Monday, August 10, 2009

တပိုင်းတစ်စ ဟာသများ(၃)

*သူများအလှည့်ကျတော့*

တရုတ်ပုံပြင်လေးတစ်ပုဒ်ပါ။သူငယ် ချင်းတို့ကြားဖူးပြီးသားလည်းဖြစ်ချင်ဖြစ်မှာပါ။တခါက လူနှစ်ယောက်ဟာတောထဲမှာမျက်စိလည် လမ်းမှားပြီးလမ်းပျောက်နေပါတယ်။ဒါကိုသစ်
ခုတ်သမားတစ်ယောက်ကကယ်ပြီးအိမ်ကိုခေါ်လာတယ်။ညရောက်တော့အဲ့ဒီလူနှစ်ယော
က်ကသစ်ခုတ်သမားရဲ့သမီးကို-------တယ်။
ဒါနဲ့ သစ်ခုတ်သမားလည်းအလွန်စိတ်ဆိုးပြီးသတ်မယ်လုပ်ပါရော။အဲ့ဒီလူနှစ်ယောက်လ
ည်း သစ်ခုတ်သမားကိုမသတ်ဖို့ဒူးထောက်တောင်းပန်တာပေါ့။ဒါနဲ့ သစ်ခုတ်သမားလည်း
အခွင့်အရေးပေးတဲ့အနေနဲ့သူတို့နှစ်ယောက်ကိုခြံထဲမှာရှိတဲ့သစ်သီး၁၀လုံးစီခူးခဲ့ပါလို့ပြော
လိုက်တယ်။မကြာခင်မှာပထမလူကမက်မန်းသီး၁၀လုံးကိုယူပြီးပြန်လာပါတယ်၊သစ်ခုတ်
သမားကအဲ့ဒီမက်မန်းသီးကိုမင်းရဲ့ဖင်ပေါက်ထဲကိုထည့်ရမယ်၊တကယ်လို့၁၀လုံးလုံးထည့်
ပြီးတာတောင်တစ်ချက်မျှမရယ်ရင်အသက်ချမ်းသာခွင့်ပေးမယ်တဲ့၊ဒါနဲ့ ပထမလူလည်းထဲ့
နေတာ ၉လုံးမြောက်လည်းရောက်ရော အားပါးတရရယ်လိုက်လို့သတ်ခံလိုက်ရပါတယ်။
ယမမင်းဆီကိုရောက်တော့ ယမမင်းက
"မင်းကွာ၊နောက်နှစ်လုံးသည်းခံလိုက် ရင် မင်းသေစရာမလိုတော့ဘူး၊ဘာကြောင့်ရယ်ရ
တာလဲ"လို့မေးတော့ ပထမလူက အရယ်ကိုမရပ်နိုင်သေးဘဲ
"ယမမင်းကြီး၊ကျတော်မျိုးမရယ်ဘဲနဲ့၁၀လုံးလုံးထည့်နိုင်ပါတယ်၊ဒါပေမယ့်၉လုံးမြောက်မှာ
ကျနော့သူငယ်ချင်းကဒူးရင်းသီး၁၀လုံးကိုသယ်လာတာတွေ့လိုက်ရလို့ ပါ။"တဲ့။

*၀မ်းနည်းဝမ်းသာ*

ခရီးသည်တင် လေယာဉ်ကြီးတစ်စီးပေါ်တွင်လေယာဉ်မယ်ကခရီးသည်များအားအသိပေး
စကားပြောလေသည်။
လေယာဉ်မယ်။ ။"ကျေးဇူးပြုပြီး နားဆင်ကြပါရှင်။"
ခရီးသည်များ အားလုံးတိတ်ဆိတ်သွားပြီး လေယာဉ်မယ်ကို လှမ်းကြည့်လိုက်သည်။
လေယာဉ်မယ် "၀မ်းသာစရာ သတင်းနှစ်ခု နဲ့ ၀မ်းနည်းစရာ စကားလေးတစ်ခွန်းလောက်
ပြောကြားခွင့်ပြုပါ။"
ခရီးသည်များ... ဆက်လက်နားထောင်နေသည်။
လေယာဉ်မယ်... "၀မ်းသာစရာ စကားကတော့ ပထမအချက်အနေနဲ့အခုခရီးစဉ်လေယာ
ဉ်ခများကိုအခမဲ့စီးနင်းခွင့်ပြုမှာမို့  ငွေများပြန်လည်ထုတ်ပေးဖို့ ပါပဲ။"
ခရီးသည်များ.... ဟေး... ဟုအော်ကာ ၀မ်းသာသွားကြသည်။
လေယာဉ်မယ်..."နောက်ထပ် ၀မ်းသာစရာ တချက်ကတော့ ခရီးသည်တစ်ဦးကိုဒေါ်လာ
ငွေ ၅၀၀၀စီအပိုထပ်ဆောင်း ပေးအပ်သွားမယ်ဆိုတာပါပဲ။"
ခရီးသည်များ.... ဟေး... ဟုအော်လိုက်ကြပြန်သည်။
လေယာဉ်မယ်..." ၀မ်းနည်းစရာတစ်ခုကတော့ကျွန်မတို့ လေယာဉ်စက်ချွတ်ယွင်းပြီးမြေ
ပြင်ကို ထိုးကျနေပြီဆိုတဲ့ စကားပါပဲ။အားလုံကိုကျေးဇူးတင်ပါတယ်"
ခရီးသည်များ..."ဟိုက်"

*ဗေဒင်ဆရာ*

ဗေဒင်ဆရာ။ ။"ခင်ဗျားမှာ ကလေးသုံးယောက်ရှိရမယ်။"
မေးသူ။ ။"ဟင့်အင်း။ဒါဆိုဆရာမှားသွားပြီကျွန်တော့်မှာစုစုပေါင်းကလေးငါးယောက်တော
င် ရှိပါတယ်။"
ဗေဒင်ဆရာ။ ။"ဘာလဲ ခင်ဗျားက သူတို့အားလုံးရဲ့ ဖခင်လို့ ကိုယ့်ကိုယ်ကိုထင်နေတယ်ေ
ပါ့လေ။"

No comments:

Post a Comment