Monday, August 10, 2009

မူးယစ်ဆေးဝါးပြဿနာကြောင့် ဖမ်းဝရမ်းထုတ်ခံထားရသည့် ဂျပန် အဆိုတော်၊သရုပ်ဆောင် နိုရီဆခိ တိမ်းရှောင်

မူးယစ်ဆေးဝါးပြဿနာကြောင့် ဖမ်းဝရမ်းထုတ်ခံထားရသည့် ဂျပန်အဆိုတော်၊သရုပ်ဆေ
ာင်နိုရီကိုဆခိသည်ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရှိရပါသည်။
မင်းသမီးနိုရီကိုအား ပြီးခဲ့သည့် ရက်သတ္တပတ်အစောပိုင်းက ဖမ်းဝရမ်းထုတ်ပြန်ထားခဲ့ခြင်း
ဖြစ်ပြီး အဆိုပါဖမ်းဝရမ်းကို သူမ၏ခင်ပွန်းဖြစ်သူ တာကာဆိုအားမူးယစ်ဆေးဝါးလက်ဝယ် တွေရှိမှုဖြင့်ဖမ်းဆီးရမိခဲ့အပြီးအတွင်ထုတ်ပြန်ခဲခြင်းဖြစ်ပါသည်။နိုရီကို၏ခင်ပွန်းဖြစ်သူတာ
ကာဆို၏အတွင်းခံဘောင်းဘီအတွင်း မူးယစ်ဆေးဝါးများထည့်သွင်းဆောင်ယူလာခြင်းကို
ရဲတပ်ဖွဲ့ က သြဂုတ်လ ၃ ရက်နေ့ တွင် ရှာဖွေတွေ့ ရှိခဲ့ပြီးနောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
စစ်ဆေးမှုများအရ တာကာဆို ၏မူးယစ်ဆေးဝါးသယ်ဆောင်လာမှုတွင် ဇနီးဖြစ်သူနိုရီကို
လည်း ပါဝင်ပတ်သက်နေသည်ဟု ယူဆပြီး ဖမ်းဝရမ်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
သူမ၏ အေးဂျင့်ဖြစ်သူကမူယခုဖြစ်စဉ်တွင် နိုရီကို၌ တာဝန်မရှိကြောင်းနှင့်အစီရင်ခံစာလွဲ
ချော်မှုကြောင့် ယခုကဲ့သို့ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်းပြောဆိုခဲ့ပြီး မင်းသမီးနိုရီကိုအနေဖြင့်
လည်းစိုးရိမ်စိတ်မလွန်ကဲရန်ပြောဆိုထားခဲ့သည်။အသက်၃၈နှစ်အရွယ်ရှိနိုရီသည် ၁၉၈၆
ခုနှစ်တွင် ရုပ်သံဇာတ်လမ်းများ၌ ပါဝင်ခဲ့ပြီး၁၉၉၀ပြည့်နှစ်များတွင်ကျော်ကြားလာခဲ့သူဖြစ်
ပါသည်။

Weekly Eleven News Journal မှ

No comments:

Post a Comment