Wednesday, August 3, 2011

မေတ္တတရားသည်သာ

သဇင်ရနံ့ပုရိတ်သတ်တွေကို အီဒီယမ်အသုံးအနှုန်း တွေကို  ပုံမှန်မတင်ပေးနိုင်ခဲ့တဲ့အတွက် ပထမဦးစွာ
တောင်းပန်ပါတယ်။အလုပ်တွေများနေတာကတကြောင်း၊  စိတ်မချမ်းသာစရာလေးတွေရှိနေခံတာတွေ
ကြောင့်တကြောင်းစတဲ့အကြောင်းကြောင်းတွေကြောင့်ကိုယ့်ဘလော့ဂ်ပေါ်မှာပုံမှန်တင်ပေးနေကြပေါ့စ်
တွေတင်ဆက်ဖို့လစ်ဟင်းခဲ့ရတယ်။
အော်စိတ်မချမ်းသာစရာဆိုလို့အခြားကြောင့်တော့မဟုတ်ပါဘူး။မဖြစ်စဖူးနော်ဝေးနိုင်ငံမြို့ တော်အိုစလို
မာ ဗုံးကွဲတာတွေ၊တခါ အူးတိုယာ ကျွန်းပေါ်မှာ အသက်  ၁၄နှစ်ခလေး နှစ်ယောက်အပါအ၀င်  လူငယ်
၇၀နီးပါးအသတ်ခံရတာတွေကြောင့်ပါ။ကိုယ့်မှာဆွေမျိုးသားချင်းတွေမပါပေမယ့်   စိတ်မကောင်းပါဘူး။
မိတ်ဆွေ နော်ဝေလူမျိုးတယောက်ပြောသလို လူငယ်တွေဆိုတာဒီတိုင်းပြည်ရဲ့အနာဂတ်ပါ။လူငယ်တွေ
ကိုသတ်တာဟာ ဒီတိုင်းပြည်ကိုဖျက်ဆီးလိုက်တာနဲ့အတူတူပဲတဲ့။ဟုတ်ပါတယ်။  အသတ်ခံရတဲ့လူငယ်
တွကြားထဲမာ လက်ရှိဝန်ကြီးချုပ်ကိုယ်တိုင် တိုင်းပြည်အတွက်အားထားရတဲ့လူငယ်တယောက်ဖြစ်လာ
နိုင်တယ်လို့အချီမွှမ်းခံထားရတဲ့လူငယ်လူတော်လေးတွေအပြင် အိမ်ရှေ့ မင်းသမီးရဲ့ခဲအိုတော်တဲ့ပုဂ္ဂိုလ်
တွေလဲပါသွားခဲ့ကြရှာပါတယ်။
သတ်တဲ့လူကတော့ ဒီတိုင်းပြည်ထဲ မာ နိုင်ငံခြားသားတွေများတာကိုတားဆီးဖို့၊အစ်စ်လမ်ဘာသာလွှမ်း
မိုးတာကိုကာကွယ်ဖို့စသည်ဖြင့်အကြောင်းပြပါတယ်။     ဘာပဲပြောပြော၊ဘယ်လိုအကြောင်းပြချက်နဲ့ပဲ
သတ်သတ်၊အသတ်ခံရတဲ့လူတွေကတော့  အပြစ်မဲ့စွာနင့်အသေဆိုးနဲ့သေခဲ့ကြရရှာပါပြီ။ဘယ်ဘာသာ
ရေးရှုဒေါင့်ကပဲကြည့်ကြည့်၊သူများအသက်ကိုမတရားသတ်ဖြတ်  ညှင်းဆဲ့တာဟာ   မကောင်းပါဘူး။ပြီး
တော့နော်ဝေနိုင်ငံဆိုတာ အေးချမ်းတဲ့နိုင်ငံ၊ကမ္ဘာပေါ်မာ  အချမ်းသာဆုံးနိုင်ငံ၊ဒီမိုကရေစီလွှမ်းမိုးတဲ့နိုင်
ငံစတဲ့ဂုဏ်သတင်းတွေနဲ့အမြဲတမ်းမွှေးနေခဲ့တဲ့တိုင်းပြည်ပါ။ဖြစ်တဲ့နေ့ကဆိုကျနော် ကိုယ့်မျက်စိတောင်
ကိုယ်မယုံနိုင်လောက်အောင်ပါပဲ။အိုစလိုဟုတ်ရဲ့လား။နော်ဝေမှာဖြစ်တာဟုတ်ရဲ့လား။   တီဗွီစတေးရှင်း
မာအလုပ်လုပ်တဲ့ဝန်ထမ်းတွေများ စာလုံးပေါင်းမှားပြီးရေးမိကြသလား။   စက်ပိုင်းဆိုင်ရာများချွတ်ယွင်း
လို့များလားပေါ့လေ။ဗုံးပေါက်တာတို့၊အကြမ်းဖက်တာတို့ဆိုတာ    ကျနော်တို့မြင်တွေ့နေတာက အရှေ့ 
အလယ် ပိုင်းတို့၊အာဖဂန်တို့မှာပဲဖြစ်နေကြတာကိုး။နော်ဝေးမာဖြစ်ဖို့ဆိုတာ         ဘယ်သူကမှအိမ်မက်
တောင်မက်မိကြမှာမဟုတ်ပါဘူး။
အော်ဒါပေမယ့်လဲ လောကမှာ    ဘယ်အရာကိုမှပုံသေတွက်လို့ရတာမှမဟုတ်ပဲ။
လောကမှာ ပုထုဇဉ်ဆိုတာ လောဘ၊ဒေါသ မောဟတွေကင်းကြတဲ့လူတွေမှမဟုတ်တာ။     ကမ္ဘာကြီးရဲ့
ဘယ်နေရာမှာပဲ နေနေ နေတဲ့ အမည်ဒေသသာ  ကွာမယ်။ပုထုဇဉ်တွေမှာဖြစ်တတ်တဲ့သဘာဝတွေက
တော့မကွာကြပါဘူး။ခန္ဓာငါးပါး၊ရုပ်နမ်းနှစ်ပါးနဲ့ဖွဲ့စည်းထားတဲ့သတ္တ၀ါချဉ်းပဲမို့  ဒီလိုအဖြစ်အပျက်တွေက
တော့နောင်လဲ ဖြစ်နေကြအုံးမှာပါပဲ။
ဒါကြောင့် ယူနီဗာဆယ်လော လို့ခေါ်တဲ့ မေတ္တ၊ဂရုနာ၊မုဒိတာ၊ဥပေက္ခါ   စတဲ့ဗြမ္မစိုရ်တရား တွေကျနော်
တို့လူသားကမ္ဘာကြီးမှာ၊ဒီစင်္ကြာဝဠာ ကြီးတခုလုံးမာ      ထွန်းကားနိုင်အောင်ကျနော်တို့အားလုံးဝိုင်းဝန်း
ကြိုးစားကြဖို့လိုပါတယ်။ဒါမှ ကျနော်တို့ရဲ့လူသားမျိုးဆက်တွေ၊ သက်ရှိသတ္တ၀ါတွေ အားလုံးအေးချမ်းတဲ့
ကမ္ဘာထဲမာ၊စကြာင်္ဝဠာထဲမှာ အေးချမ်းစွာနင့် စိုးရိမ်သောက ကင်းစွာနင့် နေထိုင်နိုင်ကြမှာပါ။

အေးချမ်းတဲ့ကမ္ဘာကြီးကိုတည်ဆောက်ကြပါစို့။

No comments:

Post a Comment