Tuesday, July 21, 2009

ပြည်သူများ၏လိုအပ်ချက်ကြောင့်ပေါ်ထွက်လာသည်။

ဒဘလျူအေအိုအဖွဲ့ ဝင်တစ်ဦး

လူတို့ သည်သမိုင်းကိုရေးနေကြသည်။ သမိုင်းကတခါလူကိုပြန်ရေး၏။သမိုင်း
ဆိုသည်မှာကာယကံရှင်တို့ ကိုယ်တိုင်ရေးချင်တိုင်းရေးလို့ မရ။မိမိတို့ ဘ၀တစ်
လျှောက်ဆိုးကောင်းကျိုးကြောင်းလုပ်ခဲ့သမျှတို့ ကိုသမိုင်းကသူ့ ဖာသာသူ မှတ်
တမ်းတင်သွားလိမ့်မည်။ဒါကိုပင်သမိုင်းဟုနှောင်းလူတို့ တန်ဖိုးထားလေးစားကြ
လိမ့်မည်။
ယနေ့ ကျနော်တို့ အားလုံးတို့ သည်သမိုင်းထဲမှစာမျက်နှာများဖြစ်ကြ၏။၂၀၀၉
ခုနှစ်၏ သမိုင်းစာအုပ်ထဲမှမောင်ဖြူဟူသောသမိုင်းစာမျက်နှာကိုနောင်အနှစ်
၅၀ ကြာသောအခါ မျိုးဆက်သစ်တို့ ဖတ်ကြလိမ့်မည်ဖြစ်၏။ထိုအခါမောင်ဖြူ
ဟူသောစာမျက်နှာသည်စိတ်ဝင်စားစရာကောင်းသောသမိုင်း စာမျက်နှာထဲ
တွင်ပါမည်လား၊သို့ မဟုတ်နှောင်းလူတို့  ကျော်ပြီးဖတ်သောသိပ်စတ်ဝင်စားစ
ရာမကောင်းသော၊မိုက်မဲလိုက်လေခြင်းဟုအမျိုးသားသစ္စာာဖေါက်ရဇ၀င်ထဲမှ
ငသန်ဒေကဲ့သို့  စာမျက်နှာထဲတွင်ပါမည်လားဆိုသည်ကို ယနေ့ ကျနော်တို
့လုပ်နေသောအလုပ်ကသာသက်သေခံကြလိမ့်မည်ဖြစ်၏။ယနေ့ ရခိုင်နိုင်ငံရေး
လောကတွင် အဖြစ်အပျက်တို့ အလွန်လျှင်မြန်စွာ ဖြစ်ပေါ်နေကြသည်။ဖြစ်ပေါ်
နေကြမှုတို့ က အကောင်းဘက်ကိုဦးတည်လျှင်တော့သိပ်ပြသနာမရှိ။
အခုအနေအထားက အကောင်းဘက်ကိုဦးတည်ဖို့ တော့သိပ်မမြင်။
တောင်ကျချောင်းအချိန်အဟုန်ပြင်းပြင်းမှ ကျဆင်းလာသောဝါးဖေါင်မခိုင်ပဲပြို
ဆင်းးပြီးတစစီ တစ်လုံးစီပြန့် ကြဲနေကြသကဲ့သို့ ဖြစ်နေသော ရခိုင့်နိုင်ငံရေးအ
ဝန်းအ၀ိုင်းတွင်ဘယ်သူကဘယ်သူ့ ကိုဘယ်ဘယ်တုန်းကအငြိုးဖြင့်နာကျဉ်းနေ
သည်ကိုတော့မသိ။ အခဲမကျေနိုင်သောရန်ပွဲဖြင့်အပြန်အလှန်ဆော်နေကြသည်
မှာ သွေးညှီပင်နံသည်။ ရန်သူက ဘာမှ လုပ်စရာမလို၊မိမိတို့ အချင်းချင်းတိုက်
သည်၊ပြီး မိမိတို့ အချင်းချင်းသတ်ကြသည်၊မိမိတို့ အချင်းချင်းအပုတ်ချပြီးတစ်ဦး
ကိုတစ်ဦးစော်ကားသည်။ဒါကိုပင်မခံနိုင်၍တခါချကြပြန်သည်။ ဒီသံသရာအခါခါ
လည်လာသည်မှာ အခုဆိုလျှင်အချုပ်အခြာပိုင်မှုဆုံးရှုံးသည့်နှစ်ပေါင်း၂၀၀ပင်
ကျော်လာကြပြီ။ မပြီးနိုင်အခဲမကျေနိုင်ကြသေး။
နောက်ဆုံးဘယ်လောက်ထိမိုက်မဲကြသနည်းဆိုသော်ရှေးဘိုးဘေးဘီဘင်တို့ တည်ထောင်ကိုးကွယ်လာကြသောဘာသာ၊သာသနာကိုလူမျိုးခြားဘာသာခြား
တို့ ဝါးမျိုစားသုံးတစစီဖြိုဖျက်ခံရမည့်အခြေအနေကိုရောက်နေသည်အထိသတိ
ရကောင်းမှန်း၊ကိုယ့်အချင်းချင်းတို့ ရန်ပွဲရပ်ရမှန်းမသိကြသေး။ဒီလိုရခိုင်သား
တို့ သတ္တိပြောင်ကြသည်။ တချို့ တော့တစ်မျိုး။သူတို့ ကဒီလိုအကြောင်းပြကြ
သည်။အကယ်၍ ကုလားကိစ္စကိုဝင်ပြောလျှင်စစ်အစိုးရထောက်ခံသူဟုထင်မှာ
စိုးသည်ဟုဆိုကြသည်။ ဆိုတော့ရခိုင်ပြည်ကိုဘင်္ဂါလီကုလားတို့ လုပ်ချင်သလို
လုပ်ပြသနာမရှိ။ စစ်အစိုးရကိုတိုက်ဖို့ ကအဓိက ဟုပြောချင်သည့်သဘော။
မြန်မာပြည်အပြောင်းအလဲဖြစ်ဖို့ ကျန်တိုင်းရင်းပြည်သူတွေနှင့်တန်း တူလုပ်နေ
သည့်အမှာကိုယ့်ရခိုင်ပြည်အရေးကိစ္စကိုလည်း သူများတွေကပါဝိုင်းပြီးထောက်
ခံလာအောင်တော့မလုပ်ပဲ၊ ကိုယ့်ခြံကိုနွားဝင်စားနေသည့်ကိစ္စကိုဂရုမစိုက်ပဲသူ
များခြံကိုကာဖို့ စိတ်စောနေကြသည့်ထိုနိုင်ငံရေးဂုရုတွေကိုကျနော်အလွန်အံ့သြ
သည်။ သူတို့ နှင့်အတူသူများခြံကိုဝိုင်းမကာပဲကိုယ့်ခြံကိုနွားဆွဲစားနေသည့်ကို
ကာဖို့ လုပ်နေကြသူများကိုလည်းတခါပြောင်းပြန်မြင်ပြီးသူတို့ နှင့်အတူယောက္ခ
-မနွားအငှားမကျောင်းရကောင်းလား ဆိုပြီးအပြစ်တင်ချင်ကြသည်။ဒီလိုတော်
ခဲ့ကြလို့ လည်း၁၉၄၈ခုလွတ်လပ်ရေးရတော့ရှမ်းတို့ ၊ချင်းတို့ ကပင်လုံစာချုပ်မှာ
လက်မှတ်ထိုးခွင့်ရလိုက်သည်။ကိုရခိုင်သားတို့ ဘာမှတောင်မရလိုက်။ဟော ခု
တစ်ကြိမ်သမိုင်းတပတ်လည်ပြန်တော့လဲ ဥာဏ်ကြီးရှင်တို့ သူများခြံကိုကာဖို့ အ
