Sunday, July 3, 2011

CHINES PROVERBS

တရုတ် စကားပုံများ

All the rivers run into the sea, yet the sea is not full.
.မြစ်များအားလုံးသည် ပင်လယ်အတွင်းသို့ စီးဝင်သော်လည်း ပင်လယ်သည် ပြည့်လျှံမသွား။

Among the ten fingers there are long and short.
လက်ချောင်းဆယ်ချောင်းပင်လျှင် တိုသောလက်ချောင်းကတို၍ ရှည်သောလက်ချောင်းက ရှည်
သည်။

At a distance from home a man is judged by what he seems : near home, by what he is.
၎င်း၏ ပတ်ဝန်းကျင်မဟုတ်သည့် နေရာ၌ လူတစ်ယောက်အား သူ၏ ၀တ်စားဆင်ယင်မှု၊ ပြောဆို
နထိုင်မှုတို့နှင့် အကဲဖြတ်ပြီး ၄င်း၏ပတ်ဝန်းကျင်၌မူ သူ ဘာဆိုသည့်အချက်နှင့် အကဲဖြတ်သည်။

At brith we bring nothing, at death we take away nothing.
မွေးဖွားလာသည့်အချိန်၌ ကျွန်ုပ်တို့သည် ဘာမှယူဆောင်မလာကြ။ သေဆုံးသည့်အခါ၌လည်း ကျွန်ုပ်တို့သည် ဘာမှ ယူဆောင်မသွားကြ။

Avoid offending three classes of people-officials, customers, and widows.
လူသုံးမျိုးသုံးစားနှင့်ရန်မဖြစ်အောင် ရှောင်ပါ။အရာရှိ အရာခံများ၊မိမိထံမှပစ္စည်းဝယ်ယူ အားပေး
နေသည့် ဖောက်သည်များနှင့် မုဆိုးမတို့ ဖြစ်ကြသည်။

Be inwardly clever but outwardly clownish.
အပေါ်ယံအမြင်မှာတော့ ရယ်ချင်စရာ ကောင်းနေပါစေ၊
သို့သော် အမှန်တကယ်၌ လှပ်နေအောင် ပါးနပ်နေပါစေ။

Beautiful or not, it is my native land.
လှလှ မလှလှ ဤမြေသည် ကျွန်ုပ်၏မွေးရပ်မြေဖြစ်သည်။

Behind the smile, a dagger may be hidden.
အပြုံး၏နောက်ကွယ်၌ ဓားမြှောင်တစ်ချောင်းသည် လျှိ့ဝှက်စွာ ရှိနေနိုင်သည်။

The best kind of acquaintance is acquaintance with each other's heats.
အကောင်းဆုံးသော အသိအကျွမ်းမှာ တစ်ယောက်၏ စိတ်ကို တစ်ယောက်က နားလည်းသိရှိ
သည့် အသိအကျွမ်းပင်ဖြစ်သည်။

Better die ten years earlier than live those years in poverty.
ဆင်းဆင်းရဲရဲနှင့် နေနေရခြင်းထက် ဆယ်နှစ်စော၍ သေရခြင်းက ပို၍ပင်ကောင်းသေးသည်။

Blame yourself as you would blame others; excuse yourself.
အခြားသူများအား အပြစ်တင်သကဲ့သို့ သင့်ကိုယ်သင် အပြစ်တင်ပါ။သင့်ကိုယ်သင် ခွင့်လွှတ်သကဲ့
သို့ အခြားသူများအားလည်း ခွင့်လွှတ်ပါ။

Carry your umbrella when the weather is fine; carry food when you are not hungry.
ရာသီဥတုသာယာနေလျှင် သင်၏ထီးကိုယူဆောင်သွားပါ။ ဆာလောင်ခြမ်းမရှိလျှင်အစားအစာကို ယူဆောင်သွားပါ။

Compare with superiors, I have less; compare with inferiors, I have more.
ကိုယ့်ထက်သာလွန်များပြားသူများနှင့် ယှဉ်သည့်အခါ၌ ကျွန်ုပ်တွင်ရှိသည့်အရာများမှာ နည်းနေ
သည်။ ကိုယ့်ထက်နိမ့်သူများနှင့် ယှဉ်သည့်အခါ၌ ကျွန်ုပ်သည် ၄င်းတို့ထက် ပိုရှိသည်။

Consider the past and you will know the future.
အတိတ်ကို စဉ်းစားသုံးသပ်ပါ။ အနာဂတ်ကို သင်သိလိမ့်မည်။

