Friday, July 8, 2011

မြတ်ဗုဒ္ဓအလိုကျ အောင်မြင်ကြီးပွားကြောင်း သြ၀ါဒရတနာများ-၎

ပစ္စည်းဆိုတာလည်း ခန္ဓာက တာဝန်ပေးထားတာဆိုတော့ နေ့တိုင်းရှာဖွေစုဆောင်းပြီး အပေါင်းလက္ခ
ဏာ ပြုပေးတဲ့အခါ ရရင် ပြီးရောဆိုတဲ့သဘောနဲ့ ရှာရမှာ မဟုတ်ပါဘူး။
သဒ္ဓါအား၊ပညာအား ကိုယ်ပိုင်လူစွမ်းလူစကို သုံးပြီးအစည်းကမ်းဘောင်အတွင်းက တရားနည်းလမ်းနဲ့
အညီ ရှာရမှာ ကိုပြောတာပါ။
(အရှင်သိရိန္ဒာ ဆရာတော်)


ဝိပသနာ ဥာဏ် ထက်သန်နေသူရဲ့ သန္တာန်မှာ ငါအစွဲ၊ငါ့ဥစ္စာ အစွဲတွေ လွတ်မြောက်နေတာနဲ့အမျှစိတ်
ငြိမ်းချမ်းခြင်း၊စိတ်ဓာတ်ခိုင်မာခြင်း၊စိတ်နေစိတ်ထား ကြီးကျယ်မြင့်မြတ်ခြင်း၊ကိုယ်ကျင့်တရား ကောင်း
မွန်ခြင်း၊ဘ၀ကိစ္စအထွေထွေ အဆင်ပြေခြင်း စတဲ့ မရေတွက် နိုင်တဲ့ ကောင်းကျိုးတရားတွေလဲ အံ့သြ
ဖွယ်ရာ ပြည့်စုံလာနိုင်ပါတယ်။
(အရှင် ဆန္ဒာဓိက)

မသေချာတာကိုရချင်ရင် သေရမှာကို အရင်ဆင်ခြင်ရတယ်။    ဘ၀အောင်မြင်ရေးထက် ဘ၀တန်ဖိုးရှိ
ရေးက ပိုပြီးအေ၇းကြီးတယ်။အနေကောင်းမှ အသေကောင်းမယ်။
ဝိပသနာ အားထုတ်တယ်ဆိုတာ“ငါဘာလဲ” လို့သိအောင် လုပ်တာပါပဲ။ကိုယ့်ကိုယ်ကို    သုတေသနပြု
တာပါပဲ။
(ပဏ္ဍိတာရာမဆရာတော်)

မျက်ရည်နှစ်မျိုးရှိတယ်။တရားကို    ချစ်ခင်နှစ်သက်ပြီး ကျတဲ့ မျက်ရည်နဲ့ မိဘဆွေမျိုး စည်းစိမ်ဥစ္စာတို့
သေကြေပျက်စီးခြင်းအကြောင်းတရားကြောင့်ကျတဲ့မျက်ရည်။
တရားကြောင့်ကျတဲ့မျက်ရည်ဟာ အေးချမ်းတယ်၊   မညစ်နွမ်းပဲဖြူစင်ဆုံးပဲ။ကိလေသာတည်းဟူသော
ရောဂါကင်းကြောင်း ဆေးတမျိုးပါပဲ။အကုသိုလ်မရှိဘူး။
ကုသိုလ်စိတ်ဓာတ်တက်ကြွထက်သန်စေတယ်။
(သဒ္ဓမ္မရံသီရိပ်သာဆရာတော်ကြီး)

ဥုံ-မပျင်းနဲ့
ခုလဲမပျင်းနဲ့၊နောက်လဲမပျင်းနဲ့
ဖွ-သွားဟ
(သာမည ဆရာတော်ကြီး)

