Sunday, November 13, 2011

လင်မယား ကွာရှင်း ပြတ်စဲခြင်းကြောင့် အမျိုးသမီးများတွင် ဆံပင်ကျွတ်စေနိုင်

လင်မယား ကွာရှင်းပြတ်စဲတာက စိတ်ဆင်းရဲ ဒုက္ခတွေ ခံစားရရုံ သာမကဘဲ
အမျိုးသမီးတွေမှာ ဆံပင်ကျွတ်စေတယ် ဆိုတာကိုပါ လေ့လာမှုတွေအရ သိရှိခဲ့ပါတယ်။လေ့လာတွေ့ရှိမှု အသစ်တစ်ခုက ခင်ပွန်းသည်နဲ့ ကွာရှင်းတာ၊ ဒါမှမဟုတ် ခင်ပွန်းသည် သေဆုံးသွားတဲ့ အမျိုးသမီးတွေဟာ တစ်ကိုယ်တည်း အပျိုကြီးတွေနဲ့ သာယာတဲ့ အိမ်ထောင်တစ်ခုကို ပိုင်ဆိုင်ထားသူ အမျိုးသမီးတွေထက် သိသိသာသာ ဆံပင်ကျွတ်နိုင်တဲ့ အခွင့်အလန်း ပိုများတယ်လို့ ဆိုပါတယ်။ လင်မယား ကွာရှင်းပြတ်စဲတာ ဒါမှမဟုတ် ခင်ပွန်းသည် သေဆုံးသွားတဲ့ အမျိုးသမီးတွေဟာ စိတ်ဖိစီးမှု ဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားရတတ်ပါတယ်။ ဒါကြောင့် အရက်နဲ့ ဆေးလိပ်တွေကို အလွန်အကျွံ သောက်သုံးမိရာက အမျိုးသမီးတွေမှာ ဆံပင်ကျွတ်စေတာလို့ မျက်နှာအစားထိုး ခွဲစိတ်ကုသပညာရှင် ဒေါက်တာဂူယူရွန် ကပြောပါတယ်။
အမျိုးသားတွေမှာတော့ ဆေးလိပ်သောက်တာ ၊ အရက်သောက်တာနဲ့ ဆံပင်ကျွတ်တာက ဆက်စပ်မှု မရှိတာကိုတွေ့ရပါတယ်။ အမျိုးသားတွေ အများဆုံး ဆံပင်ကျွတ်စေတဲ့ အကြောင်းတွေကတော့ နေရောင်ခြည်နဲ့ ထိတွေ့မှုများတာ၊ကင်ဆာရောဂါ ရာဇဝင်ရှိတာနဲ့ တစ်နေကုန် တီဗီထိုင်ကြည့်တာ တွေနဲ့သာ ဆက်စပ်နေပါတယ်။ ဒါပေမဲ့ဖြစ်နိုင်တဲ့ အကြောင်းတွေက တစ်ဦးနဲ့တစ်ဦး မတူညီနိုင်ပါဘူး။
အမျိုးသမီး ၈၄ ဦး ပါဝင်တဲ့ လေ့လာမှုအရ ဆေးလိပ်သောက်တဲ့ အမျိုးသမီးတွေဟာ နားထင်နားမှာရှိတဲ့ ဆံပင်မွေးတွေ အများဆုံး ကျွတ်တတ်ပြီး ဆီးချို သွေးချိုရောဂါရှိတဲ့ အမျိုးသမီး တွေမှာတော့ ဦးခေါင်းထိပ်က ဆံပင်တွေ ပိုကျွတ်စေပါတယ်။အမျိုးသမီးတွေ ဆံပင်ကျွတ်တာက အအိပ်လွန်တာနဲ့လည်း သက်ဆိုင်တယ်လို့ ဒေါက်တာဂူယူရွန်က ပြောပါတယ်။ အရက်အစား ကော်ဖီ သောက်တယ်၊ ဦးရေပြားကို နေရောင်ခြည် မထိတွေ့နိုင်အောင် ထီး၊ ဦးထုပ်ဆောင်းတယ်၊ သာယာတဲ့အိမ်ထောင်ရေးကို တည်ဆောက်ထားနိုင်တယ်ဆိုရင် ဆံပင်ကျွတ်နိုင်ခြေ နည်းတယ်လို့ ဒေါက်တာဂူယူရွန်က ထပ်မံပြောကြားခဲ့ပါတယ်။ အမျိုးသား ၆၆ ယောက်ကို လေ့လာခဲ့တဲ့ဒုတိယလေ့လာမှုမှာတော့ အမျိုးသားတွေက ဆေးလိပ်သောက်တာ၊ နေရောင်ခြည် ထိတွေ့မှုများတာ၊ ခေါင်းမှာ ဗောက်ရှိတာတွေက ဆံပင်ကျွတ်စေတဲ့ အကြောင်းတွေဖြစ်ပေမယ့် နေရောင်နဲ့ ထိတွေ့မှုများတာ၊ ကင်ဆာရောဂါ ရာဇဝင် ရှိဖူးတာတွေက ဆံပင်ကို သိသိသာသာ ကျွတ်စေတယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။
လေ့ကျင့်ခန်းပုံမှန်မလုပ်တာ၊ သွေးတိုးရောဂါ ရှိတာတွေကလည်း အမျိုးသားတွေမှာ ထိပ်ပြောင်စေတဲ့ အကြောင်း တွေဖြစ်နေပါတယ်။ နယူးယော့မှ အရေပြား အထူးကုဆရာဝန် ဒေါက်တာဒိုးရစ်ဒေး က လင်မယားကွာရှင်းတာက အမျိုးသမီးတွေမှာ ဆံပင်ကျွတ်စေတဲ့ အဓိကအကြောင်းလို့ ထုတ်ဖော်ခဲ့ပါတယ်။ ဘယ်လိုအကြောင်း ကြောင့်ပဲဖြစ်ဖြစ် စိတ်ဖိစီးမှုက ဆံပင်ကျွတ်စေတဲ့ အဓိကအကြောင်းလို့ ဆိုပါတယ်။ ဒါဟာ ရှင်းပြရခက်ခဲတဲ့ စိတ်နဲ့ခန္ဓာကိုယ်ရဲ့ အလွန်ဆန်းကြယ်တဲ့ ဆက်စပ်မှုပဲ ဖြစ်ပါတယ်။ဒါကြောင့် ဘဝမှာ ကြီးမားတဲ့ ပြောင်းလဲမှုတွေနဲ့ ကြုံတွေ့ရတဲ့အခါ စိတ်ကို တည်ငြိမ်အောင် ထိန်းနိုင်ဖို့ ကြိုးစားသင့်ပါတယ်။ဆံပင်ကျွတ်တာအတွက် ဆံပင်ပြန်ပေါက်စေတဲ့ နည်းလမ်းကောင်းတွေ များစွာရှိပါတယ်။ ဒါပေမဲ့ သင့်ဘဝအတွက် အဆိုးဆုံးအချိန်မှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ပြီး ရွေးချယ်မှု မှန်ကန်စေဖို့ အကောင်းဆုံး လုပ်ဆောင်သင့်တာက သင့်စိတ်ကို တည်ငြိမ်အောင် ကြိုးစားပြီး ဦးနှောက်ကို အလုပ်ပေးလိုက်ပါ။
အလင်း(ဆေးဝါး)
ပြည်မြန်မာ သတင်းဂျာနယ်မှကူးယူဖေါ်ပြပါသည်။

No comments:

Post a Comment