The contented man, though poor, is happy; the discontented man, though rich, is sad.
ရောင့်ရဲတတ်သောသူသည်ဆင်းရဲသော်ငြားလည်းစိတ်ချမ်းသာသည်။မရောင်ရဲနိုင်သောသူသည် ချမ်းသာသော်ငြား လည်း စိတ်ဆင်းရဲသည်။

The elephant is killed becuse he has tusks.
ဆင်တွင် အစွယ်များရှိသောကြောင့် ၄င်းသည် အသတ်ခံရသည်။

The error of on moment becomes the sorrow of a whole life.
တစ်ဒင်္ဂအမှားတစ်ခုသည် ဘ၀တစ်လျှောက်လုံး စိတ်ဆင်းရဲစေသည်။

Even a tiger takes a nap.
ကျားသည်ပင်လျှင် အိပ်ငိုက်သေးသည်။

Fish see the bait but not the hook, men see the profit but not the peril.
ငါးသည် အစာကို မြင်သော်လည်း ချိကိုမမြင်၊ လူသည် အကျိုးအမြတ်ကို မြင်သော်လည်း အန္တရာယ်
ကိုမမြင်။

The fish that gets away is always a lage one.
လွတ်သွားသောငါးသည် အမြဲကြီးသည်။

Going to law is losing a cow for the sake of a cat. အမှုဖြစ်ခြင်းသည် ကြောင်တစ်ကောင်ရရန်အတွက် နွားတစ်ကောင် ဆုံးရှုံးခံခြင်းဖြစ်သည်။

Gold is tested by fire, man by gold.
ရွှေကို မီးဖြင့်စမ်း၍ လူကိုရွှေဖြင့်စမ်းသည်။

Good goods are not cheap:cheap goods are not good.
ကောင်းသည့် ကုန်ပစ္စည်းများသည် ဈေးမပေါ၊ ဈေးပေါသည်ကုန်ပစ္စည်းများသည်လည်းမကောင်း။

Great politeness usually means " I want something".
အလွန်အမင်း ယဉ်ကျေးသိမ်မွေ့ ပျူငှာနေခြင်းသည် တစ်စုံတစ်ခုကို ကျွန်ုပ်အလိုရှိသည် ဟူသည့်
အဓိပ္ပာယ် သက်ရောက်နေသည်။

The hand that feeds the ox grasp the knife when it is fattenend.
နွားကို အစာကျွေးသည့်လက်သည် ထိုနွားဝလာ၍ အသားတိုးလာသည်အခါ၌ ဓားကိုဆွဲကိုင်သည်။

The hare does not eat the grass around his burrow.
ယုန်သည် မိမိအောင်းသည့် မြေတွင်းနားမှ မြက်ကိုမစား။

He who grasps at a small advantage incurs a great loss.
အနည်းငယ်မျှသော အခွင့်အရေးကို ရယူလိုက်သူသည် ဆုံးရှုံးမှုကြီးနှင့် ကြုံတွေ့ရတတ်သည်။

He who is not stingy is not wealthy and he who is not wealthy is not stingy.
ကပ်စေးမနည်းသောသူသည် မချမ်းသာ၊ မချမ်းသာသောသူသည်ကပ်စေးမနည်းတတ်။

He who is one day my teacher is my father for life.
ကျွန်ုပ်အား တစ်ရက်ပညာသင်ကြားပေးသောသူသည် ကျွန်ုပ်၏ဘ၀တစ်လျှောက်လုံး၌ကျွန်ုပ်
၏ဖခင်ဖြစ်သည်။

Hunger is cured by food, ignorance by study.
ဆာလောင်မှုကိုအစားအစာဖြင့်ကုစား၍ မသိနားမလည်မှုကို လေ့လာဆည်းပူးမှုဖြင့်ကုသသည်။

"I heard " is not as good as "I saw".
{ကျွန်ုပ်ကြားခဲ့သည်}ဟူသည့်စကားသည်{ကျွန်ုပ်တွေ့ခဲ့သည်}ဟူသည့် စကားလောက် မကောင်း။

If one generation has been warlike the ten following will be timid.
အကယ်၍ မျိုးဆက်တစ်ဆက်သည် စစ်လိုလားခဲ့လျှင် နောက်ထပ် မျိုးဆက်ဆယ်ဆက်သည်သူရဲ
ဘာကြောင်သည်။

If one has three ounces of silver, he is a tiger; with five ounces of silver he is a dragon.
အကယ်၍ လူတစ်ယောက်တွင် ငွေသုံးအောင်စရှိခဲ့လျှင် ၄င်းသည် ကျားတစ်ကောင်ဖြစ်၍ ငွေငါး
အောင်စ ရှိခဲ့လျှင် ၄င်းသည် နဂါးတစ်ကောင်ဖြစ်သည်။

