ရခိုင်ပြည်နယ် အတွင်းယခုအခါလာဒ်ပေးလာဒ်ယူမူနှင့် အတင်းငွေကြေးကောက် ခံမူများ
အထူး တိုးပွားလာနေသည်ဟု မောင်တော ဒေသခံ တဦးက ပြောသည်။ သူက “အခုအ
ခါငွေတောင်းတာလာဒ်ပေးလာဒ်ယူမူလုပ်တာကကျနော်တို့ ပြည်နယ်ထဲမှအထူးတိုးပွား
နေပါတယ်။ ခုလိုဖြစ်တာက ၂၀၁၀ခုနှစ်ရွေးကောက် ပွဲနဲ့ သက်ဆိုင်နေပါတယ်” ဟုပြော
သည်။
၎င်းပြင်သူက"၂၀၁၀ခုနှစ်ရွေးကောက်ပွဲပီးရင်နအဖဆိုတာမရှိတော့ဘူး။ရှိရင်လည်းတခြား
၎င်းပြင်သူက"၂၀၁၀ခုနှစ်ရွေးကောက်ပွဲပီးရင်နအဖဆိုတာမရှိတော့ဘူး။ရှိရင်လည်းတခြား
နာမည်တခြားအုပ်ချုပ်ရေးပုံစံနဲ့လာတော့မယ်။ ခုရှိနေတဲ့စစ်တပ်ကအရာရှိတွေ၊ဌာနဆိုင်
ရာဝန်ထမ်းတွေ၊မယကခယကတို့ ဆိုတာအာဏာရှိ ချင်မှရှိတော့မယ်။သူတို့ကဒါကိုသိ
နေတဲ့ အတွက်ရွေးကောက်ပွဲမတိုင်မှီရတာကိုလိုက်ပြီးစုကြရမယ်ဆိုတဲ့သဘောမျိုးနဲ့မြင်
တဲ့နေရာရနိုင်တဲ့နေရာတွေကငွေတွေကိုအတင်းကောက်အတင်းတောင်းခုလိုလုပ်နေကြ
တာဖြစ်ပါတယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ်အတွင်းရှိစစ်တပ်အရာရှိများ၊ရဲနှင့်နစကအရာရှိများ၊ခရိုင်နှင့်မြို့ နယ်အဆင့်
အရာရှိများမှာယခုတလောအတင်းအဓမ္မငွေကြေးတောင်းခံမူကောက်ယူမူအထူးတိုးပွားခဲ့
သည်။စစ်တွေတွင်ဆန်ဆိုင်များအပါအ၀င်ကုန်စုံဆိုင်များ၊ဈေးတွင်းရှိဈေးဆိုင်များတွင်
လည်းအကြောင်း အမျိုးမျိုးပြ ငွေကြေး ကောက်ခံမူများတိုးပွားလာနေသည်ဟုသိရသည်။
၎င်းပြင်မော်တော်ပီကေများမှလည်းငွေအတောင်း ကြမ်းသဖြင့်ယခုအခါ စစ်တွေတွင်ဆိုင်
ကယ်များလမ်းပေါ်မထွက်ရဲဘဲ ဖြစ်နေ ကြသည် ဟု သတင်းရရှိသည်။
နရဉ္ဖရာသတင်းဌာနမှ ကူးယူဖေါ်ပြသည်။
နရဉ္ဖရာသတင်းဌာနမှ ကူးယူဖေါ်ပြသည်။
No comments:
Post a Comment