တကယ်တော့ မမှတ်မိကြလို့ပါ။
တဘ၀မဟုတ် တဘ၀မှာတော့ မိဘနဲ့သားသမီး၊ဆရာနဲ့တပည့်တော်ခဲ့ကြမှာပါ။
သံသရာမှာ မတော်စပ်ဘူးတဲ့သူ မရှိပါဘူးလို့ ဘု၇ားဟောထားတာရှိတယ်။
အဲဒီသဘောလေးကို ပြန်ဆင်ခြင်မိတဲ့အခါ တွေ့သမျှလူတိုင်း    ကျေးဇူးဆပ်ချင်တဲ့သဘောဖြစ်လာနိုင်
ပါတယ်။
(ဆ၇ာတော် ဦးဇောတိက)

သတ္တ၀ါတို့သည် ကမ္မ၀ိပါကအလျှောက် ကျင်လည်နေကြသူများသာဖြစ်ရာ ယင်းဓာတ်ဖွင့်ပေးသောအ
လုပ်သည် ဗုဒ္ဓကျမ်းဂန် တို့တွင်လည်းမလာ၊ဘာသာတ၇ားနှင့်  လုံးဝဆန့်ကျင်သည်ဟူ၍သာ မှတ်သား
ကြရသည်။
(အရှင်ရာဟုလာ ဆရာတော်)

ရုပ်ပစ္စည်းတွေတိုးလာလေ၊ပျော်စရာတွေခမ်းခြောက်သွားလေ၊တဖက်က  ၇ုပ်ဝတ္ထုတွေ တက်လာလေ
တဖက်က ပျော်စရာ အေးချမ်းစရာတွေ ခမ်းခြောက်သွားလေ၊   တဖက်ကရုပ်ဝတ္ထုတွေတိုးလာလေ တ
ယောက်နဲ့တယောက် ယုံကြည်စိတ်ချမငတွေက ခမ်းခြောက် ပျောက်ကွယ်သွားလေ။
ရေမှုတ်တဖက် မီးစတဖက်လို့ပြောရမလိုပဲ။
((ယေ)ဆ၇ာတော်)

အဆင်မတတ်လျှင် ဆန်းလျှက်နှင့်မလှ
အငင်မတတ်လျှင်ပမ်းလျှက်နှင့်မရ
(မင်းပူးဦးသြဘာသ)

“ကိုယ်ကသူတပါးကိုသည်းခံရတယ်” ဆိုတာသာရှိရမယ်။“သူတပါးက ကိုယ့်ကိုသည်းခံရတယ်”ဆိုတာ
မျိုးမရှိစေရဘူး။အလုပ်တခုလုပ်မယ်ဆိုရင်...
အကျိုးရှိ-မရှိ၊သင့်မသင့် ဆင်ခြင်ပြီးမှ ကိုယ်မှုနှုတ်မှုပြုပါ။
(ပဏ္ဍိတာ၇ာမ ရွှေတောင်ကုန်း သာသနာ့ရိပ်သာ ဆ၇ာတော်)

ချမ်းသာသုခဟာ ကိုယ်ချမ်းသာမှု၊စိတ်ချမ်းသာမှုနှစ်မျိုးအနက်     ကိုယ်ချမ်းသာမှုထက် စိတ်ချမ်းသာမှု
ဟာ ပိုပြီးချမ်းသာပါတယ်။
စိတ်ချမ်းသာမှုမှာလည်း လောဘနှင့်ပျော်၍ ချမ်းသာမှုဟာ   နောက်ကပ်လျှက်သော်လည်းကောင်း၊အ
တော်ဝေးဝေးက ခွါလျှက်သော်လည်းကောင်း၊ဒုက္ခအမြဲပါနေပါတယ်။ဒါကြောင့်လူအများစုရဲ့လောဘနဲ့
ပျော်၍ ချမ်းသာမှုဟာ တကယ့်ချမ်းမဟုတ်ပဲ ဆင်းရဲဖို့အကြောင်း ဒုက္ခအပေါင်းသာဖြစ်တယ်။
(အရှင်ဇနကာဘိဝံသ ဆ၇ာတော်ကြီး)

No comments:

Post a Comment