Sunday, December 9, 2012

ကြွက်ဖောင်ဒေးရှင်း

"အစ်ကိုကြီး အရက်လေး ဘာလေး စသောက်တော့ဗျာ။ အသက်က ကြီးလှ ပြီ။ ဒီဘ၀ ဒီအတိုင်းပဲ
နေသွားတော့မှာ လား"
"အလို မောင်ကြွက်နီရယ်၊ ငါက အစာအိမ်ရောဂါရှိတာကို မင်းက မြန်မြန် သေစေချင်နေလို့လား"
"ဒါဆိုရင်လည်း အစ်ကိုကြီးဂျာနယ် တိုက်က စိုးပိုင်တို့၊ အာကာဒိုဒိုတို့ကို အရက်သောက်ခိုင်း"
"ဒီကောင်တွေကတော့ မသောက်ပါ နဲ့တောင် တားနေရတာ။ နေစမ်းပါဦး၊ မင်းက အရက်ကုမ္ပဏီရဲ့
ကိုယ်စားလှယ်လား၊ ဒါမှမဟုတ် အရောင်းမြှင့်တင်ရေး ၀န်ထမ်းလား"
"ရုပ်ကိုသေသေချာချာကြည့်ပါ။ အဲဒီ လို သိမ်သိမ်မွှားမွှားလုပ်မယ့်ရုပ်လား။ အခု ကျွန်တော်က
ကြွက်ဖောင်ဒေးရှင်းဆိုပြီး အသည်းရောဂါသမားတွေ ဆေးကုသဖို့ အဖွဲ့ထောင်ထားတယ်"
"အလို၊ မောင်ကြွက်နီ မင်းလည်း လူရာ ၀င်နေပြီပဲ။ နို့ တိုးတိုးတိတ်တိတ်မေးစမ်း ပါရစေ။ မင်းကို
ပြည်ပဘယ်အဖွဲ့အစည်း က ငွေကြေးထောက်ပံ့လိုက်တာလဲ"
"ကြွက်နီဆိုတဲ့ကောင်က ပြည်ပ အားကိုး ပုဆိန်ရိုးမဟုတ်ဘူး။ ပြည့် အင်အားသည် ပြည်တွင်းမှာ
သာရှိသည် ဆိုတဲ့ စကားကို လက်ခံတဲ့သူ။ ဒါကြောင့် ကျွန်တော့ ကြွက်ဖောင်ဒေးရှင်းအတွက်ရန်
ပုံငွေကို ပြည်တွင်း အရက်ကုမ္ပဏီ တစ်ခုနဲ့ ချိတ်ဆက်ထားတယ်။ သူတို့ အရက်တစ်ပုလင်း ရောင်း
ရတိုင်း ကြွက် ဖောင်ဒေးရှင်းကို တစ်ကျပ်လှူမယ်ပြော တယ်"
"ဪ ငွေတွေတော့ရတော့မှာပဲ။ ဟာဟာဟ တစ်ပုလင်း တစ်ကျပ်တဲ့"
"ခင်ဗျားကြီးက မသိရင်လည်း အသာနေပါ။ မရှုတ်ချပါနဲ့။ ပြည်တွင်း အရက်တွေရောင်းအားကို
ခင်ဗျားသိလို့လား။ တစ်နှစ်ကို ပုလင်းသန်းလေးဆယ် လောက်ရောင်းနေရတာတွေ ခင်ဗျားသိလား။
အဲဒီနှုန်းနဲ့ဆိုရင်တောင် ကြွက် ဖောင်ဒေးရှင်းက တစ်နှစ် သိန်း ၄၀၀ ရနေပြီ"
"ကြွက်နီရယ်၊ မဟုတ်မဟတ်တွေ မလုပ်ပါနဲ့။ သူများဖောင်ဒေးရှင်းတွေက ဆေးဝယ်ရင်၊ အီလက်
ထရွန်းနစ်ပစ္စည်း ၀ယ်ရင်ဘယ်ဖောင်ဒေးရှင်းထဲကို ဘယ် လောက်ထည့်ပါတယ်လို့ ကြော်ငြာ နေ
ကြတာ အဟုတ်သား။ မင်းလုပ်မှ တစ်နိုင်ငံလုံး အရက်သမားတွေချည်းဖြစ် ကုန်ပါဦးမယ်"
"အစကတည်းက တစ်နိုင်ငံလုံးက အရက်သမားတွေ ဖြစ်ပြီးသားပါဗျ။ ခင်ဗျားလုပ်မှ ကျွန်တော်က
