Sunday, July 17, 2011

မိခင်နို့ချိုတိုက်ကျွေးခြင်းဟာ မိခင်အတွက်လည်းကောင်းကျိုးရှိနေ

အမေရိကန်နိုင်ငံ ဟားဗတ် ဆေးပညာကျောင်းမှ      သုတေသီ တဖွဲ့ရဲ့လေ့လာချက်အရ မိခင်က နို့ချို
တိုက်ကျွေးခြင်းဟာ ကလေးရော မိခင်အတွက်ပါ   ကောင်းကျိုးရှိနေပြီး တနှစ်ကြာ နို့တိုက်ပါက အမျိုး
အစား-၂ ဆီးချိုရောဂါ အလားအလာ ကို မိခင်မှာ    ၁၅ ရာခိုင်နုန်း လျှော့ချပေးတယ်လို့သိရပါတယ်။

နို့တိုက်ခြင်းရဲ့ အာနိသင်ဟာ နောက်ဆုံးကလေးမွေးဖွားပြီး     ၁၅ နှစ်ကြာတဲ့အထိ ကာကွယ်မှုပေးနေ
တယ်လို့ဆိုပါတယ်။သုတေသနရလဒ်ရဲ့အဆိုမှာ ကလေး  ၂ ဦး ရယူပြီး တဦးစီကို တနှစ်ကြာ နို့တိုက်ခဲ့
ပါက ဆီးချိုအလားအလာကို သုံးပုံတပုံထိ လျှော့ချပေးတယ်လို့သိရပါတယ်။ယခင် လေ့လောချက်များ
အရ နို့ချိုတိုက်ကျွေးခြင်းဟာ  အင်ဆူလင်ဓာတ်အထိအတွေ့ကောင်းခြင်းနဲ့ အချိုဓာတ်ပြီးခြင်း သတ္တိတို့
ကိုဖြစ်ပေါ်စေတယ်လို့ဆိုပါတယ်။ထိုအချက် ၂    ခုစလုံးက ဆီးချိုကိုဟန့်တားပေးပါတယ်။နို့တိုက်မိခင်
များ အဆီကျ ကျန်းမာကြခြင်းမှာ နို့တိုက်ဖို့အတွက်     မိခင်ရဲ့ခန္ဓာကိုယ်မှ တရက်ကိုပျှမ်းမျှ ကယ်လိုရီ
၅၀၀ ခန့်အသုံးပြုရတဲ့အတွက် ပြေးရခြင်းနဲ့ တူညီတဲ့အတွက်ကြောင့်လို့ဆိုပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက မိခင်တွေဟာ မွေးကင်းစကလေးကို    ၆ လခန့် နို့ရည်သက်သက် တိုက်
ကျွေးသင့်ပြီး နောက်ပိုင်းမှာ အခြားအစားအစာနဲ့အတူ ၂ နှစ် ခန့်ဆက်လက်နို့တိုက်သင့်တယ်လို့တိုက်
တွန်းထားပါတယ်။

source:www.zwekabin.org

No comments:

Post a Comment