Friday, July 8, 2011

Really Useful English Idioms 9

head over heels ဆိုတာက suddenly and deeply in love လို့တိုက်ရိုက်ဘာသာပြန်ပါတယ်။မြင်မြင်
ချင်း ချစ်မိတယ်ဆိုတာလိုမျိုးပေါ့။သူနင့်ဆိုင်တဲ့ဥပမာလေးကိုအောက်မှာဆက်ကြည့်လိုက်ပါ။

Almost as soon as he met her,he fell head over hells for her. 
သူမကို တွေ့တွေ့ချင်းပဲ သူဟာ သူမပေါ်မှာအရမ်းကိုချစ်မိသွားတယ်။


break someone's heart ကတော့ make someone very sad ဖြစ်ပါတယ်။အသည်းကွဲတယ်၊ချစ်သူ
ပစ်သွားလို့ခံစားရတယ်စတဲ့အဓိပ္ပါယ်ရပါတယ်။အောက်ကဥပမာလေးကိုကြည့်လိုက်ပါအုံး။

They had six wonderful months together,and then she left. 
သူတို့ခြောက်လလောက်အပျော်ကြီးပျော်ကြပြီးတဲ့နောက်၊သူမက သူ့ကိုလမ်းခွဲသွားခဲ့တယ်။


pick up the pieces ဆိုတာက  rebuild something that was damaged   အသည်းကွဲပြီးတဲ့နောက်
ကိုယ့်ကိုယ်ကိုယ်ပြန်လည်တည်ဆောက်တယ်ဆိုတဲ့အဓိပ္ပါယ်ရပါတယ်။

It broke his heart,and a year later he's only beginning to pick up the pieces.
သူ့အသည်းတွေကွဲပြီးလို့ တနှစ်လောက်ကြာပြီးတဲ့နောက်မှာတော့   သူဟာကိုယ့်ကိုယ်ကိုယ်ပြန်လည်
တည်ဆောက်နိုင်ပါတယ်။

No comments:

Post a Comment