Thursday, November 8, 2012

မသင်မနေရပညာရေးကို အခြေခံပညာပြီးဆုံးသည်အထိ တိုးမြှင့်သင့်

မြန်မာနိုင်ငံ၏ အခြေခံပညာပြုပြင် ပြောင်းလဲရေးတွင် မသင်မနေရ ပညာ ရေးနှင့် အခမဲ့ပညာ
ရေးစနစ်ကို အခြေခံ ပညာအဆင့် ပြီးဆုံးသည်အထိ အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း
မြန်မာနိုင်ငံ ပညာရေးပြုပြင် ပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့ကြသည်။
"မသင်မနေရပညာရေးကို မြန်မာ နိုင်ငံမှာ ကျင့်သုံးနေတယ်ဆိုပေမယ့် မအောင်မြင်သေးဘူး။
မူလတန်းအထိပဲ မသင်မနေရပညာရေးအဖြစ် သတ်မှတ်ပြီး မတတ်နိုင်တဲ့ကလေးတွေအတွက်
ထောက်ပံ့ပေးတယ်။ အတန်းအလိုက်ဆို လေးတန်းအထိပေါ့။ ဒီလေးတန်းအထိပဲ တတ်နိုင်တဲ့
ကလေးက အလွန်ဆုံးရှိ ကိုးနှစ်၊ ၁၀ နှစ်ပဲ။ ဒီအသက်နဲ့ အပြင်မှာ ဘာလုပ်မလဲ။ ကျောင်းလည်း
ဆက် မတက်နိုင်ဘူး။ ပညာဒါနနဲ့ ဘုန်းတော် ကြီးသင်ကျောင်းတွေကို ရောက်သွားရင်တော့
ကလေးအတွက် ကိစ္စမရှိပေမယ့် မရောက်နိုင်တဲ့ကလေးတွေ ရှိနေတယ်။ ဒါကြောင့် အခမဲ့ပ
ညာရေးစနစ်ကို အခြေခံပညာ ပြီးဆုံးသည့်အထိ။ အခုဆို ၁၂ တန်းလုပ်မယ်ဆိုရင် ပြီးဆုံးသည်
အထိ အခမဲ့သင်ကြားပေးဖို့ လိုတယ်။ အဲဒီလောက်ဆို အသက် ၁၈ နှစ်လောက် ရှိမယ်။ အခြေ
ခံပညာပြီးတာနဲ့ အနည်းဆုံး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်နိုင်မယ်" ဟု မြန်မာနိုင်ငံပညာရေး
ပြုပြင် ပြောင်းလဲမှုဆိုင်ရာ သုတေသနလုပ်ငန်း များကို လုပ်ကိုင်လျက်ရှိသော ဒေါက်တာ
သိန်းလွင်က ပြောသည်။
ကလေးအားလုံးအတွက် မသင်မနေ ရ ပညာရေးသတ်မှတ်ချက်သည် နိုင်ငံ တစ်နိုင်ငံနှင့်
တစ်နိုင်ငံကွဲပြားကြသည်။
အင်္ဂလန်နိုင်ငံ၌ လက်ရှိပေါ်လစီအရ ကျောင်းဝင်ရမည့် အသက်အရွယ်မှာ လေးနှစ်မှ ငါးနှစ်ခွဲဖြစ်
ပြီး အစောဆုံး ကျောင်းထွက်နိုင်သည့် အသက်မှာ ၁၆ နှစ် ဖြစ်သည်။
၂၀၁၃ တွင်မသင်မနေရ ပညာရေးကို ကလေးအသက် ၁၇ နှစ် အထိ တိုးမြှင့်ပြီး ၂၀၁၇ တွင် ၁၈
နှစ် အထိ သတ်မှတ်မည်ဖြစ်သည်။
အမေရိကန်၌ ပြည်နယ်အလိုက် ကွဲပြားမှုရှိသည်။ ကျောင်းဝင်ရမည့် အသက်အရွယ်မှာ ငါးနှစ်
မှ ရှစ်နှစ် အတွင်းဖြစ်ပြီး အစောဆုံးကျောင်းထွက် နိုင်ချိန်မှာ ၁၆ နှစ်မှ ၁၈ နှစ်တွင်းဖြစ်သည်။
အချို့ပြည်နယ်များ၌ မိဘက လျှောက် ထားလာပါက ၁၄ နှစ်တွင် ကျောင်းထွက် ခွင့်ပြုသည်။
အိန္ဒိယနိုင်ငံ၏ မသင်မနေရ ပညာရေးသတ်မှတ်ချက်မှာ ၂၀၀၉ ခုနှစ် ပညာရေးပေါ်လစီအရ
