Wednesday, January 29, 2014

မောင်တောမြို့ ဒုချီးရားတန်းအနောက်ရွာတွင် နေရာကွက်၍ မီးလောင်မှုဖြစ်စဉ်မှာ ကြိုတင်ပြင်ဆင် မီးရှို့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ

မောင်တောမြို့ ဒုချီးရားတန်းအနောက်ရွာတွင် နေရာကွက်၍ မီးလောင်မှုဖြစ်စဉ်မှာ ကြိုတင်ပြင်ဆင် မီးရှို့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ၊ နေအိမ် ၁၆ လုံး မီးလောင်ကျွမ်းခဲ့ပြီး မိမိနေအိမ်ကို မီးရှို့ထွက်ပြေးသူ ဘင်္ဂါလီတစ်ဦးအား အမှုဖွင့် အရေးယူထားကာ တရားခံနှင့်ရွာသားများ ထွက်ပြေးတိမ်းရှောင်နေကြ ဒုချီးရားတန်း အနောက်ရွာတွင် နေရာကွက်ပြီး မီးလောင်မှုဖြစ်စဉ်မှာ ကြိုတင်ပြင်ဆင်ကာ မီးရှို့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရကာ နေအိမ် ၁၆ လုံး မီးလောင်ကျွမ်းခဲ့ပြီး ကာလတန်ဖိုး ၁၅ သိန်းခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။ ထို့ပြင် မိမိနေအိမ်ကို မီးရှို့ထွက်ပြေးသူ ဘင်္ဂါလီလူမျိုးတစ်ဦးအား အမှုဖွင့်အရေးယူထားပြီး တရားခံနှင့်ရွာသားများ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဇန်န၀ါရီ ၂၈ ရက်ညနေ ၈ နာရီ ၄၅ မိနစ်က မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာအုပ်စု၊ ဒုချီးရားတန်း အနောက်ရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း၊ မောင်တောမီးသတ်စခန်းမှ တာဝန်ရှိသူများ မီးသတ်ယာဉ်တစ်စီး၊ အပေါ့စား မီးသတ်စက်နှစ်လုံး၊ လုံခြုံရေး တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ခဲ့ကြောင်း၊ ည ၈ နာရီ မိနစ် ၅၀ တွင် နေအိမ်ပိုင်ရှင် ဦးအဘူဆွေယော (ဘ) ကာဆိမ်း အသက် ၅၀ နှစ်မှ ၎င်းနေအိမ်ဖြစ်သည့် ၂၅-၃၀-၁၂- ပေ (မြေစိုက်ဓနိမိုး၊ ၀ါးထရံကာ) အား မီးရှို့ထွက်ပြေးခဲ့ကြောင်း၊ ပတ်ဝန်းကျင်မှ မြေစိုက်တဲ ၁၅ လုံးသို့ ကူးစက်လောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ၁၅ သိန်းခန့်ဖြစ်ကြောင်း၊ ည ၁၀ နာရီ မိနစ် ၄၀ တွင် မီးထိန်းနိုင်ပြီး ဇန်န၀ါရီ ၂၉ ရက် ၀၀ နာရီ မိနစ် ၃၀ တွင် မီးငြိမ်းသွားခဲ့ကြောင်း မြို့နယ်မီးသတ်စခန်းမှ သတင်းရရှိသည်။ အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် အသေအပျောက် မရှိကြောင်းလည်း သိရသည်။ ၎င်းနှင့်ပတ်သက်၍ မြို့နယ်မီးသတ်စခန်းတာဝန်ခံ ဒုမီးသတ်ဦးစီးမှူး ဦးမြတ်နိုင်က “ကျွန်တော် ဒုချီရားတန်း အနောက်ရွာမှာ မီးလောင်မှုသတင်းကို ခရိုင်အုပ်ချုပ်ရေးမှူးကပြောတော့ ၉ နာရီ ၁၈ မိနစ်မှာ စထွက်တယ်။ ရွာကိုရောက်တော့ ရွာအတွင်းပိုင်းမှာ နေရာကွဲပြီး မီးလောင်တာကို စစ်ဆေးတွေ့ရတယ်။ ကျွန်တော်တို့က နေအိမ်နှစ်လုံးကို ကူးစက်မလောင်ကျွမ်းအောင် ထိန်းထားနိုင်ခဲ့တယ်။ ကျန်ခဲ့တဲ့အိမ်မှာလည်း မီးကူးစက်လောင်အောင် ကောက်ရိုးခွေကို ခေါင်မိုးပေါ်နဲ့ သွယ်ထားတာကို တွေ့ရတယ်။ ဒါဟာတမင်ရည်ရွယ်ပြီး လုပ်ဆောင်တာဖြစ်တယ်။ နေအိမ် ၁၆ လုံး