Tuesday, August 16, 2011

ဆန္ဒပြ စစ်​တွေ​ကျောင်း​သား​များ​နှင့်​ ပြည်နယ်အစိုး​ရ တာဝန်ရှိသူများ​ ​ဆွေး​နွေး

ရခိုင်ပြည်နယ် စစ်​တွေမြို့​ စစ်​တွေတက္ကသိုလ်က ရာနဲ့ ချီတဲ့​ ကျောင်း​သား​တွေဟာ ​ကျောင်း​ဖယ်ရီခ ​ဈေးမြင့်​တဲ့​ကိစ္စကို မ​နေ့​က မြို့တွင်း​ကို ချီတက်ဆန္ဒပြပြီး​ တဲ့​နောက် ဒီက​နေ့​မှာ ပြည်နယ်အစိုး​ရ တာဝန်ရှိသူ​တွေက ​ကျောင်း​သား​တွေနဲ့​ ​တွေ့​ဆုံ​ဖြေရှင်း​နေပြီး​ ထပ်မံဆန္ဒပြတာမရှိ​တော့​ဘူး​လို့​ စစ်​တွေမြို့ခံ​တွေထံက သိရပါတယ်။
တက္ကသိုလ်နဲ့​ နီး​စပ်တဲ့​ အသိုင်း​အဝိုင်း ​ပြောဆိုချက်အရ အထူး​ပြု ဘာသာရပ်တခုစီက ​ကျောင်း​သား​ ကိုယ်စား​လှယ်​တွေနဲ့ အစိုး​ရတာဝန်ရှိသူ​တွေ ​တွေ့​ဆုံ​ဖြေရှင်း​နေတာလို့ ဆိုပါတယ်။ ​ပြေလည်မှု ရမရ မသိနိုင်​သေး​ပါဘူး​။
စစ်​တွေမြို့ က​နေ နှစ်မိုင်ခွဲ​လောက် လှမ်း​တဲ့​ စစ်​တွေတက္ကသိုလ်က ​ကျောင်း​သူ​ကျောင်း​သား​တွေဟာ အရင်က ​ကျောင်း​နဲ့​မြို့​ အသွား​ ၁၀၀ ကျပ် အပြန် ၁၀၀ ကျပ်က​နေ ကား​သမား​တွေက အသွား​ ၁၀၀ ကျပ် အပြန် ၂၀၀ ကျပ်တိုး​တောင်း​တဲ့​အတွက် ကား​သမား​တွေနဲ့​ အချင်း​များ​ရာက အစိုး​ရက ​ဖြေရှင်း​ပေး​ဖို့​ မ​နေ့​က ​ကျောင်း​သူ​ကျောင်း​သား​ သုံး​ရာ​ကျော် ချီတက်လမ်း​လျှောက်ခဲ့​တာဖြစ်ပါတယ်။
အေးနိုင် DVB

No comments:

Post a Comment