Sunday, July 3, 2011

ရခိုင်ရို့ ၏အတိတ်၊ပစ္စုပ္ပန် နှင့်အနာဂတ်(၁)

ပြောရကေ  အတိတ်ကိုကျနော်ကောင်းမပြောချင်။ရွှေထီးဆောင်းခစောဝ်ပဲဖြစ်ဖြစ်။ပြိုလဲခ စောဝ် ပဲဖြစ်
ဖြစ်ပြီးသားတိကတခုလဲလုပ် လို့မရယာ။ပြန်တမ်းတနိမ်လို့လဲအပိုယာ။ဝမ်းနည်းပူဆွေးနိမ်လို့ လဲအချဉ်း
နှီးယာ။ယကေလဲတချို့ အတိတ်တိကဂနိမျိုးဆက်တိအတွက်အတုယူစရာ၊ သင်ခန်းစာယူစရာတိပါကေ
ယူလို့ရအောင်အနည်းငယ်လောက်တော့ပြောပါမေ။
ဒေနိမ်ရာမာကျနော်အသေအချာတခုပြောလိုစောဝ်က ရခိုင်လူမျိုးတိရွှေထီးဆောင်းခရေအကြောင်းကို
ပင်ရေးရေး၊ပြိုလဲခရေကာလ ကို ပင်ပြောပြော ပြောရေစေတနာတိ  ကျနော်ရို့ လူမျိုး တိ အ တွက်တစုံ
တရာ သတိသံဝေဂယူစရာ၊ဆင်   ခြင်းစရာတိဖြစ်အောင်၊အတိတ်ကိုသင်ခန်းစာယူပြီးကို  ပစ္စုပ္ပန်ကိုအ
ကောင်းဆုံးတည် ဆောက်ပနာ၊  အနာဂတ်အတွက်အဆင့်အမြင့်ဆုံးပြင်ဆင်လို့ ရ အောင်စေတနာနင့်
ပြောခြင်းသက်သက်ဆိုစောဝ်ပါ။

သမိုင်းဆိုစောဝ်  ပြန်ပြင်လို့ရအမျိုးမဟုတ်ပါ။ဖြစ်ပြီးခရေကိစ္စသည်အမှန်ဖြစ်ပြီးယာဖြစ်ပါရေ။အဂုခေတ်
လူတိအနိမ်နင့်ဂုဏ်တက်စရာတိဟိခပချောင်သိက္ခါကျစရာတိလည်း  ဟိခလီဖို့အမှန်ပါ။သမိုင်းဆိုသည်
မှာ နိမ့်လိုက်မြင့်လိုက်ဟိကတ်စမြဲမဟုတ်ပါလား။
သမိုင်းကိုသင်ခြင်းသည်    မျိုးဆက်သစ်တိမ(အ)အောင်လို့   သင်ရရေလို့ကြားဖူးပါသည်။ယေ့အတွက်
ကျနော်ရို့ရခိုင်လူမျိုးတိ၊ မျိုးဆက်သစ်တိမ(အ)အောင်လုပ်ရဖို့က   ကျနော်ရို့တာဝန်ပါ။ဒေ နိမ်ရာမာအ
တိတ်သမိုင်းနင့်ပတ်သက်လို့အရေးကြီးရေအချက်တိထဲကလိုရင်းကိုစကေလောက်ပြောပါမေ။

