့ပညာရေးစနစ်တိုးတက်မြင့်မားပါစေ။

အောင်မြင်စိုး။

No comments:

Post a Comment