Wednesday, July 22, 2009

မဲဆောက်မြို့ရှိ BHSOH ကျောင်းတွင် ရခိုင်လူငယ် ၂၂ ဦးထိ ပညာနို့ရည် သောက်စို့ခွင့် ရရှိ

ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ Boarding High school for Orphan and Help-
less Youths, BHSOH အထက်တန်း ကျောင်းတွင် ၂၀၀၉-၁၀ ပညာသင်နှစ်
၌ရခိုင်ကျောင်သားများ၏ ပညာရေးဆိုင်ရာစီမံကိန်းမှ ရခိုင်ကျောင်းသား ၂၂
ဦးကို ပညာ သင်ကြားခွင့်ရရန် ကျောင်းအပ်နှံ နိုင်ခဲ့သည်ဟု သိရသည်။အဆို
ပါ အထက်တန်းကျောင်းမှာ ရခိုင်အမျိုးသား ကျောင်းအုပ် ဆရာကြီး ဦးခိုင်ဦး
မောင်မှ ဦးစီး တည်ထောင်ထားသော ကျောင်းဖြစ်ပြီး မြန်မာ တိုင်းရင်းသား
ကျောင်းသား အများအပြား ပညာ သင်ကြား လျက်ရှိသည်၊၊အဆိုပါ ကျောင်း
သား လူငယ်များထဲတွင် ရခိုင်ပြည်နယ် အရပ်ရပ်မှ ရောက်ရှိလာသော ရခိုင်
ကျောင်းသား ၂၂ ဦး ရှိပြီး ထိုအထဲတွင် ကျောင်းသား ၁၈ ဦးမှာကျောင်းအိပ်
ကျောင်းစား စခန်းသွင်း နေထိုင်လျက်ရှိသည်ဟု ရခိုင်ကျောင်းသားများ၏
ပညာရေးဆိုင်ရာ စီမံကိန်းမှ ထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။အဆိုပါ ကျောင်း
သားများ အတွက် ကိုယ်ထူ ကိုယ်ထ ထည့်ဝင်ငွေများဖြင့် အဆိုပါ စီမံကိန်းမှ
ဆောင်ရွက်လျက်ရှိပြီး မည်သူ တဦးတယောက်ထံမှ ငွေကြေး ကောက်ခံခြင်း၊
အကူအညီ တောင်းခံခြင်းလည်း မရှိကြောင်းလည်း အဆိုပါအဖွဲ့ ပြောခွင့်ရသူ
ကပြောသည်။သို့သော်လည်းယခုအခါမဲဆောက်မြို့တွင်အဆိုပါ အဖွဲ့ အမည်
ကို အသုံးပြုပြီး ငွေကြေးကောက်ခံမူများ ကူညီတောင်းခံမူများ ရှိနေသည်ဟု
သတင်းများ ထွက်ပေါ်နေသဖြင့် အဆိုပါ ကိစ္စမှာ သူတို့နှင့် သက်ဆိုင်မူ မရှိ
ကြောင်း အဆိုပါ အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။ရခိုင်ကျောင်းသား
များ၏ ပညာရေးဆိုင်ရာ စီမံကိန်းမှာ ရခိုင်ပြည်အတွင်းတွင် ကျွန်ပညာရေး စ
နစ်ဖြင့် ဘ၀ အမှောင်ချခံနေရသည်. ရခိုင်လူငယ်များ အခြေခံပြီး အမျိုးသား
ပညာရေး စွမ်းရည် တိုးမြင့်ရေးကို ရွယ်ရည်ပြီး ဆောင်ရွက်နေသော စီမံကိန်း
တစ်ခုဖြစ်သည်။အဆိုပါ စီမံကိန်းကို ပြည်ပရောက်ရခိုင်လူငယ်များက မိမိအ
သိစိတ်ဓါတ်ဖြင့်အများကောင်းကျိုးအတွက်ဦးစီး ဦးဆောင်ပြုလုပ်ကာဆောင်
ရွက်နေသော စီမံကိန်း ဖြစ်သည်ဟု သိရသည်။
နေရဉ္ဓရာသတင်းဌာနမှကူးယူဖေါ်ပြသည်။

No comments:

Post a Comment