If people take no care for the future, they will soon have sorrow for the present.
အကယ်၍ လူများသည် အနာဂတ်အတွက် ဘာမှပြင်ဆင်ခြင်း၊ပူပန်ခြင်းမရှိလျှင် ၄င်းတို့သည်
မကြာမီမျက်မှောက်ကာလအတွက် စိတ်မကောင်း ဖြစ်ကြလိမ့်မည်။

If small sums do not go out, large sums will not come in.
အကယ်၍ ငွေအနည်းငယ်မထွက်သေးလျှင် ငွေအမြောက်အများသည် ၀င်လာလိမ့်မည်မဟုတ်။

If the profits are great, the risks are great.
အကယ်၍ အကျိုးအမြတ်များသည် ကြီးမားလျှင် ရင်းနှီးစွန့်စားရမှုသည်လည်း ကြီမားသည်။

If you are patient in one moment of anger , you will escape a hundred days of sorrow.
အကယ်၍သင်သည် ဒေါသကိုတစ်ဒင်္ဂချုပ်ထိန်းနိုင်ခဲ့လျှင်ပူဆွေးသောကရောက်ရသည့်ရက်ပေါင်း
တစ်ရာမှလွတ် ကင်းရပေလိမ့်မည်။

If you cannot catch fish, catch shrimps.
အကယ်၍ သင်သည် ငါးများကို မဖမ်းနိုင်လျှင် ပုစွန်ကျော့များကို ဖမ်းပါ။

If you have nothing to do, go home early.
အကယ်၍ သင်သည် လုပ်စရာဘာမှမရှိလျှင် အိမ်သို့ စောစောပြန်ပါ။

If your books are unread, your descendants will be ignorant.
အကယ်၍ သင်၏ စာအုပ်များကို သင်မဖတ်ခဲ့လျှင် သင်၏မျိုးဆက်များသည် အကြားအမြင်မဲ့ကြ
ပေလိမ့်မည်။
If you wish to know the mind of a man listen to his words.
အကယ်၍ သင်သည် လူတစ်ယောက်၏စိတ်ကို သိလိုလျှင် သူပြောသည့် စကားများကို နားထောင်
ကြည့်ပါ။

In prosperity, strangers claim kin; in adversity kindred become strangers.
အဆင်ပြေနေသည့်အချိန်၌ သူစိမ်းများကပင် ဆွေမျိုးတော်စပ်သည်ဟု ပြောကြသည်။ အဆင်မပြေသည့်အခါ၌မူ ဆွေမျိုးများပင်လျှင်သူစိမ်းများဖြစ်သွားတော့သည်။

In the midst of great joy do not promise to give a man anything; in the midst of great anger do not
answer a man's letter.
အလွန်အမင်းပျော်ရွှင်နေသည့်အချိန်၌တစ်စုံတစ်ယောက်အားတစ်စုံတစ်ခုပေးမည်ဟုကတိမပေး
ပါနှင့်။ အလွန်စိတ်ဆိုးနေသည့် အချိန်၌ တစ်စုံတစ်ဦးထံ စာမပြန်ပါနှင့်။

A maiden marries to please her parents, a widow to please herself.
အပျိုတစ်ယောက်သည် သူမ၏ မိဘများ စိတ်ချမ်းသာစေရန်အတွက် အိမ်ထောင်ပြုသည်။ မုဆိုးမတစ်ယောက်သည် သူမ၏ စိတ်ချမ်းသာမှုအတွက် အိမ်ထောင်ပြုသည်။

Make every inch of time your own.
အချိန်တိုင်းကို သင့်အတွက် အသုံးချပါ။

Man sees the gain, not the danger.
လူသည် ရဖို့သာမြင်သည် အန္တရာယ်ကိုတော့မမြင်။

A man who cannot tolerate small ills can never accomplish great things.
အသေးအဖွဲလေးများကိုပင် သည်းမခံနိုင်သော သူသည် ကြီးမားသည့် ကိစ္စများကို လုပ်ဆောင်နိုင်
လိမ့်မည်မဟုတ်။

Man will die for money, birds for food.
လူတို့သည် ငွေအတွက် သေဆုံးကြသည်။ ငှက်များသည် အစာအတွက် သေကြသည်။

Money cannot buy things are not for sale.
ငွေသည် ရောင်းချရန်မဟုတ်သည့် အရာများကို ၀ယ်ယူ၍ မရ။

Past experiences are the best guide for future undertakings.
အတိတ်က ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများသည် အနာဂတ်အတွင် လုပ်ဆောင်မည့် အလုပ်များ
အတွက် အကောင်းဆုံး လမ်းညွှန်ပေးသူများ ဖြစ်သည်။

