Thursday, July 23, 2009

ဆွမ်းဆန်ထဲက ကြွက်ချေးများ(၂)

မဟော်သဓာ
မြန်မာပြည်တွင် လူအခွင့်အရေးချိုးဖောက်ခံနေရသည်ကိုစစ်ဗိုလ်ချုပ်ကြီးတွေက
လွဲလျှင်လူတိုင်းသိသည်၊လက်ခံသည်၊ထို့ ကြောင့်လည်းဒေါ်အောင်ဆန်းစုကြည်ဦး
ဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ နှင့်အတူတိုင်းရင်း သား အားလုံးပူးပေါင်း
ပြီးတိုက်ပွဲဝင်နေကြ ခြင်းဖြစ်ပါသည်၊သို့ သော်မြန်မာ ပြည်တွင် လူ့ အခွင့်အရေးမ
ရှိသည့် ကိစ္စနှင့် ရခိုင်ပြည် တွင်နေထိုင်နေကြသောဘင်္ဂါလီရွှေ့ ပြောင်းအလုပ်သ
မားများနှင့် ၄င်းတို့ .ဆွေမျိုး များ ကို (ရိုဟင်ဂျာ) ဟူသောအမည်သစ်တစ်ခုတတ်
ပြီးမြန်မာလူမျိုးစုဝင် စာရင်းထဲတွင်ထည့်သွင်းရန်နှင့် ဘာမှမဆိုင်ပါ။
စံပန်နဂိုမှ နွားပေါင်ကျိုးသည့်ပြဿ နာသည်ညောင်ဦးကမ်းပါးပြိုသည်နှင့် တခြား
စီသာဖြစ်ပါသည်။မြန်မာပြည် တွင်ဒီမိုကရေစီစနစ်ထွန်းကားရန်လူ့ အခွင့်အရေးရ
ရှိရန်တိုက်ပွဲဝင်ရမည့်တာဝန်မှာ မြန်မာပြည်တွင်နေထိုင်သူ ရဟန်းရှင်လူ ပြည်သူ
အားလုံးတွင်တာဝန်ရှိပါသည်၊မြန်မာပြည်တွင်နေထိုင်သောထိုဘင်္ဂါလ်ီမူဆလင်တို့ 
တွင်လည်းတာဝန်ရှိပါသည်၊ကျနော်တို့ အတူတိုက်ပွဲဝင်ကြရပါမည်၊သို့ သော်ထိုလူ
တို့ သည် တောကြောင်တွေတော့ မဖြစ်သင့်ကြပါ။
မြန်မာပြည်တွင် ဒီမိုကရေစီစနစ် ဆိတ် သုန်းနေ ချိန် ကမ္ဘာတစ်ဝှမ်းလုံးကစစ်အစိုး
ရကိုဖြုတ်ချပြီဒီမိုကရေစီအစိုး ရတခု ပေါ်ထွန်းသည်ကိုမြင်တွေ့ လိုနေချိန်ကိုအခွင့်
ကောင်းယူပြီးကမ္ဘာကို စာနာ စိတ်ဝင် အောင်လိမ်ညာနေခြင်းမှာ မရိုးသားသေ မ
လုပ်အပ်သောမလုပ်သင့်သော လူ့ ကျင့်ဝတ်နှင့်မညီသောလုပ်ရပ်သာဖြစ်ပါသည်။
ထိုကိစ္စကိုမည်သည့်အမှန်တရားကို မြတ်နိုးသူတိုင်းအနာဂတ်မြန်မာပြည်ငြိမ်းချမ်း
ရေး တည်ငြိမ်ရေးကို လိုလား သူတိုင်းလက်မခံသင့် မထောက်ခံသင့်သော အားမ
ပေးသင့် သောကိစ္စဖြစ်ပါသည်။
ဘင်္ဂါလီရွှေ့ ပြောင်းအလုပ်သမားကိစ္စကို ကြုံကြိုက်တုန်းအနည်းငယ်ထပ်ပြောလိုပါ
