Sunday, July 19, 2009

အမေရိကန်တွင် ကျင်းပသော ၁၅ ကြိမ်မြှောက် ရခိုင်သင်္ကြန်ပွဲတော် အောင်မြင်စွာပြီးစီး

ဇူလှိုင်လ ၁၂ ရက်နေ့ကအမေရိကန်ရောက် ရခိုင်အမျိုးသားများ ကြီးမှူးကျင်း
ပသည့်၁၅ ကြိမ်မြှောက်ရခိုင်ရိုးရာသင်္ကြန်ပွဲတော်မှာ အောင်မြင်စွာကျင်းပပြီး
စီးခဲ့ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။အဆိုပါ သင်္ကြန်ပွဲတော်တွင် သက်ကြီး
ပူဇော်ပွဲ၊ စာစီ စာကုံးပြိုင်ပွဲ၊ သင်္ကြန်အဆိုအက၊ ရခိုင်ရိုးရာ ရေလောင်းကစား
ခြင်းနှင့် ထုတ်စည်းထိုး ကစားခြင်း စသည့် အစီအစဉ်များကို ကျင်းပပြုလုပ်ခဲ့
ကြသည်။သင်္ကြန်ပွဲတော်အတွင်းရခိုင်လူငယ် မောင်မယ်များက အပျို လူပျို
ယိမ်း၊ ရိုးမရံစီ အကနှင့် ဗုဒ္ဓပူဇေနိယ အကများဖြင့် တက်ရောက်လာသူများ
ကို တင်ဆက်ဖြေဖျော်ခဲ့ကြသည်ဟုသိရသည်။၎င်းအပြင်ဓည၀တီ၊ဝေသာလီ၊
လေးမြို့နှင့် မြောက်ဦးခေတ် ရခိုင် အမျိုးသမီးများ၏ ၀တ်စား ဆင်ယင်မူကို
လည်း ပြသခဲ့သည်ဟု သိရသည်။ ရခိုင်ရိုးရာသင်္ကြန်ပွဲတော်သို့ လူပေါင်း
၁၀၀၀ ကျော်တက်ရောက် ပါဝင်ဆင်နွဲခဲ့သည်ဟုသိရသည်။ရခိုင်ရိုရာသင်္ကြန်
ပွဲတော်အား နှစ်စဉ်နှစ်တိုင်း အမေရိကန်နိုင်ငံနယူးယောက်မြို့တွင်ဇူလှိုင်လ
ပတ်ဝန်းကျင် အချိန်ကာလ အတွင်း ကျင်းပကြသည်။နှစ်သစ်ကူးသည့် ရခိုင်
သင်္ကြန်ကာလကျင်းပသည့် ဧပြီလ အတွင်း အမေရိကန်နိုင်ငံတွင် အထူးချမ်း
အေးသဖြင့် ပူနွေးသည့် ဇူလှိုင်လတွင် အစားထိုး ကျင်းပကြခြင်း ဖြစ်သည်။
နရဉ္ဇရာသတင်းဌာနမှကူးယူဖေါ်ပြသည်။

No comments:

Post a Comment