သည်း အသန်အားထုတ်နေကြပြန်ပြီ။မိုက်မဲကြလေစွတကား။
ဘယ်တော့မှများအသိတရားများဝင်ပြီးကိုယ့်ခြံကိုကာဖို့ သတိရကြမှာပါလိမ့်။
ထိုအခြေအနေကိုနားလည်သဘောပေါက်သော၊အသိပညာရှင် အတတ်ပညာ
ရှင်တို့ ကအမြော်အမြင်ကြီးများစွာဖြင့် ရခိုင်လူမျိုးတို့ အားလုံးပူးပေါင်းပါဝင်နိုင်
သော၊အငြင်းအခုံအညှိုးအတေး အာဃာတကင်းကင်းဖြင့်အတူပူးပေါင်းလုပ်
ဆောင်နိုင်သော၊ကိုယ့်ခြံကိုယ့်ပစ္စည်းကို ကိုယ့်ရခိုင်သားတို့ ကာကွယ်ဖို့ ရည်
ရွယ်ပြီးအများပူးပေါင်းပါဝင်နိုင်သော အဖွဲ့ တစ်ခုကိုသူတို့ တည်ထောင်လိုက်
ကြ၏။
ယနေ့ ကျနော်တို့ အားလုံးသိနေကြသော နိုင်ငံတကာရခိုင်အမျိုးသားအသင်း
ကြီးဖြစ်သည်။
ဤအသင်းကြီးသည်ခေတ်အခြေအနေအချိန်အခါအရ ရခိုင်ပြည်သူတို့ အတွက်
လိုအပ်ချက်အရပေါ်ထွက်လာသောအဖွဲ့ကြီးဖြစ်ပါသည်။ဤအဖွဲ့ ကြီးကိုကျနော်
တို့ အားလုံးဝိုင်းရံကြဖို့ လိုပါသည်။ ၀ိုင်းဝန်းပြုစုပျိုးထောင်ကြဖို့ လိုပါသည်။ကျ
နော်တို့ နောင်လာနောက်သားမျိုးဆက်များ အတွက်အားထားမှီခိုရာအရိပ်
ကောင်းသော ဗောဓိညောင်ပင်ကြီးဖြစ်အောင်ကျနော်တို့ အားလုံးမြက်နှုတ်
ပေါင်းသင်၊မြေသြဇာထည့်ကြရမည်ဖြစ်ပါသည်။နောက်ဆုံးဘာမှ မလုပ်ချင်ယင်
တောင်အဆိပ်ရေတော့မလောင်းမိကြဖို့ လိုပါသည်။ တစစီပြိုကွဲနေသောလူမျိုး
တစ်မျိုးကိုပြန်လည်စုစည်းပြုပြင်ယူဖို့ အချိန်အများကြီးလိုအပ်ပါသည်။ ထိုသို့ မ
ဟုတ်ပဲအခုရေတွင်းတူးအခုရေကြည်သောက်ဆိုသလိုအခုပဲအသင်းကြီးကို ဘာ
လုပ်ညာလုပ်ပါ၊သြဇာပေးနေကြသည်။အခုနိုင်ငံရေးလုပ်ပါ၊အခုအမျိုးသားရေးကို
လုပ်ပါ။မလုပ်ယင်တော့ဖြင့်အမျိုးသားရေးကိုသွေဖည်သူစစ်အစိုးရကိုလိုလား
သူစသည်ဖြင့်စွပ်စွဲနေကြပြန်သည်။ဝါရင့်နိုင်ငံရေးအတွေ့ အကြုံရှိသူ ဆိုသူတွေ
ကလည်း သူတို့ ခိုင်းတာမလုပ်ယင်ပဲနိုင်ငံရေးကိုနားမလည်သူစသည်ဖြင့်စွတ်စွဲ
ပြီးအနစ်နာခံလုပ်နေသူများကိုတပြားမှမတန်အောင်ပြောနေကြပြန်သည်။ထိုအ