မီးလောင်ခဲ့ပြီး ရွာသားတွေ တစ်ယောက်မှ မတွေ့ရဘူး။ အားလုံး ထွက်ပြေးနေကြတယ်” ဟု ပြောကြားသည်။ ယခု မီးလောင်ကျွမ်းသည့်ကျေးရွာမှာ မောင်တောမြို့နှင့် ခုနစ်မိုင်ဝေးကွာပြီး ဘင်္ဂါလီကျေးရွာများကို ဖြတ်သန်းကာ ကုန်းလမ်းကြမ်းသွားရောက်ရကြောင်းနှင့် အနီးတွင် ဘင်္ဂါလီကျေးရွာများသာဖြစ်ကြောင်း မြေပြင်အနေအထားအရ သိရသည်။ လက်ရှိအနေအထားတွင် မိမိအိမ်ကို မီးရှို့ပြီး ထွက်ပြေးတိမ်းရှောင်နေသူ ဦးအဘူဆွေယောအား (ပ) ၁၉/၂၀၁၄/၄၃၆ ဖြင့် မောင်တောမြို့နယ် ရဲစခန်းတွင် အမှုဖွင့်အရေးယူထားပြီး တရားခံမှာ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်ကြောင်းလည်း သိရသည်။ “ဘယ်သူက လာရှို့တယ်ဆိုတာတော့ ကျွန်တော်တို့ ပြောလို့မရသေးဘူး။ ဒါကတော့ မတော်တဆလောင်တဲ့မီးတော့ မဟုတ်ဘူး။ ဒေသခံရွာသားတွေ ထွက်ပြေးတယ်ဆိုတာကလည်း မီးရှို့လာသူတွေက ဘောင်းဘီတိုတွေနဲ့လို့ မြင်တယ်လို့ပြောတယ်။ မီးရှို့တော့ ကြောက်ပြီးထွက်ပြေးတာလို့ ပြောတယ်။ အခုရွာမှာပြန်နေဖို့ လာကြပြီဖြစ်ပါတယ်။ ဒီမီးရှို့မှုနဲ့ ဖမ်းဆီးတာတော့ တစ်ယောက်မှ မရှိသေးဘူး” ဟု လုံခြုံရေးတပ်ဖွဲ့များနှင့် ဒေသခံများကို သွားရောက်တွေ့ဆုံနေသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးမင်းက ပြောကြားသည်။ အဆိုပါ မီးလောင်ပြီး ထွက်ပြေးတိမ်းရှောင်နေကြသည့် ဘင်္ဂါလီ အမျိုးသားများမှာ ဖမ်းဆီးမှုမရှိလျှင် ပြန်လာမည်ဖြစ်ကြောင်း ပြောဆိုကြပြီး လက်ရှိတွင် တိမ်းရှောင်နေကြဆဲဖြစ်ကြောင်း အဆိုပါ ကျေးရွာသားတစ်ဦးက သက်ဆိုင်ရာမှ မေးမြန်းသည့်အခါ ပြန်လည်ဖြေကြားသည်။ “ဒီရွာမီးလောင်တာဟာ ရှို့မီးကြောင့်ဖြစ်တာပါ။ မီးလောင်တဲ့အခါမှာ နေရာသုံးခုမှာ ခွဲပြီးလောင်နေတာကို စစ်ဆေးတွေ့ရတယ်။ အခုထိတော့ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးတာ မရှိသေးဘူး။ အခုက စုံစမ်းမေးမြန်း ဆောင်ရွက်နေတယ်” ဟု ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးရွှေသန်းက ပြောကြားသည်။ “ဒီမီးလောင်ကျွမ်းတာက ရှို့မီးလို့ ယူဆလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လောင်စာတွေကို ကြိုတင်ပြင်ဆင်ထားတာ တွေ့ရတယ်။ စုပုံထားတာတို့ ခေါင်မိုးပေါ်မှာ ကောက်ရိုးလုံးကြီးတွေကို ကြိုးနဲ့ချည်ပြီးတော့ ပြင်ဆင်ထားတာ တွေ့ရတဲ့အခါကျတော့ ရှို့မီးလို့ ပြောလို့ရပါတယ်။ ဒီရွာက နဂိုကတည်းက ဘာမှဖြစ်တဲ့ရွာ မဟုတ်ဘူး။ လူနေတယ်။ ဒါဟာ ရှို့မီးလို့ ယူဆရတာက ကြိုတင်စီစဉ်ပြီး တစ်ပြိုင်တည်း ဆောင်ရွက်တာဖြစ်တယ်။ အခုအရေးယူတာတော့ မရှိသေးဘူး။ ဒါပေမဲ့ အမှုဖွင့်ထားတယ်။ ဆက်လက်စုံစမ်း ဖော်ထုတ်ရမှာဖြစ်တယ်။ နိုင်ငံတကာအဖွဲ့တွေ လာမယ့်အချိန်မှာ ဒီလိုမျိုးဖြစ်တာဟာ နိုင်ငံတကာရဲ့အမြင်မှာ ဆန့်ကျင်ဘက်အမြင်တွေဖြစ်အောင် ကြံစည်တဲ့လုပ်ရပ်လို့ ပြောလို့ရတာပေါ့။ တည်ငြိမ်အေးချမ်းမှု မရှိဘူးဆိုတာလည်း အုပ်ချုပ်ရေးယန္တရားကို အများကြီး အခက်အခဲ ဖြစ်စေတာပေါ့။ လုံခြုံရေးအဖွဲ့တွေက အချိန်နဲ့အမျှ ကျေးရွာတိုင်းကို အမြဲမပြတ် လုံခြုံအေးချမ်းအောင် ဆောင်ရွက်နေရတဲ့ ပုံမှန်ထက်ကို ဆောင်ရွက်နေရတော့ သွားလာလှုပ်ရှားမှုတွေကလည်း ကြိုတင်ကြံစည်မှုလို့ မသိတဲ့အခါကျတော့ အလေးဂရုပြု ဆောင်ရွက်နေရတာပေါ့။ သတင်းမီဒီယာတချို့မှာ ဖော်ပြနေတာက တိုင်းရင်းသားတွေ လာလုပ်တာဆိုတာကတော့ မြေပြင်အနေအထားမှာ ဘယ်ရွာတွေက လူများစုလည်းဆိုတာကို ကိုယ်တိုင်လာကြည့်လို့သာ ပြောလိုပါတယ်” ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်စန်းက ပြောကြားသည်။ လက်ရှိမီးလောင်မှု ဖြစ်ပွားခဲ့သည့် ကျေးရွာတွင် မည်သူတစ်ယောက်မှ မကျန်တော့ဘဲ စားနပ်ရိက္ခာများပါမကျန် ယူဆောင်ကာ အနီးအနား ကျေးရွာများသို့ တိမ်းရှောင်နေဆဲဖြစ်ပြီး ခရိုင်/မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ၊ လုံခြုံရေးအဖွဲ့များက လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ဒေသခံများနှင့်တွေ့ဆုံကာ မိမိတို့ကျေးရွာသို့ ပြန်လာကြဖို့ စည်းရုံးပြောဆိုနေကြောင်းနှင့် မီးလောင်မှုဖြစ်ပြီး တွေ့ရှိရသည့် ဘင်္ဂါလီ အမျိုးသမီးတစ်ဦးအား ခေါ်ယူစစ်ဆေးပြီးဖြစ်သဖြင့် ၎င်းတို့ဆွေမျိုးများထံ ပြန်လည်ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သိရသည်။ ဒုချီးရားတန်းတွင် ဘင်္ဂါလီမွတ်စလင် အမျိုးသမီးနှင့် ကလေးငယ်များ အသတ်ခံရပြီး ရဲတပ်ဖွဲ့ဝင်များကိုယ်တိုင် ပါဝင်ပတ်သက်ခဲ့သည်ဟု နိုင်ငံတကာ သတင်းမီဒီယာများ၌ ဖော်ပြခဲ့ပြီးနောက် ကုလသမဂ္ဂအဖွဲ့က မြန်မာအစိုးရအား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် တိုက်တွန်းပြောကြားခဲ့သည်။ ၎င်းတို့အနေဖြင့် အဓိကရုဏ်းများ ဖြစ်ပေါ်ခဲ့ဖူးသည့် ရခိုင်ပြည်နယ် နေရာဒေသများတွင် တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်ဟု ယုံကြည်ရသည့် သတင်းအချက်အလက်များ ရရှိနေကြောင်း ကုလသမဂ္ဂအဖွဲ့က ပြောဆိုသည်။ ကုလသမဂ္ဂက ပြောဆိုရာတွင် ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်ရွာတစ်ရွာတွင် ဇန်န၀ါရီ ၉ ရက်က ရခိုင်ဗုဒ္ဓဘာသာဝင်များ၏ တိုက်ခိုက်မှုကြောင့် ဘင်္ဂါလီအမျိုးသားရှစ်ဦး သေဆုံးခဲ့ရသည်ဆိုသည့် သတင်းများ ရရှိခဲ့ကြောင်း ပြောဆိုခဲ့သည်။ အဆိုပါတိုက်ခိုက်မှုအပြီး လေးရက်အကြာတွင် အဆိုပါရွာတွင်ပင် ရဲတပ်ဖွဲ့တပ်ကြပ်ကြီးတစ်ဦး ဘင်္ဂါလီများ၏ ဖမ်းဆီးသတ်ဖြတ် ခံခဲ့ရသည်ဟု သိရသည်။ ထိုအဖြစ်အပျက်ကြောင့် ရဲတပ်ဖွဲ့နှင့် ဒေသခံရခိုင်လူမျိုးများက ဘင်္ဂါလီလူမျိုး ၄၀ ခန့်အား ညနေပိုင်းတွင် သတ်ဖြတ်ခဲ့သည်ဟု ကြေညာချက်တွင် ထည့်သွင်းပြောဆိုထားပြီး ကုလသမဂ္ဂအနေဖြင့် ရရှိလာသည့် သတင်းအချက်အလက်များကို မြန်မာအစိုးရထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု ဖော်ပြခဲ့သည်။ အေပီသတင်းဌာနနှင့် ကုလသမဂ္ဂ၏ တိုက်တွန်းချက်အပြီးတွင် မြန်မာနိုင်ငံဘက်မှ သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ကုလသမဂ္ဂ၏ ကြေညာချက်သည် ၀မ်းနည်းစရာကောင်းပြီး အကြောင်းအကျိုး မခိုင်လုံသော သတင်းရင်းမြစ်များအပေါ် အခြေခံထားသည်ဟု ပြောဆိုခဲ့သည်။ “ကုလသမဂ္ဂရဲ့ အခုလိုလုပ်ရပ်ကြောင့် ရခိုင်ပြည်နယ်မှာ မယုံကြည်မှုတွေ ပိုမိုဖြစ်ပွားလာနိုင်ပြီး ဒေသခံတွေအနေနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေပေါ်မှာ အယုံအကြည် နည်းပါးလာနိုင်ပါတယ်” ဟု ဦးရဲထွဋ်က အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားသည်။ ယင်းနောက် ကုလသမဂ္ဂဦးဆောင်သည့် လေ့လာရေးအဖွဲ့များအား ပြဿနာဖြစ်ပွားခဲ့ရာ မောင်တောမြို့ အဆိုပါကျေးရွာသို့ သွားရောက်လေ့လာခွင့်ပြုခဲ့ပြီး ဇန်န၀ါရီ ၂၈ ရက်တွင်လည်း အစိုးရဘက်က သတင်းစာ ရှင်းလင်းပွဲပြုလုပ်ကာ သတင်းအမှားများ အသုံးပြု၍ သတင်းထုတ်ပြန်ခြင်းများ ပြုလုပ်နေသည့် ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ သတင်းဌာနများသည် ရခိုင်ဒေသပြဿနာကို ပိုမိုရှုပ်ထွေးအောင် လုပ်နေသကဲ့သို့ ဖြစ်နေသည်ဟု ပြောကြားခဲ့သည်။ မောင်တော မွတ်စလင် ၄၈ ဦး အသတ်ခံရမှု သတင်း စုံစမ်းရန် နိုင်ငံတကာ တောင်းဆိုမှု အစိုးရ ပယ်ချ မောင်တောမြို့နယ် ဒုချီးရားတန်း ကျေးရွာ ဆိုင်းဘုတ်(ဓာတ်ပုံ – ဂျေပိုင်/ဧရာဝတီ) ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာတွင် မွတ်စလင် ၄၈ ဦး အကြမ်းဖက် သတ်ဖြတ်ခံရမှု သတင်းနှင့် ပတ် သက်၍ မြန်မာအစိုးရက တရားဝင် ငြင်းဆိုလိုက်ပြီး ယင်းသတ်ဖြတ်မှုကို စုံစမ်းစစ်ဆေးရန် နိုင်ငံတကာ၏ တောင်းဆိုမှုကို လက်မခံ ဘဲ ပယ်ချလိုက်သည်။ ရန်ကုန်မြို့ နိုင်ငံခြားရေး ၀န်ကြီးဌာန ရုံးခန်းတွင် ဇန်န၀ါရီလ ၂၈ ရက်နေ့ က ပြုလုပ်သော ကုလသမဂ္ဂနှင့် သံတမန်များ၊ နိုင်ငံ တကာ အဖွဲ့အစည်းများကို ရှင်းလင်းပွဲအပြီးတွင် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒု ၀န်ကြီး ဦးရဲထွဋ်က သတင်းထောက်များကို ပြောဆိုခြင်း ဖြစ်သည်။ ဒု ချီးရားတန်း ကျေးရွာတွင် ဇန်န၀ါရီ ၁၄ ရက်က မွတ်စလင် ၄၈ ဦး သတ်ဖြတ်ခံရသည် ဆိုသော သတင်းများနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရ၊ ပြည်ထဲရေး ၀န်ကြီးဌာနနှင့် ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်းရေး ကော်မရှင်တို့က သွားရောက်စစ်ဆေး ခဲ့သော် လည်း သတင်းများ မမှန်ကန်သည်ကို စစ်ဆေးတွေ့ရှိရကြောင်း အစိုးရ တာဝန်ရှိသူများက နိုင်ငံတကာ အဖွဲ့အစည်းများသို့ ရှင်း လင်းပွဲ ပြုလုပ်ခြင်း ဖြစ်သည်။ ယင်း မောင်တော အကြမ်းဖက် သတ်ဖြတ်မှုနှင့်ဆက်စပ်၍ အစိုးရ၏ စုံစမ်း စစ်ဆေးမှုများတွင် နိုင်ငံတကာမှ ပူးပေါင်း ပါဝင်ခွင့်ကို အမေရိကန် သံအမတ်က တောင်းဆိုခဲ့သော်လည်း အစိုးရဘက်က ငြင်းပယ်ခဲ့သည်။ “ကျနော်တို့ရဲ့ စုံစမ်းစစ်ဆေးမှုသည် ကျနော်တို့ရဲ့ ပြည်တွင်းရေး ကိစ္စဖြစ်တယ်၊ ကျနော်တို့နိုင်ငံမှာ လွတ်လပ်စွာစုံစမ်း စစ်ဆေးတဲ့ အဖွဲ့တွေ ရှိခဲ့ပြီးသား၊ ဒီအဖွဲ့နဲ့လုပ်မယ်၊ နိုင်ငံတကာကလူတွေ ပါစရာမလိုဘူး၊ သို့သော် ကျနော်တို့ရဲ့စုံစမ်းစစ်ဆေးမှုသည် ပွင့် လင်း မြင်သာမယ်၊ ကျနော်တို့တွေ့ရှိတာတွေကိုလည်း အားလုံးကိုမျှဝေမယ်လို့ ကျနော်ဖြေကြားခဲ့တယ်”ဟု ဦးရဲထွဋ်က ပြောသည်။ လတ်တလော အစိုးရ၏ စုံစမ်းစစ်ဆေးမှုများအရ မွတ်စလင်များ သတ်ဖြတ်ခံရသည်ဆိုသော သတင်းများမှာ မဟုတ်မှန်သည့်အတွက် အချက်အလက်များ သိသည်ဟုဆိုနေသော ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံတကာ သတင်းဌာနများအနေဖြင့် ခိုင်လုံသော အထောက်အထားများရှိလျှင် အစိုးရထံသို့ တင်ပြနိုင်ပြီး အစိုးရအနေဖြင့် အရေးယူပေးမည်ဖြစ်ကြောင်း လည်း ဦးရဲထွဋ်က ဆက်လက်ပြောဆိုသည်။ ဘယ်လ်ဂျီယံနိုင်ငံ အခြေစိုက် နိုင်ငံတကာ ပဋိပက္ခများ လေ့လာစောင့်ကြည့်ရေး အဖွဲ့ (ICG) က မွတ်စလင်များ အကြမ်းဖက် သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ မျက်မြင်သက်သေများနှင့် မေးမြန်းထားသည့်အပြင် မှတ်တမ်းဓာတ်ပုံတချို့ကိုပါ ရရှိထားကြောင်း၊ ဇန်န၀ါရီ ၉ ရက်မှ ၁၃ ရက်အတွင်း အကြမ်းဖက်ဖြစ်ရပ်များတွင် လူပေါင်း ၄၉ ဦး ၀န်းကျင် အသတ်ခံခဲ့ရသည်ဟု ယုံကြည်ကြောင်း၊ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေးရန် တောင်းဆိုကြောင်း ဇန်န၀ါရီ ၂၆ ရက်က တရားဝင် ကြေညာချက် ထုတ်ပြန် ခဲ့ သည်။ ကုလသမဂ္ဂကမူ မောင်တော အကြမ်းဖက် သတ်ဖြတ်မှုတွင် မွတ်စလင် ၄၈ ဦး သေဆုံးခဲ့ကြောင်း အေပီ သတင်းဌာနသို့ ထုတ်ပြန် ပြောဆို ခဲ့သည်။ ဦးရဲထွဋ်ကမူ“အလောင်းတွေ မြှုပ်ထားတယ်ဆိုတဲ့ သင်္ချိုင်းနေရာကိုလည်း ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်းရေးကော်မရှင်က ရောက်ခဲ့ တယ်၊ ကြည့် တော့ ဘာမှအသစ်မြှုပ်ထားတာ မရှိဘူး၊ သင်္ချိုင်းကုန်း အဟောင်းကြီး ဖြစ်နေလို့ တောတွေတောင်ဖုံးနေပြီ၊ တကယ် လို့ တူးထားတယ် ဆိုရင်လည်း ခြေရာလက်ရာတွေ ရှိနေရမှာပေါ့၊ နောက်တခါ ရခိုင်သူကြီးက ဘင်္ဂါလီတွေကို ဖမ်းပြီးနှိပ်စက်တယ် ဆိုတဲ့ နေရာကိုလည်း ရောက်ခဲ့တယ်၊ အဲဒီမှာ လူမသိအောင်ဖမ်းထားလို့ရတဲ့ အဆောက်အအုံမျိုးလည်း မရှိဘူးလို့ ပြောတယ်၊ မကြာခင်မှာပဲ ဒီအဖွဲ့က ဒီကိစ္စနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်မှုတွေ လုပ်မယ်တဲ့”ဟု ပြောသည်။ ရခိုင်ပြည်နယ်အတွင်း လူမှုရေး အထောက်အပံ့များ ပေးနေသော နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ (MSF) မှ မြန်မာနိုင်ငံ တာဝန် ခံ Peter-Paul de Groote က ဇန်န၀ါရီ ၁၄ ရက်က ဒဏ်ရာရသူများ အပါအ၀င် လူ ၂၂ ဦး ကို MSF က ဆေးဝါး ကုသပေးခဲ့ရပြီး ဒဏ်ရာရသူများမှာ ဒုချီးရားတန်းရွာမှ ရွာသူရွာသားများဖြစ်သည်ဟု ယုံကြည်ရကြောင်း ထုတ်ပြန်ပြောဆိုခဲ့သည်။ MSF အနေဖြင့် အမှန်တကယ် ဒဏ်ရာရရှိသူများကို ဆေးဝါး ကုသပေးခဲ့ရမှုများရှိလျှင် အစိုးရသို့ တိတိကျကျ တင်ပြ ရန်ပြောသည့်အခါ ၎င်းတို့မှ မပြနိုင်ကြောင်း၊ ပဋိပက္ခ စုံစမ်းရေး