Wednesday, August 12, 2009

အခွင့်အလမ်းဆိုတာ ရှာတတ်ဖို့ လိုတယ်

မနေ့ က ၁၁.၀၈.၀၉ နေ့ က နော်ဝေ နိုင်ငံဘာဂင်တက္ကသိုလ်ရဲ့ မောင်မယ်သစ်လွင်ကြိုဆို
ပွဲကို လုပ်ပါတယ်။ကျောင်းသူကျောင်းသားတွေ နိုင်ငံပေါင်းစုံကလာရောက်ကြတာကိုတွေ့ 
လိုက်ရပါတယ်။နိုင်ငံပေါင်း ၆၀ ကျော်က နိုင်ငံတကာကျောင်းသား၊ကျောင်းသူပေါင်း ၅၀၀
ကျော်ဒီနှစ် ၂၀၀၉၊၂၀၁၀ ပညာသင်နှစ်အတွက်ရောက်နေကြပြီလို့ ဆိုပါတယ်။
ကျနော်တို့ အာရှက ပုံသဏ္ဍာန်၊ရုပ်ရည် အသားအရောင်တွေ တွေ့ တော့မြန်မာပြည်ကလ
ားလို့ မေးမိတယ်။မဟုတ်ပါဘူး။လို့ ပဲအဖြေရတာများတယ်။မြန်မာပြည်ကလဲ ရှိတော့ရှိကြ
မှာပါ။ကျနော်နင့်ပဲမတွေ့ မိလို့ များလား။
ဘာပဲဖြစ်ဖြစ်မြန်မာပြည်ကကျောင်းသားတွေကိုအတွေ့ ရနည်းတာတော့အမှန်ပါပဲ။ဘာေ
ၾကာင့္လဲ။သူတို့ ဒီလိုနိုင်ငံတကာအဆင့်မီတဲ့တက္ကသိုလ်တွေမှာတက်ခွင့်ရနိုင်မယ့်နည်းလ
မ်းတွေကိုမသိကြလို့ လား။အရည်အချင်းမမီလို့ မရောက်ဖြစ်တာလို့ တော့ကျနော်မထင်မိ
ပါဘူး။ဘာကြောင့်လဲဆိုတော့ ကျနော်တွေ့ ဖူးတဲ့မြန်မာပြည်က ကျောင်းသားလူငယ်တွေ
အများစုဟာ ဘာသာစကားမှာပဲဖြစ်ဖြစ်၊အခြားဆေးပညာရပ်တွေမှာပဲဖြစ်ဖြစ် မညံ့ကြတာ
ကိုတွေ့ ရပါတယ်။ဆိုတော့မြန်မာကျောင်းသားတွေနိုင်ငံတကာကိုမရောက်နိုင်ကြတာဟာ
သူတို့ ဘယ်လို ဆက်သွယ်ပြီးလာရမယ်ဆိုတာကိုမသိသေးကြလို့  လို့ ပဲယူဆမိပါတယ်။
တကယ်တော့ ဘာဂင်တက္ကသိုလ်အပါအ၀င် နိုင်ငံတကာမှာ ပညာရေးကိုဖြန့် ဝေဖို့ နှစ်စဉ်
ကမ္ဘာတ၀ှမ်းက ကျောင်းသားတွေကိုအများကြီးခေါ်ပါတယ်။ကနေဒါ ကျောင်းသူတစ်ယော
က်ဆိုယင်အခုလိုမှတ်ချက်ချဘူးပါတယ်။နော်ဝေလူမျိုးတွေကပညာရေးအတွက်ဆိုယင်ငွေ
တွေကိုအရူးလိုသုံးတယ်တဲ့။ပညာရေးနှင့်ပတ်သက်လို့ လုံးဝနမျောတွန့် တိုတာမရှိပဲရက်ရ
က် ရောရောသုံးစွဲတာကိုသူကိုယ်တိုင်သိရလို့ အခုလိုမှတ်ချက်တာဖြစ်ပါတယ်။
ဒီလိုနေရာမျိုးကို ကျနော်တို့ မြန်မာပြည်က ကျောင်းသားလူငယ်တွေကိုလည်းလာပြီးပညာ
ယူကြစေချင်ပါတယ်။ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးတွေအတွက်ပြန်လည်အသုံးချပြီးတိုင်းပြ
ည်တိုးတက်သာယာဝပြောစေချင်တာပါ။
ဘာဂင်တက္ကသိုလ်မှာလာရောက်ကျောင်းတက်ဖို့ ဘယ်လိုနည်းလမ်းတွေ၊ဘယ်လို အရည်
အချင်းတွေလိုအပ်တယ်ဆိုတာကိုတော့နောက်အပတ်မှာဆက်လက်ဆွေးနွေးသွားပါမယ်။
မြန်မာလူငယ်တွေ ပညာရည်မြင့်မားတိုးတက်နိုင်ကြပါစေ။

No comments:

Post a Comment