၁၅၉၉-ခုနှစ်မာဗမာဘုရင်ဘုရင့်နောင်၏အရိပ်အရာကို  ဆက်ခံရေနန္ဒဘုရင်လက်ထက်မာရခိုင်ဘုရင်
ရာဇာကြီးက       ဗမာပြည်ကိုကျူးကျော်သိမ်းပိုက်ခဖူးရေ။ယေ့ပိုင်ဝင်တိုက်ပြီးကေနန်းကိုပါပြာ ပုံဘဝ
ရောက်အောင်မီးလောက်တိုက်သွင်းခပြီးရေအတွက်     ဗမာပြည်လဲ တစစဖြစ်လားခလီရေ။နန္ဒဘုရင်
လက် ထက်မာပြန်နလန်မထူခနိုင်ရေအပြင်သူ့သားတော်     အနောက်ဘက်လွန်မင်း လက် ထက်ထိ
သူ့အဖိုးသေဘုရင့်နောင်ပိုင်ချောင်မျိုးတိုင်းပြည်ကိုမတည်ဆောက်မစည်းရုံးနိုင်သိမ်း။ ဗမာတိအနိမ်နင့်
ယပိုင်ရခိုင်လူမျိုးတိ၏ကျူးကျော်ဝင်ရောက်တိုက်ခိုက်ပြီးတိုင်းပြည်ကို တစစီဖြစ်အောင်လုပ်ပစ်ခစောဝ်
ကိုရခိုင်တိအပေါ်မာအသည်းခိုက်အောင်နာကျဉ်းရေ။အထူးသဖြင့်သူရို့ ဆင်ဖြူတော်နှင့်နန်းစိုင်ပတ္တမြား
ရတနာကိုရခိုင်ရှင်ဘုရင်ကသိမ်းယူလားစောဝ်ကိုအခံစားရဆုံး။ယေ့နက်ကြောင့်ရခိုင်ကိုဖြစ်တေနည်း
နင့်တိုက်ဖို့ကလေ့စားချေဖို့က ဗမာဘုရင်အဆက်ဆက်ရို့ ၏အဓိကဦးစားပီးဖြစ်လာ ရေ။

သူရို့ ဆင်ဖြူတော်ကိုပြန်ရဖို့အတွက်အထူးကြိုးစားခရေစောဝ်ကိုတွိရရေ။    အနောက်ဘက်လွန်မင်းက
ယေ့ခါကဂိုအာဘုရင်ကိုမြောက်ဦးကိုပူးပေါင်းဝင်တိုက်ဖို့အတွက်      သံတမန်တိစေလွှတ်လို့မိန်း ဖူးရေ။
ဗမာဘုရင်ကဇာပိုင်ကမ်းလှမ်းလဲဆိုကေ    သူရို့ ပူးပေါင်းတိုက်လို့ရခိုင်ကိုနိုင်ကေသူရို့ပိုင် ဆင်ဖြူ တော်
ကိုပြန်ရကေကျီယာ။ကျန်ရေနန်းစိုင်ရတာတိအဖိုးတန်ပစ္စည်းတိကိုဂိုအာတိယူကလီ။
သို့ သော် ဂိုအာဘုရင်ကတခုလဲအကြောင်းမပြန်။မပြန်ရခြင်းက        ရခိုင်ကိုဝင်တိုက်ခြင်းက ကိုယ့်သီ
တွင်းကိုကိုယ်တူးစောဝ်နင့် အတူတူဆိုစောဝ်ကိုယေ့ခါကဂိုအာ        ဘုရင်ကကောင်းကောင်းသဘော
ပေါက်တေ။အထူးသဖြင့်ရခိုင်ရီတပ်ကိုသူရို့ အကြောက်ဆုံး။    သူရို့ တောင်ဇာ နိမ့်ဝင် တိုက်ခံရဖို့လဲလို့
ကြောက်နိမ်ရလို့ ရခိုင်ကိုမျက်နှာချိုသွီးနိမ်ရရေအချိန်မာ     အဂုပိုင်လားလို့ရန်စကေ မျိုးပြုတ်လားဖို့ဆို
စောဝ် ကိုသဘောပေါက်တေအတွက်ဗမာဘုရင်ကိုတခုလဲပြန်မပြောလိုက်ခြင်းဖြစ်တေ။
ဒေနိမ်ရာမာ ရခိုင်ရှင်ဘုရင်က ဇာအတွက်  ဗမာပြည်ကိုလားတိုက်ရလဲဆိုစောဝ်သိဖို့လိုလာရေ။
ယေ့ခါကရခိုင်ရှင်ဘုရင်မာ      မဟာမြတ်မုနိရုပ်ပွားတော်ဟိပြီးသားဖြစ်တေ။အကယ်၍ဗုဒ္ဓဘာသာမင်း
တပါးမာ      ဘုရားရှင်ကိုယ်တော်မြတ်၏ကိုယ်စားတော်မဟာမြတ်မုနိဘုရားလဲဟိနိမ်ယာ၊ဆင်ဖြူတော်
လဲဟိဖို့ ဆိုကေ           ဒေဘုရင်သည်ဗုဒ္ဓဘာသာဝင်အားလုံးရို့ ၏အဓိပတိဖြစ်လားဖို့လို့ရခိုင်ရှင်ဘုရင်
ကယူ ဆ ထားရေ။ယေ့အတွက်       ဆင်ဖြူတော်ကိုလိုချင်ရေ။ဆင်ဖြူတော်ဇာမာဟိလဲလို့ကြည့်လိုက်
တေခါဗမာ ဘုရင်မာဟိစောဝ်လားတွိရရေ။     ဗမာတိကလဲ သူရို့ ကိုယ်သူရို့ ဆင်ဖြူရှင်ဆိုပြီးသွီးနထင်
ကိုရောက် နိမ်စောဝ်ရခိုင်ဘုရင်ကြည့်လို့မရစောဝ်လဲပါ      ပါလိမ့်မေ။သို့ သော် ဗမာပြည်ကိုလားတိုက်
ရခြင်းကယေ့ အ တွက်သက် သက် တော့မဟုတ်။အခြား       ဖြစ်နိုင် လောက် တေအ ကြောင်း ရာ တိ
လည်း တွိရ သိမ်းရေ။
တိုက်ရခြင်းအကြောင်းရင်းတိကိုအားလုံးခြုံနိုင်အောင်လို့        ရခိုင်ပြည်ကိုဗမာပြည်က လာ တိုက်တေ
သမိုင်းတိအနည်းငယ်ဖေါ်ပြပါအုံးမေ။    ဗမာတိစောဝ်ရခိုင်ပြည်ကိုစုစုပေါင်းငါးကြိမ်တိုင်တိုင်ကျူးကျော်
စစ်ပြုပြီးကေသိမ်းပိုက်ခစောဝ်ကိုတွိရ၏။