ပြောသမားများကအသင်းကြီးအတွက်တပြားတချပ်ထည့်ဝင်သလားဟုဆိုလျှင်
တခါမှစိတ်ကူးပင်ပေါ်ကြပုံမကျ။ သို့ သော်အသင်းကြီးကိုဝေဖန်တိုက်ခိုက်ပုတ်
ခတ်ဖို့ ဆိုလျှင်တော့သူတို့ ကထိပ်ဆုံးကဖြစ်သည်။
အသင်းကြီးတိုးတက်ရာတိုးတက်ကြောင်းအတွက်အပြုသဘောဆောင်သောဝေ
ဖန်အကြံပေးမှုကိုတော့အသင်းဝင်တစ်ယောက်အနေဖြင့်ဘာမှပြောစရာမရှိပါ။
အခုသူတို့ အနေအထားကကောင်းရာ ကောင်းကြောင်းတတ်နိုင်သလောက်အ
မျိုးသားရေးတွက်တပိုင်တနိုင်လုပ်နေကြသူများကိုဖေး မ၀ိုင်းကူပြီးလိုအပ်မည်
ထင်သည့်အကြံကောင်းဥာဏ်ကောင်းများပေးရမည့်အစား၊အမျိုးသားအင်အား
စုကြီးတရပ်ပေါ်ပေါက်လာအောင်အင်တိုက်အားတိုက်ပါဝင်လုပ်ကိုင်ကြမည့်အ
စား၊အမျိုးမျိုးဝိုင်းပြီးအမဲဖျက်နေကြသည် ကိုတွေ့ ရတော့အသင်းကြီးကိုမပျက်
ပျက်အောင်ဖျက်နေကြသလားဟုပင် ကျနော်သူတို့ ကိုသံသယ၀င်မိပါသည်။
တခုအထူးသတိထားရမည့်အချက်မှာရခိုင်လူမျိုးတို့ တော်လှန်ရေးလုပ်လာကြ
သည်မှာရှစ်လေးလုံးအရေးတော်ပုံနှင့်အတူပေါ်လာသည်မဟုတ်ပါ။နှစ်ပေါင်းနှစ်
ရာကျော်သူ့ ကျွန်ဘ၀ကလွတ်မြောက်အောင်ကြိုးစားတိုက်ပွဲဝင်လာခဲ့ကြပြီးဖြစ်
ပါသည်။
အခုလည်းတိုက်ဆဲ၊နောင်လဲကျနော်တို့ လိုလားသောပန်းတိုင်ကိုမရောက်မချင်ဲး
တိုက်နေကြအုံးမည်ဖြစ်ပါသည်။ကျနော်တို့ ကလမ်းလျှောက်ရင်းလမ်းမပျောက်
သင့်ကြပါ။ကျနော်တို့ လိုရာ ခရီးတွေကိုရောက်ဖို့ ဖြစ်ပေါ်လာတဲ့အခြေအနေကို
အသုံးချတတ်ဖို့ သာလိုပါသည်။ ကိုယ်သွားသောလမ်းကိုမလျှောက်ပဲလမ်းခရီး
မှာတွေ့ တဲ့လူနှင့်သူများလမ်းကြောင်းကို လိုက်သွားနေကြရင်တော့ သူများတွေ
ကလိုရာခရီးရောက်လို့ ပျော်နေကြချိန်မှာ ကျနော်တို့ တွေလမ်းစပြန်ရှာလို့ မရ
ပဲဖြစ်သွားကြပါလိမ့်မည်။
ဘာကြောင့်ကျနော်တို့ လိုလားသောပန်းတိုင်ကိုမရောက်သလဲဆိုသော မေးခွန်း
၏အဖြေမှာတစ်ခုတည်းသာဖြစ်ပါသည်။ရခိုင်အမျိုးသားအင်အားစုကြီးတစ်ရပ်ကို