ကလေးအသက် ခြောက်နှစ်မှ ၁၄ နှစ်အထိ ဖြစ်သည်။
မြန်မာနိုင်ငံ၌ မသင်မနေရပညာရေးကို ယနေ့အထိ သတ်မှတ်နိုင်ခြင်းမရှိသေးဘဲ လုံးဝကျောင်း
မနေသောကလေး များ၊ မူလတန်းပညာမဆုံးမီ ကျောင်း ထွက်သွားသောကလေး များစွာရှိနေ
သေးသည်။
အဆိုပါစနစ်ကို အကောင်အထည် ဖော်ရန်အတွက် အဓိကအားဖြင့် ပညာ ရေး အသုံးစရိတ်တိုး
မြှင့်ပေးရန် လိုအပ်သည်။ ပညာရေးအတွက် သုံးစွဲငွေမှာ နိုင်ငံ၏ အခြားအသုံးစရိတ်များ၏ သုံး
ရာခိုင်နှုန်းသာရှိပြီး အနည်းဆုံး ၁၀ ရာခိုင်နှုန်းကျော်အထိ သုံးစွဲသင့်ကြောင်း အကြံပြုဆွေးနွေး
ခဲ့ကြသည်။
အလားတူ ကျောင်းအရေအတွက်၊ စာသင်ခန်းနှင့် သင်ထောက်ကူပစ္စည်း များ လုံလောက်စွာ
ထောက်ပံ့ပေးနိုင်ရန် လိုအပ်သလို အခြေအနေအမျိုးမျိုးရှိ သော ကလေးများအတွက် သင့်
လျော် သော ကျောင်းအဆောက်အအုံ Universal Design နှင့် ပစ္စည်းကိရိယာ များ စီစဉ်ပေး
ရန်လိုအပ်သည်ဟုဆိုသည်။
သို့မှသာ ဆရာ၊ ကျောင်းသားအချိုးနှင့် စာသင်ခန်းအရွယ်အစားတို့ မျှတမှုရှိနိုင် မည်ဖြစ်ကြောင်း
ဆွေးနွေးပွဲတက်ရောက် လာသည့်ဆရာမ ဒေါ်တင်တင်သန်းက ပြောသည်။
အလားတူ ပညာရေးစနစ်အတွက် အရေးပါသော သင်ရိုးညွှန်းတမ်းရေးဆွဲ ရာတွင် ဒေသအလိုက်
ဖွံ့ဖြိုးမှုနှင့် ယဉ် ကျေးမှုပေါင်းစုံပါဝင်သော သင်ရိုးညွှန်း တမ်းဖြစ်ရန်လိုအပ်သလို ပြည်သူလူထု
လက်ခံသော အမျိုးသားပညာရေးမူဝါဒ သင်ရိုးညွှန်းတမ်းလမ်းညွှန်ကို အခြေခံ ရန် လိုအပ်
ကြောင်း ဒေါက်တာသိန်းလွင် က ပြောသည်။
"လက်ရှိသင်ရိုးညွှန်းတမ်းက ဒေသ အလိုက် လိုအပ်ချက်တွေနဲ့ မကိုက်ညီဘူး ဖြစ်နေတယ်။
တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ သင်ရိုးညွှန်းတမ်းဟာ အခြေခံ တူရမယ်။ ပြီးတော့ ဒေသလိုအပ်
ချက် ပေါ်မူတည်ပြီး ရေးဆွဲသင့်တယ်။ ဥပမာ တောင်ပေါ်ကလေးကို ဆားချက်နည်း သင်ခန်းစာ
ပေးတာထက် တောင်ယာ စိုက်ပျိုးခြင်းသင်ခန်းစာ သင်ပေးတာ သူတို့အတွက် သင်ယူမှုစွမ်းရည်
ကို အား ပေးရာရောက်သလို အသက်မွေးဝမ်း ကျောင်း ပညာရေးအတွက်လည်း အထောက်အ
ကူ ဖြစ်စေတယ်"ဟု ဒေါက်တာသိန်းလွင်က ပြောသည်။
သင်ရိုးညွှန်းတမ်းသည် ၀ိဇ္ဇာ၊ သိပံ္ပ မခွဲဘဲ အခြေခံပညာပြီးဆုံးသည်အထိ သင် ကြားရန် တွန်း
အားပေးနိုင်ရမည်ဖြစ် သည်။ အလားတူ စာမေးပွဲဗဟိုပြုစနစ် အစား သင်ယူမှုဗဟိုပြုစနစ်ကို
အားပေး သင့်ပြီး ဆရာ၊ ဆရာမများ၏ သင်ကြား နည်းစနစ်ကို လွတ်လပ်စွာရရှိရန် လိုအပ်