၁။ပထမအကြိမ်ဗမာကျူးကျော်စစ်။
ခရဇ်သက္ကရဇ် အေဒီ ၁၀၅၀ မာ ဗမာဘုရင်            အနော်ရထာ(အနိရုဒ်ဒါ)လက်ထက်မာသူ၏ လက် 
အောက်ခံပြည်နယ်တခုအဖြစ်ရခိုင်ပြည်သိမ်းသွင်း           လိုရေအတွက်ရခိုင်ပြည်မြောက်ပိုင်းကို ကျူး 
ကျော်ဝင်ရောက်တိုက်ခိုက်၏။ယပိုင်တိုက်ရာမာဗမာတိက           တချက်ခုတ်နှစ် ချက်ပြတ်အစီအစိုင်
နင့်ဖြစ်သည်။ပထမတချက်ကမဟာမြတ်မုနိ          ရုပ်ရှင်တော်မြတ်ကြီးကိုပုဂံသို့သိမ်းယူပင့်ဆောင်ဖို့။
သို့ သော်ရခိုင်ရို့ ၏တိုက်ခိုက်ရည်ကို             မခံနိုင်ရေအတွက်နောက်ပြန်ဆုတ်လားရရေ။သူရို့ ဆန္ဒ
မပြည့်ဝခ။
 ၁၀၄၄ ခုနှစ်မာနန်းတက်တေအနော်ရထာမင်းစောဝ်            ရခိုင်ကိုတိုက်ပြီးနောက်ခုနှစ်-နှစ်အကြာ
အေဒီ ၁၀၅၇-ခုနှစ် မာမွန်ကိုတိုက်ခိုက်အောင်မြင်ပြီးကေ ပိဋကတ်သုံးပုံကိုပင့်ဆောင်နိုင်ခကတ်လီရေ။