မဖန်တီးနိုင်ခဲ့ကြသဖြင့်ဖြစ်ပါသည်။ ပါတီဂိုင်းဃဏထင်သလိုကွဲနေသောသူ
တဗိုလ်ငါတမင်းထင်တိုင်းကြဲနေကြသေအနေအထားတွင်အမျိုးသား အင်အား
စုကြီးတစ်ရပ်ကိုဖန်တီးနိုင်မည့်နည်းလမ်းသည်ထိုပယောဂ များမပါသောလူထု
လူတန်းစားအလွှာအသီးသီးပါဝင်နိုင်သော အဖွဲ့ အစည်းတစ်ခုကိုခိုင်ခိုင်မာမာ
တည်ဆောင်နိုင်မှသာဖြစ်ပါမည်။
တချို့ ကလူမှုရေးအဖွဲ့ မို့ လို့ တို့ နင့်မဆိုင်ဟုဆိုကြပြန်သည်။ လူမှုရေးမှာမပါ
နိုင်ဆိုသောသူများနိုင်ရေးတွင်ကောဘာတွေလုပ်နေကြသလဲဟုမေးစရာဖြစ်
လာသည်။သံရုံးသွားပြီးစစ်အစိုးရကျဆုံးပါစေလုပ်တာကိုများနိုင်ရေးလုပ်နေကြ
သည်ဟုကိုယ့်ကို ကိုယူဆနေကြသည်လားမဆိုနိုင်။နိုင်ငံရေးလုပ်သည်ဆိုသည်
ကိုသူတို့ ဘယ်လိုအဓိပ္ပါယ်ဖွင့်ကြသလဲဟုကျနော်နားမလည်။ကျနော်နားလည်
တာတစ်ခုက ရခိုင်လူမျိုးတွေအတွက် ဘယ်ရခိုင်တစ်ယောက်ဘာကိုလုပ်လိုက်
နိုင်ပြီလဲဆိုတာကိုပဲကျနော်တို့ တန်ဖိုးထားသင့်သည်ဟုမြင်ပါသည်။ အရေးကြီး
သည်မှာကိုယ့်လူမျိုးအတွက်ကိုယ်လုပ်နိုင်ဖို့ လိုသည်။ကိုယ့်လူမျိုးအတွက်ကိုယ်
မလုပ်လျှင်ဘယ်သူလုပ်မည်နည်း။ယနေ့ အခြေအနေကိုပဲကြည့်ပါ။ တကယ်လို့ 
သာရခိုင်တွေကသာမကန့့်ကွက်၊အလိမ်အညာတွေကိုမဖေါ်ထုတ်နိုင်လျှင်ဘယ်
လူမျိုးတစ်မျိုးကများဘင်္ဂါလီမူလူမျိုးစစ်တကောင်းသားတွေရဲ့ ရခိုင်ပြည်ကိုသိမ်း
ယူရေး အစီအစဉ်ကိုဖေါ်ထုတ်နိုင်မည်နည်း။ ကျနော်တို့ ဝိုင်းပြီးခြံကာပေးနေသူ
များက ကျနော်တို့ ဘက်က မကူညီသည့်အပြင်ထိုစစ်တကောင်းသားတို့ ကိုပင်
မြှောက်ပေးလိုက်ကြပါသေးသည်။ဒါကိုတောင်ကိုယ့်ဆရာ သူများနွားအငှား
ကျောင်းသူတွေက ကိုယ်တွေခံနေကြရမှန်းမရိပ်မိကြသေး။
ဒါကိုရခိုင်သမိုင်းပညာရှင်များကအမြော်အမြင်ကြီးမားစွာ ၀င်ရောက်ဖြေရှင်းပေး
ကြလို့ သာ ကုလားများထင်သလောက်ခရီးမရောက်ကြခြင်းဖြစ်ပါသည်။ကျနော်
သတိထားမိသလောက်ရခိုင့်ပါတီခေါင်းဆောင်ကြီးဆိုသူများ၊ရခိုင်ဝါရင့်နိုင်ငံရေး