တရားခံဖြစ် ဦးမယ်။ ဘာပဲပြောပြောဗျာ၊ အရက် သောက်ရင် အသည်းထိခိုက်တယ်။ ဒါကို အရက်
ရောင်းတဲ့သူတွေက သူတို့ ရတဲ့အထဲကငွေကို အသည်းအတွက် ပြန်ပြီးသုံးပေးတာ။ ဘိုလိုပြော
ရရင် ဆိုရှယ်ရက်စပွန်ဆဗယ်လတီပေါ့ဗျာ"
"ကြွက်နီရယ် နင် ဘိုလိုမှုတ်ရင် တံထွေးတွေစဉ်လွန်းလို့ မြန်မာလိုပဲ ပြောစမ်းပါ"
"ခင်ဗျားကလည်း ဒီကျိုးနေတဲ့ သွားပဲ လာလာ ခလုတ်တိုက်နေတယ်။ နေဦး သူငယ်ချင်းဆရာဝန်
နိုင်ငံခြားက ပြန်လာမှ သွားပြန်စိုက်ဦးမယ်။ ခင်ဗျားပြောတာနဲ့ ဘယ်တွေရောက်ကုန်မှန်းတောင်
မသိတော့ဘူး။ ဒီလိုလေဗျာ၊ နိုင်ငံခြား မှာ စီးကရက်ကုမ္ပဏီကြီးတွေက ကင်ဆာ ဖောင်ဒေးရှင်းတွေ
ကို ငွေလှူသလိုပေါ့"
"ဒါဆိုလည်း နင့်နင့်ပိုးပိုးရအောင် နိုင်ငံခြားအရက်ကုမ္ပဏီတွေ ဘာတွေကိုလည်း ချိတ်ဆက်ဦးလေ။
ပြီးတော့ နိုင်ငံ ခြားကနေ ငါတို့မြန်မာတွေကိုပြပြီး ရန်ပုံ ငွေတောင်းတောင်းနေတဲ့ အဖွဲ့တွေနဲ့ လည်း
ချိတ်ဆက်ထားဦး"
"ခင်ဗျားကြီးပြောမှ ကျွန်တော်တို့ လည်း လူစင်စစ်က မျောက်တွေဖြစ်ကုန်ပြီ။ အဲဒီလို ကြံခဲ့ပေမယ့်
ကိုယ့်ထက်ဦးတဲ့ သူတွေချည်းပဲ။ အဲဒီလိုတောင်းနေတဲ့သူ တွေကို ကြည့်မိမှ မြန်မာနိုင်ငံ တစ်နိုင်ငံ
လုံး ရောဂါသည်တွေချည်းပါလား၊ ငတ်မွတ်ခေါင်းပါးနေပါလား။ ကပ်ကြီးသုံးပါး ဆိုက်နေပါလား
ဆိုတာ သိလာ တာ..ဟာဟာဟ"
"ဟေ့ကောင်၊ အဲဒီလိုမရယ်နဲ့..ဟာ ဟာ ဟ ဆိုတာ ငါရီတာ။ ဒါက သရော်ပြီး ရီတယ်လို့ခေါ်တယ်။
နေစမ်းပါဦး၊ မင်း ဖောင်ဒေးရှင်းက တစ်နှစ်ကို သိန်း ၄၀၀ ရတယ်ပဲထား။ အသည်းရောဂါသည်
တစ်ယောက်ရဲ့ ကုသစရိတ်က သိန်း ပေါင်း များစွာ ကုန်တာ။ မင်းရတဲ့ပိုက်ဆံ နဲ့ အသည်းရောဂါ
သည် ဘယ်နှယောက် လောက်များ ကုနိုင်မှာမို့လဲ"
"အသည်းရောဂါရှင် အားလုံးကို ကုပေးမယ့်သူဗျ။ သူများအဖွဲ့တွေလို ရန်ပုံငွေကနည်းတော့ ဆေး
ကဘယ်နှ ယောက်စာပဲ ခွဲတမ်းရပါတယ်။ ကျန်တာ တွေကတော့ သားတွေသမီးတွေအတွက်
(အဲလေ) ကျန်တဲ့လူနာတွေတော့ နောက် နှစ်မှ စာရင်းထပ်တင်ပေးပါမယ်ဆိုပြီး လူနာချင်း
ရန်တိုက်ပေးတဲ့အဖွဲ့တွေထဲ မှာ ကျွန်တော်မပါဘူး"
"ငါ့ကို ဉာဏ်မမီဘူးပဲ ပြောပြောကွာ။ မင်းရတဲ့ငွေနဲ့ ငါတို့ဆီကအသည်းသမား တွေနဲ့ လောက်
အောင် ဘယ်လိုကုမလဲဆိုတာ စဉ်းစားလို့ကိုမရဘူး"
