Thursday, July 7, 2011

မြတ်ဗုဒ္ဓအလိုကျ အောင်မြင်ကြီးပွားကြောင်း သြ၀ါဒရတနာများ-၃

အိုး...မနုသလူအပေါင်း သူတော်ကောင်းတို့၊ဘာမှ အမြဲမရှိသောလောက ဖြစ်ပြီးလျှင် ပျက်လေ့ရှိသော
လောကကြီးသုံးပါးအတွင်းဝယ်ကျင်လည်ပြေးလွှားနေရသောသတ္တ၀ါ ချည်းသာတည်း။အဘယ်သို့မုန်း
စိတ်ထား ဖို့လိုခြင်း ရှိပါမည်နည်း။
(တောင်တန်းသာသနာပြု
ဆရာတော် ဦးဥတ္တမသာရ)

တရားနာပရိတ်သတ်များလည်းပဲကိုယ့်ဘ၀ကိုယ်ပြန်ပြီးစဉ်းစားကြည့်၊တို့ဘ၀ဟာ ကြခတ်ဝါးရုံကြီးများ
လိုဖြစ်နေသလား။ မျှစ်စို့လေးလို့ ဖြစ်နေသလား။ကြခတ်ဝါးရုံကြီးလို ဖြစ်နေပြီဆိုရင်တော့ဒုက္ခတောက
လွတ်မြောက်အောင် ရုန်းကန်ဖို့ ခက်ပြီ။
(အရှင် ဆန္ဒာဓိက)

ဘ၀စုစု၊သံသထုတွင်၊အပြုအပြော၊သဘောမဖြူ၊ထိုသည့်သူကား၊ငါမူမကောင်း၊မှုအပေါင်းတို့၊ရင့်ငြောင့်
ကြာရှည်၊ပြုမိ သည်မှာ မှားခဲ့စွာ” ဟု ကိုယ့်ဟာကိုယ်ပြု ပြစ်သောင်ထု၏။
ညစ်ညူဖြစ်ထုံ၊အိုးမလုံလ၊အအုံပွင့်ရာ၊ဆိုပမာသို့၊မသာ နှလုံး၊မရွှင်ပြုံးနိုင်၊သောကလှိုင်လျက်၊သည်းဆိုင်
ကြွေမျှ၊ညှိုးခွေလျ၍ စိတ်ကမလန်း၊ရုပ်ညှိုးနွှမ်းလျက်၊ပင်ပန်းရိရှား၊အောက်လမ်းသွားသည်၊လေးပါးပါးအ
ပါယ်ဖြောင့်ဖြောင့်တည်း။
(ချမ်းမြေ့ဆရာတော်)

”ပုထုဇ္ဖနော ဥမ္မတ္တကော” ဆိုရိုးစကားအတိုင်း ပုထုဇဉ် မှန်သမျှ အရူးချည်းပါပဲ၊ဒါတွေကို ဂရုထားကြည့်
ရင် ထိုအရူးထခြင်းမှာလည်း ကိလေသာ အနာ၏ ဖေါက်ပြန်မှု ပဲ မဟုတ်ပါလား။
(သပြေကန်ဆရာတော်)

မည်သည့်အာရုံငါးပါးနဲ့တွေ့တွေ့ မိမိနှလုံးသားထဲ  သူတပါး အငှားစိတ် မ၀င်လာစေနဲ့။ကိုယ်ပိုင်စိတ်ကို
သာ ခိုင်မာ ပြတ်သားစွာ ထားပြီး ကြိုးစားပါ။
အဲဒီစွမ်းအားဟာ အံ့ဖွယ်တပါး ပဲ။
((ယော( ဆရာတော်)

တရက်နှစ်ရက်စာ အလုပ်အကိုင်ကလေး ရလာတာနဲ့ ၀မ်းမြောက်ဝမ်းသာဖြစ်ပြီးအရာရာကို လုပ်ကိုင်
နိုင်ရင်၊စားဖို့သောက်ဖို့ကလေး၇တာနဲ့ သီချင်းဆိုပြီး အရာရာ လုပ်နိုင်ရင်၊အခုသံသရာ တလျှောက်လုံး
တွေ့ကြုံသွားရမယ့် ဆင်းရဲဒုက္ခ ငြိမ်းအောင်လို့ တရားအားထုတ်ရတာ ပိုပြီး ၀မ်းသာစရာ မကောင်းဘူး
လား။
သီချင်း ဆိုရုံတင်မကပါဘူး၊ဆိုင်းပါတီးပြီးတောင် တရားအားထုတ်ဖို့ကောင်းပါတယ်။
(မဟာစည်ဆရာတော်ကြီး)