ကော်မရှင်မှ ရွာများသို့ လိုက်လံမေးမြန်းရာတွင်လည်း အဆိုပါ လူ များဆိုသည့် နာမည်နှင့်ပင် မရှိကြောင်း၊ မိမိတို့အနေဖြင့် ယခုပြဿနာကို ဖုံးဖိရန်မဟုတ်ကြောင်း၊ ပြစ်မှုကျူးလွန်သူကို ကာကွယ် ပေးရန်လည်း မဟုတ်ကြောင်း ဦးရဲထွဋ်က ပြောသည်။ “ကျနော်တို့က အဲဒီဒေသက ၂ ဘက်အသိုင်းအ၀ိုင်းကို ကာကွယ်ပေးရမှာ၊ ဘယ်သူကျူးလွန်၊ ကျူးလွန် ကျနော်တို့ အရေးယူမှာပဲ၊ တကယ်ထိခိုက်နစ်နာခဲ့တာက ရခိုင်လူမျိုး ရဲတပ်ကြပ် အောင်ကျော်သိန်းပဲ၊ ကျနော်တို့က သာမာန် ရာဇ၀တ်မှုလေးကို ထိန်းထိန်း သိမ်းသိမ်းလုပ်နေတာမှာ တဖက်က သူတို့ကျူးလွန်တာကို ဖုံးကွယ်ချင်တဲ့အတွက် ပေါင်းလုပ်ကြတယ်”ဟုလည်း ၎င်းက ဆိုသည်။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ မွတ်စလင် အများစု နေထိုင်သော ဒုချီးရားတန်း ကျေးရွာသို့ အာဏာပိုင်များ လာရောက်ပြီး မိုဘိုင်းလ်ဖုန်းများ သိမ်းယူခြင်း၊ အိမ်ထောင်စု လူဦးရေ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းသို့ ဆောင်ရွက်မှုကို မကျေနပ် သော မွတ်စလင်များက လူစုလူဝေးဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး အာဏာပိုင်များနှင့် မွတ်စလင်များ အကြား ပဋိပက္ခများဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယင်းနောက် ဇန်န၀ါရီလ ၁၄ ရက်နေ့ နံနက်စောပိုင်းတွင် ပျောက်ဆုံးခဲ့သော ရဲတပ်ကြပ်ကြီး တဦးကို ရှာဖွေရန် စစ်သားများ၊ ရဲများနှင့် ဒေသခံ ရခိုင်တိုင်းရင်းသားများပါဝင်သော လူစုလူဝေးက ဒုချီးရားတန်း ကျေးရွာသို့ ပြန်လည်ရောက်ရှိလာပြီး ရွာသူရွာသားများကို တိုက်ခိုက်ကာ ပစ္စည်းများ သိမ်းယူခဲ့ကြောင်း သတင်းများတွင် ဖော်ပြခဲ့သည်။ ယင်းတိုက်ခိုက်မှုအတွင်း ကလေးများ၊ အမျိုးသမီးများအပါအ၀င် လူသေဆုံးသည်ဟု ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တခုဖြစ်သော Arakan Project က ဇန်န၀ါရီလလယ်ပိုင်းတွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ရခိုင်အရေးသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးဖြစ်စဉ် တစ်ခုသာဖြစ်ကြောင်း ဥရောပသမဂ္ဂသံအမတ်ကြီး ပြောကြား

Published on: January 30, 2014 Written by: စိုးထက်ခိုင် မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော မငြိမ်သက်မှုများမှာ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးဖြစ်စဉ် တစ်ခုအဖြစ် ဥရောပသမဂ္ဂမှ လုံးဝယုံကြည်လက်ခံထားကြာင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး Mr. Roland Kobia က စစ်တွေမြို့သို့ ရောက်ရှိစဉ်ပြောကြားသည်။ ဇန်န၀ါရီ ၂၉ ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ပြည်နယ်အစိုးရရုံး၌ ဥရောပနိုင်ငံများမှ သံအမတ်ကြီးများ၊ သံရုံးတာဝန်ရှိသူများနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများတွေ့ဆုံပြီး ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် အရေးကိစ္စများအတွက် ဆွေးနွေးမှုတွင် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်က ယခုကဲ့သို့ ပြောကြားသည်။ ၂၀၁၂ ခုနှစ် ဇွန်လအတွင်းက ဖြစ်ပွားခဲ့သည့် ကျောက်နီမှော်ကျေးရွာမှ ဖြစ်စဉ်ကြောင့် စတင်ခဲ့သော ရခိုင်ပြည်နယ်အတွင်း လူမျိုးရေးပဋိပက္ခများနှင့် ပတ်သက်၍ ဥရောပသမဂ္ဂမှ ရခိုင်ပြည်နယ်သို့ ပထမဆုံးအကြိမ် လာရောက်လေ့လာခြင်းဖြစ်ပြီး လူမျိုးစုနှစ်စုအကြားတွင် တင်းမာမှုလျှော့ချနိုင်ရေးနှင့် ရခိုင်ပြည်နယ်အတွင်း လိုအပ်နေသော လူသားချင်းစာနာမှု အကူအညီများပေးအပ်နိုင်ရန် လာရောက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး Mr. Roland Kobia က ပြောကြားသည်။ ပြီးခဲ့သော ရက်ပိုင်းအတွင်းက ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်း ကျေးရွာ၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်တစ်ဦး ကင်းလှည့်စဉ် အကြမ်းဖက်တိုက်ခိုက်ခံရသဖြင့် ပျောက်ဆုံးသွားခဲ့အပြီး ဘင်္ဂါလီလူမျိုး ၄၀ ကျော်အသတ်ခံခဲ့ရကြောင်း နိုင်ငံတကာသတင်းမီဒီယာများနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ သတင်းထုတ်ပြန်အပြီး နောက်တွင် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး Mr. Roland Kobia အပါအ၀င် ဥရောပသမဂ္ဂနိုင်ငံများမှ သံအမတ်များပါဝင်သောအဖွဲ့သည် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်က ဒုချီးရားတန်းဖြစ်စဉ်အပြီးနောက် ဘင်္ဂါလီအမျိုးသမီးနှင့် ကလေးငယ် ၄၀ ကျော် အသတ်ခံရသည်ဆိုသော သတင်းမှာ နိုင်ငံတကာကယ်ဆယ်ရေးဝန်ထမ်းများထံမှ ရရှိသည်ဆိုသော သတင်းအရင်းအမြစ်ကို BBC သတင်းဌာနမှ ဖော်ပြခဲ့ခြင်းသာဖြစ်ပြီး အမှန်တကယ်မှာ လုံခြုံရေးတာဝန်ထမ်းဆောင်နေသော ရဲတပ်ကြပ်တစ်ဦးသာ အသတ်ခံခဲ့ရခြင်းဖြစ်သည်ဟု ပြောကြားသည်။ “ဒီရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့အခက်အခဲကြီးဟာ ပြည်တွင်းရေးသက်သက်သာ ဖြစ်တယ်ဆိုတာ လုံးဝလက်ခံထားပါတယ်။ မနေ့က သတင်းစာရှင်းလင်းပွဲမှာလည်း ပြည်ထဲရေးဝန်ကြီးက ပြောသွားတဲ့အတိုင်း ဒီကိစ္စက ပြည်တွင်းရေးသက်သက်ဖြစ်တယ်ဆိုတာ ကျွန်တော်တို့အားလုံးက လက်ခံပါတယ်”ဟု Mr. Roland Kobia က ဆိုသည်။

Monday, January 27, 2014

ထိုင်းနိုင်ငံရေးအပိုင်း(၁၂)၊ ဆုထက်ဘယ်လိုနိုင်ငံရေးသမားလဲ။

လက်ရှိဘန်ကောက်မြိုလယ်ကိုပိတ်ဆို့ထားတဲ့သပိတ်ခေါင်းဆောင်မစ္စတာဆူထက်
သောဆူဘန်ဟာအရင်လေးနှစ်ကဒုတိယ၀န်ကြီးချုပ်အဖြစ်နဲ့သူတို့အစိုးရအဖွဲ့ကိုကန့် ကွက်ဆန္ဒပြနေကြတဲ့ဆန္ဒပြသူတွေအပေါ်တင်းမာတဲ့သတိပေးချက်ကိုထုတ်ပြန်ဘူးပါ တယ်။ဒီလူတွေဥပဒေကိုချိုးဖေါက်ပြီး၊လမ်းတွေကိုပိတ်ဆို့မယ်၊အစိုးရအဆောက်အဦ
တွေကိုကျူးကျော်ဝင်ရောက်မယ်ဆိုရင်၊ဒီသပိတ်ကိုဖြိုခွင်းရမှာပဲလို့၂၀၁၀ခုမတ်လ
(၁၂)ရက်နေ့မှာကြေငြာခဲ့တယ်။နှစ်လကျော်ကျော်လောက်ကြာတော့သူပြောတဲ့အတိုင်း စစ်တပ်ကအင်အားသုံးပြီးဖြိုခွင်းတာပဲ။ဆန္ဒပြလူထုထဲကိုအမ်(၁၆)မောင်းပြန်သေနပ်