"ခင်ဗျားစဉ်းစားနေတာက ခင်ဗျားသိထားတဲ့ ဘောင်ထဲကနေ စဉ်းစားနေ တာကိုးဗျ။ တစ်ခါတလေ
တော့ ဘောင် အပြင်ကျော်ပြီး တွေးကြည့်စမ်းပါ"
"အလဲ့၊ မင်းက ငါ့ကို နှိပ်ကွပ်နေတယ် ပေါ့"
"ဟုတ်တယ်လေ၊ ကျွန်တော့ဖောင်ဒေးရှင်းက ဘယ်လိုကုသမယ်ဆိုတာ မစဉ်းစားဘဲ အသည်း
ရောဂါလို့ ပြောလိုက်တာနဲ့ ဆေးခန်းတွေ၊ ဆေးရုံတွေ မြင်၊ အထူးကုတွေက သိန်းချီတန်တဲ့ဆေး
တွေပေးတာပဲ တွေးနေတာကိုး။ ဒီမှာ မသေမချင်းမှတ်ထား၊ နွယ်မြက်သစ်ပင် ဆေးဖက်ဝင်ဆိုတာ
ရှေးလူကြီးတွေ အလုပ်မရှိလို့ ရေးခဲ့တာမဟုတ်ဘူး။ ဓာတုပစ္စည်းတွေနဲ့ ထုတ်ထားတဲ့ ဆေးတွေက
ဘေးထွက်ဆိုးကျိုးတွေ များတယ်။
"ဒါကြောင့် ကျွန်တော်က လူနာတွေ ကို အခုခေတ်စားနေတဲ့ ကြက်သည်း ဟင်းရွက်ပြုတ်တိုက်မှာ။
ဒါကြောင့် လူတိုင်းကို ကုပေးမယ်လို့ပြောတာပေါ့။ကျွန်တော့လို ဖောင်ဒေးရှင်းများ ရှာကြည့်စမ်းပါ
ဦး။ သူများဖောင်ဒေးရှင်း တွေဆို အထောက်အပံ့ရဖို့ လျှောက်လွှာ တွေတင်ရ၊ အဖေကို သေခိုင်းရ၊
အမေ ကို အိပ်ယာထဲ လဲခိုင်းရနဲ့ လျှောက်ပလီ ရတာ။ ကျွန်တော့ဖောင်ဒေးရှင်းက တော့ ဘာမှမလို
ဘူး။ အသည်းရောဂါ ဖြစ်နေသလား။ ကျွန်တော့ရုံးခန်းကို လာထား၊ ကြက်သည်းဟင်းရွက်ပြုတ်
လာသောက်၊ ဒါပဲ။ ဒီလိုလုပ်ထားတော့ ရောဂါမဖြစ်ဘဲ ပိုက်ဆံလိုချင်လို့ အကြံ အဖန်လုပ်တာတွေ
လည်း မရှိတော့ဘူး။အချင်းချင်းမို့ တိုးတိုးတိတ်တိတ်ပြောရဦးမယ်၊ တစ်နှစ်လုံး ၀န်ထမ်းခ၊ ရုံးခန်းခနဲ့
ဆေးရွက်ဖိုးတွေပေါင်းရင် သိန်း ၁၀၀ တောင် မကုန်ဘူး။ တချို့ ကားစီးတာကို အားကျလို့ကားဝယ်
စီးလိုက်ဦးမယ်"
"ကြွက်နီရယ် မင်းသာ အမ်ဘီအေတွေ ဘာတွေ တက်မိရင် ဘယ်လောက်များ စီးပွားဖြစ်နေမလဲ
မသိဘူး"
"အဲဒီလိုတော့ တပ်အပ်ပြောလို့မရ ပေဘူး။ အဲဒီပညာတွေတတ်ထားခဲ့ရင် ဒီလိုလဲ တွေးမိချင်မှတွေး
မိမယ်။ ခင်ဗျား လိုပေါ့၊ ဂျာနယ်ထုတ်တာနဲ့ လက်ဝှေ့ပွဲ သွင်းတာကလွဲရင် ငွေမရှာတတ်သလို ဖြစ်
သွားမှာပေါ့" ဆိုပြီး ကိုယ့်ကိုပါ ခလုတ်တိုက်နေလို့ မင်းကတော့ကွာဆို ပြီး ဘာမှမတုံ့ပြန်နိုင်ဘဲ
ပြန်လာခဲ့ရ ကြောင်းပါ။
ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။

No comments:

Post a Comment