Monday, August 10, 2009

တပိုင်းတစ်စ ဟာသများ(၂)

*နာမည်ကြီးချင်လို့*

ရွာတစ်ရွာမှာ ဦးသာဒွန်းနဲ့ ဒေါ်ပုဆိုတဲ့သူဌေးလင်မယားနှစ်ယောက်ရှိတယ်။ဒါပေမယ့်လူ
တွေအားလုံးကသူဌေးကြီး ဦးသာဒွန်းလို့ မခေါ်ကြပဲသူဌေးမကြီး ဒေါ်ပုရဲ့ယောကျာင်္းဆို ပြီး
ခေါ်ကြတယ်။ ဒီအခါမှာ ဦးသာဒွန်းက စိတ်ထဲမှာမကျေနပ်ပါဘူး။စီးပွားရေးတွေကျတော့
နှစ်ယောက်အတူတူကြိုးစားလုပ်ကိုင်ခဲ့ရပြီးမှနာမည်ကြီးတော့မိန်းမဖြစ်သူကသူဌေးမကြီး
ဒေါ်ပုဆိုပြီးနာမည်ကြီးနေတယ်။ရွာမှာရှိတဲ့အလှူပွဲမင်္ဂလာပွဲတွေကဖိတ်စာပို့ရင်လဲသူဌေး
မကြီး ဒေါ်ပုနှင့် ခင်ပွန်း ဆိုပြီးဖိတ်တော့ဦးသာဒွန်းရဲ့နာမည်ကတစ်ခါမှကိုမပါပါဘူး။ဦးသာ
ဒွန်းရဲ့အတွေးထဲမှာသူဟာမိန်းမရဲ့လောင်းရိပ်အောက်မှာမိနေတော့သူ့နာမည်ထွက်ဖို့လုပ်
ရမယ်ဆိုပြီးတွေးမိပါတယ်။
တစ်နေ့တော့ အလှူတစ်ခု သွားဖို့ကြုံလာတဲ့အခါသူနာမည်ကြီးအောင်လုပ်မယ်ဆိုတဲ့အ
တွေးအတိုင်းအလွန်ကိုလှပတဲ့မြင်းဖြူကြီးကိုစီးပြီးအိမ်ကထွက်လာပါတယ်။မြင်းစီးပြီးထွ-
က်လာတဲ့အချိ န်မှာ ဦးသာဒွန်းစိတ်ထဲမှာတွေးနေတာကသူ့ကိုဒီပုံအတိုင်းသာလူတွေမြင်
ရင်သူဌေးကြီးဦးသာဒွန်းမြင်ဖြူကြီးစီးပြီးလာတယ်လို့ လူတွေကပြောမှာပဲဆိုပြီး တွေးလာ
ပါတယ်။တကယ်တမ်းအလှူကိုလဲရောက်ရော သူဌေးမကြီးဒေါ်ပုယောကျာင်္း မြင်းဖြူကြီး
စီးလာတယ်လို့ပဲပြောကြပါတယ်။အဲဒီအခါမှာတော့ဦးသာဒွန်းတစ်ယောက်စိတ်ညစ်သွား
ရပါတယ်။ ဒါပေမယ့်လက်မလျှော့ပဲ နောက်တစ်ခါ ကြိုးစားပါတယ်။ဒီတစ်ခါတော့ရွာထိ-
ပ်မှာ ဇရပ်အကြီးကြီးတစ်ဆောင် ဆောက်ပြီး သူဌးကြီးဦးသာဒွန်းဆိုတဲ့နာမည်ကို အကြီး
ကြီးရေးပြီး ဒေါ်ပုဆိုတဲ့နာမည်ကို သေးသေးလေးပဲရေးထားပါတယ်။ ဒီဇရပ်ကိုတော့သူေ
ဌးကြီးဦးသာဒွန်းရဲ့ဇရပ်လို့ခေါ်မှာပဲဆိုပြီးတွေးနေပြန် တယ်။ဒါနဲ့ ဘယ်လိုခေါ်မလဲဆိုတာ
သိချင်တော့ခရီးသွားတစ်ဦးပုံ အယောင်ဆောင်ပြီးခရီးသွားအဖွဲနဲ့ရောလိုက်လာပါတယ်။
ညနေစောင်းလာတော့ ခရီးသွားဖော်တွေကိုမေးပါတယ်။ညကျရင်ဘယ်နေရာမှာများတ-
ည်းခိုလို့ရနိုင်မလဲမေးတော့ခရီးသွားတစ်ဦးကခင်ဗျားတော်တော်ညံ့တာပဲရှေ့ နားမှာသူေ-
ဌးမကြီးဒေါ်ပုလှူထားတဲ့ဇရပ်ရှိတယ်လေလို့ ပြောလိုက်ပါတယ်။
ဒီတစ်ခါမှာလဲဦးသာဒွန်းတစ်ယောက် ဒီမိန်းမရဲ့လောင်းရိပ်အောက်ကမလွတ်နိုင်သေးဘူး
ဆိုပြီး စိတ်ညစ်နေပါတယ်။ဒါနဲ့ပဲ မထူးပါဘူးဆိုပြီး ဘုန်းကြီးဝတ်လိုက် ပါတယ်။ ဦးဇင်းဦး
သာဒွန်း ရွာထဲကိုဆွမ်းခံကြွတဲ့အခါကျတော့လဲ လူတွေကသူဌေးမကြီး ဒေါ်ပုရဲ့ဦးဇင်းကြွ
လာပြီဆိုပြီးပြောကြပြန်တယ်။အော်ဘုန်းကြီးဝတ်တာတောင်ဒေါ်ပုနာမည် အောက်ကမ
လွတ်ဘူးဆိုပြီးဘုန်းကြီးကနေထွက်လိုက်ပါတယ်။နောက်ဆုံးတော့ဦးသာဒွန်းလဲမထူးပါ
ဘူးဆိုပြီး ဘိန်းစားမယ်ဆိုပြီး ဘိန်းစားပါတော့တယ်။ အဲဒီတစ်ခါတော့ဦးသာဒွန်း နာမည်
ကြီးပါပြီ။ဘယ်လိုနာမည်ကြီးလဲဆိုတော့လူတွေခေါ်ကြတာကဘိန်းစား သာဒွန်းပါတဲ့။
ကောင်းလိုက်တဲ့ဟာသဗျာ။ဒါပေးမဲ့သူနာမည်ကြီးနည်းကလည်းမနိပ်လိုက်တာဗျာ။ဘိန်း
စားမပဲသူ့ မိန်းမလောင်းရိပ်အောက်ကလွတ်တော့တယ်ဟီးဟီး.။အမျိုးသားများဒီဟာသ
အတိုင်းပဲဆိုရင်တော့မကောင်းဘူးဗျို့.....................

