လောကမှာ ယုံကြည်စရာတွေ ကိုးကွယ်စရာတွေအများကြီးရှိပါတယ်။မိရိုးဖလာ အစဉ်အလာအတိုင်း
ယုံကြည်ကိုးကွယ်ခဲ့ကြသလို အသက်အရွယ်လေးရလာမှကိုယ့်ကိုယ့်ကိုယ် သဘောပေါက်နားလည်ပြီး
မိဘဘိုးဘွားတွေကိုးကွယ်တဲ့ဘာသာအယူဝါဒကိုစွန့်လွှတ်ပြီး အခြားဘာသာကိုကူးပြောင်းကြတာတွေ
လည်းရှိကြပါတယ်။ကိုယ်ကိုးကွယ်နေတဲ့ဘာသာကိုပဲ တသက်လုံးယုံကြည်သွားကြာတာတွေလဲရှိကြပါ
တယ်။
ဘယ်ဘာသာကို ကိုးကွယ်ရမှာလဲဆိုတဲ့ မေးခွန်းကို မြတ်စွာဘုရားလက်ထက်တော်မှာကတည်းက
ဘုရားကိုမေးလို့ ဘုရားက ဖြေခဲ့ဘူးတာရှိပါတယ်။မေးတဲ့ပုဂ္ဂိုလ်က ပုရပိုဒ်တယောက်ဖြစ်ပြီး မြတ်စွာ
ဘုရား ပရိတ်နိဗ္ဗါန်ပြုခါနည်း မိနစ်ပိုင်းလောက်ပဲလိုတော့တဲ့အချိန်ပါ။ပုရပိုဒ်ကြီးကအရှင်ဘုရားလော
ကမှာ ယုံကြည်ကိုးကွယ်ကြတဲ့အယူဝါဒတွေကလည်းများပါတယ်ဘုရား။ သူတို့ကလည်းသူတို့ဘာသာ
သာကောင်းတယ်။သူတို့ဘာသာကိုသာကိုးကွယ်ဆိုပြီးပြောကြပါတယ်ဘုရား။ တပည့်တော်ဘယ်ဘာ
သာကိုကိုးကွယ်ရမှန်းမသိတော့ပါဘူးဘုရား။ အရှင်ဘုရားတပည့်တော်ကိုလမ်းညွှန်ဆုံးမတော်မူပါ
ဘုရား လို့ လျှောက်တော်မူတယ်။
မဟာဂရုဏာ တော်ရှင် သုံးလောကထွတ်ထား မြတ်ဘုရားဟာပရိတ်နိဗ္ဗါန်ပြုဖို့အတွက်အချိန်ပိုင်းလေး
ပဲလိုတော့တဲ့အချိန်မာတောင် သတ္တ၀ါတွေအတွက် အရေးကြီးတဲ့စကားကိုပြောဖို့ မငြင်းပယ်တော်မူပါ
ဘူး။မြတ်စွာဘုရားက...