၂။ဒုတိအကြိမ်ကျူးကျော်စစ်။
ရခိုင်ဘုရင်မင်းဘလူး     ကသူ့အမတ်ကြီးအသင်္ခယာ၏လုပ်ကြံခြင်းကို အေဒီ ၁၀၆၈ မာလုပ်ကြံခံ ရ ပြီး
နောက်မာ သူ့သားသေ     မင်းရဲဘယစောဝ် ပုဂံဘုရင်ကျန်စစ်သားပါးမာ နိုင်ငံရေးခိုလှုံ ခရ ရေ။သူ့ထီး
နနကိုပြန်ရဖို့အတွက်ကျန်စစ်သားမင်းကို      အကူအညီတောင်းကေလဲသူ့ပြည်တွင်းပြသနာတိကြောင့်
ရခိုင်အိမ်ဟိမင်းသားကိုအကူအညီ မပီးနိုင်ခ။ယေ့ အချိန်မာ     ရခိုင်အိမ်ဟိမင်းသား မာလဲအကူ အညီ 
ကိုစောင့်ယင်းနင့် ပုဂံမာပဲသားတော်လင်္ကျာမင်းနန်ကိုမွိန်းခရေ။       လင်္ကျာမင်းနန်စောဝ် အ လောင်း
စည်သူမင်း၏ အကူအညီနင့်ရခိုင်ပြည် ထီးနန်းကိုပြန်လို့သိမ်းယူနိုင်ခ၏။

၃။တတိယအကြိမ်ကျူးကျော်စစ်။
ရခိုင်ဘုရင်မင်းဘာကြီးက ဘင်္ဂါ ၁၂မြို့ ကိုသိမ်းပိုက်အောင်မြင်ပြီးချိန်         အေဒီ ၁၅၃၂-ခုနှစ်မာ ဗမာ
ပြည်မာလဲ ဗမာဘုရင် တပင်ရွှေထီးက         သူရို့ ၏ဒုတိယ ဗမာအင်ပါယာကိုပြန်လည် တည် ထောင်
နိမ်ရေ ကာလနင့်တိုက်ဆိုင်နိမ်ရေ။ဗမာဘုရင်တပင်           ရွှေထီးကသူ့ဗိုလ်ချုပ်ကျော်ထင်နော်ရထာ
ကိုစေလွှတ်ပြီးကေရခိုင်ပြည်တောင်ပိုင်းကိုဝင်ရောက်ကျူးကျော်လီရေ။            ရည်ရွယ်ချက်ကတော့
ရခိုင်ပြည်ကိုလက်အောက်ခံနယ်ပယ်အဖြစ်       သိမ်းသွင်းဖို့နင့်မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကိုသိမ်း
ယူပင့်ဆောင်ဖို့။သို့သော်ဗမာနင့်          ရခိုင်ရဟန်းသံဃာတော်တိ၏ကြားဝင်စေ့စပ်မှုနင့်နှစ်နိုင်ငံငြိမ်း
ချမ်းရေးစာ ချုပ်ကိုချုပ်ဆိုနိုင်ခပြီးဗမာစစ်တပ်တိနောက်ပြန်ဆုတ်        လားရေ။ယေ့ရက်ကိုရခိုင်လူမျိုး
တချို့ ကအမျိုးသားနိအဖြစ်သတ်မှတ်ချင်ကတ်စောဝ်ကိုတွိရရေ။

၎။စတုတ္ထအကြိမ်ကျူးကျော်စစ်။
ရခိုင်ဘုရင်မင်းဘာကြီး၏သားအငယ်ဆုံးမင်းဖလောင်းနန်းတက်နိမ်ကာလမာ           ဗမာဘုရင်တပင်
ရွှေ ထီးက ကြည်းတပ်၊ရီတပ်အလုံး အရင်း နင့်ရခိုင်ပြည်ကိုစစ်ချီလာခ၏။ယေ့အချိန်က       ဗမာတိအ
နိမ်နင့်အိမ်နီးချင်းနိုင်ငံတချို့ ကို    တိုက်ခိုက်အောင်နိုင်ထားရေအတွက်အင်မတန်သွီးနထင် ကိုရောက်
နိမ်ရေ အချိန်။ရခိုင်ကိုပစောင်နည်းနင့်မဆို     အလွယ်တကူသိမ်းနိုင်လိမ့်မေလို့ယုံကြည်ထား   ကတ်ပုံ
ကျရေ။သို့သော်လည်းသူရို့ မှန်းချက်နင့်နှမ်းထွက်မကိုက်ခကတ်ပါ။     ရခိုင်တိ၏   စစ်မျက်နှာတိုင်း မာ
ရွတ်ရွတ် ချွန် ချွန်ခုခံကာကွယ်ပြီးရန်သူ     တပ်တိကို တွန်းလှန်ပလိုက်နိုင်ရေ  ။ယေပြီးကေဗမာဘုရင်
ကိုပါ စစ်ပြေငြိမ်း ရေးစာချုပ်မာလက်မှတ်ရေးထိုးခိုင်းနိုင်လိုက်တေ။      ဘုရင့်နောင်ရို့ ၊တပင်ရွှေထီးရို့ 
ဆိုစောဝ်ဒေနိ စစ် အစိုးရအဆက်ဆက်အင်မတန်အတုယူအားကျပြီးကေ        မြို့ တော်အသစ်ကြပ်ပြီး
မာတောင် အရုတ် တိ ထုလို့အထွတ်အမြတ် ထားခံရရေဗမာစစ်ဘုရင်တိဖြစ်ကတ်တေ။

