Sunday, December 9, 2012

ခါတော်မီသင်တန်း

မရောက်တာလည်းကြာ၊ သတင်းလည်း ဘာမှမကြားရဖြစ်နေတဲ့ တပည့်ကျော် မောင်ကြွက်နီရဲ့
အဆောင်ကိုလိုက်သွား မိတယ်။ ဟုတ်တယ်လေ၊ တစ်ယောက်တည်းနေတဲ့ လူပျိုကြီးဆိုတော့
ပုပ်စော် နံမှ ဘေးအခန်းက တံခါးဖျက်ဝင်ကြည့် ရတယ်ဆိုရင် လူကြားမကောင်း သူကြား
မကောင်းဖြစ်ဦးမယ်။
ဒါပေသိဗျာ သူ့အခန်းရောက်တော့ ဒီလောက်ကျဉ်း ကျပ်တဲ့အခန်းထဲမှာ လူတွေကအပြည့်။
ထင်တဲ့အတိုင်းများဖြစ်နေပြီလားဆိုပြီးသူ့အခန်းဝအရောက်-
(ကြွက်) အားလုံးညီညီညာညာဆိုကြ နော်၊ ဒီကိစ္စဟာလုံးဝပွင့်လင်းမြင်သာမှု မရှိဘူး၊ ပွင့်လင်း
မြင်သာဖို့လိုတယ် (ပရိသတ်များ) ဒီကိစ္စဟာ လုံးဝပွင့်လင်း မြင်သာမှုမရှိဘူး။ ပွင့်လင်းမြင်သာဖို့လို
တယ်။
(ကြွက်) ထရန်စပန်လင်စီရှိဖို့ လို တယ်။ (ပရိသတ်) ထရံနဲ့ စပါးလင်ဆီရှိဖို့ လိုတယ်။
(ကြွက်) နင်တို့ကြီးတော် ထရံနဲ့ စပါး လင်ဆီ ရှိရမှာလား။ ဒါက ခုနစကား ပွင့်လင်းမြင်သာမှုကို
ဘိုလိုပြောတာ။ နိုင်ငံခြားသားတွေ နားလည်အောင်ရယ်၊ ကိုယ်အဆင့်ရှိတာပြဖို့ရယ် တစ်လုံး
တလေ ဘိုလိုညှပ်အော်ရတယ်၊ ပြန်ဆို၊ ထရန်စပန်လင်စီရှိဖို့ လိုတယ်။
(ပရိသတ်) ထရန်စပန်လင်စီရှိဖို့ လိုတယ်။
(ကြွက်) သဘာဝပတ်ဝန်းကျင် ညစ် ညမ်းမှုဒဏ်ကို ပြည်သူတွေပဲခံနေရ တယ်။
(ပရိသတ်) သဘာဝပတ်ဝန်းကျင် ညစ် ညမ်းမှုဒဏ်ကို ပြည်သူတွေပဲ ခံနေရ တယ်။ ကြွက်နီက
အခုမှ မာဂျေ့ကို မြင်သွားပုံရတယ်။ ခဏစောင့်ဦးဆိုတဲ့ပုံစံနဲ့ လက်တစ်ဖက် ကာပြတယ်။ ဒီကောင်
ဘာတွေ လုပ်နေတယ်ဆိုတာ မာဂျေမစဉ်းစား တတ်တော့ဘူး။ နိုင်ငံရေးလုပ်တယ်ပြော ရမလား၊
နိုင်ငံရေးသင်တန်းပို့ချနေတာလား ပြောရအောင်ကလည်း သင်တန်းခန်းမနဲ့ ရုံးခန်းနဲ့ ဘာနဲ့မဟုတ်ဘဲ
သူ့ အခန်းထဲမှာ-
(ကြွက်) တောင်းဆိုတာမရရင် သမ္မတ ကြီးအထိ တိုင်ကြားမယ်။
(ပရိသတ်) တောင်းဆိုတာမရရင် သမ္မတကြီးအထိ တိုင်ကြားမယ်။
