Saturday, July 9, 2011

သံလိုက်လူသား

အသက် ၁၁-နှစ်သာရှိသေးတဲ့ခလေးတယောက်ကို  ဘရာဇီးလ်နိုင်ငံမှာ      သံလိုက်လူသားလို့ခေါ်နေ
ကြတယ်လို့ဆိုပါတယ်။အကြောင်းကတော့ဒီခလေးရဲ့ကိုယ်ပေါ်ကိုသံထည်ပစ္စည်းတွေကိုတင်လိုက်ယင်
သံလိုက်တုံးတတုံးပေါ်မှာတက်လိုက်သလိုမျိုးအားလုံးကပ်နေကြလို့ဖြစ်ပါတယ်။

Rio Grande do Norte ပြည်နယ်က  Paulo David Amorin   ဆိုတဲ့ကလေားငယ်ဟာ ဇွန်းတွေ ကတ်
ကြေးတွေတင်မက casserole       အိုးတွေကိုတောင်သူ့ခန္ဓာကိုယ်ပေါ်မှာကပ်ငြိလျှက်သယ်ဆောင်နိုင်
တယ်လို့ TV Globo ရဲ့အဆိုအရသိရပါတယ်။

သူ့ဖခင် Junior Amorin ကသူ့သားကို သားလှီးဓားနှင့်     ခက်ရင်းကိုသယ်နိုင်မလားမေးကြည့်တော့ဒီ့
ထက်မကအများကြီးသူ့သားရဲ့ခန္ဓာမှာ သံထည်ပစ္စည်းတွေ   ကပ်ငြိနိုင်တာကိုအံ့သြဖွယ်တွေ့ရတယ်လို့
ဆိုပါတယ်။

အခုအခါ ပိုလိုဒေးဗစ်ကို သူ့အတန်းဖေါ်သူငယ်ချင်းတွေက  သံလိုက်လူသားလို့ခေါ်နေကြတယ်လို့ဆိုပါ
တယ်။
ကျောင်းမှာ လူတိုင်းက ကျနော့ကို သံထည်ပစ္စည်းတွေ  ကပ်ကြည့်လို့ရမလားလို့မေးကြတယ်။သူတို့က
ကျနော့ကို တကယ်မဟုတ်ပဲ ကျနော်လှည့်ဖြားနေတယ်လို့ထင်နေကြတယ်လေ။

ဒေါက်တာ Dix-Sept Rosado Sobrinho က သူ့ရဲ့ဆရာဝန်သက်တမ်း နှစ် ၃၀ အတွင်းမှာခုလိုအတွေ့
အကြုံမျိုးတခါမှမရှိခဲ့ဖူးဘူးလို့ဆိုပါတယ်။
သူကဆက်ပြီး ဒီကလေးမှာဒီလိုသံလိုက်ဓာတ်တွေရှိနေပေမယ့်တစုံတရာစိုးရိမ်စရာတော့မရှိပါဘူးတဲ့။

မူရင်းသတင်းကိုအောက်က လင့်ခ် မာဖတ်ရှုနိုင်ပါတယ်။
http://news.sky.com/skynews/Home/World-News/Brazil-Magnet-Boy-Paulo-David-Amorim-Attracts-Attention-Because-Metal-Objects-Stick-To-His-Body/Article/201107216027174?lpos=World_News_Second_Home_Page_Article_Teaser_Region_0&lid=ARTICLE_16027174_Brazil_Magnet_Boy%3A_Paulo_David_Amorim_Attracts_Attention_
Because_Metal_Objects_Stick_To_His_Body

No comments:

Post a Comment