Wednesday, July 6, 2011

မြတ်ဗုဒ္ဓအလိုကျ အောင်မြင်ကြီးပွားကြောင်း သြ၀ါဒ ရတနာများ-၂

သီလ စက်ကြယ်ပြီး ပုဂ္ဂိုလ် သတ္တ၀ါဆိုတာ မရှိပါဘူး။ရုပ်နမ်နှစ်ပါး ပဲရှိတယ်...လို့အကြောင်းအားလျှော်
စွာ နှလုံးသွင်း ဆင်ခြင်နားလည်မိခဲ့ရင် စူဠသောတာပန် ဖြစ်နိုင်တယ်။
(အရှင်အာစာရာလင်္ကာရ)

ဗုဒ္ဓဆိုတဲ့ စိတ်သန့်စင် စက်ထဲမှာ ကိုယ့်စိတ်ကို ထည့်ပေးလိုက်ပါအုံး။ ဗုဒ္ဓဆိုတဲ့ စိတ်ကောင်ုးတ်လုပ်တဲ့
စက်ကြီးထဲမှာ ကိုယ့်စိတ်ကိုထည့်ပေးလိုက်ပါအုံး။   ဗုဒ္ဓဆိုတဲ့ စိတ်အပူအအေးခံတဲ့ စက်ကြီးထဲမှာ စိတ်
ကိုထည့်ပေးပါအုံး။ကိုယ်မစွမ်းဆောင်နိုင်ရင် ဘုရားဆီက အကူအညီယူရတယ်။
(ယောဆရာတော်)

လုံ့လနှစ်မျိုါ်ရှိပါတယ်။ကာယိက၀ီရိယဆိုတဲ့     ကိုယ်၌ဖြစ်သောလုံ့လ၀ီရိယနဲ့ စေတသိက၀ီရိယဆိုတဲ့
စိတ်၌ဖြစ်သော လုံ့လ၀ီရိယပါပဲ။လုံ့လ၀ီရိယ နှစ်မျိုး စလုံးက လူရဲ့ အမြင့်ဆုံးစွမ်းအား တွေပါ။
(သဒ္ဓမ္မရံသီဆရာတော်)

ယခုခေတ်က ကိုယ်ရပ်နေတဲ့နေရာဟာမခိုင်မာဘူး။ပျော့နေတယ်နော်။ကိုယ့်ဘ၀ ကိုယ်အခုလုပ်ကိုင်
နေတဲ့ အလုပ်အကိုင်တွေ၊ကိုယ့်မှာရှိနေတဲ့အခြေအနေတွေ၊ဒါတွေဟာအမြဲတမ်းဒီလိုပဲ နေသွားရမယ်
လို့ဘယ်လိုမှ စိတ်ချလို့ မရတော့ဘူး။အမြဲတမ်း လှုပ်ရှားနေတယ်။ပြောင်းလဲနေတယ်။ပျော့နေတယ်။
(ဆရာတော် ဦးဇောတိက)

ဗြဟ္မစိုရ်တရား တွေထွန်းကားလာလို့စိတ်မှာလဲကောင်းစိတ်     ချဉ်းဖြစ်မယ်။နှုတ်ထွက်ကလဲ ကောင်း
သောစကားချည်း ဖြစ်နေမယ်။ကိုယ်လှုပ်လက်မြှောက်တွေကလဲအပြစ်ကင်းစင်တဲ့အမူအရာချည်းဖြစ် 
နေမယ်ဆိုရင်တော့ ဖြူသထက်ဖြူဖို့ လမ်းကောင်းပေါ်ရောက်နေပြီလို့ပဲ မှတ်ကြပေရော့။
(မဟာဗောဓိမြိုင်ဆရာတော်)

ဧဟိပသိကော ကို မယုံလျှင် ကျင့်ကြည့်ကြံကြည့်။
(သာမညဆရာတော်)

ကိုယ့်ကိုယ် ကိုယ် ချစ်ကြ
ခန္ဓာကိုယ်မုန်းမှ သံသရာဆုံးမည်။
ခန္ဓာကိုယ်ချစ်လျှင် သံသရာတွင် နစ်မည်။
ခန္ဓာကိုယ်ကြောက်မှ သံသရာပျောက်မည်။
(အလံတရာဆရာတော်)

လူသွားတဲ့နောက် အရိပ်ကပ်လိုက်လာသလို သံသရာခရီး တလျှောက် တို့တတွေ နောက်မှာ မမြင်နိုင်
တဲ့ ကံတရား ကပ်လိုက်ပါလာတယ် ဆိုတာ သတိပြုရမယ်။
(ချမ်းအေးဆရာတော်)

ယုံကြည်ကိုးစားအလေးအမြတ်ထားသော ဘာသာတရား၏ ပေးထားသောလုပ်ခ၊မိမိရပိုင်ခွင့် အကျိုး
ဖလစွမ်းအင်နှင့် ရရှိခံစားမှု၊သုခမျိုးကိုသာ လိမ္မာပါးနပ် ဥာဏ်ပညာဖြင့် တည့်မတ်မှန်ကန်စွာစစ်ဆေး
ဝေဖန်တတ်သူအဖြစ် အဟုတ်တကယ် ဖြစ်ရှိထားရမည်။
(အရှင်သြဘာသာဝံသ ဖျာပုံတိုက်သစ်ဆရာတော်တော်)

နောက်နေ့ဆက်ပါအုံးမည်။

No comments:

Post a Comment