မိမိကိုယ်ကို မကောင်းအောင်လုပ်တာ ဘယ်သူလဲ။မိမိပါပဲ။မိမိကိုယ်ကို အန္တရာယ်တွေ့အောင်လုပ်တာ
ဘယ်သူလဲ။မိမိပါပဲ။
မိမိကိုယ်ကို စိတ်ဆင်းရဲအောင်လုပ်တာ ဘယ်သူလဲ။မိမိပါပဲ။ဒါကို“ကမ္မသကောမဟီ ကမ္မဒါယောဒေါ”
ဟုဆို၏။
(အရှင်ဇနကာဘိဝံသ)

ကိုခန္ဒာ ကျန်းမာဖို့ ကိုယ်ခံအင်အားလိုတယ်။စိတ်မှာလည်း    သန့်ရျင်းချမ်းသာဖို့ အင်အားလိုတယ်။အ
လိုလိုတော့ပြည့်မလာနိုင်ပါဘူး။မွေးယူမှရတယ်။ သတိပဌာန်ဟာထိရောက်အောင် ဖြစ်ပွားစေရင်စိတ်
အင်အား အပြည့်ပေးနိုင်တယ်။
(ပဏ္ဍိတာရာမဆရာတော်)

“မေတ္တာဆိုတာ အကျိုးကို လိုလားခြင်း”
အဲဒီတော့ အကျိုးကို လိုလားခြင်းဆိုတာဟာ   အသိဥာဏ်က ဖြစ်နိုင်တာနော်၊ဘယ်ဟာကောင်းတယ်၊
ဘယ်ဟာ မကောင်းဘူး ဆိုတာ မသိဘဲနဲ့ အကျိုးကို လိုလားတယ်ဆိုတာ မဖြစ်နိုင်ဘူး။
(ဆရာတော် ဦးဇောတိက)

“အချိန်တန်ဘိုး လူတန်ခိုး” ဆိုတာ ကိုယ်ပိုင်တရားနဲ့ ကိုယ့်စွမ်းအားကို ဖော်ထုတ်ပေးတာပါပဲ။
ကိုယ့်မှာ စွမ်းအားရှိသလောက် ကိုယ်ပိုင်တရားရှိလာမယ်။
အသုံးချတတ်မှ စွမ်းအားပေါ်လာမှာပါ။
ကိုယ့်စွမ်းအားကို ကိုယ့်နှလုံးသားထဲ ရောက်အောင်ပို့ပြီးမှ နှလုံးသားထဲကနေ ကိုယ်ပိုင်စိတ်ထုတ်လုပ်
ဖို့အတွက် သဒ္ဓါတရားက တာဝန်ယူရလိမ့်မယ်။
(အရှင်သိရိန္ဒာဘိဝံသ
(ယောဆရာတော်))

မေတ္တာတရားမရှိရင် မိတ်ဆွေ ဆိုတဲ့ နာမည်ဟာ   အတုအယောက်မျှသာပါပဲ။တကယ့်အနွတ္တနာမည်
မဟုတ်ပါဘူး။တကယ်မေတ္တာရှိသော ပုဂ္ဂိုလ်ကိုသာလျှင် မိတ်ဆွေ လို့ ခေါ်ပါတယ်။
(အရှင် ဆန္ဒာ ဓိက)

ရှေးအခါက ကလိင်္ဂမင်းနဲ့ အသကမင်းတို့စစ်ခင်းဖို့ပြင်   ဆင်ကြတော့ သိကြားမင်းက “အရှင် ကာလိင်္ဂ
မင်း နိုင်လိမ့်မယ်” လို့ နိမိတ်ကောက် ဟောလိုက်တယ်။
တကယ်တမ်း လက်တွေ့ကြတော့“ကာလိင်္ဂမင်းရှုံးတယ်”
ဒါကြောင့် ပြောတိုင်းဟောတိုင်းလည်း မယုံပါနှင့်။   ဘယ်နေရာမဆို ဥာဏ်၊လုံပလ၊သတ္တိသာပဓာနပါ။
ကိုယ့်အားကိုယ်ကိုးဖို့သာ အဓိက ပါ။
(အရှင်အာစာရာလင်္ကါရ)