“ချစ်သား ဘာသာတခုကိုယုံကြည်ကိုးကွယ်တော့မယ်ဆိုယင်အဲဒီဘာသာမှာ ကိုယ့်ကိုယ်ကိုယ်
လွပ်မြောက်မှုကို ပေးနိုင်တဲ့တရားရှိသလားကြည့်။ရှိယင်ကိုးကွယ၊်မရှိယင်မကိုးကွယ်နင့်” တဲ့။
မြတ်ဗုဒ္ဓက ငါ့သာသနာသာ ကောင်းတယ်ကွာ အဲဒါပဲကိုးကွယ်ပါလို့ တဘက်သတ်မပြောပါဘူး။ လော
ကမှာ အတုမရှိတဲ့ဘုရားပါ။သိစရာမှန်က မြူမျှမကျန်အောင် အကုန်သိတော်မူတဲ့ဘုရားက စကားကို တဘက်သတ်မပြောပါဘူး။
ကာလမ သားတွေကိုဟောခဲ့တုန်းကလဲ ဒီအတိုင်းပါပဲ။သူများပြောတိုင်းလဲ မယုံနင့်၊မိဘဘိုးဘွားအစဉ်
အဆက်ယုံကြည်လာခဲ့တာ ဆိုလို့လဲမယုံကြည်နင့်။လေးစားရတဲ့ဆရာကပြောတယ်ဆိုလို့လဲမယုံနင့်ဦး
တဲ့။ကိုယ့်ရဲ့အသိဥာဏ်နင့်တကယ်ပိုင်းခြားသိအောင်လုပ်ပြီး သိတဲ့အခါမှယုံပါလို့ မြတ်ဗုဒ္ဓကမိန့်တော်မူ
ခဲ့ပါတယ်။
အခုလဲဒီအတိုင်းပါပဲ။ကိုယ့်ကိုယ်ကိုယ် ကယ်တင်နိုင်တဲ့တရားရှိသလားကြည့်၊ရှိယင်ကိုးကွယ်၊မရှိယင်
မကိုးကွယ်နင့်တဲ့။ဘုရားဟောတာကကိုယ့်ကိုယ်ကိုယ် ကိုယ်တိုင်ကယ်တင်နိုင်တဲ့တရားရှိ မရှိကြည့်လို့
ဆိုပါတယ်။သူတပါးကယ်တင်တာကိုခံယူဖို့မပြောပါဘူး။လောကမှာ ကိုယ်ရဲ့အသိဥာဏ်နင့်ကိုယ့်ကံ
ကြမ္မာကို ကိုယ်တိုင်ဖန်တီးရတာနင့် သူများလုပ်သမျှခံဖို့စောင့်နေတာဘယ်ဟာက ပိုပြီးအဆင့်အတန်း
မြင့်သလဲ။ဘယ်အရာက လူ့ဂုဏ်သိက္ခာ လူ့အစွမ်းအစကိုအားပေးတဲ့ ဘာသာအယူဝါဒဖြစ်သလဲဆိုတာ
သာမန်လူပြိန်းတယောက်တောင် စဉ်းစားတတ်ကြမှာပါ။
ဆေးတခုဆိုတာ လူနာကို ဒီဘ၀ပစ္စက္ခမသေခင်မှာတင်ဆေးစွမ်းကိုပြနိုင်ဖို့လိုပါတယ်။သေပြီးတမလွန်
ကိုရောက်ပြီးမှ ဆေးစွမ်းကို ပြနိုင်တယ်ဆိုတာ သိပ်အားမကိုးလောက်ပါဘူး။မြတ်ဗုဒ္ဓရဲ့သာသနာတော်
မှာ ဧဟိပတ်သိကော လာပါ ယူလှည့်ပါ စမ်းလှည့်ပါလို့ ခေါ်ရဲ၊စမ်းရဲ လက်တွေ့လုပ်ဖို့ တိုက်တွန်းရဲတဲ့
တရားဖြစ်ပါတယ်။
မြတ်ဗုဒ္ဓက လောဘ၊ဒေါသ၊မောဟ စတဲ့တရားတွေကိုငြိမ်းအေးအောင်လုပ်ဖို့ဟောတော်မူပါတယ်။
လောဘအလိုအတိုင်းလိုက်နေယင် သတ္တ၀ါတွေမှာ သံသရာစက်ဝန်းကဘယ်တော့မှလွတ်မှာမဟုတ်