(ကြွက်) နယ်ချဲ့ အရင်းရှင်စနစ် ကျဆုံး ပါစေ။ (ပရိသတ်) နယ်ချဲ့အရင်းရှင်စနစ် ကျဆုံးပါစေ။
(ကြွက်) ဒီနေ့တော့ ဒီလောက်ပဲ။ အခုရွတ်ဆိုခဲ့တာတွေကို မနက်ဖြန် ကျရင် တစ်ယောက်ချင်း
ထဆိုပြရမယ် နော်။ မြင်းပြေးသလို ဒေါင်းဒေါင်းပြေး ရွတ်နိုင်မှ အလုပ်ရမှာ၊ ကဲ ပြန်ကြ တော့။
သူ့အခန်းထဲကနေ ထွက်သွားသူတွေ ကုန်အသွားမှာ ကြွက်နီနားကပ်ပြီး ဟကောင် ဘာတွေ
မဟုတ်တရုတ် ကြံစည်နေတာလဲ။
အစ်ကိုကြီးကလဲဗျာ၊ ဒါအလုပ်လုပ် နေတာဗျ။ ဆန္ဒပြမယ့် သူတွေကို အကြိုသင်တန်းပေးဖို့
အဖွဲ့အစည်း တစ်ခုက လာအပ်သွားလို့။ ငါ့လခွမ်းတဲ့မှ..ကြားကြားဖူးပါဘူး ကွာ။ ဆန္ဒပြတဲ့သူ
တွေကိုများ သင်တန်း ပေးရတယ်လို့။ အစ်ကိုကြီးက ခေတ်ဟောင်းမှာ တော် တော်ကျန်ခဲ့ပြီ။
အခုခေတ်က ဘာခေတ် လဲ၊ ဒီမိုကရေစီခေတ်ဗျ။ မကျေနပ်ရင် ဆန္ဒပြလို့ရတယ်။ ဒါကြောင့်
ဆန္ဒပြလိုက လူအင်အားအလုံအလောက် ငှားရန်ရှိသည်ဆိုပြီး စီးပွားရေးလုပ်မလို့ကြံနေတာ။

ပိုက်ဆံမရှိလို့ ရုံးခန်းမငှားနိုင်တာနဲ့ အဲဒီလိုဆန္ဒပြ အကျိုးဆောင်အဖွဲ့တွေဆီကနေ လက်ခွဲဆပ်
ကန်ထရိုက်ယူပြီး အော်နည်းဟစ်နည်း သင်တန်း ပေးနေ တာ။ သူတို့များ ပိုက်ဆံရှိတော့
ဆန္ဒပြမယ့်အဖွဲ့တွေက လာလာငှားတာ လက်တောင် မလည်ဘူး။ ဆန္ဒပြဖို့ လျှောက်လွှာ
တင်ပေးတာကနေ တီရှပ်ဆင်တူ ရိုက်ပေးတာအလယ်၊ တရားအစွဲမခံရအောင် ဥပဒေအကြံပေး
ခန့် ထားတာ အဆုံး ၀မ်းစတော့ ဆားဗစ် (one stop service) ပေးနေကြတာ။
ဗုဒ္ဓေါ၊ ငါသိတဲ့ဆန္ဒပြနည်းကတော့ နစ်နာသူတွေက သူတို့ဖြစ်ချင်တဲ့ဆန္ဒကို ဖော်ထုတ်တာ၊
မင်းတို့ဟာကြီး မဟုတ် သေးပါဘူး။ ဟုတ်လို့မှ ဟုတ်ဟုတ်တောင် မြည်နေ သေးတယ်။
အဲဒီလို နစ်နာသူတွေက လူနည်းစုဖြစ်နေရင် အခုလိုသင်တန်း ပေးထားတဲ့သူတွေက ပူးပေါင်းပြီး
အော် ဟစ်ပေးကြမှာပေါ့ဗျ။ ကိုယ့်အလုပ်ကိုယ်ပစ်ပြီး အော်ရအောင် သူတို့ကို ဘယ်သူက
ထမင်းကျွေး မှာမို့လဲ။ ဒါကြောင့်ခင်ဗျားကြီးကိုခပ်တုံးတုံး လို့ ပြောတာပေါ့။ သွားအော်တာကိုက
သူတို့အလုပ်ပဲ။ ဒီအတွက် ကမကထလုပ် သူတွေဆီက ထမင်းဖိုးရော နေ့တွက်ရော ၀တ်စရာ
တီရှပ်ရော ရမှာ။
အော် ဒီမိုကရေစီငွေရှာနည်းပေါ့ နော်။ လာပြီး ငေါ့မနေနဲ့။ သမ္မတကြီးပြော တဲ့ ဆင်းရဲမွဲတေမှု
ပပျောက်ရေးအတွက် ကျွန်တော်က တစ်တပ်တစ်အား ပါဝင် ဆောင်ရွက်ပေးနေတာ။
မင်းလုပ်တာနဲ့ပဲ သမ္မတကိုတောင် အကြည်ညိုပျက်ရမယ့်သဘောဖြစ်နေ ပြီ။ ဒါထက်မသိလို့
မေးပါရစေ၊ ဒီလူတွေ က အငှားအော်တာဆိုတော့ တကယ် ရော မာန်ပါပါ့မလား။
ဟာ ဟာ ဟ၊ ဟိုဘက်တောင်လွန်သေး တယ်။ တကယ်မကျေနပ်လို့ ဆန္ဒပြတဲ့သူ တွေက
သူတို့ကိုတောင် ပြန်တားနေရ သေးတယ်။ ဟိုဟာမျိုးပေါ့ဗျာ၊ ဘုန်းကြီး ပျံမှာ မင်းသမီးက
ခေါင်းတစ်လားလေး လွှဲပြီး ဆရာတော်ဘုရားရဲ့ တပည့်တော် တို့ကို တရားပြပါဦးလားဆိုပြီး
ငိုသံလေး နဲ့ နှပ်ကလေးညှစ်ပြလိုက်ရင် ဘေးက ပရိသတ်က မျက်ရည်အစစ်တွေ ထွက်၊
စိတ်မထိန်းနိုင်သူတွေက တကယ် အော် ဟစ် ငိုကြတာလိုမျိုးပေါ့။ အဓိကက ရှေ့ ကနေ
နှပ်ကြောင်းပေးပြီးအော်ပြဖို့လို တာ။ ကြွက်နီရယ် မင်းခေါင်းထဲက အကြံ ဉာဏ်တွေက
ကြောက်ခမန်းလိလိပါ လား၊ ငါတောင်မင်းကိုကြောက်လာပြီ။ မကြောက်ပါနဲ့၊ ခင်ဗျားကြီးကသာ
ငွေအလွယ်ရှာနည်းမသိလို့ လက်ဝှေ့ပွဲ သွင်းလိုက်၊ ဂျာနယ်ထုတ်လိုက် လုပ်နေရ တာ။
ဒီမိုကရေစီခေတ်ဆိုတာ ငွေရှာ တတ်ရင်အလွယ်လေး။ တော်ပါကွာ၊ ဒါမျိုးတော့ တစ်သက်လုံး
မလုပ်ဘူး။ မင်းတို့လုပ်ပေါက်နဲ့ ဒီမို ကရေစီပါ နာမည်ပျက်တော့မယ်။ မဟုတ်ဘူးလေဗျာ၊
သူ့စနစ်ကိုက အများသဘောတူတာ လုပ်ကြစတမ်း ကို။ ဒီတော့ ကိုယ်လုပ်ချင်တဲ့ဘက်က
လူများအောင် မားကက်တင်းလုပ်ရတာ ပေါ့။ သူ့ကိုယ်သူ မားကက်တင်းဆရာကြီး ဆိုပြီး
ဒါလေးတောင်နားမလည်ဘူး။ မသေမချင်းမှတ်ထား၊ ဂရိတွေးခေါ် ပညာရှင်ကြီး ဆော့ကရေးတီး
လည်း မှန်တာပြောတာပဲ။ ဒါပေသိ ဒီမိုကရေစီစနစ်အရ သူ့ကိုကြည့်မရသူတွေက မဲများသွားတော့