တွေနဲ့ပစ်ခတ်နှိမ်နင်းခဲ့တယ်။၂၀၁၁ခုရွေးကောက်ပွဲမှာကတော့ဆူထက်ရဲဒီမိုကရက် ပါတီဟာမရှုမလှရှုံးနိမ့်ခဲ့တယ်။ဒီအချိန်မှာသူကိုယ်တိုင်ကဦးဆောင်ပြီးလမ်းတွေကို ပိတ်ဆို့၊အစိုးရရုံးတွေကိုဝင်စီးပြီးဆန္ဒပြပွဲနဲ့ပြည်သူကရွေးကောက်တင်မြှောက်ထားတဲ့အစိုးရ
ကိုနှုပ်ထွက်ပေးဘို့တောင်းဆိုနေတယ်။တဖက်ကနိုင်ရင်တဖက်ကဆန္ဒပြတဲ့နိုင်ငံ ရေးလှုပ်ရှားမှုသံသရာလည်တဲ့သဘောလို့ထင်ရပေမဲ့၊ဒီအချိန်မှာထိုင်းပြည်သူတွေအ ကြားမှာအင်အားစုကြီးနှစ်ခုကိုရင်ကြားစေ့ပေးနိုင်မည့်လမ်းစဉ်တခုမဟုတ်တာတော့ ဆူထက်ရော၊အဘီဆစ်ဝိဇ္ဇာဇီဝရော၊ယဉ်လတ်နဲ့၊အသေးရောက်ဝန်ကြီးချုပ်ဟောင်း တက်ဆင်တို့ပါသဘောပေါက်ကြဘို့လိုပါပြီ။ဆူထက်ကတော့သူဟာအကျင့်ပျက်ခြစားမှုနဲ
့၊တက်ဆင်နွယ်ဘွားများလွှမ်းမိုးချုပ်ကိုင်မှုကိုဆန့်ကျင်တိုက်ပွဲဝင်နေတာပါလို့ပြော တယ်။၂၀၁၀ခုနှစ်ကရှပ်နီဆန္ဒပြသမားတွေဘန်ကောက်မြိုလယ်ကိုပိတ်ဆို့ပြီးအစိုးရ
နှုပ်ထွက်ပေးဘို့တောင်းဆိုခဲ့သလိုတောင်းဆိုနေပါတယ်။ဘန်ကောက်ပို(စ်)သတင်း စာကလဲအလွန်အန္တရယ်များတဲ့နိုင်ငံရေးကစားကွက်ပဲလို့သတိပေးေ၇းသားတာဖတ် လိုက်ရပါသဗျ။ရတ်ချာပရာဆွန်လို့ခေါ်တဲ့မြိုလယ်လမ်းမဆုံကြီးဟာ၊ဟော်တယ်တွေ၊ ကုန်တိုက်ကြီးတွေ၊ဘာဏ်တိုက်ကြီးတွေနဲထိုင်းစီးပွါးရေးရဲ့ အသဲနှလု့းလို့ခေါ်ရင်
ခေါ်လောက်တယ်။ဒီမှာပိတ်ဆို့ဆန္ဒပြနေကြတော့အခုတောင်စီးပွါးရေးထိခိုက်မှုတွေ ကိုတွေ့နေရပါပြီ။မနှစ်ကနိုဝင်ဘာကစတင်ခဲ့တဲ့ဒီပဋိပက္ခမှာလူ(၉)ယောက်သေပြီးငါး ရာကျော်ဒါဏ်ရာရခဲ့ကြပြီ။ဖေဖေါ်ဝါရီလ(၂)ရက်နေ့ကျင်းပဘို့ကြေငြာထားတဲ့ရွေး
ကောက်ပွဲကိုလဲ၊ဖွဲစည်းပုံဥပဒေခုံရုံးနဲ့ရွေးကောက်ပွဲကော်မီရှင်ကရွှေ့ ဆိုင်းဘို့ပြော လာပြီ။ရွေးကောက်ပွဲကျင်းပနိုင်သည့်တိုင်အောင်အခုလိုသပိတ်တားမှုကြောင့်လွှတ်
တော်ခေါ်ဘို့ကမလွယ်ဘူး။အတိုက်အခံကတောင်းဆိုနေတဲ့နိုင်ငံရေးပြုပြင်မှု
တွေကိုရွေးကောက်ပွဲပြီးမှလွှတ်တော်မှာလုပ်ပေးပါမယ်လို့ယဉ်လတ်ကကိပးတယ်။
ဒါကိုဆူထက်ကပါယ်ချတယ်။ဒီအနေအထားမှာအကြိမ်ကြိမ်အာဏာသိမ်းဘူးတဲ့ထိုင်း
စစ်တပ်ကသတိပေးစကားပြောလာတယ်။ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီး ပရာ
ယုချန်အိုချာကတပ်ကဘယ်ဘက်ကမှမပါချင်ဘူး။ဒါပေမဲ့ပြဿနာကအဖြေမရပဲဒီလို
ဆက်ဖြစ်နေမယ်ဆိုရင်လုပ်သင့်တာတော့လုပ်ရတော့မယ်လို့ပြောလာတယ်။လေ
လောဆယ်မှာတပ်ကသပိတ်သမားတွေဖက်ပါပြီး၊ရဲကအစ်ုးရဖက်ကိုတိမ်းညွတ်တဲ့
သလိုတွေ့မြင်နေရတယ်။တပ်က၀င်ပြီးစွက်ဖက်လို့အစိုးရပြောင်းသွားတာတောင်ဒီ
နိုင်ငံရေးသံသရာကပျောက်သွားမဲ့လက္ခဏာမရှိဘူး။ထိုင်းရဲ့ စင်ပြိုင်အုပ်စုနှစ်ခုဟာ
ပိုပြီးအစွန်းရောက်၊ပိုပြီးအယူသည်းပြီးအမုန်းတရားကိုရှေ့ ထားလာကြတောအနာဂါတ် ဟာအလွန်စိုးရိမ်စရာကောင်းကြောင်းပါဗျား။

ဒေါက်တာအေးချမ်း
သမိုင်းပါမောက္ခ
ကန်ဒ တက္ကသိုလ်
ဂျပန်နိုင်ငံ၏ ဖေ့စ်ဘုတ်ခ် စာမျက်နှာမှကူးယူဖေါ်ပြခြင်းဖြစ်ပါသည်။