သည်။ သူတို့ သည်ရခိုင်ပြည် တွင် မျိုးဆက် နှစ်ဆက် ကနေ သုံးဆက်ထိ နေလာ
ပြီးသူများဖြစ်နေကြပါသည်၊မြန်မာပြည်တွင် တရားဝင်အစိုး ရတက်လာသောအခါ
သူတို့ ကိုထိုက်သင့် သာနိုင်ငံသားအခွင့်အရေးတွေကိုပေးသင့်ပါသည်။ သို့ သော်
သူတို့ အနေဖြင့်မိမိတို့ နေသော တိုင်းပြည်မှပြည်များကစေတနာရှိလာအောင်နေ
တတ်ဖို့ တော့လိုပါသည်။ လူတစ်ယောက်ကိုနိုင်ငံသားပေးသည်ဆိုသည်မှာလွယ်
သည့်ကိစ္စမဟုတ်ပါ၊ နိုင်ငံတကာတွင်ရောက်ရှိနေထိုင်ကြ သော မြန်မာပြည်သား
များနိုင်ငံရေးကိုလေ့လာနေသူများသိ ကြပါလိမ့်မည်။တစ်ချို့ ဆိုလျှင်နိုင်ငံသားအ
ဖြစ်ပေးပြီးမှနိုင်ငံတကာ အသိုင်းအ၀ိုင်းမှအထောက်အထားနှင့်တကွအကြမ်းဖက်
အုပ်စုဝင်ဖြစ်ကြောင်းပြလာ သေအခါပြဿနာအကြီးအကျယ်တွေ့  နေကြရသည်
ကိုနိုင်ငံရပ်ခြားတွင်နေထိုင်နေကြသော မြန်မာပြည်သားများ သိကြပြီးသားဖြစ်ပါ
လိမ့်မည်၊၊
အဘယ်ကြောင့်ဆိုသော်မိမိတို့ နိုင်ငံသားတစ်ယောက်ကို သူများနိုင်ငံသို့ လွှဲမပေး
ရဆိုသည့် ဥပဒေကလည်းရှိနေပြီးသား ဖြစ်နေ၍ထားရလည်းအခက်။နိုင်ငံတကာ
ဥပဒေအတိုင်းအရေးယူနိုင်ရန်လွှဲပြောင်းပေးရလည်း အခက်ဖြင့်သက်ဆိုင်ရာနိုင်ငံ
သားတို့ နှင့်အစိုးရတို့ မှာထိုအကြမ်းဖက်အုပ်စုဝင်တစ်ယောက်ကြောင့်နိုင်ငံတကာ
အသိုင်းတွင်မိမိတို့ အစိုးရမျက်နှာ ပျက်ရသည့်အဖြစ်ကိုအနောက်နိုင်ငံတော်တော်
များများကိုယနေ့ ရင်ဆိုင်နေရ ပါသည်၊ ထိုအကြမ်းဖက်အုပ်စုဝင်တို့ ကတခါသက်
ဆိုင်ရာမိမိတို့ နေထိုင်သောအစိုးရကိုခြိမ်းခြောက်တာမျိုးပင် ပြန်လုပ်လာသည့်ကို
လည်းကြုံနေရပါသည်၊ဥပမာမင်းတို့ ငါ့ကိုနိုင်ငံတကာခုံရုံးကိုလွှဲပေးလိုက်ယင်နိုင်ငံ
တွင်း ဗုန်းခွဲမှုတွေလုပ်ပစ်မယ်ဆို တာမျိုးဖြစ်ပါသည်၊
ထို့ ကြောင့်လည်းတစ်ချို့ နိုင်ငံတွေဆိုလျှင် ၅နှစ်ဆိုလျှင်နိုင်ငံသားဖြစ်ခွင့်ရှိပါလျှက်
နိုင်ငံတော်လုံခြုံရေးအတွက် ၁၀ကြာသည့်တိုင်အောင်နိုင်ငံသားအခွင့်အရေးလုံးဝ
မပေးသေးတာကိုလည်းတွေ့  နေရပါသည်။သူတို့ နေထိုင်ပြုမူပုံများပုံစံမပြောင်းမ
