Saturday, September 5, 2009

အွန်လိုင်းပေါ်ကဟာသများ(၁)

"ဖေဖေ ၊ သားကျောင်းစာကို ကူပါဦး ၊ နိုင်ငံရေးဆိုတာ ဘာလဲတဲ့ "
မောင်ဖြူစင်က သူ့ဖခင်အား အကူအညီတောင်းလိုက်သည်။
ဖခင်က…" အေးသားသားသဘောက်ပေါက်အောင်အတိုချုပ်ရှင်းပြမယ်။ဖေဖေက ပိုက်ဆံ
ရှာပြီး အိမ်ယူလာတယ်၊ဖေဖေ့ကို အရင်းရှင်လို့ ခေါ်နိုင်တယ်။သားမေမေက ဒီပိုက်ဆံတွေ
ကို စနစ်တကျ စီမီခန့်ခွဲပြီးသုံးစွဲတယ်။ဒါ့ကြောင့်သားမေမေကိုအစိုးရလို့ခေါ်နိုင်တယ်။ဖေေ
ဖတို့ကသားကိုပြုစုစောင့်ရှောက်တယ်။ဒါ့ကြောင့်သားကို ပြည်သူလို့ခေါ်ရမယ်။သားရဲ့ ညီ
လေးကိုကြတော့ အနာဂတ်လို့ခေါ်ရမယ်၊ ရှင်းရဲ့လားသား ဒါဟာ နိုင်ငံရေးပဲ။ "
အဲဒီလိုနဲ့ ညလယ်သန်းခေါင်းယံအချိန်တွင်မောင်ဖြူစင်လေးသည်။ကလေးငိုသံကြားသဖြင့်
သွားကြည့်ရာ သူ၏ညီလေးမှာ အနှီးထဲတွင်အညစ်အကြေးများ(ချီး)ပေကျံနေသည်ကိုတွေ့
ရသည်။အဲဒါနဲ့ သူဟာသူ့အဖေ နဲ့ အမေအိမ်ခန်းသို့တခါးဖွင့်ဝင်ကြည့်ရာမိခင်တစ်ယောက်
တည်း အိပ်မောကျနေသည်ကို တွေ့လိုက်ရတယ်။ဒါနဲ့မောင်ဖြူစင်လေးဟာမိခင်ကိုလှုပ်နိုး
သော်လည်းမနိုးသဖြင့်အိမ်ဖော်မလေးရဲ့ အခန်းကိုဝင်ကြည့်ရာအိမ်ဖော်နှင့်အတူဖက်လျက်
အိပ်နေသောဖခင်ကိုတွေ့လိုက်ရတယ်။ဒီလိုနဲ့မောင်ဖြူစင်လေးဟာဒေါသထွက်ပြီးအိပ်ခန်း
သို့ ပြန်သွားလေသည်။
နောက်တစ်နေ့ နံနက်ကျောင်းသို့ရောက်သည့်အခါမှာ....
" ဆရာမ ကျနော် နိုင်ငံရေးအကြောင်း နားလည်ပြီလို့ ထင်ပါတယ် "
"မောင်ဖြူစင်ရယ်၊တော်လိုက်တဲ့ကလေးလေးကွယ်၊တစ်တန်းလုံးသိအောင်ရှင်းပြပါကွယ်"
ဒီလိုနဲ့ မောင်ဖြူစင်လေးဟာ နိုင်ငံရေးအကြောင်းကို ဆရာမနှင့် သူ့အခန်းဖော်သူငယ်ချင်း
စာသင်သားတွေကိုပြောပြလိုက်တာက…။
"အလုပ်သမားလူတန်းစားဟာအရင်းရှင်နဲ့ ဖောက်ပြန်နေတယ်၊အစိုးရကတော့အိပ်နေတာ
ပဲ။ပြည်သူကို လုံးဝ ပစ်ထားတယ်၊ အနာဂါတ်ဟာလဲ ညစ်ပတ်နံစော်နေတာပဲ "

ဒီဟာသတွေကို မျှဝေပေးတဲ့ညီလေး ခိုင်မြတ်စိုး ကိုကျေးဇူးတင်ပါတယ်။
ပြည်သူတွေရယ်မောရင်းနင့်ဘ၀အမောတွေပြယ်နိုင်ကြပါစေ။

No comments:

Post a Comment