ကြောင်း ၎င်းကပြောသည်။ လက်ရှိအစိုးရသည် ပညာရေးကဏ္ဍ တိုးတက်ရန်အတွက် ပြုပြင်
ပြောင်းလဲမှု များကို ပြင်ဆင်လျက်ရှိသည်။
၎င်းပြုပြင် ပြောင်းလဲမှုများရေးဆွဲရာတွင် ပညာရေး နှင့် သက်ဆိုင်သူအားလုံး ပါဝင်ခွင့်ရှိရန်
လိုအပ်ကြောင်း ၎င်းကပြောသည်။ အလားတူ အခြေခံပညာအတွက် လူစွမ်းအားအရင်းအ
မြစ် တစ်ခုဖြစ် သော ဆရာ၊ ဆရာမများ ရွေးချယ်ခန့် ထားရေးကိုလည်း အလေးပေးဆောင်
ရွက်သွားရန် လိုအပ်ကြောင်း အခြေခံ ပညာရေး ပြုပြင်ပြောင်းလဲရေး ဆွေးနွေးသူ ဆရာမ
တစ်ဦးဖြစ်သည့် ဒေါ်အေး အေးသင်းက ပြောသည်။
"မူလတန်း၊ အလယ်တန်း၊ အထက် တန်းဆိုပြီးခွဲခြား မသတ်မှတ်ဘဲ အခြေခံ လစာနဲ့ အခွင့်
အရေးတန်းတူရရှိဖို့ လို အပ်တယ်။ အခုတော့ မူလတန်းဆရာ တွေက လစာနည်းတယ်။
လစာနဲ့ ခံစား ခွင့်တွေတိုးရဖို့အတွက် အလယ်တန်း၊ အထက်တန်းအဆင့်ကိုတက်ဖို့ ကြိုးစား
နေရတယ်။ အဓိကကတော့ အခြေခံ အသုံးစရိတ်တွေကိုကာမိဖို့ပါ။ ကျူရှင် ဆိုတာဟာလည်း
ဒီကိစ္စနဲ့ဆက်စပ်နေ တယ်။ လစာနဲ့ခံစားခွင့်ကိုသာ တန်းတူ ပေးထားရင် သူတို့လည်း အခြေခံ
ပညာ မှာ အရေးကြီးဆုံးဖြစ်တဲ့ မူလတန်းမှာ ပျော်ရွှင်စွာလုပ်နိုင်မှာပါ"ဟု ဒေါ်အေးအေးသင်းက
ပြောသည်။
၂၀၁၅ တွင် တစ်ကမ္ဘာလုံးရှိ ကလေး အားလုံး ကျောင်းနေနိုင်ရေးအတွက် ယူနစ်စကိုကဦး
ဆောင်၍အောင်မြင်ရန် ကြိုးပမ်းလျက်ရှိသည်။
၁၉၉၀ ပြည့်နှစ် ထိုင်းနိုင်ငံ Jomtien ညီလာခံ၌ စတင် လှုံ့ဆော်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ် Daker
ညီလာခံ၌ ပြန်လည်သုံးသပ်ခဲ့ရာ နိုင်ငံ များစွာတွင် အောင်မြင်မှုမရှိခဲ့ကြောင်း တွေ့ရသည်။
Daker ညီလာခံမှ မူကြိုပညာရေး ကိုတိုးချဲ့ရန်၊ အခမဲ့မသင်မနေရ မူလ တန်းပညာရေးကို
အကောင်အထည် ဖော်ရန်၊ ဘ၀တစ်သက်တာ ကျွမ်းကျင် စရာများကို သင်ယူရန်၊ အရွယ်
ရောက်ပြီး သူများ စာမတတ်သူ ပပျောက်ရေး၊ ကျား မတန်းတူ ပညာရေးနှင့် အရည်အချင်း
မြင့်မားသော ပညာရေးများ စသော အချက်များကို ၂၀၁၅ တွင် ပြည့်မီစေရန် လိုအပ်ကြောင်း
ချမှတ်ခဲ့သည်။
ပညာရေးသည် ခန္ဓကိုယ်နှင့် ဉာဏ် ရည်ချို့ယွင်းသော ကလေးများ၊ အခြား အထူးလိုအပ်ချက်
ရှိသော ကလေးများ အပါအ၀င် ကလေးအားလုံးအတွက်ဖြစ် ရမည်ဟု ညီလာခံက သတ်မှတ်
ထားသည်။

မန်မာတိုင်းမ် သတင်းစာမှ ဆောင်းပါးရှင် ချယ်ရီသိန်း၏ ဆောင်းပါးဖြစ်ပါသည်။ခွင့်ပြုချက်တောင်းခံရန်အခွင့်မသာခဲ့သည်ကိုတောင်းပန်ပါသည်။