Saturday, August 8, 2009

တပိုင်းတစ်စ ဟာသများ(၁)

ဒီဟာသအပိုင်းအစလေးတွေဟာ ညီငယ်ခိုင်မြတ်စိုး ကျနော့ဆီကိုအီးမေးလ်ကနေတဆင့်
မျှဝေလိုက်တာတွေပါ။
ရယ်သောသူသည်အသက်ရှည်၏ဆိုသလို ကျနော်တို့ ရဲ့ ဘ၀အမောတွေကြားထဲမာတစ်

ခါတလေ ရယ်မောစရာလေးတွေ တွေ့ ပြီး အားရပါးရ ရယ်မောလိုက်ရယင် စိတ်လက်ပေါ့
ပါးပြီး လေးလံထိုင်းမှိုင်းနေတဲ့စိတ်တွေတောင် ပျောက်ကွယ်ပြီး လန်းဆန်းတက်ကြွ သို
ဖြစ်လာတတ်ကြပါတယ်။
ဒီလိုပါပဲ ကျနော်တို့ နေ့ စဉ်ကြုံတွေ့ ဆက်ဆံရတဲ့လူတွေထဲမှာလည်း ဟာသနှောပြီးပြော
တတ်တဲ့လူတွေဆိုယင်ကျနော်တို့ ကမသိမသာ ပိုမိုခင်မင်တတ်ကြတယ်မဟုတ်လား။ဒါ
တွေကလူ တွေရဲ့ ပင်ကိုယ်သဘာဝကို က ရယ်ရွှင်ဖွယ်ရာတွေကိုနှစ်သက်တဲ့သဘောကို
ပြနေတာပါ။
အခုလိုဟာသလေးတွေကိုတွေ့ ရတဲ့အခါခဏတာလေးပြုံးပျော်ရွှင်ရတယ်ဆိုယင်ပဲသဇင်
ရနံ့  အနေနင့် အချိန်ကုန်ခံတင်ပေးရကျိုးနပ်ပြီလို့ ခံယူပါတယ်။
မိတ်ဆွေတွေအားလုံးဘ၀အမောတွေ ပြေနိုင်ကြပါစေ။

အကြောက်ချင်းပြိုင်

“ဟဲလို မီးသတ်ဌာနကပါလား ခင်ဗျာ”
“ဟုတ်ပါတယ်ခင်ဗျာ ဘယ်မှာမီးလောင်လို့ပါလဲ”
“ဒီလိုပါခင်ဗျာကျွန်တော့်အိမ်ရှေ့ကခြံထဲမှာငရုပ်နဲ့ခရမ်းချဉ်ပင်စိုက်ထားတာတော်တော်
လေးအေင်မြင်ပါတယ်။တစ်နေ့ရောင်းကြေးဟာနှစ်ရာ့ငါးဆယ်သုံးရာလောက်ရပါတယ်”
“မိတ်ဆွေ ခင်ဗျား မှားနေပြီ ဒါမီးသတ်ရုံးဗျ စိုက်ပျိုးရေးဌာနမဟုတ်ဘူး”
“ဟုတ်ကဲ့ သိပါတယ်ခင်ဗျ၊ အခုကျွန်တော့်အိမ်ဘေးမှာမီးလောင်နေပါတယ်။ခင်ဗျားတို့
မီးလာသတ်ရင်ကျွန်တော့်စိုက်ခင်းကအပင်တွေကို နင်းမိမှာစိုးလို့ ပါ"

*မောင့် လက်မှတ်လို့*

“မောင်ရေ ကျွန်မရင်ဘတ်က ရင်ထိုးလေး ခါးပိုက်နှိုက်သွားပြီ ဒုက္ခပါပဲ”
“မင်းနှယ့်ကွာ လက်ကြီးတစ်ခုလုံးနဲ့ မင်းရင်ဘတ်လာနှိုက်တာ မင်းမသိဘူးလား”
“ကျွန်မက မောင့်လက်မှတ်လို့ ကြည့်နေလိုက်တာ"

*ဘ၀ပြောင်းသွားပြီ*

“ဟေ့ သူငယ် မင်းကျောင်းသားလား”“ဟင့်အင်း ကျွန်တော် တက္ကသိုလ် တက်နေပြီ”
“အော် အော် ကျောင်းသားဘ၀ကကျော်လို့ ကျောင်းသူနားရောက်သွားပြီကိုး”

*ဖေဖေကော ဘယ်တော့လဲ*

“မေမေ သားတို့ဦးလေးကြီးကလေဟိုဘက်အိမ်ကအန်တီလေးကိုဖက်နမ်းတာဗျသိလား”
“နေပါစေ သားရယ်၊ သူတို့က လက်ထပ်တော့မှာပဲ”
“ဒါဆို သားတို့ဖေဖေရော အိမ်ဖော်ကောင်မလေးကို လက်ထပ်တော့မှာတဲ့လားဟင်”