သမားဆိုသူများ၊ရှေ့ မီနောက်မီဆိုသူများဘယ်တစ်ယောက်ကမှထိုကုလားများ
လိမ်နေသည်ကို ပြောင်ပြောင်တင်းတင်းလူသိရှင်ကြားမကန့် ကွက်ဝံ့ကြပါ။အ
ကြောင်းမှာသူတို့ ကိုသူများအမြင်ကျဉ်းသည်ဟုထင်မှာစိုးလို့ ၊အင်ဂျီအိုထောက်
ခံမှုလျော့သွားမာစိုးလို့ စသည်ဖြင့်စိုးရိမ်နေကြပြီးဘာသာသာသနာကွယ်
ပျောက်မည့်အရေးကိုဥပေက္ခါပြုထားနိုင်ကြပါသည်။ဒီလောက်အရေးကြီးသည့်
အခြေအနေမျိုးမှာတောင်ရခိုင်သားတို့ ကိုယ့်အရေးကိုမလုပ်လျှင်ဘယ်အချိန်မှာ
သွားလုပ်မည်နည်း။ ထိုသို့ ဆိုလိုက်သဖြင့်ကျနော့အားလူမျိုးရေးအမြင်ကျဉ်းသူ
ဟုပြောကြလျှင်ကျနော်ဆယ်ခါပြန်ကျဉ်းလိုက်ပါအုံးမည်။အဘယ်ကြောင့်နည်း။
အစ္စရေးလူမျိုးတို့ လူမျိုးရေးအမြင်ကျဉ်းလွန်းသဖြင့်သာသူတို့ ကမ္ဘာ့အလယ်
တွင်အချုပ်အခြာအာဏာပိုင်ဖြင့်ယနေ့ ဝင့်ထယ်နေကြခြင်းဖြစ်ပါသည်။ သူတို့ 
သာလူမျိုးရေးအမြင် ကျယ်ကြလျှင်ယနေ့ ဂျူးလူမျိုးတို့ကိုသမိုင်းတွင်ပြန်ရှာနေ
ကြလောက်ပြီ။ ဗိုလ်ချုပ်အောင်ဆန်းတို့ လူမျိုးရေးအမြင်ကျဉ်းခဲ့လို့ သာယနေ့ 
မြန်မာပြည်၏မြေပုံဒီအတိုင်းရှိနေကြခြင်းဖြစ်သည်။သူသာအမြင်ကျယ်ခဲ့
လျှင်ရခိုင်လူမျိုးတို့ လွပ်လပ်ရေးတာကြာလှပြီ။ဆိုတော့ကျနော်တို့ လူမျိုးရေးအ
မြင်ကျဉ်းကြဖို့ အများကြီးလိုအပ်ပါသည်။ ဆိုတော့ကျနော်တို့ ရခိုင်လူမျိုးခေါင်း
ဆောင်ကြီးများကိုလူမျိုးရေး အမြင်သိပ်မကျယ်ကြဖို့ မေတ္တာခံလိုပါသည်။သူတို့ 
နိုင်ငံရေးအမြင်တွေသိပ်ကျယ်နေကြလျှင်ရခိုင်လူမျိုးတွေပျူတွေနှင့်အတူဒဏ္ဍာ
ရီမှာသွားနေကြရမှာစိုးလို့ ပါ။
နောက်တစ်ခုမေးစရာရှိပါသည်။ကောင်းပြီယနေ့ နိုင်ငံတကာရခိုင်အမျိုးသားအ
သင်းကြီးကိုလူမှုရေးအဖွဲ့ ကနေနိုင်ငံရေးအဖွဲ့ အသွင်ကိုသူတို့ အလိုကျပြောင်း
လိုက်ပြီဆိုပါစို့ ။ယခုရှိနေကြသောပါတီအဖွဲ့ အစည်းအသီးသီးကသူတို့ ပါတီအ