ချင်းနိုင်ငံသားအခွင့်အရေးရမည့်အနေအထားမတွေ့ ရတော့ပါ။ယနေ့ မြန်မာပြည်
အနောက်ဘက်ခြမ်းတွင်နေထိုင်ကြသောဘင်္ဂါလီမူဆလင်တို့ ကိုလည်းအထူးသတိ
ထားစရာများကိုတွေ့ နေရပါသည်၊ ဥပမာနေထိုင်ခွင့်ခွင့်ပေးထားသောရခိုင်ပြည်သူ
လူထုကျေးဇူးကို မထောက်ထားပဲရခိုင်သမိုင်းကိုလိမ်ပြီးနိုင်ငံတကာကိုလှည့်ပတ်ခြင်း၊
ယနေ့  ကမ္ဘာ့လူသားမျိုးနွယ်တစ်ခုလုံးဘုံရန်သူဖြစ်သောအယ်လ် ကိုင်းဒါး၊တာလီဘန်
ကဲ့သို့ သောအကြမ်းဖက်အုပ်စုအဖွဲ့ များနှင့်ဆက်စပ်ပတ်သက် ခြင်း စ
သည်ဖြင့် ရခိုင်တမျိုးသား လုံးအတွက်။မြန်မာပြည်သူတရပ်လုံးအတွက်အင် မတန်
အန္တရယ်များသော အလုပ်ကို သူတို့ လုပ်နေကြပါသည်။ထို့ ကြောင့်ထိုလူမျိုး တို့ ကို
နောင်တချိန်အစိုးရသစ်တရပ်။ လွှတ်တော်တရပ်ပေါ်ပေါက်လာလျှင်တောင် နိုင်ငံ
သားအဖြစ်ပေးမည့်ကိစ္စကို ကျနော်တို့ တော်တော်စဉ်းစားကြရပါမည်။ထိုကဲ့ သို့ စဉ်း
စားရသည်မှာ လူ့ အခွင့်ရေးကိုမစဉ်းစား၍နိုင်ငံတကာဥပဒေကိုမလေးစား
၍မဟုတ်ပါ၊ပြည်သူလူထုတရပ် လုံးလုံခြုံရေးအတွက်သက်ဆိုင်ရာနိုင်ငံတစ်ခုအစိုး
ရအနေဖြင့်လုပ်သင့်လုပ်ထိုက်သည်များကိုလုပ်ခြင်းသာဖြစ်ပါသည်။နိုင်ငံတိုင်းနိုင်ငံ
တိုင်း တွင် လူမျိုးပေါင်းစုံ ဘာသာ ပေါင်းစုံအတူနေထိုင်ကြပါသည်။ကျနော်တို့ မြန်
မာပြည်တွင်လည်းလူမျိုးဘာသာစုံလင်သော ပန်းပေါင်းစုံသည့်ဥယာဉ်ကြီး သဖွယ်
အလွန်သာယာလှပကျက်သရေရှိသောတိုင်းပြည်တပြည်ဖြစ်ပါသည်။ရခိုင်ပြည်တ
ခုတည်းတွင်ပင်လူမျိုးပေါင်းစုံဘာသာပေါင်းစုံစုပေါင်းနေထိုင်ကြသောပြည်ထောင်
စုငယ်တစ် ခုကဲ့ သို့ ပင်ဖြစ်ပါသည်၊ဥပမာရခိုင်ပြည်မှကမန်လူမျိုးအများစုဆိုလျှင်
မူဆလင်ဘာသာကိုကိုးကွယ်ကြပြီး ရခိုင် ဘုရင် များ လက်ထက် ကတည်း ကပင်
ရခိုင့်ဘုရင့်တော်ဝင်လေးသည်တော်တပ်တွင်အမှုထမ်းခွင့်ရခဲ့ကြပြီး ရခိုင်ပြည်ကို
အန္တရာယ်များမှကာကွယ်စောင့်ရှောက်ရာတွင်ရခိုင်လူမျိုးတိုနှင့်အတူအသက်ပေး
တိုက်ပွဲဝင်လာခဲ့ ကြသူများဖြစ်ပါသည်၊သူတို့ သည်အလွန်အင်မတန်သစ္စာရှိသော