*သူမပြောတဲ့စကား*

“မင်းဘေးမှာ ငါထိုင်ပြီး စကားပြောနေခဲ့တာ တစ်နာရီမကတော့ဘူး ခုထက်ထိမင်းဆီက
စကားတစ်ခွန်းမှတုန့်ပြန်မပြောသေးဘူးကဲဒါဆိုလည်းကိုယ်ပြန်ပါတော့မယ်နောက်ဆုံးခင်
မင်မှုအထိမ်းအမှတ်နဲ့ စကားလေးတစ်ခွန်းလောက်တော့ ပြောစမ်းပါ”
“ရှင်ထိုင်နေတဲ့ ကုလားထိုင်က စောစောကမှ ဆေးသုတ်ထားတာရှင့်”

*သေဖို့တောင် မကြံသေးဘူး ဟန်ရေးကပြင်ပြီ*

နာတာရှည် ရောဂါဝေဒနာနဲ့ မသက်မသာ ခံစားနေရတဲ့ လင်ယောကျာင်္းကို မယားဖြစ်သူ
အားပေးနေပါတယ်။
“မောင် အားမငယ်နဲ့နော် ကျွန်မရှင့်ကို ပြုစုလာခဲ့တာ ဘယ်လောက်ကြာပြီလဲမကြာခင်ေ
ပျာက်သွားမှာပါ”
“ရောဂါက မသက်သာပါဘူး မိန်းမရယ်”
“ဒါဆို ကျွန်မဘာလုပ်ပေးရမလဲဟင်”
“စောစောက မီးဖိုချောင်က ကြက်သားဟင်းနံ့ရတယ်ကွာ အဲဒါနဲနဲလောက် စားချင်လို့”
“အို အဲဒါ ဟိုလူ့ဖို့တော့်”

*ပျောက်ပုံဆန်း*

“ခုတလော အားကြီးပျောက်တယ်ကွာ”
“နေ့ရောညရော အစောင့်တွေရှိနေတဲ့ကြားကပျောက်တာလား”
“ပစ္စည်းပျောက်တာမဟုတ်ဘူးကွ စာရင်းစာအုပ်ထဲကဂဏန်းတွေပျောက်ပျောက်နေတာ”

*ကွားပုံက*

“ရှင့်သားခု ဘာလုပ်နေလဲ ကျွန်မသားကတော့ မန်နေဂျာဖြစ်နေပြီ”
“ဟုတ်လား ကျွန်မသားကလဲ ကုန်တိုက်မှာ အရေးပါတဲ့သူ ဖြစ်နေပါပြီပြဿနာတစ်ခုခုရှိ
တာနဲ့ သူ့ကိုခေါ်မေးရတာ။ သူသွားဖြေရှင်းပြမှဖြစ်တာ”
“သြော် ဘာရာထူးများပါလိမ့်”
“ညစောင့်လေ”

*လုပ်ချင်မှလုပ်*

“မင်းတာဝန်ယူရမှာ ဒီဂိုဒေါင်ဆယ်လုံးပဲ”
“ပေးတဲ့လစာက မနည်းဘူးလားခင်ဗျာ”
“အိပ်ရာပြောင်းအိပ်တဲ့ လစာလို့ သဘောထားလေ”
“မင်းအိမ်မှာ အိပ်မယ့်အစား ဒီမှာလာအိပ်ရတာ ဒါတွေက မြေတူးစက်ကြီးတွေထားတဲ့ဂို
ဒေါင်ကွ”

ဖွင့်မယ်*

“မန်နေဂျာကြီး လာပါဦး”
“ပြောပါသူဌေး”
“ရှေ့ခန်းမှာ စာရေးမဘယ်လောက်ခန့်ထားတာလဲ ”
“ဆယ်ယောက်ပါ”
“အင်း ဆယ်ယောက်ဆိုတော့ ကျုပ်အခန်းထဲမှာ နေရာပေးဖို့ဆံ့မှာ မဟုတ်ဘူး။ဒီတော့လ
က်သမားဆရာ ခေါ်ဗျာ”
“ဘာလုပ်မှာလဲဆရာ”
“ခန်းဆီးတွေ ဖြုတ်ခိုင်းမယ်”

*ကွက်လပ်ကလေး ဖြည့်လိုက်ကြပါ*

သူငယ်ချင်းဖြစ်သူ အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးအား အပျိုကြီတစ်ဦးညည်းညည်းညူ
ညူပြောကြားသည်ကား........... .
“လောကမှာ ယောကျာင်္းအတော်များများက လူလိမ်လူညာတွေချည်းပဲ”
“ဘာဖြစ်လို့လဲဟ”
“တစ်ချိန်က ငါ့ကိုချစ်လှပါတယ် ကြိုက်လှပါတယ်ဆိုတဲ့ ယောကျာင်္းတွေ အများကြီးပဲ”
"အဲဒီတော့ ဘာဖြစ်လဲ”
“ငါ့ကို ယူမယ့်သူကျတော့ တစ်ယောက်မှ မရှိလို့”
“ဟိုက်”_________________-

No comments:

Post a Comment