တော့ဘူး၊ဒါကြောင့်ဒီလိုမဖြစ်ဖို့အတွကလောဘ၊ဒေါသ၊မောဟ စတဲ့တရားတွေကိုအားပေးတဲ့ တဏှာ
ကိုသတ်နိုင်ရမယ်။လိုအင်ဆန္ဒတွေဆိုတာ တဏှာက ခိုင်းနေတာသာဖြစ်တယ်။တဏှာက ခိုင်းတယ်
ဆိုတာနှင့် သတ္တ၀ါတွေမှာကံယကံ၊၀စီကံ၊မနောကံတွေကိုလုပ်ကြတော့တယ်။ဒီကံ(သင်္ခါရ)တွေကိုလုပ်
ကြတဲ့အတွက် သင်္ခါရ ပစ္စယာ ၀ိဥာဏ်နမ် ဆိုသလို ဒီကံသတ္တိတွေကြောင့်ပဲ တနည်းအားဖြင့်ကံမ စွမ်း
အင်ကြောင့် နောက်တဘ၀ ကိုရဖို့အတွက် စုမိဆောင်းမိတွေဖြစ်ကုန်တယ်။လော၊ဒေါသ မောဟနင့်
သေတဲ့သတ္တ၀ါတယောက်ဟာ သေယင် အပယ်လေးဘုံ(ငရဲ၊တိရစ္ဆာန် ပြိတ္တာ အသူရကယ်)ကိုရောက်
ဖို့သေချာပါတယ်။ အပယ်ငရဲကိုရောက်ပြီးတဲ့သတ္တ၀ါတယောက်ဟာ သုဂတိဘုံ(လူ၊နတ်ဗြဟ္မာ)ကို
ရောက်ဖို့မလွယ်တော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ဒီအပါယ်ဘုံသားတွေမှာကောင်းမှုကုသိုလ်ကိုစိတ်
မ၀င်စားနိုင်ကြပါဘူး။ကြီးနိုင်၊ငယ်ညှင်းနင့်တချိန်လုံး အကြောက်တရားတွေ၊စိုးရိမ်သောကတွေနင့်၊အ
သက်ရှင်နေရတာမို့အပါယ်ဘုံဘ၀က မတက်နိုင်ကြတော့ပဲ အပယ်ဘုံမှာပဲ လည်ပြီးယင်းလည်နေကြ
ပါတော့တယ်။
ဒီလိုနင့် သတ္တ၀ါတွေဘ၀သံသရာ မှာ ဆုံးစ မမြင်နိုင်အောင်မျောနေ လည်နေလိုက်ကြတာ ဘယ်ကစ
လို့ စမှန်းတောင်မသိနိုင်တော့လောက်အောင် ရှည်လာခဲ့ကြပြီလို့ဘုရားကဟောတော်မူခဲ့ပါတယ်။
ဒီနေရာမှာ အပါယ်ဘုံကိုရောက်သွားတဲ့သတ္တ၀ါတကောင် သုဂတိဘုံကိုရောက်ဖို့ဘယ်လောက်ခက်
တယ်ဆိုတာကို မြတ်ဘုရားဟောတော်မူခဲ့တဲ့ လိပ်ကန်းဥပမာလေးကိုပြောပြချင်ပါတယ်။ပင်လယ်
သမုဒ္ဒရာအောက်ကြမ်းပြင်မှာ မျောချင်ရာကိုမျောနေတဲ့ လိပ်ကန်းကလေးတကောင်ဟာ အနှစ်တရာ
လောက်ကြာတော့ တခါအသက်ရှူဖို့တက်လာတယ်တဲ့။ဒီလိုတက်လာတဲ့အချိန်မာ အပေါက် တပေါက်
သာပါတဲ့တံပိုးအဟောင်းတခုကလဲသူ့ဟာသူမျောချင်ရာမျောနေတယ်တဲ့။လိပ်ကန်းကလေားပင်လယ်
ပြင်ထက်ကိုအသက်ရှူဖို့တက်လာတာနဲ့ လိပ်ကလေးရဲ့ခေါင်းဟာ ဒီတံပိုးပေါက်ထဲကိုစွပ်မိတာကမှဖြစ်
ချင်ရင်ဖြစ်နိုင်အုံးမယ်တဲ့။အပါယ်ဘုံဘ၀က နေ လူ့ပြည်ကိုရောက်ဖို့တော့မလွယ်ဘူးလို့ဘုရားကဥပမာ
ပေးပြီးဟောတော်မူခဲ့ပါတယ်။သတိထားဆင်ခြင်စရာအင်မတန်ကောင်းတဲ့ဥပမာလေးဖြစ်ပါတယ်။
လူတွေဟာ လိုချင်တတ်မက်မှုလောဘ တွေနင့် ငွေကြေားဥစ္စာစည်းစိမ်တွေရသထက်ရဖို့ ချမ်းသာပြီး
ယင်းချမ်းသာဖို့ လုပ်နေကြယင်းနဲ့တကယ်လုပ်သင့်လုပ်ထိုက်တာကိုမေ့နေကြပါတယ်။လူ့ဘ၀ကို
ရောက်လာခိုက်မာ ကုသိုလ်ကောင်းမှုတွေလုပ်၊တရားဘာဝနာတွေပွားများပြီးနောင်တဖန်အပယ်ကို
မရောက်ဖို့ ကြိုးစားကြမယ့်အစား အပယ်ရောက်မယ့်တရားတွေကိုပဲလုံးပမ်းနေကြတယ်လို့တချို့ဆရာ
တော်ဘုရားကြီးများက ဂရုဏာနှင့်မိန့်တော်မူခဲ့ကြပါတယ်။ဒါကြောင့်လဲမြတ်စွာဘုရားက အခါတပါးမှာ
နောက်ပါရဟန်းတွေကို ခုလိုဆုံးမတော်မူခဲ့ပါတယ်။
မြတ်စွာဘုရားက မြေမှုန်အနည်းငယ်ကို လက်သည်းခွန်ပေါ်တင်ပြီးတော့ ချစ်သားတို့ ဒီလက်သည်းခွံ
ပေါ်က မြေမှုန်နှင့် ဒီကမ္ဘာမြေပေါ်က မြေထု ဘယ်အရာက ပိုများသလဲဆိုတော့ ကမ္ဘာမြေရဲ့မြေထုက
ပိုများပါတယ်ဘုရားလို့လျှောက်ကြတယ်။ အဲဒီတော့ဘုရားက ချစ်သားတို့ မှတ်ထားကြ။လောကမှာ
သုဂတိဘုံ(လူ့ဘ၀)ကနေ သေပြီးပြီးသတ္တ၀ါတွေထဲမှာ သုဂတိဘုံကိုပြန်ရောက်တဲ့သတ္တ၀ါဟာ ဒီလက်
သည်းခွံပေါ်ကမြေမှုန်လောက်ပမာဏပဲရှိုပြီးတော့၊အပါယ်ဘုံကိုရောက်တဲ့သတ္တ၀ါတွေကတော့ဒီကမ္ဘာ
မြေထုလောက်ပမာဏရှိတယ်လို့ဟောကြားတော်မူခဲ့ပါတယ်။
တကယ်တော့ သတ္တ၀ါတွေမှာအာရုံနောက်ကိုလိုက်နေကြတာပါပဲ။ဒီဟာတခုကိုရယင်သိပ်ကောင်းမှာ
ပဲလို့အသည်းအသန်ကြိုးစားခဲ့ရပေမယ့်တကယ်လဲအဲဒါကိုရပြီဆိုယင်နောက်တခုကိုလိုချင်လာပြန်တာ
ပါပဲ။လောဘအလို ကြီးတိုင်းပိုတယ်လို့ဆိုတာပါ။ ဒီအာရုံနောက်ကိုလိုက်လို့ဘယ်တော့မှမပြီးပါဘူး။ပြီး
တော့ဘယ်အရာမှမမြဲပါဘူး။လောကမှာ မြူမှုန်လေးတမှုန်လောက်တောင် မြဲတာမရှိဘူးလို့မြတ်
ဗုဒ္ဓက ဆုံးမတော်မူခဲ့ပါတယ်။ဟုတ်ပါတယ်။လောကမှာဘယ်အရာမှမမြဲပါဘူး။အချိန်တန်တော့ပျက်စီး