၅။ပဉ္စမအကြိမ်ကျူးကျော်စစ်။
ရခိုင်ဘုရင်မဟာသမ္မတရာဇာမင်းလက်ထက်       ရခိုင်ပြည်၏နန်းတွင်းမငြိမ်သက်မှု၊ပြည်သူတိ၏ ဆူပူ
မှု တိ ကို အခွင့်ကောင်ယူပနာ ဗမာ ဘုရင်ဘိုးတော်မောင်ဝိုင်းရေ      ၁၇၈၄-ခုနှစ်မာသားသေအိမ်ဟိ
မင်းသားကိုရခိုင်ပြည်ကိုကျူးကျော်သိမ်းပိုက်ပြီး      မဟာမုနိရုပ် ရှင်တော်မြတ် ကိုပါတပါတည်းပင့်လာ
ဖို့အမိန့်ထုတ် လိုက်တေ။ဒေတခါ       ဗမာတိအတွက်အနှစ်နှစ်အလလက အောင့်အည်းထားစောဝ်တိ
ကိုစု ပုံပြီးကလေ့ စားချေခွင့်ရလိုက်တေလို့ပြောလို့ရရေ။     ရခိုင်နန်းတော်ကိုပြာပုံ ဘ၀ရောက်အောင်
လုပ်လားနိုင်ခရေ။အင်္ဂလိပ် တိဗမာပြည် ကို သိမ်းခါကနန်း      ကိုမိန်းမတိုက်ခစောဝ်နင့်တိုင်းကြည့်လို့
ရရေ။ ရခိုင်ဘုရင်နှင့်မိဘုရားအပါအ၀င်တော်ဝင်မိသား        စုအားလုံး ကိုဖမ်းဆီးခေါ်ဆောင်လားခြင်း
ကိုခံလိုက်ရရေ။တချို့ ရခိုင်မင်းသမိန်းတိစောဝ်       ဗမာတိစော်ကားအနိုင်ကျင့်ဖို့ကိုမခံချင်လို့ကိုယ့်ကို 
ကိုယ်သတ် သီလားကတ်တေလို့လေ့ လာ ဖူးပါရေ။         ဗမာဘုရင်ကိုအင်္ဂလိပ်တိဖမ်းယူလားပြီးကေ
အိန္ဒိယနိုင်ငံမာ အဆောင်အယောင်မင်းခမ်းမင်း နားတိ နင့်ထားစောဝ် နင့်နှိုင်းကြည့် လို့ရရေ။

ဒေအချက်တိကိုလေ့လာကြည့်လိုက်ကေဗမာတိအနိမ်နင့်     ရခိုင်ပြည်ကိုစတင်ကျူးကျော်စောဝ်ကိုတွိ
ရဖို့ဖြစ်ပြီးကေရခိုင်ဘုရင်မင်းရာဇာကြီး က      ဗမာပြည်ကိုဝင်ရောက်သိမ်းပိုက်ခြင်းသည်ဆင်ဖြူတော်
လိုချင်လို့သက်သက်တော့မဟုတ်လို့ယူဆလို့ရပါလိမ့်မည်။

