ဘက်မှားတဲ့ကိစ္စ
ဟစ်တလာက ဗဟိုပုံနှိပ်တိုက်ကိုသူ့ရုပ်ပုံနဲ့တံဆိပ်ခေါင်းထုတ်ခိုင်းလိုက်တယ်။ပြသနာ တံဆိပ်ခေါင်း
တွေက စာအိတ်ကနေ ကွာကွာတာပဲ။နေ့စဉ်နေ့တိုင်းပဲ ကွာကျတဲ့တံဆိပ်ခေါင်းတွေကအိတ်ကြီးတစ်
လုံးနဲ့အပြည့်။
ဟစ်တလာက ဗဟိုပုံနှိပ်တိုက်ကိုသွားပြီးသူ့အထိမ်းအမှတ်တံဆိပ်ခေါင်းမှာ အဆင့်မြင့်ကော်အ
ကောင်းစားကို သုံးဖို့ညွှန်းကြားပါတယ်။
ဟုတ်ကဲ့ပါခင်ဗျ၊ကျွန်တော်တို့ကအဆင့်မြင့်ကော်အကောင်းစားကိုသုံးထားပါတယ်။ဒါပေမဲ့ကံဆိုးမိုး
မှောင်ကျတဲ့အခြေအနေတစ်ခုကတော့လူတွေကတံဆိပ်ခေါင်းကိုဘက်မှားပြီးတံတွေးနဲ့ထွေးနေကြ
တာပါပဲလို့ပုံနှိပ်သမားကပြန်ဖြေတယ်။
ဘီးဘယ်နှဘီး
လင်။ ။အဲသည်ကောင်တော်တော်တုံးတဲ့ကောင်။
ဇနီး။ ။သူက ဘာပြောလို့လဲ။
လင်။ ။သူက ဘောလုံးမှာ ဘီးလေးဘီးရှိတယ်လို့ပြောနေတာ။
ဇနီး။ ။အဲဒါဆိုတုံးသလား။ဘောလုံးက ဘီးဘယ်နှလုံးရှိလို့လဲ။
ရောက်ဖူးတဲ့သူ
အမေရိကန်တိုးရစ်တယောက်က ဂရိနိုင်ငံမှာ မီးတောင်တွင်းဝတခုကိုငုံ့ကြည့်ရင်း
ငရဲပြည်နဲ့တူလိုက်တာ လို့ပြောတယ်။
ဂရိဂိုက်က
ခင်ဗျားတို့အမေရိကန်တွေကတော့ နေရာတကာရောက်ပြီးသားပဲနော်
လို့ပြန်ပြောတယ်။
အတိတ်နိမိတ်
ဝီလီ။ ။သည်နေ့အတိတ်နိမိတ်တခုငါရတယ်။မနက်ခုနစ်နာရီ မှာ ငါအိပ်ရာက ထတယ်။အိတ်ထဲ
မှာပိုက်ဆံခုနစ်ဒေါ်လာရှိတယ်။နေ့လယ်စာ စားတော့ ဆိုင်ထဲမှာ လူခုနစ်ယောက်ရှိတယ်။မြင်းပွဲ
သွားတော့ပြိုင်တဲ့မြင်းက ခုနစ်ကောင်။နံပါတ်ခုနစ်မြင်းကိုငါလောင်းလိုက်တယ်။
ဘီလီ။ ။နိုင်ရောလား။
ဝီလီ။ ။မနိုင်ဘူး။အဲဒီမြင်းက နံပါတ် ခုနစ်မှာ ပန်းဝင်လာတယ်။
အာမခံ
လယ်သမားကြီးတယောက်မီးအာမခံထားတဲ့အိမ် မီးလောင်သွားပါတယ်။အာမခံကုမ္ပဏီက လျော်
ကြေးငွေထုတ်မပေးဘဲမီးလောင်တဲ့အိမ်နဲ့ပုံစံတူအိမ်တလုံးပြန်ဆောက်ပေးတယ်။
သည်ကိစ္စအတွက်လယ်သမားကြီးသိပ်စိတ်ဆိုးတယ်။ဒီကုမ္ပဏီက ကောက်တွေခုပုံအတိုင်းသာ
လုပ်မယ်ဆိုရင်တော့ငါ့မိန့်အတွက်ထည့်ထားတဲ့အသက်အာမခံကြေးပြန်ထုတ်မယ် တဲ့။
ကိုယ့်အလုပ်ကိုယ်လုပ်
သားငယ်။ ။မေမေ၊ဖေဖေခေါင်းဘာကြောင့်ပြောင်တာလဲ။
မိခင်။ ။သူကအရမ်းစဉ်းစားဥာဏ်သုံးနေလို့ပေါ့သားရယ်။
သားငယ်။ ။ဒါဆို၊မေမေက ဘာကြောင့်ဆံပင်ကောင်းတာလဲ။
မိခင်။ ။ဘာကြောင့်လဲဆိုတော့အင်းသွားစမ်းကိုယ့်အိမ်စာကိုယ်လုပ်ချေ။
ဆရာ ဂျလုံး ၏ဆောင်းပါးကိုကူးယူဖေါ်ပြပါသည်။
No comments:
Post a Comment