ရတာချဉ်းပါပဲ။အဲဒီလိုမမြဲတဲ့အတွက်ကြောင့်ပဲ မြင့်မြတ်တဲ့အကျင့်ကိုကျင့်ရတာပါလို့ဟောတော်
မူပါတယ်။
ဒါကြောင့်ပုရပိုဒ်ကြီးကို ဘုရားက ကိုယ့်ကိုယ်ကိုယ် အားကိုးနိုင်တဲ့တရားရှိတဲ့အယူဝါဒကိုကိုးကွယ်ဖို့
ဟောတော်မူခဲ့တာပါ။မြတ်ဗုဒ္ဓကဆက်ပြီးတော့ သမထနင့်ဝိပသနာကျင့်စဉ်တွေကိုဟောကြားလိုက်ပြီး
တဲ့နောက် ကျင့်ကြံအားထုတ်လိုက်တာ ရဟန်းတာဖြစ်သွားခဲ့ပါတယ်။ဒီပုရိတ်ပိုဒ်ဟာ မြတ်ဗုဒ္ဓရဲ့ကိုယ်
တော်တိုင်သက်တော်ထင်ရှား ရှိနေစဉ်မှာ နောက်ဆုံး ချွတ်ရမဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။ကျနော်တို့တွေကိုယ့်
ရဲ့စိတ်ကိုသေချာ တည်ငြိမ်အေးချမ်းအောင်လုပ်ပြီး တချက်လောက်စောင့်ကြည့်လိုက်တာနှင့် ဒီစိတ်
ဟာ ဘယ်လိုမှ ကိုယ်ခိုင်းသလိုမရပဲတရစပ်သူ့သဘောသူဆောင်ပြီးသွားချင်တဲ့ဘက်သွားပြီး တွေးချင်
တာကိုတွေးနေတာကိုသတိထားမိကြပါလိမ့်မယ်။ဒါဟာ ခန္ဓာငါးပါး(ရူပက္ခန္ဓာ၊ဝေဒနက္ခန္ဒာ၊သင်္ခါရက္ခန္ဓာ၊
သညက်ခန္ဓာ၊၀ီဥာဏ်နက္ခန္ဓာ)ဟာသူ သဘောဆောင်ပြီးတရစပ်ဖြစ်ပျက်နေတယ်ဆိုတဲ့အဓိပ္ပါယ်ဖြစ်ပါ
တယ်။ဒီခန္ဓာငါးပါးဟာ တခုပေါ်တိုင်းအကုန်ပေါ်ပြီး အကုန်ပျောက်တဲ့အတွက် မြင်လိုက်လို့ သဘောကျတယ်ဆိုတာလဲဖြစ်ပြီးယင်ပျက်တဲ့သဘောကိုသေချာထင်ရှားလာပါတော့တယ်။ဒါကြောင့်အရာအား
လုံးဟာ ဖြစ်ပြီးတိုင်း ပျက်တတ်တဲ့သဘောရှိတဲ့အတွက် ငြိမ်းငွေ့စရာသာဖြစ်တယ်ဆိုတာကို သဘောပေါက်နားလည်ပြီး ၀ိပသနာတရားကိုကျင့်ကြံအားထုတ်ပြီးသံသရာ ၀ဋ်ဆင်းရဲက လွတ်မြောက်အောင်
အားထုတ်သင့်ကြပါတယ်။ ဒီလိုကျင့်ကြံအားထုတ်ဖို့ဟောကြားဆုံးမတော်မူခဲ့တဲ့ မြတ်ဗုဒ္ဓရဲ့သာသာနာ
သည်သာလျှင်တကယ်ကိုးကွယ်အားကိုးယုံကြည်ဆည်းကပ်စရာဖြစ်တယ်ဆိုတာ အသေအချာပါပဲ။
တရားစစ် တရားမှန်၊ယုံကြည်ကိုးကွယ်စရာ အမှန်နင့်တွေ့နိုင်ကြပါစေ။
(ကျနော်နားလည်သလောက်သာ ရေးသားထားတာမို့ ပိုပြီးတတ်သိနားလည်တဲ့ သူတွေရဲ့ပြုပြင်သင်ပြ
မှုကို စောင့်မျှော်နေပါတယ်။)
No comments:
Post a Comment