လူမျိုးများ ဖြစ်ကြပြီး ရခိုင်ပြည်ကိုထိလာလျှင်မည်သည့်အခါမျှအသက်ပေးဖို့ ဝန်မ
လေးတတ်ကြပါ။
သမိုင်းတွင်အထင်အရှားရှိသည့်ကိစ္စကိုမည်သူမျှငြင်း၍မရပါ၊နအဖကကမန်မူဆ
လင်များမရှိဟုဆိုလျှင်လည်း ရခိုင်လူမျိုးများက ရှိသည်ဟု ရဲ ၀ံ့ပြတ် သားစွာသွေး
ရင်းညီ နောင်ထိုကမန်မူဆလင်ဘာသာဝင်များဘက်ကရပ်တည်ရပါမည်၊သမိုင်း
တွင်အထင်အရှားရှိနေသည့်ကိစ္စကိုသမိုင်းကဖယ်ထုတ် ၍မသင့်သကဲသို့ သမိုင်း
တွင်မ ရှိသည့်ကိစ္စကို လည်းအတင်းထည့ှ်ုမရပါ။ဆွမ်းဆန်ထဲကြွက်ချေးရောမိလျှင်
တန်ဖိုးရှိလှသောဆွမ်းဆန်များဆုံးရှုံး သွား နိုင်ပါသည်။တန်ဖိုးရှိလှသည့်ကမန်မူဆ
လင် ဆွမ်းဆန်များဆုံးရမည့်ကိစ္စ များကိုကျနော်တို့ မလုပ်သင့်ပါ။
သူတို့ အသက်သွေးများစွာတို့ သည်ရခိုင်လူမျိုး များနှင့်အ တူဂစ္စပနဒီမြစ်ကြောင်း
တလျှောက်စီးမျောခဲ့ကြပြီးဖြစ် ပါသည်။
အချုပ်အားဖြင့်ကျနော်လေ့လာဘူးသောဗဟုသုတတစ်ခုကိုမျှဝေလိုပါသည်။နော်
ဝေနိုင်ငံ ဟုဆိုလျှင်လူအခွင့်အရေးပြည့်ဝသော၊ချမ်းသာကြွယ်ဝပြီးငြိမ်းချမ်းသော
တိုင်ပြည်ဖြစ်သည်ကိုလူတိုင်းချက်ချင်းသဘောပေါက်လက်ခံ ကြပါသည်။ အမှန်
လည်းထိုကဲ့သောပင်ဖြစ်ပါသည်၊သို့ သော်ဤမျှလောက်လူ့ အခွင့်အရေးနှင့်ဒီမိုက
ရေစီပြည့်ဝပါလျှက်နှင့်ဘာသာပေါင်းစုံလည်းနေထိုင်ကြပါလျှက်နော်ဝေနိုင်ငံတွင်
မူဆလင် ဘာသာဝင်တို့ နေထိုင် လာ ကြသည်မှာရာစုနှစ်ပေါင်း များစွာကြာနေ
ကြပြီဖြစ်ပါလျှက်နော်ဝေနိုင်ငံဒုတိယမြို့ တော်ဖြစ်သော ဘာဂင် မြို့ တွင် ယနေ့ 
၂၀၀၉ ထိ ဗလီတစ်ခုမျှမရှိသေးပါ၊ မူဆလင်ဘာသာဝင်တို့ ခမျာအိမ်ခန်းသာသာ
အခန်းကျဉ်းလေးတစ်ခုကို သူတို့ ဗလီအဖြစ်သတ်မှတ်ပြီးထိုနေရာတွင်ဝတ်ပြုဆု
တောင်း နေကြ သည်ကို ဘာဂင်ကိုရောက်တုန်းက မိတ်ဆွေမူဆလင်တစ်ယောက်
လိုက်ပြှုကိုယ်တိုင်မြင်တွေ့ ခဲ့ရဘူးပါသည်။ကျနော်တို့ မြန်မာပြည် အနောက်ဘက်
ခြမ်းကကျောက်ဖြူမြို့ ဆိုတာဘာဂင်မြို့ ရဲထက်ဝက်လောက်ဘဲရှိပါလိမ့်မယ်။ဒါပေ
မယ့် ဗလီ (ကျနော်သိသလောက်ဒီထက်ပိုယင်တောင်ပိုအုံးမည်သုံးခုရှိပါသည်၊စဉ်း