*တိုက်ဆိုင်လိုက်ပုံများ*

မနီသည် အတန်းထဲတွင် အမြဲအိပ်ငိုက် လေ့ ရှိ သည်။တစ်နေ့ မနီအိပ်ပျော်နေစဉ်ဆရာမ
က
"မနီ ကမ္ဘာကြီးကိုဘယ်သူ ဖန်ဆင်းခဲ့လည်း"
မနီအိပ်အိုက်နေသဖြင့်မကြားသော်ကြောင့်သူမနောက်တွင်ထိုင်နေသောကိုဖြိုးမှဘော့ပ-
င်နှင့် ထိုး၍သတိ ပေးလိုက်သည်။ထိုအခါမ
မနီ။ ။" ဘုရားသခင်" (လန့်သွားသဖြင့် ရောင်၍အော်လိုက်သည။်ထို့နောက်သူမပြန်လ-
ည်အိပ်ပျော်သွား ပြန်သည်)။
ဆရာမ။ ။"တော် လိုက် တာ။နောက် တစ်ခု ထပ်မေးမယ်။တို့ ရဲ့ ကယ်တင်ရှင် ကဘယ်
သူလဲသမီး။"
ဆရာမမေး သည် ကို မနီမ မကြား။ အိပ်လို့ကောင်းနေသည်။ထို့ကြောင့်ကိုဖြိုးမှဘော့ပင်
ဖြင့် ထိုး၍သတိပေးရပြန် သည်။
မနီ။ ။(လန့်သွားပြန်သဖြင့် ရောင်၍ ထအော်ပြန်သည်၊ ထို့နောက်တဖန်အိပ်ပျော်ပြန်လေ
သည် ) " ဂျီးဆပ်ခရစ်"
ဆရာမ။ ။"မှန် ပါတယ်။ဆရာမနောက်ဆုံးတစ်ခုမေးချင်တာကတော့ ၂၃ယောက်မြောက်
ကလေး မွေးပြီးတဲ့နောက် မှာ ဧဝ က အာ ဒမ် ကို ဘာ ပြောခဲ့ လည်း။"
ဒီတစ်ခါတော့ ကို ဖြိုး အိပ်ပျော်နေသော မနီ ကိုဘော့ ပင်နှင့် နာနာထိုး၍သတိပေးလိုက်
သည်။မနီ အတော် နာ သွား သည်။ထို့ကြောင့် အိပ် ယာ မှ နိုးလာ သဖြင့်ရုတ်တရတ်ထ
လိုက်ကာ
မနီ။ ။"နောက်တစ် ခါ ငါ့ ကို ထပ် ထိုး ရဲ ထိုးကြည့် ၊ နင့် ဟာကိုထက်ပိုင်းချိုးပစ်မယ်"
ဆရာမခမျာ ဘုမသိ ဘ မသိ ဖြင့် သတိလစ် သွား ရှာသည်။

*ဒီအတိုင်းပါပဲ။*

မိမိထက် များစွာ ငယ်ရွယ်သောမိန်းမတယောက်ကိုလက်ထပ်ယူထားသည့် အသက်၉၃
နှစ်အရွယ်ရှိ အဘိုးအိုတယောက်သည် သူ၏ ဆရာဝန်ထံ ရောက်လာပြီးသူတို့ကလေးရ
တော့မည့်အကြာာင်း ပြောပြလေသည်။ထိုအခါ ဆရာဝန်က ပြန်ပြောပြသည်။
'ကျွန်တော် ပုံပြင်ကလေးတပုဒ် ပြောပါရစေ၊ တခါတုန်းကအလွန်သတိမေ့တတ်တဲ့လူတ
ယောက်ဟာ အမဲလိုက်ထွက်ပါတယ်။သေနတ်ကို ယူရမယ့်အစား ထီးတလက်ပဲယူသွား
ပါတယ်။တောထဲမှာ ဗြုန်းခနဲ ခြင်္သေ့တကောင်နဲ့ ပက်ပင်းတိုးမိတော့ သူကလက်ထဲမှာပါ
တဲ့ထီးနဲ့ ထိုးချိန်လိုက်ပြီး ပစ်ချလိုက်တယ်တဲ့။အဲဒီမှာခြင်္သေ့ကြီးလည်းတုန်းခနဲလဲကျသေ
ဆုံးသွားပါရော''ဟာ မဟုတ်တာကွ၊ လုံးဝကို မဖြစ်နိုင်ဘူး၊တယောက်ယောက်ကဝင်ပြီး
ပစ်လိုက်လို့ နေမှာပေါ့''
"အခုလဲ ဒီအတိုင်းပါပဲခင်ဗျား"

No comments:

Post a Comment