သူသေဒဏ်အပေးခံရတယ် မဟုတ်လား၊ ဒီသဘောပဲ။ မှားချင်မှား မယ်၊ မှန်ချင်မှန်မယ်၊ အဓိက
ကတော့ အုပ်စုတောင့်ဖို့ပဲ။ ရှေ့ကနေသာအော်ပြ ဟစ်ပြလုပ်လိုက်၊ ဘာမှန်းမသိလို့ လိုက်ကြည့်သူ
တွေက နောက်မှာအများကြီးပါ လာလိမ့်မယ်။ မောင်ကြွက်နီရယ်၊ တိုင်းပြည်က ခုမှ စနစ်အသစ်ကို
သွားပြီး တိုးတက်မလို့ ကြံရုံရှိပါသေးတယ်။ မင်းတို့ ပျက်အောင် မဖျက်ကြပါနဲ့။
လျှောက်ပြောမနေနဲ့၊ တိုင်းပြည်ကသူ့ဟာနဲ့သူရှိပြီးသား၊ ခင်ဗျားကြီး အခုသိတာတွေကို လျှောက်ရေး
မနေနဲ့။ငြိမ်ငြိမ်နေ။ ကြည့်မရရင် ကျွန်တော့ သင်တန်းသားတွေကို ခင်ဗျားရုံးရှေ့ လာအော်ခိုင်းပြီး
သင်တန်းဆင်းစာမေးပွဲ စစ်ပစ်လိုက်မယ်။ တော်ပါမောင်ရယ်၊ မင်းဟာမင်း စီးပွားရှာတာ ကြိုက်သလို
သာရှာပါ တော့။ ငါ့ရုံးရှေ့လည်း လာမအော် ခိုင်းပါနဲ့။ ခုကတည်းက မင်းကို အရှုံးပေး ပါတယ်လို့
ပြောလိုက်တော့ သင်းက အဲဒါပေါ့၊ ခင်ဗျားလိုလူတောင် ကြောက်သွားတယ်ဆိုတော့ ကျန်တဲ့သူ
ဆို ပြောမနေနဲ့၊ အခုလို စပ်ကူးမပ်ကူး ခေတ်မှာ ထင်ရာလုပ်လို့ အကောင်းဆုံး ဗျ။
အစိုးရကလည်း ဒီမိုကရေစီပါးမ၀ သေးတော့ အော်နိုင်တဲ့သူ နိုင်တာပဲ။ ပြည်သူတွေကလည်း
ဒီမိုကရေစီစနစ်နဲ့ အညီ လိုက်နာရမယ့်တာဝန်တွေ သိသေး တာ မဟုတ်ဘူး။ သူတို့ကလည်း
အော်ရင်ရမယ်ပဲ ထင်နေတာ။ ဒီလိုအချိန်မျိုးမှာ လိုအပ်နေတဲ့ သင်တန်းဖွင့်ပြီး စီးပွားရှာနေရတာ။
မြေကွက် ကောင်းကောင်းကို အောက်ဈေးနဲ့ တောင်းလိုက်၊ လက်လွှဲရောင်းလိုက်၊၊
ဟိုနေရာလုပ်ပိုင်ခွင့် တောင်းလိုက် ရောင်းစားလိုက်နဲ့ စီးပွား ရှာနေသူတွေထက်စာရင် ကျွန်တော့
အလုပ်က သမ္မာအာဇီဝ ကျပါတယ်ဗျဆိုပြီး အကိုးအကားခိုင်ခိုင်နဲ့ ရှင်းပြနေလို့ မာဂျေတစ်ယောက်
ပြန်မချေပနိုင်ဘဲ ခေါင်းငိုက်စိုက်နဲ့ ပြန်ခဲ့ရကြောင်းပါ။
ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။

No comments:

Post a Comment