Tuesday, July 5, 2011

မြတ်ဗုဒ္ဓအလိုကျ အောင်မြင်ကြီးပွားကြောင်း သြ၀ါဒ ရတနာများ-၁

ဘုရားရှင်ကိုယ်တော်မြတ်ဟာ   နာတိကရွာ အုတ်တိုက်ကျောင်း တွင် သီတင်းသုံးစဉ် ရဟန်းတပည့်
တွေကို သံသရာထဲမှာ ထပ်ခါ မသေချင်ပါဘူး၊နိဗ္ဗါန်ကိုေ၇ာက်ချင်ပါတယ်ဆိုရင် သေခြင်းတရားကိုနှ
လုံးသွင်း လို့ ဟောတော်မူပါတယ်။
(ချမ်းအေးဆရာတော်
အရှင်နာဂထေနာဘိဝံသ)

ရှေးကံက ဘယ်လောက်ကောင်းလိုက်သလဲဆိုယင်     တရားရှိတဲ့ဒီနိုင်ငံကို ပို့လိုက်တာပဲ။ရှေးကံကို 
ကျေးဇူးတင်ပါတယ်။
 (အရှင်ဇနကာဘိဝံသဆရာတော်)

သူများစိတ်ကို ကိုယ်စစ်စစ်၊ကိုယ့်စိတ်ကိုပဲ   သူများစစ်စစ်၊ကိုယ့်စိတ်ကောင်းဖို့အတွက် ကိုယ့်စိတ်အ
ဆင့်အတန်းမြင့်မားဖို့အတွက်၊ကိုယ့်စိတ်အရည်အသွေး   ပြည့်ဝဖို့ အတွက်ကိုသာ ဦးတည်ချက်ထား
ရမှာဖြစ်ပါတယ်။
(အရှင်ဆန္ဒာဓိက)

ကိုယ့်ဟာကိုယ် ဥာဏ်နဲ့စဉ်းစားပေါ့၊ဤခန္ဓာကိုယ်ကြီးဟာ အငှားသာဖြစ်တယ်။အငှားရဲ့သဘောဟာ
အချိန်စေ့တော့ ပြန်အပ်ရမှာ။နောက်က အချိန်ကန့်သတ်ချက်လေးတွပါတယ်။
(တိပိဋက(ယော)ဆရာတော်)

မည်သည့်အတတ်မဆို    စိတ်ထားကောင်းမှု၊မကောင်းမှု ပေါ် မူတည်ပါတယ်။စိတ်ထားကောင်းသူရဲ့
အတတ်ပညာကား မိမိ၊သူတပါး နှစ်ဦးစလုံး အကျိုးရှိစေ၍ စိတ်ထားမကောင်းသူရဲ့ အတတ်ပညာမှာ
ထိခိုက်နစ်နာ အကျိုးယုတ်စေတယ်။
(သပြေကန်ဆရာတော်ကြီး)

သူများအထင်ကြီးရုံကလေးတော့ မလုပ်လိုက်ကြပါနဲ့။ကိုယ့်စိတ်က ရိုးသားဖြောင့်မတ်တဲ့စိတ် အမြဲရှိ
နေရမယ်။ကိုယ်က ရိုးသားမှ အများကလည်း ကိုယ့်ကို ပြန်ပြီး ရိုးသားတယ်လို့ယုံကြည်လာကြမှာ။သူ
တော်ကောင်းတရားတွေ ကိုယ့်မှာ ပြည့်စုံလာရင် ကောင်းတဲ့နေရာကို ရောက်လာအမှန်ပဲ။
(အရှင်ဇနကာ ဘိဝံသဆရာတော်)

တင်မော်(ဓာတု)၏ မြတ်ဗုဒ္ဓအလိုကျ အောင်မြင်ကြီးပွားကြောင်း သြ၀ါဒ ရတနာများစာအုပ်မှကူးယူ
ဖေါ်ပြပါသည်။

No comments:

Post a Comment