Sunday, August 2, 2009

မုန်းတိုင်းက သန်းချီတဲ့ပြည်သူတွေကိုအိုးမဲ့အိမ်မဲ့ဖြစ်အောင်လုပ်ခဲ့တယ်

Jarle Tverli ဟာနော်ဝေနိုင်ငံ Samnanger မြို့ ကဖြစ်ပြီးလွန်ခဲ့တဲ့နှစ်ဂျူလိုင်လကကု
သမဂ္ဂရဲ့ လူသားချင်းဆိုင်ရာ အကူအညီအစီအစဉ်နှင့်အတူမြန်မာပြည်ကိုသွားရောက်ခဲ့သူ
တစ်ဦးဖြစ်ပါတယ်။နာဂစ်မုန်တိုင်းဒဏ်ကိုအပြင်းထံဆုံးခံစားခဲ့ရတဲ့ ဧရာဝတီမြစ်ဝကျွန်းပေ
ဒေသမှာ ရွာတစ်ရွာစီကနေအနည်းဆုံးလူဦးရေ ၇၀ ရာခိုင်နှုန်းလောက်အသက်ဆုံးရှုံးခဲ့
တယ်လို့ ဆိုပါတယ်။သူ့ ရဲ့ မြန်မာပြည်တစ်နှစ်တာအတွေ့ အကြုံကို နော်ဝေနိုင်ငံBergen
မြို့ ထုတ်Bergen Tidendeသတင်းစာမှအယ်ဒီတာ Borghild Berge ကတွေ့ ဆုံမေးမြန်
ပြီးရေးထားတဲ့ဆောင်းပါးကိုမြန်မာဘာသာနှင့်ဆီလျှော်အောင်ပြန်ဆိုတင်ပြလိုက်ပါ
တယ်။

တကယ်တော့ သူရဲ့ မြန်မာပြည်ခရီးစဉ်ဟာ သုံးလ သာဖြစ်ပါတယ်။ဒါပေမယ့် ၃လကနေ
တစ်နှစ်ဖြစ်ခဲ့ရပါတယ်။အယင်တုန်းကဘားမားလို့ လူသိများတဲ့ မြန်မာပြည်ရဲ့ အနေအထ
ားကိုသူစီးသွားတဲ့လေယာဉ်ပေါ်ကနေထင်ထင်ရှားရှားလှမ်းမြင်ခဲ့ရပါတယ်။
ကျနော့ရဲ့ မြန်မာမိတ်ဆွေတွေဟာ ကျနော့ကို မြန်မာပြည်မှာထပ်ပြီးနေချင်အောင်လုပ်နိုင်
ခဲ့ကြတယ်လို့ သူကဆိုပါတယ်။သူတို့ ဟာအင်မတန်ခင်မင်စရာကောင်းပြီးပူးပေါင်းဆောင်
ရွက်စိတ်ထက်သန်တဲ့လူတွေဖြစ်ကြတယ်၊ပြီးတော့အသစ်အဆန်းတွေကိုလေ့လာသင်ယူ
လိုစိတ်လဲအင်မတန်ပြင်းထန်တဲ့လူတွေဖြစ်တယ်။ဒါကြောင့်လဲသူတို့ ပြောတဲ့အတိုင်းကျေ
န်ာဟ ၃လကနေတစ်နှစ်အထိနေဖြစ်သွားတာလို့ ဖြည်စွက်ပြောကြားပါတယ်။မြန်မာပြည်
မှာ လွန်ခဲ့တဲ့နှစ်က ထိခဲ့တဲ့နာဂစ်မုန်တိုင်းဒဏ်ကြောင့်လူ့ အသက်ပေါင်း ၁၄၀၀၀၀ ကျော်
ဆုံးရှုံးခဲ့ရပြီးသန်းနှင့်ချီပြီးအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။