မိမိရဲ့ ကိုယ်ခန္ဓာမှာ...
မိမိရဲ့ နှလုံးသားမှာ...
တကယ်အရှိဖြစ်တဲ့ စေတနာရဲ့ စွမ်းရည်သတ္တိ၊ဥာဏ်ရဲ့     စွမ်းရည်သတ္တိ၊၀ိရီယရဲ့ စွမ်းရည်သတ္တိ ဒါတွေ
အားလုံး ကိုယ်မှာ အရှိဖြစ်တဲ့ ဒီသဘာဝတရားတွေပါပဲ။အဲဒီ     စွမ်းရည်သတ္တိတွေကို မယုံကြည်အားမ
ကိုးတာ အဲဒါကို “နိယက မိစ္ဆာဒိဌိ” လို့ခေါ်ပါတယ်။
(သဲကုန်းဆရာတော်
အရ်င္ဥာဏ္ဏိသရ)

လူတော် လူကောင်းတယောက်ဖြစ်ဖို့အရေးကောင်းကောင်းနေတတ်ဖို့၊ကောင်းကောင်း ပြောဆိုဆက်
ဆံတတ်ဖို့၊မိဘဆရာသမား လူကြီးသူမရဲ့    ဆိုဆုံးမတာကို ကောင်းကောင်းနားထောင်တတ်ဖို့ အရေး
ကြီးပါတယ်။
(အရှင် ဇနကာဘိဝံသ)

ရုပ်ကိုသာပြင် စိတ်မပြင်
ရုပ်သွင်သာလှ စိတ်မလှ
ရုပ်ကိုလည်းပြင် စိတ်လည်းပြင်
ရုပ်သွင်လည်းလှ စိတ်လည်းလှ။
(ပဏ္ဍိတာရာမ ဆရာတော်ကြီး)

“အချို့ သော သူတို့ကား ဒါနကုသိုလ်       မဂ်ဖိုလ်သို့ မဆောင်းနိုင် သံသရာရှည်ဖို့သာဖြစ်၏” ဟုဆိုကြ
တယ်။“ဒါနဆိုတာ စေတနာ ပါပဲ” စေတနာ တရားဟာ  မဂ္ဂင်ရှစ်ပါးမှာ တစုံတခုသော မဂ္ဂင်တါင် မပါပါ
ဘူး။
မဂ်မျိုး၊ဖိုလ်မျိုး မဟုတ်ပါဘူး ဟု ဆိုကြတယ်။
မိုက်လေစွ။မှားလေစွ။ဒါနစေတနာမှာ နိဗ္ဗိဒါဥာဏ် ကိုဖြည့်စွမ်းပေးတယ်။  အဲဒီ ဥာဏ်ဟာ သမ္မာဒိဌိဆို
တဲ့ ဦးတည်ရာ မဂ္ဂင်ကြီးပဲ မဟုတ်လား။
စေတနာ နဲ့ ယှဉ်သော သင်္ကပ္ပတရား၊၀ီရိယတရား၊သတိတရား၊  သမာဓိတရားများဟာ မဂ္ဂင်ရှစ်ပါးမှာ
သမ္မာဝါယမ၊သမ္မာ သင်္ကပ္ပ၊သမ္မာသတိ၊သမ္မာသမာဓိ ပါပဲ။
(လယ်တီဆရာတော်ဘုရားကြီး)

“ကမ္မကဋိသရဏ” တဲ့ ခန္ဓာပွားရှိထားတဲ့ ဥစ္စာဟာ အားကိုးစရာ   အစစ်အမှန် မဟုတ်ပါဘူး။အားကိုးစ
ရာ အစစ်အမှန်က ကံတရား ပါပဲ။
(ချမ်းအေးဆရာတော်)

“ဇာဂရိတေ သမ္ပဇန ကာရီ ဟောတိ” တဲ့
နိုးနိုးခြင်း သတိလေးနဲ့ ကပ်ပြီး နေလိုက်ပါတဲ့။အဲဒီအခါ   ခန္ဓာမှာဖြစ်နေတာ၊ရုပ်မှာဖြစ်နေမယ်၊ဝေဒနာ
မှာ ဖြစ်ချင်ဖြစ်နေမယ်။စိတ်ထဲက တခုခုကို တွေးမိရင်လည်းပဲ အဲဒီတွေးတာကိုပဲ သိလိုက်ပါတဲ့။
(အဲဒီလို သိနေတာကိုက တမျိုးစိတ်ထဲ ငြိမ်းချမ်းနေတယ်နော်)
(ဆရာတော် ဦးဇောတိက)

No comments:

Post a Comment