စားကြည့်ကြပါ၊မြန်မာပြည်တွင်ဘာသာရေးလွပ်လပ်ခွင့်မရှိဟုပြောနေကြ သူများ။
လူနည်းစု မူဆလင်ဘာသာဝင်များ အနှိမ်ခံနေရသည်ဟုအော်နေကြသူများ အ
တွက်ဝေဖန်ဖို့ နှင့်ဆင်ခြင်ဖို့ ဝေငှလိုက်ခြင်းဖြစ်ပါသည်။ နောက်နော်ဝေးပါတီကြီး
တစ်ခုရဲ့ ခေါင်းဆောင်က တီဗွီအင်တာဗျူးတစ်ခုမှာပြောသွားတာကိုလည်းဒီနေရာ
မှာအလျည်းသင့်လို့ ထည့်ပြောလိုပါ သည်။ သူ က နော်ဝေနိုင်ငံဟာလူ့  အခွင့်အ
ရေးအပြည့်အ၀ရှိပါတယ်။ လူတိုင်းလွပ်လပ်စွာကိုးကွယ်ခွင့်ရှိပါတယ်၊ဒါပေမယ့် ဒါ
တွေဟာနော်ဝေဥပဒေ အတိုင်းနော်ဝေလူ့ အဖွဲ့ အစည်းရဲ့ စံအတိုင်းသာဖြစ်ရပါ
မယ်။မူဆလင်ဘာသာဝင်တွေဒီထက်ပို ပြီးလိုချင်ယင်တော့ဆိုဒီအာရေဗျ တို့ 
ပါကစ္စတန်တို့ ကို သွားနေကြပါလို့ ဆိုပါတယ်။ဲနော်ဝေကိုရောက်နေကြတဲ့ တစ်ချို့ 
မူဆလင်ဘာသာဝင်တွေဇနီးမယား တစ်ယောက်ထက်ယူခွင့်တောင်းဆိုကြတာကို
ရည်ရွယ်ပြီးပြောတာ ဖြစ်ပါသည်။
နော်ဝေမှာဥပဒေအရဘယ်သူမှ ဇနီးနှစ်ယောက်ယူခွင့်မရှိပါ။ထိုနိုင်ငံတွေမှာကဥပ
ဒေကခွင့်မပြုဘူးဆိုယင်ဘယ်သူမှဘာမှဥပဒေဘောင်ကကျော်ပြီးလုပ်လို့ မရပါဘူး။
ကျနော်တို့ ဟာနိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်အပြောင်းအလဲနှင့်ပတ်သက်လို့  ကြိုးစား
လုပ်ဆောင် နေကြတဲ့သမိုင်းစာမျက်နှာထဲမှလူတွေဖြစ်ကြ ပါတယ်၊အပြောင်းအလဲ
ဖြစ်ပြီးရော။နအဖကိုသူများအပြစ်တင်ပြီးရောမိမိတို့ အာဏာရပြီးရေ ဆိုပြီးထင်ရာ
ကိုလျှောက်ပြော။လျှောက်လုပ်၍မရပါ၊အဆင်မသင့်လျှင်မြွေပါလည်းဆုံး။သားလည်း
ဆုံးရမည့်အဖြစ်ကိုကျ နော်တို့ ကြုံတွေ့ ရနိုင်ပါတယ်။
ဒီနေ့  အချိန်အခါဟာမြန်မာပြည်အတွက်အသက်တမျှအရေးကြီးတဲ့သမိုင်းအလှည့်
အပြောင်းတစ်ခုကိုရောက်နေချိန်ဖြစ်လို့ လူမျိုးရေးသတိ။စစ်ရေး သတိ။ဘာသာရး
သတိ။ နိုင်ငံရေးသတိ တို့ ကိုမလစ်ဟင်း စေပဲအထူးသတိထားလုပ်ဆောင်သင့်လှ
ပါကြောင်းသတိပေးအကြံပြုတင်ပြလိုက်ပါတယ်၊

သူရိယအင်တာနက်စာမျက်နှာမှကူးယူဖေါ်ပြသည်။

No comments:

Post a Comment