အစိုးရနင့်ပူးပေါင်းလုပ်ဆောင်

Jarle ဟာကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုအကူအညီပေးရေးအစီအစဉ်ဖြစ်တဲ့ United
Nations Office for the Coordination of Humanitarian Affairs(OCHA)နှင့်အတူန
ဂစ်ဒုက္ခသည်တွေကို ကူညီဖို့ မြန်မာပြည်ကိုသွားရောက်ခဲ့သူဖြစ်ပါတယ်။ OCHA ဟာတ
ကမ္ဘာလုံးအတိုင်းအတာနှင့်လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကိုပေးဖို့ လှို့ ဆော်
စည်းရုံးအကောင်အထည်ဖေါ်နေတဲ့အဖွဲ့ အစည်းတစ်ခုဖြစ်ပါတယ်။
ကျနော့ကိုအံ့အားသင့်စေတဲ့အချက်တစ်ချက်ကတော့ဒေသဆိုင်ရာအာဏာပိုင်တွေနှင့်အ
လုပ်လုပ်ရတာဟာဘယ်လောက်အဆင်ပြေတယ်ဆိုတာပါပဲ။ဒီလိုအဆင်ပြေမှုတွေကကျ
နော်အလုပ်လုပ်တဲ့အခါမှာယခင်မျှော်လင့်ထားတာထက်ပိုမိုပြီးထိရောက်မှုရှိခဲ့ပါတယ်လို့ 
သူကဆိုပါတယ်။
နာဂစ်မုန်တိုင်း စတိုက်တဲ့အစောပိုင်းလတွေမှာ နိုင်ငံခြားသားအားလုံးနီးပါးလောက်ဗီစာမ
ရခဲ့ကြလို့ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့ တွေအတွက်အတော်လေးအခက်အခဲဖြစ်ခဲ့
ကြရပါတယ်။အခုချိန်ထိ မုန်းတိုင်းထိတဲ့ဒေသတွေမှာ တည်ဆောက်ရေးလုပ်စရာတွေအ
များကြီးကျန်နေတုန်းပါပဲ။
လူတွေအများစုဟာခုချိန်ထိယာယီရွက်ဖျင်တဲတွေဆီမာနေထိုင်နေရတုန်းဖြစ်ပြီးအိမ်တွေ
ကောင်းမွန်ခိုင်ခန့် အောင်ဆောက်လုပ်ဖို့ အတွက်လိုအပ်တဲ့ပစ္စည်းတွေရဖို့ အင်မတန်ခက်
ခဲပါတယ်။ဒီလိုခက်ခဲရတာဟာ မြန်မာ စစ်အစိုးရ အပေါ်မှာ နိုင်ငံတကာရဲ့ လူကြိုက်မများ
မှုကြောင့်လို့ သူကယူဆပါတယ်။

