Sunday, August 2, 2009

ဘင်္ဂလားဒေ့ရှ် ကိုယ်စလှယ်အဖွဲ့ ပြန်လည်ထွက်ခွာ

နိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယ၀န်ကြီးဦးမောင်မြင့်၏ဧည့်သည်ဘင်္ဂလားဒေရှ်နိုင်ငံခြားရေး
ဝန်ကြီးဌာနတွဲဖက်အတွင်းဝန်Commodore(Retd) Khurshed Alamခေါင်းဆောင်သော
ဘင်္ဂလာဒေ့ရှ်ကိုယ်စလှယ်အဖွဲ့ သည်စတုတ္ထအကြိမ်မြောက်မြန်မာ-ဘင်္ဂလားဒေ့ရှ်ပင်လယ်
ရေနယ်နိမိတ်ကျွမ်းကျင်သူအစည်းအဝေးသို့ တက်ရောက်ရန်ဇူလိုင်၂၉ ရက်မသြဂုတ်လ၁
ရက်နေ့ အထိတရားဝင်ခရီးလာရောက်ခဲ့သည်။
အဆိုပါပင်လယ်ရေနယ်နိမိတ်ကျွမ်းကျင်သူအစည်းအဝေးကိုနေပြည်တော်ရှိမြတ်တော်ဝင်
ဟိုတယ်၌ကျင်းပရာမြန်မာနိုင်ငံဘက်မှမြန်မာနိုင်ငံအမျိုးသားရေကြောင်းတိုင်းတာရေးဗဟို
အဖွဲ့ ညွှန်ကြားရေးမှုးဗိုလ်မှုးချုပ်မျိုးမြင့်သန်း ခေါင်းဆောင်သောမြန်မာကိုယ်စလှယ်အဖွဲ့ နှ
င့်ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဌာနမှတွဲဘက်အတွင်းဝန်Commodore(Retd)KhurshedA-
lamခေါင်းဆောင်သောဘင်္ဂလားဒေ့ရှ်ကိုယ်စလှယ်အဖွဲ့ တို့ သည်နှစ်နိုင်ငံပင်လယ်ရေနယ်
နိမိတ်ကိစ္စများကိုဆွေးနွေးခဲ့ကြသည်။ဘင်္ဂလားဒေ့ရှ်ကိုယ်စလှယ်အဖွဲ့ အားဇူလိုင်၃၀ ရက်
ညနေပိုင်းတွင်အမရာဟိုတယ်၌ ဒုတိယ၀န်ကြီးဦးမောင်မြင့်ကညစာဖြင့်တည်ခင်းဧည့်ခံသ
ည်။
ဘင်္ဂလားဒေ့ရှ်ကိုယ်စလှယ်အဖွဲ့ သည်ယနေ့ တွင်ရန်ကုန်မြို့ မှ လေကြောင်းခရီးဖြင့်ပြန်လ
ည်ထွက်ခွာသွားကြောင်း သိရှိရသည်။

၀၂.၀၈.၀၉ နေ့ ထုတ် မြန်မာ့အလင်းသတင်းစာမှ

No comments:

Post a Comment