The prison is shut night and day,yet it is always full; the temples are always open, and yet find no
one in them.
အကျဉ်းထောင်ကို နေ့ရောညပါ ပိတ်ထားသော်လည်း လူများဖြင့် အစဉ်ပြည့်ကျပ်နေသည်။ ဘုရားကျောင်းများကို နေ့ရောညပါ ဖွင့်ထားသော်လည်း တစ်ဦးတစ်လေမျှကိုပင် မတွေ့မမြင်ရ။

The rich man thinks of the future, the poor man of the present.
ချမ်းသာသောသူက ရှေ့ရေးအတွက် စဉ်းစားသည်။ဆင်းရဲသူက လောလောဆယ်အတွက် စဉ်းစား
သည်။

Saving one man's life is better than building a seven-storeyed temple.
လူတစ်ယောက်၏အသက်ကိုကယ်တင်ခြင်းသည်အထပ်ခုနစ်ထပ်ရှိသည့်ဘုရားကျောင်းတည်ခြင်း
ထက်ပင် ပို၍ ကောင်းသေးသည်။

The slanderer kills a thousand times; the assassin but once.
သွားပုပ်လေလွင့် ပြောဆိုသူသည် အကြိမ်တစ်ထောင် သတ်သည်။ လူသတ်သမားသည် တစ်ကြိမ်
သာသတ်သည်။
A successful man is not easy-going and easy-going man is not successful.
အောင်မြင်သူသည် ပေါ့ပေါ့တန်တန်မနေသလို ပေါ့ပေါ့တန်တန်နေသူသည်လည်း အောင်မြင်ခြင်း
မရှိချေ။

Ten thousand rivers flow into the sea,but the sea is never full.
မြစ်အစင်းတစ်သောင်းသည် ပင်လယ်တွင်းသို့ စီးဆင်းသော်လည်း ပင်လယ်သည် ပြည့်လျှံသွား
သည် ဟူ၍ ဘယ်တုန်းကမှ မရှိခဲ့ဖူးချေ။

To attend the emperor is like sleeping with a tiger.
ဧကရာဇ်မင်းထံ ခစားရခြင်းသည် ကျားတစ်ကောင်နှင့်အတူ အိပ်စက်သကဲ့သို့ ဖြစ်သည်။

To get up early for three morning is equal to one day of time.
အိပ်ရာမှ မနက်စောစော သုံးရက်ထခြင်းသည် နေ့တစ်နေ့၏အချိန်နှင့် ညီမျှသည်။

Use the littel to get the big.
ကြီးသည့်အရာကိုရရန်အတွက် သေးသည့်အရာကို အသုံးပြုပါ။

Vast chasms can be filled, but the heart of a man never.
နက်ရှိုင်းသည့် ချောက်ကြီးများကို မြေဖို့၍ ရနိုင်ကောင်း ရနိုင်သော်လည်း လူတစ်ယောက်၏ စိတ်ဆန္ဒပြည့်ဝအောင်ကိုမူ ဘယ်တော့မှ ပြုလုပ်၍ မရချေ။

What is told in the ear of a man is often heard a hundred miles away.

When the dog catches mice, it is medding in the cat's business.
ခွေးက ကြွက်ကိုဖမ်းခြင်းသည် ကြောင်၏ အလုပ်ကို ၀င်စွက်ခြင်း ဖြစ်သည်။

When the guests have gone the host is at peace.
ဧည့်သည်များ ပြန်သွားသည့်အခါ၌ အိမ်ရှင်သည် စိတ်အေးရတော့သည်။

When you know a man, you know his face but not his heart.
သင်သည် လူတစ်ယောက်နှင့်သိကျွမ်းသည့် အခါ၌ထိုသူ၏ မျက်နှာကိုသာသိကျွမ်းခြင်း ဖြစ်သည်။
သူ၏ စိတ်ထားကို သိကျွမ်းခြင်းမဟုတ်။

When you sit alone, meditate on your own faults; when you converse, do not discuss the faults
of others.

When you walk on the road, remember that there be men in the grass.

Win your lawsuit and lose your money.
အမှုကို အနိုင်ယူပြီး သင်၏ငွေကို အရှုံးခံလိုက်ပါ။

With money you are a dregon, without it a worm
.ငွေရှိသည့်အခါ၌ သင်သည် နဂါးတစ်ကောင်ဖြစ်၍ ငွေမရှိသည့်အခါ၌ သင်သည် ပိုးကောင် တစ်ကောင်ဖြစ်သည်။

Without experience one gains no wisdom.
အတွေ့အကြုံမရှိဘဲ မည်သူမျှ ဥာဏ်ပညာမရနိုင်။

No comments:

Post a Comment