နိုင်ငံခြားသားတွေကို ပိတ်ပင်ထားတယ်

မုန်းတိုင်းဟာအထူးသဖြင့် ဧရာဝတီဖြစ်ဝ ကျွန်းပေါ်ဒေသတွေကိုထိခိုက်ခဲ့ပြီး အဲဒီဒေသေ
တွမှာ Jarle ဟာနေရာဒေသအတော်များများကိုရွေ့ ပြောင်းနေထိုင်လုပ်ကိုင်ခဲ့ရပါတယ်။
နောက်ပြီးဒီဒေသ ဟာ နိုင်ငံခြားသားတွေကိုလည်းလာခွင့်မရှိပဲ အတော်ကြာပိတ်ပင်ခဲတဲ့
နေရာတွေဖြစ်ပါတယ်။ဒီဒေသကရွာတွေမှာအနည်းဆုံးလူဦးရေ ၇၀ရာခိုင်နှုန်းလောက်မုန်
တိုင်းမှာအသက်ဆုံးရှုံးခဲ့ကြရပါတယ်။ဒီအထဲကအများစုတွေဟာခလေးငယ်တွေနှင့်အမျိုး
သမီးတွေဖြစ်ကြပါတယ်။ သူတို့ ဟာမုန်တိုင်းတိုက်နေတဲ့အချိန်မာခိုင်ခိုင်မာမာမကိုင်ထား
နိုင်ခဲ့ကြလို့ မုန်တိုင်းနောက်ပါသွားခဲ့ကြရတာပါ။ အာဏာပိုင်တွေရဲ့ အဆိုအရ သေဆုံးသူ
အရေအတွက်ဟာ ၁၄၀၀၀၀ ကျော်ဆိုပေမယ့် သူ့ အထင်တော့ဒီမကအများကြီးပိုများနိုင်
တယ်လို့ ဆိုပါတယ်။
ဆင်းရဲတဲ့နိုင်ငံတနိုင်ငံဟာခုလိုမျိုးသဘာဝဘေးအန္တရယ်တွေဖြစ်တဲ့အချိန်မာတကယ်ဖြစ်
တဲ့အနေအထားထက် ငွေကြေးအကူအညီတွေပိုမိုတောင်းခံတတ်ကြပေမယ့် မြန်မာပြည်
ကတော့ဒါနှင့်ပြောင်းပြန်ဖြစ်ပါတယ်။အာဏာပိုင်တွေဟာမုန်တိုင်းမတိုက်မီမှာဒီဒေသတွေ
မှာ လုံလောက်တဲ့ထိမ်းချုပ်မှုတွေ စာရင်းဇယားအချက်အလက်တွေရှိခဲ့ပုံမရဘူးလို့ သူက
ပြောပါတယ်။
Jarle ဟာမြစ်ဝကျွန်းပေါ်ဒေသရဲ့ ဒဏ်ရာရတဲ့လူနာတွေအားလုံးကိုတတ်နိုင်သလောက်
အကူအညီပေးဖို့ ကြိုးစားခဲ့သူဖြစ်ပြီး သူတို့ နှင့်အတူ အခြားနိုင်ငံတကာအကူအညီပေး
ရေး အဖွဲ့ ပေါင်း ၅၀ ကျော်တို့ လဲ ဒီဒေသမှာလုပ်ကိုင်နေကြပါတယ်။
ဒေသနှင့်ဆိုင်တဲ့မြေပုံတွေတစ်ခုမှကောင်းကောင်းမွန်မွန်ရှာမတွေ့ တာကြောင့်GPSကိုအ
သုံးပြုပြီး သူဟာသူပဲခရီးသွားမြေပုံတစ်ခုဆွဲပြီးအလုပ်လုပ်ခဲ့ရပါတယ်။
မြန်မာပြည်ဟာကမ္ဘာပေါ်မှာမိုဘိုင်းဖုန်းဆက်သွယ်ရေးခက်ခဲတဲ့နိုင်ငံအနည်းငယ်ထဲကတ
စ်ခုဖြစ်ပြီးအင်တာနက်ဆက်သွယ်မှုကလည်း အလွန်ပဲအားနည်းလှပါတယ်။ဒါကြောင့်လဲ
ပြင်ပနှင့်ဆက်သွယ်ရတာဟာ အကန့် အသတ်ရှိပြီးအစိုးရကပဲ အကုန်ချုပ်ကိုင်ထားပါတ
ယ်။နောက်တစ်နှစ်လောက်ဆိုယင်တော့အခြေအနေကအတော်လေးကောင်းမွန်သွားနိုင်
ပါတယ်။ဒါပေမယ့် နိုင်ငံရေးကိစ္စတွေကို ဆွေးဖို့ တော့ခက်ခဲနေပါအုံးမယ်။
အစီအစဉ်အရမြန်မာပြည်ထဲမှာ ၃လပဲနေခဲ့ရပေမယ့်နောက်ထပ်တစ်ခါအဲဒီသဘာဝဘေး
အန္တရယ်ကျရောက်တဲ့နေရာကိုသွားဖို့ သူစိတ်ကုန်ပုံမရသေးပါဘူး။
အခြားနိုင်ငံတစ်နိုင်ငံအတွက် အလုပ်လုပ်ပေးရတာဟာ စိတ်ကြေနပ်စရာကောင်းပါတယ်
လို့ သူက ပြောပြပါတယ်။

မြန်မာပြည်...
-အာရှ၏အဆင်းရဲဆုံးနိုင်ငံတစ်နိုင်ငံအဖြစ်ပါဝင်၊လူဦးရေ ၄၈ သန်းကျော်ရှိ
-စာရင်ဇယားများအရလူဦးရေ ၄ယောက်တွင်တစ်ယောက်ဟာအဆင်းရဲဆုံးစာရင်တွင်ပါ
ဝင်
-ရန်ကုန်ဟာ တိုင်းပြည်ရဲ့ အကြီးဆုံးမြို့ ဖြစ်၊လူဦးရေ ၄ သန်းကျော်ရှိ
-တရားဝင် မြို့ တော်ဟာ နေပြည်တော်ဖြစ်ပြီးတိုင်းပြည်၏အလယ်တွင်ရှိ
-စစ်အုပ်ချုပ်ေ၇းကို ၁၉၆၂ ခုနှစ်ကတည်းကစတင်ခဲ့

၀၂.၀၈.၀၉ နေ့ ထုတ် Bergen Tidende သတင်းစာမှ

No comments:

Post a Comment