နောက်တခုပြောလိုသည်မှာ သမိုင်းကိုသင်ယူခြင်းသည်    အထက်ကပြောကပိုင်မ(အ),အောင်လို့ ၊လို့
ဆို ရေ စကားပါ။ဗမာတိတဖက်က မဟာမြတ်မုနိဘုရားကိုလိုချင်လို့     ကျားချောင်းပချောင်ချောင်းနိမ်
ရေ။တဖက်က ရခိုင်တိကိုနည်းမျိုးစုံနင့်ကလေ့စားချေရဖို့အတွက်             ဆင်ကြံ ကြံနိမ်ရေအချိန်မာ
ရခိုင်လူမျိုး တိက ယေ့အချက်သမိုင်းထဲကသင်္ခန်းစာယူလို့အမြဲတမ်း       သတိအနိမ်အထားနင့်ဟိနိမ်ရ
ဖို့အစား၊ကိုယ့်ပြသနာကို ကိုယ့်ပြည်တွင်းမာကိုယ့်အချင်းချင်း       သဘောထားကြီးကြီးနင့်ဖြေရှင်းဖို့အ
စား(အ)ပြီးကေ ဗမာတိ ကို လားခေါ်ခီရေ။     တနည်းအာဖြင့်(အ) လို့ခံရရေလို့ရင်နာနာ နင့်ပြောရလီ
ဖို့ ယာ ထင်ပါယင့်။

ကျနော့အနိမ်နင့်ဒေဆောင်းပါမာ      သမိုင်းဖြစ်ရပ်မှန်တိကိုဖေါ်ပြရခြင်းသည် ဗမာကိုလူမျိုး ရေး အရ
မုန်းလို့၊ သူများကိုမုန်းအောင်       လို့ဖန် တီးစောဝ်မျိုးမဟုတ်ပါ။ဇာလူမျိုး ဇာဘာသာ ကိုမှ ရခိုင်တိ အ
နိမ်နင့်မုန်းနိမ်စရာမလိုပါ။သို့သော်သမိုင်းထဲက      သင်္ခန်းစာတိကိုယူပြီးကေ ကိုယ့်တိုင်းပြည် အတွက်၊
ကိုယ့်လူမျိုးအတွက်အလုပ်လုပ်နိုင်ကတ်တေ   ရခိုင်မျိုးချစ်တိပေါ်ပေါက်လာဖို့တော့လိုပါရေ။သမိုင်းထဲ
ကယူသင့်ရေသင်္ခန်းစာတိကိုယူပြီးကေ     အဂုချိန်မာ ပြင်ဆင်ဖို့အခါကောင်းဖြစ်တေဆို စောဝ်ကိုရခိုင်
ပြည်သူတိနား လည်သ ဘောေ ပါက်ဖို့ လိုပါရေ။
တချို့ သမိုင်းဖြစ်ရပ်မှန်ကိုသေချာနားမလည်ကတ်တေ၊လေ့လာခွင့်မရကတ်တေ       ရခိုင်မျိုးဆက်လူ 
ငယ်တိက ကျူးကျော်သူဗမာတိ၏       တိုင်းရင်းသားညီအကိုတိဆိုစကားနောက်မာယောင်ဝါးပြီးပါနိမ် 
ကတ်စောဝ်တိကိုလည်းယေ့လူငယ်တိအိမ်မက်ထဲကလန့်နိုးကတ် လီအောင်သတိပီးချင်စောဝ်လဲပါ ပါ
ရေ။ညီအစ်ကိုတိမဟုတ်။အားမတန်လို့ မာန်ကိုလျှော့နိမ်ကတ်ရရေအသိမ်းပိုက်ခံကိုလိုနီတိဖြစ်တေ၊အ
ဖိနှိပ်ခံလူမျိုးတမျိုးဖြစ်တေ။ဗမာစစ်ဝါဒီတိပါးကတခုလဲမရနိုင်ဆိုစောဝ်ကိုသေချာသဘောပေါက်နား
လည်ကတ်စီဖို့စေတနာ သက်သက်နင့်ရေးသားရခြင်းပါကြောင်း။

ရခိုင်ရို့ ၏အတိတ်၊ပစ္စုပ္ပန် နှင့်အနာဂတ်(၂)ကိုဆက်လက်ဖေါ်ပြပါအုံးမည်။

Sourse:
Maha Muni Image and its Rough Path by U Khin Maung Saw,Berlin
The Land of The Great Image by Maurice Collis
ဗုဒ္ဓသာသနာပြုပုဂ္ဂိုလ်ကျော်အနာဂါရိကဓမ္မပါလ-ရွှေဘိုမိမိကြီး
ပြည်တွင်းပြည်ပနိစိုင်အင်တာနက်သတင်းစာတိ။

No comments:

Post a Comment