Tuesday, July 5, 2011

Really Usefull English Idioms 6

In stitches ဆိုတာက အင်္ဂလိပ်လို laughing a lot လို့တိုက်ရိုက်အဓိပ္ပါယ်ဖွင့်ပါတယ်။ဟာသတခုခုကို
ကြားလို့မထိမ်းနိုင်မသိမ်းနိုင်ရယ်မောတာကိုပြောတာပါ။ဥပမာလေးကြည့်ရအောင်။

Somebody told a very funny joke at the office yesterday,and we were all in stitches for five
minutes afterwards.
မနေ့က ရုံးမာ တော်တော်ရယ်ရတဲ့ဟာသတွေကြားရတော့ ကျနော်တို့အားလုံး ငါးမိနစ်လောက်ဆက်
တိုက်မရပ်တန့်နိုင်ပဲရယ်လိုက်ရတယ်။

keep a straight ဆိုတာက အင်္ဂလိပ်လို not smile or laugh ဖြစ်ပါတယ်။ ရယ်ချင်ရက်နင့်မရယ်မိ
အောင်အတင်းထိမ်းချုပ်ထားရတာကိုပြောတာပါ။ဒီဥပမာလေးကိုကြည့်လိုက်ယင်ပိုရှင်းသွားတာပေါ့။

The boss was in a bad mood and started to talk about a work problem.I couldn't forget the
joke and I couldn't keep a straight face.
သဌေးစိတ်တိုနေပြီးအလုပ်နင့်ပတ်သက်တဲ့ပြသနာတွေကိုစပြောပါတယ်။ကျနော်က သဌေးမလာခင်
ကျနော်တို့ပြောနေကြတဲ့ဟာသကိုမမေ့နိုင်သေးတော့ရယ်ချင်စိတ်ကိုမထိမ်းနိုင်ခဲ့ဘူး။

burst out laughing ဆိုတာကတော့ suddenly laugh loudly ဖြစ်ပါတယ်။ရုတ်တရက်တဟားဟားနင့်
ထပြီးကျယ်ကျယ်လောင်လောင်ရယ်တာကိုပြောတာပါ။ ဥပမာလေးကတော့...
The boss asked me what I was smiling at.When I told him,he just looked at me and said 
nothing.I thought he was going to throw me out.But then he burst out laughing!
သဌေးက ကျနော့ကိုဘာပြုံးတာလဲလို့မေးတယ်။ကျနော်က ကျနော်တို့ပြောနေကြတဲ့ဟာသကိုပြောပြ
တော့ သူကျနော့ကိုဘာမှမပြောပဲစိုက်ကြည့်နေတယ်။ကျနော်ထင်တာ သူကျနော့ကိုများကိုင်ပေါက်
လိုက်တော့မလားပေါ့။ဒါပေမယ့် သူ ရုတ်တရက် တဟားဟားနင့်ထရယ်ပါရော။

ရွှင်ပြုံးပျော်လို့ အင်္ဂလိပ်စာ သင်ကြတာပေါ့။
နောက်နေ့ဆုံအုံးမယ်လေ။

No comments:

Post a Comment