ဖွဲ့ အစည်းများကိုဖျက်သိမ်းပြီးအသင်းကြီးတွင်ပါဝင်ကြမည်ဟုအသင်းကြီးကိုဝေ
ဖန်နေကြသူများကအာမခံပေးနိုင်ကြမည်လား။ ဒီမေးခွန်းကိုကာယကံရှင်များ
ဖြေပေးကြစေလိုပါသည်။တိုင်းပြည်အကျိုးကိုလိုလားသူအချင်းချင်းသာဆိုလျှင်
အဖွဲ့ အစည်းချင်းမတူယင်လဲပြသနာမရှိ။မိမိတို့ အချင်းချင်းတူသည်ကိုတွဲလုပ်၊
မတူသည်အသာထားကိုယ်နိုင်ရာတာဝန်ကိုအသီးသီးယူပြီးကိုယ့်လူမျိုးအတွက်
အလုပ်လုပ်ကြလျှင်ကျနော်တို့ တွေတနေ့ အောက်ကျနောက်ကျလူမျိုးအဖြစ်က
လွတ်ကြမည်ဖြစ်ပါသည်။
ထိုသို့ မဟုတ်ပဲ ကိုယ်နှင့်စိတ်သဘောချင်းမတိုက်ဆိုင်သူကိုရန်သူဟုစွပ်စွဲ၊တ
သက်လုံးနိုင်ငံရေးလူမှုရေးနလန်မထူနိုင်အောင်နှိပ်ကွပ်၊ကိုယ်တိုင်ကလည်းဘာ
မှထိထိရောက်ရောက်မ်လုပ်နိုင်၊ဒီကြားထဲသူများလုပ်နိုင်သလောက်လုပ်နေကြ
သည်ကိုလည်းမနာလိုမရှုစိမ့်ဖြစ်နေကြလျှင်တော့ ကျနော်တို့ လိုလားသည့်ပန်း
တိုင်သည်ကြာလေဝေးလေဖြစ်ကြရပါတော့မည်။တိုင်းပြည်အတွက်လူမျိုးအ
တွက်ဥာဏ်စွမ်း ဥာဏ်စ ရှိသလောက်စိတ်ရင်းစေတနာမှန်ကန်စွာဖြင့်လုပ်ကိုင်
နေကြသောအဖွဲ့ ဝင်များကိုမကူညီချင်နေပါ၊ မနှောင့်ယှက်ပါနှင့်ဟုသာအဖွဲ့ ကြီး
ကိုယ်စားမေတ္တာရပ်လိုပါသည်။
အချုပ်အားဖြင့်ပြောရလျှင် ယနေ့ ဒဘလျူအေအိုအဖွဲ့ ကြီးသည်သမိုင်းလိုအပ်
ချက်အရ၊ရခိုင်ပြည်သူတို့ ၏လက်ရှိအခြေအနေ၏တောင်းဆိုမှုအရပေါ်ထွက်
လာသော အမျိုးသားအင်အားစုအဖွဲ့ ကြီးတစ်ဖွဲ့ ဖြစ်ပါသည်။အသင်းကြီးကိုဝိုင်း
ဝန်းပြုစုပျိုးထောင်ပြီး အသင်းကြီးစိမ်းလန်းစိုပြည်အခက်အလက်ဝေအောင်
ကျနော်တို့ အတူကြိုးစားကြရပါမည်။သို့ မှသာနောင်လာနောင်သားတို့ အား
ထားရာအရိပ်ခိုရာ အေးချမ်းသည့်ဘူမိနက်သန်မြေတစ်ခုကိုကျနော်တို့ ထားခဲ့
နိုင်ပါမည်။မဟုတ်လျှင်တော့ နေပူကျဲကျဲ ကန္တာရထဲမှာ ကျနော်တို့ တေရဲ့ မျိုး
ဆက်တွေ ဒုက္ခပင်လယ်ဝေနေကြရမည်ဖြစ်ပါကြောင်းတင်ပြလိုက်ပါသည်။

No comments:

Post a Comment